← Chapters

အခန်း (၁၈၅၁-၁၈၅၅)

Vol. 96 Ch. 1851-1855

အခန်း (၁၈၅၁-၁၈၅၅)

Vol. 96 Ch. 1851-1855

Chapter 1851

ဝှစ်...

တိုးညှင်းသောအသံတစ်သံနှင့်အတူ မောပန်းနွမ်းနယ်နေသောလူငယ်လေး၏ခေါင်းသည် သွေးမြူများအဖြစ် ပေါက်ကွဲထွက်သွားပြီး ပွဲချင်းပြီးသေဆုံးသွားတော့သည်။

"မင်း လုပ်ရဲလား"

"ငါ မင်းနဲ့ သေတဲ့အထိတိုက်ခိုက်မယ်"

လူတိုင်းက ချက်ချင်းဆိုသလိုပင် အလွန်အမင်းဒေါသထွက်သွားကြ၏။သိုက်ဖုန်းကလည်း ဒေါသတကြီးဖြင့် သူ၏လက်အတွင်းမှတူကြီးကိုဝှေ့ယမ်းကာ အစောင့်ကိုရိုက်နှက်လိုက်သည်။

အစောင့်သည် ဒေါသထွက်နေသောလူအုပ်ကြီးနှင့် ရင်ဆိုင်နေရသည့်တိုင် သူက အေးစက်စက်ရယ်မောပြီး ရုတ်တရက် မှော်မန္တန်တစ်ပုဒ်ကို ရွတ်ဆိုလေသည်။

ဘုန်း...ဘုန်း....

ရုတ်ချည်းဆိုသလိုပင် သိုက်ဖုန်းတို့လူစု၏ခန္ဓာကိုယ်ပေါ်မှ သံလက်ထိပ်များ သံခြေကျင်းများ အလွန်အမင်းလေးလံသွားသည်။သူတို့အားလုံး မတ်တတ်ရပ်နိုင်စွမ်းမရှိတော့ဘဲ မြေပြင်ပေါ်သို့ တစ်ယောက်ပြီးတစ်ယောက်လဲကျသွားပေ၏။

"သူရဲဘောကြောင်တဲ့ကောင်"

သိုက်ဖုန်းတို့လူစုက ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်သည်။

"အမှိုက်ကောင်တွေ...မင်းတို့က ခုခံရဲတဲ့သတ္တိမျိုးရှိသေးတယ်ပေါ့....ငါ မင်းတို့ကို သေအောင်ရိုက်မယ်"

အစောင့်က အော်ဟစ်ကြုံးဝါးပြီး သူ့လက်အတွင်းမှကြာပွတ်ဖြင့် သိုက်ဖုန်းတို့လူစုကို ရိုက်နှက်ရန်ဟန်ပြင်လေသည်။

သို့သော် ထိုအချိန်မှာပင်....

အကျဥ်းထောင်တံခါးသည် ရုတ်တရက် ပြင်ပမှကန်ကျောက်ဖွင့်ခြင်း ခံလိုက်ရ၏။ဘန်းခနဲမြည်သံနှင့်အတူ သံတံခါးကြီးကျွမ်းထိုးမှောက်ခုံဖြစ်သွားပြီး မျက်တောင်တခတ်စာအချိန်အတွင်းမှာပင် အဝေးသို့လွင့်ထွက်သွားသည်။

"ငါ့ရဲ့လူတွေကို ဘယ်သူထိရဲတာလဲဆိုတာ ငါ ကြည့်ရသေးတာပေါ့"

ဒေါသတကြီးအော်ဟစ်ကြုံးဝါးသံတစ်သံက အကျဥ်းထောင်တစ်ခုလုံးအနှံ့ ပျံ့နှံ့သွားသည်။

"ဘယ်သူလဲ'

"အပြင်မြန်မြန်ထွက်ပြီး တစ်ချက်ကြည့်လိုက်စမ်း"

အကျဥ်းထောင်အစောင့်များသည် အလျှင်အမြန် အသိဝင်လာကြပြီး သူတို့က လုယွီထံသို့ တဟုန်ထိုးအပြေးသွားကြသည်။

သူတို့သည် လုယွီ၏ခန္ဓာကိုယ်ပေါ်တွင် စစ်ဗိုလ်ချုပ်သံချပ်ကာကိုဝတ်ဆင်ထားခြင်းအား မြင်သည်နှင့် သူတို့အားလုံး အံ့အားသင့်တုန်လှုပ်သွားကြ၏။

လုယွီဝတ်ဆင်ထားသော သံချပ်ကာဝတ်စုံသည် စတုတ္ထအဆင့်နှင့်အထက် စစ်ဗိုလ်ချုပ်များသာ ဝတ်ခွင့်ရသောအရာဖြစ်သည်။

"ဗိုလ်ချုပ်...ဒါက ကျွန်တော်တို့ရှမိသားစုရဲ့နယ်မြေပါ...ဗိုလ်ချုပ်က ဝင်ပြီးမစွက်ဖက်တာ ပိုကောင်းလိမ့်မယ်"

အစောင့်တစ်ယောက်က ခြေလှမ်းကျဲကြီးများဖြင့် တဟုန်ထိုးပြေးလာကာ ပြောဆိုလေ၏။ထိုအစောင့်သည် အကြပ်အဆင့်မျှသာရှိသော ထောင်မှူးတစ်ယောက်ဖြစ်သည်။သို့ရာတွင် သူ၏မျက်နှာပေါ်၌ မောက်မာဝံ့ကြွားမှုများနှင့်ပြည့်နှက်နေပြီး လုယွီ၏ဗိုလ်ချုပ်အဆင့်အတန်းကိုပင် ဂရုစိုက်ပုံမရချေ။

အကြောင်းအရင်းမှာ ဤထောင်မှူးသည် ရှမိသားစုဝင်တစ်ယောက်ဖြစ်နေသောကြောင့်ပင်။

ဤစစ်တပ်အတွင်း၌ မဆိုထားနှင့် တာယွီအင်ပါယာတစ်ခုလုံးတွင်ပင် ရှမိသားစုမှလူများသည် သူတို့အလိုရှိသမျှ အရာရာတိုင်းကို လုပ်ဆောင်နိုင်ကြသည်။

"ပိုင်နက်နယ်မြေလား...စစ်တပ်ရဲ့စစ်စခန်းက မင်းတို့ရှမိသားစုရဲ့နယ်မြေလို့ မင်းတို့ တကယ်ပဲတွေးထားကြတာလား"

လုယွီက ရုတ်တရက်အော်ဟစ်ကြုံးဝါးလိုက်ပြီး သူ၏အသံသည် မိုးခြိမ်းသံတမျှ ကျယ်လောင်လှသည်။

လုယွီနှင့်အနီးဆုံးနေရာတွင်ရှိနေသော အစောင့်များသည် ချက်ချင်းဆိုသလိုပင် မူးဝေမှုကို ခံစားလိုက်ရ၏။တချို့အားနည်းသောအစောင့်များသည် သူတို့၏ဒွါရခုနစ်ပေါက်မှ သွေးများယိုစီးကျလာပြီး မြေပြင်ပေါ်၌ လူးလှိမ့်နေကြသည်။

ထောင်မှူးသည်လည်း အံ့အားသင့်သွားပေ၏။သို့ရာတွင် မကြာမီမှာပင် သူ၏စိတ်ပြန်လည်တည်ငြိမ်သွားပြီး သူက ခနဲ့တဲ့တဲ့လေသံဖြင့်ပြောဆိုသည်။

"ဗိုလ်ချုပ်...ဒီနေရာက စစ်အကျဥ်းထောင်ပါ ဗိုလ်ချုပ်က ဒီနေရာကို ထောင်ဖောက်ဖို့လာတာလား"

မည်သည့်နေရာတွင်မဆို ထောင်ဖောက်ခြင်းသည် ကြီးလေးသောပြစ်မှုကျုးလွန်ခြင်းပင်။

အကယ်၍ စစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်နေလျှင်ပင် ဤပြစ်မှုကိုကျူးလွန်ပါက စစ်ဥပဒေအရအပြစ်ပေးခြင်းခံရပေမည်။

"ဒီဗိုလ်ချုပ်က ဘာမှမသိဘူးလို့ မင်းထင်နေတာလား...စစ်တပ်အကျဥ်းထောင်က ဒီနေရာမှာမဟုတ်ဘူး...ဒါက မင်းတို့ရှမိသားစု တည်ဆောက်ထားတဲ့ သီးသန့်အကျဥ်းထောင်ပဲဖြစ်နိုင်တယ်"

လုယွီ၏အသံက အေးစက်တင်းမာနေပေ၏။

အမှန်တရားကိုထုတ်ဖော်ခံလိုက်ရသဖြင့် ထောင်မှူး၏မျက်နှာအမူအယာ သိသိသာသာ ပျက်ယွင်းသွားသည်။

ဤနေရာသည် စစ်တပ်အကျဥ်းထောင်မဟုတ်ဘဲ ဗိုလ်ချုပ်ရှဟယ် တည်ဆောက်ထားသော သီးသန့်အကျဥ်းထောင်ဖြစ်သည်။

ဤနေရာ၌ ဖမ်းဆီးခံရသူများသည် ရှမိသားစု၏အမိန့်ကို မနာခံဝံ့ကြသူများဖြစ်လေ၏။သူတို့ကို ရှမိသားစုအတွက် ချပ်ဝတ်တန်ဆာနှင့်လက်နက်များကို အဆက်မပြတ်ထောက်ပံပေးနိုင်ရန်အတွက် အလုပ်ကြမ်းများလုပ်ဆောင်ရန် ဤနေရာသို့ပို့ဆောင်ခြင်းခံရသည်။

ကောလဟာလများအရ စစ်တပ်အတွင်းရှိစစ်သားများအနက် တစ်ဝက်နီးပါးခန့်သည် ရှမိသားစု၏သီးသန့်စစ်သားများဖြစ်နေသည်။

"သွားစမ်း...ဗိုလ်ချုပ်ဆီသတင်းပို့ဖို့ တစ်ယောက်ယောက်ကို စေလွှက်လိုက်"

အခြေအနေမကောင်းသည်ကိုမြင်သဖြင့် ထောင်မှူးက သူ၏လူများထံသို့ သတင်းစကားပေးပို့လိုက်၏။

သို့ရာတွင် မည်သည့်နည်းဖြင့် လုယွီက သူတို့ကို အခွင့်အရေးပေးမည်နည်း။

အတွေးတစ်ချက်နှင့်အတူ လုယွီက ခေါင်းဖြတ်ဓားကို ဆင့်ခေါ်လိုက်သည်။ဓားရောင်တစ်ချက်လက်သွားခြင်းနှင့်အတူ မြောက်များစွာသောအစောင့်များ၏ဦးခေါင်းများ မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။

"ပြေးမယ်"

ထောင်မှူးသည် ထိုမြင်ကွင်းကိုမြင်သည်နှင့် နောက်သို့ချက်ချင်းပြန်လှည့်ကာ ထွက်ပြေးလိုက်၏။

"မင်းရဲ့ဗိုလ်ချုပ်ကို သတင်းပို့လိုက်...ငါက သူ့ကိုတွေ့ချင်နေတယ်လို့ ပြောလိုက်စမ်း"

လုယွီက အေးစက်စက်လေသံဖြင့်ပြောဆိုသည်။

သိုက်ဖုန်းတို့လူစုသည် ထိုအသံကိုကြားချိန်တွင် သူတို့၏မျက်နှာများပေါ်၌ မယုံကြည်နိုင်သောအရိပ်အယောင်များ ထင်ဟပ်လာသည်။

"တပ်စုမှူးရှောင်လား...."

သိုက်ဖုန်းက အံ့အားတသင့်ရေရွတ်လိုက်သည်။

Chapter 1852

နံပါတ်ငါးတပ်စုမှတခြားသူများကလည်း သူတို့၏ခေါင်းများကို မော့ကြည့်လိုက်ကြ၏။

လုယွီကို မြင်တွေ့သည်နှင့် သူတို့အားလုံး၏မျက်နှာများပေါ်၌ အံ့အားသင့်သွားသောအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

သိုက်ဖုန်းတစ်ယောက်တည်းကသာလျှင် မျက်မှောင်ကြုတ်၍ ပြောဆိုလိုက်၏။

"အရှင်...အရှင်က ဒီနေရာမှာ ပြဿနာရှာပြီးသွားပြီ...တစ်ဖက်ကလူတွေရောက်မလာခင် အရှင်ထွက်သွားတာ ပိုကောင်းလိမ့်မယ်"

ထိုစကားကိုကြားသည်နှင့် လူတိုင်း၏မျက်နှာပေါ်၌ ထိတ်လန့်ကြောက်ရွံသော အရိပ်အယောင်များ ထင်ဟပ်လာသည်။

"ကျွန်တော်တို့ကို အကျဥ်းချထားတဲ့လူက အနောက်ပိုင်းတပ်ရင်းက ဗိုလ်ချုပ်ယုချီပဲ...အဲ့ဒီယုချီက ဗိုလ်ချုပ်ရှဟယ်ရဲ့သစ္စာရှိလူယုံတစ်ယောက်...အရှင်က သူနဲ့ တိုက်ရိုက်ပဋိပက္ခမဖြစ်တာ ပိုကောင်းလိမ့်မယ်"

သိုက်ဖုန်း၏အသံက အလွန်တည်ငြိမ်အေးဆေးနေသည်။

အကယ်၍ တပ်စုမှူးရှောင်သည် အလွန်သန်မာအားကောင်းနေလျှင်ပင် သူတစ်ယောက်တည်းဖြင့် ရှမိသားစုမှလူများကို မည်သို့ရင်ဆိုင်နိုင်မည်နည်း။

တာယွီအင်ပါယာတွင် မင်းသားတချို့နှင့်အမတ်ကြီးများပင်လျှင် ရှမိသားစုနှင့်ပတ်သတ်၍ စကားတစ်ခွန်းတလေမျှ ပြောဆိုဝံ့ကြခြင်းမရှိချေ။

သူတို့ကဲ့သို့ အဆင့်နိမ့်စစ်သည်များဆိုလျှင် ဆိုဖွယ်ရာပင်မရှိတော့ပေ။

ရှမိသားစုမှ အနည်းငယ် အလေးအနက်ထားလာသည်နှင့် သူတို့အားလုံး အမှုန်အမွှားများအဖြစ်သာ ကြွင်းကျန်ရစ်ပေမည်။

"ဘာမှ​ပြဿနာမရှိဘူး...ယုချီက ငါ့ရဲ့လူတွေကို လှုပ်ရှားဝံ့မှတော့...ငါက သူ့ဆီကနေ ဖြေရှင်းချက်တစ်ခုတောင်းခံရလိမ့်မယ်"

စကားဆုံးသည်နှင့် လုယွီက သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်ရာ မမြင်နိုင်သောအားလှိုင်းတစ်ရပ်က ချက်ချင်းဆိုသလိုပင် လူတိုင်း၏ခန္ဓာကိုယ်များကို ရိုက်ခတ်သွားသည်။မူလက သူတို့၏ခန္ဓာကိုယ်များပေါ်တွင် တုပ်နှောင်ထားသော သံလက်ထိပ်များ သံခြေကျင်းများအားလုံး ပြုတ်ကျသွားလေ၏။

ရုတ်ချည်းဆိုသလိုပင် သိုက်ဖုန်းနှင့်တခြားလူများသည် လွတ်လပ်စွာလှုပ်ရှားသွားလာနိုင်ပြီး သူတို့၏မှော်စွမ်းအင်များလည်း ပြန်လည်ရရှိသွားခဲ့သည်။

"အရှင်...သူတို့ရောက်မလာခင် ထွက်ပြေးကြရအောင်"

သိုက်ဖုန်းက အလျင်စလို ပြောဆိုသည်။

လုယွီက သိုက်ဖုန်းကို စူးစိုက်၍ကြည့်လိုက်၏။

"မင်းက တပ်ပြေးလုပ်မလို့လား"

သိုက်ဖုန်းက သူ၏ခေါင်းကိုခါယမ်းပြီးနောက် အံ့တင်းတင်းကြိတ်ကာ ပြောဆိုလိုက်သည်။

"တကယ်လို့ ကျွန်တော် တိုက်ပွဲအတွင်းမှာ သေဆုံးခဲ့ရရင်တောင် ကျွန်တော် ဘာမှပြောမှာမဟုတ်ဘူး...ဒါပေမယ့် ကျွန်တော်က ဘာအဓိပ္ပါယ်မှမရှိဘဲ ရှမိသားစုရဲ့လက်ပါးစေတွေလက်ထဲမှာ သေဆုံးသွားရရင်တော့ ဒီကိစ္စကို ကျွန်တော် ဘယ်လိုမှစိတ်ကျေနပ်မှာမဟုတ်ဘူး"

တခြားသူများတွင်လည်း သိုက်ဖုန်းကဲ့သို့ပင် တူညီသောအတွေးမျိုးရှိနေကြ၏။

အကယ်၍ သူတို့ ဤအတိုင်းထွက်သွားလိုက်ပါက သူတို့အား စစ်ပြေးများအဖြစ် တော်ဝင်စစ်ရေးဌာန၏သတ်မှတ်ခြင်းခံရပေမည်။

သို့ရာတွင် အကယ်၍ သူတို့သာ ဤနေရာ၌ဆက်၍နေနေပါက သူတို့၏အသက် မည်သည့်နည်းနှင့်မျှ ရှင်သန်နိုင်မည်မဟုတ်ချေ။

"ငါ ဒီမှာရှိနေသရွေ့...မင်းတို့ကို ရှမိသားစုကလူတွေ မထိစေရဘူး"

လုယွီက တံဆိပ်ပြားတစ်ခုကို သိုက်ဖုန်းထံသို့ သာမာန်ကာလျှံကာ ပစ်ပေးလိုက်သည်။

သိုက်ဖုန်းသည် တံဆိပ်ပြားကိုယူဆောင်ပြီးနောက် ထိုအရာပေါ်တွင် ရွှမ်းဝူစစ်ဗိုလ်ချုပ်ဟုရေးသားထားသော စာလုံးကြီးများကိုမြင်သည်နှင့် သူ၏မျက်နှာအမူအယာ ချက်ချင်းဆိုသလိုပင် အေးခဲသွားသည်။

သူ၏မျက်လုံးအကြည့်က လုယွီ၏သံချပ်ကာဝတ်စုံပေါ်သို့ ကျရောက်သွားချိန်တွင် သူ၏စိတ်နှလုံးသားတစ်ခုလုံး လှုပ်ရှားသွားပေ၏။

"လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်က ငါ့ကို တော်ဝင်စစ်ရေးဌာနကနေပြီး ရွှမ်းဝူစစ်ဗိုလ်ချုပ်အဖြစ်ခန့်အပ်ခဲ့တယ်...ယုချီက အဆင့်ကျော်ပြီး ငါ့ရဲ့အခွင့်အာဏာမရှိဘဲ မင်းတို့ကို ထောင်သွင်းအကျဥ်းချဝံ့တယ်...အဲ့ဒီအချက်တစ်ချက်နဲ့တင် သူ့ကို ငါ စွဲချက်တင်လို့ရတယ်"

လုယွီ အလွန်တည်ငြိမ်နေသည်ကိုကြည့်ပြီး လူတိုင်းသည် သူတို့၏စိတ်နှလုံးသားများ တည်ငြိမ်အေးချမ်းသွားသကဲ့သို့ ခံစားလိုက်ရသည်။

သိုက်ဖုန်းက ရုတ်တရက် ပြောဆိုသည်။

"အရှင်...ဒီနေရာမှာ ယုချီရဲ့ညှင်းပန်းနှိပ်စက်တာကိုခံရပြီးတော့ အတင်းအကြပ်ပြစ်ဒဏ်ပေးခံထားရတဲ့ ညီအကိုတွေရှိသေးတယ်...အဲ့ဒီလူတွေအားလုံးက ရဲရင့်ပြီး တိုက်ခိုက်စွမ်းရည် အရမ်းကောင်းတယ်...သူတို့ကို အရှင့်ရဲ့လက်အောက်ကိုခေါ်ထားရင် မကောင်းဘူးလား"

သိုက်ဖုန်း၏အတွေးများသည် အလွန်လျှင်မြန်ပေ၏။ရွှမ်းဝူစစ်ဗိုလ်ချုပ်ရာထူးသည် အစစ်အမှန်အာဏာရှိသောရာထူးတစ်ခုဖြစ်ရာ စစ်သားများကိုထိန်းချုပ်ပိုင်ခွင့်ရှိသည်။

ယခုလက်ရှိချိန်၌ လုယွီ အလိုအပ်ဆုံးအရာမှာလည်း လူအင်အားဖြစ်သည်။

သူတို့၏နံပါတ်ငါးတပ်စုမှ လူအင်အားမျှဖြင့် လုံလောက်ခြင်းမရှိသည်မှာ သိသာထင်ရှားလှ၏။

အနောက်ပိုင်းစစ်တပ်အတွင်းရှိ လူအများစုမှာ ရှဟယ်၏လူများဖြစ်သည်။ဤနေရာရှိလူများသည် ရှမိသားစုအပေါ် ရန်စပြစ်မှားထားသူများဖြစ်ပြီး ယခုချိန်၌ ပြေးစရာမြေမရှိသူများဖြစ်ပေ၏။

လုယွီ၏မျက်လုံးများ တောက်ပသွားသည်။

"ဒီနေရာမှာ စုစုပေါင်း လူအင်အားဘယ်လောက်ရှိလဲ"

"ဒီနေရာမှာ လူ ၁၇၀၀ကျော်ရှိပါတယ်"

သိုက်ဖုန်းက ပျာပျာသလဲ ပြောဆိုသည်။

ဤအချိန်တွင် သူတို့၏ခန္ဓာကိုယ်များမှ အချုပ်အနှောင်များပြေသွားသူများသည် လုယွီ၏အနီးပတ်ဝန်းကျင်သို့ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြ၏။

သူတို့၏ရှေ့၌ ဖြစ်ပျက်ခဲ့သည့်ကိစ္စများအပြင် အထူးသဖြင့် လုယွီသည် ရွှမ်းဝူစစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်သည်ကို သိရှိသွားကြသဖြင့် သူတို့၏စိတ်နှလုံးသားတစ်ခုလုံး မျှော်လင့်ချက်အလင်းရောင်များဖြင့် ပြည့်နှက်သွားသည်။

အကယ်၍ လိုအပ်မှုမရှိပါက သူတို့သည်လည်း တပ်ပြေးများမဖြစ်လိုချေ။သူတို့သာ တပ်ပြေးဘဝသို့ရောက်ရှိသွားပါက သူတို့၏ကျန်ရှိနေသောဘဝတလျှောက်လုံး လိုက်လံဖမ်းဆီးသတ်ဖြတ်ခံရခြင်းဖြင့်သာ ကုန်ဆုံးရပေမည်။

"ကျွန်တော်တို့က ဗိုလ်ချုပ်ရှောင်အတွက်အသက်ပေးဖို့ ဆန္ဒရှိပါတယ်"

သူတို့အားလုံးက လုယွီ၏ရှေ့၌ ဒူးထောက်လိုက်ကြသည်။

လုယွီသည် ထိုလူများကို ချီစောင့်ကြည့်ခြင်းနည်းစနစ်ဖြင့် လေ့လာဆန်းစစ်လိုက်၏။ထိုလူများ၏ကျင့်ကြံဆင့်နယ်ပယ်များသည် နိမ့်ပါးခြင်းမရှိဘဲ သူ၏ယခင် နံပါတ်ငါးတပ်စုမှလူများထက်ပင် သာလွန်သူအမြောက်အများရှိနေခြင်းကို တွေ့လိုက်ရသဖြင့် သူ အံ့အားသင့်သွားခဲ့သည်။

သူတို့အနက် လူဆယ့်တစ်ယောက်သည် သိုင်းသူတော်စင်နယ်ပယ်ကျင့်ကြံသူများဖြစ်သည်။

Chapter 1853

"မင်းတို့ကို ရှမိသားစုကလူတွေလက်စားချေမှာ မကြောက်ကြဘူးလား"

လုယွီက ရည်ရွယ်ချက်ရှိရှိ မေးမြန်းလိုက်သည်။

လူတိုင်း သူတို့၏ခေါင်းများကို အောက်သို့အလျှင်အမြန် ငုံလိုက်ကြ၏။သူတို့အနက်မှတစ်ယောက်က လုယွီ၏အမေးကို အဖြေပြန်ပေးသည်။

"ကျွန်တော်တို့က ရှမိသားစုကို ပြစ်မှားပြီးမှတော့...စစ်တပ်ထဲမှာ ကျွန်တော်တို့အတွက် နေစရာနေရာမရှိတော့ဘူး"

လုယွီက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

"မင်းတို့အားလုံး ဘာတွေတွေးနေလဲဆိုတာကို ငါသိတယ်...မင်းတို့မှာ ဘာရည်ရွယ်ချက်တွေပဲရှိရှိ ငါ ဂရုမစိုက်ဘူး...ငါ့ရဲ့နောက်ကို သစ္စာရှိရှိနဲ့လိုက်မယ်ဆိုရင် မင်းတို့ရဲ့အကျိုးအမြတ်တွေ မဆုံးရှုံးစေရဘူး"

စကားဆုံးသည်နှင့် လုယွီက သူ၏လက်ချောင်းများကိုလှုပ်ခတ်လိုက်ရာ မြောက်မြားစွာသော အလင်းရောင်စဥ်တန်းများထွက်ပေါ်လာပြီး လူများအားလုံး၏ခန္ဓာကိုယ်များပေါ်သို့ ကျရောက်သွားသည်။

ဤှသည်က ရုတ်တရက်ဆန်စွာ ဖြစ်ပျက်သွားသဖြင့် လူအများစုမှာ ပြင်ဆင်ရခြင်းမရှိသေးချေ။

သူတို့က ခုခံရန်ပြင်ဆင်လိုက်စဥ်တွင် ထိုအလင်းရောင်စဥ်တန်းများကြား၌ ဆေးလုံးတစ်လုံး ပုန်းကွယ်နေကြောင်း အာရုံခံမိလေ၏။

ထိုဆေးလုံးများသည် သူတို့၏ခန္ဓာကိုယ်များအတွင်းသို့ ဝင်ရောက်သွားသည်နှင့် ရုတ်ချည်းဆိုသလိုပင် သန့်စင်သောဆေးစွမ်းအင်လှိုင်းအဖြစ် ပြောင်းလဲသွားပြီး သူတို့၏ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ လှည့်ပတ်နေသည်။

ဤနေရာ၌ အကျဥ်းချခံထားရသူများသည် သူတို့၏မှော်စွမ်းအားများကို ချိပ်ပိတ်ခံရပြီး အချိန်ကြာမြင့်စွာ အလုပ်ကြမ်းများလုပ်ဆောင်ခဲ့ရသည်။ထို့ကြောင့် သူတို့၏ခန္ဓာကိုယ်များသည် ပြင်းပြင်းထန်ထန် ထိခိုက်ပျက်စီးထားပေ၏။

သို့ရာတွင် ဤဆေးလုံးသည် တဖြည်းဖြည်း သူတို့၏အထွတ်အထိပ်အခြေအနေသို့ ပြန်လည်ရောက်ရှိသည်အထိ ကုသပေးနိုင်ခဲ့သည်။

"ဆေးလုံးကိုချီးမြှင့်ပေးတဲ့အတွက် အရှင့်ကို ကျေးဇူးတင်ပါတယ်"

သိုက်ဖုန်းနှင့်တခြားသူများအားလုံး အလွန်အမင်းစိတ်လှုပ်ရှားနေကြသည်။

သို့ရာတွင် လုယွီကမူ သူ၏မျက်ခုံးနှစ်ဖက်ကို တင်းတင်းကြပ်ကြပ်စုကျုံထားသည်။

သူသည် နံပါတ်ငါးတပ်စုမှလူများကိုကြည့်လိုက်ရာ သူတို့၏အထွတ်အထိပ်အခြေအနေများသို့ ပြန်လည်ရရှိသွားသော်လည်း သူတို့ကို သူ ချန်ထားခဲ့သည့်အချိန်နှင့်နှိုင်းယှဥ်ပါက များစွာတိုးတက်ခြင်းမရှိသည်ကို တွေ့မြင်မိလေ၏။

"မင်းတို့ကောင်တွေက...ငါ မင်းတို့အတွက်ပေးထားတဲ့ ကျင့်ကြံနည်းစနစ်တွေကို မကျင့်ကြံကြဘူးလား"

လုယွီက အလေးအနက်ထားသောလေသံဖြင့် မေးမြန်းသည်။

လုယွီသည် နံပါတ်ငါးတပ်စုမှ ထွက်ခွာမသွားမီ သူတို့အားလုံးကို ထိပ်တန်းအဆင့်ကျင့်ကြံနည်းစနစ်အမြောက်အများ ချန်ထားခဲ့သည်။

ထိုထိပ်တန်းအဆင့်ကျင့်ကြံနည်းစနစ်များနှင့်ဆိုပါက သူတို့၏တိုးတက်မှုသည် လျှပ်ပြက်သကဲ့သို့ မြန်ဆန်နေသင့်သည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ သိုက်ဖုန်းတို့လူစု၏တိုးတက်မှုသည် ပြောပလောက်ဖွယ်မရှိချေ။

လုယွီ၏မေးခွန်းကိုကြားသည်နှင့် သိုက်ဖုန်းတို့လူစု၏မျက်နှာများပေါ်၌ နာကျည်းမုန်းတီးမှုအရိပ်အယောင်များ ထင်ဟပ်လာသည်။

"အဲ့ဒီအချိန်တုန်းက ယုချီက သူ့ရဲ့လူတွေကိုစေလွှက်ပြီး ကျွန်တော်တို့ကို ခြုံခိုတိုက်ခိုက်ခဲ့တယ်...ကျွန်တော်တို့ ဘာမှပြင်ဆင်ချိန်မရခဲ့ဘူး...အဲ့ဒါကြောင့် ကျွန်တော်တို့က သူတို့ရဲ့ဖမ်းဆီးတာကို ချက်ချင်းခံလိုက်ရပြီးတော့...ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်တွေပေါ်က ကျင့်ကြံနည်းစနစ်တွေကိုလည်း သူတို့က ယူဆောင်သွားခဲ့တယ်"

"သူ ကျွန်တော်တို့ကို ဖမ်းဆီးတဲ့နေရာမှာ အသုံးပြုတဲ့အကြောင်းအရင်းက...ကျွန်တော်တို့ကို နတ်ဆိုးကျင့်ကြံနည်းစနစ်တွေ ကျင့်ကြံတယ်လို့ စွပ်စွဲခဲ့တာပဲ...ဒါကြောင့် ကျွန်တော်တို့ရဲ့စစ်တပ်ရာထူးအဆင့်တွေကိုပယ်ဖျက်ပြီး အကျဥ်းသားတွေအဖြစ် ဖမ်းဆီးအကျဥ်းချခဲ့တယ်"

သိုက်ဖုန်းက အံ့တင်းတင်းကြိတ်ကာ ပြောဆိုသည်။

ထိုအချိန်မှာပင် အကျဥ်းထောင်၏ပြင်ပမှနေ၍ ရုတ်တရက် ပြင်းထန်သောခြေလှမ်းသံများ ထွက်ပေါ်လာသည်။

စစ်သားတစ်စုသည် ဓားများ လှံရှည်များကိုကိုင်ဆောင်၍ အတန်းလိုက်ပြေးလွှားလာကြပြီး သူတို့အားလုံး၏ခန္ဓာကိုယ်များမှ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ထွက်ပေါ်နေသည်။

"ဘယ်ကောင်က သတ္တိကောင်းပြီး ဒီအကျဥ်းထောင်ကို ပြဿနာလာရှာဝံ့တာလဲ...မင်းက အသက်ရှင်ရတာ ငြီးငွေ့နေပုံရတယ်"

အနက်ရောင်သံချပ်ကာဝတ်ဆင်ထားသော ရှေ့ပြေးတပ်အရာရှိတစ်ယောက်သည် မြင့်မားသောမြင်းကြီးကိုစီး၍ ပြင်ပမှဝင်ရောက်လာခဲ့သည်။

လုယွီက သရော်တော်တော်လေသံဖြင့် ပြောဆိုလေ၏။

"မင်းတို့က သီးသန့်အကျဥ်းထောင်တည်ဆောက်ထားတာတောင် ငါ့ရှေ့မှာလာပြီး ဒီလိုစကားတွေ ပြောဝံ့သေးတယ်...မင်းတို့ကောင်တွေ အတင့်ရဲလှချည်လား"

အမ်...

ရှေ့ပြေးတပ်အရာရှိက လုယွီကိုစောင်းငဲ့၍ ကြည့်လိုက်သည်။

ဤအချိန်အခိုက်အတန့်တွင် လုယွီ၏ခန္ဓာကိုယ်ပေါ်ရှိ သံချပ်ကာဝတ်စုံသည် အလင်းရောင်အောက်၌ အလွန်အမင်း မျက်စေ့ကျဖွယ်ဖြစ်နေသည်။

"မင်းက ဒီနေရာက အစောင့်တွေကို ထိခိုက်ဒဏ်ရာရစေခဲ့တဲ့ ရွှမ်းဝူစစ်ဗိုလ်ချုပ်လား...အနောက်ပိုင်းစစ်တပ်ထဲကို ဒီလိုမျိုးအဆင့်မြင့်အရာရှိတစ်ယောက် ဘယ်ချိန်ကရောက်လာလဲဆိုတာ ငါ မသိဘူး...မင်းက တော်ဝင်နန်းတော်ကဗိုလ်ချုပ်တစ်ယောက်အဖြစ်တောင် ဟန်ဆောင်ဝံ့တယ်...သူ့ကို ခေါ်သွားကြစမ်း"

ရှေ့ပြေးတပ်အရာရှိသည် အကျဥ်းထောင်အတွင်းသို့ ဝင်ရောက်လာသည့် အချိန်တခဏတွင် ကျယ်လောင်စွာအော်ငေါက်ပြီး လုယွီကို ရှင်းပြရန်ပင် အခွင့်အရေးမပေးချေ။

အမှန်အားဖြင့် လုယွီသည်လည်း ရှင်းပြရန်စိတ်မဝင်စားချေ။

သူက ခြေလှမ်းရှေ့တိုးလိုက်ပြီး မျက်တောင်တခတ်စာအချိန်အတွင်းမှာပင် ရှေ့ပြေးတပ်အရာရှိထံသို့ ရောက်ရှိသွားသည်။

"မင်း...မင်း...မင်း ဘာလုပ်မလို့လဲ...ငါက ဗိုလ်ချုပ်ယုရဲ့လက်အောက်ငယ်သားနော်"

ရှေ့ပြေးတပ်အရာရှိသည် ကြက်သေသေနေပေ၏။သူ၏ရှေ့၌ စစ်သားများနှစ်တန်းခန့် တန်းစီ၍ရပ်နေသည်။

သို့ရာတွင် လုယွီသည် ပန်းခြံအတွင်း၌ အပန်းဖြေလမ်းလျှောက်နေသည့်အလား ရှေ့ပြေးတပ်အရာရှိထံသို့ရောက်ရှိသွားပြီး မည်သည့်စစ်သားကမျှ သူ့ကိုဟန့်တားနိုင်စွမ်းမရှိချေ။

ရှေ့ပြေးတပ်အရာရှိက ထိတ်လန့်ကြောက်ရွံနေသည်။သူသည် လုယွီထံမှ ခြိမ်းခြောက်နိုင်စွမ်းရှိသောအရှိန်အဝါမျိုးကို ခံစားမိပေ၏။

သူ ထွက်ပြေးရန်ဟန်ပြင်လိုက်စဥ်မှာပင် လုယွီက ရှေ့သို့တရကြမ်းတိုးဝင်လာပြီး သူ၏အင်္ကျီဂုတ်ကိုဖမ်းဆုပ်ကာ အထက်သို့မြှောက်တင်ထားလိုက်သည်။

"မင်းကို ဒီနေရာလွှက်လိုက်တဲ့သူက ယုချီလား...ငါ့ကို သူ့ဆီခေါ်သွားစမ်း"

လုယွီက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

Chapter 1854

ထိုမြင်ကွင်းကိုမြင်သည်နှင့် ပတ်ဝန်းကျင်ရှိစစ်သားများသည် လမ်းဖယ်ပေးလိုက်ကြ၏။အစောပိုင်းက လုယွီ၏တိုက်ခိုက်မှုကို ဘေးဖယ်ထားလျှင်ပင် သူသည် သူတို့အား ဟန့်တားနိုင်စွမ်းရှိသည်။လုယွီ၏ခန္ဓာကိုယ်ပေါ်ရှိ ဗိုလ်ချုပ်သံချပ်ကာတစ်ခုတည်းကပင် သူတို့အား နောက်ဆုတ်စေရန်လုံလောက်သည်။

စစ်တပ်အတွင်း၌ အထက်အရာရှိကိုပြစ်မှားခြင်းသည် ကြီးမားသောတားမြစ်ကန့်သတ်ချက်ဖြစ်ပေ၏။အခြေအနေအား သူတို့ အတိအကျမသိရသေးမီ သူတို့က လုယွီကို မတိုက်ခိုက်ဝံ့ချေ။

လမ်းတလျှောက်လုံး လုယွီသည် ရှေ့ပြေးတပ်အရာရှိကို ခွေးသေကောင်တစ်ကောင်ကဲ့သို့ တရွတ်တိုက်ဆွဲ၍ ယုချီ၏စစ်စခန်းထံသို့ ဦးတည်၍သွားခဲ့သည်။

"မကောင်းတော့ဘူး..အရှင်ရှောင်က ဗိုလ်ချုပ်ယုချီကို သွားရှာနေပြီ"

ရုတ်တရက် စစ်တပ်အတွင်းရှိအရာရှိတစ်ယောက်က ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။

သူတို့သည် လုယွီ၏အကြောင်းကို စုံစမ်းထောက်လှမ်းပြီးလေပြီ။သို့ရာတွင် သူတို့သည် လုယွီ၏ လက်ရှိအဆင့်အတန်းကိုသာသိရှိပြီး သူ၏အစစ်အမှန်ခွန်အား မည်မျှသန်မာသည်ကိုမူ မသိရှိချေ။

ဆန့်ကျင်ဘက်အနေဖြင့် ယုချီသည် ဗိုလ်ချုပ်ရှဟယ်၏လက်အောက်မှ နာမည်ကျော်ကြားသောလက်အောက်ငယ်သားတစ်ယောက်ဖြစ်သဖြင့် သူ့ထံတွင် ကျင့်ကြံနည်းစနစ်များနှင့်အရင်းအမြစ်များ အလွန်ပေါကြွယ်ဝသည်။

အကယ်၍ လုယွီသည် အချိန်အတော်ကြာနာမည်ကျော်ကြားခဲ့သော ယုချီကိုတိုက်ခိုက်လိုပါက သူ့သေလမ်းသူရှာခြင်းသာဖြစ်ပေမည်။

သိုက်ဖုန်းက ဤတစ်ကြိမ်တွင်မူ တည်ငြိမ်အေးဆေးသောအသံဖြင့် ပြောဆိုလိုက်၏။

"ဘာမှ စိုးရိမ်မနေကြနဲ့...အရှင်က သူ အသေအချာ ယုံကြည်ချက်မရှိတဲ့အလုပ်မျိုးကို လုပ်မှာမဟုတ်ဘူး"

သူက လူအုပ်ကြီးဘက်သို့လှည့်၍ ဆက်လက်ပြောဆိုသည်။

"အရှင်က ငါတို့ကို သေဘေးကနေကယ်တင်ပေးထားတာ...အခုချိန်မှာ အရှင်က ဗိုလ်ချုပ်ယုချီရဲ့စစ်စခန်းကို တစ်ယောက်တည်းသွားပြီး နင်းချေတော့မယ်...ငါတို့က အဲ့ဒီနေရာကိုသွားပြီး အရှင့်ကို အားဖြည့်ကူညီကြရအောင်"

"ကောင်းတယ်...ငါ သဘောတူတယ်'

"ငါတို့က ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် သေရမယ့်လူတွေ...အနည်းဆုံးတော့ ငါတို့မသေခင် ရှမိသားစုရဲ့လက်ပါးစေတွေနဲ့ တိုက်ခိုက်ရလိမ့်မယ်"

လူအုပ်ကြီးသည် ဒေါသတကြီးဖြင့် အကျဥ်းထောင်တံခါးထံသို့ဦးတည်၍ လျှောက်လှမ်းလိုက်ကြ၏။

အစောပိုင်းက သူတို့ကိုဖမ်းဆီးရန်လာသော စစ်သားများသည် ဤကဲ့သို့အခြေအနေမျိုးကို တစ်ကြိမ်တစ်ခါမျှ မကြုံတွေ့ဖူးသဖြင့် ကြောင်အနေကြသည်။ထို့ပြင် သူတို့၏ခေါင်းဆောင်အရာရှိလည်းရှိမနေသဖြင့် သူတို့က နာခံရို့ကျိုးစွာဖြင့် လမ်းဖယ်ပေးလိုက်သည်။

ထိုလူများအားလုံး ထွက်ခွာသွားမှသာ စစ်သားတစ်စုက အသိပြန်ဝင်လာသည်။

"လာကြစမ်း...ဗိုလ်ချုပ်ရှဆီကို အမြန်သတင်းပို့ကြ"

လိမ္မာပါးနပ်သောစစ်သားတချို့သည် ရှဟယ်ထံသို့ တဟုန်ထိုးအပြေးသွားကြ၏။

အနောက်ပိုင်းစစ်တပ်...ဗိုလ်ချုပ်ယုချီ၏စစ်စခန်း၌...

ရှဟယ်၏သစ္စာရှိလူယုံတစ်ယောက်ဖြစ်သဖြင့် ယုချီသည် တပ်ခွဲတစ်ခွဲကိုအုပ်ချုပ်ရပြီး သူ၏လက်အောက်၌ စစ်သည်အင်အားငါးသောင်းရှိသည်။

ဤနေရာရှိစစ်သားများသည် နေ့စဥ်နေ့တိုင်း ပြင်းပြင်းထန်ထန် လေ့ကျင့်ကြရာ မှော်စွမ်းအင်လှိုင်းများ အဆက်မပြတ်ထွက်ပေါ်နေသည်။မြောက်များစွာသော စစ်သားများ၏တညီတညွတ်တည်း အော်ဟစ်ကြုံးဝါးသံများက လေဟာနယ်ကိုပင် ဆုတ်ဖြဲနိုင်လုမတက်ပင်။

ဤနေရာသည် ကောင်းကင်ဘုံနယ်မြေအတွင်း၌ တည်ရှိပေ၏။အကယ်၍ အောက်ဘုံများတွင်ဆိုပါက ထိုစစ်သားများ၏သံပြိုင်အော်ဟစ်သံတစ်ခုတည်းဖြင့်ပင် လေဟာနယ်အက်ကွဲကြောင်းများ ဖြစ်ပေါ်စေနိုင်သည်။

စစ်စခန်း၏အလယ်ဗဟိုရှိ ပင်မခန်းမအတွင်း၌ စစ်သားသုံးရာခန့်က သူတို့၏ကျင့်ကြံနည်းစနစ်များကို လေ့ကျင့်နေသည်။သူတို့မှ အော်ဟစ်ကြုံးဝါးသံများက ပတ်ဝန်းကျင်နေရာအနှံ့ ပဲ့တင်ထပ်ပျံ့နှံ့နေပေ၏။

ယား...

စစ်သားများအနက်မှတစ်ယောက်သည် ကျယ်လောင်စွာ အော်ဟစ်ကြုံးဝါးပြီးနောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ မှော်စွမ်းအားများသည် သုံးပေမြင့်မားသော ရက်စက်ကြမ်းကြုတ်သည့် ကျားတစ်ကောင်အဖြစ် အသွင်ပြောင်းလဲသွားသည်။ထိုစစ်သားသည် သူ၏လက်မောင်းကိုအားစိုက်ပြီး သူ့ရှေ့ရှိမှော်ရတနာဓားရှည်တစ်လက်ကို ရိုက်ချိုးပစ်လိုက်၏။

ခန်းမ၏အလယ်ဗဟိုရှိထိုင်ခုံတစ်လုံးပေါ်၌ ယုချီထိုင်နေပြီး စစ်သားများလေ့ကျင့်နေခြင်းကို သူက တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ကြည့်နေသည်။

"ဗိုလ်ချုပ်...ကြည့်ရတာတော့ အဲ့ဒီအကျဥ်းသားတွေက တကယ့်ကိုပဲ ကံကောင်းမှုကြီးတစ်ခုနဲ့ ကြုံတွေ့ထားပုံရတယ်...ကျွန်တော်ရဲ့လက်အောက်ငယ်သားတွေက အဲ့ဒီကျင့်ကြံနည်းစနစ်တွေကို စစ်ဆေးပြီးသွားပြီ...ဒါတွေကို ပြင်ပကိုသာထုတ်လိုက်ရင် ထိပ်တန်းအဆင့်ကျင့်ကြံနည်းစနစ်တွေလို့ ယူဆလို့ရတယ်...ကျွန်တော်တို့စစ်သားတွေရဲ့ ကျင့်ကြံမှုအရှိန်နှုန်းက အရင်ထက် ငါးဆ ခြောက်ဆလောက် ပိုပြီးမြန်လာတယ်"

အကြံပေးအရာရှိတစ်ယောက်က ယုချီ၏နံဘေး၌မတ်တတ်ရပ်နေပြီး သူက စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုလေသည်။

ယုချီက သူ၏မုတ်ဆိတ်မွှေးများကို ပွတ်သပ်နေပြီး သူ၏မျက်နှာပေါ်၌ ဂုဏ်ယူဝင့်ကြွားသောအပြုံးမျိုးရှိနေသည်။

ဤကဲ့သို့အဖိုးတန်သည့်အရာများကို နံပါတ်ငါးတပ်စုထံမှ ရှာဖွေတွေ့မည်ဟု သူ မျှော်လင့်ထားမိခြင်းမရှိချေ။

သူ ရှာတွေ့ခဲ့သော ကျင့်ကြံနည်းစနစ်တစ်ခုဆိုလျှင် သူနှင့်အလွန်ကိုက်ညီပြီး သူ၏ကျင့်ကြံမှုကို အကြီးအကျယ်တိုးတက်စေခဲ့သည်။

"နံပါတ်ငါးတပ်စုရဲ့တပ်စုမှူးက ထွက်ပြေးသွားပုံရတယ်...ကျွန်တော်တို့က သူ့ကိုဖမ်းဆီးဖို့ လူတွေကိုစေလွှက်ပြီး သူထွက်လာအောင် ဖိအားပေးရမယ်...ဒီကျင့်ကြံနည်းစနစ်တွေအားလုံးကို အဲ့ဒီတပ်စုမှူးက သူတို့ကို ပေးခဲ့တာ"

အကြံပေးအရာရှိက အပြုံးနှင့် ပြောဆိုလေ၏။

"ငါ့ရဲ့အမိန့်ကို ထုတ်ပြန်လိုက်စမ်း...အဲ့ဒီတပ်စုမှူးကို တပ်ပြေးအဖြစ် သတ်မှတ်ပြီးတော့ သူ့ကိုဖမ်းဆီးဖို့ တစ်ယောက်ယောက်ကို စေလွှက်လိုက်...ဒါပေမယ့် သူ့ကို စစ်ခုံရုံးကိုတိုက်ရိုက်ပို့စရာမလိုဘူး...ဒီနေရာကို အရင်ဆုံးခေါ်ဆောင်လာခဲ့"

ယုချီက လေသံတိုးတိုးဖြင့် ပြောဆိုသည်။

အကြံပေးအရာရှိ၏မျက်နှာထက်၌ နားလည်သဘောပေါက်သွားသောအပြုံးမျိုး ထင်ဟပ်လာသည်။

"ဗိုလ်ချုပ်...ဘာမှမစိုးရိမ်ပါနဲ့...ကျွန်တော် နားလည်သဘောပေါက်ပါတယ်"

ထိုအချိန်မှာပင် ပြင်ပမှနေ၍ ကျယ်လောင်သောဆူညံသံကြီး ထွက်ပေါ်လာသည်။

ဘုန်း...ဘုန်း....

စစ်သားနှစ်ယောက် အတွင်းသို့ လွှင့်ပစ်ခံလိုက်ရခြင်းနှင့်အတူ ပင်မခန်းမ၏တံခါးမကြီး ချက်ချင်းဆိုသလို ကျိုးပဲ့သွားသည်။

"ဘာမှ လိုက်ရှာနေစရာမလိုဘူး...ဒီနေရာကို ငါကိုယ်တိုင် ရောက်လာပြီ"

လုယွီက ခြေလှမ်းကျဲကြီးများဖြင့် ခန်းမအတွင်းသို့ ဝင်ရောက်လာခဲ့သည်။

Chapter 1855

ဘုန်း...

လုယွီက သူ၏လက်ကိုမြှောက်၍ သူ တရွတ်တိုက်ဆွဲခေါ်လာသော ရှေ့ပြေးအရာရှိကို မြေပြင်ပေါ်သို့ပစ်ချလိုက်၏။

ဤအချိန်တွင် ရှေ့ပြေးအရာရှိသည် သူ၏မူလတက်ကြွလှုပ်ရှားသောပုံစံ မရှိတော့ချေ။သူ၏သံချပ်ကာဝတ်စုံတစ်စုံလုံး အပြည့်အဝထိခိုက်ပျက်စီးနေပြီး ရှည်လျားသောသွေးစွပ်ကြောင်းရာကြီးက မြေပြင်ပေါ်၌ ထင်ကျန်ရစ်ခဲ့သည်။

"ဒီနေရာကို ဘယ်သူ ကျူးကျော်ဝင်လာဝံ့တာလဲ"

ပင်မခန်းမအတွင်း၌ ကျင့်ကြံနေကြသောစစ်သားများက လုယွီထံသို့ တဟုန်ထိုးပြေးဝင်၍ တိုက်ခိုက်ကြသည်။

ထိုသီးသန့်စစ်သားများ၏ခွန်အားသည် သာမာန်စစ်သားများထက် များစွာပို၍အားကောင်းပေ၏။သူတို့ထံမှနေ၍ ပြင်းထန်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ထွက်ပေါ်နေသည်။

လုယွီက လှုပ်ရှားခြင်းမပြုသော်လည်း ဒေါသတကြီးအော်ငေါက်သံတစ်သံက သူ၏နောက်မှ ထွက်ပေါ်လာပေ၏။

"ငါတို့ရဲ့အရှင်ကို ဘယ်ကောင်တိုက်ခိုက်ဝံ့လဲ"

သူတို့သည် လုယွီ၏နောက်သို့ လိုက်လာကြသော သိုက်ဖုန်းတို့လူစုဖြစ်သည်။

နှစ်ဖက်စလုံးသည် ဒေါသတကြီးဖြင့် ဖရိုဖရဲတိုက်ပွဲတစ်ခုကို စတင်၍ဆင်နွှဲကြတော့သည်။သီးသန့်စစ်သားများသည် အားကောင်းသန်မာသော်လည်း သိုက်ဖုန်းတို့လူစုတွင် သိုင်းသူတော်စင်နယ်ပယ်ကျင့်ကြံသူ ဆယ်ယောက်ကျော်ပါဝင်နေသည်။ထို့ကြောင့် သူတို့သည် သီးသန့်စစ်သားများကို အလျှင်အမြန် ဖိနှိပ်နိုင်ခဲ့သည်။

"အကျဥ်းသားတစ်စုကများ...ထွက်လာရဲတယ်ပေါ့..မင်းတို့က ပုန်ကန်ဖို့ကြံစည်နေကြတာလား"

ယုချီက သိုက်ဖုန်းတို့လူစုသည် အကျဥ်းသားဝတ်စုံများ ဝတ်ဆင်ထားဆဲဖြစ်သည်ကိုမြင်တွေ့ချိန်တွင် သူ၏မျက်လုံးအတွင်း၌ အလင်းတန်းတချို့ ဖြတ်ပြေးသွားသည်။

ထို့နောက် ယုချီက သူ၏နံဘေးရှိဆေဘာဓားကိုကိုင်မြှောက်၍ သိုက်ဖုန်းထံဦးတည်ကာ ပစ်လွှက်လိုက်၏။

ထိုပစ်လွှက်လိုက်မှုတွင် ယုချီသည် သူ၏မှော်စွမ်းအင်များကို ဆေဘာဓားအတွင်းသို့ထည့်သွင်းထားသဖြင့် ဆေဘာဓားတစ်ချောင်းလုံး တုန်ခါနေသည်။ထိုဆေဘာဓားသည် မြစ်ကိုဖြတ်ကူးသည့် ကြမ်းကြုတ်ရက်စက်သောနဂါးတစ်ကောင်အလား သိုက်ဖုန်းထံသို့ တန်းတန်းမတ်မတ် တိုးဝင်သွားသည်။

သီးသန့်အစောင့်များနှင့် တိုက်ခိုက်နေသောသိုက်ဖုန်းသည် အသံတစ်သံကိုကြားသဖြင့် သူ၏ခေါင်းကိုလှည့်ကြည့်လိုက်၏။ဆေဘာဓားတစ်လက်က သူ၏အနီးသို့ ရောက်ရှိလာခြင်းကို သူ မြင်တွေ့လိုက်ရသည်။

ဝှစ်...

မျက်တောင်တခတ်စာအတွင်းမှာပင် လုယွီသည် ဆေဘာဓားရှေ့သို့ရောက်ရှိလာပြီး သူ၏လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။

ခရက်...ခရက်...ခရက်...

ပြင်းထန်သောဆူညံသံများသည် ဆေဘာဓားအတွင်းမှ မြည်ဟီးလာပေ၏။ကြီးမားသောအင်အားလှိုင်းနှစ်ခု ဖီလာဆန့်ကျင်ရိုက်ခတ်မိချိန်တွင် မူလကဖြောင့်တန်းနေသော ဓားလက်ကိုင်သည် တွန့်လိမ်စပြုလာပြီး ပုံသဏ္ဌာန်ပြောင်းလဲသွားသည်။အဆုံးသတ်၌ ဆေဘာဓားတစ်ချောင်းလုံး ကျိုးပဲ့သွားပြီး သံတိုသံစအဖြစ် လွင့်ထွက်သွားတော့သည်။

"ယုချီ...မင်းက ငါ့ရဲ့လူတွေကိုဖမ်းဆီးပြီး သူတို့ကို မင်းတည်ဆောက်ထားတဲ့ သီးသန့်အကျဥ်းထောင်ထဲမှာ အကျဥ်းချထားခဲ့တယ်...ဒါက မင်း ငါ့ကို ဖြေရှင်းချက်ပေးရမယ့်အချိန်ပဲ"

လုယွီက ယုချီထံသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းသွားလိုက်သည်။

လုယွီသည် သူ၏မှော်စွမ်းအားကို လွယ်လင့်တကူ ချေဖျက်နိုင်သည်ကိုကြည့်ပြီး ယုချီက မျက်မှောင်ကြုတ်လိုက်၏။

"မင်းက ဘယ်သူလဲ"

လုယွီ၏ခန္ဓာကိုယ်ပေါ်ရှိ ဗိုလ်ချုပ်သံချပ်ကာဝတ်စုံကိုမြင်တွေ့ချိန်တွင် သူက အနည်းငယ်ထိတ်လန့်ကြောက်ရွံသွားသည်။

"မင်း ငါကို နေရာအနှံ့ရှာနေတာမဟုတ်ဘူးလား...ဘာလို့လဲ...ငါ အခု မင်းရှေ့မှာ မတ်တတ်ရပ်နေတယ်လေ...မင်း ဘာလိုချင်လို့လဲ"

လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။

ယုချီသည် အစပထမတွင် ကြက်သေသေနေသော်လည်း မကြာမီမှာပင် သူ ဖမ်းဆီးလိုသောလူတစ်ယောက်အကြောင်းကို အမှတ်ရသွားသည်။

"မင်းက နံပါတ်ငါးတပ်စုရဲ့တပ်စုမှူးမလား...ဘယ်လိုလုပ်ပြီး မင်းက ဗိုလ်ချုပ်တစ်ယောက် ဖြစ်သွားတာလဲ"

ယုချီက ကြောက်ရွံထိတ်လန့်သွားပေ၏။

ဤကဲ့သို့ရာထူးတိုးနှုန်းသည် ကြောက်ခမန်းလိလိမြန်ဆန်ခြင်းမျိုးပင်။

"အဲ့ဒီကောင်လေးက ကံကောင်းမှုကြီးတစ်ခုနဲ့ကြုံတွေ့ခဲ့ရလို့ ခုလိုမျိုးတိုးတက်မှုလျှင်မြန်တာပဲဖြစ်နိုင်တယ်...သူ့ရဲ့လူတွေကို ပေးထားတဲ့ ကျင့်ကြံနည်းစနစ်တွေက အဲ့ဒီကံကောင်းမှုကြီးကနေ ရလာတဲ့ဟာတွေဖြစ်မယ်"

ထိုအကြောင်းကို တွေးတောမိသည်နှင့် ယုချီ၏စိတ်နှလုံးသားတစ်ခုလုံး ပူပြင်းလာပြီး လောဘများ ပေါက်ဖွားလာသည်။

"နံပါတ်ငါးတပ်စုမှာ ဗိုလ်ချုပ်အသစ်တစ်ယောက်ရှိတယ်ဆိုတာ ဘာလို့ ငါ မသိတာလဲ...မင်းက အယောင်ဆောင်ပြီး ဒီနေရာကိုရောက်လာတာပဲဖြစ်မယ်...မင်းက ငါ့ရှေ့ကိုလာပြီး တော်ဝင်နန်းတွင်းရဲ့ဗိုလ်ချုပ်တစ်ယောက်အဖြစ်တောင် ဟန်ဆောင်ဝံ့တယ်ပေါ့လေ...မင်းက အကြိမ်ထောင်သောင်းမက သေဖို့ထိုက်တန်တယ်"

ယုချီက သူ့ထိုင်နေသောထိုင်ခုံကို ရိုက်ပုတ်ပြီး ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်၏။

လုယွီက ထိုခြိမ်းခြောက်စကားကို လျစ်လျှူရှုပြီး အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုသည်။

"ငါ အပြင်ကိုသွားနေတဲ့အချိန်မှာ...ငါ့ရဲ့လက်အောက်ငယ်သားတွေက ဘယ်လိုအပြစ်မျိုးတွေကို ကျူးလွန်ခဲ့လို့...မင်းက သူတို့ကို ဖမ်းဆီးအကျဥ်းချပြီး နေ့ရောညပါ နှိပ်စက်ညှင်းပန်းနေရတာလဲ...အနည်းဆုံး ငါ့ရဲ့လူ ဆယ်ယောက်လောက်သေဆုံးသွားတယ်...မင်း ဒါကို လုပ်ခဲ့လား...မလုပ်ခဲ့ဘူးလား"

ယုချီက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။

"ဟုတ်တယ်...ငါလုပ်ခဲ့တာ...ပုရွတ်ဆိတ်လိုကောင်တစ်သိုက်ကိုများ...သူတို့သေအောင် ငါ လုပ်ခဲ့တယ်...မင်း ဘယ်လိုဖြေရှင်းချက်မျိုးလိုချင်လဲ"

ဤှသည်က မဟာစစ်ဗိုလ်ချုပ်ရှဟယ် သူ့အားလုပ်ရန် ခိုင်းစေခဲ့သော ကိစ္စတစ်ရပ်ပင်။

မဟာစစ်ဗိုလ်ချုပ်တစ်ယောက်သည် တစ်စုံတစ်ယောက်ကိုသတ်ဖြတ်လိုပါက အကြောင်းပြချက် မလိုအပ်ချေ။

လုယွီက ယုချီကို စူးစိုက်၍ကြည့်လိုက်၏။

"မင်း ငါ့ရဲ့အကြောင်းကို မကြာခင်သိရလိမ့်မယ်...ငါက ခုမှပြန်ရောက်တာ..တချို့ကိစ္စလေးတွေဖြေရှင်းဖို့လိုအပ်နေတယ်...အခုချိန်မှာ မင်းနဲ့တိုက်ခိုက်ဖို့ ငါ့မှာအချိန်မရှိသေးဘူး...နောက်သုံးရက်ကြာရင် မင်းနဲ့ငါ သေခြင်းရှင်ခြင်းတိုက်ပွဲစင်မြင့်မှာတွေ့မယ်"

All Chapters