သိုင်းသမားတစ်ယောက်၏ စိတ်ဓာတ်
Vol. 52 Ch. 780
“ဝုန်း”
ဂျူဂျီချန်း သွေးတစ်လုပ် အန်လာပြီး ကြိုးပြတ်သော စွန်ကဲ့သို့ နောက်ပြန် လွင့်စင်သွားသည်။
“နောက်တစ်ယောက် မသန်စွမ်း ဖြစ်သွားပြီ”
တစ်စုံတစ်ဦး အလန့်တကြား အော်လိုက်သည်။
အချိန်တိုလေးအတွင်း ဂျူဂျီချန်းသည် တိုက်ခိုက်ရန် သူ၏ စွမ်းရည်ကို ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။
ရဲ့လင်းချန်သည် စင်မြင့်ပေါ်သို့ တက်လာပြီး လူသုံးဦးကို ဆက်တိုက် မသန်စွမ်း ဖြစ်အောင် လုပ်ခဲ့သည်။ ဤ လူသုံးဦးသည် အားလုံး အလွန် သန်မာကြသော်လည်း ဤပြိုင်ပွဲတွင် သူတို့ ပြန်တိုက်ရန် အခွင့်အရေး ရရန် ခက်ခဲခဲ့သည်။
သူတို့ အပြင်းအထန် ဒဏ်ရာ ရခဲ့သော အရင်ပွဲနှစ်ပွဲကိုပါ ပေါင်းလိုက်လျှင် ကိုရီးယားနိုင်ငံသည် ဤပြိုင်ပွဲမှ လုံးဝ နောက်ဆုတ်သွားခဲ့ရပြီ ဖြစ်ကာ သူတို့အဆင့်က နောက်ဆုံး ဖြစ်သွားလေပြီ။
“ဒါက တကယ်ကို ဝမ်းနည်းစရာပါပဲ”
တစ်စုံတစ်ဦးက သက်ပြင်းချလိုက်သည်။
ကိုရီးယားနိုင်ငံသည် ဒီတစ်ကြိမ် ရဲ့လင်းချန်ကို အသေသတ် လိုလောက်မည် ဖြစ်သည်။
“ဂျူဂျီချန်းတောင် ရှုံးသွားလိမ့်မယ်လို့ ငါ ထင်မထားခဲ့မိဘူး... ရဲ့လင်းချန်က သူ့ကို ပေါ့ဆသွားအောင် ကြိုးစားခဲ့တာပဲ”
ဝူထျန်းပေါင် အနည်းငယ် စိတ်လှုပ်ရှား သွားသည်။ သူ မနေနိုင်ဘဲ ပြောလိုက်လေသည်။
“မမျှော်လင့်ဘဲ ရဲ့လင်းချန်က လက်သီးသိုင်းကို တကယ်တမ်း ကျွမ်းကျင်ထားတာပဲ၊ ဒီလက်သီးသိုင်းကို အဆုံးသတ် အကွက်လို့ ပြောလို့ရတယ်၊ သူ့ရဲ့ လှုပ်ရှားမှုနဲ့ လက်သည်းသိုင်းကလည်း ကျွမ်းကျင်အဆင့် ရောက်နေပြီ၊ အဆင့်တူတွေထဲမှာ တစ်ယောက်ယောက်က သူ့ထက် ပိုမမြန်နိုင်သေးရင် ပြီးတော့ အရမ်း အစွမ်းထက်တဲ့ နောက်ဆုံးအကွက်ကို မကျွမ်းကျင်သေးရင် ရဲ့လင်းချန်ကို အနိုင်ယူဖို့ မဖြစ်နိုင်ဘူး”
အဆင့်တူများထဲ၌ ပြိုင်ဘက်ကင်းနေ၏။
လူတိုင်းသည် ဘာတွေ ဖြစ်ပျက်နေသည်ကို သိရှိကြပြီး အခြား ပြိုင်ပွဲဝင်များ၏ ဖိအားက ပိုမို ကြီးထွားလာသည်။
“ကြောက်စရာကောင်းတဲ့ ကောင်လေးပဲ”
ကျိုးကျန့် အပါအဝင် အထွတ်အထိပ် ဘုရင်အဆင့် သိုင်းပညာရှင် ငါးဦးသည်လည်း မယုံနိုင်လောက်အောင် အံ့အားသင့် နေကြသည်။
“သူ သိုင်းပညာကို မြန်မြန် လေ့ကျင့်နိုင်တာက ထားပါတော့၊ ဒါပေမဲ့ သူ့မှာ ဘာလို့ ဒီလောက် စိတ်ဝိညာဉ် စွမ်းအင်တွေ အများကြီး ရှိနေသေးတာလဲ၊ သာမန် မူလ စိတ်ဝိညာဉ် အလယ်အလတ်အဆင့်ရဲ့ ခံနိုင်ရည်က ဒီလို မဟုတ်ဘူး”
“ပမာဏ မဟုတ်ဘူးဆိုရင် စိတ်ဝိညာဉ်စွမ်းအင် ပြန်လည် ထူထောင်နှုန်းမှာ ဖြစ်ရမယ်။ သူ့မှာ စိတ်ဝိညာဉ် စွမ်းအင်ကို လျင်မြန်စွာ မြန်မြန် ပြန်ကောင်းစေနိုင်တဲ့ ခန္ဓာကိုယ်မျိုးများ ရှိနေတာလား”
“ဒါက စိတ်ဝိညာဉ် ဝါးမျိုခြင်း ခန္ဓာကိုယ်လို မကောင်းပေမဲ့ ပြန်ထူထောင်နှုန်းကလည်း မနှေးဘူး။ ထူးဆန်း လိုက်တာ …”
ဂျူဂျီချန်းကိုလည်း သယ်ယူသွားသည်။ ရဲ့လင်းချန်သည် လီဆောင်းယွန်း၏ အမူအရာကို မမြင်ရသော်လည်း ကြည့်ကောင်းမည် မဟုတ်ကြောင်း သိနေသည်။
သုံးပွဲ ဆက်တိုက်။
ရဲ့လင်းချန် ပေးခဲ့သည့် ဒဏ်ရာများသည် ထိတ်လန့်စရာ ရှိပုံမပေါ်သော်လည်း အမှန်တကယ်တွင် ၎င်းတို့သည် အလွန် ပြင်းထန်ပြီး အပြင်ပိုင်း ဒဏ်ရာများထက် များစွာ ပို၍ ပြင်းထန်သည်။
“သူ တကယ်ပဲ ထပ်တိုက်ဖို့ မလိုတော့ဘူး”
လင်းရှီသည် ရယ်ရမလား၊ ငိုရမလား မသိသောကြောင့် ခေါင်းခါလိုက်သည်။
“ဒီကောင်လေးက သူ့ခွန်အားကို အရမ်း နက်နက်နဲနဲ ဖုံးကွယ်ထားတာပဲ၊ သူ အရမ်း သန်မာနေပါလျက်နဲ့ အတွေ့အကြုံ မရှိသူလို ပြုမူနေတုန်းပဲ”
ကျင့်ရှန်၏ ပါးစပ်ထောင့် တွန့်လိမ်သွားသည်။
“အစောကတည်းက သိခဲ့ရင် ငါ သူ့ကို အရင် တိုက်ခိုက်ခိုင်းခဲ့မှာပါ။ ငါတို့ ဘာလို့ ဒီလောက် ပြင်းပြင်းထန်ထန် တိုက်ခိုက် ရတာလဲ”
ပြန်စဉ်းစားကြည့်ပါက ရဲ့လင်းချန်သည် ထိုမျှ ကြီးမားသော စွမ်းအားကို ဖုံးကွယ်ထားသည်ဟု သူ ဘယ်တုန်းကမှ မခံစားခဲ့ရပေ။ သူ အလွန် သန်မာကြောင်း ပြောခဲ့ပုံရသော်လည်း မည်သူမျှသူ့ကို မယုံခဲ့ကြပေ။
...
“သူ ကြွားလုံးထုတ်နေတာ မဟုတ်ခဲ့ဘူးပဲ”
ချန်ရှောင်ရှောင်သည် သူမ၏ ပါးစပ်ကို ဖုံးလိုက်သည်။ ရဲ့လင်းချန်သည် ခြစ်ရာတစ်ခုပင် မရဘဲ ပွဲသုံးပွဲလုံးကို အနိုင်ရခဲ့သည်။ “
ဒီ ကောင်လေးက အရမ်း သန်မာတယ်”
“သူ တကယ်ပဲ အရမ်း သန်မာတယ်”
၎င်းကို ငြင်းဆိုရန် မဖြစ်နိုင်ပေ။
ရဲ့လင်းချန်၏ ခွန်အားသည် စွန်းဟုန်ထောင်နှင့် ထျဲကျွင့်တို့ မျှော်လင့်ထားသည်ထက်ပင် ကျော်လွန်နေခဲ့သည်။
“သူ့ရဲ့ တိုးတက်နှုန်းက တကယ်ကို မြန်တယ်”
ထျဲကျွင့် သက်ပြင်းချလိုက်သည်။ သူသည် ရဲ့လင်းချန်၏ တိုးတက်မှုကို အသိဆုံးပင်။
ရဲ့လင်းချန်သည် သက်တောင့်သက်သာဖြင့် စင်မြင့်ပေါ်မှ ဆင်းလာသည်။
ထိုအခိုက်အတန့်တွင် သူသည် သူ၏ စိတ်ဝိညာဉ်စွမ်းအင်များစွာ သုံးစွဲခဲ့သော်လည်း သူ၏ ခန္ဓာကိုယ်သည် လုံးဝ ဒဏ်ရာ မရှိခဲ့ပေ။
“ငါ မင်းကို ကြွားလုံးနေတယ်လို့ပဲ ထင်ခဲ့တာ။ မင်း ဒီလောက် အံ့ဩဖို့ကောင်းလိမ့်မယ်လို့ ထင်မထားခဲ့မိဘူး”
ကျင့်ရှန်သည် ရဲ့လင်းချန်ကို လက်မထောင် ပြလိုက်သည်။
လင်းရှီက ပြောလာသည်။
“နင် အရမ်း တစ်ကိုယ်ကောင်းဆန်တာပဲ။ ငါတို့အတွက် ဘာလို့ မချန်ထားခဲ့တာလဲ”
“ငါလည်း ဒီလို ဖြစ်အောင် စီစဉ်ခဲ့တာ မဟုတ်ပါဘူး။ ကိုရီးယားနိုင်ငံသားတွေ ဒီလောက် အားနည်းလိမ့်မယ်လို့ ငါ မထင်ခဲ့မိတာပါ”
ရဲ့လင်းချန်က ပခုံးတွန့်ပြီး ပြောသည်။
“အဟွတ်၊ အဟွတ်၊ အဟွတ်”
ကျန်းတလီသည် ကျယ်လောင်စွာ ချောင်းဟန့်လိုက်ပြီး မကျေမနပ်ဖြင့် ရဲ့လင်းချန်ကို ကြည့်လိုက်သည်။ ကိုရီးယား နိုင်ငံသားတွေ အားနည်းတယ်ဆိုရင် သူက ဘာဖြစ်သွားမည်နည်း။
“ဒီတခေါက် ကိုရီးယားနိုင်ငံက ကြီးကြီးမားမား ရှုံးနိမ့်ခဲ့ပြီးတော့ နောက်ဆုံး နေရာမှာပဲ ရှိတော့မှာ”
ချန်ရှောင်ရှောင်က ဝမ်းသာအားရ ရယ်မောလိုက်သည်။
“ပွဲမတိုင်ခင်က လူတိုင်း မာနကြီးနေတုန်းပဲ။ အဲဒါကို စဉ်းစားကြည့်ရုံနဲ့တင် ပျော်ဖို့ကောင်းတယ်”
“ကောင်းကောင်း လုပ်ခဲ့တယ်”
စွန်းဟုန်ထောင်သည် ရဲ့လင်းချန်ကို ကြည့်ပြီး ဆက်ပြောသည်။
“နောက်ဆုံး တိုက်ပွဲမှာ မင်း ဂျူဂျီချန်းနဲ့ ထိပ်တိုက်တွေ့ဖို့ ဘာကြောင့် ရွေးချယ်ခဲ့တာလဲ?”
“ရှင်းပါတယ်၊ အဲ့ဒီနည်းနဲ့ အနိုင်ရသူကို မြန်မြန် ဆုံးဖြတ်နိုင်မှာလေ”
ရဲ့လင်းချန်က ပြန်ဖြေလေသည်။
“ဒါက အရမ်း အန္တရာယ်များတယ်။ ဒါ့အပြင် မင်း လက်သီးကို အသုံးပြုလိုက်တော့ မင်းရဲ့ ဝှက်ဖဲကို ထုတ်ဖော်မိသွားပြီ”
စွန်းဟုန်ထောင်က ပြောသည်။
“တကယ်ကြီး ဖော်ထုတ်တာ မဟုတ်ပါဘူး။ ဒီနေ့ ကျွန်တော် လက်သီးကို ကောင်းကောင်း သုံးနိုင်တာ ဖြစ်နိုင်ပေမဲ့ မနက်ဖြန်မှာတော့ ကျွန်တော် လှံကို ကောင်းကောင်း သုံး နိုင်မှာပါ”
ရဲ့လင်းချန်က ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။
“အဲ့ဒါက ဘယ်လို လွယ်ကူနိုင်မလဲ၊ အနာဂတ်မှာ ဘာတွေ ဖြစ်လာမယ်ဆိုတာ မင်း မသိတာကြောင့် အကုန်အကျ အနည်းဆုံးနဲ့ အနိုင်ယူနိုင်ဖို့က အကောင်းဆုံးပဲ”
“ဒါရိုက်တာစွန်း၊ ကျွန်တော့်ရဲ့ တောင်းဆိုချက်ကရော ဘယ်လိုလဲ”
ရဲ့လင်းချန် မေးသည်။
“ပထမနေရာ ရပြီးမှ ပြောကြမယ်။ ပြိုင်ပွဲ ပြီးသွားရင်ရင် ဒါရိုက်တာကျိုးက မင်းနဲ့ ကိုယ်တိုင် စကားပြော လိမ့်မယ်”
“ဒါရိုက်တာကျိုးက ဘယ်သူလဲ?”
ရဲ့လင်းချန်က မျက်ခုံးပင့်လိုက်သည်။
“တခြား ဘယ်ဒါရိုက်တာကျိုး ရှိသေးလို့လဲ”
စွန်းဟုန်ထောင်က အပြုံးဖြင့် ပြောလိုက်သည်။
“ကျိုးကျန့်ပေါ့။ သူ မင်းကို အကြံဉာဏ်တချို့ ပေးလိမ့်မယ်၊ ဒါမှမဟုတ် မင်းရဲ့ စွမ်းဆောင်ရည်ကို ကောင်းကောင်း ပြောပြလိမ့်မယ်”
…
ထိုအချိန်တွင် ဒိုင်လူကြီး၏ “တရုတ် အနိုင်ရ” ဟူသော ကြေညာချက်သည်လည်း ပွဲကြည့်စင် တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။
မနက်ပိုင်း တိုက်ပွဲ သည် လူတိုင်း မျှော်လင့်ထားသည်ထက် ကျော်လွန်ခဲ့သော်လည်း အလွန် စိတ်လှုပ်ရှားဖွယ် ကောင်းခဲ့သည်။
တရုတ်နိုင်ငံမှ ရဲ့လင်းချန် သုံးပွဲဆက်တိုက် အနိုင်ရခြင်းသည်လည်း လူတိုင်း၏ အာရုံစိုက်စရာ ဖြစ်လာခဲ့သည်။ ရဲ့လင်းချန်၏ နာမည်သည် အချိန်မရွေး လူတိုင်းကို တုန်လှုပ်စေခဲ့ပြီး လူတိုင်းသည် ၎င်းနှင့် အသားကျသွားပြီ ဖြစ်သည်။
လမ်းတစ်လျှောက်တွင် သူသည် အာရုံစိုက်မှု၊ ချီးကျူးလေးစားမှု၊ ရန်လိုမှုနှင့် ခင်မင်ရင်းနှီးမှုများစွာကို ဆွဲဆောင် ခဲ့သည်။
ဤအရာနှင့်ပတ်သက်၍ ရဲ့လင်းချန်သည် ရယ်သာရယ်နေလိုက်သည်။
သူ သန်မာလေသလား။
သူ့ကို မူလစိတ်ဝိညာဉ် အလယ်အလတ်အဆင့်များထဲတွင် သန်မာသည်ဟု ယူဆနိုင်သည်။ သို့သော် မူလစိတ်ဝိညာဉ် အထွတ်အထိပ်အဆင့်၊ ဘုရင်အဆင့်နှင့် သူတော်စင်အဆင့်များ ဆိုလျှင်ရော။
မူလစိတ်ဝိညာဉ်အဆင့်သည် အစသာ ဖြစ်သည်။ ရှေ့ဆက်လျှောက်ရမည့် ခရီးလမ်းရှည် ရှိနေဆဲဖြစ်ပြီး ယာယီ ဦးဆောင်မှုသည် ဘာမှ မဟုတ်ပေ။
နေ့လယ်ပိုင်း အမေရိကန်သည် ဂျာမနီနှင့် တိုက်ခိုက်လေသည်။
ပထမနေရာနှင့် နောက်ဆုံးနေရာကြားမှ ပွဲသည် တစ်ဖက်သတ် ဖြစ်သည်။ ၎င်းသည် အလွန် သော်လည်း ရလဒ်မှာ ထင်ရှားသည်။
ဂျာမနီနှင့် အမေရိကန်တို့၏ သိုင်းပညာရှင်များသည် နိုးထသူများ ဖြစ်ကြပြီး သူတို့၏ အထူး စွမ်းရည်များကို အသုံးပြု၍ တိုက်ခိုက် ကြသည်။
ဂျာမနီတွင် မူလ စိတ်ဝိညာဉ် အလယ်အလတ်အဆင့် သိုင်းပညာရှင် သုံးဦးသာ ရှိပြီး အခြား နှစ်ဦးမှာ အစောပိုင်း အဆင့်တွင်သာ ရှိသည်။ သူတို့နှင့် အမေရိကန်ကြားမှ ကွာဟချက်မှာ အလွန် ကြီးမားသောကြောင့် တိုက်ပွဲသည် တစ်ဖက်သတ် ဖြစ်ခဲ့သည်။
သို့သော် တိုက်ပွဲသည် စိတ်လှုပ်ရှားဖွယ် ကောင်းပြီး ဝမ်းနည်းဖွယ်ရာ ဖြစ်ခဲ့သည်။
အမေရိကန်မှ ပထမ ပြိုင်ပွဲဝင်သည် ဘယ်ခြေထောက် ကျိုးသွားသည်အထိ ပြင်းပြင်းထန်ထန် အကန်ခံရပြီး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်။ ဒုတိယ ပြိုင်ပွဲဝင်၏ ရင်ဘတ်တွင် တစ်ပေ အနက်ရှိ ဒဏ်ရာ ရှိခဲ့ပြီး တတိယ ပြိုင်ပွဲဝင်သည် အနည်းငယ် ဒဏ်ရာရရှိခဲ့ပြီးမှသာ ဂျာမနီ၏ ပါဝင်သူများကို ဖယ်ရှားနိုင်ခဲ့သည်။
“သူတို့ ဘာလို့ တိုက်ခိုက်နေကြတာလဲ?”
ရဲ့လင်းချန်သည် စိတ်ရှုပ်သွားသည်။
“ဂျာမနီက သူတို့ အမေရိကန်ကို အနိုင်မရနိုင်ဘူးဆိုတာ သိတယ်။ ဒါပေမဲ့ ဘာလို့ သူတို့ ဒီလောက် အသည်းအသန် တိုက်ခိုက်နေကြတာလဲ၊ သူတို့ ဆန္ဒအလျောက် အရှုံးပေးပြီး သူတို့ရဲ့ အမြင့်ဆုံး အခြေအနေကို ထိန်းသိမ်း နိုင်တယ်။ ဒါက သူတို့ ပဉ္စမနေရာ ရဖို့ အခွင့်အရေး ပိုများစေလိမ့်မယ်”
“သူတို့ ဘာလို့ တိုက်ခိုက် နေကြတာလဲ ဟုတ်လား၊ အဲဒါက နောက်ဆုတ်ခြင်းက ရွေးချယ်စရာ မဟုတ်လို့ပဲ”
စွန်းဟုန်ထောင်သည် ရဲ့လင်းချန်ကို ကြည့်ပြီး ပြောသည်။
“နည်းဗျူဟာတွေက အရေးကြီးတယ်၊ ဒါပေမဲ့ ပိုအရေးကြီးတာက သိုင်းပညာရှင်ရဲ့ စိတ်ဓာတ်ပဲ၊ မင်း ပဉ္စမနေရာက ပိုအရေးကြီးတယ်လို့ ထင်လား၊ ဒါမှမဟုတ် သိုင်းပညာရှင်ရဲ့ စိတ်ဓာတ်က ပိုအရေးကြီးတယ်လို့ ထင်သလား”
“သူတို့ တိုက်ရိုက် အရှုံးခံပြီး ဒီတစ်ကြိမ် ပဉ္စမနေရာကို အနိုင်ရခဲ့ရင်တောင် ဒါက သနားပြီး ပေးလိုက်တဲ့ ပဉ္စမ နေရာပဲ ဖြစ်လိမ့်မယ်၊ ရှက်စရာကလွဲလို့ ဘာမှ ဖြစ်မလာဘူး၊ သူတို့ ကြောက်ရွံ့မှုရဲ့ ဆွဲဆောင်မှုကို မြည်းစမ်းမိ လိုက်တာနဲ့ သူတို့ဟာ ဆက်ပြီး အရှုံးခံနေလိမ့်မယ်၊ တိုးတက်လိုစိတ်ကို တဖြည်းဖြည်း ဆုံးရှုံးသွားလိမ့်မယ်။ သူတို့ဟာ သိုင်းပညာရှင်တွေ ဖြစ်ထိုက်တော့မှာ မဟုတ်ဘူး”
“အနိုင်ရနိုင်မှာ မဟုတ်ဘူးဆိုတာ သိရင်တောင် တိုက်ခိုက်မှာလားလား”
“တိုက်ခိုက်မယ်”
စွန်းဟုန်ထောင်၏ လေသံသည် တည်ငြိမ်ပြီး အားကောင်းသည်။
“မင်း စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးကို ရိုက်ခဲ့တယ် မဟုတ်ဘူးလား၊ အဲ့ဒါက ရဲရင့်သူက ကျဉ်းတည်းကျပ်တည်းမှာ အနိုင်ရလိမ့်မယ်ဆိုတဲ့ စိတ်ဓာတ်ကို ပြည့်စုံအောင် ပြထားတယ်၊ ရန်သူကို ဓားပြရဲရမယ်”
“ငါတို့ ဟင်းလင်းပြင်နယ်မြေကို အနိုင်ယူနိုင်မလား၊ ဒါက အရမ်း ခက်ခဲတယ်၊ ဒါပေမဲ့ ငါတို့ ကျောခိုင်းဖို့ ရွေးချယ် မှာလား၊ ဘယ်ဟုတ်မလဲ၊ ဒါက သိုင်းပညာရှင်တစ်ယောက်ရဲ့ စိတ်ဓာတ်ပဲ”
စာစဉ် ၅၂ ပြီးပါပြီ။