ပွဲတိုင်းနိုင်ခြင်း
Vol. 52 Ch. 778
“သူ နိုင်… နိုင်သွားတာလား ... ဒီလိုမျိုးလား”
ကျင့်ရှန်သည် မယုံနိုင်စွာ တီးတိုးရေရွတ်လိုက်သည်။
“သူ လှံသိုင်းကို ၁၂ ရက်ပဲ လေ့ကျင့်ရသေးတာလား”
လင်းရှီက စွန်းဟုန်ထောင်ကို ကြည့်ပြီး မယုံသင်္ကာဖြစ်စွာ မေးလိုက်သည်။
“အရမ်း... အရမ်း သန်မာတာပဲ”
အခြားနိုင်ငံများမှ ပြိုင်ပွဲဝင်များအားလုံးသည်လည်း ထိုသို့ တွေးနေကြသည်။
ထိုနေရာတွင် ရှိနေသူများအားလုံးသည် မာနကြီးပြီး မောက်မာသူများဖြစ်သည်။ သူတို့သည် ရဲ့လင်းချန်၏ နာမည်ကို ကြားဖူးသော်လည်း သူ့ကို အလေးအနက် မထားကြပေ။ အများဆုံးဆိုလျှင် နာမည်ကြီးသူတစ်ဦးမျှသာ ဖြစ်ပြီး စကားထဲ ထည့်ပြောရန် မထိုက်တန်ဟု သတ်မှတ်ကြသည်။
သို့သော် ထိုလှံချက် နှစ်ချက်သည် သူတို့၏ နှလုံးသားများအားလုံးတွင် အမှတ်အသားကို ချန်ထားခဲ့ပြီ ဖြစ်သည်။
“ဟားဟားဟား စိတ်ဝင်စားစရာ ကောင်းတဲ့ ကောင်လေးပဲ”
ကျိုးကျန့်သည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး စိတ်ထဲ၌ ပို၍ နေလို့ကောင်းလာသည်။ သူ ရဲ့လင်းချန်ကို ကြည့်လေလေ ပိုပြီး သဘောကျလေလေ ဖြစ်သည်။
“ဒီကောင်လေးက ကြွားလုံးထုတ်နေတာ မဟုတ်ဘူးနဲ့ တူတယ်။”
အခြား အထွတ်အထိပ် ဘုရင်အဆင့် သိုင်းပညာရှင် လေးဦးသည် တိတ်ဆိတ်နေသည်။ သူတို့အားလုံးသည် ရဲ့လင်းချန် ပြသခဲ့သော ခွန်အားကြောင့် ထိတ်လန့်နေကြသည်။
“အံ့ဩစရာ ကောင်းလိုက်တာ၊ သူ လှံချက် နှစ်ချက်တည်းနဲ့ သူ့ပြိုင်ဘက်ကို အနိုင်ယူသွားတယ်။ ငါ ထင်မထားခဲ့ဘူး”
ဝူထျန်းပေါင်က အလျင်အမြန် ရှင်းပြသည်။
“ဟန်အူယောင်းက နောက်ဆုံး တိုက်ပွဲမှာ အင်အား အများကြီး ကုန်ခဲ့ပင်မယ့် သူ့ စွမ်းအားကို လျှော့တွက်လို့ မရပါဘူး။ သူ အလွယ်တကူ ရှုံးနိမ့်ခဲ့ရတာက သူ့ရဲ့ ပေါ့ဆမှုကြောင့် ဖြစ်ပေမဲ့ ပိုအရေးကြီးတာက ရဲ့လင်းချန်ရဲ့ ခွန်အားက ထင်ထားတာထက် သာနေလို့ပဲ”
“ကိုရီးယားနိုင်ငံရဲ့ စတုတ္ထမြောက် ပြိုင်ပွဲဝင်၊ လီဆောင်းယွန်းရဲ့ တပည့်ရင်း ကင်ဂျယ်ဆော့ကို ကြိုဆို လိုက်ရအောင်”
“ဒီ အကြောင်းကို ပြောရမယ်ဆိုရင် လီဆောင်းယွန်းနဲ့ ရဲ့လင်းချန်တို့ ရန်ငြိုးတချို့ ရှိတာကို လူတိုင်း သိကြမှာပါ၊ လီဆောင်းယွန်းရဲ့ တပည့်ရင်းဖြစ်တဲ့ ကင်ဂျယ်ဆော့က သူ့ဆရာအတွက် လက်စားချေ နိုင်မလား၊ ဒါက ဒီ တိုက်ပွဲပေါ်မှာပဲ မူတည်နေပါတယ်”
လီဆောင်းယွန်းသည် ရဲ့လင်းချန်ကို ကြည့်လိုက်ပြီး သူ၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ အေးစက်သော အလင်း သည် သူ၏ မျက်လုံးများတွင် လက်ခနဲ ဖြစ်သွားပြီး သူက အသံတိုးတိုးဖြင့် ပြောလိုက်သည်။
“သူ့ကို သတ်လိုက်”
“ဟုတ်ကဲ့”
ကင်ဂျယ်ဆော့က ပြတ်သားစွာ အဖြေပေးပြီး ကွင်းဆီသို့ လျှောက်သွားသည်။
“မင်းရဲ့ ဆရာက အဲ့ဒီနေ့တုန်းက ငါ့ကို သတ်လုနီးပါး ဖြစ်ခဲ့တယ်”
ရဲ့လင်းချန်က ကင်ဂျယ်ဆော့ကို ကြည့်ပြီး မပြုံးဘဲမနေနိုင် ဖြစ်သွားသည်။
ကင်ဂျယ်ဆော့သည် ရဲ့လင်းချန်ကို အေးစက်စွာ စိုက်ကြည့်နေသည်။
ရဲ့လင်းချန်က ဆက်ပြောသည်။
“မင်းတို့ ကိုရီးယားနိုင်ငံသားတွေက အားနည်းသူကိုပဲ အနိုင်ကျင့်တာ။ ငါနဲ့ မျိုးဆက်တူထဲက ဘယ်နှစ်ယောက်က ငါ့ ပြိုင်ဘက် ဖြစ်နိုင်မလဲ၊ ဟန်အူယောင်း မလုပ်နိုင်ဘူး၊ မင်းလည်း မလုပ်နိုင်ဘူး။ အတူတူ တိုက်ခိုက်ရင်တောင် မလုပ်နိုင်ဘူး”
“ငါ့ ကြေညာချက်တွေက အမြဲတမ်း ထိရောက်တယ်။ ဒီနေ့ တရုတ်နိုင်ငံက အမျိုးသမီး သိုင်းပညာရှင်တွေ ကွင်းပေါ် တက်လာဖို့ မလိုဘူး။ ငါ တစ်ယောက်တည်း မင်းတို့ အားလုံးကို အနိုင်ယူနိုင်တယ်”
“မောက်မာတယ်”
ကင်ဂျယ်ဆော့က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ စိတ်ဝိညာဉ်စွမ်းအင်သည် ပြင်းထန်စွာ စီးဆင်းလာပြီး စိတ်ဝိညာဉ် စွမ်းအင် အမျှင်များသည် သူ၏ လက်ဖဝါးမှ ပေါ်ထွက်လာသည်။
နောက်တစ်ခဏတွင် ထိုအမျှင်များသည် ဓားပါးလေးများကဲ့သို့ ရဲ့လင်းချန်ဆီသို့ တန်းတန်းမတ်မတ် ဖြတ်ပိုင်း လာသည်။
ရဲ့လင်းချန်၏ လှံသည် ဝှေ့ယမ်း၍ ထို အမျှင်များကို ဆွဲယူကာ ခါချလိုက်သည်။ ထို့နောက် သူသည် ခြေဖျားထောက် လိုက်ပြီး သူ၏ ကိုယ်ခန္ဓာက လေပေါ် ပျံတက်သွားသည်။ ထို့နောက် လှံဖျားက လက်ခနဲ ဖြစ်သွားပြီး ကင်ဂျယ်ဆော့ ဆီသို့ တည့်တည့် ချိန်ရွယ်လိုက်သည်။
“တော်တော် လျှင်မြန်တဲ့ လှုပ်ရှားမှုပါလား”
ဝူထျန်းပေါင်သည် ချက်ချင်း တအံ့တဩ ချီးကျူးလာသည်။
“ရဲ့လင်းချန်မှာ လှံသိုင်းအပြင် ဒီလို လျင်မြန်တဲ့ လှုပ်ရှားမှုမျိုး ရှိလိမ့်မယ်လို့ ငါ ထင်မထားမိဘူး”
“လှံသိုင်းကို လျင်မြန်သော လှုပ်ရှားမှုနဲ့ ပေါင်းစပ်လိုက်တာက ပြီးပြည့်စုံတဲ့ လိုက်ဖက်မှုပဲ၊ လှံ၏ အလျားကြောင့် သူ့ရဲ့ လှုပ်ရှားမှုက အကန့်အသတ် ဖြစ်နေပြီးတော့ ဓါးနှင့် ဓားရှည်တို့လို အကွက် မစုံဘူး၊ ဒါပေမဲ့ အဲ့ဒါကို လှုပ်ရှားမှု နည်းစနစ်နဲ့ ပေါင်းစပ်လိုက်တာနဲ့ လှံရှည်ရဲ့ အားသာချက်များကို အမြင့်ဆုံးအထိ မြှင့်နိုင်သွားပြီ”
လူတိုင်း ထိုအရာကို သိသောကြောင့် ဝူထျန်းပေါင်၏ ရှင်းပြချက်ကို နားမထောင်ကြသည်မှာ သဘာဝကျပေသည်။ သူတို့အားလုံးသည် တိုက်ပွဲပြင်ကိုသာ အာရုံစိုက်နေကြသည်။
ကင်ဂျယ်ဆော့၏ ခန္ဓာကိုယ်သည် အနည်းငယ် နောက်ဆုတ်သွားပြီး သူ၏ လက်များသည်လည်း တစ်ပြိုင်တည်း လည်ပတ်နေသည်။ ရေတွက်မရသော စိတ်ဝိညာဉ်စွမ်းအင် အမျှင်များ ပြေးထွက်လာပြီး လှံရှည်ကို ပိုးအိမ် သဏ္ဌာန်ဖြင့် ပတ်လိုက်သည်။
ဤအမျှင်များသည် အလွန် ပါးလွှာပြီး အားမရှိပုံပေါ်သော်လည်း အနည်းငယ် ထိမိရုံဖြင့်ပင် အရေပြားနှင့် အသားကို ပြဲစေမည်မှာ သေချာသည်။ ၎င်းတို့ကို လျှော့တွက်လျှင် ခံစားရမည်မှာ မလွဲမသွေပင်။
ရဲ့လင်းချန်သည် သူ၏ လှံရှည်ကို ခါလိုက်ပြီး သူ့ပတ်ဝန်းကျင်ရှိ အမျှင်များကို တိုက်ရိုက် ဖျက်ဆီးလိုက်သည်။ ထို့နောက် သူသည် ဘယ်ညာ ပေါ့ပေါ့ပါးပါး ဖမ်းဆုပ်လိုက်ကာ လေထဲမှ ကြီးမားသော စိတ်ဝိညာဉ်စွမ်းအင်ကို သိပ်သည်းအောင် လုပ်လိုက်သည်။ မျက်စိ တစ်မှိတ်အတွင်း ပြန့်ကျဲသော အမျှင်များသည် တွန်းထုတ် ခံရပြီး ခြေရာ လက်ရာမရှိ ရှင်းလင်းသွားသည်။
လီဆောင်းယွန်းနှင့် တိုက်ခိုက်ခဲ့ဖူးသောကြောင့် ရဲ့လင်းချန်သည် ထိုအမျှင်များ တိုက်ခိုက်ပုံကို နက်ရှိုင်းစွာ နားလည် ထားသည်။ ၎င်းတို့ကို ထိန်းချုပ်ရန် နည်းလမ်းများကို သူ စဉ်းစားထားခြင်းမှာ သဘာဝကျပေသည်။
အလွယ်ကူဆုံး နည်းလမ်းမှာ ထိုအမျှင်များကို လျင်မြန်စွာ ချေဖျက်ရန်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အမျှင်များ စုဝေးလေလေ ပို၍ ပြဿနာတက်လေလေ ဖြစ်သောကြောင့် ဖြစ်သည်။
“ဒါက ဖမ်းဆီးခြင်း နည်းပညာပဲ”
ဝူထျန်းပေါင်က တအံ့တဩ ထပ်အောင်လိုက်သည်။
“ငါ တကယ် အံ့ဩမိတယ်။ ရဲ့လင်းချန်က ဖမ်းဆီးခြင်း နည်းပညာကို ကျွမ်းကျင်ရုံသာမက သူ့ရဲ့ ကျွမ်းကျင်မှုက လှံကျွမ်းကျင်မှုထက်ပင် ပိုကောင်းနေလိမ့်မယ်လို့ ငါ ထင်မထားမိဘူး၊ သူ လေထဲမှာ လက်သည်းကို ပုံဖော်ပြီး အသုံးပြုနိုင်တာ တကယ် အံ့ဩစရာပဲ”
“လူတစ်ဦးယောက်ရဲ့ စွမ်းအင်က အကန့်အသတ်နဲ့ဆိုတာ လူတိုင်း သိတယ်၊ သိုင်းပညာရှင်တွေအတွက်ဆိုရင် ပိုဆိုးတယ်။ သိုင်းပညာတစ်ခုကို အမြင့်ဆုံး အဆင့်အထိ ကျင့်ကြံဖို့အတွက် ကြီးမားတဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ ကုန်ကျစရိတ် လိုအပ်ပါတယ်။ စိတ်ဝိညာဉ် ချီစွမ်းအင် ကန့်သတ်ထားတဲ့ အခြေအနေအောက်မှာ သိုင်းပညာ တွေကို ပမာဏ မဟုတ်ဘဲ အနှစ်သာရကိုပဲ တန်ဖိုးထားကြတယ်၊ အာရုံ ပျံ့လွင့်သွားတာနဲ့ သိုင်းပညာ တစ်ခုခု သာမန် ဖြစ်သွားဖို့ အရမ်း ဖြစ်နိုင်ချေ ရှိတယ်”
“ဒါပေမဲ့ ရဲ့လင်းချန်က သိုင်းပညာအမျိုးမျိုးကို လေ့ကျင့်ရုံသာမက တော်တော်လေး ကျွမ်းကျင်အောင် လုပ်ခဲ့တယ်၊ သူနဲ့ ယှဉ်လိုက်ရင် ငါ ငယ်ငယ်တုန်းက သူ့တစ်ဝက်လောက်တောင် မဖြစ်ခဲ့ဘူး”
ဝူထျန်းပေါင် ထိတ်လန့်နေပြီး ကွင်းအပြင်ဘက်မှ လူများသည် ပို၍ပင် ထိတ်လန့် နေကြသည်။
“တရုတ်က ဒီတစ်ခါတော့ တကယ့်ကို ကြီးကျယ်တဲ့ ပါရမီရှင်ကို မွေးထုတ်ခဲ့တာပဲ”
ဂရိမှ အထွတ်အထိပ် ဘုရင်အဆင့် သိုင်းပညာရှင်က မနာလိုဟန်ဖြင့် ပြောလိုက်သည်။
“ဟားဟားဟား၊ လုံးဝ မဟုတ်ပါဘူး၊ ချီးကျူးလွန်နေပါပြီ”
ကျိုးကျန့်သည် အလွန်နှိမ့်ချသော ပုံစံဖြင့် ရယ်မောလိုက်ပြီး ပြိုင်ကွင်းကို ဆက်လက် ကြည့်ရှုနေသည်။
သူသည် ရဲ့လင်းချန်အကြောင်းကို အရင်က ကြားဖူးရုံသာရှိပြီး သူ တိုက်ခိုက်နေသည်ကို ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။ ဤကောင်လေးသည် ထောက်လှမ်းရေး အစီရင်ခံစာတွင် ဖော်ပြထားသည်ထက် များစွာ ပို၍ ထူးချွန်နေပြီး သူ သိုင်းပညာ သင်တန်းကျောင်း ဖွင့်လှစ်ရန် ရည်မှန်းချက် ရှိခြင်းသည်လည်း အံ့ဩစရာ မဟုတ်ပေ။
တိုက်ပွဲက ဆက်လက် ဖြစ်ပွားနေသည်။
အစမှ အဆုံးအထိ ရဲ့လင်းချန်သည် သူ၏ ဘဝကို ရင်းပြီး တိုက်ခိုက်နေခဲ့သည်။ သို့သော် သူ၏ လှံကျွမ်းကျင်မှုတွင် အခြေခံ အကျဆုံး တိုက်ခိုက်မှု နည်းလမ်းများသာ ရှိခဲ့ပြီး သူ ထိုးစစ်လှုပ်ရှားမှုများကို လေ့ကျင့်ထားခြင်း မရှိသောကြောင့် တိုက်ပွဲသည် အကျပ်အတည်းသို့ ရောက်ရှိနေသည်။
ထိုစဉ် ရဲ့လင်းချန်သည် သူ၏ လှံကို တစ်ဖန် ထပ်မံ ထိုးစိုက်လိုက်သည်။
၎င်းသည် သူ ထုတ်ဖော်ခဲ့သည့် ဆဋ္ဌမမြောက် လှံတိုက်ကွက် ဖြစ်သည်။
ကွင်းထဲတွင် သူ၏ လှံချက်များသည် ထိုးသွင်းခြင်း၊ ပုတ်ခြင်း၊ ဝှေ့ယမ်းခြင်၊ ခါခြင်းနှင့် ခုန်ခြင်းသာ ရှိခဲ့ပြီး ပြောင်းလဲမှု လုံးဝ မရှိခဲ့ပေ။ ၎င်းတို့သည် တည့်တိုးဆန်ကာ ပွင့်လင်းပြီး ကျယ်ပြန့်သော တိုက်ခိုက်မှုများ ဖြစ်သည်။
လူတိုင်း ထို အရာကို မြင်ခဲ့သော်လည်း ရဲ့လင်းချန်၏ လှုပ်ရှားမှုများတွင် ထူးခြားသော လက္ခဏာ တစ်ခု ရှိခဲ့သည်။ ၎င်းတို့သည် အလွန် အားကောင်းနေခဲ့သည်။ ခွန်အား ဖြစ်စေ၊ အရှိန် ဖြစ်စေ နှစ်မျိုးလုံးသည် သူတို့၏ ပြိုင်ဘက်ကို စိတ်ဖိစီးစေရန် လုံလောက်ခဲ့သည်။
ဤသည်က တစ်ခုတည်းသော အရာကိုသာ ညွှန်ပြနေ၏။ ရဲ့လင်းချန်၏ လှံသိုင်းအခြေခံသည် ထူးထူးခြားခြား ခိုင်မာနေခြင်းပင်။
၎င်းသည် မည်သည့်မှ မလေ့ကျင့်ဘဲ အစမှ အဆုံးအထိ ခုတ်ပိုင်းခြင်းကိုသာ လေ့ကျင့်သူနှင့် နှိုင်းယှဉ်နိုင်သည်။ နှစ်အနည်းငယ်အကြာတွင် ခုတ်ချက် တစ်ချက်က သစ်ပင်တစ်ပင်ကို တစ်ဝက်ပိုင်းဖြတ်နိုင်မည်မှာ သေချာသည်။
ကင်ဂျယ်ဆော့သည် သူ၏ လက်နှစ်ဖက်ကို ရှေ့သို့ တွန်းလိုက်ရာ ထိုပျော့ပျောင်းသော အမျှင်များသည် ချက်ချင်း ဓါးများကဲ့သို့ မာကျောလာသည်။ ၎င်းတို့သည် လှံဖျားနှင့် တိုက်မိပြီး သတ္တုသံကို ဖြစ်ပေါ်စေသည်။
ထိုအချိန်တွင် ရဲ့လင်းချန်သည် သူ၏ လက်တစ်ဖက်ကို မြှောက်လိုက်ပြီး သူ့အရှေ့မှ လေကို ဖမ်းဆုပ် လိုက်သည်။
ကြီးမားသော နဂါးဖမ်းလက်သည် တစ်ဖန် ပြန်ပေါ်လာပြီး ထိုအခိုက်တွင် ကင်ဂျယ်ဆော့၏ ခန္ဓာကိုယ် တစ်ခုလုံးကို တိုက်ရိုက် ဖမ်းဆုပ်လိုက်ပြီး လေထဲသို့ ဆွဲတင်လိုက်သည်။
ထို့နောက် ရဲ့လင်းချန်သည် သူ၏ လက်ကောက်ဝတ်ကို ခါလိုက်ရာ အေးစက်သော အလင်းသည် ကောင်းကင်ကို ဖြတ်တောက်သွားပြီး ကင်ဂျယ်ဆော့၏ ရင်ဘတ်ထဲသို့ တန်းတန်းမတ်မတ် ဖောက်ဝင်သွားလေသည်။
ပြီးခဲ့သော ပြိုင်ပွဲမှ မြင်ကွင်းသည် တစ်ထပ်တည်း ကျလုနီးပါး ပြန်လည် ပေါ်ထွက်လာ၏။
လှံသည် ကင်ဂျယ်ဆော့၏ ရင်ဘတ်ကို ထိုးဖောက်ခဲ့ပြီး ရဲ့လင်းချန်က သူ့အား လေပေါ် ဆွဲတင်ထားနိုင်ခဲ့ပြန်သည်။
“အရှုံးပေးတယ်”
လီဆောင်းယွန်းသည် သူ၏ လက်သီးများကို တင်းတင်းဆုပ်လိုက်သည်။ သူ၏ လက်မောင်းများက တုန်ယင်နေပြီး အက်တက်တက်အသံဖြင့် ပြောလာသည်။
ကင်ဂျယ်ဆော့ကို ပေါ့ပေါ့ပါးပါး ပစ်ချလိုက်ပြီးနောက် ရဲ့လင်းချန်သည် လှံကို ကျောနောက်တွင် ထားလျက် ကွင်းအလယ်တွင် ရပ်နေသည်။
ထိုတိုက်ပွဲသည် ပို၍ပင် တိုက်ရိုက် ဖြစ်ခဲ့သည်။ ဘုရင်အဆင့် သိုင်းပညာရှင်၏ တပည့်ရင်းကိုပင် ရဲ့လင်းချန်က တိုက်ခိုက်နိုင်ခဲ့ပြီး ပြန်လည် တိုက်ခိုက်ရန် ခွန်အားမရှိသည်အထိ ဖြစ်ခဲ့သည်။
အလွန် သန်မာလွန်းပေသည်။
ဘက်စုံ ချေမှုန်းခြင်းပင်။
ခန္ဓာကိုယ် နည်းပညာ၊ ခွန်အား၊ လှုပ်ရှားမှုနှင့် စိတ်ဝိညာဉ်စွမ်းအင်တို့ အားလုံး ချေမှုန်းခံခဲ့ရသည်။
ပေါင်းစပ် အသုံးပြုခြင်း၏ အကျိုးသက်ရောက်မှုသည် မျှော်လင့်ထားသည်ထက် များစွာ ပိုခဲ့သည်။
သိုင်းပညာအမျိုးမျိုးကို ကျွမ်းကျင်သူတစ်ဦးသည် သိုင်းပညာ တစ်ခု သို့မဟုတ် နှစ်ခုသာ ကျွမ်းကျင်သူ တစ်ဦးနှင့် ရင်ဆိုင်ရသောအခါ အဆင့်တူများထဲမှ မည်သူက ယှဉ်ပြိုင်နိုင်မည်နည်း။