← Chapters

အခန်း (၁၈၀၆-၁၈၁၀)

Vol. 94 Ch. 1806-1810

အခန်း (၁၈၀၆-၁၈၁၀)

Vol. 94 Ch. 1806-1810

Chapter 1806

ဖေးရှို့ရှို့က ခြေဆောင့်နင်းနေပြီး သူမ၏မျက်နှာသည် ဒေါသကြောင့် အနီရောင်သို့ပြောင်းလဲသွားပေ၏။

သူမ၏အမြင်အရ သူမ၏ဖခင်ဖြစ်သူသည် အလွန်ရှေးရိုးစွဲပြီး ဂိုဏ်းများရှိလူများအပေါ် အစဥ်အမြဲအထင်သေးလေ့ရှိသည်။

ဂိုဏ်းများရှိလူများသည် မည်သည့်အရာများ မှားယွင်းနေသနည်း။

အကိုကောသည် နူးညံသိမ်မွေ့သူဖြစ်ပြီး ထောက်ထားညှာတာတက်သူဖြစ်ရုံသာမက စဥ်းစားချင့်ချိန်တက်သူလည်းဖြစ်သည်။ပို၍အရေးကြီးဆုံးအချက်မှာ သူသည် သဘောထားကြီးပြီး အစွမ်းထက်သူတစ်ယောက်ဖြစ်ပေ၏။ဤကဲ့သို့လူမျိုးသည် သူမအတွက် အသင့်တော်ဆုံးခင်ပွန်းတစ်ယောက်ဖြစ်ပေမည်။

"အဖေ့ကို ကျွန်မ အရမ်းစိတ်ဆိုးတယ်"

ဖေးရှို့ရှို့က ဒေါသတကြီးဖြင့်ခြေဆောင့်နင်းပြီး ပင်မခန်းမအတွင်းမှ ထွက်ခွာသွားတော့သည်။

ခန်းမ၏ပြင်ပသို့ထွက်ခွာလိုက်စဥ်မှာပင် ဖေးရှို့ရှို့သည် နတ်ဘုရားဌက်မွှေးဂိုဏ်းမှလူများ ထွက်ခွာရန်ပြင်ဆင်နေသည်ကို မြင်တွေ့လိုက်မိ၏။

ပတ်ဝန်းကျင်ကိုလှည့်ပတ်မေးမြန်းပြီးနောက် ကောယင်ကျဲသည် သူ၏လုပ်ငန်းတာဝန်ပြီးဆုံးသွားသဖြင့် ထွက်ခွာသွားတော့မည်ဖြစ်ကြောင်းကို သူမ သိရှိလိုက်ရသည်။

ဖေးရှို့ရှို့က ထိတ်လန့်တုန်လှုပ်သွားပေ၏။သူမသည် ကောယင်ကျဲအပေါ်တွင် အမြင်ကောင်းရှိသဖြင့် သူ၏ဘေးနား၌ ပို၍အချိန်ကြာကြာနေထိုင်လိုသည်။မည်သည်ကြောင့် သူက ထွက်သွားရန်ကြံစည်နေရသနည်း။

မဟုတ်သေး...သူမ၏ဖခင် ကောယင်ကျဲကို အသိအမှတ်ပြုလာသည့်အချိန်ထိ သူမ သူ့ကို အချိန်ဆွဲထားရပေမည်။

ဖေးရှို့ရှို့သည် သူမ၏စိတ်ကိုပြင်ဆင်၍ ကောယင်ကျဲကိုဟန့်တားရန် အရှေ့ဘက်ခြံဝန်းသို့သွားလိုက်၏။

"အကိုကော...ဘာလို့အလျင်စလိုကြီး ထွက်သွားရတာလဲ...နည်းနည်းကြာအောင် ထပ်နေပါအုံးလား"

ဖေးရှို့ရှိုက သနားစဖွယ်အမူအယာဖြင့် တောင်းပန်လေသည်။

သူမသည် သန့်ရှင်းစင်ကြယ်ပြီး ညှို့ဓာတ်ပါသောပုံပန်းသွင်ပြင်ဖြင့် မွေးဖွားလာသူဖြစ်သဖြင့် သူမ တောင်းပန်စကားပြောဆိုနေစဥ်တွင် ပို၍ပင်ညှို့အားပြင်းပုံပေါက်နေသည်။

ကောယင်ကျဲပင်လျှင် သူမကိုမြင်တွေ့ချိန်၌ တွေဝေနစ်မြောသွားသည်။သို့ရာတွင် သူက အလျှင်အမြန်အသိပြန်ဝင်လာပေ၏။

"ရှို့ရှို့...ငါက သခင်ကြီးဖေး အခက်အခဲတွေကိုဖြတ်ကျော်တဲ့နေရာမှာကူညီဖို့ ဒီနေရာကိုလာခဲ့တာ...အခု ငါ ရဲ့တာဝန်ပြီးသွားပြီလေ...ငါ ထွက်သွားသင့်ပြီ"

ထို့နောက် ကောယင်ကျဲသည် တစ်စုံတစ်ခုကိုနက်နက်ရှိုင်းရှိုင်း တွေးတောနေပုံရပြီး နောက်ဆုံးတွင် သူက ပြောဆိုလိုက်သည်။

"မင်းရဲ့အဖေကိုကြည့်ရတာ ငါ့ကိုသဘောကျပုံမရဘူး...ငါ ဒီမှာဆက်နေရင် အရှက်ရစရာကိစ္စတွေဖြစ်လာမှာကို ငါ စိုးရိမ်မိတယ်...ရှို့ရှို့ ငါတို့ ကံကြမ္မာရေစက်ရှိရင် ထပ်ပြီးတွေ့ကြသေးတာပေါ့"

ဖေးရှို့ရှို့က ကောယင်ကျဲ၏စကားကို လိုလားပုံမရချေ။

"အကိုကော...နောက်တစ်ကြိမ်ကျရင်...အကိုကောက ကျွန်မကို နောက်ထပ်လာတွေ့ဦးမှာလား"

ကောယင်ကျဲက အပြုံးနှင့်အတူ ဖေးရှို့ရှို့၏ခေါင်းကို ပုတ်လိုက်၏။

"ဘာမှ စိုးရိမ်မနေနဲ့...ငါ မင်းကိုတွေ့ဖို့ သေချာပေါက်ပြန်လာခဲ့မယ်"

သူတို့နှစ်ယောက်ကိုကြည့်ရသည်မှာ ပြီးပြည့်စုံသောစုံတွဲတစ်တွဲနှင့် တူညီသည်။

ထိုအချိန်မှာပင် အစေခံတစ်ယောက်က အခန်းအတွင်းသို့ အပြေးအလွှားဝင်လာသည်။

"သခင်မလေး...တော်ဝင်စစ်တပ်က တပ်စုမှူး ဒီကိုပြန်လာနေပြီ"

အစေခံက ပြောဆိုသည်။

တပ်စုမှူး....

ဖေးရှို့ရှို့က ချက်ချင်းပင် လုယွီအကြောင်း တွေးတောလိုက်၏။

"အဲ့ဒီကောင်က တကယ့်ကိုအရေထူတာပဲ...အခုချိန်မှာ ကျွန်မတို့ အန္တရာယ်ကနေ လွတ်မြောက်သွားပြီဆိုတာကိုသိလို့ သူက အရှက်မရှိ ကျွန်မတို့နောက်ကိုလိုက်လာတာ...ကျွန်မ ဒီလိုအရှက်မရှိတဲ့လူစားမျိုးကို ဘယ်တုန်းကမှမကြုံဖူးဘူး...ကျွန်မ အခု တကယ်သိသွားတာကတော့....လူချင်းအတူတူတောင် ကွာခြားချက်တွေအရမ်းကြီးမားတယ်ဆိုတာပဲ"

လုယွီ အကြောင်းကိုကြားသည့်အချိန်တိုင်း ဖေးရှို့ရှို့၏စိတ်နှလုံးသားအတွင်း၌ ဒေါသများဖုံးလွှမ်းနေသည်။

သူမ၏အမြင်အရ အစောပိုင်းက လုယွီ၏ထွက်ခွာခြင်းသည် လုပ်ကြံသတ်ဖြတ်သူများရောက်လာသည်ကိုမြင်သဖြင့် ထွက်ပြေးရန်ကြံစည်ခြင်းသာဖြစ်သည်။

အစေခံက သတိထားသောလေသံဖြင့် ပြောဆိုလေ၏။

"သခင်မလေး...ကျွန်တော်တို့က သူ့ကို အရင်ဆုံးဖိတ်ကြားထားလိုက်တာ ပိုမကောင်းဘူးလား...နောက်ထပ်လုပ်ကြံသတ်ဖြတ်သူတွေလာနေပြီလို့ သူက ပြောခဲ့တယ်...သူက ကျွန်တော်တို့ကို ခြံဝန်းထဲမှာပုန်းနေပြီး ကောင်းကောင်းစောင့်ကြပ်ဖို့လည်း မှာထားခဲ့တယ်"

ဖေးရှို့ရှို့က သရော်တော်တော် ပြောဆိုသည်။

"သူ့ကို ကုန်းပတ်ပေါ်မှာပဲနေခိုင်းလိုက်...သူက ငါတို့ဖေးမိသားစုခြံဝန်းထဲကို ဝင်လာဖို့အတွက် စဥ်းတောင်မစဥ်းစားနဲ့"

အစေခံက အနည်းငယ်တွန့်ဆုတ်နေပြီးမှ လေသံဖျော့ဖျော့ဖြင့် ပြောဆိုသည်။

"ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် သူက တော်ဝင်စစ်တပ်ကအရာရှိတစ်ယောက်လေ"

"သူက တော်ဝင်စစ်တပ်ကအရာရှိဖြစ်နေတော့ရော ဘာဂရုစိုက်ရမှာလဲ...သူ့ရဲ့လက်ရှိလုပ်ဆောင်ချက်တွေကိုကြည့်အုံး....ငါ အိမ်ကိုပြန်ရောက်တာနဲ့ အမတ်ကြီးသီကျန်းဆီကို စာတစ်စောင်ရေးပေးဖို့ အဖေကိုတောင်းဆိုမယ်...အဲ့ဒီအချိန်ကျရင် သူက တပ်စုမှူးအဆင့်မှာတောင် ဆက်ပြီးရှိတော့မှာမဟုတ်ဘူး...သူက စစ်တပ်ကနေထုတ်ပယ်ခံရပြီး အကျဥ်းချတာတောင်ခံရနိုင်တယ်...သူ့ရဲ့ဘဝတလျှောက်လုံးမှာ အပြင်ကို ပြန်ထွက်လာနိုင်တော့မှာမဟုတ်ဘူး"

ဖေးရှို့ရှို့က စိတ်လက်မရှည်ပုံဖြင့် သူမ၏လက်ကိုဝှေ့ယမ်းပြပြီးနောက် ရုတ်တရက် သူမက နောက်သို့ပြန်လှည့်လိုက်၏။သူမက ချိုသာသောအပြုံးဖြင့် ကောယင်ကျဲကိုပြောဆိုသည်။

"အကိုကော....အကို ဒီနေရာကိုလာတာက တကယ့်ကိုမလွယ်တဲ့ကိစ္စပဲ...ကျွန်မ အကို့ကို လိုက်ပို့ပါရစေ"

ကောယင်ကျဲက မျက်မှောင်တစ်ချက်ကြုတ်ပြီး သူ၏လက်အောက်ငယ်သားများကိုကြည့်လိုက်သည်။ထို့နောက် သူက ပေါ့ပေါ့ပါးပါးအပြုံးနှင့် ပြောဆိုလေ၏။

"ကောင်းပြီလေ...သွားကြစို့"

နတ်ဘုရားဌက်မွှေးဂိုဏ်းမှလူများသည် ဖေးရှို့ရှို့နှင့်အတူ ထွက်ခွာခဲ့ကြသည်။မကြာမီမှာပင် သူတို့သည် ဖေးမိသားစုခြံဝန်း၏တံခါးမကြီးသို့ ရောက်ရှိလာသည်။တံခါးမကြီး၏ပြင်ပတွင် လေဟာနယ်သင်္ဘောပေါ်မှ ထွက်ခွာသွားနိုင်သော ကုန်းပတ်ရှိနေ၏။

Chapter 1807

"အကိုကောင်း...ဒါက ကျွန်မရဲ့အမွှေးအိတ်...ကျွန်မကိုယ်တိုင်လုပ်ထားတာ...အကို ဒါကို တန်ဖိုးထားပေးပါနော်"

ဖေးရှို့ရှို့သည် ရှက်သွေးဖြာနေသောမျက်နှာဖြင့် လက်ရာမြောက်သောအမွှေးအိတ်တစ်အိတ်ကို ကောယင်ကျဲ၏လက်အတွင်းသို့ ထည့်ပေးလိုက်သည်။

သူမ၏နောက်ရှိ အမျိုးသမီးအစေခံတချို့သည် ထိုမြင်ကွင်းကိုမြင်သည်နှင့် မအောင့်အည်းနိုင်တော့ဘဲ ခိုးခိုးခစ်ခစ်ရယ်မောလိုက်ကြ၏။ဤသည်က သူမတို့၏သခင်မလေးသည် ဂိုဏ်းချုပ်ကောကို အလွန်အရေးပေးပြီး ချစ်မြတ်နိုးနေကြောင်းဆိုလိုသည်။

မည်သို့ပင်ဆိုစေကာမူ ဂိုဏ်းချူပ်ကောသည် အလွန်အစွမ်းထက်သည့်အပြင် ရုပ်ရည်ချောမောခန့်ညားကာ ဖျတ်လတ်တက်ကြွမှုလည်းရှိသည်။သူသည် သူမတို့၏သခင်မလေးအတွက် ပြီးပြည့်စုံသောလက်တွဲဖော်ဖြစ်ပေ၏။

ကောယင်ကျဲသည် ဤနေရာ၌ အချိန်အကြာကြီးနေလိုစိတ်မရှိချေ။သူ၏သိုလှောင်အိတ်အတွင်း၌ ရွှံစေးမျောက်ရုပ်ထုကို ထည့်သွင်းထားပြီးဖြစ်သည်။

ဖေးထျန်ကွမ်း၏လက်အတွင်း၌ ထိပ်တန်းအဆင့်မှော်ရတနာခုရှိသည်ဟု သိရှိစဥ်အချိန်ကတည်းက ကောယင်ကျဲသည် သူ၏လက်အောက်ငယ်သားတချို့ကို သူခိုးဂိုဏ်းမှမှော်နည်းစနစ်များသင်ယူခိုင်းကာ ခေါ်ဆောင်လာခဲ့သည်။

ထိုလူများ၏ခိုးယူခြင်းနည်းစနစ်များသည် အလွန်သေသပ်ကောင်းမွန်ပြီး တစ်ဖက်လူ၏ခန္ဓာကိုယ်ပေါ်ရှိပိုင်ဆိုင်မှုများကိုပင် တိတ်တဆိတ်ယူဆောင်နိုင်သည်။

ရတနာ၏တည်နေရာကို သိရှိရသည်နှင့် ကောယင်ကျဲသည် ဖေးထျန်ကွမ်း သတိလက်လွတ်ဖြစ်နေချိန်ကို အခွင့်ကောင်းယူ၍ သူ၏လူများကိုစေလွှက်ကာ ရတနာကို ခိုးယူစေခဲ့သည်။

ယခုလက်ရှိချိန်၌ ထိုရတနာသည် သူ၏လက်အတွင်းသို့ ရောက်ရှိနေလေပြီ။

မူလကမှော်ရတနာထားရှိသောနေရာတွင် သူတို့သည် အတုအယောင်တစ်ခုကိုပြုလုပ်၍ ထားခဲ့လေ၏။

"ဒီနေရာမှာ မတ်တတ်ရပ်မနေနဲ့...မင်းတို့အားလုံး ခြံဝန်းထဲကို ပြန်ဝင်တော့"

ထိုအချိန်မှာပင် တိုးညှင်းသောအသံတစ်သံက နွေးထွေးနေသောအခြေအနေကို ဖျက်ဆီးလိုက်သည်။

လုယွီက အလျှင်အမြန်ရောက်ရှိလာပြီး တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိုသည်။

"အချိန်တိုအတွင်းမှာ လုပ်ကြံသတ်ဖြတ်သူတွေ ထပ်ပြီးတိုက်ခိုက်လာကြလိမ့်မယ်...မင်းတို့ ခြံဝန်းထဲကိုပြန်ကြတော့"

ထိုအသံကိုကြားသည်နှင့် ကောယင်ကျဲနှင့်ဖေးရှို့ရှို့တို့နှစ်ယောက်လုံးက တပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြ၏။

သို့ရာတွင် ထိုစကားကိုပြောဆိုလိုက်သူသည် လုယွီဖြစ်နေကြောင်းကို မြင်တွေ့သည်နှင့် ဖေးရှို့ရှို့၏မျက်နှာပေါ်၌ သရော်တော်တော်အပြုံးတစ်ခု ထင်ဟပ်လာသည်။

"ငါက ဘယ်သူများလဲလို့...ခုကြည့်တော့မှ တပ်စုမှူးကြီးဖြစ်နေတာကိုး"

ဖေးရှို့ရှို့သည် ရည်ရွယ်ချက်ရှိရှိဖြင့် နောက်ဆုံးစကားလုံးများကို လေသံဖိ၍ပြောဆိုပြီး လုယွီ၏ရာထူးအဆင့်အတန်းကို အသားပေးလိုက်သည်။

"ဘာလဲ...နင် ထွက်ပြေးသွားတာ ကြာလှပြီလေ...အခု အားကောင်းတဲ့ရန်သူတွေမရှိတော့တာကို မြင်တဲ့အချိန်ကျမှ နင်က ပြန်ရောက်လာတာလား"

အစေခံတချို့ကလည်း လုယွီကို လက်ညှိုးညွှန်ကာ လှောင်ပြောင်သရော်နေကြ၏။

ကောယင်ကျဲက ထိုမြင်ကွင်းကိုမြင်သည်နှင့် ခပ်ဖျော့ဖျော့အပြုံးနှင့်ပြောဆိုသည်။

"ငါ​ တစ်ခုပြောမယ်...အရာရှိရှောင်...တကယ်လို့ မင်း ကြောက်နေတယ်ဆိုရင်....မင်း ကုန်းပတ်ပေါ်မှာနေသင့်တယ်...အမှန်တော့ မင်း ကုန်းပတ်ပေါ်မှာနေရတာတောင် ကြောက်နေတယ်ဆိုရင်...မင်းကို ခြံဝန်းထဲမှာပုန်းအောင်းခွင့်ပြုဖို့ ငါ ရှို့ရှို့ကို ပြောပေးမယ်"

ပတ်ဝန်းကျင်ရှိအစေခံများ၏လှောင်ပြောင်ရယ်မောသံများ ပို၍ကျယ်လောင်လာသည်။

ဖန်းရှို့ရှို့က အထင်အမြင်သေးသောအကြည့်ဖြင့် လုယွီကိုကြည့်လိုက်၏။

"နင်နဲ့ ငါ့ရဲ့အကိုကောက ဘယ်လိုမှနှိုင်းယှဥ်ပြစရာမရှိတဲ့လူတွေပဲ...ထားလိုက်တော့...အကိုကော ပြောပြီးပြီဆိုမှတော့ နင် ခြံဝန်းထဲမှာနေပြီး ပုန်းနေတာပိုကောင်းလိမ့်မယ်...မှတ်ထားအုံး...နင်က အရှေ့ဘက်ခြံဝန်းထဲမှာပဲ ပုန်းခွင့်ရှိတယ်...အနောက်ဘက်ခြံဝန်းက နင် ဝင်လို့ရတဲ့နေရာမျိုးမဟုတ်ဘူး"

လုယွီကမူ ဤဂျူနီယာများကို တစိုးတစ်မျှပင် အာရုံစိုက်ခြင်းမရှိချေ။

သူ၏စိတ်ဝိညာဥ်မှတဆင့် အလွန်များပြားသော တည်ရှိမှုကြီးများသည် ဦးတည်ချက်ပေါင်းစုံမှနေ၍ ဤနေရာသို့လာနေကြသည်ကို အာရုံခံမိပေ၏။

ထိုလူများအကြားတွင် မြေကမ္ဘာအင်မော်တယ်အစွမ်းထက်ကျင့်ကြံသူသုံးယောက်ပင်လျှင် ပါဝင်နေသည်။

ရုတ်ချည်းဆိုသလိုပင် လုယွီက မျက်မှောင်ကြုတ်လိုက်သည်။အစောပိုင်းက မိန်းမစိုးနှစ်ယောက်ကို သူ အနိုင်ယူနိုင်ခဲ့ခြင်းမှာ သူတို့နှစ်ယောက်အနက်မှတစ်ယောက်ကို အခွင့်အရေးယူ၍ ခန္ဓာကိုယ်အပိုင်စီးနိုင်ခြင်းကြောင့်ဖြစ်ပေ၏။

သို့ရာတွင် ယခုလက်ရှိအချိန်တွင် သူသည် မြေကမ္ဘာအင်မော်တယ်သုံးယောက်နှင့်ရင်ဆိုင်ရပါက သူ့အနိုင်ရနိုင်မည့် အခွင့်အရေးမှာ မများလှချေ။

ထို့ပြင် ပို၍အရေးကြီးဆုံးအချက်မှာ လုယွီသည် အစောပိုင်းက ကျုးရုံ၏အစစ်အမှန်ခန္ဓာကိုယ်ကို အသုံးပြုထားသဖြင့် အားနည်းသောအခြေအနေတွင်ရှိနေဆဲပင်။

သူသည် မြေကမ္ဘာအင်မော်တယ်တစ်ယောက်တည်းဖြင့် ထိပ်တိုက်ရင်ဆိုင်ရလျှင်ပင် ယခုလက်ရှိအခြေအနေမျိုးဖြင့် သူ အနိုင်ရရှိနိုင်ရန် လွန်စွာခက်ခဲပေမည်။

"ဒီနေရာက တက်နိုင်သမျှမြန်မြန်ထွက်သွားစမ်း...မင်းရဲ့အဖေ ဘယ်မှာလဲ...ထိပ်တန်းအဆင့်ရတနာရဲ့အကူအညီနဲ့ဆိုရင် မင်းတို့ ဒီနေရာကနေ ထွက်သွားနိုင်လိမ့်မယ်...သူ့ကို ပြောလိုက်...ဘယ်လိုတန်ကြေးမျိုးကိုပဲ ပေးဆပ်ရပါစေ...ရတနာကိုအသုံးပြုပြီး ဒီနေရာက ချက်ချင်းထွက်သွားရမယ်"

လုယွီက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။ထို့နောက် သူက ခြေထောက်မြှောက်ကာ တံခါးမကြီးဆီသို့ဦးးတည်၍ လျှောက်လှမ်းလိုက်သည်။

လုယွီ ခြံဝန်းအတွင်းသို့ အတင်းအကြပ်ဝင်နေသည်ကိုကြည့်ပြီး ဖေးရှို့ရှို့က ဒေါသတကြီးအော်ဟစ်လိုက်၏။

"နင်ကိုယ်နင် ဘာကောင်ထင်နေတာလဲ...ဒါက ငါတို့ဖေးမိသားစုရဲ့ခြံဝန်း...နင်လာချင်တိုင်းလာလို့ရတဲ့နေရာမျိုးမဟုတ်ဘူး"

သူမက လုယွီကို ဟန့်တားထားလေသည်။

Chapter 1808

လုယွီက အသံနက်ကြီးဖြင့် ပြောဆိုသည်။

"ဘေးကိုဖယ်စမ်း"

ဖေးရှို့ရှို့က သူမ၏ခေါင်းကို မော့လိုက်၏။

"ငါ ဖယ်မပေးနိုင်ဘူး...နင်ကိုယ်နင် ဘာကောင်ထင်နေတာလဲ...ဒီနေရာက ငါ့ရဲ့အိမ်...ငါ နောက်ဆုံးပြောထားမယ်...ငါ နင့်ကို အထဲဝင်ခွင့်မပေးနိုင်ဘူး...ဘယ်သူ နင့်ကို အထဲပေးဝင်ရဲမှာလဲ"

ဤတစ်ကြိမ်တွင် ဖေးရှို့ရှို့သည် အလွန်အမင်း ဒေါသထွက်နေသည်။ထို့ကြောင့် သူအသည် လုယွီ၏အရာရှိဟူသောအဆင့်အတန်းကို အနည်းငယ်မျှပင် အာရုံစိုက်ခြင်းမရှိတော့ဘဲ တင်းမာခက်ထန်စွာပြောဆိုလိုက်၏။

လုယွီက အေးစက်စက်လေသံဖြင့် တုံ့ပြန်ပြောဆိုသည်။

"လုပ်ကြံသတ်ဖြတ်ခြင်းခန်းမက လုပ်ကြံသတ်ဖြတ်သူတွေထဲက...အစွမ်းထက်ကျင့်ကြံသူတွေ မင်းရဲ့အဖေကိုသတ်ဖို့လာနေကြတယ်...တကယ်လို့ မင်း ဒီနေရာမှာဆက်ပြီး ပြဿနာရှာနေမယ်ဆိုရင် ငါ မင်းတို့ဖေးမိသားစုကို ကာကွယ်နိုင်တော့မှာမဟုတ်ဘူး"

လုပ်ကြံသတ်ဖြတ်ခြင်းခန်းမဟုဆိုသလော...

ထိုအသံကိုကြားသည်နှင့် ယခုလက်ရှိနေရာတွင်ရှိနေသော လူများအားလုံး၏မျက်နှာအမူအယာများ ပျက်ယွင်းသွားသည်။

ဤသည်က တာယွီအင်ပါယာအတွင်းတွင် လူသိများကျော်ကြားသော လုပ်ကြံသတ်ဖြတ်ခြင်းအဖွဲ့အစည်းဖြစ်သည်။သူတို့၏စာရင်းအတွင်းရှိ လူဆယ်ယောက်အနက်ကိုးယောက်မှာ အသက်ရှင်ရက်လွတ်မြောက်နိုင်ခြင်းမရှိချေ။

"ဘယ်လိုဟာသမျိုးလဲ...နင် လျှာအရိုးမရှိတိုင်း လျှောက်ပြောမနေနဲ့....ငါတို့တောင်မှ ရန်သူရှိတဲ့ အရိပ်အယောင်ကိုတောင် ရှာမတွေ့ဘူး...နင်လိုတပ်စုမှူးလေးက ဘာလုပ်နိုင်မှာမလို့လဲ"

ဖေးရှို့ရှို့က သရော်တော်တော်ပြောဆိုပြီး အနည်းငယ်မျှပင် နံဘေးသို့ဖယ်ပေးခြင်းမရှိချေ။

သူမ၏အမြင်အရ လုယွီသည် ကျင့်ကြံဆင့်နယ်ပယ်နိမ့်ပါးသော တပ်စုမှူးလေးတစ်ယောက်သာဖြစ်သည်။တာယွီတော်ဝင်စစ်တပ်အတွင်းတွင် ဤကဲ့သို့လူစားမျိုးအမြောက်အများရှိပြီး သူတို့အားလုံးသည် မထင်မရှားအရာရှိငယ်လေးများသာဖြစ်ကြ၏။

ရယ်ရွှယ်ဖွယ်အကောင်းဆုံးအချက်မှာ ထိုတပ်စုမှူးသည် သူမတို့၏ဖေးမိသားစုကို လှည့်စားရန် ကြိုးပမ်းဝံ့ခြင်းပင်။

ဖေးထျန်ကွမ်းသည် အရာရှိရာထူးမှနှုတ်ထွက်ခဲ့သော်လည်း သူသည် တော်ဝင်နန်းတွင်းအတွင်း၌ ဂုဏ်သတင်းကျော်ကြားပြီး မိတ်ဆွေအမြောက်အများရှိသည်။နောင်အနာဂတ်တွင် သူ နန်းတွင်း၌ တာဝန်ပြန်ထမ်းဆောင်မည် မထမ်းဆောင်မည်ကို မည်သူမျှ မသိရှိနိုင်ချေ။

ထိုတပ်စုမှူးသည် သူမတို့ဖေးမိသားစုအပေါ် အပြစ်ပြုဝံ့ပါက သေချာပေါက် သူ့သေလမ်းသူ ရှာနေခြင်းဖြစ်ပေလိမ့်မည်။

"မင်းက သေမှာကြောက်နေတယ်လို့ ငါတော့ထင်တယ်...တပ်စုမှူးလေး...မင်း ခဏလောက်အနားယူလိုက်ရင် ပိုမကောင်းဘူးလား"

ထိုအချိန်မှာပင် ကောယင်ကျဲက လုယွီ၏နောက်သို့လျှောက်လှမ်းလာပြီး သူ၏လက်ကို လုယွီ၏ပခုံးပေါ်သို့တင်၍ ပြောဆိုသည်။

အကယ်၍ ဖေးထျန်ကွမ်းသည် လုယွီ၏အကြံပေးချက်အတိုင်းသာ ဆောင်ရွက်လိုက်ပါက လျှို့ဝှက်ခန်းတံခါးကိုဖွင့်လိုက်သည်နှင့် သူ ပြုလုပ်ထားသော အတုအယောင်ရွှံစေးမျောက်ရုပ်ထု၏အကြောင်း ဖော်ထုတ်ခံရပေမည်။

ထို့ကြောင့် ကောယင်ကျဲသည် လုယွီကို အနောက်ဘက်ခြံဝန်းအတွင်းသို့ ဝင်ခွင့်မပြုနိုင်သည်မှာ သမားရိုးကျကိစ္စတစ်ရပ်ပင်။

သို့ရာတွင် သူ၏လက် လုယွီ၏ပခုံးပေါ်ကျရောက်သွား ပြင်းထန်သောတန်ပြန်အားလှိုင်းတစ်ရပ်က လုယွီ၏ပခုံးမှ ထွက်ပေါ်လာသည်။

ဘုန်း...

ပြင်းထန်သောတုန်ခါလှိုင်းက ကောယင်ကျဲ၏လက်အတွင်းသို့ ဝင်ရောက်လာပေ၏။ဤအချိန်အခိုက်အတန့်တွင် ကောယင်ကျဲက သူ၏လက်ထုံကျင်လာခြင်းကို ခံစားလိုက်ရသည်။သူ၏မျက်နှာအမူအယာပျက်ယွင်းသွားပြီး သူက နောက်သို့ခြေလှမ်းများစွာ ဆုတ်လိုက်ရသည်။

"ကောင်းပြီလေ...ကြည့်ရတာတော့ ငါက မင်းအပေါ် အရမ်းကြင်ကြင်နာနာဆက်ဆံမိသွားပုံရတယ်....ဘာကမင်းအတွက်ကောင်းတယ်ဆိုတာကိုတောင် မင်းက မသိတဲ့ပုံပဲ...မင်းက တပ်စုမှူးလေးတစ်ယောက်ဖြစ်တာနဲ့ မင်းကိုယ်မင်း အရာရှိဖြစ်ပြီလို့ထင်နေတာလား...ငါ့ရဲ့မျက်လုံးထဲမှာတော့ မင်းက သေးငယ်တဲ့ပုရွတ်ဆိတ်လေးပဲ"

ကောယင်ကျဲ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းရောင်များ ဖြတ်ပြေးသွားသည်။

"ကြည့်ရတာတော့ ဒီနေ့ ငါ မင်းကို သင်ခန်းစာတချို့ ပေးရမယ့်ပုံပဲ"

စကားဆုံးသည်နှင့် သူ၏လက်ချောင်းထိပ်တွင် ရွှေရောင်ဓားချီတစ်လှိုင်း ထွက်ပေါ်လာသည်။ထိုဓားချီလှိုင်းကို သိပ်သည်းပြီးသည်နှင့် အစွမ်းထက်သောမှော်စွမ်းအင်လှိုင်းများက ပတ်ဝန်းကျင်အဘက်ဘက်သို့ ဖြာထွက်သွားပေ၏။

အစေခံများက ထိုမြင်ကွင်းကိုမြင်သည်နှင့် အံ့အားတသင့်ရေရွတ်လိုက်ကြသည်။

"ဂိုဏ်းချုပ်ကောရဲ့ကျင့်ကြံဆင့်နယ်ပယ်က အရမ်းအစွမ်းထက်တာပဲ"

"အဲ့ဒီလုပ်ကြံသတ်ဖြတ်သူတွေကို သူ အနိုင်ယူနိုင်တာ အံ့အားသင့်စရာမရှိတော့ဘူး...ဂိုဏ်းချုပ်ကောရဲ့ခွန်အားက တကယ့်ကို သာမာန်ထက်သာလွန်ထူးကဲနေတာပါလား"

"အဲ့ဒီတပ်စုမှူးက တကယ့်ကိုပဲ ဘာကသူ့အတွက်ကောင်းတယ်ဆိုတာ မသိတဲ့သူပဲ...ဟမ့်"

ဖေးမိသားစုမှအစေခံများသည် သူတို့အချင်းချင်း တိုင်ပင်ဆွေးနွေးနေကြပြီး မည်သူကမျှ လုယွီအပေါ် အကောင်းမြင်စိတ်မရှိကြချေ။

ဖေးရှို့ရှို့ကလည်း နံဘေးတစ်ဖက်မှနေ၍ အားပေးအားမြှောက်ပြုနေလေသည်။

"အကိုကောင်း...သူ့ကို လေးစားမှုပြတဲ့အနေနဲ့ နည်းနည်းတော့ ညှာညှာတာတာတိုက်ခိုက်လိုက်ပါ"

လုယွီသည် ကောယင်ကျဲ၏ဓားချီကို တစ်ချက်ကြည့်ပြီး သူက ခေါင်းကိုခါယမ်းကာ ပြောဆိုလိုက်၏။

"မင်းက ငါ့ရဲ့ပြိုင်ဘက်မဖြစ်နိုင်ဘူး...နောက်ကိုဆုတ်စမ်း"

ထိုစကားကိုကြားသည်နှင့် ကောယင်ကျဲက အူလှိုက်သည်းလှိုက် ရယ်မောလိုက်သည်။

"ဟား ဟား ဟား...ငါ ကျင့်ကြံခဲ့တာ နှစ်ပေါင်းအတော်ကြာခဲ့ပြီ...မင်းက ငါ့ကို ဒီလိုစကားမျိုးပြောဝံ့တဲ့ ပထမဦးဆုံးသူပဲ...ကြည့်ရတာတော့ မင်း တသက်တာလုံး မမေ့နိုင်တော့မယ့် အမှတ်တရမျိုးတွေ ငါ မင်းကို ပေးရမယ့်ပုံပဲ"

ကောယင်ကျဲက သရော်တော်တော်ပြောဆိုပြီးနောက် လုယွီထံဦးတည်၍ ခြေလှမ်းတစ်လှမ်းခြင်း လျှောက်လှမ်းလာသည်။

သို့သော် ထိုအချိန်မှာပင်...

သင်္ဘောတစ်စင်းလုံး ရုတ်တရက် ပြင်းပြင်းထန်ထန် တုန်ခါစပြုလာပေ၏။

Chapter 1809

ကျယ်လောင်သောတုန်ခါသံများနှင့်အတူ လေဟာနယ်သင်္ဘောတစ်စင်းလုံးသည် တစ်စုံတစ်ခု၏ဆွဲငင်ထားခြင်းခံထားရပုံဖြင့် အနည်းငယ်မျှပင် မရွေ့လျားနိုင်တော့ချေ။

ဝှီး...ဝှီး...

အရပ်မျက်နှာအဘက်ဘက်မှနေ၍ သံကြိုးကြီးများ တစ်ကြိုးပြီးတစ်ကြိုး ပျံဝဲလာပြီး လေဟာနယ်သင်္ဘော၏ထောင့်လေးထောင့်လုံးကို ချုပ်နှောင်ထားသဖြင့် ရှေ့သို့မရွေ့လျားနိုင်တော့ခြင်းဖြစ်သည်။

"ရန်သူတွေ တိုက်ခိုက်နေကြပြီ...ရန်သူတွေ..."

အစောင့်တစ်ယောက်၏ စူးရှကျယ်လောင်သောအော်သံ ထွက်ပေါ်လာပေ၏။

သို့ရာတွင် သူ၏အသံပျက်ပြယ်သွားသောအချိန်မှာပင် မြောက်မြားစွာသောဓားပျံများသည် လေဟာနယ်၏တစ်ဖက်ခြမ်းမှ ပျံဝဲလာပြီး သူ၏ရင်ဘတ်ကို တိုက်ရိုက်ထိုးဖောက်သွားသည်။

ဝှစ်...ဝှစ်...ဝှစ်...

မြောက်များစွာသောလက်နက်ပုန်းများသည် မုန်တိုင်းတစ်ခုအလား လွင့်ပျံ့လာသည်။ကုန်းပတ်ပေါ်ရှိလူများသည် သတိလက်လွတ်နေမိကြသဖြင့် ချက်ချင်းပင် သတ်ဖြတ်ခံလိုက်ရ၏။

မူလက သန့်ရှင်းတောက်ပြောင်နေသော သင်္ဘောကုန်းပတ်ပေါ်တွင် သွေးများဖြင့်ရွှဲနစ်သွားပြီး ညည်းတွားသံများက နေရာအနှံ့အပြားမှ ထွက်ပေါ်နေသည်။

"ဘာတွေဖြစ်ကုန်တာလဲ"

ဖေးရှို့ရှို့သည် နေရာမှာပင် အမြှစ်တွယ်နေသကဲ့သို့ မတ်တတ်ရပ်နေပြီး မည်သို့ပြုလုပ်ရမည်ကို သူမ မသိတော့ချေ။

သူမတို့သည် လုပ်ကြံသတ်ဖြတ်သူများကို ရှောင်တိမ်းနိုင်ခဲ့ပြီမဟုတ်လော။မည်သည်ကြောင့် လုပ်ကြံသတ်ဖြတ်သူများ ထပ်မံ၍ရောက်ရှိလာပြီး တိုက်ခိုက်နေကြသနည်း။

"သူတို့က နင့်နောက်ကနေလိုက်လာတာပဲဖြစ်မယ်...ဟုတ်တယ်မလား"

ရုတ်တရက် ဖေးရှို့ရှို့သည် ဖြစ်နိုင်ချေရှိသောတစ်စုံတစ်ခုကို တွေးတောမိသွားသဖြင့် သူမသည် နီမြန်းနေသောမျက်လုံးများဖြင့် လုယွီကို စူးစူးဝါးဝါးကြည့်လိုက်၏။

ဖြစ်နိုင်သည်မှာ လုပ်ကြံသတ်ဖြတ်သူများသည် လုယွီ၏နောက်သို့ နောက်ယောင်ခံလိုက်လာရမှတဆင့် ဤနေရာကိုတွေ့ရှိသွားခြင်းဖြစ်ပေမည်။

ရုတ်ချည်းဆိုသလိုပင် လုယွီအပေါ်ထားရှိသော ဖေးရှို့ရှို့၏ဒေါသများသည် အဆုံးစွန်ဆုံးအဆင့်ထိ ရောက်ရှိသွားခဲ့သည်။

လုယွီသည် ဖေးရှို့ရှို့၏အတွေးများကို မသိရှိချေ။သူက အသံနက်ကြီးဖြင့် ပြောဆိုသည်။

"ခြံဝန်းထဲကို မြန်မြန်ဝင်စမ်း...တကယ်လို့ မင်းတို့ ကုန်းပတ်ပေါ်မှာ ဆက်ပြီးနေနေရင်...မင်းတို့အားလုံး သေသွားနိုင်တယ်"

ဤတစ်ကြိမ်ရောက်ရှိလာသူများအနက် မြေကမ္ဘာအင်မော်တယ်သုံးယောက်ပင် ပါဝင်နေပေ၏။

အကယ်၍ လုယွီသည် သူတို့သုံးယောက်ကို တိုက်ခိုက်နိုင်လျှင်ပင် တိုက်ပွဲ၏သက်ရောက်မှုအားလှိုင်းများကို သူတို့အားလုံး တောင့်ခံနိုင်မည်မဟုတ်ချေ။

ဖေးမိသားစုခြံဝန်း၏နံရံလေးဘက်လုံးပေါ်တွင် ခုခံရေးဝင်္ကပါများရှိနေသဖြင့် တိုက်ပွဲ၏နောက်ဆက်တွဲဆိုးကျိုးများကို အတိုင်းအတာတစ်ခုထိ ခုခံနိုင်ပေမည်။

"ဟွန့်...ဘယ်လို ဟာသမျိုးလဲ...နင်က လုပ်ကြံသတ်ဖြတ်သူတွေလာတာကိုမြင်တာနဲ့ သေမှာကိုကြောက်နေပြီမလား"

ဖေးရှို့ရှို့က သရော်တော်တော်ပြောဆိုပြီး သူမ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

"ဖေးမိသားစုက အစောင့်တွေအားလုံး အမိန့်နာခံကြစမ်း...လူအားလုံးစုဝေးပြီး တံခါးရဲ့ရှေ့မှာ ကာကွယ်ရမယ်"

ဖေးမိသားစုမှအစောင့်များသည် တရကြမ်းပြေးထွက်လာကြပြီး ချက်ချင်းပင် ခုခံကာကွယ်ရေးဝင်္ကပါပုံစံ ဖွဲ့စည်းလိုက်ကြ၏။

ထိုဝင်္ကပါကိုကြည့်ပြီး ဖေးရှို့ရှို့က အခိုင်အမာယုံကြည်ချက်ရှိသောလေသံဖြင့် ပြောဆိုသည်။

"ငါတို့နောက်ကိုလိုက်နေတဲ့ လုပ်ကြံသတ်ဖြတ်သူတွေ ဒီနေရာကိုရောက်လာတာနဲ့ ငါတို့က လျှို့ဝှက်နည်းစနစ်တစ်ခုကိုအသုံးပြုပြီး သူတို့ကို ဖမ်းဆီးနိုင်လိမ့်မယ်...အဲ့ဒီအချိန်ကျရင် ငါတို့က အင်အားအများကြီးစိုက်ထုတ်စရာမလိုဘဲနဲ့ သူတို့ကို အမိဖမ်းနိုင်ပြီ'

"ခြံဝန်းထဲကို ခုချက်ချင်းပြန်စမ်း"

လုယွီက အော်ငေါက်လိုက်သည်။

ဤအချိန်အခိုက်အတန့်တွင် လုယွီ၏စိတ်နှလုံးသားအတွင်း၌ ဒေါသများ မြင့်တက်နေပေ၏။

သူသည် ဖေးမိသားစုကိုကာကွယ်ရန် လာခဲ့သော်လည်း ဖေးမိသားစုမှလူများသည် သူ၏စကားကို တစ်ကြိမ်ပြီးတစ်ကြိမ် လျစ်လျှူရှုခဲ့သည်။

လုယွီ၏ကျင့်ကြံဆင့်နယ်ပယ်ကြောင့် သူ၏အော်သံသည် မိုးခြိမ်းသံတမျှကျယ်လောင်လေရာ ပတ်ဝန်းကျင်ရှိ အစောင့်များအားလုံး ကြက်သေသေသွားသည်။

ဤအချိန်တခဏတွင် ဖေးရှို့ရှို့ပင်လျှင် ကြောက်ရွံထိတ်လန့်မှုကို ခံစားလိုက်ရ၏။သို့ရာတွင် သူမ၏ကြောက်ရွံမှုသည် အချိန်တခဏအတွင်းမှာပင် ပျက်ပြယ်သွားခဲ့သည်။တပ်စုမှူးလေးတစ်ယောက်​ကို မည်သည်ကြောင့် သူမက ကြောက်ရွံရမည်နည်း။

ဖေးရှို့ရှို့သည် အလွန်ဒေါသထွက်နေသဖြင့် သူမ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေသည်။

"နင်က ဘာအရည်အချင်းရှိလို့ ငါတို့ကို လာပြောနေရတာလဲ...ထွက်သွားစမ်း"

ဤအချိန်အခိုက်အတန့်မှာပင် ကောယင်ကျဲက ဝင်ရောက်ပြောဆိုသည်။

"ရှို့ရှို့....ဒီလုပ်ကြံသတ်ဖြတ်သူတွေကိုတိုက်ခိုက်ဖို့ ငါ့ရဲ့လူတွေကို ခေါ်ထုတ်လိုက်မယ်"

သူ၏လက်ရှိစိတ်အခြေအနေသည် အလွန်အမင်း စိုးရိမ်ပူပန်မှုကို ခံစားနေရ၏။သူ၏လက်အတွင်းသို့ ထိပ်တန်းအဆင့်မှော်ရတနာရောက်ရှိနေပြီဖြစ်သဖြင့် ဤနေရာ၌ဖေးမိသားစုဝင်များနှင့်အတူ သေဆုံးလိုခြင်းမရှိချေ။

သို့ရာတွင် ယခုလက်ရှိအချိန်၌ သူ ဖေးမိသားစုနှင့် မျက်နှာပျက်စရာကိစ္စ ဖြစ်ပေါ်၍မရချေ။သို့မဟုတ်ပါက အကယ်၍ ဖေးထျန်ကွမ်းသာ အသက်ရှင်ရက်လွတ်မြောက်သွားလျှင် အရင်ဆုံးလာရောက်ရှာဖွေခံရမည့်လူမှာ သူသာဖြစ်ပေမည်။

ဖေးရှို့ရှို့သည် ကောယင်ကျဲ၏အတွေးများကို မသိရှိသဖြင့် သူမက ကျေးဇူးတင်စကားပြောဆိုသည်။

"အကိုကောင်းကို ထပ်ပြီးအခက်တွေ့စေမိပြီ"

"ဒါက အခက်တွေ့စရာကိစ္စ မဟုတ်ပါဘူး...လုပ်ကြံသတ်ဖြတ်သူလေးတစ်စုက ဒီနေရာကိုလာပြီး မဆင်မခြင်တိုက်ခိုက်ဝံ့နေတာ...ငါက သူတို့ကို သင်ခန်းစာပေးရမှာပေါ့"

ကောယင်ကျဲ၏လေသံသည် ဖြောင့်မတ်မှန်ကန်ပုံရသော်လည်း သူစကားပြောဆိုနေစဥ်တွင် သူ၏လက်အောက်ငယ်သားများကို အဓိပ္ပါယ်ပါသောအကြည့်မျိုးဖြင့် အရိပ်အခြေပြနေလေ၏။

နတ်ဘုရားဌက်မွှေးဂိုဏ်းမှလူများသည် ကောယင်ကျဲ၏အတွေးများကို ချက်ချင်းပင် နားလည်သဘောပေါက်သွားကြပြီး အခွင့်ကောင်းကိုရှာကာ ထွက်ပြေးရန် ပြင်ဆင်လိုက်ကြသည်။

သို့သော် ထိုအချိန်မှာပင် တုန်လှုပ်ချောက်ချားဖွယ် ဖိအားအရှိန်အဝါတစ်ရပ်က ရုတ်တရက် ကုန်းပတ်ပေါ်သို့ ကျရောက်လာသည်။

"သင်္ဘောပေါ်မှလူတွေ အားလုံးကိုသတ်...တစ်ယောက်မှ အသက်ရှင်ရက်ချန်မထားနဲ့"

အဖိုးအိုတစ်ယောက်၏အသံက ပဲ့တင်ထပ်ပျံ့နှံ့လာပေ၏။

Chapter 1810

ထိုအသံသည် အလွန်အက်ရှရှနိုင်သော်လည်း အထက်ကိုးကောင်းကင်ဘုံမှဆင်းသက်လာသော နက်နဲသိမ်မွေ့သည့်မိုးကြိုးသံနှင့်တူညီသည်။အသံပါဒတစ်လုံးစီသည် လူများ၏နားစည်များကို တုန်ခါသွားစေရန် လုံလောက်ပေ၏။

အစောင့်အများစုသည် ထိုတုန်လှုပ်ချောက်ချားဖွယ်ဖိအားအရှိန်အဝါကို တောင့်မခံနိုင်သဖြင့် ကူကယ်ရာမဲ့စွာဖြင့် နောက်သို့ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ကြရသည်။

ဖေးရှို့ရှို့က ဒေါသတကြီး ဆူပူကြိမ်းမောင်းလေသည်။

"နင်တို့ ဘာတွေကြောက်နေကြတာလဲ...ဒါက လုပ်ကြံသတ်ဖြတ်သူလေး တစ်စုပဲလေ"

အစောင့်တစ်ယောက်က သတိပေးစကားပြောဆိုသည်။

"သခင်မလေး...အရင်ဆုံး နောက်ဆုတ်ကြစို့...ဒီတစ်ကြိမ်လာတဲ့ လုပ်ကြံသတ်ဖြတ်သူတွေနဲ့ပတ်သတ်ပြီး တစ်ခုခုမှားယွင်းနေတယ်"

ဖေးရှို့ရှို့သည် သူမ၏စိတ်နှလုံးသားအတွင်းမှနေ၍ ထိတ်လန့်ကြောက်ရွံနေသော်လည်း ယခင်က လုယွီကို ပြောဆိုထားသောစကားရှိနေသဖြင့် သူမက မျက်နှာပျက်မခံလိုချေ။

"နင်တို့က ဘာတွေကြောက်နေကြတာလဲ...ဒီနေရာမှာ အကိုကော ရှိနေတယ်လေ...ဘယ်သူပဲဖြစ်ဖြစ် ဒီနေရာကိုရောက်လာတာနဲ့ အမှုန်အမွှားဖြစ်သွားမှာပဲ"

ဖေးရှို့ရှို့က သရော်တော်တော်လေသံဖြင့် ပြောဆိုလိုက်၏။

သူမသည် ကောယင်ကျဲကို အကြွင်းမဲ့ယုံကြည်ထားသည်။

"သူတို့က ထွက်တောင်မပြေးကြဘူးပဲ...ကောင်းတယ်...ဒါက ငါတို့ကို အချိန်ကုန်သက်သာစေတယ်"

အဖြူရောင်ဝတ်စုံဝတ်အဖိုးအိုသုံးယောက်က ကုန်းပတ်ပေါ်သို့ ဆင်းသက်လာသည်။

လေဟာနယ်သင်္ဘော၏နံဘေးပတ်လည်တွင် အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသော လူတစ်ရာခန့်ရှိနေပြီး သူတို့အားလုံးသည် သာမာန်ထက်သာလွန်သော အရှိန်အဝါမျိုးကို ထုတ်လွှက်ထားပေ၏။

"သတ်ကြစမ်း"

တခြားစကားတစ်ခွန်းမျှ ပြောဆိုခြင်းမရှိဘဲ အဖိုးအို၏အမိန့်သံကိုကြားသည်နှင့် အနက်ရောင်ဝတ်စုံဝတ်လူများသည် တရကြမ်းတိုးဝင်တိုက်ခိုက်ကြတော့သည်။

ယခင် လုပ်ကြံသတ်ဖြတ်သူများနှင့် နှိုင်းယှဥ်ပါက ယခုရောက်ရှိလာသော အနက်ရောင်ဝတ်စုံဝတ်လူများသည် အလွန်အမင်း ရက်စက်ကြမ်းကြုတ်သည်။ရှေ့ဆုံးတွင်ရှိနေသော အစောင့်များသည် ချက်ချင်းပင် လဲကျသွားပြီး သွေးများအိုင်ထွန်းနေလေ၏။

အသက်ရှင်လွတ်မြောက်လာသူတချို့ပင်လျှင် အပြင်းအထန်ဒဏ်ရာ ရရှိသွားကြ၏။

ပတ်ဝန်းကျင်နေရာတစ်ခုလုံး စူးရှနာကျင်စွာ အော်ဟစ်သံများဖြင့် ပြည့်နှက်နေသည်။

"အကိုကောင်း...ကျေးဇူးပြုပြီး ကျွန်မကို ကူညီပါအုံး"

ဖေးရှို့ရှို့၏မျက်နှာသည် ဖြူရော်နေပြီး သူမ၏မျက်လုံးအတွင်းမှ မျက်ရည်များစီးကျနေကာ သူမက ကောယင်ကျဲကို အကူအညီတောင်းခံလိုက်သည်။

ကောယင်ကျဲ၏မျက်နှာထက်၌ ဝေခွဲရခက်နေသောအရိပ်အယောင်များ ထင်ဟပ်နေပေ၏။သူ၏စိတ်နှလုံးသားအတွင်း၌ နောင်တများဖြင့်လည်း ပြည့်နှက်နေသည်။အကယ်၍ ဤသို့ဖြစ်လာမည်ကို သူ ကြိုသိခဲ့ပါက သူ၏နောက်လိုက်များကိုခေါ်ဆောင်၍ သူ ထွက်ပြေးပြီးဖြစ်ပေမည်။မည်သည်ကြောင့် ဤနေရာ၌ သူ ဆက်၍နေနေရမည်နည်း။

သို့သော် ယခုလက်ရှိချိန်၌ သူ၏နောင်တများသည် အသုံးမဝင်တော့ချေ။

ကောယင်ကျဲက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"လူတိုင်းပဲ...ငါ့နောက်ကိုလိုက်ခဲ့ကြ...ငါတို့ ဖောက်ထွက်ကြစို့"

သူသည် ဖေးမိသားစုနှင့်ပတ်သတ်၍ အာရုံစူးစိုက်လိုစိတ် မရှိတော့ချေ။ယခုလက်ရှိချိန်တွင် သူ၏အသက်ရှင်သန်ရေးကသာ အရေးအကြီးဆုံးကိစ္စဖြစ်သည်။

နတ်ဘုရားဌက်မွှေးဂိုဏ်းမှကျင့်ကြံသူများ၏ခွန်အားသည် ဖေးမိသားစုမှအစောင့်များထက် များစွာပို၍အားကောင်းသည်။သူတို့အားလုံး အတူပေါင်းစည်းလိုက်သောခွန်အားလှိုင်းများအောက်တွင် သူတို့၏နံဘေးပတ်ဝန်းကျင်မှ အနက်ရောင်ဝတ်စုံဝတ်လူများ လွင့်ထွက်သွားပေ၏။

သူ့အတွက် အခွင့်အရေးတစ်ခုရှိနေသည်ကိုကြည့်ပြီး ကောယင်ကျဲ၏မျက်လုံးများ လင်းလက်တောက်ပသွားသည်။ကောယင်ကျဲသည် သူ၏ခန္ဓာကိုယ်လှုပ်ရှားမှုနည်းစနစ်ကို အကန့်အသတ်ထိတွန်းပို့ပြီး လေဟာနယ်သင်္ဘော၏အစွန်းဘက်သို့ တရကြမ်းအပြေးသွားလိုက်၏။

"ပြေးချင်သေးတာလား"

အဖြူရောင်ဝတ်စုံဝတ်အဖိုးအိုတစ်ယောက်က ခနဲ့တဲ့တဲ့ပြောဆိုပြီး သူ၏လက်ဝါးကို အောက်သို့ဖိနှိပ်လိုက်သည်။

ရုတ်ချည်းဆိုသလိုပင် ကောယင်ကျဲ၏ခန္ဓာကိုယ်အထက်ရှိ လေဟာနယ်သည် သလင်းကျောက်ကဲ့သို့ ကျစ်လစ်သိပ်သည်းသွားပြီး ကောယင်ကျဲကို ပိတ်လှောင်ထားလေသည်။

အဖိုးအိုသည် သူ၏လက်ဝါးကို ထပ်မံ၍ ညင်သာစွာဖိနှိပ်လိုက်ရာ ကောယင်ကျဲသည် လျှပ်စီးဖြင့်ရိုက်ခတ်ခံရသကဲ့သို့ နောက်သို့လွင့်ထွက်သွားလေ၏။ကောယင်ကျဲ၏ပါးစပ်မှ သွေးများယိုစီးကျလာပြီး သူက မြောက်များစွာသောကျင့်ကြံသူများနှင့် ဝင်ဆောင့်မိကာ မြေပြင်ပေါ်သို့လဲကျသွားသည်။

"မြေကမ္ဘာ....မြေကမ္ဘာအင်မော်တယ်နယ်ပယ်..."

ကောယင်ကျဲ၏မျက်လုံးများ ပြူးကျယ်နေပြီး သူက မယုံကြည်နိုင်မှုများဖြင့် အဖိုးအိုကို စူးစိုက်ကြည့်နေသည်။

ဖေးထျန်ကွမ်းကို လုပ်ကြံသတ်ဖြတ်ရန်လာသူများသည် ဤကဲ့သို့အစွမ်းထက်ကျင့်ကြံသူများ ဖြစ်နေမည်ဟု သူ မျှော်လင့်မထားမိချေ။

မြေကမ္ဘာအင်မော်တယ်နယ်ပယ် ကျင့်ကြံသူများသည် တော်ဝင်နန်းတော်တွင်ပင် မဟာစစ်ဗိုလ်ချုပ် အဆင့်အတန်းရရှိနိုင်သော တည်ရှိမှုကြီးများဖြစ်သည်။ဤကဲ့သို့ အစွမ်းထက်ကျင့်ကြံသူသုံးယောက်သည် မည်သည်ကြောင့် ဤနေရာသို့ ရောက်ရှိလာခဲ့သနည်း။

အချိန်တခဏကြာ တွေးတောပြီးနောက် ကောယင်ကျဲသည် သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ အလျှင်အမြန် ဆုံးဖြတ်ချက်ချလိုက်၏။

"စီနီယာတို့...ကျွန်တော်က ဖေးထျန်ကွမ်းနဲ့ဘာမှမဆိုင်ပါဘူး...ကျွန်တော်က နတ်ဘုရားဌက်မွှေးဂိုဏ်းရဲ့ဂိုဏ်းချုပ်ပါ...ကျွန်တော်နဲ့ဖေးထျန်ကွမ်းက ရေနဲ့မီးလိုပါပဲ...ကျွန်တော်က သူတို့ဘက်ကလူ မဟုတ်ပါဘူး"

ကောယင်ကျဲက ဒူးထောက်ပြီး အသနားခံတောင်းပန်လေသည်။

ဘာ...

ဖေးမိသားစုမှလူများအားလုံး ကြက်သေသေသွားသည်။သူတို့၏စိတ်နှလုံးသားများအတွင်း၌ ကောယင်ကျဲသည် ရုပ်ရည်ချောမောခန့်ညားပြီး အစွမ်းထက်ကာ အစစအရာရာပြီးပြည့်စုံသူဖြစ်သည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ ကောယင်ကျဲသည် ဒူးထောက်၍ ခွေးတစ်ကောင်အလား အသနားခံတောင်းပန်နေပေ၏။

ဖေးရှို့ရှို့က မယုံကြည်နိုင်သောလေသံဖြင့် ပြောဆိုသည်။

"အကိုကော....အကို ဘာလုပ်နေတာလဲ...အကိုက ကျွန်မတို့ဖေးမိသားစုကို ကာကွယ်ပေးမယ်လို့ ပြောခဲ့တာမဟုတ်လား"

သူမ၏စိတ်နှလုံးသားတစ်ခုလုံး ဖရိုဖရဲဖြစ်နေသည်။ကောယင်ကျဲသည် သူမ၏စိတ်အတွင်းမှရွေးချယ်ထားသော အကောင်းဆုံးခင်ပွန်းလောင်းပင်။

သို့ရာတွင် ဤကဲ့သို့လူမျိုးသည် ယခုလက်ရှိအချိန်၌ ဖျော့တော့သောအသံဖြင့် အသနားခံတောင်းပန်နေသည်မှာ အလွန်အမင်းရှက်ရွံဖွယ်ကောင်းသော အခြေအနေမျိုးဖြစ်သည်။

All Chapters