အခန်း (၁၇၈၁-၁၇၈၅)
Vol. 92 Ch. 1781-1785
Chapter 1781
လုယွီက စကားပြောဆိုနေရင်းဖြင့် စစ်ရေးထောက်ပို့အရာရှိ၏ရှေ့သို့ရောက်လာပြီး သူ့အား အင်္ကျီဂုတ်မှဆုပ်ကိုင်ကာ ပြင်ပသို့လွှင့်ပစ်လိုက်ခြင်းဖြစ်သည်။
စစ်ရေးထောက်ပို့အရာရှိသည် အမြဲတစေ သက်တောင့်သက်သာနေရသူဖြစ်ပြီး စစ်မြေပြင်သို့သွားရသည်မှာပင် အလွန်ရှားပါးပေ၏။ထို့ကြောင့် သူသည် လုယွီကို ခုခံတိုက်ခိုက်နိုင်ခြင်းပင်မရှိချေ။
ဘုန်း...
စစ်ရေးထောက်ပို့အရာရှိသည် လေးမီတာ ငါးမီတာထိကွာဝေးသောနေရာထိ လွင့်ထွက်သွားပြီး စားပွဲခုံများ ကုလားထိုင်များနှင့် ပြင်းပြင်းထန်ထန်ရိုက်ခတ်မိသည်။
ဘုန်းခနဲအသံများထွက်ပေါ်လာခြင်းနှင့်အတူ စားပွဲခုံများနှင့်ကုလားထိုင်များအားလုံး တစစီကျိုးပဲ့ပျက်စီးသွားသည်။
"မင်းက ငါ့ကို တိုက်ခိုက်ဝံ့တယ်ပေါ့လေ"
စစ်ရေးထောက်ပို့အရာရှိက ခေါင်းမော့ပြီး အော်ဟစ်ကြုံးဝါးလိုက်၏။
သို့ရာတွင် သူ၏စကားသံထွက်ပေါ်လာသည်နှင့် သူ၏ခေါင်းပေါ်သို့ လက်တစ်ဖက်ကဖိနှိပ်ထားသည်ကို ခံစားလိုက်ရသည်။ထို့နောက် လုယွီ၏သုန်မှုန်နေသောမျက်နှာကြီးက သူ၏မျက်လုံးများအတွင်း၌ ထင်ဟပ်လာသည်။
"ငါ မင်းကို တကယ်မသတ်ရဲဘူးလို့ မင်း ထင်နေတာလား"
လုယွီ၏အသံတွင် မည်သည့်စိတ်ခံစားချက်မျိုးမျှ ရှိမနေချေ။
စစ်ရေးထောက်ပို့အရာရှိသည် သူ၏စိတ်နှလုံးသားအတွင်းမှ ချမ်းစိမ့်လာမှုကို ခံစားလိုက်ရ၏။သူသည် သေရမည်ကိုဂရုမစိုက်သော လူတချို့ကို မြင်တွေ့ဖူးသော်လည်း လုယွီ၏ ဤကဲ့သို့အကြည့်မျိုးကို သူ တစ်ကြိမ်တစ်ခါမျှ ရင်ဆိုင်ကြုံတွေ့ဖူးခြင်းမရှိချေ။
သူသည် အလွန်အမင်းဒေါသထွက်နေသဖြင့် သူ၏ပါးစပ်မှ သွေးတစ်လုတ်အန်ထွက်လာသည်။သို့ရာတွင် သူသည် လုယွီ၏မျက်လုံးများမှတဆင့် တောင်ပုံရာပုံဖြစ်နေသောလူသေလောင်းများဖြင့် မိုင်ပေါင်းထောင်နှင့်ချီ၍စီးဆင်းနေသောသွေးမြစ်ကြီးကို မြင်တွေ့လိုက်ရ၏။
ဤတပ်စုမှူးသည် နောက်ပြောင်နေခြင်းမဟုတ်ဘဲ သူ့အား အမှန်တကယ်သတ်ဖြတ်ဝံ့သည်ဟု သူ အတပ်ပြောနိုင်သည်။
တပ်စုမှူးလေးတစ်ယောက်သည် မည်သည်ကြောင့် သူ့အား ဤသို့ဆက်ဆံဝံ့သနည်း။
သူသည် စိတ်နှလုံးသားအတွင်း၌မွန်းကြပ်နေသော်လည်း သူသည် အမြဲတစေ မြင့်မားသောအဆင့်အတန်း၌နေထိုင်ခဲ့သူဖြစ်သည်။ယခုလက်ရှိအချိန်၌ သူသည် လူငယ်တစ်ယောက်၏ခြိမ်းခြောက်ခြင်းကို ခံနေရသည်။ရုတ်ချည်းဆိုသလိုပင် စစ်ရေးထောက်ပို့အရာရှိ၏စိတ်နှလုံးသားအတွင်း၌ အရှက်ရခြင်း ဒေါသထွက်ခြင်းများဖြင့် ပြည့်နှက်လာပေ၏။
"ဟား ဟား ဟား...မင်း ငါ့ကိုသာ တကယ်သတ်ရဲရင် မင်း ဒီလောက်ထိစကားတွေအများကြီး ပြောနေပါ့မလား...ကောင်လေး ငါ မင်းကိုတစ်ခုပြောမယ်...မင်းသေဖို့ သေချာသွားပြီ...ဒါပေမယ့် ငါက မင်းရဲ့အရည်အချင်းကို တန်ဖိုးထားတယ်...တကယ်လို့ မင်းသာ ငါ့အတွက်အလုပ်လုပ်ပေးဖို့ ဆန္ဒရှိတယ်ဆိုရင် ငါက ကျင်းကန်းရဲ့ဗိုလ်မှူးကြီးနေရာ မင်းကို ပေးမယ်...ဘယ်လိုသဘောရလဲ"
စစ်ရေးထောက်ပို့အရာရှိ၏အသံက အလွန်အမင်းရိုးသားပုံရသည်။
သို့ရာတွင် သူ၏မျက်လုံးများအတွင်းတွင်မူ ချေဖျက်ရန်ခက်ခဲသော နာကျည်းမုန်းတီးမှုအရိပ်အယောင်များ ရှိနေသည်။
သူ၏လက်ရှိကတိစကားသည် ယာယီပြေငြိမ်းရန်အတွက်ပင်။
လုယွီ သူ၏ထောင်ချောက်အတွင်းသို့ ဝင်ရောက်လာသည်နှင့် သူ နည်းလမ်းမျိုးစုံကိုအသုံးပြု၍ လုယွီအား သတ်ဖြတ်ရပေမည်။
စစ်ရေးထောက်ပို့အရာရှိသည် လုယွီ စကားတုံ့ပြန်မပြောသည်ကိုကြည့်ပြီး သူက ပျာပျာသလဲ ပြောဆိုလိုက်၏။
"မင်း သေချာစဥ်းစားပါ...အခုချိန်မှာ လူတိုင်းက မင်း ဒီခန်းမထဲဝင်လာတယ်ဆိုတာ သိပြီးသားလေ...တကယ်လို့ ငါသာ သေသွားရင်...အရင်ဆုံးစစ်ဆေးခံမှာက မင်းပဲ...အဲ့ဒီအချိန်ကျရင် မင်းလည်းပဲ ပြစ်မှုကြီးကနေ လွတ်မြောက်မှာမဟုတ်ဘူး"
ရုတ်တရက် သူက လုယွီ၏မျက်နှာထက်မှအပြုံးကို တွေ့မြင်မိသည်။
"မင်း ဘာလို့ပြုံးနေတာလဲ"
စစ်ရေးထောက်ပို့အရာရှိ၏စိတ်အတွင်း၌ ကူကယ်ရာမဲ့စွာဖြင့် တုန်လှုပ်ချောက်ချားလာမှုကို ခံစားလိုက်ရသည်။
လုယွီက ခေါင်းခါပြလိုက်၏။
"မင်း ပြောတာမှန်တယ်...ငါက မင်းလိုလူစားမျိုးကို ဘာလို့စကားတွေအများကြီးပြောပြီး အချိန်ဖြုန်းနေမိပါလိမ့်"
ရုတ်ချည်းဆိုသလိုပင် လုယွီက သူ၏လက်ကို စစ်ရေးထောက်ပို့အရာရှိ၏လည်ပင်းပေါ်သို့တင်ပြီး လိမ်ချိုးလိုက်သည်။
စစ်ရေးထောက်ပို့အရာရှိသည် မဆုံးနိုင်သောနောင်တများနှင့်အတူ သေဆုံးသွားတော့သည်။
သူသည် သေဆုံးသွားသည့်အချိန်ထိတိုင် သူ့အား လုယွီ သတ်ဖြတ်လိမ့်မည်ဟု ယုံကြည်ထားခြင်းမရှိချေ။
"လာဘ်စားတာက စစ်တပ်ရဲ့စည်းမျဥ်းကို ချိုးဖောက်တာပဲ...မင်းရဲ့ပြစ်မှုတွေအတွက် မင်းကသေသင့်တယ်...နောင်ဘဝကိုသွားပြီး မင်းရဲ့အမှားတွေအတွက် ပြန်ပေးဆပ်တော့"
လုယွီ၏စကားလုံးများသည် ရှေးဟောင်းလောကီအင်မော်တယ်တစ်ယောက်၏နှုတ်ထွက်စကားဖြစ်ပြီး မိုးကောင်းကင်တာအို၏စိတ်ဆန္ဒများ ရောယှက်ပါဝင်နေသည်။
သူ၏စကားလုံးများတွင် ဥပဒေသများပါဝင်ခြင်းမရှိသော်လည်း မိုးကောင်းကင်တာအို၏တစိတ်တဒေသ သက်ရောက်မှုရှိနေပေ၏။
မူလက စစ်ရေးထောက်ပို့အရာရှိ၏စိတ်ဝိညာဥ်ကိုလွှမ်းခြုံထားသော ပြန်လည်ဝင်စားခြင်းဥပဒေသသည် ရုတ်တရက် အတိုင်းအတာတစ်ခုထိ ပြောင်းလဲသွားသည်။'လောဘ'ဟူသောစာလုံးကြီးက စစ်ရေးထောက်ပို့အရာရှိ၏စိတ်ဝိညာဥ်ထက်၌ ထွက်ပေါ်လာပေ၏။
ထိုစာလုံးသည် သူ၏ခေါင်းထက်၌ခမောက်တစ်လုံးဆောင်းထားသည်နှင့်တူညီနေပြီး မည်သည့်အချိန်မျှ ဖယ်ရှားလို့ရမည်မဟုတ်တော့ချေ။
ဤသည်က နောက်ဆုံးတရားစီရင်ချက်ပင်။
"မဟုတ်ဘူး...မဟုတ်ဘူး...ငါ မှားသွားပါတယ်..."
စစ်ရေးထောက်ပို့အရာရှိသည် နောင်တများစွာရနေပြီး သူက အသနားခံတောင်းပန်နေလေသည်။
သို့ရာတွင် အားလှိုင်းတစ်ရပ်က သူ့အားရစ်ပတ်သွားပြီး တိရစ္ဆာန်ဘုံလမ်းကြောင်းအတွင်းသို့ သယ်ဆောင်သွားသည်။
နောင်ဘဝ၌ သူသည် ဥာဏ်ရည်နိမ့်ပါးသော မှော်သားရဲတစ်ကောင်အဖြစ်သာ ပြန်ဝင်စားနိုင်တော့ပေမည်။
ကိစ္စအားလုံး အဆုံးသတ်သွားသည်နှင့် လုယွီက ရပ်တန့်ခြင်းမရှိဘဲ ခန်းမ၏ထောင့်တစ်နေရာသို့ ကြည့်လိုက်၏။
"မင်း ပုန်းနေတာ အချိန်အတော်ကြာနေပြီ...ငါ မင်းကို တကယ်ရှာမတွေ့ဘူးလို့ မင်း ထင်နေတာလား"
လုယွီ၏အသံသည် ရုတ်တရက် ကျယ်လောင်လာပြီး သူ၏လက်တစ်ဖက်ကိုဆန့်ထုတ်လိုက်သည်။ရုတ်ချည်းဆိုသလိုပင် သူ၏မှော်စွမ်းအားများသည် လက်ဖဝါးတစ်ခုအသွင် သိပ်သည်းသွားပြီး မှောင်ရိပ်အတွင်းရှိအရိပ်ထံဦးတည်၍ ဖမ်းဆုပ်လိုက်၏။
Chapter 1782
အစောပိုင်းကတည်းက လုယွီသည် အော်ရာတစ်ခုကို ခံစားမိပြီးဖြစ်သည်။တစ်စုံတစ်ယောက်သည် ဤနေရာမှလှုပ်ရှားမှုများကို အာရုံခံမိသဖြင့် တိတ်တဆိတ်ချောင်းမြောင်းဝင်ရောက်လာခြင်းဖြစ်သည်မှာ သိသာထင်ရှားလှ၏။
ထိုလူသည် အမှောင်ထုအတွင်း၌ ပုန်းအောင်းနေပြီး အသံတစ်သံမျှ ထွက်ပေါ်ခြင်းမရှိချေ။သူ၏အကြံအစည်သည် အပြစ်အနာအဆာကင်းမဲ့သည်ဟု မူလက သူ တွေးထင်ထားသော်လည်း သူသည် လုယွီ၏နတ်ဘုရားစိတ်အာရုံအောက်မှ လွတ်မြောက်နိုင်ခဲ့ခြင်းမရှိပေ။
ဘုန်း...
ထိုလူ ပုန်းအောင်းနေသောစာအုပ်စင် ချက်ချင်းဆိုသလိုပင် ပေါက်ကွဲသွားတော့သည်။
စာအုပ်စင်၏နောက်မှနေ၍ လူရိပ်တစ်ရိပ်ပျံဝဲထွက်လာပြီး ပြင်ပသို့ထွက်ပြေးသွားလေ၏။
သူသည် ပြင်ပသို့ထွက်ပြေးလိုသော်လည်း မည်သည့်နည်းဖြင့် သူ့အား လုယွီက အခွင့်အရေးပေးမည်နည်း။လုယွီက ရှေ့သို့တိုးပြီး သူ၏လက်တစ်ဖက်ဖြင့် ထိုလူကို ဖမ်းဆုပ်လိုက်သည်။
"အမ်...မင်းက ဗိုလ်ချုပ်လီဟုန်ဖြစ်မယ်...ဟုတ်တယ်မလား"
သူ့ရှေ့မှလူသည် ဗိုလ်ချုပ်တစ်ယောက်၏သံချပ်ကာဝတ်စုံမျိုး ဝတ်ဆင်ထားသည်ကိုမြင်ရသဖြင့် လုယွီက အနည်းငယ်ကြက်သေသေသွားသည်။
သို့ရာတွင် လုယွီသည် သူ့ရှေ့မှလူ၏အဆင့်အတန်းကို ချက်ချင်းပင် သိရှိသွားလေ၏။
လီဟုန်သည် အစောပိုင်းလောကီအင်မော်တယ်တစ်ယောက်ဖြစ်သော်လည်း ရွှေမိုးကြိုးဂိုဏ်းချုပ်လီဟောင်ယန်းထက် ပို၍သန်မာအားကောင်းခြင်းမှာ သိသာထင်ရှားသည်။
သို့ရာတွင် လုယွီ၏ရှေ့တွင်မူ လီဟုန်နှင့်လီဟောင်ယန်း၏ကြားတွင် ကွာခြားချက်ဟူ၍ ရှိမနေချေ။
လုယွီသည် သူ့အား လွယ်လင့်တကူ ဖိနှိပ်နိုင်သည်ကိုကြည့်ပြီး လီဟုန်က အံ့အားသင့်သွားပေ၏။
'ဒီတပ်စုမှူးက အရမ်းသန်မာတယ်...ဦးရီးတော်က ဘာလို့ သူ့ကို နိမ့်ကျတဲ့တပ်စုမှူးအဖြစ် ခန့်အပ်ထားတာလဲ...သူက တပ်ခွဲမှူးတစ်ယောက်ဖြစ်ဖို့ လိုအပ်တဲ့ခွန်အားထက်တောင်ပိုနေပြီ'
လီဟောင်ယန်း၏စိတ်နှလုံးသားအတွင်း၌ ရုတ်တရက် မုန်တိုင်းထန်သွားသည်။
လီဟုန်က အံ့တင်းတင်းကြိတ်၍ ပြောဆိုသည်။
"မင်း စစ်စခန်းထဲမှာလူသတ်ပြီးတာတောင်... အထက်အရာရှိကို ထပ်ပြီးတော့ ပြစ်မှားချင်သေးတာလား...တကယ်လို့ မင်းရဲ့ကျင့်ကြံဆင့်နယ်ပယ်က မြင့်မားတယ်ဆိုရင်တောင် တာယွီတော်ဝင်စစ်တပ်ရဲ့ဥပဒေက မင်းကို ခွင့်လွှက်မှာမဟုတ်ဘူး"
လုယွီသည် လူတစ်ယောက်ကိုသတ်ဖြတ်ပြီးဖြစ်သဖြင့် သူ့အားနှုတ်ပိတ်မည်ကိုစိုးရွံသဖြင့် လီဟုန်က စစ်တပ်ဥပဒေကိုအသုံးပြုကာ ခြိမ်းခြောက်ရန်တွေးတောလိုက်သည်။
သို့ရာတွင် လုယွီထံတွင် လီဟုန်အားသတ်ဖြတ်ရန် ရည်ရွယ်ချက်မရှိချေ။
လုယွီက ထိုင်ခုံပေါ်၌ထိုင်ပြီး တင်းမာပြတ်သားသောအသံဖြင့် ပြောဆိုသည်။
"တာယွီတော်ဝင်စစ်တပ်ရဲ့ဥပဒေ ဟုတ်လား...ဘယ်လို ဟာသမျိုးလဲ...သူက စစ်တပ်ထဲမှာ နှစ်တွေအကြာကြီး လာဘ်စားနေခဲ့တာ...ဒါတောင် မင်းက ဗိုလ်ချုပ်တစ်ယောက်ဖြစ်ပြီး မသိဘူးလား...ပြစ်မှုတွေအကြောင်းပြောမယ်ဆိုရင် မင်းက ငါ့ထက်အရင် တာဝန်ပေါ့လျော့မှုနဲ့ အရေးယူခံရလိမ့်မယ်"
ဘုန်း...
တံဆိပ်ပြားတစ်ခုက လီဟုန်၏ရှေ့သို့ ကျရောက်လာသည်။
ရုတ်ချည်းဆိုသလိုပင် ရွှေရောင်နဂါးအမှတ်အသားက လီဟုန်၏မျက်လုံးအကြည့်ကို ဖမ်းစားသွားပေ၏။
"ဒါက...."
လီဟုန်သည် အစပထမ၌ကြက်သေသေနေပြီးနောက် နာမည်တစ်ခုက သူ၏စိတ်နှလုံးသားအတွင်း၌ ထွက်ပေါ်လာသည်။
နဂါးအစောင့်....
အရာရှိများအားလုံးကို စုံစမ်းစစ်ဆေးနိုင်ပြီး ဥပဒေချိုးဖောက်သည့် မည်သည့်ကိစ္စကိုမဆို အရေးယူနိုင်ခွင့်ရှိသူ......
စစ်ရေးထောက်ပို့အရာရှိသည် နှစ်ကာလရှည်ကြာသည်အထိ ဘေးကင်းလုံခြုံစွာနေထိုင်နိုင်ပြီး မည့်သည့်ပြစ်မှုနှင့်မျှ အရေးယူမခံရသည့်အကြောင်းအရင်းမှာ သူ လာဘ်စားထားသည့် ငွေကြေးများအနက်မှအများစုကို လီဟုန်ထံ ပေးအပ်နေခြင်းကြောင့်ပင်။
တချို့တပ်မှူးများသည် စစ်ဆေးရေးမှူးများကိုစေလွှက်၍ စစ်ရေးထောက်ပို့အရာရှိနှင့်လီဟုန်တို့ကို စစ်ဆေးစေသော်လည်း သူတို့အားလုံးကို ငွေကြေးဖြင့်ဝယ်ယူခြင်း ခံလိုက်ရသည်။
သို့ရာတွင် နဂါးအစောင့်များကမူ ကွဲပြားခြားနားပေ၏။
သူတို့သည် ဧကရာဇ်မင်း၏ကိုယ်ပိုင်စစ်တပ်ဖြစ်သည်။အကယ်၍ သူတို့သည် တစ်စုံတစ်ခုကို ဧကရာဇ်မင်းထံ သတင်းပို့လိုပါက မည်သူကမျှ ကြားဝင်ဟန့်တားနိုင်မည်မဟုတ်ချေ။
ဒုန်း...
လီဟုန်က မြေပြင်ပေါ်၌ ထိုင်ချလိုက်ပြီး သူ၏မျက်နှာက ဖြူရော်နေသည်။
သူသည် ဤနှစ်များအတွင်း အကျိုးအမြတ်များစွာရရှိထားလေပြီ။သူသည် ဗိုလ်ချုပ်တစ်ယောက်သာဖြစ်သော်လည်း ငွေကြေးအမြောက်အများကို စုဆောင်းမိပြီး ဖြစ်လေ၏။
သို့ရာတွင် အကယ်၍ သူသည် နဂါးအစောင့်တစ်ယောက်၏စုံစမ်းစစ်ဆေးမှုနှင့်သာ ရင်ဆိုင်ရပါက သူ၏ကျန်ရှိသောဘဝတလျှောက်လုံး အကျဥ်းထောင်အတွင်း၌သာကုန်ဆုံးရမည်ဖြစ်ပြီး ပြန်ထွက်နိုင်တော့မည်မဟုတ်ချေ။
လီဟုန်၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေပြီး သူ၏စိတ်နှလုံးသားအတွင်းမှ ထိတ်လန့်ကြောက်ရွံမှုများကို ထပ်မံ၍ထိန်းသိမ်းမထားနိုင်တော့ပေ။သူက ဦးညွှတ်၍အရိုအသေပြုပြီး သူ၏အမှားကို ဝန်ခံလိုက်၏။
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
"ငါ ဒီနေရာကိုလာတာ နံပါတ်ငါးတပ်စုရသင့်တဲ့ အထောက်အပံပစ္စည်းတွေကို တောင်းဆိုဖို့အတွက်ပဲ...ငါ အဲ့ဒါတွေကို ရတာနဲ့ ဒီနေရာကနေ ချက်ချင်းထွက်သွားမှာ"
ထိုအချိန်မှပင် လီဟုန်က သတိပြန်ဝင်သွားသည်။
သူ ဤနေရာ၌ ပုန်းအောင်းနေစဥ်တွင် လုယွီက စစ်ရေးထောက်ပို့အရာရှိကို မည်သည့်အရာအားတောင်းဆိုနေသည်ကို သူ ရှင်းရှင်းလင်းလင်း ကြားလိုက်ရ၏။
စစ်ရေးထောက်ပို့အရာရှိသည် သူ၏ပစ္စည်းများကို မည်သည့်နေရာ၌ သိမ်းဆည်းထားသည်အား လီဟုန်က သိရှိထားသည်။ရုတ်ချည်းဆိုသလိုပင် လီဟုန်က စက်ယန္တရားတချို့ကိုလှည့်၍ လျှို့ဝှက်ခန်းတံခါးကို ဖွင့်လိုက်သည်။
လျှို့ဝှက်ခန်းအတွင်း၌ မြောက်မြားစွာသောအဖိုးတန်ရတနာများရှိနေသည်။
လီဟုန်က ရိုသေလေးစားသောအသံဖြင့် ပြောဆိုသည်။
"အရှင်...ဒီပစ္စည်းတွေအားလုံးကို ကျွန်တော်က အရှင့်ကို ပေးအပ်ချင်ပါတယ်"
လုယွီက ထိုပစ္စည်းများကိုတစ်ချက်ကြည့်ပြီး ခေါင်းခါပြလိုက်၏။
"ငါက ငါ့ရဲ့နံပါတ်ငါးတပ်စုက ရသင့်တဲ့ပစ္စည်းတွေကိုပဲလိုချင်တာ...ကျန်တာတွေအားလုံးက မင်းရဲ့အပိုင်ပဲ...မင်းတို့အရင်က ပေးရမယ့် အထောက်အပံပစ္စည်းတွေကို ပြန်ဖြည့်တင်းဖို့အတွက် ငါ မင်းကို သုံးရက်အချိန်ပေးမယ်"
"ဒါက မင်းအတွက် အခွင့်အရေးပေးတာပဲ...မဟုတ်လို့ကတော့ အကျိုးဆက်ကို မင်း သိရလိမ့်မယ်"
Chapter 1783
လီဟုန်သည် စကားများစွာပြောဆိုဝံ့ခြင်းမရှိချေ။သူသည် ဤနှစ်များအတွင်း နံပါတ်ငါးတပ်စုထံမှ ဝါးမျိုထားခဲ့သော လစာငွေများအားလုံးကိုထုတ်ယူ၍ လုယွီထံသို့ ရိုသေလေးစားစွာ လက်ကမ်းပေးလိုက်သည်။
"အနာဂတ်မှာ...မင်းကိုယ်မင်း ဂရုစိုက်နေပါ...ပြီးတော့ ငါ့ရဲ့အဆင့်အတန်းအမှန်ကို မဖော်ထုတ်တာက မင်းအတွက်ပိုကောင်းလိမ့်မယ်"
လုယွီက တည်ငြိမ်စွာပြောဆိုသည်။
နဂါးအစောင့်များသည် ဧကရာဇ်မင်း၏ကိုယ်ရေးကိုယ်တာစစ်တပ်ဖြစ်သည်။သူတို့၏ခွင့်ပြုချက်မရှိဘဲနှင့် သူတို့၏အဆင့်အတန်းအမှန်ကို မည်သူက ထုတ်ဖော်ပြောဆိုဝံ့မည်နည်း။
ထို့ကြောင့် လီဟုန်သည် တုံ့ဆိုင်းခြင်းမရှိဘဲ အလျှင်အမြန် ပြောဆိုလိုက်၏။
"အရှင် ဘာမှမစိုးရိမ်ပါနဲ့...ကျွန်တော်ရဲ့ဆိုးရွားတဲ့အပြုအမူတွေကိုလည်း ပြုပြင်မှာပါ"
လုယွီ ထွက်ခွာသွားသည်ကိုကြည့်ပြီး လီဟုန်က လေးလံသောသက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
ဤနဂါးအစောင့်သည် အလွန်သန်မာအားကောင်းပြီး သူ့အားအနိုင်ယူခဲ့သည်မှာ ကိတ်မုန့်တစ်လုံးဖဲ့စားသည့်အလား လွန်စွာလွယ်ကူလှသည်။
"မကောင်းဘူး...မကောင်းဘူး...ငါက ဒီသတ်ဖြတ်ခြင်းနတ်ဘုရားတွေကို ရန်မစတာ ငါ့အတွက်ပိုကောင်းလိမ့်မယ်...ဒီတစ်ကြိမ်တိုက်ပွဲပြီးတာနဲ့ ငါက ချက်ချင်းပြန်ပြီး နှုတ်ထွက်စာတင်ရမယ်...ငါ စစ်တပ်ထဲမှာ ထပ်ပြီးမနေတော့ဘူး"
လီဟုန်က သူ၏နဖူးထက်မှ ချွေးစေးများကို သုတ်လိုက်၏။
ထို့နောက် လီဟုန်သည် သူ၏လူများကိုခေါ်ဆောင်၍ သူ ပြုလုပ်ခဲ့သော စာရင်းအတုအယောင်များမှ ငွေကြေးပမာဏများကို ပြန်လည်ဖြည့်တင်းခိုင်းလေသည်။
စစ်သားအများစုသည် သူတို့၏ အချိန်အတော်ကြာဖြတ်တောက်ခြင်းခံခဲ့ရသော လစာငွေများကို စစ်ရေးထောက်ပို့ခန်းမမှ ပြန်လည်ဖြည့်တင်းပေးထားသည်ကို သတိပြုမိသွားကြ၏။
ဤအချိန်အခိုက်အတန့်တွင် စစ်စခန်းတစ်ခုလုံး ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေတော့သည်။
……
တခြားတစ်ဖက်တွင် လုယွီက နံပါတ်ငါးတပ်စု စခန်းချနေသောနေရာသို့ သွားနေခဲ့သည်။
ဤအချိန်အခိုက်အတန့်တွင် နံပါတ်ငါးတပ်စုမှ လူများအားလုံး၏ဖွဲ့စည်းပုံသည် အနည်းငယ် ဖရိုဖရဲဖြစ်နေသော်လည်း သူတို့က ဆက်လက်၍ လောင်းကစားလုပ်နေခြင်းမရှိဘဲ လုယွီပြန်အလာကို တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ဆိုင်းနေကြ၏။
ထိုမြင်ကွင်းကိုမြင်သည်နှင့် လုယွီက အနည်းငယ်စိတ်ကျေနပ်သွားသည်။
ထိုလူများသည် စည်းစနစ်ရှိသူများမဟုတ်သော်ခည်း အနည်းဆုံး သူတို့ထံတွင် အခြေခံစစ်တပ်စည်းမျဥ်းများရှိနေဆဲပင်။
"အရှင် ပြန်လာပြီ"
လုယွီ လက်ဗလာနှင့်ပြန်လာသည်ကိုမြင်သော သိုက်ဖုန်းနှင့်တခြားသူများ၏ မျက်လုံးများအတွင်း၌ စိတ်ဓာတ်ကျဆင်းမှုအရိပ်အယောင်များ ထင်ဟပ်သွားပေ၏။
ဤသည်က ဖြစ်သင့်သောကိစ္စပင်။တပ်စုမှူးငယ်လေးတစ်ယောက်သည် မည်သည့်နည်းဖြင့် စစ်ရေးထောက်ပို့အရာရှိထံမှအရာများကို တောင်းခံနိုင်မည်နည်း။
ခုန်းလောင်စန်းက အားပေးစကားပြောဆိုသည်။
"အရှင်...အရှင်က ဒီနေရာကိုခုမှရောက်လာတော့ ဒီကအခြေအနေတွေကို သိမှာမဟုတ်သေးဘူး...စစ်ရေးထောက်ပို့အရာရှိမှာ နောက်ခံကောင်းကောင်းရှိတယ်...တပ်မှူးတွေက သူ့ကို စစ်ဆေးဖို့အတွက် စုံစမ်းစစ်ဆေးရေးမှူးတွေ အကြိမ်များစွာပို့ခဲ့ပေမယ့်...သူက သူတို့အားလုံးကို မောင်းထုတ်နိုင်ခဲ့တယ်...သူ့လက်ထဲရောက်သွားတဲ့ပစ္စည်းကိုရဖို့က ကောင်းကင်ဘုံကိုတက်လှမ်းရတာထက်တောင် ပိုခက်လိမ့်အုံးမယ်"
တခြားလူများကလည်း သက်ပြင်းတစ်ချက် ရှိုက်လိုက်၏။
ဤကဲ့သို့အဆုံးသတ်ရလဒ်မျိုး ထွက်ပေါ်လာမည်ဟု သူတို့အားလုံး မျှော်လင့်ထားပြီးဖြစ်သည်။
လုယွီက လူအုပ်ကြီးကိုဝေ့ဝိုက်ကြည့်ပြီး သူက မအောင့်အည်းနိုင်တော့ဘဲ ရယ်မောလိုက်သည်။
"ငါ ဘာမှယူမလာဘူးလို့ မင်းတို့ကို ဘယ်သူကပြောလဲ"
ထို့နောက် လုယွီသည် ဤနှစ်များအတွင်း သူတို့ရရှိရမည့် ပစ္စည်းများကို သူ၏သိုလှောင်အိတ်အတွင်းမှ ထုတ်ပေးလိုက်၏။
ဤှအချိန်အခိုက်အတန့်တွင် မြေပြင်ပေါ်၌ အင်မော်တယ်ကျောက်တုံးများ သံချပ်ကာများ မှော်လက်နက်များ စုပုံသွားသည်။
"ဒါက..."
လူတိုင်း ကြက်သေသေသွားပေ၏။
လုယွီက စာရင်းစာရွက်တစ်ရွက်ကို သိုက်ဖုန်းထံလက်ကမ်းပေး၍ ပြောဆိုသည်။
"ဒါက မင်းတို့ ခုလတ်တလောနှစ်တွေမှာ ဖြတ်တောက်ခံထားရတဲ့ လစာငွေတွေရယ် မင်းတို့မရခဲ့တဲ့ သံချပ်ကာဝတ်စုံတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေရယ်ပဲ...ငါ အားလုံး မင်းတို့အတွက် ပြန်ယူလာခဲ့တယ်"
သိုက်ဖုန်း၏လက်များ တုန်ရီနေသည်။သူသည် စိတ်လှုပ်ရှားစွာဖြင့် စာရင်းစာရွက်ကိုယူကြည့်လိုက်၏။ထိုအရာပေါ်၌ လူတိုင်းရသင့်သည့် လစာငွေများ သံချပ်ကာဝတ်စုံနှင့်အသုံးအဆောင်ပစ္စည်းများကို ဖော်ပြထားသည်။
ထို့ပြင် သေဆုံးသွားသည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်သော စစ်သားများ၏လျော်ကြေးငွေများပင် ပါဝင်နေသည်။
ရုတ်ချည်းဆိုသလိုပင် လူတိုင်း၏မျက်လုံးများ နီမြန်းသွားသည်။
"အရှင်...ကျွန်တော်ရဲ့အသက်ကိုပေးရမယ်ဆိုရင်တောင် အရှင့်ပေါ်မှာ သစ္စာစောင့်သိစွာနဲ့ တာဝန်ထမ်းဆောင်ပါ့မယ်"
သိုက်ဖုန်းသည် ဒူးထောက်၍ လုယွီကို အရိုအသေပြုလိုက်၏။
တခြားလူများကလည်း လုယွီကို အရိုအသေပြုလိုက်ကြသည်။
လုယွီသည် လူအုပ်ကြီးကို ဝေ့ဝိုက်၍ကြည့်ပြီး လေးနက်တည်ကြည်သောအသံဖြင့် ပြောဆိုသည်။
"မင်းတို့ အရင်က ဘာတွေလုပ်ခဲ့တယ်ဆိုတာ ငါ ဂရုမစိုက်ဘူး...ဒါပေမယ့် မင်းတို့ ငါနောက်ကိုလိုက်နေသရွေ့ ငါ့ရဲ့အမိန့်ကို မင်းတို့နာခံရမယ်...တကယ်လို့ တစ်ယောက်ယောက်က စစ်စည်းကမ်းတွေကို ဖောက်ဖျက်ဝံ့တယ်ဆိုရင်...ငါ့ရဲ့ရက်စက်မှုအတွက် အပြစ်မတင်ကြနဲ့"
"မင်းတို့အရင်က လေ့ကျင့်ခဲ့တဲ့ ကျင့်ကြံနည်းစနစ်တွေကို....ငါ့ရဲ့အမြင်အရပြောရရင်တော့ အကုန်လုံးအသုံးမဝင်တဲ့အမှိုက်တွေပဲ"
လုယွီသည် ကျင့်ကြံနည်းစနစ်တချို့ကိုထုတ်ယူ၍ စစ်သားတိုင်းကို ပေးလိုက်၏။သူ၏လက်ရှိကျင့်ကြံဆင့်နယ်ပယ်ဖြင့် သူ၏အတွေးများမှာ အကန့်အသတ်မရှိချေ။ထို့ကြောင့် သူသည် ဤလူတစ်ရာအတွက် တစ်ယောက်စီနှင့်သင့်တော်သော ကျင့်ကြံနည်းစနစ်မျိုးကို ပြင်ဆင်ပေးနိုင်သည်။
Chapter 1784
"ဒါ...ဒါက ကောင်းကင်အဆင့် ကျင့်ကြံနည်းစနစ်ပဲ"
"ဒီကျင့်ကြံနည်းစနစ်က ငါ အရင်ကကျင့်ကြံခဲ့တဲ့ဟာထက် အနည်းဆုံးအဆတစ်ရာလောက် ပိုပြီးနက်နဲသိမ်မွေ့တယ်...ဒါကို နားလည်သဘောပေါက်နိုင်ဖို့ ငါ့အတွက် အရမ်းခက်ခဲနေတယ်"
"ပေါက်ကရတွေ...တကယ်လို့ မင်း လွယ်လွယ်နားလည်နေရင်...ဒါကို အဆင့်မြင့်ကျင့်ကြံနည်းစနစ်လို့ ခေါ်နိုင်ပါ့မလား"
နံပါတ်ငါးတပ်စုမှ စစ်သားများသည် စတင်၍တိုင်ပင်ဆွေးနွေးနေကြပြီး သူတို့၏မျက်နှာများပေါ်၌ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေပေ၏။
ကျင့်ကြံခြင်းလောကတွင် ကျင့်ကြံနည်းစနစ်များသည် အရေးကြီးဆုံးအရာဖြစ်ပြီး ဆေးလုံးများထက်ပင် ပို၍အရေးပါသည်။
အကယ်၍ တစ်စုံတစ်ယောက်၌ ထိပ်တန်းအဆင့်ပါရမီရှိနေလျှင်ပင် ထိုလူသည် အဆင့်မြင့်မားသောကျင့်ကြံနည်းစနစ်ကို ကျင့်ကြံခြင်းမရှိပါက သူ၏အနာဂတ်အောင်မြင်မှုသည် မြင့်မားမည်မဟုတ်ချေ။
ကျင့်ကြံသူအများစုသည် အဆင့်မြင့်ကျင့်ကြံနည်းစနစ်တစ်ခုရရှိစေရန် လုယက်ပြီးတိုက်ခိုက်နေကြရသည်။ဤသည်က ကျင့်ကြံခြင်းလောကတွင် ဖြစ်ရိုးဖြစ်စဥ်ကိစ္စတစ်ခုပင်။
သူတို့သည် မူလကတည်းက အကျဥ်းသားများဖြစ်ပေ၏။လိုချင်တပ်မက်ဖွယ်ကောင်းသော ကျင့်ကြံနည်းစနစ်များကို မဆိုထားနှင့် သူတို့ထံတွင် မည်သည့်အဖိုးတန်ပစ္စည်းမျှ ရှိမနေချေ။
သို့ရာတွင် ယခုလက်ရှိချိန်၌ အဆင့်မြင့်ကျင့်ကြံနည်းစနစ်များက သူတို့၏လက်အတွင်းသို့ ရောက်ရှိနေလေပြီ။
"မင်းတို့ တက်နိုင်သမျှ အစွမ်းကုန်လေ့ကျင့်ရမယ်...ငါ ပွင့်ပွင့်လင်းလင်းပြောရရင် မင်းတို့ရဲ့ကျင့်ကြံဆင့်နယ်ပယ်တွေက အရမ်းနိမ့်ပါးနေတယ်...တကယ်လို့ မင်းတို့က အောင်မြင်မှုကြီးကြီးမားမားလိုချင်တယ်ဆိုရင် မင်းတို့ရဲ့ကျင့်ကြံဆင့်နယ်ပယ်က လုံလောက်မှုမရှိဘူး"
လုယွီက ပေါ့ပေါ့ပါးပါး ပြောဆိုသည်။
သိုက်ဖုန်းက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ အရိုအသေပြုပြီး ပြောဆိုလိုက်၏။
"အရှင့်ရဲ့ကြင်နာမှုကို ဒီငယ်သားတွေက ဘယ်တော့မှမေ့လျော့မှာ မဟုတ်ပါဘူး"
လုယွီက ခေါင်းညိမ့်ပြလိုက်သော်လည်း သူ၏စိတ်နှလုံးသားအတွင်း၌ သူ့အတွေးနှင့်သူရှိနေသည်။
သူ ဤနေရာသို့ရောက်လာချိန်၌ ဤလူစုတွင် အလားအလာတချို့ရှိနေကြောင်း တွေ့ရှိခဲ့ပြီးဖြစ်သည်။
အကယ်၍ ဤလူတစ်စုသည် ထုံထိုင်းအနသူများသာဖြစ်နေပါက သူတို့အား ပြုစုပျိုးထောင်ပေးရန် သူ စိတ်ဝင်စားမည်မဟုတ်ချေ။သို့ရာတွင် သူတို့အနက်မှတချို့လူများတွင် ကောင်းကင်ဘုံ၏လက်ဆောင်ဟုပင်ဆိုနိုင်သော အရည်အချင်းကောင်းများ ရှိနေပေ၏။
ဥပမာအနေဖြင့် သူ့ရှေ့မှာရှိနေသော သိုက်ဖုန်းပင်။
"သိုက်ဖုန်း...ငါ အဝေးကိုထွက်သွားနေတဲ့အချိန်တွေမှာ မင်းက နံပါတ်ငါးတပ်စုရဲ့ခေါင်းဆောင်ပဲ"
လုယွီက အမိန့်ပေးလိုက်သည်။
"အမိန့်အတိုင်းပါ အရှင်"
လုယွီသည် ဤနေရာ၌ နေ့တစ်ဝက်ကြာနေထိုင်ခဲ့ပြီး ကျင့်ကြံနည်းစနစ်များနှင့်ပတ်သတ်၍ စစ်သားတစ်ယောက်ပြီးတစ်ယောက်ကို ရှင်းပြခဲ့သည်။
လုယွီ၏ရှင်းပြမှုကိုနားထောင်ပြီးနောက် ယခုလက်ရှိနေရာတွင်ရှိနေသော စစ်သားများ၏မျက်နှာများပေါ်၌ နားလည်သဘောပေါက်သွားသော အရိပ်အယောင်များ ထင်ဟပ်လာပေ၏။
ထို့နောက် လုယွီက တိုက်ပွဲအကျိုးဆောင်ခန်းမထံသို့ ထွက်ခွါခဲ့သည်။
"ဒီနေရာက တာဝန်တွေကိုလက်ခံပြီးတော့ တိုက်ပွဲအကျိုးဆောင်ရမှတ်တွေ ရနိုင်တယ်လို့ လုကျင်းရှန့်က ငါ့ကို ပြောခဲ့ဖူးတယ်"
လုယွီက ညည်းတွားလိုက်သည်။
ယခုလက်ရှိချိန်တွင် လုယွီသည် တပ်စုမှူးအဆင့်သာရှိ၍ အဆင့်နိမ့်ပါးနေသည်။
ရှကွေ့ကျုံးသည် ယခုလက်ရှိချိန်တွင် သူ့အား ရှာဖွေတွေ့ရှိဦးမည်မဟုတ်သော်လည်း လုယွီသည် တစ်ဖက်ရန်သူမှ သူ့အားအရင်လာရောက်တိုက်ခိုက်မည်ကို စောင့်ဆိုင်းနေမည့်လူစားမျိုးမဟုတ်ချေ။
သူသည် အဆင့်မြင့်အရာရှိအဖြစ်သို့ တက်လှမ်းနိုင်ရန် အမြန်ဆုံးကြိုးစားရပေမည်။ထိုအချိန်ကျမှသာ သူသည် ရှကွေ့ကျုံးကို စိန်ခေါ်နိုင်သောအခွင့်အရေး ရရှိပေလိမ့်မည်။
စစ်တပ်အတွင်း၌ ရာထူးအမြန်တိုးနိုင်သောနည်းလမ်းဟူ၍ အမြောက်အများမရှိချေ။တိုက်ရိုက်အဆန်ဆုံး ဖြတ်လမ်းနည်းမှာ တိုက်ပွဲတာဝန်များ ထမ်းဆောင်ရန်ပင်။
စစ်သားများသည် တိုက်ပွဲအတွင်း၌ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်မှုအပြင် တချို့သောတိုက်ပွဲတာဝန်များကို ထမ်းဆောင်ခြင်းဖြင့် သူတို့၏အဆင့်ကို တိုးမြှင့်နိုင်သည်။
တိုက်ပွဲအကျိုးဆောင်ခန်းမသည် တိုက်ပွဲတာဝန်များကို ထုတ်ပြန်ပေးသောခန်းမဖြစ်ပေ၏။
တော်ဝင်စစ်တပ်သို့ဝင်ရောက်လာသော မည်သူမဆို တိုက်ပွဲတာဝန်များကို ပြီးမြောက်အောင်လုပ်ဆောင်ခြင်းဖြင့် ရာထူးအဆင့်တိုးနိုင်သည်။
သို့ရာတွင် တိုက်ပွဲတာဝန်များသည် အန္တရာယ်နှင့်ဒွန်တွဲနေသည်။တိုက်ပွဲတာဝန်များကိုလက်ခံပြီးနောက် လူအများစုသည် သူတို့၏ရာထူးတိုးမြှင့်နိုင်ရန် ကျရှုံးသွားရန်သာမက သူတို့၏အသက်များကိုပင် ပေးဆပ်လိုက်ရသည်။
လုယွီသည် တာဝန်ကားချပ်၏ရှေ့သို့လျှောက်လှမ်း၍ တာဝန်များကိုစစ်ဆေးလိုက်၏။
ဤနေရာတွင် တာဝန်များကို အဆက်မပြတ်ချိတ်ဆွဲထားပြီး စစ်သားများမှယူဆောင်သွားသော တချို့တာဝန်များကိုမူ ဖယ်ရှားထားသည်။
အကယ်၍ တစ်စုံတစ်ယောက်သည် တာဝန်တစ်ခုကိုယူလိုပါက လုံလောက်သည့်အာမခံငွေပေးရန် လိုအပ်သည်။တာဝန်ကိုကျရှုံးသွားပါက ထိုအာမခံငွေကို ပြန်လည်ထုတ်ပေးမည်မဟုတ်ချေ။ထို့ကြောင့် လူအများစုက တာဝန်များကိုယူဆောင်ရာ၌ အလွန်သတိထားကြပေ၏။
လုယွီသည် တာဝန်များကိုကြည့်လိုက်သော်လည်း ဆုလာဘ်များအလွန်နည်းပါးနေခြင်းကို တွေ့မြင်လိုက်ရသည်။ဤဆုလဘ်များသည် သူ အလိုရှိသောအရာနှင့် များစွာအလှမ်းကွာဟနေသည်။
"ဒီနေရာမှာရှိတဲ့ တာဝန်တွေအတွက်ဆုလာဘ်က ဘာလို့အရမ်းနည်းနေတာလဲ"
လုယွီက စစ်သားတစ်ယောက်ကို မေးမြန်းလိုက်သည်။
လုယွီသည် တပ်စုမှူးတစ်ယောက်ဖြစ်နေသည်ကိုမြင်သော စစ်သားက လေးလေးစားစား တုံ့ပြန်ပြောဆိုသည်။
"တပ်စုမှူး...တကယ်လို့ တပ်စုမှူးက အဆင့်မြင့်တာဝန်တွေကို လိုချင်တယ်ဆိုရင်...အပေါ်ထပ်ကို သွားကြည့်လို့ရတယ်...ဒါပေမယ့် တပ်စုမှူးကသတိထားဖို့ ကျွန်တော် အကြံပြုချင်တယ်"
စစ်သားက စကားဆုံးသည်နှင့် လုယွီကိုနှုတ်ဆက်ကာ ထွက်ခွာသွားတော့သည်။
လုယွီက အနည်းငယ်သိချင်စိတ်ပြင်းပြသွားသည်။ထို့ကြောင့် သူက တိုက်ပွဲအကျိုးဆောင်ခန်းမ၏ဒုတိယထပ်သို့ သွားလိုက်သည်။
Chapter 1785
တိုက်ပွဲအကျိုးဆောင်ခန်းမ၏ဒုတိယထပ်သည် ပထမထပ်နှင့် နှိုင်းယှဥ်ပါက လူနည်းပါးသည်။
ဤနေရာသို့ဝင်ရောက်လာသူအများစုသည် အဆင့်မြင့်အရာရှိများဖြစ်ပြီး စစ်ဗိုလ်ချုပ်တချို့ပင်ရှိနေသည်။
ပြင်းထန်သောချီလှိုင်းများက ပတ်ဝန်းကျင်နေရာအနှံ့အပြားမှ ထွက်ပေါ်နေပေ၏။လုယွီက ကျင့်ကြံဆင့်နယ်ပယ် နက်နဲသိမ်မွေ့သော လောကီအင်မော်တယ်တချို့ကိုပင် ဤနေရာ၌ အာရုံခံမိသည်။
"တာယွီတော်ဝင်စစ်တပ်ထဲမှာ တကယ့်ကိုပဲ ပုန်းအောင်းနေတဲ့နဂါးတွေ ဝပ်နေတဲ့ကျားတွေရှိနေတာပါလား"
လုယွီက သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။
လောကီအင်မော်တယ်အဖြစ်သို့ ချိုးဖျက်ဝင်ရောက်နိုင်သော ကျင့်ကြံသူတစ်ယောက်သည် ပြင်ပရှိဂိုဏ်းများတွင် မြင့်မားသောအဆင့်အတန်းမျိုးရရှိနိုင်သည်။
သို့ရာတွင် တာယွီစစ်တပ်အတွင်း၌ လောကီအင်မော်တယ်များကို နေရာအနှံ့အပြား၌ တွေ့မြင်နိုင်ပေ၏။လုကျင်းရှန့်ကဲ့သို့ ရှေ့ပြေးတပ်မှူးတစ်ယောက်ပင်လျှင် အထွတ်အထိပ်အင်မော်တယ်အဆင့်ရှိသည်။
လုယွီ ရောက်ရှိလာမှုသည် လူတချို့၏စိတ်အာရုံကို ဆွဲဆောင်နိုင်သွားလေ၏။
လုယွီသည် တပ်စုမှူးအဆင့်သာရှိသေးသည်ကို မြင်ချိန်တွင် သူတို့သည် အစပထမ၌ ကြက်သေသေသွားကြသော်လည်း လုယွီ၏ငယ်ရွယ်နုနယ်သောမျက်နှာကို မြင်တွေ့ချိန်၌ သူတို့က စိတ်သက်သာရာရသွားကြသည်။
ဤသည်က လောကကြီးအားလှည့်လည်စူးစမ်းလိုသော လူငယ်တစ်ယောက်ပင် ဖြစ်ပေမည်။
မည်သူကမျှ လုယွီကို ထပ်မံ၍အာရုံစူးစိုက်ခြင်း မရှိကြတော့ချေ။လုယွီက နေရာတစ်နေရာကိုရှာဖွေပြီး တစ်ယောက်တည်း ထိုင်နေလိုက်၏။
ဤနေရာရှိ တာဝန်များသည် ပထအထပ်မှတာဝန်များထက် များစွာပို၍ခက်ခဲသည်။ထို့ပြင် တာဝန်ကျရှုံးသည့်နှုန်းမှာလည်း ပို၍မြင့်မားသည်။
"နစ်မြုပ်ကြယ်နယ်မြေက ပိုးကောင်မျိုးနွယ်စုရဲ့ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံနေရတယ်...ကြယ်နယ်မြေပေါ်က နေရာအများစုက သိမ်းပိုက်ခံလိုက်ရပြီ...မူစီရင်စုနယ်မြေက တခြားနေရာကို ပြောင်းရွှေ့ချင်နေတယ်...ဒါကြောင့် သူက တော်ဝင်စစ်တပ်ကို စစ်သားတွေစေလွှက်ပေးဖို့ အကူအညီတောင်းခံထားတယ်"
"ဖူယွမ်ကြယ်နယ်မြေက ရှုရာမျိုးနွယ်စုတွေထဲက အဆင့်မြင့်မျိုးနွယ်ဝင်သုံးယောက်နဲ့ ရင်ဆိုင်နေရတယ်...အဲ့ဒီရှုရာတွေက လောကီအင်မော်တယ်တွေပဲ...ဒါကြောင့် နယ်မြေအစောင့်အရှောက်က စစ်သားတွေကိုစေလွှက်ဖို့ အကူအညီတောင်းခံထားတယ်"
ထိုတာဝန်များကိုသာ ပြီးမြောက်အောင်မြင်ပါက တိုက်ပွဲအကျိုးဆောင်ရမှတ် အမြောက်အများရရှိနိုင်သည်။
အကယ်၍ သူသည် ဤတာဝန်များအနက်မှတစ်ခုကို ပြီးမြောက်အောင်မြင်သွားပါက ဗိုလ်မှူးကြီးရာထူးထိ တိုက်ရိုက်အဆင့်တိုးသွားနိုင်ကြောင်း လုယွီက ခန့်မှန်းမိသည်။
သို့ရာတွင် လုယွီ၏ရည်မှန်းချက်ပန်းတိုင်သည် ဗိုလ်မှူးကြီးတစ်ယောက်ဖြစ်ရုံမျှ ရိုးရှင်းခြင်းမရှိချေ။
လုယွီ စောင့်ကြည့်နေစဥ်မှာပင် စစ်သားတစ်ယောက်ဝင်လာပြီး တာဝန်တစ်ခုကို တာဝန်ကားချပ်ပေါ်၌ ချိတ်ဆွဲလိုက်၏။
ထိုတာဝန်၏အောက်ခြေ၌ သေးငယ်သောစာကြောင်းတစ်ကြောင်းရှိနေသည်။
'ကျန်းလုံ ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး စစ်သားသုံးရာ သေဆုံးသွားတယ်...တာဝန် ကျရှုံး'
ထိုတာဝန်ကိုမြင်သည်နှင့် ပတ်ဝန်းကျင်၌ တိုင်ပင်ဆွေးနွေးသံများ ထွက်ပေါ်လာသည်။
"ဒီတာဝန်ကို ကျန်းလုံတောင် ကျရှုံးသွားမယ်လို့ ငါ ထင်မထားမိဘူး"
"ကျွတ်...ကျွတ်...ကျန်းလုံက အရည်အချင်းရှိတဲ့ တပ်မှူးတစ်ယောက်လေ...သူတောင်မှ ဒီမိသားစုကို သက်တော်စောင့်လုပ်ပေစရမယ့်တာဝန်ကို ကျရှုံးခဲ့တာလား"
"ဒါက အာလူးပူပူတစ်လုံးပဲ...အဲ့ဒီမိသားစုက အဆုံးသတ်ချိန်ရောက်နေပေမယ့် လူတွေအများကြီးက တိုက်ပွဲအကျိုးဆောင်ရမှတ်တွေကို လိုချင်နေကြတယ်...ဒါပေမယ့် နောက်ဆုံးတော့ သူတို့အားလုံး လက်ဗလာနဲ့ပြန်လာရတာပဲ"
လူအများတိုင်ပင်ဆွေးနွေးနေစဥ်မှာပင် ရုတ်တရက် စစ်သားတစ်ယောက်က မတ်တတ်ထရပ်ပြီး စစ်ဗိုလ်ချုပ်တစ်ယောက်၏နားအနီးသို့ကပ်ပြီး တီးတိုးပြောဆိုလိုက်၏။
ထိုစစ်ဗိုလ်ချုပ်၏မျက်နှာအမူအယာ အနည်းငယ်ပျက်ယွင်းသွားပြီး သူက တုန်ရီနေသောအသံဖြင့် ပြောဆိုသည်။
"တစ်ဖက်လူတွေက မြေကမ္ဘာအင်မော်တယ်တွေကိုတောင် စေလွှက်လိုက်တယ်"
ဘာ...
လက်ရှိနေရာရှိလူများအားလုံး ကြက်သေသေသွားပေ၏။
မြေကမ္ဘာအင်မော်တယ်ဟု ဆိုလိုက်သလော...
မြေကမ္ဘာအင်မော်တယ်တစ်ယောက်သည် တာယွီတော်ဝင်စစ်တပ်တွင် မဟာစစ်ဗိုလ်ချုပ်တစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်နိုင်သည်။
လောကီအင်မော်တယ်နယ်ပယ်အထွတ်အထိပ် ကျင့်ကြံသူတစ်ယောက်ပင်လျှင် မြေကမ္ဘာအင်မော်တယ်တစ်ယောက်နှင့် ရင်ဆိုင်ရပါက မည်သည့်နည်းနှင့်မျှ ပြိုင်ဘက်မဖြစ်နိုင်ချေ။
လောကီအင်မော်တယ်နယ်ပယ်နှင့်မြေကမ္ဘာအင်မော်တယ်နယ်ပယ်ကြားတွင် နယ်ပယ်တစ်ခုသာခြားနားသော်လည်း ကွာဟချက်မှာ အလွန်ကြီးမားသည်။
လူအမြောက်အများသည် တိုက်ပွဲအကျိုးဆောင်ရမှတ်များစွာရရှိထားသော်လည်း မဟာစစ်ဗိုလ်ချုပ်ရာထူးသို့ တိုးမြှင့်ခန့်အပ်ခြင်း မခံရသည့်အကြောင်းအရင်းမှာ သူတို့သည် မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခြင်း မရှိသေးသောကြောင့်ပင်။
မြေကမ္ဘာအင်မော်တယ်နယ်ပယ်သည် ကျင့်ကြံသူများအတွက် ကြီးမားသောအတားအဆီးတစ်ခုပင်။
"ကျင်းလုံ ကျရှုံးသွားတာ အံ့အားသင့်စရာမရှိတော့ဘူး...သူက ကံတော့ကောင်းသားပဲ...မြေကမ္ဘာအင်မော်တယ်တစ်ယောက်ရဲ့ တိုက်ခိုက်မှုကိုခံယူရတာတောင် သူက အသက်ရှင်ရက်လွတ်မြောက်လာနိုင်ခဲ့တယ်"
"ဒီတာဝန်အတွက် တိုက်ပွဲအကျိုးဆောင်ရမှတ်တွေက များပြားတယ်ဆိုပေမယ့် နောက်ကွယ်မှာ ပုန်းကွယ်နေတဲ့ အကျိုးဆက်တွေအများကြီးရှိနေတယ်...စစ်ဗိုလ်ချုပ်တွေကတောင် ဒီတာဝန်ကို လက်ခံဖို့ ဆန္ဒရှိကြမှာမဟုတ်ဘူး...တခြားတာဝန်တွေကိုပဲ ကြည့်ကြရအောင်...ဒီတာဝန်အတွက်နဲ့ ငါတို့ရဲ့အသက်တွေကို ဆုံးရှုံးမခံသင့်ဘူး"
လူများသည် သက်ပြင်းများရှိုက်နေကြပြီး ဤတာဝန်အပေါ်စိတ်ပါဝင်စားမှု ပျောက်ဆုံးသွားကြတော့သည်။
သို့ရာတွင် လုယွီ၏မျက်လုံးအကြည့်က ထိုတာဝန်ပေါ်သို့ အခိုင်အမာကျရောက်နေသည်။
"တော်ဝင်နန်းတော်ကနေ အငြိမ်းစားယူသွားတဲ့ ဝန်ကြီးဟောင်း ဖေးထျန်ကွမ်းကို သူ့ရဲ့ဇာတိမြို့ထိ လုံခြုံဘေးကင်းစွာနဲ့ပြန်နိုင်အောင် စောင့်ကြပ်ပို့ဆောင်ပေးရမယ်"
Thank For Reading.