← Chapters

အခန်း (၁၇၇၁-၁၇၇၅)

Vol. 92 Ch. 1771-1775

အခန်း (၁၇၇၁-၁၇၇၅)

Vol. 92 Ch. 1771-1775

Chapter 1771

လုယွီက ရှားဟိုလီထံသို့ တိုက်ရိုက်လျှောက်လှမ်းသွားပြီး စားပွဲပေါ်မှမြေပုံကို တစ်ချက်ကြည့်လိုက်၏။ရုတ်တရက် သူက မျက်မှောင်ကြုတ်လိုက်သည်။

"ဦးရီးတော်...အနက်ရောင်တိမ်တိုက်ကြယ်နယ်မြေက လောရွှေကြယ်မြစ်ထဲက အဓိကကြယ်နယ်မြေတွေရဲ့အကြားမှာတည်ရှိတယ်...အဲ့ဒီကြယ်နယ်မြေက လောရွှေကြယ်မြစ်ထဲမှာရှိတဲ့ တော်ဝင်စစ်တပ်တွေဝိုင်းရံထားတဲ့နေရာမှာရှိနေတာ...လေဟာနယ်ဓားပြတွေက သူတို့ရဲ့အသိုက်ကို အဲ့ဒီလိုနေရာမျိုးမှာထားမယ်လို့ ကျွန်တော် မထင်ဘူး"

လုယွီက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

တာယွီအင်ပါယာ၏ပိုင်နက်နယ်မြေသည် အလွန်ကျယ်ဝန်းပြီး ကြယ်နယ်မြေများ၏တည်နေရာအလိုက် ကြယ်မြစ်ဆယ့်နှစ်ခု ပိုင်းခြားထားသည်။

ယခုလက်ရှိ သူတို့ရှိနေသောနေရာသည် လောရွှေကြယ်မြစ်အတွင်း၌ ပါဝင်သည်။

အနက်ရောင်တိမ်တိုက်ကြယ်နယ်မြေသည် လောရွှေကြယ်မြစ်အတွင်းရှိ မထင်မရှားကြယ်နယ်မြေတစ်ခုဖြစ်လေ၏။ထိုကြယ်နယ်မြေပေါ်တွင် စိတ်ဝိညာဥ်စွမ်းအင်များ ထူထပ်သိပ်သည်းခြင်းမရှိသော်လည်း စိတ်ဝိညာဥ်ကျောက်တုံးမိုင်းတွင်းများရှိသည်။ရလဒ်အနေဖြင့် ထိုနေရာကို တာယွီအင်ပါယာ၏တရားဝင်မိုင်းတွင်းများရှိသော နေရာတစ်ခုအဖြစ် အချိန်အတော်ကြာသတ်မှတ်ထားခြင်း ခံခဲ့ရသည်။

ထိုကြယ်နယ်မြေ၏ပတ်ဝန်းကျင်တွင် တာယွီတော်ဝင်စစ်တပ်မှ အရာရှိများနှင့်စစ်သားများ စောင့်ကြပ်နေသည်။တစ်ဖက်လူများမှာ လေဟာနယ်ဓားပြများဖြစ်နေလေရာ မည်သည့်နည်းဖြင့် ထိုကဲ့သို့နေရာမျိုးကို သူတို့၏အသိုက်အဖြစ် ရွေးချယ်မည်နည်း။

ရှားဟိုလီက လုယွီကဲ့သို့ တွေးတောပုံမရချေ။သူက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

"ဒါက အလင်းအောက်မှာ အမှောင်ထုရှိနေတာမျိုးလည်း ဖြစ်နိုင်တာပဲလေ...ဖြစ်နိုင်တာတော့ တစ်ဖက်ရန်သူတွေက အဲ့ဒီနေရာကို ငါတို့ မရှာလောက်ဘူးလို့ တွေးနေနိုင်တယ်"

လုယွီက လေးနက်တည်ကြည်သောအသံဖြင့် ပြောဆိုလေ၏။

"ဒါပေမယ့် တကယ်လို့ သူတို့ရဲ့အသိုက်က အနက်ရောင်တိမ်တိုက်ကြယ်နယ်မြေပေါ်မှာမရှိဘဲ အဲ့ဒီနောက်က သူတော်စင်ပင်လယ်ကြယ်နယ်မြေပေါ်မှာသာရှိနေရင်....ကျွန်တော်တို့ အဲ့ဒီနေရာကို စစ်သားတွေစေလွှက်လိုက်တာနဲ့ တစ်ဖက်ရန်သူရဲ့ဝိုင်းရံတိုက်ခိုက်တာကိုခံရမှာကို ကျွန်တော် စိုးရိမ်မိတယ်"

လုယွီသည် အနက်ရောင်တိမ်တိုက်ကြယ်နယ်မြေနောက်ရှိ သူတော်စင်ပင်လယ်ကြယ်နယ်မြေကို ရည်ညွှန်းဖော်ပြလိုက်၏။

အရေးအကြီးဆုံးအချက်မှာ သူတော်စင်ပင်လယ်ကြယ်နယ်မြေတွင် အနက်ရောင်တိမ်တိုက်ကြယ်နယ်မြေကိုဝိုင်းရံထားသော လက်အောက်ခံကြယ်နယ်မြေအမြောက်အများရှိနေသည်။

ရှားဟိုလီ၏မျက်လုံးများ တောက်ပသွားသည်။

"မင်းဆိုလိုချင်တာက...အဲ့ဒီလေဟာနယ်ဓားပြတွေရဲ့အသိုက်က သူတော်စင်ပင်လယ်ကြယ်နယ်မြေပေါ်မှာလား"

ထိုစကားကိုပြောဆိုနေချိန်တွင် ရှားဟိုလီ၏ခန္ဓာကိုယ်မှနေ၍ ရုတ်တရက် ပြင်းထန်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ထွက်ပေါ်လာပေ၏။

သူတော်စင်ပင်လယ်ကြယ်နယ်မြေသည် လောရွှေကြယ်မြစ်၏လက်အောက်၌ တည်ရှိသည်။

တော်ဝင်စစ်တပ်သည် ရှားဟိုလီသည် မြင့်မားသော အဆင့်အတန်းနှင့်အခွင့်အာဏာကို ပိုင်ဆိုင်ထားသည်။သို့ရာတွင် လောရွှေကြယ်မြစ်၏အုပ်ချုပ်သူသည် တော်ဝင်နန်းတော်မှ ဒုတိယအဆင့်အရာရှိတစ်ယောက်ဖြစ်ပြီး ရှားဟိုလီနှင့် တူညီသောအဆင့်အတန်းနှင့်အခွင့်အာဏာရှိနေသည်။

အကယ်၍ ရှားဟိုလီသည် သူ၏စစ်တပ်နှင့်အတူ လောရွှေကြယ်မြစ်အတွင်းသို့ဝင်သွားပါက တစ်ဖက်မှအုပ်ချုပ်သူနှင့် ပဋိပက္ခဖြစ်နိုင်သည်။

"မင်းမှာ သက်သေရှိလား"

ရှားဟိုလီက မေးမြန်းသည်။

လုယွီက ပြောဆိုလေ၏။

"ကျွန်တော် အရင်က လေဟာနယ်ဓားပြတစ်ယောက်ကို စစ်မေးခဲ့တယ်...သူ့ဆီကနေပြီး ဒီကိစ္စကို သိလာခဲ့တာ"

ရှားဟိုလီက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

"ငါတို့လည်း မရေမတွက်နိုင်တဲ့ လေဟာနယ်ဓားပြတွေကို စစ်မေးခဲ့ပြီးပြီ...ဒါပေမယ့် သူတို့ဆီကနေ လုံလောက်တဲ့ သက်သေအထောက်အထားမျိုးမရခဲ့ဘူး"

"ပြီးတော့...ငါ မင်းရဲ့အဆင့်အတန်းကို မသိဘူး..ငါက ဘယ်လိုလုပ်ပြီး မင်းကို ယုံကြည်ရမှာလဲ"

လုယွီက သူ၏အင်္ကျီလက်မောင်းကြားမှ တံဆိပ်ပြားတစ်ခုကိုထုတ်ယူ၍ ရှားဟိုလီထံ လက်ကမ်းပေးလိုက်သည်။

"ရှောင်ယန်း...ကြေးအဆင့်နဂါးအစောင့်...ကျွန်တော် ဒီနေရာကိုလာခဲ့တာက လေဟာနယ်ဓားပြတွေကို စုံစမ်းထောက်လှမ်းဖို့အတွက်ပဲ"

ရှားဟိုလီက မျက်ခုံးပင့်ပြီး တံဆိပ်ပြားကိုယူ၍ ကြည့်လိုက်၏။ထိုအရာသည် အမှန်တကယ်ကိုပင် နဂါးအစောင့်တံဆိပ်ပြားဖြစ်နေသည်။ရုတ်ချည်းဆိုသလိုပင် သူ၏မျက်လုံးအတွင်းမှ သတိကြီးစွာထားနေသောအရိပ်အယောင်များ ပျက်ပြယ်သွားတော့သည်။

"မင်းက ငါ့ကို အဲ့ဒီသတင်းပေးဖို့အတွက် ဒီနေရာကိုရောက်လာတာလား"

ရှားဟိုလီက ထပ်မံ၍မေးမြန်းသည်။

လုယွီက ပြောဆိုလေ၏။

"ကျွန်တော့်ရဲ့တာဝန်က ပြီးဆုံးသွားပြီ...ဒါကြောင့် ကျွန်တော်က စစ်တပ်ထဲကိုဝင်ချင်တယ်"

နဂါးအစောင့်ဟူသည်မှာ သူ့အတွက် အကာအကွယ်ပေးနိုင်သော အဆင့်အတန်းဖြစ်ရုံသက်သက်ပင်။အကယ်၍ သူ အနာဂတ်တွင် ရှကွေ့ကျုံးနှင့်ယှဥ်ပြိုင်လိုပါက တော်ဝင်စစ်တပ်တွင် မြင့်မားသောအဆင့်အတန်းတစ်ခုကို ရယူထားရပေမည်။

နဂါးအစောင့်များ၏တပ်မှူးပင်လျှင် တတိယအဆင့်အရာရှိတစ်ယောက်သာဖြစ်သည်။

လုယွီသည် သူ၏အတုအယောင်သရုပ်ကိုအသုံးပြု၍ စစ်ရေးအောင်မြင်မှုများစွာကိုစုဆောင်းကာ ရှကွေ့ကျုံးနှင့်ယှဥ်ပြိုင်နိုင်သည့် အဆင့်မျိုးသို့တက်လှမ်းနိုင်ရန် သူ ကြိုးစားရပေမည်။

ရှားဟိုလီက ပြောဆိုလေ၏။

"ကောင်းပြီလေ...ငါက မင်းကို တပ်စုခေါင်းဆောင်ရာထူး ခန့်အပ်မယ်...အခုချိန်ကနေစပြီး မင်းက ငါ့ရဲ့လက်အောက်မှာ တာဝန်ထမ်းဆောင်ရမယ်"

ထိုစကားကိုကြားသည်နှင့် လုကျင်းရှန့်က ခေါင်းမော့၍ ပျာပျာသလဲပြောဆိုသည်။

"ဦးရီးတော်...နဂါးအစောင့်သခင်ရဲ့ခွန်အားက အရမ်းသန်မာတယ်"

ရှားဟိုလီက လုကျင်းရှန့်ကို အေးစက်စက်အကြည့်ဖြင့် ကြည့်လိုက်သည်။

"ငါ့ရဲ့စစ်တပ်ထဲမှာ စစ်ရေးအောင်မြင်မှုက အရေးအကြီးဆုံးပဲ...သူက နဂါးအစောင့်တစ်ယောက်ဖြစ်နေရင်တောင် သူ့ဆီမှာ လုံလောက်တဲ့စစ်ရေးအောင်မြင်မှုရှိရမယ်"

Chapter 1772

တပ်စုမှူးဟူသည်မှာ တာယွီတော်ဝင်စစ်တပ်တွင် အနိမ့်ဆုံးအရာရှိဖြစ်ပြီး စစ်သားတစ်ရာကို အမိန့်ပေးနိုင်သည်။

လုယွီ၏ကျင့်ကြံဆင့်နယ်ပယ်အရ တပ်မှူးတစ်ယောက်အဖြစ်ခန့်အပ်ခံရရန် လုံလောက်သည်ထက်ပိုသော်လည်း သူ့အား တပ်စုမှူးရာထူးသာပေးမည်ဟု လုကျင်းရှန့်က မျှော်လင့်မထားမိချေ။

လုယွီက လီကျင်းရှန့်ကို ဟန့်တား၍ သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ကာ ဂါရဝပြုလိုက်၏။

"ခေါင်းဆောင်တပ်မှူးကို ကျေးဇူးတင်ပါတယ်"

လုယွီ တပ်စုမှူးရာထူးကို ခန့်အပ်ခံရသည့်အကြောင်းအရင်းမှာ သူသည် သူ၏ကျင့်ကြံဆင့်နယ်ပယ်ကို ကောင်းစွာထိန်းချုပ်ထားသဖြင့် သာမာန်ကျင့်ကြံသူများသည် သူ၏အစစ်အမှန်ခွန်အားကို ထွင်းဖောက်မြင်နိုင်ရန် လွန်စွာခက်ခဲပေမည်။

ထို့ကြောင့် ရှားဟိုလီ၏အမြင်အရ လုယွီသည် သာမာန်ကျင့်ကြံသူတစ်ယောက်ဖြစ်သဖြင့် တပ်စုမှူးရာထူးသည် လုံလောက်နေလေပြီ။

အမှန်အားဖြင့် ဤသည်က လုယွီ အလိုရှိသော အချက်ပင်။

အကယ်၍ သူသည် စစ်တပ်သို့စတင်ဝင်ရောက်လာစဥ်ကတည်းက တပ်မှူးတစ်ယောက်အဖြစ်ခန့်အပ်ခြင်းခံရပါက စစ်သားများကို စည်းရုံးရန် ခက်ခဲမည်သာမက တခြားသူများ၏အာရုံစူးစိုက်မှုကိုလည်း ခံရပေမည်။

သူသည် ရှဟယ်နှင့်ပဋိပက္ခဖြစ်ပွါးထားသော်လည်း ထိုကိစ္စသည် ရှကွေ့ကျုံး၏စိတ်အာရုံကို ဆွဲဆောင်နိုင်မည်မဟုတ်ချေ။

ယခုချိန်တွင် လုယွီသည် သူ၏လက်ရှိအခြေအနေဖြင့် ရှကွေ့ကျုံးနှင့် တိုက်ရိုက်ရင်ဆိုင်ရန် ရည်ရွယ်ချက်မရှိပေ။

သူတို့နှစ်ယောက်သည် တပ်မှူးခန်းမအတွင်းမှထွက်ခွာခဲ့ပြီးနောက် တခြားခန်းမတစ်ခုကိုသွားကာ လုယွီ၏တပ်စုမှူးတံဆိပ်ပြားကို ထုတ်ယူခဲ့သည်။

တာယွီတော်ဝင်စစ်တပ်၏ဖွဲ့စည်းပုံသည် အလွန်အဆင့်အတန်းမြင့်မားပေ၏။

တပ်စုမှူး၏အထက်အဆင့်မှာ တပ်ခွဲမှူးအဆင့်ဖြစ်သည်။တပ်ခွဲတစ်ခုစီတွင် စစ်သားငါးထောင်ပါဝင်ပြီး စစ်ဗိုလ်ချုပ်တစ်ယောက်သည် တပ်ခွဲ၏တာဝန်ခံဖြစ်ပေ၏။

တပ်ခွဲများ၏အထက်တွင်မူ တပ်ရင်းများရှိသည်။များသောအားဖြင့် တပ်ရင်းတစ်ရင်းကို စစ်သား သုံးသောင်း ငါးသောင်းခန့်ဖြင့် ဖွဲ့စည်းထားလေ့ရှိသည်။တပ်ရင်းများ၏အထက်တွင်မူ တော်ဝင်စစ်တပ်ရှိပြီး ယေဘုယျအားဖြင့် မဟာစစ်ဗိုလ်ချုပ်အဆင့်များမှ ကွပ်ကဲထိန်းချုပ်သည်။

လုယွီကို အဆင့်နိမ့်အရာရှိအဖြစ် ခန့်အပ်သောကိစ္စသည် ရှားဟိုလီကိုယ်တိုင် အမိန့်ထုတ်ပြန်ထားသည်ကို ထည့်သွင်းဖော်ပြခြင်းမရှိလျှင်ပင် ရှုပ်ထွေးသောလုပ်ငန်းစဥ်များကို ဖြတ်ကျော်ရန်မလိုအပ်ချေ။

"အရှင်နဲ့ကျွန်တော်က တပ်ခွဲခြင်းအတူတူပဲ....နောင်အနာဂတ်ကျရင် အရှင်က ကျွန်တော်ကို စောင့်ရှောက်ပေးပါလို့ တောင်းဆိုပါ့ရစေ"

လုကျင်းရှန့်၏လက်ရှိရာထူးအဆင့်သည် လုယွီထက် ပို၍မြင့်မားသော်လည်း သူက လေးလေးစားစား ဆက်ဆံနေသည်။

"မင်း စကားကို ပေါ့ပေါ့ပါးပါးပဲပြောပါ"

လုယွီက ပြောဆိုသည်။

ရှားဟိုလီသည် လုယွီ၏ထူးချွန်မှုကို မမြင်ခဲ့သော်လည်း လုကျင်းရှန့်ကမူ လုယွီနှင့်ကိုယ်တိုင်ကိုယ်ကျ ရင်ဆိုင်ခဲ့ရသူဖြစ်သည်။ထို့ကြောင့် သူသည် လုယွီ အစွမ်းထက်သည်ကို ကောင်းစွာသိရှိပေ၏။

လုယွီ၏လက်ရှိခွန်အားဖြင့်ဆိုပါက သူသည် တပ်ရင်းမှူးတစ်ယောက်ဖြစ်ရန် လုံလောက်သည်ထက်ပင် ပိုနေသည်။

ထို့ပြင် လုယွီတွင် နဂါးအစောင့်ဟူသော အဆင့်အတန်းလည်းရှိနေသည်။

လုကျင်းရှန့်က မည်သည့်ကိစ္စများဖြစ်လာပါစေ သူသည် လုယွီ၏ပေါင်ကို တင်းတင်းကြပ်ကြပ်ဖက်တွယ်ထားရန် စိတ်ဆုံးဖြတ်ထားပြီးဖြစ်ပေ၏။

ရုတ်တရက် လုကျင်းရှန့်သည် လုယွီ၏လက်အတွင်းရှိ တံဆိပ်ပြားကို တစ်ချက်ကြည့်လိုက်မိရာ သူ၏မျက်နှာပေါ်၌ ထိတ်လန့်တုန်လှုပ်မှုအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

"ဟမ့်...ဘာလို့ အဲ့ဒီလူစုကို မင်းရဲ့လက်ထဲလွှဲပြောင်းပေးရတာလဲ...ငါ သူတို့ကို သွားပြောမယ်"

လုကျင်းရှန့်က သူ၏ပေါင်ကို သူ့လက်ဖြင့်ပြန်ရိုက်၍ ဒေါသတကြီးပြောဆိုသည်။

လုယွီက အနည်းငယ်သိချင်စိတ် ပြင်းပြသွားသည်။

"ဘာဖြစ်လို့လဲ"

လုကျင်းရှန့်က ပြောဆိုလေ၏။

"မင်း အုပ်ချုပ်ရမယ့်လူတစ်ရာက ယာယီဖွဲ့စည်းထားတဲ့ တပ်စုတစ်စုပဲ...ငါတို့ဒီနေရာကို စရောက်လာတဲ့အချိန်တုန်းက ငါတို့ဆီမှာ လုံလောက်တဲ့စစ်သားအင်အားမရှိဘူး...အဲ့ဒါကြောင့် ဦးရီးတော်က စစ်အကျဥ်းထောင်ထဲကလူတစ်ရာကို ဆွဲထုတ်ပြီးတော့ သူတို့ကို စစ်သားတွေအဖြစ် တာဝန်ထမ်းဆောင်ခိုင်းခဲ့တယ်"

"မင်းရဲ့လူတစ်ရာတပ်စုကို အကျဥ်းသားတွေနဲ့ ဖွဲ့စည်းထားတာ...အဲ့ဒီလူတွေရဲ့စရိုက်က ရက်စက်ကြမ်းကြုတ်ပြီးတော့ စည်းမျဥ်းတွေကို လိုက်နာမှုမရှိဘူး...တခါတရံမှာ သူတို့က အထက်အရာရှိကို ဆန့်ကျင်ဖို့ အစီအစဥ်တွေတောင် ဆွဲခဲ့ကြတယ်...ဘယ်သူကမှ သူတို့ကို တပ်စုထဲခေါ်မထားချင်ကြဘူး"

လုကျင်းရှန့်က စိတ်လှုပ်ရှားစွာဖြင့် ဆက်လက်ပြောဆိုလေ၏။

"အခုချိန်ထိ မင်းမှာ အခွင့်အရေးရှိသေးတယ်...မင်းက ရာထူးခန့်အပ်ခန်းမကိုသွားပြောလိုက်တာနဲ့ မင်း အဲ့ဒီလူတွေကို ထိန်းချုပ်ဖို့မလိုတော့ဘူး"

စကားဆုံးသည် လုကျင်းရှန့်က ခြေထောက်မြှောက်၍ နောက်သို့ပြန်သွားရန် ဟန်ပြင်လိုက်တော့သည်။

"ခဏနေပါဦး"

လုယွီက လီကျင်းရှန့်ကို ဟန့်တားလိုက်၏။

"ဒါက အဆင်ပြေတယ်...ငါ အဲ့ဒီတပ်စုကို ကိုင်တွယ်နိုင်တယ်"

လုယွီက ပေါ့ပေါ့ပါးပါး ပြောဆိုသည်။

လုကျင်းရှန့်က ကူကယ်ရာမဲ့စွာဖြင့် အံ့အားသင့်သွားပေ၏။

"အရှင်...အဲ့ဒါက အာလူးပူတစ်လုံးနော်...မင်း သွားမထိတာ ပိုကောင်းလိမ့်မယ်...မဟုတ်ရင် သူတို့ကြောင့် နောင်တစ်ချ်ိန်မှာ ပြဿနာတက်နိုင်တယ်"

လုယွီက ခေါင်းခါပြလေသည်။

"ဒါက အကျဥ်းသားတချို့လေးပါပဲ...ငါ သူတို့ကို ဖိနှိပ်နိုင်ပါတယ်"

လုယွီ၏ တုန်လှုပ်ချောက်ချားဖွယ်ခွန်အားကို တွေးတောမိသဖြင့် လုကျင်းရှန့်က ထပ်မံ၍ ပြောဆိုခြင်းမရှိတော့ချေ။

လုယွီ တွေးတောနေသည်မှာ သူ၏လူတစ်ရာတပ်စုကို မည်ကဲ့သို့ဖွဲ့စည်းရမည်ဟူသည်ကိုပင်။

ထိုလူများအားလုံးသည် အကျဥ်းသားများဖြစ်သဖြင့် သူတို့တွင် မည်သည့်နောက်ခံအင်အားမျှရှိမည်မဟုတ်ချေ။

ထိုကဲ့သို့ နောက်ကြောင်းရှင်းသည့်လူစားမျိုးများသည် သူ လေ့ကျင့်သင်ကြားပေးပြီး သူ၏သစ္စာရှိလူယုံများ ဖြစ်လာရန်အတွက် အလွန်သင့်လျော်သည်။

Chapter 1773

အရှေ့ပိုင်းစစ်တပ်...

စစ်သင်္ဘောတစ်စီး၏ကုန်းပတ်ပေါ်၌...

ထိုစစ်သင်္ဘော၏ကုန်းပတ်သည် အလွန်ကြီးမားကျယ်ပြန့်ပြီး မြို့ငယ်တစ်မြို့စာမျှ အရွယ်အစားရှိသည်။ထိုကုန်းပတ်ပေါ်တွင် မြောက်မြားစွာသော ခံတပ်များနှင့်သံနံရံများရှိနေလေရာ ရွေ့လျားနေသောမြို့တစ်မြို့နှင့် တူညီနေပေ၏။

ဤကဲ့သို့ စစ်သင်္ဘောကြီးမျိုးကိုခုတ်မောင်းနိုင်ရန် တစ်ရက်စာအတွင် အင်မော်တယ်ကျောက်တုံးပေါင်း သန်းရာနှင့်ချီ၍ ကုန်ဆုံးပေမည်။တာယွီကဲ့သို့ ကြီးကျယ်ခမ်းနားသောအင်ပါယာမျိုးကသာ ဤကဲ့သို့အကုန်အကျများမှုကို ထောက်ပံပေးနိုင်ပေမည်။

ခံတပ်၏တောင်ဘက်အကျဆုံးအပိုင်း၌ ရာနှင့်ချီသောစစ်သားများ စုဝေးနေသည်။

သူတို့သည် စစ်သားများဖြစ်သော်လည်း သူတို့အနက်မှအများစုသည် သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားခြင်းမရှိချေ။တချို့လူများဆိုလျှင် အပေါ်ပိုင်းဗလာကျင်း၍ လက်သီးလက်မောင်းတန်းကာ အော်ဟစ်ရယ်မောနေကြ၏။

ထိုလူစုသည် အတူတကွစုဝေးနေပြီး သူတို့၏ပါးစပ်မှနေ၍ အော်ငေါက်ခြင်း ကျိန်ဆဲခြင်းနှင့် အားပေးခြင်းတို့ကို အဆင်မပြတ် အော်ဟစ်နေကြ၏။

"သူ့ကို မထနိုင်အောင်ရိုက်ပစ်လေ...ခုန်းလောင်စန်း...မင်း ရူးနေတာလား"

"ရှုံးဟူ...မင်းက သူ့ထက် လူကောင်ပိုကြီးတယ်လေ...ဘယ်လိုလုပ်ပြီး မင်းက ခုန်းလောင်စန်းလို အရူးတစ်ကောင်ရဲ့ရိုက်နှက်တာကို ခံနေရတာလဲ...သူ့ကို ရိုက်ပစ်စမ်း...သူ့ကိုရိုက်"

ထိုစစ်သားတစ်စုသည် အဆက်မပြတ်အော်ဟစ်နေပြီး တချို့စစ်သားများသည် သူတို့၏ပါးစပ်အတွင်းသို့ ဝိုင်အရက်များ လောင်းထည့်နေသည်။

ဤနေရာသည် စစ်စခန်းတစ်ခုနှင့်မတူညီဘဲ မြေအောက်လက်ဝှေ့ကြိုးဝိုင်းတစ်ခုနှင့်သာ ပို၍တူညီနေပေ၏။

ဘုန်း...

ကျယ်လောင်သောမြည်ဟီးသံနှင့်အတူ အရပ်ရှည်ရှည်နှင့်တုတ်ခိုင်သန်မာသူသည် တိုက်ပွဲကွင်းပြင်မှ လွင့်ထွက်လာသည်။

ပတ်ဝန်းကျင်ရှိလူများထံမှ ချက်ချင်းဆိုသလိုပင် အားပေးသံများထွက်ပေါ်လာပေ၏။အမှန်အားဖြင့် ဤသည်ကလူနည်းစုပင်။လူအများစုသည် ကျိန်ဆဲပြီး သူတို့၏ဝတ်စုံများအကြားမှ အင်မော်တယ်ကျောက်တုံးငွေလက်မှတ်များကိုထုတ်ယူကာ လူတစ်ယောက်ကို လက်ကမ်းပေးလိုက်ကြသည်။

"ရှုံးဟူ မင်းက လူကောင်ကြီးပြီး အသုံးမကျတဲ့ကောင်ပဲ...ခုန်းလောင်စန်းကိုတောင် အနိုင်မတိုက်နိုင်ဘူး"

"ငါ ဒီလ ဝိုင်အရက်သောက်ဖို့ချန်ထားတဲ့ အင်မော်တယ်ကျောက်တုံးတွေအားလုံး ကုန်သွားပြီ...ဒါက တကယ့်ကို ကံဆိုးတာပဲ"

စစ်သားအများစုက စတင်၍ ကျိန်ဆဲနေကြ၏။

သို့ရာတွင် မြေပြင်ပေါ်၌လဲကျနေသော ရှုံးဟူသည် ထိုသို့ပြောဆိုခြင်းကို လက်ခံချင်ပုံမရဘဲ ငြင်းဆန်ပြောဆိုသည်။

"တကယ်လို့ မင်းတို့မှာ အစွမ်းအစရှိရင် နောက်တစ်ခါကျရင် မင်းတို့ တိုက်ကြပါလား...မင်းတို့ကျ သတ္တိမရှိဘဲနဲ့ ပေါက်ပန်းလေးဆယ်တွေ လျှောက်ပြောနေကြတာ...ခုန်းလောင်စန်းက ခန္ဓာကိုယ်ကျင့်ကြံတဲ့သူ...ဘယ်သူက သူ့ကို အနိုင်တိုက်နိုင်မှာလဲ"

"တော်ကြစမ်း"

ရုတ်တရက် ငွေလက်မှတ်များကိုသိမ်းဆည်းနေသော မျက်နှာမည်းမည်းဖြင့်လူတစ်ယောက်က ပြောဆိုလေ၏။

"ငါ သတင်းရထားတာတော့ စစ်ဘက်ရေးရာခန်းမက ငါတို့အတွက် တပ်စုမှူးတစ်ယောက် စီစဥ်ထားတယ်တဲ့...ကောင်းကောင်းနေကြစမ်း...အဲ့ဒီတပ်စုမှူးကြောက်လန့်ပြီး ထွက်ပြေးမသွားစေနဲ့"

သူ စကားပြောလိုက်သည်နှင့် အနီးပတ်ဝန်းရှိလူများအားလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

"တကယ်တော့ ပြောရမယ်ဆိုရင် အကိုကြီးသိုက်ဖုန်းကမှ ငါတို့တွေအတွက် အသင့်တော်ဆုံးတပ်စုမှူးပဲ"

"ဒါက အမှန်ပဲ...အရင်က ဒီနေရာကိုရောက်လာတဲ့ တပ်စုမှူးတွေက စာခြောက်ရုပ်သာသာကောင်တွေချည်းပဲ...ငါတို့နည်းနည်းလောက် ခြောက်လှန့်လိုက်တာနဲ့ သူတို့က ထွက်ပြေးသွားကြတယ်..ဒါက တကယ့်ကို ပျင်းရိဖို့ကောင်းတယ်"

ပတ်ဝန်းကျင်ရှိလူများသည် စတင်၍ တိုင်ပင်ဆွေးနွေးနေကြ၏။သူတို့သည် ယခင်က သူတို့ထံသို့ရောက်ရှိလာသော တပ်စုမှူးများအားလုံးကို စိတ်ကျေနပ်ခြင်းမရှိကြချေ။

သိုက်ဖုန်းက မျက်မှောင်ကြုတ်လိုက်သည်။

"တော်သင့်ပြီ...အဲ့ဒီကိစ္စနဲ့ပတ်သတ်ပြီး ဘာမှထပ်ပြောစရာမလိုတော့ဘူး...ငါတို့ ဘာတက်နိုင်မှာမလို့လဲ...မင်းတို့ ခုထိ မသိကြသေးဘူးလား...စစ်ဘက်ရေးရာခန်းမက ငါတို့လူတွေကို ငါတို့ပဲပြန်ထိန်းချုပ်တာမျိုး ခွင့်ပြုမှာမဟုတ်ဘူး...သူတို့က ငါတို့ကို စီမံကွပ်ကဲဖို့ လူတွေထပ်ပြီးလွှက်အုံးမှာပဲ"

သူက ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်ပြီး ဆက်လက်၍ ပြောဆိုလိုက်၏။

"တကယ်လို့ မင်းတို့ လစာလိုချင်တယ်ဆိုရင်...ဒီနေရာက စည်းမျဥ်းတွေကို လိုက်နာရမယ်"

ဤသည်ကိုကြည့်ခြင်းအားဖြင့် သိုက်ဖုန်းတွင် အကျင့်စရိုက်ကောင်းရှိနေခြင်းမှာ သိသာထင်ရှားသည်။

သို့ရာတွင် ဤနေရာမှလူအများစုသည် ထိုသို့တွေးတောပုံမရချေ။

သူတို့သည် စည်းကမ်းမဲ့ပြီး အထိန်းအကွပ်မဲ့စွာနေလေ့ရှိသည်။စစ်ဘက်ရေးရာခန်းမသည် သူတို့အားအုပ်ချုပ်ရန် တပ်စုမှူးများကို စေလွှက်လေ့ရှိသည်။သို့ရာတွင် သူတို့အားလုံးသည် ထိုတပ်စုမှူးများကို လက်ခံခြင်းမရှိချေ။

"အကိုကြီးသိုက်ဖုန်းက အတွေးလွန်နေပြီ...သူက တပ်စုမှူးလေးတစ်ယောက်ပဲလေ...သူ အမှားအယွင်းလုပ်မိရင်တောင် တခြားနေရာကို ပြောင်းရွှေ့ခံရရုံပဲလေ"

ခုန်းလောင်စန်းသည် အင်မော်တယ်ကျောက်တုံးအမြောက်အများကို အနိုင်ရရှိထားသည်။သူသည် စိတ်ကောင်းဝင်နေသဖြင့် အူလှိုက်သည်းလှိုက်ရယ်မောပြီး ပြောဆိုလေ၏။

သူ စကားပြောဆိုနေစဥ်မှာပင် သူ၏ပခုံးပေါ်သို့ လက်တစ်ဖက် ကျရောက်လာသည်။

"မင်းတို့က လောင်းကစားလုပ်နေကြတာလား"

လုယွီက ခုန်းလောင်စန်း၏နောက်သို့ ရုတ်တရက်ရောက်ရှိလာပြီး တည်ငြိမ်သောအသံဖြင့် ပြောဆိုသည်။

"ငါ မင်းနဲ့တိုက်ခိုက်ချင်တယ်...တကယ်လို့ မင်း ငါ့ကို အနိုင်ယူနိုင်ရင် ငါ့မှာရှိတဲ့အင်မော်တယ်ကျောက်တုံးတွေအားလုံး မင်းအပိုင်ပဲ...မင်း ဘယ်လိုသဘောရလဲ"

Chapter 1774

ရုတ်တရက်ထွက်ပေါ်လာသောအသံကြောင့် လူတိုင်းက လှည့်ကြည့်လိုက်ကြသည်။

"ဒီကန်းနေတဲ့ကောင်က ဘယ်နေရာက ရောက်လာတာလဲ"

ခုန်းလောင်စန်းကလည်း နောက်သို့ပြန်လှည့်ကြည့်လိုက်၏။

သို့ရာတွင် သူက လုယွီသည် အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ကျောင်းတော်သားတစ်ယောက်နှင့်တူညီနေခြင်းကို မြင်တွေ့မိသဖြင့် အူလှိုက်သည်းလှိုက် ရယ်မောလိုက်သည်။

"ဒီကောင်လေးက ဘယ်နေရာက ရောက်လာတာလဲ...မင်းက သေလမ်းလာရှာတာလား...ဟား ဟား ဟား..."

"ကောင်လေး...ဒီနေရာက မင်း လာသင့်တဲ့နေရာမျိုးမဟုတ်ဘူး...အိမ်ကိုပြန်စမ်း"

"ငါ ရယ်ရလွန်းလို့ သေတော့မယ်...ဒီနေရာက ထွက်သွားစမ်း...မဟုတ်ရင် ဒီဖိုးဖိုးက မင်းရဲ့ခြေထောက်ကို ရိုက်ချိုးပေးရလိမ့်မယ်"

ပတ်ဝန်းကျင်ရှိလူများသည် ဟာသပြက်လုံးတစ်ခုကို ကြားလိုက်ရသည့်အလား အော်ဟစ်ရယ်မောနေကြ၏။

ခုန်းလောင်စန်းကလည်း သရော်တော်တော်ပြောဆိုသည်။

"ကောင်လေး...မင်း ငါနဲ့တိုက်ခိုက်လို့ရတယ်...ဒါပေမယ့် မင်းဆီမှာ ငွေဘယ်လောက်ရှိလဲဆိုတာ ငါ့ကိုအရင်ပြရမယ်...အနည်းဆုံး အင်မော်တယ်ကျောက်တုံးငါးထောင်လိုအပ်တယ်...မင်းဆီမှာ အဲ့ဒီလောက်ပမာဏ ရှိလို့လား"

သာမာန်စစ်သားတစ်ယောက်၏လစာသည် အင်မော်တယ်ကျောက်တုံးသုံးထောင်သာ ရရှိသည်။

လုယွီက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုလေ၏။

"ငါ ဒီနေရာကို ရောက်လာမှတော့...လက်ဗလာနဲ့တော့ မလာဘူး"

စကားဆုံးသည်နှင့် လုယွီက သူ၏သိုလှောင်အိတ်အတွင်းမှ ငွေလက်မှတ်တစ်စောင်ကို ထုတ်ယူလိုက်သည်။

ခုန်းလောင်စန်းသည် ထိုငွေလက်မှတ်ကို သာမာန်ကာလျှံကာ တစ်ချက်ကြည့်ပြီး သရော်တော်တော်ပြောဆိုရန် ဟန်ပြင်လေ၏။ရုတ်တရက် သူက နေရာမှာပင် ကြက်သေသေသွားသည်။

ထို့နောက် သူသည် သူအမြင်မမှားမှန်းသိသာစေရန် ငွေလက်မှတ်ပေါ်၌ရေးသားထားသော ပမာဏကို ထပ်မံ၍စူးစိုက်ကြည့်လိုက်သည်။သူက ကူကယ်ရာမဲ့စွာဖြင့် တီးတိုးရေရွတ်လေ၏။

"တစ်သန်းလား"

လုယွီ ထုတ်ယူလိုက်သော ငွေလက်မှတ်သည် အင်မော်တယ်ကျောက်တုံးတစ်သန်းတန်ဖြစ်နေသည်။

ပတ်ဝန်းကျင်ရှိ ဆူညံနေသော စစ်သားများ၏အသံများပင် တိတ်ဆိတ်ငြိမ်သက်သွားသည်။

ပြန်တွေးကြည့်ပါက လေလံရုံတွင် လူတိုင်းလိုလို အင်မော်တယ်ကျောက်တုံးဆယ်သန်းဟူသော ပမာဏထိ လေလံစျေးများပေးနေခဲ့ကြသော်လည်း ထိုသူများအားလုံးသည် ချမ်းသာကြွယ်ဝသောမိသားစုကြီးများမှဖြစ်ပေ၏။

သာမာန်စစ်သားများအတွက် အင်မော်တယ်ကျောက်တုံးတစ်သန်းဟူသည်မှာ အလွန်များပြားသောပမာဏဖြစ်သည်။

"မလုံလောက်သေးဘူးလား"

လုယွီက အင်မော်တယ်ကျောက်တုံးဆယ်သန်းတန် ငွေလက်မှတ်တစ်စောင်ကို ထပ်မံ၍ထုတ်ယူလိုက်သည်။

ဤတစ်ကြိမ်တွင် ပတ်ဝန်းကျင်ရှိစစ်သားများအားလုံး၏မျက်လုံးများ တောက်ပသွားသည်။

"ကောင်းပြီလေ...ငါ ဒီစိန်ခေါ်မှုကို လက်ခံတယ်"

လုယွီ နောက်ဆုတ်သွားမည်ကို စိုးရွံပုံဖြင့် ခုန်းလောင်စန်းသည် ချက်ချင်းပင် သဘောတူညီလိုက်၏။

လုယွီက သူ၏ငွေလက်မှတ်များကို ပြန်လည်သိမ်းဆည်းပြီး ပြောဆိုသည်။

"ငါက လုံလောက်တဲ့အင်မော်တယ်ကျောက်တုံးပမာဏကို ပြပြီးပြီဆိုမှတော့...မင်းဘက်ကလည်း အာမခံအနေနဲ့ တစ်ခုခုထုတ်ပြသင့်တယ် မဟုတ်လား"

ခုန်းလောင်စန်းသည် ပါးစပ်ဟလိုက်သော်လည်း သူက ဆွံအနေဆဲပင်။

လုယွီထုတ်ပြသည်မှာ အင်မော်တယ်ကျောက်တုံး၁၁သန်းတန် ငွေလက်မှတ်များပင်။

သူတို့အားလုံးသည် အကျဥ်းသားဘဝမှ လာခဲ့ကြသူများဖြစ်သည်။သူတို့ပိုင်ဆိုင်ခဲ့သော ငွေကြေးများကို သိမ်းဆည်းခံရသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။သူတို့၏လစာငွေများသည်လည်း အရက်သောက်ရာနှင့်လောင်းကစားလုပ်ရာ၌ အသုံးပြုခဲ့ပြီးဖြစ်ပေ၏။သူတို့ထံတွင် အင်မော်တယ်ကျောက်တုံးအမြောက်အများ ရှိမနေချေ။

ထို့ကြောင့် သူသည် အာမခံအနေဖြင့် မည်သည့်အရာကို ထုတ်ပြရမည်နည်း။

ခုန်းလောင်စန်းက အေးစက်စက်အပြုံးနှင့်ပြောဆိုသည်။

"မင်း ငါ့ကို နိုင်အောင်တိုက်နိုင်တဲ့အချိန်ကျရင် ငါ ထုတ်ပေးမယ်"

သူက လုယွီကို စုန်ချည်ဆန်ချည် ကြည့်လိုက်၏။ထိုလူငယ်၏ခန္ဓာကိုယ်မှနေ၍ မည်သည့်မှော်စွမ်းအင်ဖြာထွက်နေမှုမျိုးမျှ ရှိမနေဘဲ သေမျိုးတစ်ယောက်နှင့်သာ တူညီနေသည်။

ထို့ပြင် လုယွီသည် အသက်အိုမင်းခြင်းမရှိသေးချေ။ပထမဆုံးအမြင်ဖြင့်ပင် သူသည် အလွန်ငယ်ရွယ်ပြီး အထက်တန်းလွှာမိသားစုတစ်စုမှ သခင်လေးတစ်ယောက်ဟု ယူဆနိုင်သည်။

ဤကဲ့သို့လူစားမျိုးကို ရင်ဆိုင်ဖြေရှင်းရန် သူ့အတွက် အလွန်လွယ်ကူပေ၏။

"ကောင်းပြီလေ...မင်းတို့ရဲ့စည်းမျဥ်းတွေ ငါ့ကိုပြောပြပါ"

လုယွီက ပေါ့ပေါ့ပါးပါးအပြုံးနှင့်ပြောဆိုပြီး ခုန်းလောင်စန်းနှင့် အငြင်းအခုံမပြုချေ။

ခုန်းလောင်စန်းက သူ၏ခေါင်းကိုမော့၍ ပြောဆိုလိုက်၏။

"ငါတို့ရဲ့စည်းမျဥ်းတွေက ယှဥ်ပြိုင်တဲ့သူတွေဟာ ဒီတိုက်ပွဲကွင်းပြင်ထဲမှာပဲ မတ်တတ်ရပ်ပြီးတိုက်ခိုက်ရမယ်...မှော်လက်နက်တွေ မှော်စွမ်းအားတွေ အသုံးပြုခွင့်မရှိဘူး...ပြီးတော့ ဆေးလုံးတွေလည်း သောက်သုံးခွင့်မရှိဘူး...ငါတို့က တိုက်ခိုက်မှုစွမ်းရည်တစ်ခုတည်းကိုပဲအသုံးပြုပြီး တစ်ဖက်လူကို အနိုင်ယူရမယ်"

ခုန်းလောင်စန်းက ထပ်မံ၍ပြောဆိုသည်။

"တကယ်လို့ မင်း ရှုံးနိမ့်သွားရင်...မင်းရဲ့ ပစ္စည်းတွေအားလုံးက ငါ့ရဲ့အပိုင်ပဲ"

လုယွီက ခေါင်းညိတ်ပြလိုက်၏။

"စည်းမျဥ်းတွေက မဆိုးဘူးပဲ...ကောင်းပြီလေ"

ဤနေရာတွင် မှော်စွမ်းအားများကိုအသုံးပြု၍ တိုက်ခိုက်မရသည့် အကြောင်းအရင်းမှာ မှော်မန္တန်များ၏သက်ရောက်မှုနယ်ပယ်သည် လွန်စွာကျယ်ဝန်းသောကြောင့်ပင်။မှော်မန္တန်များကြောင့် နေရာတချို့ပျက်စီးသွားပါက စစ်တပ်စည်းမျဥ်းများကို ဖောက်ဖျက်မှုဖြင့် သူတို့အားလုံး အပြစ်ပေးခံရပေမည်။

"လောင်စန်း...အရမ်း ကြမ်းကြမ်းတမ်းတမ်း မတိုက်ခိုက်နဲ့...ဒီလူငယ်လေးကို ဒဏ်ရာမရစေနဲ့"

နံဘေးဘက်တွင် မတ်တတ်ရပ်နေသော သိုက်ဖုန်းက ရုတ်တရက် သတိပေးစကားပြောဆိုသည်။

ခုန်းလောင်စန်းက ရယ်မောနေပေ၏။

"ဘာမှမစိုးရိမ်ပါနဲ့....ဘာလုပ်ရမယ်ဆိုတာကို ငါ သိပါတယ်"

လုယွီသည် ချမ်းသာကြွယ်ဝသောမိသားစုကြီးတစ်စုမှ မည်သည့်အရာကိုမျှနားမလည်သေးသော သခင်လေးတစ်ယောက်ဖြစ်သည်ဟု သူ အတပ်ပြောနိုင်သည်။

ဤကဲ့သို့ ချမ်းသာကြွယ်ဝသောသခင်လေးတစ်ယောက်သည် သတ်စားခံရရန်အဆင်သင့်စောင့်နေသော ဆူဖြိုးသောသိုးတစ်ကောင်နှင့် တူညီသည်။

Chapter 1775

စကားဆုံးသည်နှင့် ခုန်းလောင်စန်းက လုယွီကို လက်ညှိုးညွှန်၍ ပြောဆိုသည်။

"ငါ မင်းကို အခွင့်အရေးတစ်ခုပေးမယ်...မင်း အရင်စပြီး တိုက်ခိုက်နိုင်တယ်"

လုယွီက ခပ်ဖျော့ဖျော့အပြုံးနှင့် တုံ့ပြန်ပြောဆိုလေ၏။

"တကယ်လို့ ငါ အရင်စပြီး လှုပ်ရှားလိုက်ရင်...မင်းမှာ လှုပ်ရှားမှုတစ်ခုလေးတောင် လုပ်ဖို့အခွင့်အရေးမရမှာကို ငါ စိုးရိမ်မိတယ်"

ခုန်းလောင်စန်းသည် ဤကဲ့သို့ခြိမ်းခြောက်စကားများကို အာရုံစိုက်ခြင်းမရှိချေ။

သူ၏အမြင်အရ ဤသည်မှာ လုယွီသည် ဂုဏ်သိက္ခာမကျစေရန်အတွက် အကောင်းဆုံးကြိုးစား၍ အဖက်ဆယ်ပြောဆိုနေခြင်းပင်။

"မင်းကြိုက်သလိုလုပ်နိုင်တယ်...တကယ်လို့ မင်းလိုကလေးတစ်ယောက်ရဲ့လက်သီးချက်ကိုတောင် မဟန့်တားနိုင်ဘူးဆိုရင် ငါ ခုန်းလောင်ဆန်းက ဒီလောကကြီးထဲမှာ ဘယ်မျက်နှာနဲ့ဆက်ပြီး အသက်ရှင်ရမှာလဲ"

ခုန်းလောင်စန်းက သရော်တော်တော် ပြောဆိုလေ၏။

"ကောင်းပြီလေ"

လုယွီ၏မျက်လုံးအတွင်း၌ အေးစက်စင်အလင်းရောင်များ ဖြတ်ပြေးသွားသည်။သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ဓားအိမ်မှဆွဲထုတ်လိုက်သည့် စူးရှချွန်ထက်သည့်ဓားတစ်ချောင်းကဲ့သို့ ရုတ်တရက် အရှိန်အဝါ ပြောင်းလဲသွားပေ၏။

လုယွီက သူ၏ညာဘက်လက်ကို ဆန့်ထုတ်လိုက်ရာ သူ၏လက်ဝါးအတွင်း၌ ပြင်းထန်သောအားလှိုင်းတစ်ရပ်စီးဆင်းနေပြီး ချက်ချင်းပင် လက်ဝါးရိုက်ချက်တစ်ချက် ရိုက်ထုတ်လိုက်သည်။

"လောင်စန်း...သတိထား"

သိုက်ဖုန်းက အော်ဟစ်သတိပေးသည်။

သို့ရာတွင် ​ထိုအရာက ခြေတစ်လှမ်းနောက်ကျသွားလေပြီ။

ယခုလက်ရှိချိန်တွင် လုယွီသည် ခုန်းလောင်စန်း၏ရှေ့၌ရောက်ရှိနေပြီး သူ၏လက်ဝါးဖြင့် ရိုက်လိုက်ပြီးဖြစ်သည်။

ဘုန်း...

ကျယ်လောင်သောမြည်ဟီးသံနှင့်အတူ ခုန်းလောင်စန်းသည် နောက်သို့ မီတာနှစ်ဆယ် သုံးဆယ်အကွာအဝေးထိ လွင့်ထွက်သွားတော့သည်။

ကျယ်လောင်သောဆူညံသံတစ်သံနှင့်အတူ ခုန်းလောင်စန်း၏ခန္ဓာကိုယ်တစ်ခုလုံးရှိ အရိုးများထံမှ အက်ကွဲသံများထွက်ပေါ်လာပြီး သူ၏နဖူးပေါ်မှချွေးစေးများ ယိုစီးကျလာသည်။သူက စူးရှနာကျင်စွာ အော်ဟစ်လိုက်၏။

"အား...အား...အား...ငါ့ရဲ့ခန္ဓာကိုယ်က အရိုးတွေအားလုံး ကျိုးသွားပြီ"

သိုက်ဖုန်းနှင့်တခြားလူများသည် ခုန်းလောင်စန်းထံသို့ အပြေးရောက်လာကြသည်။ခုန်းလောင်စန်း၏ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ သွေးများစိုရွှဲနေပြီး သူ၏မူလပုံပန်းသွင်ပြင်ပင် မရှိတော့သည်ကို သူတို့အားလုံး တွေ့မြင်လိုက်ကြရ၏။

သူတို့အားလုံး ကူကယ်ရာမဲ့စွာဖြင့် လေအေးတစ်ချက် ရှိုက်သွင်းလိုက်ကြသည်။

ဤကဲ့သို့ အကျိုးသက်ရောက်မှုမျိုး ဖြစ်စေသည်မှာ မည်မျှကြီးမားသောခွန်အားမျိုး ဖြစ်သနည်း။

လူတိုင်း အံ့အားသင့်တုန်လှုပ်နေသော အချိန်အခိုက်အတန့်မှာပင် သိုက်ဖုန်းက လုယွီထံသို့ အပြေးသွားကာ အသံနက်ကြီးဖြင့် ပြောဆိုလေသည်။

"မင်းရဲ့တိုက်ခိုက်မှုက အရမ်းပြင်းထန်လွန်းတယ်"

"ပြင်းထန်တာလား"

လုယွီ၏မျက်နှာပေါ်မှအပြုံး တဖြည်းဖြည်းပျောက်ကွယ်သွားပြီး သူက အေးစက်စက်အသံဖြင့် ပြောဆိုလိုက်၏။

"တာယွီတော်ဝင်စစ်တပ်ရဲ့ဥပဒေအရ စစ်စခန်းထဲမှာ လောင်းကစားလုပ်တဲ့ ဘယ်သူမဆို ခေါင်းဖြတ်အပြစ်ပေးခြင်းခံရမယ်....ငါ သူ့ကို သတ်မပစ်တာကတောင် သက်ညှာပေးထားတာပဲ"

လုယွီက သိုက်ဖုန်းကိုကြည့်၍ ပြောဆိုသည်။

"ဒီနေရာမှာ မင်းက ကျင့်ကြံဆင့်နယ်ပယ်အမြင့်ဆုံးသူဖြစ်မယ်...ဒီနေရာကိုလာပြီး မင်းရဲ့ခွန်အားကိုပြစမ်း"

သိုက်ဖုန်းက မျက်မှောင်ကြုတ်လိုက်သည်။

"မင်းက ဘယ်သူလဲ"

လုယွီ၏ခွန်အားသည် သူ၏ပြင်ပပုံပန်းသွင်ပြင်နှင့် မည်သို့မျှဆီလျော်ခြင်းမရှိချေ။

အစောပိုင်းက လုယွီ၏အရှိန်အဟုန်သည် ကျားရိုင်းတစ်ကောင် တောင်ပေါ်မှဆင်းသက်လာသည့်အလား လူတိုင်းအား တုန်လှုပ်ချောက်ချားမှုကို ခံစားရစေသည်။

သူသည် တောင်ပုံရာပုံဖြစ်နေသောလူသေလောင်းများနှင့် သွေးပင်လယ်ကြားမှ ထွက်လာသူနှင့် တူညီပေ၏။

လုယွီက တံဆိပ်ပြားတစ်ခုကို ထုတ်ယူလိုက်သည်။

"ငါက မင်းတို့ရဲ့တပ်စုမှူးအသစ် ရှောင်ယန်းပဲ"

ဘာ...

တပ်စုမှူးအသစ်ဟု ဆိုလိုက်သလော...

ယေဘုယျကျကျပြောဆိုရလျှင် တပ်စုမှူး၏ အမြင့်ဆုံးကျင့်ကြံဆင့်မှာ စိတ်ပုံထွင်းနယ်ပယ်ဖြစ်ပြီး အများစုမှာ စိတ်ဝိညာဥ်နယ်ပယ်ကျင့်ကြံသူများဖြစ်သည်။

သို့ရာတွင် ခုန်းလောင်စန်းသည် စိတ်ဝိညာဥ်နယ်ပယ်အဆင့်လို့ ရောက်လုဆဲဆဲကျင့်ကြံသူတစ်ယောက်ဖြစ်ပေ၏။မည်သည်ကြောင့် သူ ဤမျှထိဆိုးဆိုးရွားရွား ရိုက်နှက်ခံရသနည်း။

"လက်အောက်ငယ်သား သိုက်ဖုန်းက တပ်စုမှူးကို ကြိုဆိုနှုတ်ဆက်ပါတယ်"

သိုက်ဖုန်းက ချက်ချင်းပင် ဂါရဝပြုနှုတ်ဆက်လိုက်သည်။

တခြားသူများသည်လည်း ဤအခြေအနေကိုမြင်သည်နှင့် ရှေ့သို့အလျင်စလိုပြေးလာပြီး ဂါရဝပြုနှုတ်ဆက်ကြလေ၏။

အကယ်၍ လုယွီသည် ဤနေရာသို့ရိုးရှင်းစွာရောက်လာပြီး မည်သည့်စွမ်းဆောင်ရည်ကိုမျှ ပြသနိုင်ခြင်းမရှိပါက ဤစည်းမဲ့ကမ်းမဲ့လူတစ်သိုက်သည် လုယွီကို ယခုကဲ့သို့ ဂါရဝပြုနှုတ်ဆက်ကြမည်မဟုတ်ချေ။

သို့ရာတွင် လုယွီက ခုန်းလောင်စန်းကို အနိုင်ယူလိုက်မှုသည် လက်ရှိနေရာရှိလူများအားလုံးကို ထိတ်လန့်ကြောက်ရွံသွားစေသည်။

"ဒါက ကုသရေးဆေးလုံးပဲ...သူ့ကို တိုက်လိုက်"

လုယွီက ဆေးပုလင်းတစ်လုံးကို သိုက်ဖုန်းထံ ပစ်ပေးလိုက်သည်။

သိုက်ဖုန်းသည် တွေဝေနေသော်လည်း သူက နှောင့်နှေးကြန့်ကြာဝံ့ခြင်းမရှိချေ။သူက ဆေးလုံးကိုအလျှင်အမြန်ထုတ်ယူ၍ ခုန်းလောင်စန်းကို တိုက်ကျွေးလိုက်၏။

အချိန်တခဏကြာပြီးနောက် ခုန်းလောင်စန်း၏ပါးစပ်မှ သွေးမည်းများအန်ထွက်လာပြီး သူကိုကြည့်ရသည်မှာ အလွန်အခြေအနေဆိုးရွားနေသည်။

"မင်းက အဆိပ်ကို အသုံးပြုဝံ့တယ်ပေါ့လေ"

သိုက်ဖုန်းက သံသယစိတ်ဖြင့် အော်ဟစ်လိုက်၏။

လုယွီက အေးစက်စက်အသံဖြင့် ပြောဆိုသည်။

"ငါက သူ့ရဲ့မရီးဒါန်းတချို့ပွင့်သွားအောင်လို့ ကူညီပေးလိုက်တာ...ဒါက သူ့ရဲ့ဒဏ်ရာတွေအတွက်လည်း ကောင်းမွန်စေတယ်"

All Chapters