← Chapters

အခန်း (၁၈၀၁-၁၈၀၅)

Vol. 93 Ch. 1801-1805

အခန်း (၁၈၀၁-၁၈၀၅)

Vol. 93 Ch. 1801-1805

Chapter 1801

ထိုမှော်မန္တန်သည် အဋ္ဌဂံချိပ်စည်းတံဆိပ်ပေါ်သို့ ကျရောက်သွားသည်နှင့် ချက်ချင်းဆိုသလိုပင် မိန်းမစိုး၏ရှေ့၌ ကြက်သွေးရောင်ဒိုင်းတစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။

လုယွီ၏မှော်စွမ်းအင်လက်ဝါးကြီးသည် ကြက်သွေးရောင်ဒိုင်းကြီးအပေါ် ပြင်းပြင်းထန်ထန်ကျရောက်သွားသည်နှင့် 'ခရက်'ဟူသော အသံကိုသာ ကြားလိုက်ရ၏။သွေးနီရောင်ဒိုင်းကြီးသည် အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားသော်လည်း လုယွီ၏လက်ဝါးရိုက်ချက်ကို အပြည့်အဝဟန့်တားနိုင်ခဲ့သည်။

"ကောင်စုတ်လေး...ကြည့်ရတာတော့ ငါက ဝှက်ဖဲတွေအသုံးပြုပြီး မင်းကိုတိုက်ခိုက်ရတော့မယ့်ပုံပဲ...မင်းက ကောင်းကင်နဲ့မြေပြင် ဘယ်လောက်ကြီးမားကျယ်ပြန့်တယ်ဆိုတာ တကယ်မသိတဲ့ကောင်ပဲ"

ခရမ်းရောင်ဝတ်စုံဝတ်မိန်းမစိုး၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။သူ၏ခန္ဓာကိုယ်မှနေ၍ အစွမ်းထက်သောအားလှိုင်းတစ်ရပ် ပေါက်ကွဲထွက်လာပြီး သူ၏အင်္ကျီလက်နှစ်ဖက်လုံး ကြေမွပျက်စီးသွားပေ၏။

သူ၏လက်မောင်းနှစ်ဖက် ပေါ်ထွက်လာသည်နှင့် အပြာရောင်သွေးကြောများက သူ့လက်မောင်းတလျှောက် ဖုံးလွှမ်းသွားပေရာ သူ့ကိုအားကောင်းပြီးအစွမ်းထက်ပုံရစေသည်။

ဘန်း...ဘန်း...ဘန်း...

ခရမ်းရောင်ဝတ်စုံဝတ်မိန်းမစိုးသည် မြစ်ကိုဖြတ်ကျော်နေသည့် နဂါးတစ်ကောင်အလား လှုပ်ရှားလိုက်ပြီး မျက်တောင်တခတ်စာအချိန်အတွင်းမှာပင် သူက လုယွီ၏ရှေ့သို့ ရောက်ရှိလာသည်။

သူတို့နှစ်ယောက်သည် ထပ်မံ၍အနီးကပ်တိုက်ပွဲကိုဆင်နွှဲကြပြီး သူတို့၏တိုက်ခိုက်မှုများမှာ အလွန်အမင်းပြင်းထန်သည်။

"မိန်းမစိုးချင်...ငါ မင်းကို ကူညီပေးမယ်"

ထိုအချိန်မှာပင် ကျယ်လောင်သောအော်ဟစ်ကြုံးဝါးသံတစ်သံက လုယွီ၏နောက်မှ ထွက်ပေါ်လာသည်။

ထိုအော်ဟစ်ကြုံးဝါးသံသည် စွမ်းအားလှိုင်းများဖြင့် ပြည့်နှက်နေပြီး မိုးခြိမ်းသံတမျှကျယ်လောင်ကာ ပတ်ဝန်းကျင်ရှိလေထုကိုပင် တုန်ခါသွားစေသည်။

လုယွီက ကြောင်အသွားပေ၏။အစွမ်းထက်သောအရှိန်အဝါတစ်ခုက သူ၏နောက်၌ရောက်ရှိနေခြင်းကို သူက ချက်ချင်းဆိုသလိုပင် အာရုံခံမိသည်။

နောက်ထပ် မြေကမ္ဘာအင်မော်တယ်တစ်ယောက်ပင်။

ဖေးထျန်ကွမ်းကိုသတ်ဖြတ်နိုင်ရန်အလို့ငှါ တစ်ဖက်လူများသည် ဤမျှထိကြီးကျယ်ခမ်းနားသော လူအစုအဖွဲ့ကိုပင် အသုံးပြုခဲ့သည်။

ခရမ်းရောင်ဝတ်စုံဝတ်မိန်းမစိုးသည် ထိုအသံကိုကြားသည်နှင့် ချက်ချင်းပင် အူလှိုက်သည်းလှိုက်ရယ်မောလိုက်၏။

"ကောင်လေး....အခု ငါ့ဘက်မှာ အစွမ်းထက်တဲ့စစ်ကူတစ်ယောက်ရှိနေပြီ...မင်း ငါ့ကို ဘယ်လိုတိုက်ခိုက်မှာလဲ"

လုယွီသည် မြေကမ္ဘာအင်မော်တယ်တစ်ယောက်နှင့်ရင်ဆိုင်တိုက်ခိုက်ခြင်းကပင် သူ၏အကန့်အသတ်သို့ရောက်ရှိနေပြီဖြစ်ရာ တစ်ချိန်တည်းမှာပင် သူ မြေကမ္ဘာအင်မော်တယ်နှစ်ယောက်နှင့် တိုက်ခိုက်ရမည်ဆိုလျှင် ဆိုဖွယ်ရာပင်မရှိတော့ချေ။

တုန်လှုပ်ချောက်ချားဖွယ်ဖိအားအရှိန်အဝါတစ်ရပ်က သူ၏နောက်မှထွက်ပေါ်လာခြင်းကို လုယွီက ရုတ်တရက်ခံစားမိသည်။

လုယွီ၏နောက်တွင် အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသောမိန်းမစိုးတစ်ယောက် ထပ်မံ၍ရောက်ရှိနေပြီး တစ်ခုတည်းသောကွဲပြားခြားနားချက်မှာ ထိုမိန်းမစိုး၏မျက်နှာပေါ်၌ မျက်နှာဖုံးဝတ်ဆင်ထားမှုမရှိခြင်းပင်။

"မိန်းမစိုးစွေ့ ..ဒီကောင်လေးက အကြံဥာဏ်များပြီးတော့ ကောက်ကျစ်ယုတ်မာတယ်...သူက လောကီအင်မော်တယ်တစ်ယောက်ဆိုပေမယ့် သူ့ရဲ့ခွန်အားက သာမာန်လောကီအင်မော်တယ်တွေထက်အများကြီးသာတယ်...သူ့ကို လျှော့မတွက်နဲ့"

ခရမ်းရောင်ဝတ်စုံဝတ်မိန်းမစိုးက သတိပေးစကားပြောဆိုသည်။

အနက်ရောင်ဝတ်စုံဝတ်မိန်းမစိုးသည် ထိုသို့တွေးတောပုံမရချေ။

"တပ်စုမှူးလေးတစ်ယောက်ကများ...တကယ်လို့ သူ့ဆီမှာ လောကီအင်မော်တယ်တစ်ယောက်ရဲ့ခွန်အားမျိုးရှိနေရင်တောင် ပုရွတ်ဆိတ်ငယ်လေးတစ်ကောင်ပါပဲ...ဘာလို့ အဲ့ဒီလောက်အများကြီး အာရုံစိုက်နေရတာလဲ"

အနက်ရောင်ဝတ်စုံဝတ်မိန်းမစိုးက ဆူပူကြိမ်းမောင်းလိုက်၏။

ခရမ်းရောင်ဝတ်စုံဝတ်မိန်းမစိုးသည် ဒေါသထွက်သွားသော်လည်း သူ၏စိတ်ကိုပြန်ထိန်းချုပ်ကာ အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

"ငါတို့အားလုံးက အိမ်ရှေ့စံမင်းသားအတွက် အလုပ်လုပ်နေကြတာ...အရာရာတိုင်းကို ငါတို့က ဂရုတစိုက်နဲ့ သတိထားပြီးလုပ်ဆောင်သင့်တယ်"

"မင်း ဘာမှစိုးရိမ်နေစရာမလိုပါဘူး...ငါ ဒီနေရာကိုရောက်လာမှတော့ အဲ့ဒီကောင်စုတ်လေး ဘယ်လိုမှထွက်မပြေးနိုင်စေရဘူး"

အနက်ရောင်ဝတ်စုံဝတ်မိန်းမစိုးသည် သရော်တော်တော်ပြောဆိုလိုက်ပြီးနောက် သူ၏နံဘေးပတ်ဝန်းကျင်ရှိလေထုက ပို၍အေးစက်စပြုလာသည်။

ထိုမြင်ကွင်းကိုကြည့်ပြီး လုယွီက ထိတ်လန့်တုန်လှုပ်သွားပေ၏။သူက လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်ရာ ခရမ်းရောင်ဝတ်စုံဝတ်မိန်းမစိုးကို အဝေးသို့ လွင့်ထွက်သွားစေသည်။

သို့ရာတွင် ခရမ်းရောင်ဝတ်စုံဝတ်မိန်းမစိုးသည် လုယွီ၏ရည်ရွယ်ချက်ကို ရိပ်စားမိပုံဖြင့် ဆက်လက်၍ရှေ့သို့ဖိနှိပ်နေပြီး သူ ထွက်ခွာသွားနိုင်မည့်အခွင့်အရေးမျိုးမပေးချေ။

"မိန်းမစိုးစွေ့...မင်းက အရမ်းယုံကြည်ချက်ရှိနေမှတော့ ဒီကောင်စုတ်လေးကိုသတ်ခွင့် ငါ မင်းကို ပေးမယ်"

ခရမ်းရောင်ဝတ်စုံဝတ်မိန်းမစိုးက အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သည်။

"ဟီး ဟီး...ကောင်စုတ်လေးတစ်ကောင်ပဲကို...ဒါက အဆင်ပြေပါတယ်...တချို့ကိစ္စတွေကို ဘယ်လိုလုပ်ရလဲဆိုတာ ငါ မင်းကို သင်ကြားပေးမယ်"

အနက်ရောင်ဝတ်စိုးဝတ်မိန်းမစိုး၏ခန္ဓာကိုယ် နံဘေးပတ်လည်မှနေ၍ အနက်ရောင်မှော်စွမ်းအားအမျှင်တန်းတချို့ စတင်၍ထွက်ပေါ်လာသည်။အဝေးမှကြည့်ပါက သူသည် အနက်ရောင်မြူခိုးများကြားမှ သရဲတစ္ဆေတစ်ကောင်နှင့်တူညီနေပြီး လူအများကို တုန်လှုပ်ချောက်ချားစေသော ခံစားချက်မျိုး ပေးစွမ်းနိုင်ပေ၏။

"စိတ်ဝိညာဥ် ဖမ်းဆီးခြင်း"

အနက်ရောင်ဝတ်စုံဝတ်မိန်းမစိုးက ထူးဆန်းသောရယ်မောသံကြီးနှင့် ရယ်မောလိုက်သည်။သူ၏ခန္ဓာကိုယ်မှနေ၍ မီတာရာပေါင်းများစွာမြင့်သောစိတ်ဝိညာဥ်ကြီး ထွက်ပေါ်လာပြီး လုယွီထံသို့ တန်းတန်းမတ်မတ် တိုးဝင်သွားသည်။

သူသည် စိတ်ဝိညာဥ်ကိုအသုံးပြု၍ လုယွီကိုသတ်ဖြတ်ရန် ကြံရွယ်လိုက်ခြင်းပင်။

လုယွီသည် သူ့ထံချဥ်းကပ်လာသော စိတ်ဝိညာဥ်ကိုမြင်သည်နှင့် သူ၏မျက်နှာပေါ်၌ ထူးဆန်းသောအမူအယာမျိုး ထင်ဟပ်သွားသည်။

ဤသည်က သူ၏အဆုံးသတ်အချိန်ဟု ယူဆခဲ့သော်လည်း ယခုလက်ရှိချိန်တွင် အလှည့်အပြောင်းတစ်ခုက ရောက်ရှိလာလေပြီ။

"ဖြစ်နိုင်တာတော့ မင်း ကြောက်နေတာများလား...ဘာစကားမှတောင် မပြောနိုင်တော့ဘူး"

လုယွီ တိတ်ဆိတ်ငြိမ်သက်နေသည်ကိုကြည့်ပြီး အနက်ရောင်ဝတ်စုံဝတ်မိန်းမစိုးက မောက်မာဝံ့ကြွားစွာ ရယ်မောလိုက်၏။

Chapter 1802

လုယွီက ရှောင်တိမ်းခြင်းမရှိဘဲ ထိုစိတ်ဝိညာဥ်ပုံရိပ်ထံသို့ တဟုန်ထိုးပြေးဝင်လိုက်သည်။

"သေချင်နေတာလား"

လုယွီ၏အပြုအမူကိုကြည့်ပြီး အနက်ရောင်ဝတ်စုံဝတ်မိန်းမစိုး၏မျက်နှာထက်၌ ရက်စက်ကြမ်းကြုတ်သောအပြုံးတစ်ခု ထွက်ပေါ်လာသည်။

သူသည် မူလကတည်းက စိတ်ဝိညာဥ်ကျင့်ကြံသူတစ်ယောက်ဖြစ်ပေ၏။သူ၏စိတ်ဝိညာဥ်ကို အလွန်အဆင့်မြင့်သောအဆင့်ထိ ကျင့်ကြံထားသဖြင့် တစ်ဖက်လူ၏စိတ်ဝိညာဥ်ကိုထိန်းချုပ်ကာ သူ၏ရုပ်သေးရုပ်အဖြစ် ပြောင်းလဲနိုင်သည်။

လုယွီကို ကြည့်ရသည်မှာ အလွန်အသက်ငယ်ရွယ်သေးပုံရပြီး လောကီအင်မော်တယ်နယ်ပယ်တစ်ယောက်၏ခွန်အားမျိုးရှိနေသည်။ထို့ကြောင့် အနက်ရောင်ဝတ်စုံဝတ်မိန်းမစိုးသည် လုယွီကို သူ၏ရုပ်သေးရုပ်အဖြစ် ပြောင်းလဲလိုနေခြင်း ဖြစ်ပေ၏။

သူ၏အတွေးများအရ သူ၏စိတ်ဝိညာဥ်ရောက်ရှိသွားသည်နှင့် လုယွီသည် သူ၏ထိန်းချုပ်မှုအောက်သို့ အပြည့်အဝကျရောက်သွားပေမည်။

သို့ရာတွင် လက်တွေ့အမှန်တရားမှာမူ သူသည် အလွန်ကြီးလေးသောအမှားကို ကျူးလွန်မိလေပြီ။

အနက်ရောင်ဝတ်စုံဝတ်မိန်းမစိုး၏စိတ်ဝိညာဥ်သည် လုယွီ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ပြီးသည်နှင့် ရွှံနွံအိုင်တစ်ခုအတွင်းသို့နစ်မြုပ်သွားသည့်အလား မလှုပ်ရှားနိုင်တော့ချေ။

သူသည် ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်လိုက်ရာ ချက်ချင်းဆိုသလိုပင် အလွန်ကျယ်ဝန်းသော မိုးကောင်းကင်လှိုဏ်ဂူအတွင်းကို တွေ့မြင်မိသည်။

ဤမိုးကောင်းကင်လှိုဏ်ဂူအတွင်း၌ မြောက်မြားစွာသောမြို့များရှိနေပြီး မရေမတွက်နိုင်သောသက်ရှိများက တချိန်လုံးအမွှေးတိုင်များ ထွန်းညှိပူဇော်နေကြသည်။သန့်စင်သောယုံကြည်သက်ဝင်မှုစွမ်းအားလှိုင်းများက မြေအောက်လောကနတ်ဘုရားရုပ်ထုကြီးထံ တလိမ့်လိမ့်စီးဝင်နေပေ၏။

မြောက်မြားစွာသောမြို့များ၏အလယ်၌ မြေအောက်လောကနတ်ဘုရားရုပ်ထုကြီးသည် မားမားမတ်မတ်တည်ရှိနေသည်။ဤအချိန်အခိုက်အတန့်တွင် ရုပ်ထုကြီးသည် မြင့်မြတ်ပြီးတည်ကြည်လေးနက်သောသွင်ပြင်မျိုး ရှိနေပေ၏။မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏နောက်၌ အလင်းစက်ဝိုင်းတစ်ခုရှိနေပြီး နေရောင်ခြည်၏အောက်တွင် အလွန်လျှို့ဝှက်ဆန်းကြယ်သောရောင်စဥ်တန်းများ ထုတ်လွှက်ပေးနေသည်။

"ဒါက လောကီအင်မော်တယ်တစ်ယောက်ရဲ့ မိုးကောင်းကင်လှိုဏ်ဂူလား"

ထိုမြင်ကွင်းကိုမြင်သည်နှင့် အနက်ရောင်ဝတ်စုံဝတ်မိန်းမစိုး၏နှုတ်ခမ်းများ တဆတ်ဆတ်တုန်ရီသွားသည်။သူထံ၌ပင် ဤမျှထိကြီးကျယ်ခမ်းနားသော မိုးကောင်းကင်လှိုဏ်ဂူမျိုးမရှိချေ။

အချိန်တခဏကြာ ထိတ်လန့်တုန်လှုပ်နေပြီးနောက် အနက်ရောင်ဝတ်စုံဝတ်မိန်းမစိုးက ရုတ်တရက်အသိပြန်ဝင်လာသည်။သူသည် ကြီးလေးသောပြဿနာတစ်ခုနှင့် ရင်ဆိုင်နေရပြီဖြစ်ကြောင်းကို ရုတ်တရက် နားလည်သဘောပေါက်သွားပေ၏။

ဤကဲ့သို့မိုးကောင်းကင်လှိုဏ်ဂူမျိုးရှိနေသူသည် မည်သည့်နည်းနှင့်မျှ သာမာန်လောကီအင်မော်တယ်တစ်ယောက် မဟုတ်နိုင်ချေ။

"မကောင်းတော့ဘူး"

အနက်ရောင်ဝတ်စုံဝတ်မိန်းမစိုးသည် သူ၏စိတ်ဝိညာဥ်ကို လုယွီ၏ခန္ဓာကိုယ်အတွင်းမှနေ၍ ချက်ချင်းထွက်ခွာသွားရန် ပြင်ဆင်လိုက်သည်။

"ခင်ဗျားက ဒီနေရာကိုရောက်လာပြီဆိုမှတော့...ထွက်သွားဖို့ မစဥ်းစားနဲ့"

ဤအချိန်အခိုက်အတန့်တွင် မြို့များအားလုံး၏အလယ်ဗဟိုတွင်ရှိနေသော မြေအောက်လောကနတ်ဘုရားရုပ်ထုကြီး၏မျက်လုံးတစ်စုံ ရုတ်တရက်ပွင့်လာပြီး သူ၏ပါးစပ်ကြီးကိုဖွင့်ဟလိုက်ရာ ကျယ်လောင်ပြီးကြည်လင်ပြတ်သားသောအသံတစ်သံ မြည်ဟီးလာသည်။

ဘုန်း....

လုယွီ၏အသံနှင့်အတူယှဥ်တွဲ၍ အစွမ်းထက်သောအားလှိုင်းတစ်ရပ်က သူ၏မိုးကောင်းကင်လှိုဏ်ဂူအတွင်းရှိ လေဟာနယ်အတွင်း၌ ထွက်ပေါ်လာပေ၏။ထိုစွမ်းအားလှိုင်းသည် အနက်ရောင်ဝတ်စုံဝတ်မိန်းမစိုးထံသို့ တိုးဝင်သွားသည်။

"မကောင်းတော့ဘူး...မင်းက ရွှယ်အင်မော်တယ်တစ်ယောက်လား....စီနီယာ...ကျွန်တော်ရဲ့အမှားကို ကျွန်တော်သိပါပြီ"

အနက်ရောင်ဝတ်စုံဝတ်မိန်းမစိုးက စတင်၍ အသနားခံတောင်းပန်လေသည်။

သို့ရာတွင် လုယွီသည် မည်ကဲ့သို့နည်းဖြင့် သူ့အား ဤကဲ့သို့အခွင့်အရေးပေးနိုင်မည်နည်း။

"ခင်ဗျားရဲ့အသက်ကို ဒီနေရာမှာထားခဲ့တာ ပိုကောင်းလိမ့်မယ်"

လုယွီက ပြတ်ပြတ်သားသား ငြင်းဆန်လိုက်၏။

လုယွီ ငြင်းဆန်နေသည်ကိုကြည့်ပြီး အနက်ရောင်ဝတ်စုံဝတ်မိန်းမစိုး၏မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်သောအမူအယာမျိုး ထင်ဟပ်လာသည်။

"မင်း ဘယ်သူလဲဆိုတာ ငါ ဂရုမစိုက်ဘူး...ဒါပေမယ့် မင်း သိထားဖို့က ငါ့ရဲ့နောက်မှာအိမ်ရှေ့စံမင်းသားရှိနေတယ် ဆိုတာပဲ"

အနက်ရောင်ဝတ်စုံဝတ်မိန်းမစိုး၏လည်ပင်းပေါ်၌ ရုတ်တရက် အနက်ရောင်သံကြိုးတစ်ချောင်း ထွက်ပေါ်လာပေ၏။

ထိုသံကြိုးပေါ်တွင် အနက်ရောင်ရှေးဟောင်းအက္ခရာတချို့ရှိနေသည်။

ထိုရှေးဟောင်းအက္ခရာကိုမြင်သည်နှင့် လုယွီက ရုတ်တရက် ကြက်သေသေသွားသည်။

တခြားသူများအတွက် ထိုရှေးဟောင်းအက္ခရာသည် အလွန်ထူးဆန်းနေမည်ဖြစ်သော်လည်း လုယွီအတွက်မူ အလွန်ရင်းနှီးကျွမ်းဝင်သောအက္ခရာဖြစ်သည်။

ဤသည်က ရှေးဟောင်းနတ်ဆိုးမျိုးနွယ်စု၏ဘာသာစကားတစ်ခုပင်။

ထိုရှေးဟောင်းအက္ခရာသည် 'အရာရှိ'ဟူသော စာလုံးဖြစ်ပေ၏။

ဘုန်း...

ထိုရှေးဟောင်းအက္ခရာ ထွက်ပေါ်လာသည်နှင့် အနက်ရောင်ဝတ်စုံဝတ်မိန်းမစိုး၏စိတ်ဝိညာဥ်သည် ယခင်ထက် သုံးဆ လေးဆခန့် ဖောင်းကားလာသည်။

"ဟား ဟား ဟား ဟား...သေစမ်း...သေစမ်း..."

အနက်ရောင်ဝတ်စုံဝတ်မိန်းမစိုးသည် ရူးသွပ်နေသော နတ်ဆိုးတစ်ကောင်အလား ရယ်မောလိုက်၏။

သူသည် ဧရာမစိတ်ဝိညာဥ်ခန္ဓာကိုယ်ကြီးကိုထိန်းချုပ်၍ မြို့တစ်မြို့ဆီသို့ ဦးတည်၍ပျံသန်းသွားရာ ထိုမြို့ပျက်စီးပြိုလဲသွားသည်။

"ခင်ဗျားက သေလမ်းကို ရှာနေတာပဲ"

လုယွီသည် အနည်းငယ်မျှပင် ညှာတာမည့်ပုံမရှိချေ။ရုတ်ချည်းဆိုသလိုပင် သူက တာအိုသခင်၏စိတ်ဝိညာဥ်ကိုအသုံးပြု၍ အနက်ရောင်ဝတ်စုံဝတ်မိန်းမစိုး၏စိတ်ဝိညာဥ်ကို သတ်ဖြတ်လိုက်သည်။

သွေးရူးသွေးတန်းဖြစ်နေသောစိတ်ဝိညာဥ်သည် နောက်ဆုံး၌ သူ၏စွမ်းအားများအားလုံး ပျောက်ဆုံးသွားပြီး မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

တစ်ချိန်တည်းမှာပင် လုယွီသည် အနက်ရောင်ဝတ်စုံဝတ်မိန်းမစိုး၏ခန္ဓာကိုယ်ကို ထိန်းချုပ်လိုက်၏။

"သူ့ကိုသတ်စမ်း"

လုယွီသည် အနက်ရောင်ဝတ် မိန်းမစိုးကို ထိန်းချုပ်၍ ခရမ်းရောင်ဝတ် မိန်းမစိုးကိုဦးတည်ကာ အမိန့်ပေးလိုက်သည်။

Chapter 1803

လုယွီ၏အမိန့်နှင့်အတူ အနက်ရောင်ဝတ်စုံဝတ်မိန်းမစိုးသည် ရုတ်တရက် ခရမ်းရောင်ဝတ်စုံဝတ်မိန်းမစိုးကို လက်သီးဖြင့် ထိုးနှက်လိုက်၏။

ဤရုတ်တရက်အပြောင်းအလဲသည် သတိလက်လွတ်နေနေသော ခရမ်းရောင်ဝတ်စုံဝတ်မိန်းမစိုးကို အပြင်းအထန်ဒဏ်ရာရရှိသွားစေသည်။

"မိန်းမစိုးစွေ့...မင်း ဘယ်လိုလုပ်လိုက်တာလဲ"

ခရမ်းရောင်ဝတ်စုံဝတ်မိန်းမစိုးက မယုံကြည်နိုင်သောမျက်လုံးအကြည့်ဖြင့် မေးမြန်းလိုက်၏။

သူတို့နှစ်ယောက်လုံးသည် အိမ်ရှေ့စံမင်းသား၏လက်အောက်၌ အလုပ်လုပ်နေကြသူများဖြစ်သည်။ယေဘူယျကျကျပြောဆိုရလျှင် ဤကိစ္စအတွင်း၌ အတွင်းရေးပဋိပက္ခရှိနေနိုင်သည်မှာ အကြွင်းမဲ့သေချာသည်။

မိန်းမစိုးစွေ့သည် လုယွီ၏ ခန္ဓာကိုယ်အပိုင်စီးခြင်းကိုခံရပြီး ရုပ်သေးရုပ်တစ်ရုပ်ဖြစ်လာသည်ကို ခရမ်းရောင်ဝတ်စုံဝတ်မိန်းမစိုးက မသိရှိချေ။

လုယွီသည် မိန်းမစိုးစွေ့၏နောက်၌ မတ်တတ်ရပ်နေပြီး ခရမ်းရောင်ဝတ်စုံဝတ်မိန်းမစိုးကိုကြည့်နေသည်။

ခန္ဓာကိုယ်အပိုင်စီးပြီးသည့်နောက်တွင် လုယွီသည် မိန်းမစိုးစွေ့၏အဆင့်အတန်းကို သိရှိခဲ့ရသည်။

စွေ့ရုန်သည် အရှေ့နန်းတော်အတွင်းရှိ မိန်းမစိုးတစ်ယောက်ဖြစ်ပြီး အိမ်ရှေ့စံမင်းသား၏သစ္စာရှိလူယုံတစ်ယောက်လည်းဖြစ်သည်။

ခရမ်းရောင်ဝတ်စုံဝတ်မိန်းမစိုးသည် ရာထူးအဆင့်အရဆိုလျှင် စွေ့ရုန်ထက်ပို၍မြင့်မားသည်။ကံအကြောင်းမလှစွာဖြင့် သူသည် ယခင်က အမှားအယွင်းတစ်ခုပြုလုပ်ခဲ့မိသဖြင့် အိမ်ရှေ့စံမင်းသား၏အပြစ်ပေးခြင်းကို ခံလိုက်ရ၏။ထို့ကြောင့် သူသည် သံမျက်နှာဖုံးဝတ်ဆင်ထားရလေသည်။

ထို့ကြောင့် ခရမ်းရောင်ဝတ်စုံဝတ်မိန်းမစိုးသည် စွေ့ရုန်၏ဦးဆောင်မှုအတိုင်း တစ်လမ်းလုံးလိုက်ပါဆောင်ရွက်ခဲ့ရသည်။

ဤအချိန်တွင် သူတို့ လက်ခံရရှိခဲ့သောအမိန့်မှာ ဖေးထျန်ကွမ်းအား သတ်ဖြတ်ရန်ပင်။

လုယွီ ထွက်ခွါမသွားသေးသည်ကိုကြည့်ပြီးနောက် ခရမ်းရောင်ဝတ်စုံဝတ်မိန်းမစိုး၏မျက်နှာအမူအယာ ပြောင်းလဲသွားပြီး သူက တစ်စုံတစ်ခုကို တွေးတောမိသွားပုံဖြင့် အံ့အားတသင့်အော်ဟစ်လိုက်၏။

"ဒါက မင်းလုပ်တာ မဟုတ်လား"

ခရမ်းရောင်ဝတ်စုံဝတ်မိန်းမစိုးသည်လည်း အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ဖြစ်သဖြင့် မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သူသည် တန်ပြန်ရေးအစီအမံများကို တွေးတောပြီးဖြစ်သည်။

သူက လုယွီထံဦးတည်၍ တဟုန်ထိုးပြေးဝင်တိုက်ခိုက်လိုက်၏။တစ်ချိန်တည်းမှာပင် ကြေးနီရောင်ရှုရာကြီးက သူ၏နံဘေးတွင်သိပ်သည်းလာပြီး လုယွီထံ တိုးဝင်သွားသည်။

ဤရှုရာကြီးသည် ယခင်က သူ ဆင့်ခေါ်ခဲ့သောပုံရိပ်ယောင်ကြီးထက် အဆများစွာပို၍ကြီးမားသည်။ခရမ်းရောင်ဝတ်စုံဝတ်မိန်းမစိုး၏လှုပ်ရှားမှုများတွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများနှင့် ပြည့်နှက်နေပြီး သူက လုယွီကို ပြတ်ပြတ်သားသား သုတ်သင်ဖယ်ရှားလိုဟန်ရှိသည်။

ဤသည်က အစွမ်းထက်သော မြေကမ္ဘာအင်မော်တယ်တစ်ယောက်၏ အားအကောင်းဆုံး တိုက်ခိုက်မှုတစ်ခုပင်။

ဤအချိန်အခိုက်အတန့်တွင် လုယွီပင်လျှင် အားကောင်းသောဖိအားအရှိန်အဝါကို ခံစားလိုက်ရ၏။

လုယွီက သူ၏ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ယမ်းပြီးရွေ့လျားလိုက်ကာသူနှင့်ခရမ်းရောင်ဝတ်စုံဝတ်မိန်းမစိုးကြား အနည်းငယ်အလှမ်းကွာဟသွားစေသည်။တစ်ချိန်တည်းမှာပင် လုယွီသည် သူ၏စိတ်ဝိညာဥ်မှတဆင့် စွေ့ရုန်နှင့်ဆက်သွယ်ပြီး သူ့ရှေ့၌ကာကွယ်ပေးရန် အမိန့်ပေးလိုက်၏။

စွေ့ရုန်က အနည်းငယ်မျှပင်တုံ့ဆိုင်းခြင်းမရှိဘဲ လုယွီ၏ရှေ့၌ မတ်တတ်ရပ်လိုက်သည်။တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ မှော်စွမ်းအားများကိုထုတ်လွှက်၍ ခရမ်းရောင်ဝတ်စုံဝတ်မိန်းမစိုး၏တိုက်ခိုက်မှုကို ပိတ်ဆို့ဟန့်တားလိုက်၏။

ဘုန်း...

သွေးနီရောင်ရှုရာပုံရိပ်ယောင်ကြီးက စွေ့ရုန်၏ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန် ရိုက်နှက်မိသွားသည်။ရုတ်ချည်းဆိုသလိုပင် စွေ့ရုန်၏ညာဘက်လက်မောင်းပြတ်တောက်သွားပြီး သွေးများဖြာထွက်လာသည်။

သို့ရာတွင် မြေကမ္ဘာအင်မော်တယ်တစ်ယောက်ဖြစ်သော စွေ့ရုန်သည် သေးနုပ်ညံ့ဖျင်းသောကျင့်ကြံသူတစ်ယောက်မဟုတ်ချေ။သူက ထိုအခြေအနေကိုအခွင့်ကောင်းယူ၍ ခရမ်းရောင်ဝတ်စုံဝတ်မိန်းမစိုးကို ပါးဖြတ်ရိုက်လိုက်၏။

ဤအချိန်အခိုက်အတန့်တွင် ခရမ်းရောင်ဝတ်စုံဝတ်မိန်းမစိုးက သူ့အား မိုးကြိုးဖြင့်ရိုက်ခတ်ခံရသကဲ့သို့ ခံစားလိုက်ရသည်။သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားပြီး သူ၏နှုတ်ခမ်းထောင့်မှ သွေးများယိုစီးကျလာသည်။

"ကောင်လေး...မင်းက အိမ်ရှေ့စံမင်းသားရဲ့လူကိုတောင် ရုပ်သေးရုပ်အဖြစ်ယူထားဝံ့တယ်ပေါ့လေ...မင်း သေရမှာ သေချာနေပြီ"

ခရမ်းရောင်ဝတ်စုံဝတ်မိန်းမစိုးသည် သွေးမြူတစ်ချို့ကို မှုတ်ထုတ်လိုက်သည်။ရုတ်ချည်းဆိုသလိုပင် ထိုသွေးမြူခိုးများသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို အပြည့်အဝလွှမ်းခြုံသွားပေ၏။

ထိုသွေးမြူခိုးများကိုကြည့်ရသည်မှာ လျှို့ဝှက်ဆန်းကြယ်သောအားလှိုင်းတစ်ရပ်ရှိနေပုံရပြီး သူ၏ခန္ဓာကိုယ်ကိုသယ်ဆောင်၍ အဝေးသို့ရွေ့လျားသွားသည်။

"ခင်ဗျားက ထွက်သွားချင်တာလား...အရမ်းနောက်ကျသွားပြီ"

လုယွီက ကျယ်လောင်စွာ အော်ငေါက်လိုက်သည်။သူ၏လက်ဝါးသည် ရွှေရောင်ပြောင်းလဲသွားပြီး ခရမ်းရောင်မိန်းမစိုးရှိနေသောဘက်သို့ ဦးတည်၍ ဖိနှိပ်လိုက်၏။

ဘုန်း...

ခရမ်းရောင်ဝတ်စုံဝတ်မိန်းမစိုးသည် အဝေးသို့ပျံသန်းမသွားနိုင်သေးမီမှာပင် သူ့အား နဂါးဖမ်းလက်ဖြင့်ဖမ်းချူပ်ပြီး မြေပြင်ပေါ်သို့ဖိနှိပ်ထားခြင်းခံလိုက်ရသည်။သာမာန်အချိန်များဆိုပါက ခရမ်းရောင်ဝတ်စုံဝတ်မိန်းမစိုးတွင် ထိုတိုက်ခိုက်မှုကို တုံ့ပြန်နိုင်သောစွမ်းအားမျိုးရှိသည်။သို့ရာတွင် သူသည် စွေ့ရုန်၏ပြင်းထန်သောရိုက်ချက်ကို ခံယူထားရသဖြင့် သူ၏စွမ်းအားအကုန်အစင်ကို အသုံးပြုနိုင်ခြင်းမရှိချေ။

"တကယ်လို့ မင်း ငါ့ကိုသတ်ရဲရင်...အိမ်ရှေ့စံမင်းသားက မင်းကိုအလွတ်ပေးမှာမဟုတ်ဘူး"

ခရမ်းရောင်ဝတ်စုံဝတ်မိန်းမစိုးက စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

လုယွီက သူ၏ခြိမ်းခြောက်မှုကိုလျစ်လျှူရှုပြီး အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုသည်။

"ကျုပ် ခင်ဗျားကိုသတ်လိုက်တာနဲ့...ဒီကိစ္စတွေကို ကျုပ် လုပ်ခဲ့တယ်ဆိုတာ အိမ်ရှေ့စံမင်းသားက ဘယ်လိုလုပ်ပြီး သိတော့မှာလဲ"

စကားဆုံးသည်နှင့် လုယွီ၏လက်ချောင်းထိပ်မှ အဖြူရောင်ဓားချီတစ်လှိုင်းထွက်ပေါ်လာပြီး ခရမ်းရောင်ဝတ်စုံဝတ်မိန်းမစိုးထံသို့ တန်းတန်းမတ်မတ်တိုးဝင်သွားသည်။

ရှေးဟောင်းသိုင်းပညာနည်းစနစ်...အင်မော်တယ်သုတ်သင်ဓားချက်...

မျက်တောင်တခတ်စာအချိန်အတွင်းမှာပင် အဖြူရောင်ဓားချီသည် ခရမ်းရောင်ဝတ်စုံဝတ်မိန်းမစိုး၏ရှေ့သို့ရောက်ရှိလာပြီး သူ၏ရင်ဘတ်အတွင်းသို့ ထိုးစိုက်ဝင်သွားပေ၏။

အစွမ်းထက်သောဓားချီလှိုင်းသည် ချက်ချင်းပင် ခရမ်းရောင်ဝတ်စုံဝတ်မိန်းမစိုး၏ခန္ဓာကိုယ်မှ အရိုးတချို့ကို ဖြတ်တောက်လိုက်သည်။

Chapter 1804

သို့သော် ထိုသို့ဆိုသည့်တိုင် ခရမ်းရောင်ဝတ်စုံဝတ်မိန်းမစိုးသည် အသက်ရှင်သန်နေဆဲပင်။

"ဟား ဟား ဟား...ငါ့ကိုသတ်ဖို့ဆိုတာ ဒီလောက်မလွယ်ဘူး"

ခရမ်းရောင်ဝတ်စုံဝတ်မိန်းမစိုးသည် ကျယ်လောင်စွာအော်ဟစ်ရယ်မောပြီး သူ၏လက်ညှိုးဖြင့် သူ၏ဒဏ်ရာများပေါ်သို့ အကြိမ်အနည်းငယ် တို့ထိလိုက်သည်။

ရုတ်ချည်းဆိုသလိုပင် သူ၏ခန္ဓာကိုယ်မှဒဏ်ရာများသည် သာမာန်မျက်စိဖြင့်မြင်ရသည့်အရှိန်နှုန်းဖြင့် ပြန်လည်​ကောင်းမွန်လာပေ၏။

ခရမ်းရောင်ဝတ်စုံဝတ်မိန်းမစိုး၏အရှိန်အဝါပင်လျှင် ယခင်ထက် ပို၍အားကောင်းလာသည်။

ထိတ်လန့်တုန်လှုပ်ဖွယ်ဒဏ်ရာများ အားလုံးသည်လည်း အလွန်လျှင်မြန်သောအရှိန်နှုန်းဖြင့် ပြန်လည်ကောင်းမွန်သွားလေပြီ။

"ကောင်လေး...ဒါက ငါ့ရဲ့အစွမ်းကုန်တိုက်ခိုက်မှုလို့ မင်း ထင်နေတာလား"

ခရမ်းရောင်ဝတ်စုံဝတ်မိန်းမစိုး၏မျက်နှာပေါ်၌ ကောက်ကျစ်စဥ်းလဲသောအပြုံးမျိုးရှိနေသည်။

ထိုအခြင်းအရာကိုကြည့်ပြီး လုယွီက မျက်မှောင်ကြုတ်လိုက်သည်။

ခရမ်းရောင်ဝတ်စုံဝတ်မိန်းမစိုးသည် လျှို့ဝှက်နည်းစနစ်တစ်ခုကိုအသုံးပြုသွားသည်မှာ သိသာထင်ရှားလှ၏။ထိုမိန်းမစိုးသည် ဤလျှို့ဝှက်နည်းစနစ်ကိုအသုံးပြုရန် အဖိုးအခအနေဖြင့် သူ၏ဘဝသက်တမ်းဖြင့် လဲလှယ်ခဲ့ကြောင်းကိုပင် လုယွီက ခန့်မှန်းမိသည်။

လျှို့ဝှက်နည်းစနစ် အဆုံးသတ်သွားသည်နှင့် ခရမ်းရောင်ဝတ်စုံဝတ်မိန်းမစိုး သေဆုံးသွားနိုင်ချေရှိသည်။

"ရှုရာ အသက်ယူဆောင်ခြင်း"

ခရမ်းရောင်ဝတ်စုံဝတ်မိန်းမစိုးက လုယွီထံသို့ တဟုန်ထိုးပြေးဝင်သွားပေ၏။

လုယွီသည် စွေ့ရုန်ကိုထိန်းချုပ်ထားကြောင်း သူ သိရှိပြီးဖြစ်သည်။လုယွီ သေဆုံးသွားသည်နှင့် သူ စွေ့ရုန်ကို ဂရုစိုက်နေရန် မလိုတော့ချေ။

အန္တရာယ်ရှိသောအရှိန်အဝါတစ်ရပ်က လုယွီ၏ခန္ဓာကိုယ်ပေါ်သို့ ချက်ချင်းဆိုသလိုပင် ဆင်းသက်လာသည်။

"ခင်ဗျားတစ်ယောက်တည်းကပဲ လျှို့ဝှက်နည်းစနစ်ကိုသိတာလို့ ခင်ဗျားထင်နေတာလား"

လုယွီက အေးစက်စက်နှာတစ်ချက်မှုတ်ပြီးနောက် သူ၏ခန္ဓာကိုယ်မှနေ၍ တောက်ပသောမီးတောက်များ မြင့်တက်လာသည်။

ထိုမီးတောက်များသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ရစ်သိုင်းသွားပေ၏။မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် လုယွီသည် မီးတောက်လူသားကြီးအဖြစ် ပြောင်းလဲသွားတော့သည်။

ရှေးဟောင်းသိုင်းပညာနည်းစနစ်...ကျူးရုံ၏အစစ်အမှန်ခန္ဓာကိုယ်

ဤအချိန်အခိုက်အတန့်တွင် လုယွီကိုကြည့်ရသည်မှာ ရှေးဟောင်းမီးနတ်ဘုရားတစ်ပါးနှင့်တူညီနေပြီး လေဟာနယ်အတွင်း၌ မောက်မာဝံ့ကြွားသောအမူအယာဖြင့် မတ်တတ်ရပ်နေသည်။

ဤသည်က ရှေးခေတ်အချိန်ကာလများမှ လက်ဆင့်ကမ်းလာသော အင်မော်တယ်ဓမ္မမန္တန်တစ်ပုဒ်ဖြစ်ပြီး သာမာန်ဓမ္မရုပ်ထုဌားယမ်းခြင်းမန္တန်များနှင့် တူညီခြင်းမရှိချေ။မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် လုယွီ၏ခန္ဓာကိုယ်တစ်ခုလုံးကို မရေမတွက်နိုင်သောမီးတောက်များက ရစ်သိုင်းထားပြီး အစွမ်းထက်သောဖိအားအရှိန်အဝါတစ်ရပ်က အဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

လုယွီ၏ကျင့်ကြံဆင့်နယ်ပယ်သည် တဖြည်းဖြည်းဝေဝါးစပြုလာပြီး ခရမ်းရောင်ဝတ်စုံဝတ်မိန်းမစိုးပင်လျှင် ထွင်းဖောက်မြင်နိုင်ခြင်းမရှိတော့ပေ။

လုယွီသည် လောကီအင်မော်တယ်နယ်ပယ်တွင်သာရှိသေးသော်လည်း ကျူးရုံအဖြစ်အသွင်ပြောင်းလဲပြီးနောက် သူထံတွင် ရှေးဟောင်းမီးနတ်ဘုရား၏စွမ်းအား ဆယ်ရာခိုင်နှုန်းရှိနေသည်။

ထိုစွမ်းအားဆယ်ရာခိုင်နှုန်းကပင်လျှင် ပတ်ဝန်းကျင်ရှိလေဟာနယ်ကို တုန်ခါနေစေသည်။

ခရမ်းရောင်ဝတ်စုံဝတ်မိန်းမစိုးသည် သူ၏ဦးရေပြား ပေါက်ကွဲထွက်လုမတက် ခံစားနေရ၏။သူက တုန်ရီနေသောအသံဖြင့် မေးမြန်းသည်။

"ဒါက ဘယ်လိုမှော်မန္တန်မျိုးလဲ"

"ဒါက ခင်ဗျားကိုသတ်နိုင်တဲ့ မှော်မန္တန်လေ"

လုယွီ၏မျက်လုံးများက အေးစက်စက်တောက်ပနေသည်။ထို့နောက် သူ၏မီးနတ်ဘုရားကြီးက ခရမ်းရောင်ဝတ်စုံဝတ်မိန်းမစိုးထံဦးတည်၍ လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။

ထိုလက်သီးချက်၏အောက်တွင် ပတ်ဝန်းကျင်ရှိလေဟာနယ်ပင် ဖိနှိပ်ခံထားရပုံရှိသည်။

ခရမ်းရောင်ဝတ်စုံဝတ်မိန်းမစိုးသည် မည်မျှပင်ရှောင်တိမ်းနေပါစေ အဆုံးသတ်တွင် ထိုတုန်လှုပ်ချောက်ချားဖွယ်လက်သီးချက်နှင့် ရင်ဆိုင်လိုက်ရ၏။

"ကျေးဇူးပြုပြီး...ရှုရာနတ်ဘုရား"

ခရမ်းရောင်ဝတ်စုံဝတ်မိန်းမစိုးသည် စူးရှကျယ်လောင်စွာအော်ဟစ်ပြီး သူ၏ခေါင်းကို သူ့လက်ဖြင့်ရိုက်နှက်လိုက်သည်။

ထိုလက်ဝါးရိုက်ချက်နှင့်အတူ ခရမ်းရောင်ဝတ်စုံဝတ်မိန်းမစိုး၏အရှိန်အဝါ များစွာအားပျော့သွားသည်။

သူ၏ဒွါရခုနစ်ပေါက်မှ သွေးများစတင်၍ ယိုစီးကျလာပြီး သူ၏သက်တမ်းသည်လည်း အလျှင်အမြန်ယုတ်လျော့လာပုံရကာ နက်ရှိုင်းသောအရေးအကြောင်းများက သူ၏ခန္ဓာကိုယ်အရေပြားပေါ်၌ ထွက်ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် ခရမ်းရောင်ဝတ်စုံဝတ်မိန်းမစိုး၏နဖူးထက်၌ ခရမ်းရောင်ပုံရိပ်တစ်ခု ထွက်ပေါ်လာပေ၏။ထိုပုံရိပ်သည် ငရဲမှတက်လာသော ဧရာမရှုရာတစ်ကောင်နှင့်တူညီပြီး စိမ်းဖန့်ဖန့်မျက်နှာနှင့်စူးရှချွန်ထက်သော သွားများရှိကာ လူအများကို ခြိမ်းခြောက်နိုင်သောခံစားချက်မျိုး ပေးစွမ်းနိုင်သည်။

ဘုန်း...

ရှုရာနတ်ဘုရား ထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်ရှိလေဟာနယ်မှ မီတာအနည်းငယ်သည် အနက်ရောင်သေခြင်းအငွေ့အသက်များဖြင့် လွှမ်းခြုံသွားပြီး အချိန်အတော်ကြာသည့်တိုင် ပျက်ပြယ်သွားခြင်းမရှိချေ။

"သေစမ်း"

လုယွီသည် ရှုရာနတ်ဘုရားကို ဂရုစိုက်ခြင်းမရှိပေ။အတိတ်တွင် သူသည် မြေအောက်လောကနယ်မြေ၏အုပ်ချုပ်သူဖြစ်ပြီး ရှုရာနတ်ဘုရားသည် အဆင့်နိမ့်နတ်ဘုရားအဆင့်သာရှိပေ၏။

မီးနတ်ဘုရား၏လက်သီးချက်သည် လေပြင်းတစ်ခုအလား ရှုရာနတ်ဘုရားပေါ်သို့ ကျရောက်သွားသည်။

ရှုရာနတ်ဘုရားသည် တုံ့ပြန်ရန်ပင်အချိန်မရလိုက်ဘဲ ကြောက်မက်ဖွယ်မီးတောက်များကြောင့် ချက်ချင်းအရည်ပျော်ကျသွားခဲ့သည်။

ခရမ်းရောင်ဝတ်စုံဝတ်မိန်းမစိုးက ကောင်းကင်ကြီးတုန်ခါလုမတက် စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်၏။သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို မရေမတွက်နိုင်သောမီးတောက်များက ဝိုင်းရံနေပြီး ညှော်နံများက အဘက်ဘက်သို့ပျံ့နှံ့စပြုလာသည်။

ဘုန်း...

ကျယ်လောင်သောမြည်ဟီးသံနှင့်အတူ မီးနတ်ဘုရားကြီ၏လက်သီးချက်က နောက်ဆုံးတွင် သူ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာလေပြီ။

မူလက ခရမ်းရောင်ဝတ်စုံဝတ်မိန်းမစိုးရှိနေသော လေဟာနယ်သည် တွင်းနက်ကြီးအဖြစ်ပြောင်းလဲသွားကာ အတွင်းမှနေ၍ အလွန်ပြင်းထန်သောညှော်နံများထွက်ပေါ်နေသည်။

Chapter 1805

မီးနတ်ဘုရားသည် လက်သီးတစ်ချက်တည်းဖြင့် ခရမ်းရောင်ဝတ်စုံဝတ်မိန်းမစိုးကို အမှန်တကယ်ကိုပင် သတ်ဖြတ်နိုင်ခဲ့သည်။

ခရမ်းရောင်ဝတ်စုံဝတ်မိန်းမစိုး မူလကမတ်တတ်ရပ်နေသောနေရာရှိ လေဟာနယ်သည် မည်သည့်အရာမျှမရှိခဲ့သကဲ့သို့ ပြောင်းလဲသွားပြီး သူ ယခင်ခဲ့ရှိနေခဲ့သည်ဟူသော အရိပ်အယောင်ပင် အနည်းငယ်မျှပင်မကျန်ရှိခဲ့ချေ။

ဤသည်က ရှေးနတ်ဘုရားတစ်ပါး၏စွမ်းအားပင်။

ခရမ်းရောင်ဝတ်စုံဝတ်မိန်းမစိုးကိုသတ်ဖြတ်ပြီးနောက် လုယွီ၏ခန္ဓာကိုယ်တစ်ခုလုံး ပြင်းပြင်းထန်ထန်တုန်ရီသွားပြီး သူက အနည်းငယ်ယိမ်းယိုင်သွားသည်။

မည်သည့်လျှို့ဝှက်နည်းစနစ်မဆို အသုံးပြုလိုက်သည်နှင့် ဘေးထွက်ဆိုးကျိုးများ ပြန်ခံစားရသည်။

ယခုလက်ရှိချိန်တွင် လုယွီသည် ကျူးရုံ၏အစစ်အမှန်ခန္ဓာကိုယ်ကို အသုံးပြုထားသဖြင့် သူ၏ခန္ဓာကိုယ်သည် အားနည်းသောအခြေအနေသို့ ရောက်ရှိနေပေ၏။

"ဖေးထျန်ကွမ်းကိုသတ်ဖို့ ဘယ်သူတွေကို စေလွှက်ထားတာလဲ"

လုယွီက မေးမြန်းသည်။

စွေ့ရုန်က ရိုသေလေးစားစွာဖြင့် တုံ့ပြန်ပြောဆိုသည်။

"အိမ်ရှေ့စံမင်းသားက ကျွန်တော်တို့နှစ်ယောက်ကိုပဲ စေလွှက်ထားတာပါ...ကျန်တဲ့သူတွေကတော့ ရှမိသားစုက စေလွှက်ထားတဲ့ လုပ်ကြံသတ်ဖြတ်ခြင်းခန်းမကလူတွေပဲ"

လုပ်ကြံသတ်ဖြတ်ခြင်းခန်းမ ထပ်မံ၍ဖြစ်နေပြန်သလော...

လုယွီ၏စိတ်နှလုံးသား လေးလံသွားပြီး သူ၏မျက်လုံးအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြတ်ပြေးသွားသည်။

ပြန်တွေးကြည့်ပါက ရှေးဟောင်းဖုန်မှုန့်ကြယ်ပေါ်တွင် ရှမိသားစုသည် သူ့အားသတ်ဖြတ်ရန်အတွက် လုပ်ကြံသတ်ဖြတ်ခြင်းခန်းမမှ မြေကမ္ဘာအင်မော်တယ်တစ်ယောက်ကို စေလွှက်ခဲ့သည်။

ယခုလက်ရှိချိန်တွင် ရှမိသားစုသည် လုပ်ကြံသတ်ဖြတ်ခြင်းခန်းမ၏အကူအညီဖြင့် ဖေးထျန်ကွမ်းကို သတ်ဖြတ်ရန်ကြိုးပမ်းနေပေ၏။

လုပ်ကြံသတ်ဖြတ်ခြင်းခန်းမသည် နေရာအနှံ့အပြား၌ သက်ဝင်လှုပ်ရှားနေသော်လည်း သူတို့၏နောက်ကွယ်၌ အမြဲတစေ ရှမိသားစုမှလူများရှိနေသည်။

"ဖြစ်နိုင်တာတော့ လုပ်ကြံသတ်ဖြတ်ခြင်းခန်းမရဲ့နောက်မှာ ရှမိသားစုရှိနေတာများလား"

လုယွီက သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ မှန်းဆလိုက်၏။

မည်သို့ပင်ဆိုစေကာမူ အကယ်၍ လုပ်ကြံသတ်ဖြတ်ခြင်းခန်းမသည် ရှမိသားစုနှင့်မသက်ဆိုင်လျှင်ပင် လုယွီက သူတို့ကို အလွတ်ပေးမည်မဟုတ်ချေ။

"ခင်ဗျားက...ပြန်သွားပြီး အိမ်ရှေ့စံမင်းသားရဲ့ဘေးမှာပဲနေ...အရာရာတိုင်းကို ခင်ဗျား အရင်လုပ်နေကျအတိုင်းပဲ ဆောင်ရွက်နေရမယ်...တကယ်လို့ အိမ်ရှေ့စံမင်းသားက မိန်းမစိုးချင်သေဆုံးတဲ့အကြောင်း ခင်ဗျားကိုမေးမြန်းလာခဲ့ရင်....ငြင်းဆန်နိုင်မယ့်အကြောင်းပြချက်မျိုးကို ခင်ဗျား ရှာထားလိုက်"

လုယွီက စီစဥ်ညွှန်ကြားလိုက်သည်။

"ဟုတ်ကဲ့ပါ သခင်"

စွေ့ရုန်က ရိုသေလေးစားစွာဖြင့် ပြောဆိုသည်။

လုယွီသည် တာအိုသခင်၏စိတ်ဝိညာဥ်ဖြင့် စွေ့ရုန်ကို ထိန်းချုပ်ထားခြင်းဖြစ်သဖြင့် အိမ်ရှေ့စံမင်းသား၏နံဘေးမှလူများ သတိပြုမိသွားမည်ကို စိုးရိမ်ပူပန်ခြင်းမရှိချေ။

ထို့ပြင် အကယ်၍ စွေ့ရုန် ဖော်ထုတ်ခံရလျှင်ပင် လုယွီကဲ့သို့ တပ်စုမှူးတစ်ယောက်ကို မည်သူမျှ သံသယဝင်မည်မဟုတ်ချေ။

တခြားတစ်ဖက်တွင် ဖေးမိသားစု၏လေဟာနယ်သင်္ဘောပေါ်၌....

ယခုလက်ရှိအချိန်တွင် လေဟာနယ်သင်္ဘောတစ်ခုလုံး ကျိုးပဲ့ပျက်စီးသောအပေါက်ရာများဖြင့် ပြည့်နှက်နေသော်လည်း လုပ်ကြံသတ်ဖြတ်သူများ၏တိုက်ခိုက်မှုမှ လွတ်မြောက်နိုင်ခဲ့သည်။

ရွှံစေးမျောက်ရုပ်ထုမှအမွှေး၏အရှိန်မြှင့်တင်ပေးမှုကြောင့် ဖေးမိသားစု၏လေဟာနယ်သင်္ဘောသည် အန္တရာယ်မှ အောင်မြင်စွာလွတ်မြောက်လာနိုင်ခဲ့သည်။သို့ရာတွင် သင်္ဘောကို အရှိန်ကုန်မြှင့်တင်လိုက်မှုကြောင့် မောင်းနှင်ရေးဝင်္ကပါသည် ပြင်းပြင်းထန်ထန် ထိခိုက်ပျက်စီးသွားပေရာ ပျံသန်းနိုင်မှုရပ်တန့်လုနီးပါး ဖြစ်သွားပေ၏။

"အဖေ....ကျွန်မတို့ သူတော်စင်ပင်လယ်ကြယ်နယ်မြေကို ရောက်တော့မယ်...ဒါတွေအားလုံးက အကိုကောကို ကျေးဇူးတင်ရမယ်...တကယ်လို့ သူသာမရှိရင် ဒီတစ်ကြိမ် ကျွန်မတို့ ထွက်ပြေးတဲ့နေရာမှာ အရမ်းအခက်တွေ့သွားနိုင်တယ်"

ဖေးရှို့ရှို့သည် ဖေးထျန်ကွမ်း၏လက်မောင်းကို ချိတ်တွဲ၍ ပြောဆိုလိုက်သည်။

ဖေးမိသားစုမှအစေခံတချို့၏မျက်နှာများပေါ်တွင်ပင် အပြုံးများဝေဆာနေသည်။

အရာအားလုံး အဆုံးသတ်သွားလေပြီ။

ဖေးထျန်ကွမ်းက မျက်မှောင်ကြုတ်နေပြီး သူ့ကိုကြည့်ရသည်မှာ ပျော်ရွှင်ပုံမရချေ။

ဖေးရှို့ရှို့က တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိပြုမိသွားသဖြင့် ချက်ချင်းမေးမြန်းလိုက်၏။

"အဖေ...အဖေစိတ်ထဲမှာ တစ်ခုခုများ ရှိနေတာလား"

"ငါ အဆင်ပြေပါတယ်...မင်းရဲ့အခန်းကိုပြန်ပြီး စောစောအနားယူတော့"

ဖေးထျန်ကွမ်းက ရုတ်တရက် မေးမြန်းလေသည်။

"ရှောင်ယန်း ဘာဖြစ်သွားတာလဲ...ငါ ဘာလို့ သူ့ကို မတွေ့ရတော့တာလဲ"

လုယွီ၏အကြောင်းကိုကြားသည်နှင့် ဖေးရှို့ရှို့၏မျက်နှာပေါ်တွင် အထင်အမြင်သေးသောအရိပ်အယောင်များ ထင်ဟပ်လာသည်။

"အဖေ...သူ့အကြောင်း ပြောမနေစမ်းပါနဲ့...လုပ်ကြံသတ်ဖြတ်သူတွေ ရောက်လာကတည်းက သူက တခြားသူတွေထက်မြန်မြန် ထွက်ပြေးသွားပြီးပြီ...တာယွီတော်ဝင်စစ်တပ်မှာ ဒီလိုအမှိုက်ကောင်မျိုးရှိနေမယ်လို့ ကျွန်မ ထင်မထားမိဘူး"

ဖေးရှို့ရှို့က ဆက်လက်၍ သရော်တော်တော်ပြောဆိုသည်။

"ကျွန်မရဲ့စီနီယာကောင်းနဲ့သူ့ကို နှိုင်းယှဥ်ရရင် မိုးနဲ့မြေလိုပဲ...ဘယ်လိုမှ နှိုင်းယှဥ်ပြစရာတောင် မရှိဘူး"

"တော်သင့်ပြီ"

ဖေးထျန်ကွမ်းက ဖေးရှို့ရှို့၏စကားကို ကြားဖြတ်ပြောဆိုသည်။

"ငါ မင်းကို ထပ်ပြီးပြောထားမယ်...အနာဂတ်မှာ အဲ့ဒီသိုင်းပညာဂိုဏ်းတွေကလူတွေအကုန်လုံးနဲ့ အဆက်အသွယ်ဖြတ်လိုက်တော့"

"အဖေ...."

ဖေးရှို့ရှို့က ဒေါသတကြီး ခြေဆောင့်နင်းလိုက်၏။

"အဖေက တကယ်ကိုပဲ အသက်ကြီးလာတော့ ဦးနှောက်မရှိတော့ဘူးပဲ...အကိုကောက ဘာတွေများမှားနေလို့လဲ...သူက အင်မော်တယ်ကျောက်တုံးတွေကိုတောင် ထုတ်ပေးပြီး ကျွန်မတို့ကို ကူညီခဲ့တယ်...ဘာလို့ အဖေက သူကိုကျ သဘောမကျဘဲ သူရဲဘောကြောင်တဲ့ တပ်စုမှူးလေးတစ်ယောက်ကို အရမ်းတန်ဖိုးထားနေရတာလဲ...အဖေကြောင့် ကျွန်မ ဒေါသအထွက်လွန်ပြီး သေနိုင်တယ်"

ဖေးထျန်ကွမ်းက အေးစက်စက်နှာတစ်ချက်မှုတ်လိုက်သည်။

"နတ်ဘုရားဌက်မွှေးဂိုဏ်းမှာ ဘာအကြံအစည်တွေရှိနေလဲဆိုတာ ဘယ်သူက သိနိုင်မှာလဲ....သူတော်စင်ပင်လယ်ကြယ်နယ်မြေကိုရောက်တာနဲ့ ငါ သူ့ရဲ့အင်မော်တယ်ကျောက်တုံးတွေကို နှစ်ဆပြန်ပေးလိုက်မယ်...မင်းလည်း အနာဂတ်မှာ ကောယင်ကျဲနဲ့ ရင်းရင်းနှီးနှီးဆက်ဆံစရာမလိုဘူး"

Thank For Reading.

All Chapters