← Chapters

အခန်း (၁၈၄၁-၁၈၄၅)

Vol. 95 Ch. 1841-1845

အခန်း (၁၈၄၁-၁၈၄၅)

Vol. 95 Ch. 1841-1845

Chapter 1841

ထိုကိစ္စများအားလုံးကိုလုပ်ဆောင်ပြီးသည်နှင့် လုယွီက ရွှံစေးမျောက်ရုပ်ထုကိုစားပွဲပေါ်သို့ ပြန်တင်ထားလိုက်သည်။

လုယွီသည် လေဟာနယ်သင်္ဘောပေါ်ရှိ အိမ်တော်အတွင်း၌ထိုင်နေသည်။ပတ်ဝန်းကျင်နေရာတဝိုက်တွင် အထူးဖယောင်းတိုင်များကိုထွန်းညှိထားပြီး စိတ်တည်ငြိမ်အေးချမ်းစေသော မွှေးရနံ့များ ထုတ်လွှက်နေပေ၏။

"မင်းတို့ ဒီနေရာကိုရောက်နေတာ အချိန်အတော်ကြာနေပြီ...ခုထိ ဆင်းလာဖို့ အဆင်သင့်မဖြစ်ကြသေးဘူးလား"

လုယွီက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

သို့ရာတွင် ပတ်ဝန်းကျင်နေရာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေပြီး မည်သည့်အသံဗလံမျှ ထွက်ပေါ်လာခြင်းမရှိချေ။

"မင်းတို့က ထွက်မလာကြသေးဘူးလား"

လုယွီက ရုတ်တရက် ဦးတည်ချက်တစ်နေရာသို့ကြည့်ကာ သူ၏လည်ချောင်းများတုန်ခါသည်အထိ ဒေါသတကြီးအော်ဟစ်ကြုံးဝါးလိုက်၏။

လုယွီ၏အသံတွင် နဂါးတစ်ကောင်၏ဟိန်းဟောက်သံရောယှက်နေပုံရပြီး အထက်ကိုးကောင်းကင်မှဆင်းသက်လာသော နက်နဲသိမ်မွေ့မိုးကြိုးနှင့်တူညီကာ လူအများအား သူတို့စိတ်ဝိညာဥ်၏အနက်ရှိုင်းဆုံးနေရာမှ ထိတ်လန့်ကြောက်ရွံလာမှုကို ခံစားရစေသည်။

ထိုအော်ဟစ်ကြုံးဝါးသံနှင့်အတူ လူးလွန့်တိုက်ခတ်လာသော လေလှိုင်းများကြောင့် အိမ်တော်ခေါင်မိုးမှအမိုးများ လွင့်ထွက်သွားပြီး လူအမြောက်အများ အောက်သို့ပြုတ်ကျလာသည်။

သူတို့အားလုံး၏ခန္ဓာကိုယ်များကို အနက်ရောင်ဝတ်ရုံများ ခြုံလွှမ်းထားပြီး သူတို့၏မျက်နှာပေါ်တွင် မျက်နှာဖုံးများတပ်ဆင်ထားကြ၏။သူတို့သည် ထုတ်ဖော်ခံလိုက်ရချိန်တွင် အလွန်အမင်း အံ့အားသင့်တုန်လှုပ်သွားကြသည်။

"ဒါဆို မင်းတို့က လုပ်ကြံသတ်ဖြတ်သူတွေပေါ့...မင်းတို့ပုန်းနေတာ အချိန်အတော်ကြာလှပြီ...ဘာလဲ...ငါ သူတော်စင်ပင်လယ်ကြယ်နယ်မြေကနေ ထွက်သွားပြီးမှ မင်းတို့ ငါ့ကိုသတ်ဖို့ကြံစည်ထားကြတာလား...မင်းတို့ရဲ့နောက်က အရှင်သခင် ပြဿနာတက်မှာစိုးရိမ်လို့ သူတော်စင်ပင်လယ်ကြယ်နယ်မြေကနေ ငါ ဝေးကွာသွားမယ့်အချိန်ထိ မင်းတို့စောင့်နေကြတာမလား"

လုယွီက ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့တိုးပြီးနောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှနေ၍ ပြင်းထန်သောမှော်စွမ်းအားများ ရုတ်တရက်ထွက်ပေါ်လာသည်။

ထိုမှော်စွမ်းအားများသည် လုယွီ၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ ရစ်သိုင်းနေပြီး တဖြည်းဖြည်း မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးအဖြစ် ဖွဲ့စည်းသွားသည်။ထိုပုံရိပ်ယောင်ကြီးသည် သူ၏မျက်လုံးကိုဖွင့်၍ သူ့ရှေ့ရှိအရာရာတိုင်းကိုကြည့်လိုက်၏။

ထိုမြင်ကွင်းကိုကြည့်ပြီး အနက်ရောင်ဝတ်စုံဝတ်လူများသည် ​ကြက်သေသေနေကြပြီး သူတို့က မည်သို့ဆက်လုပ်ရမည်ကို မသိကြတော့ချေ။

"သူ့ကိုသတ်...တိုက်ခိုက်ကြစမ်း"

စူးရှရှအော်ဟစ်သံတစ်သံနှင့်အတူ အနက်ရောင်ဝတ်စုံဝတ်လူများက ရှေ့သို့တဟုန်ထိုးပြေးဝင်လာသည်။

ထိုအနက်ရောင်ဝတ်စုံဝတ်လူများသည် ကျင့်ကြံဆင့်နိမ့်ပါးသူများမဟုတ်ချေ။သူတို့လှုပ်ရှားမှုပြုလုပ်လိုက်သည်နှင့် လုယွီက လေလွင့်အင်မော်တယ်ဆယ်ယောက်ကျော်ခန့် သူ့အားဝိုင်းရံထားသည်ကို ချက်ချင်းဆိုသလိုပင် ခံစားလိုက်ရ၏။

ထိုလူများအကြား၌ လောကီအင်မော်တယ်နယ်ပယ် အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ပင်ရှိနေသည်။

"စိတ်ဝင်စားစရာပဲ"

လုယွီ၏မျက်လုံးမှ အေးစက်စက်အလင်းတန်းများ ဖြာထွက်လာသည်။သူ၏ခန္ဓာကိုယ်သည် ဓားအိမ်မှထွက်လာသည့် စူးရှချွန်ထက်သောဓားတစ်ချောင်းအလား ချက်ချင်းပင် ပတ်ဝန်းကျင်တစ်ခုလုံးသို့ ဖြတ်သန်းသွားသည်။

ဘန်း...ဘန်း...ဘန်း...

လုယွီ၏ရိုက်နှက်မှုကိုခံရသော အနက်ရောင်ဝတ်စုံဝတ်လူများသည် လျှပ်စီးဖြင့်ရိုက်ခတ်ခံရသည့်အလား မြေပြင်ပေါ်သို့တစ်ယောက်ပြီးတစ်ယောက် လဲကျသွားကြ၏။

အရိုးများအက်ကွဲသံများနှင့်အတူ လုယွီနှင့်အနီးဆုံးနေရာတွင်ရှိနေသော လူများအားလုံး၏အရိုးအရွတ်များ ကြေမွပျက်စီးသွားပြီး သူတို့က ညည်းတွားခြင်းပင်မပြုနိုင်ကြတော့ချေ။

ထိုအနက်ရောင်ဝတ်စုံဝတ်လူများသည် အစွမ်းထက်သော်လည်း သူတို့သည် မည်သည့်နည်းနှင့်မျှ လုယွီ၏ပြိုင်ဘက်မဖြစ်နိုင်ပေ။

"ကောင်လေး...ကြည့်ရတာတော့ မင်းက ဗိုလ်ချုပ်တစ်ယောက်ဖြစ်လာတော့ ခွန်အားတချို့ရှိလာပုံပဲ...ဒါပေမယ့် ဒါက အဆုံးသတ်မဟုတ်သေးဘူး"

ထိုအချိန်မှာပင် ရုတ်တရက် ပြင်းထန်သောလေပြင်းတစ်ချက်က လုယွီ၏နားအနီးမှဖြတ်သန်းတိုက်ခတ်သွားသည်။

လုယွီက လှည့်ကြည့်ရန်ဟန်ပြင်လိုက်စဥ်မှာပင် သူ့နောက်၌ ပြင်းထန်သောအရှိန်အဝါတစ်ရပ်ရှိနေသည်ကို ခံစားမိပေ၏။

ကျယ်လောင်သောမြည်ဟီးသံနှင့်အတူ ပြင်းထန်သောအားလှိုင်းတစ်ရပ်က လုယွီထံသို့ ကျရောက်လာသည်။

လုယွီသည် နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်၍ အကြိမ်အနည်းငယ်ခန့်ခုန်ရှောင်ကာ ထို​တုန်လှုပ်ချောက်ချားဖွယ်အားလှိုင်းကို ပျက်ပြယ်သွားစေသည်။

သူ၏နောက်၌ အနက်ရောင်ဝတ်စုံဝတ်လူတစ်ယောက် ရုတ်တရက်ထွက်ပေါ်လာသည်။

တခြားအနက်ရောင်ဝတ်စုံဝတ်လူများနှင့်မတူညီဘဲ ယခုလူသည် ပို၍သန်မာအားကောင်းသည်မှာ သိသာထင်ရှားလှ၏။

သူ၏ခန္ဓာကိုယ်ပေါ်တွင် သံကြိုးများကိုသံချပ်ကာအင်္ကျီကဲ့သို့ဝတ်ဆင်ထားသည်။သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ကွေးကောက်ပြီး သံချပ်ကာအတွင်း၌ရှိနေသဖြင့် ကြည့်ရသည်မှာ အလွန်အမင်း ရက်စက်ကြမ်းကြုတ်ပုံရသည်။

"ရှုရာလား"

လုယွီက အေးစက်စက်လေသံဖြင့် ပြောဆိုပြီး သူ၏အရိုးနှင့်ကြွက်သားများကို ဆန့်ထုတ်လိုက်သည်။

သူ့ရှေ့ရှိလူသည် လောကီအင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်ကျင့်ကြံသူဖြစ်သည်။ထို့ပြင် သူသည် ကျင်းထျန်းမျှော်စင်တွင် လုယွီနှင့် ပထမဆုံးလက်နက်တိုက်ပွဲတိုက်ခိုက်ခဲ့သည့် ရှုရာလည်းဖြစ်ပေ၏။

ကြည့်ရသည်မှာ ကျင်းထျန်းမျှော်စင်မှတစ်စုံတစ်ယောက်သည် လုယွီကိုသတ်ဖြတ်လိုသဖြင့် သူ၏လူများကို စေလွှက်လိုက်ပုံရသည်။

လုယွီသည် ကျင်းထျန်းမျှော်စင်မှနေ၍ အင်မော်တယ်ကျောက်တုံး သန်းတစ်သောင်းခွဲအနိုင်ရခဲ့သည်။သူတို့သည် ဤကိစ္စကို မည်သည့်နည်းဖြင့် လက်လျော့အရှုံးပေးနိုင်မည်နည်း။

"ငွေတွေကို လိမ်လိမ်မာမာ ထုတ်ပေးစမ်း...ဒါဆိုရင် ငါ မင်းရဲ့အသက်ကို ချမ်းသာပေးမယ်"

လုယွီက မတ်တတ်ရပ်နေဆဲဖြစ်သည်ကိုမြင်ချိန်တွင် ရှုရာ၏မျက်လုံးများအတွင်း၌ ထူးဆန်းသောအနီရောင်အလင်းတန်းများ တောက်ပသွားသည်။

ဤသည်က အဆင့်မြင့်ရှုရာများထံတွင်သာရှိသော အနီရောင်မျက်စိသူငယ်အိမ်တစ်စုံဖြစ်သည်။

Chapter 1842

"တော်ဝင်နန်းတွင်းက အရာရှိတစ်ယောက်ကို လမ်းတစ်ဝက်မှာကြားဖြတ်နှောက်ယှက်ပြီး သတ်ဖို့ကြိုးစားတာရဲ့ အကျိုးဆက်တွေကို မင်း သိလား"

လုယွီက အသံနက်ကြီးဖြင့်အော်ဟစ်လိုက်သည်။

အကယ်၍ လုယွီကဲ့သို့စစ်ဗိုလ်ချုပ်တစ်ယောက်ကို ရှုရာမျိုးနွယ်မှ သတ်ဖြတ်ရန်ကြိုးစားခဲ့သည်ကို တော်ဝင်နန်းတော်မှသိရှိသွားပါက ရှုရာမျိုးနွယ်တစ်စုလုံး အမြစ်ပြတ်သုတ်သင်ခံရပေမည်။

တာယွီတော်ဝင်စစ်တပ်တွင် စစ်သည်အင်အားသုံးသန်းကျော်အမြဲအဆင်သင့်ရှိနေသည့် ပုန်ကန်သူနှိမ်နင်းရေးဌာနဟုခေါ်သော ဌာနခွဲတစ်ခုရှိသည်။အကယ်၍ မည်သည့်နေရာတွင်မဆို ပုန်ကန်မှုတစ်ခုဖြစ်ပွါးပါက ထိုနေရာသို့စစ်တပ်ဖြင့်ဝိုင်းရံကာ ပုန်ကန်သူများအားလုံး အမြစ်ပြတ်သုတ်သင်ခံရပေမည်။

ဤသည်က အမိန့်မနာခံသည့်နယ်မြေများကို နှိမ်နင်းသည့် တာယွီအင်ပါယာ၏နည်းလမ်းများအနက်မှတစ်ခုဖြစ်ပေ၏။

မည်သည့်မျိုးနွယ်စုမဆို တခြားရွေးချယ်စရာမရှိတော့သည့်အချိန်မှလွဲ၍ တာယွီတော်ဝင်စစ်တပ်မှအရာရှိများကို တိုက်ခိုက်ခြင်းမပြုကြချေ။

ရှုရာက ရုတ်တရက် ရက်စက်ကြမ်းကြုတ်သောအပြုံးမျိုးပြုံးလိုက်သည်။

"ငါ မင်းကို သတ်လိုက်တဲ့ကိစ္စကို ဘယ်လိုလုပ်ပြီး တော်ဝင်နန်းတော်ကလူတွေသိနိုင်မှာလဲ...ပြီးတော့ ငါတို့က တော်ဝင်နန်းတော်နဲ့တိုက်ခိုက်မှာ အနှေးနဲ့အမြန်ပဲ...မင်းက ငါ ပထမဆုံးသတ်လိုက်တဲ့ တော်ဝင်နန်းတွင်းအရာရှိဖြစ်နိုင်တယ်"

ထိုစကားကိုကြားချိန်တွင် လုယွီက အံ့အားသင့်တုန်လှုပ်သွားသည်။

ရှုရာ၏ဆိုလိုရင်းမှတဆင့် သူတို့သည် တော်ဝင်နန်းတော်ကိုဆန့်ကျင်ရန် ကြံစည်နေကြသည်မှာ သိသာထင်ရှားလှ၏။

ဖြစ်နိုင်သည်မှာ ရှုရာနယ်မြေသည် အမှန်တကယ်ကိုပင် ပုန်ကန်ရန်ကြိုးစားနေကြသလော...

လုယွီ တွေးတောနေရန်ပင် အချိန်မရဘဲ ရူရာက သူ့ကို တဟုန်ထိုးပြေးဝင်တိုက်ခိုက်ခဲ့သည်။

ရှုရာမျိုးနွယ်ဝင်များသည် တိုက်ခိုက်ရန်အတွက်မွေးဖွားလာကြသောမျိုးနွယ်စုဖြစ်သည်။ထို့ပြင် သူတို့သည် မွေးဖွားလာစဥ်အချိန်မှစ၍ တိုက်ခိုက်ခြင်းကို လေ့ကျင့်ခဲ့ကြရသည်။ရှုရာများသည် ရုပ်ခန္ဓာကိုယ်နှင့်ကျင့်ကြံဆင့်နယ်ပယ်နှစ်မျိုးလုံးတွင် လူသားမျိုးနွယ်ထက် များစွာပို၍အရည်အချင်းရှိလေ၏။

ထို့ကြောင့် ကျင့်ကြံဆင့်နယ်ပယ်တူ ရှုရာတစ်ယောက်နှင့်ရင်ဆိုင်တွေ့လျှင် လူသားမျိုးနွယ်များသည် အရေးမသာသောအခြေအနေမျိုးနှင့် မကြာခဏကြုံတွေ့ရလေ့ရှိသည်။

ကံဆိုးစွာဖြင့် ထိုရှုရာနှင့်ရင်ဆိုင်တိုက်ခိုက်မည့်သူမှာ လုယွီဖြစ်နေသည်။

"ငါက မင်းရဲ့နောက်ကြောင်းကို လူလွှက်ပြီးစုံစမ်းပြီးသွားပြီ...မင်းက တပ်စုမှူးလေး တစ်ယောက်ပါပဲ...မင်းရဲ့ကံနည်းနည်းကောင်းပြီး စစ်ဗိုလ်ချုပ်အဆင့်ကို ရာထူးတိုးလာခဲ့တာ...ငါ မင်းကိုသတ်ဖို့ဆိုတာက ခွေးတစ်ကောင်ကိုသတ်တာထက် ပိုပြီးရိုးရှင်းတယ်"

ရှုရာက ရယ်မောပြီး သူ၏လက်ကိုဆန့်တန်းလိုက်၏။သူ၏လက်သည် ရုတ်တရက် ဓားရှည်တစ်လက်အဖြစ် အသွင်ပြောင်းသွားခဲ့သည်။

သူသည် ရှုရာပေါင်းစပ်လက်နက်မျိုးနွယ်မှ မျိုးနွယ်ဝင်တစ်ယောက်ပင်။

ထိုမျိုးနွယ်များသည် သူတို့၏ခန္ဓာကိုယ်အစိတ်အပိုင်းများကို ထိန်းညှိ၍မှော်လက်နက်များဖြင့် ပေါင်းစပ်ထားကြသည်။မျိုးနွယ်ဝင်အများစုသည် သူတို့၏ခန္ဓာကိုယ်အစိတ်အပိုင်းတချို့ကို မှော်လက်နက်များအဖြစ် ပြောင်းလဲနိုင်ကြ၏။

"ငါ့ရဲ့လက်ကို ထိပ်တန်းအဆင့်မှော်ရတနာနဲ့ပေါင်းစပ်ထားတာ...ဒါက ဖျက်ဆီးလို့မရဘူး...မင်းက ဘာကိုအသုံးပြုပြီး ငါနဲ့တိုက်ခိုက်မှာလဲ"

ရှုရာက သရော်တော်တော်ပြောဆိုပြီး လုယွီထံဦးတည်ကာ သူ၏ဓားရှည်ဖြင့် ခုတ်ပိုင်းလိုက်သည်။

ဝှစ်ခနဲအသံနှင့်အတူ ထိုဓားရှည်သည် စူးရှသောလေပြင်းကိုသယ်ဆောင်၍ မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် လုယွီ၏ရှေ့သို့ရောက်ရှိလာသည်။

လုယွီက အမူအယာကင်းမဲ့သောမျက်နှာနှင့် ပြောဆိုသည်။

"ငါ့ရဲ့ရုပ်ခန္ဓာကိုယ်က အစွမ်းထက်ဆုံးသတ်ဖြတ်ခြင်းမှော်လက်နက်ပဲ...မင်းရဲ့အဆင့်လောက်နဲ့ ငါ့ရှေ့မှာလာပြီး မောက်မာပြဖို့ထိုက်တန်တယ်လို့ ထင်နေတာလား"

အစွမ်းထက်သောမှော်စွမ်းအားများ လုယွီ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။

လုယွီသည် မည်သည့်သိုင်းပညာနည်းစနစ်ကိုမှ အသုံးပြုခြင်းမရှိဘဲ ရိုးရှင်းသောလက်သီးတစ်ချက်ကို ထိုးနှက်လိုက်၏။

ဘုန်း...

တုန်လှုပ်ချောက်ချားဖွယ်အားလှိုင်းတစ်ရပ်က ရှုရာထံသို့ တိုးဝင်သွားသည်။

ရှုရာ၏မျက်နှာပေါ်တွင် ကြောက်ရွံထိတ်လန့်မှုများနှင့် ပြည့်နှက်နေပေ၏။သူ၏ရှေ့၌ မြင့်မားသောတောင်ကြီးတစ်လုံးရှိနေသကဲ့သို့ ခံစားလိုက်ရပြီး တုန်လှုပ်ချောက်ချားဖွယ်အားလှိုင်းအရှိန်အဟုန်သည် သူ၏စိတ်နှလုံးသားအတွင်းမှ မည်သည့်ခုခံလိုသည့်စိတ်ခံစားချက်မျိုးကိုမျှ ထွက်ပေါ်မလာစေရန် ဟန့်တားနေသည်။

ရှုရာသည် အစွမ်းကုန်ကြိုးစား၍ သူ၏တိုက်စစ်ကို ခံစစ်အဖြစ် အလျှင်အမြန် ပြောင်းလဲလိုက်သည်။

သို့ရာတွင် လေပြင်းတစ်ချက်ဝှေ့ယမ်းတိုက်ခတ်သွားသည်ကလွဲ၍ ရှုရာသည် မည်သည့်ထိခိုက်နာကျင်မှုမျိုးမျှမရရှိချေ။

"ဒါဆို...ဒါက ခြောက်လှန့်ရုံသက်သက်ပေါ့လေ...ကောင်လေး မင်း သေဖို့သာပြင်ထားတော့"

ရှုရာသည် အသိပြန်ဝင်လာပြီးနောက် သူ့အား အရှက်ခွဲစော်ကားခံရမှုကို သည်းမခံနိုင်တော့ပေ။သူက လုယွီထံဦးတည်ကာ ထပ်မံ၍ပြေးဝင်တိုက်ခိုက်လိုက်၏။

သို့ရာတွင် သူ ခြေတစ်လှမ်းရွေ့လျားလိုက်သည်နှင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံး အားနည်းလာခြင်းကို ရုတ်တရက်ခံစားလိုက်ရသည်။ထို့နောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံး ပျော့ခွေပြီး မြေပြင်ပေါ်သို့လဲကျသွားတော့သည်။

"ဘာလို့လဲ....."

ရှုရာ၏မျက်လုံးများက မယုံကြည်နိုင်မှုဖြင့် ပြူးကျယ်နေသည်။

လုယွီ၏ရိုးရှင်းသောလက်သီးချက်သည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ အရိုးများကို ကြေမွပျက်စီးသွားစေသည်။

အကယ်၍ သူသည် လူသားတစ်ယောက်ဆိုပါက သေဆုံးသွားပြီးဖြစ်ပေမည်။သူသည် ရုပ်ခန္ဓာကိုယ်သန်မာအားကောင်းသော ရှုရာဖြစ်နေ၍သာ ယခုလက်ရှိအချိန်ထိ အသက်ရှင်သန်နေခြင်းဖြစ်ပေ၏။

လုယွီက အချိန်ဆွဲခြင်းမရှိဘဲ သူ၏လက်ဖြင့် ရှုရာ၏ခေါင်းကိုအုပ်မိုးကာ စိတ်ဝိညာဥ်ရှာဖွေခြင်းနည်းစနစ်ကို အသုံးပြုလေသည်။

"ရှန့်လင်းမြို့အရှင်က ရှုရာတွေနဲ့ပူးပေါင်းပြီး ပုန်ကန်မှုကျူးလွန်ဖို့ ပြင်ဆင်နေတာပါလား"

လုယွီက တီးတိုးရေရွတ်လိုက်သည်။

Chapter 1843

ရှုရာ၏မှတ်ဥာဏ်များက တစ်ခုပြီးတစ်ခု လုယွီ၏စိတ်အတွင်းသို့ တိုးဝင်လာသည်။

အချိန်တခဏကြာပြီးနောက် ရှုရာသည် ပြင်းထန်သော စိတ်ဝိညာဥ်ရှာဖွေမှုဒဏ်ကို တောင့်ခံနိုင်စွမ်းမရှိတော့ချေ။သူ့ထံမှ စူးရှနာကျင်စွာအော်ဟစ်သံကြီးထွက်ပေါ်လာခြင်းနှင့်အတူ သူ၏စိတ်ဝိညာဥ်ကြေမွပျက်စီးသွားတော့သည်။

လုယွီ၏စိတ်ဝိညာဥ်ရှာဖွေခြင်းနည်းစနစ်မှာ သူကိုယ်တိုင်ဖန်တီးထားခြင်းဖြစ်သည်။ထိုနည်းစနစ်သည် အလွန်အမင်းရက်စက်ကြမ်းကြုတ်ပြီး သေလုမတက်နာကျင်စေသဖြင့် သာမာန်ကျင့်ကြံသူများ တောင့်ခံနိုင်ခြင်းမရှိချေ။

သို့သော် အချိန်တိုအတွင်းမှာပင် လုယွီသည် ရှုရာမျိုးနွယ်များ၏အစီအစဥ်ကို သိရှိလိုက်ရ၏။

ရှုရာနယ်မြေ ပုန်ကန်ရန် ကြိုးစားနေခြင်းမှာ တိကျသေချာသည်။

သူတို့သည် လော့ရွှေကြယ်မြစ်အတွင်းရှိ အရာရှိများနှင့်ဆက်သွယ်ထားပြီး အတွင်းအပြင်ပူးပေါင်းလုပ်ဆောင်နေကြသည်။

ရှုရာ၏မှတ်ဥာဏ်များအတွင်း၌ လုယွီသည် လူတချို့၏မျက်နှာများကိုတွေ့မြင်မိသည်။ထိုလူများတွင် ရှန့်လင်းမြို့အရှင် သူတော်စင်ပင်လယ်ကြယ်နယ်မြေ၏မြင်းတပ်သံတမန် လော့ရွှေကြယ်မြစ်မှစုံစမ်းစစ်ဆေးရေးမှူးနှင့် တခြားသူများပါဝင်သည်။

သူတို့အားလုံးသည် လော့ရွှေကြယ်မြစ်အတွင်းရှိ အရေးပါသောပုဂ္ဂိုလ်များဖြစ်ပြီး သူတို့၏လက်အတွင်း၌ ကြီးမားသောခွန်အားများကို ကိုင်ဆောင်ထားသည်။

ထို့ပြင် လေဟာနယ်ဓားပြများသည် ထိုလူများ၏လက်အတွင်းမှ စစ်တုရင်နယ်ရုပ်မျှသာဖြစ်ပေ၏။

အကယ်၍ သူတို့သာ ပုန်ကန်ပါက လော့ရွှေကြယ်မြစ်သည် ကြီးမားသောကပ်ဘေးနှင့် ရင်ဆိုင်ရမည်မှာ အသေအချာပင်။

လီလုံချင်းသည် ဤကိစ္စကို ဖိနှိပ်နှိမ်နှင်းနိုင်မည်လော....

လုယွီသည် သူ၏စိတ်အတွင်း၌ မှန်းဆထားသည့်အရာများရှိသော်လည်း သူ အတပ်မပြောနိုင်သေးချေ။

သို့ရာတွင် ယခုလက်ရှိချိန်၌ လုယွီသည် ရှားဟိုလီ၏စီမံချက်များကို သုံးသပ်နိုင်ခဲ့သည်။

ရှားဟိုလီသည် နန်းတွင်းမှအဆင့်မြင့်အရာရှိတစ်ယောက်ဖြစ်သဖြင့် လေဟာနယ်ဓားပြများကို သူ ကိုယ်တိုင်တိုက်ခိုက်ရန် မလိုအပ်ချေ။

သို့ရာတွင် ရှားဟိုလီသည် ကိုယ်တိုင်ကိုယ်ကျရောက်ရှိလာပြီး စစ်တပ်ကိုဦးဆောင်ခဲ့သည်။

ဤသည်က သားသတ်သမား၏ဓားဖြင့် ကြက်များကိုသတ်ဖြတ်သည့်အလားပင်။

ရှားဟိုလီသည် သူ၏သားကို လေဟာနယ်ဓားပြများက ထိခိုက်ဒဏ်ရာရစေခဲ့သဖြင့် သူ၏သဘောဆန္ဒအလျောက် တိုက်ခိုက်သည်ဟူသော နောက်ကွယ်တွင် တခြားအကြောင်းအရာများ ရှိနေနိုင်သည်။

ရှားဟိုလီသည် တော်ဝင်နန်းတွင်း၌ မြင့်မားသောအဆင့်အတန်းနှင့်အခွင့်အာဏာရှိသော်လည်း ယခုချိန်၌ သူ့အတွက်ရည်ရွယ်ထားသော ထောင်ချောက်အတွင်းသို့ သက်ဆင်းနေလေပြီ။

"အရှင်...အဆင်ပြေရဲ့လား"

ပြင်ပမှနေ၍ အစေခံတစ်စုက ထိတ်လန့်တကြား ပြေးဝင်လာကြ၏။

လူသတ်သမားများရောက်လာချိန်တွင် သူတို့သည် အနီးသို့မချဥ်းကပ်ဝံ့ကြသဖြင့် အဝေးမှသာ ပုန်းအောင်း၍စောင့်ကြည့်နေကြခြင်းဖြစ်သည်။

ထိုလူသတ်သမားများအားလုံးကို လုယွီက သတ်ဖြတ်ပြီးမှသာ သူတို့က ပြင်ပသို့ထွက်လာဝံ့ကြသည်။

"ပစ္စည်းတွေကို ထုတ်ပိုးထားကြတော့...သင်္ဘောကို အရှိန်မြှင့်လိုက်စမ်း"

လုယွီက အမိန့်ပေးလိုက်သည်။

တဖက်လူများသည် အမှန်တကယ်ကိုပင် ရှားဟိုလီကို သတ်ဖြတ်လိုပါက သူ ကြားဝင်စွက်ဖက်ရပေမည်။အကောင်းဆုံးရလဒ်မှာ သူ ရှားဟိုလီနှင့် မိတ်ဆွေဖွဲ့နိုင်ရန်ပင်။နောင်တစ်ချိန်၌ လုယွီသည် ဤကဲ့သို့အစွမ်းထက်ကျင့်ကြံသူများကို သူ၏လက်အောက်သို့ ဆွဲဆောင်ခေါ်ယူရန် ရည်ရွယ်ထားပေ၏။

ကြယ်မြစ်အတွင်းရှိ စစ်စခန်း၌.....

လုယွီ၏လေဟာနယ်သင်္ဘောချဥ်းကပ်သွားချိန်တွင် ချက်ချင်းဆိုသလိုပင် စစ်မေးခံရသည်။သို့ရာတွင် သူထံ၌ ရွှမ်းဝူစစ်ဗိုလ်ချုပ်တံဆိပ်ပြားရှိနေသဖြင့် မည်သည့်အတားအဆီးနှင့်မျှ ရင်ဆိုင်ရခြင်းမရှိချေ။

"စစ်စခန်းမှာ အပြင်လူတွေကို မလိုအပ်ဘူး...မင်းတို့ပြန်သွားကြတော့...အုပ်ချုပ်သူလီရဲ့စိတ်စေတနာအတွက် ငါက ကျေးဇူးတင်ပါတယ်လို့ ပြောပေးပါ"

လုယွီက သူ၏လက်ကိုဝှေ့ယမ်းပြလိုက်သည်။

ထိုအစေခံများသည် လီလုံချင်းက သူ၏နံဘေးနားတွင်ထားရန် စီစဥ်ထားသောသူလျှိုများဖြစ်နိုင်သည်။အကယ်၍ သူတို့ကိုသာ သူ၏နံဘေးတွင်ထားပါက စောင့်ကြည့်ခံရမှုများ ရှိလာနိုင်သည်။

"ဗိုလ်ချုပ်က ဒီလိုဆိုမှတော့...ကျွန်တော်တို့ ပြန်လိုက်ပါ့မယ်"

အစေခံများထွက်ခွာသွားပြီးနောက် လုယွီက တိုက်ပွဲအကျိုးဆောင်ခန်းမသို့ လျှောက်လှမ်းသွားလိုက်၏။

သူသည် ရွှမ်းဝူစစ်ဗိုလ်ချုပ်ရာထူးကိုရခဲ့ခြင်းမှာ လုပ်ကြံသတ်ဖြတ်ခြင်းခန်းမမှ မြေကမ္ဘာအင်မော်တယ်ကို သတ်ဖြတ်ခဲ့ခြင်းကြောင့်ဖြစ်သည်။သို့ရာတွင် သူသည် ဖေးထျန်ကွမ်းကိုကာကွယ်စောင့်ရှောက်ခဲ့သည့် ဆုလာဘ်တစ်ခုတစ်လေကိုမျှ မရရှိသေးချေ။

သူ၏လက်ရှိရာထူးဖြင့် ထိုတိုက်ပွဲအကျိုးဆောင်ရမှတ်များသည် သူ့အားနောက်တစ်ဆင့်ရာထူးတိုးစေရန် လုံလောက်ခြင်းမရှိသော်လည်း ဤသည်က များပြားသောရမှတ်များ ဖြစ်နေသေးသည်။

တိုက်ပွဲအကျိုးဆောင်ခန်းမသို့ ရောက်ရှိသည်နှင့် လုယွီက ဒုတိယထပ်သို့ တိုက်ရိုက်လျှောက်လှမ်းသွားလိုက်သည်။

ဤအချိန်တွင် တိုက်ပွဲအကျိုးဆောင်ခန်းမ၏ဒုတိယထပ်တွင် အသံအနည်းငယ်ဆူညံနေသည်။ထိုနေရာတွင် တာဝန်အမြောက်အများကို ချိတ်ဆွဲထားဆဲဖြစ်သော်လည်း မည်သည့်တာဝန်၏တိုက်ပွဲအကျိုးဆောင်ရမှတ်ကမျှ သူ လက်ခံခဲ့သောတစ်ခုထက် ကျော်လွန်ခြင်းမရှိသည်ကို လုယွီက သတိပြုမိပေ၏။

"အဲ့ဒီတာဝန်ကို ခုချိန်ထိ မရုတ်သိမ်းသေးဘူးလား"

"ပြောနေကြတာတော့ တပ်စုမှူးတစ်ယောက်က ဒီတာဝန်ကိုယူသွားတယ်ဆိုပဲ...ဒီလောက်အချိန်တွေအကြာကြီး ရှိနေပြီကိုတောင် သူ ပြန်မလာသေးဘူး...သူ သေများသေသွားတာလား"

"ဒါက တကယ့်ကိုပြဿနာကြီးပဲ...အချိန်တွေအရမ်းကြာနေပြီ...ဖေးသခင်ကြီးက သူ့ရဲ့အိမ်တော်အနီးအနားကိုပြန်ရောက်နေလောက်ပြီလို့ ငါ ခန့်မှန်းမိတယ်...ငါ ဒီတာဝန်ကိုယူလိုက်ရင်ကောင်းမလား"

"မေ့လိုက်တော့...ဒီတာဝန်ကိုချိတ်ဆွဲထားတာ အချိန်အတော်ကြာနေပြီလေ...ဒါတောင် ဒီတာဝန်ကို မင်း ယူရဲလို့လား...ဒီတာဝန်က အရမ်းအန္တရာယ်များတယ်...ဒါကိုယူတဲ့ ဘယ်သူမဆို သေဆုံးသွားတာပဲ"

Chapter 1844

တိုက်ပွဲအကျိုးဆောင်ခန်းမအတွင်း၌ စကားပြောဆိုသံများနှင့် အလွန်ဆူညံနေသည်။

"တဆိတ်လောက်...တာဝန်ပြီးဆုံးသွားတဲ့ တိုက်ပွဲအကျိုးဆောင်ရမှတ်တွေကို ဘယ်နေရာမှာထုတ်ယူရတာလဲ"

လုယွီက အရာရှိတစ်ယောက်ကို မေးမြန်းလိုက်သည်။

ထိုအရာရှိက လုယွီကို စောင်းငဲ့၍ကြည့်လိုက်၏။လုယွီသည် သံချပ်ကာဝတ်စုံကိုဝတ်ဆင်ထားခြင်းမရှိသည့်အပြင် အသက်ငယ်ရွယ်သေးသည်ကိုကြည့်ပြီး သူက စိတ်မရှည်သောလေသံဖြင့် ပြောဆိုသည်။

"တိုက်ပွဲအကျိုးဆောင်ရမှတ်တွေထုတ်ယူချင်ရင် ဟိုနေရာကိုသွားလိုက်"

လုယွီက တစ်ချက်ကြည့်လိုက်ရာ ထိုအရာရှိညွှန်ပြသည့်နေရာတွင် ကောင်တာခုံတစ်ခုရှိနေကြောင်းတွေ့မြင်မိသည်။ထိုကောင်တာခုံ၏တစ်ဖက်ခြမ်းတွင် စစ်သားတစ်ယောက် ရှိနေလေ၏။

လုယွီက ထိုနေရာသို့ တန်းတန်းမတ်မတ်လျှောက်သွားလိုက်၏။

"ငါ တာဝန်ပြီးဆုံးခဲ့လို့ တိုက်ပွဲအကျိုးဆောင်ရမှတ်တွေနဲ့ လဲလှယ်ချင်တယ်"

လုယွီက ပြောဆိုသည်။

ထိုစစ်သားသည် လုယွီကို ​စုန်ချည်ဆန်ချည်ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်၏။

"မင်း တိုက်ပွဲအကျိုးဆောင်ခန်းမကိုလာတာ ဒါ ပထမဆုံးအကြိမ်လား"

"ဒါက ဒုတိယအကြိမ်ပဲ...ဒါပေမယ့် ပထမအကြီမ်လာတုန်းက ငါ ယူခဲ့တဲ့တာဝန်အတွက် တိုက်ပွဲအကျိုးဆောင်ရမှတ်တွေကို လာပြီးလဲလှယ်တာ"

လုယွီက အမှန်အတိုင်း ပြောဆိုလေသည်။

"ဟူး...နေ့တိုင်း ဒီနေရာကို မင်းတို့လိုမျိူး တဇောက်ကန်းကောင်တွေ ရောက်လာကြတယ်"

ထိုစစ်သားသည် စိတ်မရှည်ပုံဖြင့် ကောင်တာခုံကိုခေါက်ကာ ပြောဆိုလိုက်၏။

"ဒါက စစ်ဗိုလ်ချုပ်အဆင့်တွေ တိုက်ပွဲအကျိုးဆောင်ရမှတ် လဲလှယ်တဲ့နေရာပဲ...ကျေးဇူးပြုပြီး မင်း သေချာကြည့်ပါအုံး"

တိကျသေချာစွာပင် ကောင်တာခုံ၏အောက်ခြေ၌ အဆင့်မြင့်တိုက်ပွဲအကျိုးဆောင်ရမှတ်များလဲလှယ်ရန်ဟု ရေးသားထားသည်။ဤနေရာတွင် ပဉ္စမအဆင့်နှင့်အထက်ရှိ စစ်ဗိုလ်ချုပ်များကသာ တိုက်ပွဲအကျိုးဆောင်ရမှတ်များ လဲလှယ်နိုင်သည်။

ထိုအချိန်မှာပင် အသံတစ်သံက လုယွီ၏နောက်မှ ထွက်ပေါ်လာသည်။

"ဒီကောင်လေးက ဘယ်နေရာကရောက်လာတာလဲ...မြန်မြန်လမ်းဖယ်ပေးစမ်း...ငါတို့ရဲ့ဗိုလ်ချုပ်လဲ့ဟူက တိုက်ပွဲအကျိုးဆောင်ရမှတ်တွေလဲလှယ်ဖို့ ဒီနေရာကိုလာနေပြီ"

စကားဆုံးသည်နှင့် လက်တစ်ဖက်သည် လုယွီကိုအဝေးသို့လွှင့်ပစ်လိုဟန်ဖြင့် သူ၏ပခုံးကို လာရောက်ဆုပ်ကိုင်လေသည်။

သို့ရာတွင် သူ၏လက်သည် လုယွီ၏ပခုံးကိုထိတွေ့မိသည်နှင့် ပြင်းထန်သောတုန်ခါမှုအားလှိုင်းတစ်ရပ်ကို ခံစားလိုက်ရသည်။

ဘန်းခနဲအသံနှင့်အတူ ထိုလူသည် လွင့်ထွက်သွားပြီး ခန်းမအတွင်းရှိ စားပွဲများကုလားထိုင်များနှင့် ဝင်ဆောင့်မိလေ၏။

သို့ရာတွင် လုယွီကမူ နေရာတွင်သာ မတ်တတ်ရပ်နေဆဲပင်။

"ကောင်လေး...ငါ မင်းကို သတိပေးမယ်...ဘာပြဿနာမှ မရှာနဲ့"

ကောင်တာခုံရှိစစ်သားသည် လုယွီ၏အပြုအမူကိုမြင်သည်နှင့် သူက လက်ညှိုးငေါက်ငေါက်ထိုးကာ ဒေါသတကြီး အော်ဟစ်ပြောဆိုလိုက်သည်။

"ဘာထိခိုက်ဒဏ်ရာမှမရစေနဲ့...သူက လူငယ်လေးတစ်ယောက်လေ"

ထိုအချိန်မှာပင် လူလတ်ပိုင်းကြီးတစ်ယောက်က လုယွီ၏နောက်သို့ ရောက်ရှိလာသည်။

ထိုလူသည် ဗိုလ်ချုပ်သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏လက်ကိုနောက်ပစ်ကာ သူ့ခေါင်းကိုမော့၍ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းလာပေ၏။

လူလတ်ပိုင်းကြီးရောက်ရှိလာသည်ကိုမြင်သည်နှင့် စစ်သား၏မျက်လုံးများ တောက်ပသွားသည်။

"ဗိုလ်ချုပ်လဲ့ဟူပါလား...ဗိုလ်ချုပ် ဒီကိုရောက်မလာတာတောင် အချိန်အတော်ကြာနေပြီ"

စစ်ဗိုလ်ချုပ်လဲ့ဟူသည် စစ်ဗိုလ်ချုပ်ရှဟယ်၏နာမည်ကျော်ကြားသော လက်အောက်ငယ်သားတစ်ယောက်ဖြစ်သည်။

လဲ့ဟူ၏မျက်နှာပေါ်၌ ကောက်ကျစ်ယုတ်မာသော အရိပ်အယောင်များရှိနေပြီး သူက မနှစ်မြို့ဖွယ်အပြုံးနှင့်ပြောဆိုလေ၏။

"ဒီတစ်ကြိမ်တော့ ငါက မဟာနတ်ဆိုးသားရဲတစ်ကောင်ကို သတ်ခဲ့တယ်...အဲ့ဒါကို ငါ့ရဲ့စစ်ရေးအောင်မြင်မှုထဲမှာ မှတ်တမ်းတင်ချင်တယ်"

သူသည် သူ၏သိုလှောင်အိတ်အတွင်းမှနေ၍ ကြီးမားသောနတ်ဆိုးလူဝံမှော်သားရဲ၏အလောင်းကြီးကို ထုတ်ယူလိုက်သည်။

ထူထဲပြီးလေးလံသော ဝက်ဝံအရေခွံကြီး စားပွဲပေါ်သို့ ကျရောက်လာသဖြင့် ချက်ချင်းပင် ဖုန်မှုန့်များ တထောင်းထောင်းဖြာထွက်သွားသည်။

စောင့်ကြည့်နေသူများသည် ထိုမြင်ကွင်းကိုမြင်သည်နှင့် သူတို့က ကူကယ်ရာမဲ့စွာ အံ့အားတသင့်အော်ဟစ်လိုက်ကြ၏။

ဤကဲ့သို့နတ်ဆိုးမှော်သားရဲအမျိုးအစားသည် အလွန်အမင်း အဖိုးတန်ရှားပါးပြီး ခွန်အားမှာလည်း အလွန်အမင်းနက်နဲသိမ်မွေ့သည်။

ထိုကဲ့သို့နတ်ဆိုးမှော်သားရဲမျိုးကို သတ်ဖြတ်နိုင်ခြင်းက လဲ့ဟူ၏ခွန်အားကောင်းမှုကို ပြသနေသည်။

"ဒါက အဆင့်မြင့်နတ်ဆိုးမှော်သားရဲပဲ...ဗိုလ်ချုပ်လဲ့ဟူ...ဒီတစ်ကြိမ်တော့ ဗိုလ်ချုပ်က တိုက်ပွဲအကျိုးဆောင်ရမှတ်တွေ အများကြီးရှာနိုင်ခဲ့တာပဲ"

စစ်သား၏မျက်လုံးများ တောက်ပသွားပေ၏။အကယ်၍ သူသည် ထိုနတ်ဆိုးမှော်သားရဲအလောင်းကြီးကို အထက်သို့လွှဲအပ်နိုင်ပါက သူသည်လည်း ဝေစုတချို့ရရှိနိုင်သည်။

မည်သူကမျှ နံဘေးတစ်ဖက်တွင် မတ်တတ်ရပ်နေသောလုယွီကို ဂရုစိုက်ခြင်းမရှိကြချေ။

ထိုအချိန်မှာပင် နောက်ထပ် အမျိုးသမီးစစ်သားတစ်ယောက်သည် ကောင်တာခုံ၏တစ်ဖက်ခြမ်းသို့ ရောက်ရှိလာသည်။

လုယွီသည် ဤနေရာ၌ အချိန်ဖြုန်းလိုစိတ်မရှိသဖြင့် တခြားကောင်တာခုံနေရာသို့ လျှောက်လှမ်းသွားလိုက်၏။

"ခဏနေအုံး...မင်း အခုသွားလို့မရသေးဘူး"

လဲ့ဟူက လုယွီကို ဟန့်တားလိုက်သည်။

"မင်း ဘာလုပ်ချင်လို့လဲ"

လုယွီက နောက်ပြန်လှည့်၍ မေးမြန်းသည်။

လဲ့ဟူသည် သူ၏နောက်ရှိ လက်အောက်ငယ်သားကို လက်ညှိုးညွှန်၍ ပြောဆိုလေ၏။

"မင်းက ငါ့ရဲ့လူတစ်ယောက်ကို ထိခိုက်ဒဏ်ရာရစေခဲ့တယ်...ဒီနေရာကိုလာပြီး သူ့ကို အရိုအသေပြုလိုက်....ဒီကိစ္စပြီးသွားပြီလို့ ငါ သတ်မှတ်လိုက်မယ်...မင်းက အသက်အရမ်းငယ်သေးတယ်လို့ ငါ တွေးမိတယ်...ဒီတစ်ကြိမ်တော့ ငါ မင်းကို သက်သက်ညှာညှာနဲ့အလွတ်ပေးလိုက်မယ်"

"ဗိုလ်ချုပ်က အရမ်းသနားကြင်နာတက်တာပဲ"

"အမှန်ပဲ...ဒီကောင်လေးအတွက် အရမ်းအပြစ်ပေါ့မနေဘူးလား....ဗိုလ်ချုပ်က အရိုအသေပြုခိုင်းရုံလေးလောက်နဲ့ သူ့ကိုလွယ်လွယ်လေး လွှက်ပေးလိုက်တယ်"

လဲ့ဟူ၏စကားကိုကြားသည်နှင့် သူ၏နောက်လိုက်များက အော်ဟစ်ပြောဆိုလိုက်ကြသည်။

Chapter 1845

"ငါ့ကို အရိုအသေပြုခိုင်းတာလား"

လုယွီ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းရောင်များ ဖြတ်ပြေးသွားသည်။

လဲ့ဟူ၏လက်အောက်ငယ်သားသည် အခွင့်အာဏာမရှိဘဲ လုယွီကို စတင်တိုက်ခိုက်ခဲ့ခြင်းမှာ သိသာထင်ရှားလှ၏။

သို့ရာတွင် ထိုလူသည် လုယွီ၏တန်ပြန်ခွန်အားလှိုင်းကို တောင့်ခံနိုင်စွမ်းမရှိသဖြင့် နောက်သို့လွင့်ထွက်သွားခြင်းဖြစ်သည်။

အဆုံးသတ်၌ လဲ့ဟူတို့လူစုသည် လုယွီကို တောင်းပန်စေလိုခဲ့သည်။

"ဟုတ်တယ်...မြန်မြန်လုပ်စမ်း...ခုလတ်တလောအချိန်မှာ ငါ အရမ်းအလုပ်များနေတယ်"

လဲ့ဟူက အေးစက်တင်းမာသောအသံဖြင့် ပြောဆိုလေ၏။

လုယွီက မျက်မှောင်ကြုတ်ပြီး သူ၏နံဘေးနားရှိ စစ်သားကိုကြည့်ကာ မေးမြန်းလိုက်သည်။

"တိုက်ပွဲအကျိုးဆောင်ခန်းမမှာ ဒီလိုစည်းမျဥ်းမျိုးရှိတာလား"

ထိုစစ်သားက သရော်တော်တော် ပြောဆိုသည်။

"မင်းက အဆင့်မြင့်အရာရှိမဟုတ်ဘူးလေ...မင်းက ဗိုလ်ချုပ်လဲ့ဟူကိုတွေ့တာတောင် အရိုအသေမပြုမှတော့ ဗိုလ်ချုပ်က မင်းကိုအပြစ်ပေးတာ ဖြစ်သင့်တဲ့ကိစ္စပဲ"

တခြားသူများကလည်း ပဋိပက္ခဖြစ်ပွါးနေသည်ကိုမြင်သဖြင့် အပြေးအလွှားရောက်ရှိလာကြသည်။

"ဒီကောင်လေးက လဲ့ဟူကိုတောင် ရန်စရဲတယ်...သူက သူ့ရဲ့အသက်ကို မလိုချင်တော့တာများလား"

"လဲ့ဟူက အသေးအမွှားကိစ္စတွေကိုတောင် လက်စားပြန်ချေတက်တဲ့သူလို့ နာမည်ကြီးတယ်...ပြီးတော့ သူ့ရဲ့စိတ်နေစိတ်ထားက အရမ်းဒေါသကြီးတယ်...သူ့ကိုရန်စဝံ့တဲ့ဘယ်သူမဆို ဆိုးရွားတဲ့အဆုံးသတ်နဲ့ရင်ဆိုင်ရမှာသေချာတယ်"

"ကျွတ် ကျွတ်...ဒီကောင်လေးကတော့ သနားစရာပဲ"

ပတ်ဝန်းကျင်ရှိလူများသည် သူတို့အချင်းချင်း တိုင်ပင်ဆွေးနွေးနေကြသော်လည်း သူတို့အားလုံးနီးပါးသည် လုယွီ ဒုက္ခတွေ့တော့မည်ဟုသာ တွေးတောနေကြ၏။

လုယွီ၏မျက်နှာအမူအယာ ပြောင်းလဲသွားသည်။

"အဲ့ဒီလိုလား...ဒီနေရာမှာ ခုလိုစည်းမျဥ်းရှိနေတယ်ဆိုမှတော့ သူက ငါ့ကို အရိုအသေမပြုတာကလည်း စည်းမျဥ်းကို ပြင်းပြင်းထန်ထန်ချိုးဖောက်တာ မဟုတ်လား"

ဘာ....

သူ့ကိုအရိုအသေပြုရမည်ဟု ဆိုလိုက်သလော....

လဲ့ဟူက ရယ်မောလိုက်၏။

"ကောင်လေး...မင်းက ငါ့ကိုပြောချင်တာလား...ငါက မင်းကို အရိုအသေပြုရမှာလား...ဟား ဟား ဟား ဒီနေ့ကတော့ တကယ့်ကိုထူးဆန်းတာပဲ...ငါ အပြင်ကိုထွက်လာတဲ့ အချိန်ခဏလေးမှာပဲ သေမှာကိုမကြောက်တဲ့ကောင်တစ်ကောင်နဲ့ တွေ့ရမယ်လို့ ငါ မျှော်လင့်မထားမိဘူး"

လဲ့ဟူ၏မျက်နှာပေါ်၌ ကောက်ကျစ်ယုတ်မာသောအပြုံးမျိုး ထင်ဟပ်နေသည်။

"ငါ မင်းကို အခွင့်အရေးတစ်ခုထပ်ပေးမယ်...မင်း ငါ့ကိုသုံးကြိမ်အရိုအသေပြုပြီး ငါ့ရဲ့လက်သီးတစ်ချက်ကို ခံယူလိုက်စမ်း...ဒါဆိုရင် ငါ မင်းကို အလွတ်ပေးလိုက်မယ်"

ဟူး....

ပတ်ဝန်းကျင်ရှိလူများထံမှ လေအေးရှိုက်သွင်းလိုက်သည့်အသံများ ကြားနေရသည်။

လဲ့ဟူ ဤမျှထိမောက်မာဝံ့သည် အကြောင်းအရင်းမှာ သူ၏ခွန်အားသည် သာမာန်ထက်သာလွန်နေသောကြောင့်ပင်။စစ်တပ်အတွင်းရှိစစ်ဗိုလ်ချုပ်များကြားတွင် လဲ့ဟူ၏ခွန်အားသည် ထိပ်ဆုံးအဆင့်၌ရှိသည်။သူနှင့်အဆင့်တူ စစ်ဗိုလ်ချုပ်တစ်ယောက်ပင်လျှင် လဲ့ဟူ၏လက်သီးချက်ကိုခံယူရပါက အခြေအနေကောင်းမွန်မည်မဟုတ်ချေ။

လုယွီကဲ့သို့ လူငယ်တစ်ယောက်ဆိုလျှင် ဆိုဖွယ်ရာပင်မရှိတော့ချေ။

"မင်း လက်ခံလိုက်တာ ပိုကောင်းလိမ့်မယ်...ဒါကို မင်း သင်ခန်းစာယူပြီး လိမ်လိမ်မာမာ တောင်းပန်လိုက်...ဗိုလ်ချုပ်လဲ့ဟူက သနားညှာတာတက်တဲ့သူဆိုတော့ သူက မင်းကိုသတ်မှာမဟုတ်ဘူး"

"ဒါက အမှန်ပဲ...မြန်မြန်လေး မင်းရဲ့အမှားကို ဝန်ခံလိုက်တော့"

နံဘေးပတ်ဝန်းကျင်ရှိလူများသည် လုယွီနှင့်ပတ်သတ်၍ စတင်ဆွေးနွေးနေကြ၏။

လုယွီက လဲ့ဟူကိုတစ်ချက်ကြည့်ပြီး သူ၏ခေါင်းကိုခါယမ်းလိုက်သည်။

"ခဏစောင့်အုံး...ငါ့ရဲ့တိုက်ပွဲအကျိုးဆောင်ရမှတ်တွေကို လဲလှယ်လိုက်အုံးမယ်"

စကားဆုံးသည်နှင့် လုယွီသည် လဲ့ဟူကိုလျစ်လျှူရှုကာ အမျိုးသမီးစစ်သားရှိရာ ကောင်တာခုံထံသို့ လျှောက်လှမ်းသွားလိုက်သည်။

ထိုအမျိုးသမီးစစ်သားသည် အစောပိုင်းကမှ ကောင်တာခုံသို့ ရောက်ရှိလာခြင်းဖြစ်သည်။လုယွီ သူမထံသို့ လျှောက်လှမ်းလာနေသည်ကိုကြည့်ပြီး သူမက အလွန်အမင်းစိတ်လှုပ်ရှားသွားသည်။သူမသည် ကူကယ်ရာမဲ့စွာ ကြောက်ရွံထိတ်လန့်သွားပေ၏။

"နင် ရူးနေတာလား...ဗိုလ်ချုပ်လဲ့ဟူကို မြန်မြန်တောင်းပန်လိုက်လေ...နင့်ရဲ့အသက်ကို မလိုချင်တော့တာလား"

အမျိုးသမီးစစ်သားက စိုးရိမ်ပူပန်တကြီး ပြောဆိုသည်။

လုယွီက မျက်မှောင်ကြုတ်လိုက်၏။

"ငါက တိုက်ပွဲအကျိုးဆောင်ရမှတ်တွေလဲလှယ်ဖို့ ဒီနေရာကိုလာခဲ့တာ...ငါက ဘာလို့ သူ့ကို တောင်းပန်ရမှာလဲ"

အမျိုးသမီးစစ်သားက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။သူမသည် ဤကဲ့သို့မဆင်မခြင်ရဲတင်းသူမျိုးကို တစ်ကြိမ်တစ်ခါမျှမမြင်တွေ့ဖူးချေ။

တစ်ဖက်မှ သူနှင့်အငြင်းပွါးနေသူမှာ ဗိုလ်ချုပ်လဲ့ဟူဖြစ်သည်။

တိကျသေချာစွာပင် လုယွီ၏စကားဆုံးသည်နှင့် သူ၏နောက်မှ မိုးခြိမ်းသံကဲ့သို့ကျယ်လောင်သောရယ်မောသံကြီး ထွက်ပေါ်လာသည်။

"ကြည့်ရတာတော့ ငါ လှုပ်ရှားမှုမလုပ်ရင်...တစ်ယောက်ယောက်က ငါ့ရဲ့စကားကို တကယ်ကြီးလျစ်လျှူရှုမယ့်ပုံပဲ"

လဲ့ဟူက အော်ဟစ်ကြုံးဝါးပြီး ရှေ့သို့ပြေးဝင်လာသည်။

တုန်ခါနေသောအသံများနှင့်အတူ လဲ့ဟူ၏ခန္ဓာကိုယ်တစ်ခုလုံးပေါ်၌ မိုးကြိုးအလွှာတစ်လွှာ ထွက်ပေါ်လာပေ၏။

ထိုမိုးကြိုးများထွက်ပေါ်လာသည်နှင့် လဲ့ဟူ၏ခန္ဓာကိုယ်တစ်ခုလုံးကို မိုးကြိုးများဖြင့် ရစ်ပတ်လွှမ်းခြုံထားပုံရသည်။ဤသည်က မည်သူမျှဟန့်တားနိုင်စွမ်းမရှိသော ကောင်းကင်ဘုံမှ မိုးကြိုးနတ်ဘုရားတစ်ပါး ဆင်းသက်လာသကဲ့သို့ပင်။

"ငါက မင်းရဲ့ခြေလက်တွေကို အရင်ဆုံးရိုက်ချိုးပစ်မယ်...ငါကို ဆန့်ကျင်တာရဲ့အကျိုးဆက်ကို မင်းသိအောင် ငါ ပြရသေးတာပေါ့"

လဲ့ဟူ၏မျက်လုံးများက အေးစက်နေပြီး သူက လုယွီ၏ခြေထောက်ကိုဦးတည်၍ တိုက်ခိုက်လိုက်၏။

သူသည် လုယွီကို မသန်မစွမ်းဖြစ်သွားရန် ရည်ရွယ်နေပေ၏။

သို့သော် သူ လှုပ်ရှားလိုက်သည့်အချိန်တခဏမှာပင် လုယွီသည် ရုတ်တရက် အနက်ရောင်အရိပ်အသွင်ပြောင်းလဲသွားပြီး ချက်ချင်းပင် လဲ့ဟူ၏နောက်၌ထွက်ပေါ်လာသည်။

ထို့နောက် သူက ခြေထောက်တစ်ဖက်မြှောက်၍ လဲ့ဟူကို ကန်ကျောက်လိုက်သည်။

ဘုန်း....

ကျယ်လောင်သောမြည်ဟီးသံနှင့်အတူ လဲ့ဟူသည် ကြမ်းပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် လွင့်ထွက်သွားပေ၏။

Thank For Reading.

All Chapters