အခန်း (၁၈၆၁-၁၈၆၅)
Vol. 96 Ch. 1861-1865
Chapter 1861
"မဖြစ်နိုင်ဘူး. ."
ဤတစ်ကြိမ်တွင် ယုချီ၏ခန္ဓာကိုယ်မှ ချွေးစေးများ ယိုစီးကျလာသည်။
သူ၏အကြီးမားဆုံး မှီခိုအားထားမှုမှာ သူ၏လက်အတွင်းမှကျောက်စာတိုင်ဖြစ်သည်။သို့မဟုတ်ပါက သူသည် လုယွီနှင့်တိုက်ခိုက်ရန် သဘောတူညီခဲ့မည်မဟုတ်ချေ။
ယုချီ ကြက်သေသေနေသောအချိန်အခိုက်အတန့်မှာပင် လုယွီသည် လောကဖိနှိပ်ခြင်းကျောက်စာတိုင်၏စိတ်ဝိညာဥ်ကို အပြည့်အဝထိန်းချုပ်သွားနိုင်လေပြီ။
ဤမှော်ရတနာကိုသိမ်းသွင်းပြီးသည်နှင့် လုယွီသည် သူ့စိတ်ဝိညာဥ်၏အနက်ရှိုင်းဆုံးနေရာ၌ အပိုဆက်နွယ်ချက်တစ်ခုရှိနေကြောင်း ရုတ်တရက်ခံစားမိသည်။မမြင်နိုင်သောအနာဂတ်အတွင်း၌ သူသည် ကွဲပြားခြားနားသောမဟာတာအိုလမ်းကြောင်းများကို နက်ရှိုင်းစွာနားလည်သဘောပေါက်နိုင်ပေလိမ့်မည်။
ဤသည်က ရှေးဟောင်းအင်မော်တယ်များအသုံးပြုခဲ့သော အင်မော်တယ်မှော်လက်နက်တစ်ခုပင်။
ထိုအရာသည် အင်မော်တယ်မှော်လက်နက်၏တစ်စိတ်တစ်ပိုင်းသာဖြစ်သည့်တိုင် အကယ်၍ သူ ထိန်းချုပ်နိုင်ပါက သူ့အတွက် အကျိုးကျေးဇူးများစွာရရှိပေမည်။
"ဒါဆို ဒီလောကဖိနှိပ်ခြင်းကျောက်စာတိုင်ကို ရှမိသားစုက လေလံပွဲတစ်ခုကနေ ရခဲ့တာပေါ့...သူတို့က ဒါကို ပြင်ပလောကနတ်ဆိုးဖိနှိပ်ခြင်းကျောက်စာတိုင်လို့ နာမည်ပေးခဲ့တယ်...ဒီနာမည်က တော်တော်လေးသင့်လျော်ပေမယ့် ဒါက ရှမိသားစုရဲ့လက်ထဲမှာ အမှိုက်သာသာပဲဖြစ်နေတယ်...သူတို့က ဒါကို အကာအကွယ်မှော်ရတနာတစ်ခုအဖြစ်နဲ့ပဲ အသုံးပြုခဲ့တယ်"
ရုတ်ချည်းဆိုသလိုပင် လောကဖိနှိပ်ခြင်းကျောက်စာတိုင်၏စိတ်ဝိညာဥ်ထံမှ မြောက်မြားစွာသောမှတ်ဥာဏ်ပုံရိပ်များက လုယွီထံသို့ တိုးဝင်လာသည်။
လောကဖိနှိပ်ခြင်းကျောက်စာတိုင်၏ အကြီးမားဆုံးလုပ်ဆောင်ချက်မှာ ခုခံကာကွယ်ခြင်းမဟုတ်ဘဲ ဖိနှိပ်ခြင်းဖြစ်သည်။
ရှေးဟောင်းအချိန်ကာလများတွင် အထက်ကိုးကောင်းကင်ဘုံကိုပင် တုန်လှုပ်စေသော မြောက်များစွာသည့်နတ်ဆိုးများသည် လောကဖိနှိပ်ခြင်းကျောက်စာတိုင်၏ ဖိနှိပ်ခြင်းကိုခံရပြီး ထာဝရလှောင်ပိတ်ထားခြင်းခံရသည်။
"မင်း ဘယ်လိုလှည့်ကွက်မျိုးတွေ သုံးနေတာလဲ"
ယုချီက တင်းမာခက်ထန်သောလေသံဖြင့် မေးမြန်းသည်။ရုတ်တရက် သူ၏လက်အတွင်း၌ လှံရှည်တစ်ချောင်းထွက်ပေါ်လာပြီး လုယွီထံဦးတည်၍ ပြင်းပြင်းထန်ထန်ဝှေ့ယမ်းလိုက်၏။
စူးရှပြီးနားအူလုမတက် ရွှီခနဲလေတိုးသံက လေထုအတွင်း၌ ရုတ်တရက်ထွက်ပေါ်လာသည်။ယုချီသည် လှံရှည်ကိုဝှေ့ယမ်းပြီးသည်နှင့် ရန်သူ၏စိတ်ကိုအနှောက်အယှက်ပေးနိုင်သည့် ထောင်ပေါင်းများစွာသော အငြှိုးကြီးစိတ်ဝိညာဥ်များ အဆက်မပြတ် အော်ဟစ်မြည်တမ်းနေသကဲ့သို့ အသံများထွက်ပေါ်လာသည်။
"ငရဲ ရိုက်ချက်"
လှံရှည်သည် အလွန်အမင်းစူးရှချွန်ထက်ပြီး လုယွီကို တစ်ချက်တည်းဖြင့် သတ်ဖြတ်ပစ်နိုင်မည့်ပုံရသည်။
လုယွီက သူ၏လက်ကိုမြှောက်ကာ ခေါင်းဖြတ်ဓားကို ဆင့်ခေါ်ပြီး လှံရှည်ကို ပိတ်ဆို့ဟန့်တားလိုက်၏။
လူနှစ်ယောက် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြသည်။အချိန်တခဏအတွင်းတွင် တိုက်ပွဲစင်မြင့်ပေါ်၌ အနက်ရောင်အရိပ်နှစ်ခု ဖြတ်သန်းနေသည်ကိုသာ တွေ့မြင်ရတော့သည်။သာမာန်လူများသည် သူတို့နှစ်ယောက်တိုက်ခိုက်နေခြင်း၏ အရိပ်အယောင်ကိုပင် ဖမ်းဆုပ်နိုင်ခြင်းမရှိချေ။
"ဒီရှောင်ယန်းက ဗိုလ်ချုပ်ယုချီနဲ့လက်ရည်တူတိုက်ခိုက်နိုင်မယ်လို့ ငါ မျှော်လင့်မထားမိဘူး"
"သူက ဦးရီးတော်ကြောင့် ဒီနေရာကိုရလာတာလို့ ပြောနေကြတာမလား...ခုကြည့်ရသလောက်တော့ သူ့ရဲ့ခွန်အားက အားနည်းပုံမရဘူး"
"သူ့အသက်က ငယ်ငယ်လေးရှိသေးတယ်...သူက အဆင့်မြင့်အရာရှိရာထူးကို ရထားရုံတင်မကဘူး...သူ့ရဲ့ခွန်အားကလည်း အံ့အားသင့်စရာကောင်းတယ်...သူ့ရဲ့အနာဂတ်အောင်မြင်မှုက အကန့်အသတ်ရှိမှာမဟုတ်ဘူး"
လူအများက အံ့အားသင့်စွာဖြင့် ပြောဆိုဆွေးနွေးနေကြစဥ်တွင် ရုတ်တရက် တိုက်ပွဲအတွင်းမှလူတစ်ယောက် လွင့်ထွက်လာပြီး မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန်ပြုတ်ကျသွားသည်။
ရလဒ်သည် အလွန်လျှင်မြန်စွာ ထွက်ပေါ်လာလေပြီ။
လူများအားလုံး၏မျက်လုံးအကြည့်များက တိုက်ပွဲစင်မြင့်ပေါ်သို့ စူးစိုက်၍ကျရောက်သွားချိန်တွင် ရှုံးနိမ့်သွားသူမှာ ယုချီဖြစ်ကြောင်း သူတို့အားလုံး မြင်တွေ့လိုက်ရ၏။
ဤအချိန်အခိုက်အတန့်တွင် ယုချီ၏ခန္ဓာကိုယ်ပေါ်ရှိ သံချပ်ကာဝတ်စုံသည် စုတ်ပြတ်သတ်နေပြီး သူ၏လက်မောင်းတစ်ဖက် ပြတ်တောက်သွားကာ သွေးများက အဆက်မပြတ်ယိုစီးကျနေသည်။
လုယွီ၏ဝတ်စုံသည်မူ အကောင်းပကတိရှိနေဆဲပင်။သူသည် ခေါင်းဖြတ်ဓားကိုကိုင်ဆောင်ပြီး ယုချီထံသို့ ခြေလှမ်းတစ်လှမ်းချင်း လျှောက်လှမ်းသွားနေလေ၏။
ဤမျှအချိန်တိုလေးအတွင်းတွင် ယုချီ မည်သည်ကြောင့်ရှုံးနိမ့်သွားရသနည်း။
"ခဏနေပါဦး...မင်းနဲ့ငါကြားမှာ ဘာရန်ငြှိုးရန်စမှမရှိဘူး...အရာအားလုံးက နားလည်မှုလွဲမှားခဲ့တာပါ...မင်း ငါ့ကို လွှက်ပေးတာနဲ့...ငါက မင်းကို ရှမိသားစုဆီမှာ ထောက်ခံပေးဖို့ ဆန္ဒရှိပါတယ်"
ယုချီက ကြောက်လန့်တကြား ပြောဆိုသည်။
သူသည် လုယွီထံမှ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို ခံစားမိပေ၏။
သူတို့နှစ်ယောက် တိုက်ခိုက်နေစဥ်အတောအတွင်းတွင် ယုချီသည် လုယွီမည်မျှထိအစွမ်းထက်ကြောင်းကို ခံစားမိပြီးဖြစ်သည်။သူသည် လူတစ်ယောက်နှင့် ရင်ဆိုင်နေရသည်နှင့်မတူညီဘဲ လေးလံသောတောင်ကြီးတစ်လုံးက သူ့ကိုသေသည်အထိဖိနှိပ်ထားခြင်းနှင့် တူညီနေသည်။
တာယွီအင်ပါယာရှိ မည်သူတစ်ဦးတစ်ယောက်ကမျှ ရှမိသားစုနှင့်ဆက်သွယ်နိုင်ရန်ဟူသော သွေးဆောင်ဖြားယောင်းမှုကို ငြင်းဆန်နိုင်မည်မဟုတ်ချေ။
'မင်း စောင့်နေဦးပေါ့..တကယ်လို့ မင်းက ရှမိသားစုနဲ့ဆက်သွယ်နိုင်ရင်တောင် အစွန်အဖျားကကောင်ပဲဖြစ်မှာ...အဲ့ဒီအချိန်ကျရင် ငါ့ဆီမှာ မင်းကိုသတ်ပစ်ဖို့ နည်းလမ်းတွေအများကြီးရှိတယ်"
ယုချီ၏မျက်လုံးအတွင်း၌ နာကျည်းမုန်းတီးမှုအရိပ်အယောင်များ ရှိနေသည်။
သို့ရာတွင် ထိုနာကျည်းမုန်းတီးမှုအရိပ်အယောင်များကို လုယွီက အလျှင်အမြန်ဖမ်းဆုပ်မိပေ၏။
"မင်းက ငါ့ကို သတ်ဖြတ်ချင်တဲ့စိတ်အပြည့်ရှိနေတာမဟုတ်လား ...မင်းက သေလမ်းရှာနေတာပဲ"
လုယွီက အေးစက်စက်နှာတစ်ချက်မှုတ်ပြီး ယုချီကို အမြှစ်ပြတ်သုတ်သင်ရန်အတွက် သူ၏လက်ကိုမြှောက်လိုက်သည်။
သူနှင့်ရှမိသားစုသည် မည်သို့မျှပြေလည်နိုင်စရာ အကြောင်းအရင်းမရှိဟူသောအချက်ကို ဘေးဖယ်ထားလျှင်ပင် ယုချီသည် သူ့အား သတ်ဖြတ်လိုသဖြင့် အနာဂတ်ပြဿနာများကို ကာကွယ်ပြီးသားဖြစ်စေရန် သူ လက်ဦးမှုရယူရပေမည်။
Chapter 1862
လုယွီသည် သူ၏အတိတ်ဘဝ၌ အချိန်အတော်ကြာ ကျင့်ကြံခဲ့သူဖြစ်ပြီး လူအမြောက်အများနှင့်မတော်တဆကိစ္စများစွာကို ကြုံတွေ့ခဲ့ပြီးဖြစ်သည်။မြောက်များစွာသောကျင့်ကြံသူတို့သည် သူတို့၏ရန်သူများကို အထင်သေးခဲ့မိသဖြင့် သတ်ဖြတ်ခံခဲ့ရကြောင်း သူ ကောင်းစွာသိရှိပေ၏။
အကယ်၍ သူ၏ရန်သူသည် ယခုလက်ရှိအချိန်၌ ပုရွတ်ဆိတ်တစ်ကောင်ဖြစ်နေလျှင်ပင် အနာဂတ်ပြဿနာများကို ရှောင်ရှားနိုင်ရန်အတွက် သူ၏ခွန်အားကုန်အသုံးပြု၍ ထိုလူကို အမြစ်ပြတ်သုတ်သင်ရပေမည်။
ဘုန်း...
လုယွီ၏လက်ဖဝါးမှ ပြင်းထန်သောအားလှိုင်းတစ်ရပ် ပွင့်အံထွက်လာပြီး သူက ယုချီ၏နဖူးထံဦးတည်၍ ရိုက်နှက်လိုက်၏။ထိုလက်ဝါးရိုက်ချက်ကို လုယွီသည် အနည်းငယ်မျှပင် နောက်တွန့်ခြင်းမရှိချေ။သူသည် ယုချီကို လက်ဝါးတစ်ချက်တည်းဖြင့်ရိုက်သတ်ရန် အဆင်သင့်ပြင်ထားသည်။
"ရပ်လိုက်စမ်း..."
ကောင်းကင်ယံမှနေ၍ ဧရာမမှော်စွမ်းအင်လက်ဝါးကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး မျက်တောင်တခတ်စာအချိန်အတွင်းမှာပင် လုယွီ၏ရှေ့၌ ပိတ်ဆို့ဟန့်တားလိုက်သည်။
ခန့်ညားထည်ဝါသော ပုံရိပ်တစ်ရိပ်သည် လေဟာနယ်အတွင်း၌ မတ်တတ်ရပ်နေပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို မျက်လုံးသုံးလုံးနှင့်လက်ခြောက်ဖက်နတ်ဘုရားအဖြစ် အသွင်ပြောင်းကာ ဒေါသတကြီးအော်ဟစ်ကြုံးဝါးလိုက်၏။
"ဒါက ဗိုလ်ချုပ်ရှဟယ်ရဲ့မျက်လုံးသုံးလုံးနတ်ဆိုးနတ်ဘုရား မဟုတ်လား...တကယ်ကိုပဲ သူကိုယ်တိုင် ရောက်လာတာပါလား"
"ယုချီက သူ့ရဲ့သစ္စာရှိလူယုံလေ...တကယ်လို့ ယုချီသာသေသွားရင် သူ့ရဲ့ဆုံးရှုံးမှုက နည်းမှာမဟုတ်ဘူး"
"ဒါပေမယ့် ဒါက သေခြင်းရှင်ခြင်းတိုက်ပွဲစင်မြင့်လေ....အမှန်အတိုင်းပြောရရင် တကယ်လို့ ယုချီ အသတ်ခံရရင်တောင် ဘာမှပြောလို့မရဘူး...မဟာစစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်ပြီးတော့ သူက လူအများရှေ့မှာ စည်းမျဥ်းတွေကိုချိုးဖောက်တယ်...ဒါက တကယ့်ကို ကျိုးကြောင်းမဆီလျော်တာပဲ"
ဧရာမနတ်ဆိုးပုံရိပ်ကြီးကိုမြင်သည်နှင့် လုယွီ၏မျက်လုံးများ အေးစက်တင်းမာသွားသည်။သူက ယုချီထံဦးတည်၍ နောက်ထပ်လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်၏။
ထိုမြင်ကွင်းကိုမြင်သည်နှင့် ယုချီက အလျင်စလို အော်ဟစ်လိုက်သည်။
"ဗိုလ်ချုပ်...ကျွန်တော်ကို ကယ်ပါအုံး"
"မောက်မာရိုင်းစိုင်းတဲ့ကောင်...မင်းက ငါ့ရဲ့လက်အောက်ငယ်သားကို သတ်မလို့ကြံစည်ဝံ့တယ်ပေါ့လေ...သောက်ချေးပဲ"
ရှဟယ်၏ဒေါသတကြီးအော်ငေါက်သံကြီးက ပတ်ဝန်းကျင်နေရာအနှံ့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
စကားဆုံးသည်နှင့် မျက်လုံးသုံးလုံးနတ်ဆိုးကြီးသည် သူ၏လက်သီးကိုတင်းတင်းကျပ်ကျပ်ဆုပ်၍ လုယွီထံဦးတည်ကာ ထုနှက်လိုက်၏။
ဤကြီးမားသောဓမ္မပုံရိပ်ကြီးကို တစ်ချက်စိုက်ကြည့်မိရုံဖြင့် ပတ်ဝန်းကျင်ရှိလူများသည် အလွန်ကြီးမားသောဖိအားအရှိန်အဝါတစ်ရပ်က သူတို့ထံဦးတည်လာသကဲ့သို့ ခံစားနေရသည်။သူတို့သည် တစ်ဖက်လူ၏ပစ်မှတ်မဟုတ်သည့်တိုင် သူတို့၏စိတ်နှလုံးသားအတွင်းမှနေ၍ ခုခံနိုင်စွမ်းအားကင်းမဲ့နေသကဲ့သို့ ခံစားနေရဆဲပင်။
တခြားသူများ တစ်ယောက်ပြီးတစ်ယောက် အဝေးသို့ ရှောင်ခွာပြေးကြသဖြင့် သေခြင်းရှင်ခြင်းတိုက်ပွဲစင်မြင့်ပေါ်၌ လုယွီတစ်ယောက်တည်းသာ မားမားမတ်မတ်ရပ်တည်၍ ကျန်ရစ်ခဲ့သည်။
"ရှဟယ်...မင်း မဟုတ်တမ်းတရားတွေမပြောစမ်းနဲ့...သေခြင်းရှင်ခြင်းတိုက်ပွဲစင်မြင့်ရဲ့စည်းမျဥ်းတွေကို မင်းလည်းသိတယ်...ငါ့ဆီမှာ ယုချီကိုသတ်ခွင့်ရှိတယ်...မင်းက အခွင့်အာဏာမရှိဘဲ စည်းမျဥ်းတွေကိုချိုးဖောက်ပြီး ယုချီကိုကာကွယ်ပေးချင်နေတာ...မင်းက ငါ့ကို ဟန့်တားဝံ့တာလား"
လုယွီက အေးစက်တင်းမာသောအသံဖြင့် ပြောဆိုသည်။
မျက်လုံးသုံးလုံးနတ်ဆိုးနတ်ဘုရားပုံရိပ်ကြီးသည် မိုးကောင်းကင်ယံကိုပင် ပိတ်ဖုံးလုမတက် အလွန်ကြီးမားပြီး သူက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"မင်း ဒီလောက်ထိသွေးဆာနေတာကိုကြည့်ရင်...မင်းက အငြှိုးအာဃတကြီးမားပြီး ယုတ်မာတဲ့ရည်ရွယ်ချက်ရှိတဲ့ကောင်ပဲ...ဖြစ်နိုင်တာတော့ မင်းက ငါ့ရဲ့လက်အောက်ငယ်သားကို သေခြင်းရှင်ခြင်းတိုက်ပွဲစင်မြင့်ပေါ်မှာသတ်ဖြတ်ဖို့ အစကတည်းက ကြိုတင်စီစဥ်ထားတာမလား"
ထို့နောက် ရှဟယ်သည် လုယွီ၏ဖြေရှင်းချက်ကိုပင် စောင့်ဆိုင်းခြင်းမရှိချေ။ခေါင်းသုံးလုံးနတ်ဆိုးနတ်ဘုရားပုံရိပ်ကြီးသည် သူ၏လက်သီးကိုဆုပ်၍ လုယွီထံဦးတည်ကာ ပြင်းပြင်းထန်ထန်ထုနှက်လိုက်သည်။
"ဖိနှိပ်စမ်း"
လုယွီက အော်ငေါက်ပြီး လောကဖိနှိပ်ခြင်းကျောက်စာတိုင်ကို ဆင့်ခေါ်လေသည်။
လုယွီ၏နံဘေးရှိ လောကဖိနှိပ်ခြင်းကျောက်စာတိုင်သည် ရုတ်တရက်တုန်ခါလာပြီး ကျောက်ရုပ်ထုငါးခုမှနေ၍ စူးရှကျယ်လောင်သောအသံများ တပြိုင်နက်တည်း ထွက်ပေါ်လာသည်။
ဘုန်း....
ကျယ်လောင်သောဆူညံသံကြီးက လောကဖိနှိပ်ခြင်းကျောက်စာတိုင်မှ မြည်ဟီးသွားသည်။ဤအင်မော်တယ်မှော်လက်နက်သည် မြောက်မြားစွာသောနတ်ဆိုးများ၏တိုက်ခိုက်မှုဒဏ်ကိုပင် ခံနိုင်ရည်ရှိခဲ့သဖြင့် ရှဟယ်၏လက်ဝါးရိုက်ချက်ကို တည်ငြိမ်စွာခံယူနိုင်ခဲ့သည်။
သို့ရာတွင် ထိုလက်ဝါးရိုက်ချက်ကို လောကဖိနှိပ်ခြင်းကျောက်စာတိုင်မှ ခံယူနိုင်သည့်တိုင် သေခြင်းရှင်ခြင်းတိုက်ပွဲစင်မြင့်သည် ကြီးမားသောအားလှိုင်းဒဏ်ကို တောင့်ခံနိုင်ခြင်းမရှိချေ။ထိုစင်မြင့်သည် အလယ်မှနေ၍ အက်ကွဲကျိုးပဲ့သွားတော့သည်။
"အတင့်ရဲလှချည်လား...မင်းက ငါ့ရဲ့မှော်လက်နက်ကိုတောင် ယူထားဝံ့တယ်ပေါ့လေ"
ရှဟယ်သည် အလွန်ဒေါသထွက်သွားပြီး မျက်လုံးသုံးလုံးနတ်ဆိုးနတ်ဘုရားပုံရိပ်ကြီးကို ထိန်းချုပ်ကာ လက်ဝါးရိုက်ချက်များစွာ ရိုက်ထုတ်လိုက်ရာ လောကဖိနှိပ်ခြင်းကျောက်စာတိုင်ပင်လျှင် အဆက်မပြတ် တုန်ခါနေပေ၏။
လုယွီ၏စိတ်နှလုံးသားများ လေးလံသွားသည်။တစ်ဖက်လူသည် လုပ်ကြံသတ်ဖြတ်ခြင်းခန်းမမှ မြေကမ္ဘာအင်မော်တယ်နယ်ပယ် လုပ်ကြံသတ်ဖြတ်သူထက်ပင် ပို၍ခွန်အားကောင်းနေကြောင်း သူ သိရှိသည်။
ရှဟယ်သည် ရှမိသားစုကဲ့သို့ အရေးပါထင်ရှားသောမိသားစုကြီးတွင် မွေးဖွားလာခြင်းဖြစ်ပေ၏။သူသည် မွေးဖွားလာစဥ်အချိန်စ၍ ခမ်းနားထည်ဝသောဘဝမျိုးနှင့် နေထိုင်ခဲ့ရသည်။သူ ငယ်စဥ်ကတည်းက အဖိုးတန်ဆေးလုံးများတိုက်ကျွေးခံရပြီး ကောင်းကင်အဆင့်ပစ္စည်းများ မြေကမ္ဘာအဆင့်မှော်ရတနာများဖြင့် သူ၏ခန္ဓာကိုယ်ကို အားဖြည့်ထားခဲ့သည်။သာမာန်အားဖြင့် လုပ်ကြံသတ်ဖြတ်ခြင်းခန်းမမှ လုပ်ကြံသတ်ဖြတ်သူတချို့ပင်လျှင် သူ့အားယှဥ်ပြိုင်နိုင်မည်မဟုတ်ချေ။
"ဟား ဟား ဟား...မင်းက ရှမိသားစုကို ဆန့်ကျင်တိုက်ခိုက်ဝံ့တယ်ပေါ့လေ ..ဒီနေ့တော့ မင်း သေဖို့သာပြင်ထားတော့"
ယုချီသည် နံဘေးတစ်ဘက်၌ မတ်တတ်ရပ်၍ ကျယ်လောင်စွာအော်ဟစ်ရယ်မောနေပြီး သူ၏မျက်နှာပေါ်၌ လက်စားချေခွင့်ရသဖြင့် ဝမ်းမြောက်ပျော်ရွှင်နေသောအရိပ်အယောင်များ ထင်ဟပ်နေသည်။
Chapter 1863
လုယွီ ဖိနှိပ်ခံနေရခြင်းကို မြင်နေရသဖြင့် ယုချီသည် မည်သည့်နည်းဖြင့် မပျော်ရွှင်ဘဲနေမည်နည်း။
သူ၏လက်မောင်းတစ်ဖက်သည် လုယွီ၏ဖြတ်တောက်ခြင်းကို ခံလိုက်ရ၏။သူသည် အရိုးများပြန်လည်ပေါက်ဖွားစေသည့် ဆေးလုံးတချို့ကိုသောက်သုံး၍ သူ၏လက်မောင်းကိုပြန်လည်ပေါက်ဖွားစေနိုင်သော်လည်း စစ်တပ်အတွင်း၌ သူ၏ဂုဏ်သတင်း အကြီးအကျယ်ကျဆင်းသွားမည်မှာ တိကျသေချာလှသည်။
သို့ရာတွင် လုယွီ သေဆုံးသွားသည်နှင့် ဤပြဿနာများအားလုံးကို ဖြေရှင်းပြီးဖြစ်ပေမည်။
မည်သူကမျှ သေဆုံးသွားသော လူငယ်စစ်ဗိုလ်ချုပ်တစ်ယောက်ကို အချိန်အတော်ကြာအမှတ်ရနေမည်မဟုတ်ချေ။နောက်ထပ် တစ်နှစ် နှစ်နှစ်ခန့်အကြာတွင် လုယွီနှင့်ပတ်သတ်သည့် ကိစ္စများအားလုံး ပျောက်ကွယ်သွားပေလိမ့်မည်။
"ရှဟယ်...မင်းက မဟာစစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်နေတာတောင်....သေခြင်းရှင်ခြင်းတိုက်ပွဲစင်မြင့်ရဲ့စည်းမျဥ်းတွေကို လျစ်လျှူရှုဝံ့တယ်..မင်းက တကယ့်ကို အရှက်မရှိတဲ့ကောင်ပဲ"
သိုက်ဖုန်းက ပထမဆုံးစတင်၍ အော်ဟစ်ပြောဆိုလေ၏။
ရုတ်ချည်းဆိုသလိုပင် ပုန်းကွယ်နဂါးစခန်းရှိလူများထံမှ အော်ဟစ်ဆဲဆိုသံများ ထွက်ပေါ်လာသည်။
ရှဟယ်က သူတို့ကိုတစ်ချက်ကြည့်ပြီး အေးစက်စက် နှာမှုတ်လိုက်သည်။
"ဟမ့်...ပုရွတ်ဆိတ်တစ်စုကများ...ဘယ်လိုသတ္တိမျိုးနဲ့ ငါ့ရှေ့မှာလာပြီး အော်ဟစ်နေဝံ့တာလဲ"
ထိုအော်ငေါက်သံနှင့်အတူ သိုက်ဖုန်းတို့လူစုသည် လေပြင်းမုန်တိုင်းတစ်ခုက သူတို့ထံဦးတည်၍ ရွေ့လျားတိုက်ခတ်လာသကဲ့သို့ ခံစားလိုက်ရ၏။လူအများစုသည် ထိုအားလှိုင်းဒဏ်ကို တောင့်မခံနိုင်သဖြင့် မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန်လွင့်ထွက်သွားကြသည်။
"ရှဟယ်...မင်းရဲ့လက်အောက်ကို မင်းဂရုစိုက်တာ ပိုကောင်းလိမ့်မယ်"
လုယွီသည် ထိုအခြေအနေကို အခွင့်ကောင်းယူ၍ သူ၏ရွေ့လျားမှုနည်းစနစ်ကိုအသုံးပြုကာ ယုချီထံသို့ တဟုန်ထိုးပြေးဝင်လိုက်သည်။
"လောကီအင်မော်တယ်လေးတစ်ယောက်ကများ...မင်းက ငါ့ရဲ့မှော်ရတနာကိုအသုံးပြုပြီး ငါ့ကိုတိုက်ခိုက်နိုင်မယ်လို့ ထင်နေတာလား...အိမ်မက်နက်မနေနဲ့"
ရှဟယ်သည် မျက်လုံးသုံးလုံးနတ်ဆိုးနတ်ဘုရားကိုထိန်းချုပ်၍ လုယွီ၏ရှေ့သို့ ခုန်ကူးလိုက်၏။
သူ၏အရှိန်နှုန်းသည် အလွန်လျှင်မြန်သော်လည်း လုယွီ၏တုံ့ပြန်မှုက ပို၍မြန်ဆန်နေသည်။
လုယွီက ယုချီရှိနေသောနေရာသို့ဦးတည်၍ လက်ညှိုးညွှန်လိုက်သည်။သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ မှော်စွမ်းအားများကို သူ၏လက်ညှိုးထိပ်၌စုဝေးပြီး အဖြူရောင်ဓားချီတစ်လှိုင်းအဖြစ် အလျှင်အမြန်ဖွဲ့စည်းလိုက်၏။
"အင်မော်တယ်သုတ်သင်ဓားချက်..."
မီတာများစွာကျော်ရှည်လျားသော ကြီးမားသောဓားချီလှိုင်းကြီးက ချက်ချင်းဆိုသလိုပင် ယုချီထံသို့ တိုးဝင်သွားသည်။
လုယွီသည် သတ္တုဒြပ်စင်ချီများကို စုပ်ယူပြီးဖြစ်သဖြင့် သူ၏ခန္ဓာကိုယ်အတွင်း၌ သတ္တုဒြပ်စင်စွမ်းအားများသည် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေလေပြီ။ထို့ကြောင့် သူ ထုတ်လွှက်လိုက်သော ဓားချီသည် သူ၏ကျင့်ကြံဆင့်နယ်ပယ်ထက် အဆများစွာ ပို၍အားကောင်းသည်။
လုယွီက ဓားချီတစ်လှိုင်းထုတ်လွှက်လိုက်သည်ကိုမြင်သည်နှင့် ရှဟယ်သည် မျက်လုံးသုံးလုံးနတ်ဆိုးနတ်ဘုရားကိုထိန်းချုပ်ကာ သူ၏ဧရာမလက်ကြီးကိုဆန့်ထုတ်၍ ယုချီ၏ရှေ့၌ အလျှင်အမြန်ပိတ်ဆို့ဟန့်တားလိုက်၏။
ဘုန်း...ဘုန်း...ဘုန်း...
ဓားချီလှိုင်းသည် ဧရာမမှော်စွမ်းအင်လက်ဝါးကြီးပေါ်သို့ ထိုးစိုက်မိသွားသည်။မျက်လုံးသုံးလုံးနတ်ဆိုးနတ်ဘုရား၏ဧရာမလက်ဖဝါးကြီးမှ မှော်စွမ်းအားများ ပျက်ပြယ်စပြုလာသည်။
"မင်းက ဓားချီတစ်လှိုင်းကို ဟန့်တားနိုင်တယ်...ဒါပေမယ့် ဓားချီတွေအားလုံးကို မင်း ဘယ်လိုနည်းနဲ့ ဟန့်တားမှာလဲ"
လုယွီ၏မျက်နှာက ခက်ထန်တင်းမာနေသည်။သူက ဓားချီကိုလက်ညှိုးညွှန်၍ အော်ဟစ်လိုက်၏။
'ကွဲထွက်စမ်း"
ရုတ်ချည်းဆိုသလိုပင် ဓားချီလှိုင်းကြီးသည် ထောင်ပေါင်းများစွာသော ဓားချီလှိုင်းများအဖြစ် ကွဲထွက်သွားပြီး ဓားမိုးအဖြစ်ဖွဲ့စည်းသွားကာ ယုချီထံသို့ တဟုန်ထိုးတိုးဝင်သွားသည်။
ဤတစ်ကြိမ်တွင် ရှဟယ်သည်လည်း လုယွီက ဤကဲ့သို့တိုက်ခိုက်မှုမျိုးပြုလုပ်မည်ဟု မျှော်လင့်ထားပုံမရချေ။
ရုတ်ချည်းဆိုသလိုပင် ယုချီ၏ခန္ဓာကိုယ်တစ်ခုလုံးကို မြောက်များစွာသော စူးရှချွန်ထက်သည့်ဓားချီများက ထိုးဖောက်သွားသည်။သူ၏ခန္ဓာကိုယ်တစ်ခုလုံး သွေးများရွှဲနစ်နေပြီး ယိမ်းယိုင်နေကာ သူက လုယွီကို မယုံကြည်နိုင်သောအကြည့်ဖြင့် စူးစိုက်၍ကြည့်နေသည်။
"မင်း....မင်း..."
ဘုန်း...
ယုချီသည် မြေပြင်ပေါ်သို့လဲကျသွားပြီး ပွဲချင်းပြီးသေဆုံးသွားတော့သည်။
ဘာ...
ရှဟယ်သည် အလွန်ဒေါသထွက်သွားပြီး သူ၏လက်ကိုဆန့်တန်းကာ ယုချီကိုဖမ်းဆုပ်လိုက်၏။
ယုချီ အမှန်တကယ်သေဆုံးသွားကြောင်းကို အတည်ပြုပြီးသည့်နောက် ရှဟယ်က ယုချီ၏အလောင်းကို နံဘေးဘက်သို့ပစ်ချလိုက်သည်။
"ကောင်လေး...မင်းက တော်ဝင်နန်းတွင်းရဲ့စစ်ဗိုလ်ချုပ်တစ်ယောက်ကိုတောင် သတ်ဝံ့တယ်...မင်းက သေလမ်းရှာနေတာပဲ"
ရှဟယ်သည် မျက်လုံးသုံးလုံးနတ်ဆိုးနတ်ဘုရားကိုထိန်းချုပ်၍ ကျောက်တောင်များကိုပင်ရွေ့လျားစေနိုင်သော အားလှိုင်းအရှိန်ဖြင့် လုယွီထံဦးတည်ကာ ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်သည်။
လုယွီသည်လည်း ကျယ်လောင်စွာအော်ဟစ်ကြုံးဝါးပြီး မူလဘူတခန္ဓာကိုယ်နည်းစနစ်နှင့်မြင့်မြတ်ဧကရာဇ်ခန္ဓာကိုယ်နည်းစနစ်နှစ်ခုလုံးကို အသက်သွင်းလေသည်။သူသည် ပေပေါင်းများစွာမြင့်မားသော ရွှေရောင်လူဘီလူးကြီးတစ်ကောင်အသွင်ပြောင်းလဲသွားပြီး ရှဟယ်နှင့် ထိပ်တိုက်ရက်ဆိုင်တိုက်ခိုက်လိုက်သည်။၊
သူတို့နှစ်ယောက် တိုက်ခိုက်နေစဥ်တွင် လုယွီသည် သူ၏ရင်ဘတ်အတွင်း၌ မုန်တိုင်းတစ်ခုတိုက်ခတ်နေသည့်အလား မွန်းကြပ်သောခံစားမှုမျိုးကို ခံစားနေရသည်။
'သူက အလယ်အလတ်အဆင့်မြေကမ္ဘာအင်မော်တယ်တစ်ယောက်ပဲ...တကယ်လို့ ငါ့ရဲ့မိုးကောင်းကင်လှိုဏ်ဂူထဲက မြို့တွေကိုဖျက်ဆီးပြီး မှော်စွမ်းအားတွေထုတ်ယူမယ်ဆိုရင်တောင်...ငါ့ရဲ့ကျင့်ကြံဆင့်အခြေခံက သူ့ကိုယှဥ်ပြိုင်ဖို့ မလုံလောက်သေးဘူး'
ရုတ်ချည်းဆိုသလိုပင် လုယွီ၏စိတ်အတွင်း၌ မြောက်များစွာသောအတွေးများ ဖြတ်ပြေးသွားသည်။
"မင်းက လောကီအင်မော်တယ်တစ်ယောက်ဆိုတာ အသိသာကြီးလေ...ဘယ်လိုလုပ်ပြီး မင်းမှာ ဒီလောက်ကြီးမားတဲ့ခွန်အားမျိုး ရှိနေတာလဲ"
ရှဟယ်၏မျက်လုံးအတွင်း၌ အံ့အားသင့်သွားသော အရိပ်အယောင်များ ထင်ဟပ်နေသည်။
သူသည် မွေးဖွားလာစဥ်ကတည်းက သူ၏ရုပ်ခန္ဓာကိုယ်နှင့်မှော်စွမ်းအားများကို အဖိုးတန်ရှားပါးသောပစ္စည်းများဖြင့် သန့်စင်ထားသဖြင့် ဤကဲ့သို့အစွမ်းထက်သောခွန်အားမျိုး ပိုင်ဆိုင်ထားခြင်းဖြစ်သည်။ကျင့်ကြံဆင့်နယ်ပယ်တူများအကြားတွင် သူသည် အလွန်ထူးချွန်သူတစ်ယောက်အဖြစ် ရပ်တည်နိုင်ခဲ့ပေ၏။
သို့ရာတွင် သူ့ရှေ့ရှိလူငယ်သည် လောကီအင်မော်တယ်နယ်ပယ်သာရှိနေသေးသည့်တိုင် မည်သည်ကြောင့် သူနှင့်လက်ရည်တူတိုက်ခိုက်နိုင်ရသနည်း။
Chapter 1864
"ဒီကောင်လေးမှာ လျှို့ဝှက်နည်းစနစ်တစ်ခုခုတော့ ရှိနေနိုင်တယ်...ဒါပေမယ့် ငါတို့ရှမိသားစုမှာ မရေမတွက်နိုင်တဲ့မှော်ရတနာတွေနဲ့ သန်မာတဲ့ကျင့်ကြံခြင်းအခြေခံတွေရှိတယ်...သူက ဘယ်လိုလုပ်ပြီး ငါနဲ့ယှဥ်ပြိုင်နိုင်မှာလဲ"
ရှဟယ်က သရော်တော်တော်အပြုံးနှင့်အတူ သူက ရှုပ်ထွေးသောမှော်မန္တန်တစ်ပုဒ်ကို ရွတ်ဆိုလိုက်၏။မျက်လုံးသုံးလုံးနတ်ဆိုးနတ်ဘုရားကြီး၏ပိတ်ထားသော ထောင့်မတ်မျက်လုံး ရုတ်တရက် ဖြည်းဖြည်းချင်းပွင့်လာသည်။
မျက်လုံးသုံးလုံးနတ်ဆိုးနတ်ဘုရားတွင် မျက်လုံးသုံးလုံးရှိသော်လည်း သူ၏မျက်ခုံးနှစ်ခုကြားတွင်ရှိသော ထောင့်မတ်မျက်လုံးကို အစဥ်အမြဲပိတ်ထားသည်။
ထိုထောင့်မတ်မျက်လုံးပွင့်လာသည့် အချိန်အခိုက်အတန့်တွင် ချက်ချင်းဆိုသလိုပင် ထူးဆန်းသောခရမ်းရောင်အလင်းတန်းများ ဖြာထွက်လာသည်။ထိုမျက်လုံးကိုကြည့်မိသူတိုင်းသည် ရေခဲလှိုဏ်ဂူကြီးအတွင်း ကျသွားသကဲ့သို့ ခံစားရပြီး သူတို့၏ခန္ဓာကိုယ်တစ်ခုလုံး ချမ်းစိမ့်တုန်ရီလာပေ၏။
ထိုထောင့်မတ်မျက်လုံးအကြည့်က လုယွီထံသို့ ကျရောက်လာချိန်တွင် ရုတ်တရက် သူ့အား အပျက်သဘောဆောင်သောခံစားချက်များ ဝိုင်းရံလာသကဲ့သို့ ခံစားလိုက်ရသည်။
ဆုံးရှုံးခြင်း...ဒေါသထွက်ခြင်း...စိတ်ဓာတ်ကျဆင်းခြင်း...ဝမ်းနည်းကြေကွဲခြင်း...အပျက်သဘောဆောင်သောစိတ်ခံစားချက်များ အဆက်မပြတ်ပေါက်ဖွားနေခြင်းသည် လူအများကို ရူးသွပ်သွားစေလုနီးပါးပင်။
"ငါ့ရဲ့စိတ်ကို လွှမ်းမိုးချင်တာလား"
လုယွီ၏စိတ်ဝိညာဥ်မှစွမ်းအားများ ပွင့်အံ့ထွက်လာပြီးနောက် ချက်ချင်းပင် အပျက်သဘောဆောင်သောစိတ်ခံစားချက်များအားလုံးကို ဖယ်ရှားရှင်းလင်းလိုက်၏။
လုယွီ၏စိတ်သည် အလွန်တည်ငြိမ်နေပြီး မည်သည့်စိတ်ခံစားချက်မျိုးကမျှ သူ့ကိုယိမ်းယိုင်စေခြင်းမရှိချေ။ဤအချိန်အခိုက်အတန့်တွင် သူသည် မိုးကောင်းကင်ယံမှ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးနှင့်တူညီနေပြီး မည်သည့်အပျက်သဘောဆောင်သည့် စိတ်ခံစားချက်မျိုးကမျှ သူ့ကို သက်ရောက်စေခြင်းမရှိချေ။
"ကွယ်ပျောက်တိမ်ကောခြင်း နတ်ဘုရားအလင်းတန်းက သူ့အပေါ်မှာ သက်ရောက်မှုမရှိဘူးလား"
ဤတစ်ကြိမ်တွင် ရှဟယ်က အနည်းငယ်ထိတ်လန့်တုန်လှုပ်သွားသည်။
ကွယ်ပျောက်တိမ်ကောခြင်း နတ်ဘုရားအလင်းတန်းသည် သူ၏ဝှက်ဖဲများအနက်မှတစ်ခုဖြစ်ပေ၏။မြောက်မြားစွာသောမြေကမ္ဘာအင်မော်တယ်များပင်လျှင် ထိုအရာနှင့်ရင်ဆိုင်ရပါက ပြိုလဲသွားခြင်းမရှိသည့်တိုင် သူတို့၏စိတ်ပိုင်းဆိုင်ရာကို ကြီးစွာသက်ရောက်မှုရှိနေဆဲပင်။
သို့ရာတွင် လုယွီသည် ကွယ်ပျောက်တိမ်ကောခြင်း နတ်ဘုရားအလင်းတန်း၏နှောက်ယှက်မှုကို ချက်ချင်းချိုးဖျက်နိုင်သွားမည်ဟု ရှဟယ် မျှော်လင့်ထားမိခြင်းမရှိချေ။
"ငါ ဒီကောင်လေးကို ဘယ်နည်းနဲ့မှ အသက်ရှင်ခွင့်မပေးနိုင်ဘူး"
ဤတစ်ကြိမ်တွင် ရှဟယ်၏စိတ်နှလုံးသားအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ မြင့်တက်လာသည်။
လုယွီသည် လောကီအင်မော်တယ်တစ်ယောက်ဖြစ်သည့်တိုင် ဤကဲ့သို့ အရည်အချင်းမျိုးရှိနေသည်။အကယ်၍ သူသည် လုယွီကို သူနှင့်တူညီသော ကျင့်ကြံဆင့်နယ်ပယ်သို့ တက်လှမ်းခွင့်ပြုလိုက်ပါက သူ အန္တရာယ်နှင့်ရင်ဆိုင်ရမည် မဟုတ်လော။
"မိုးကောင်းကင်နတ်ဆိုး ဖျက်ဆီးခြင်း"
ရှဟယ်သည် သူ၏မြေကမ္ဘာအင်မော်တယ် ကျင့်ကြံဆင့်ကို အကန့်အသတ်ထိထုတ်လွှက်၍ မှော်စွမ်းအားများအားလုံးကို သူ၏လက်ဖဝါးအတွင်းသို့ သွန်းလောင်းလိုက်၏။
ရုတ်ချည်းဆိုသလိုပင် မျက်လုံးသုံးလုံးနတ်ဆိုးနတ်ဘုရား၏ခန္ဓာကိုယ်ကြီးသည် ယခင်ထက် သုံးဆခန့်ပို၍ကြီးမားသွားပြီး လူဘီလူကြီးတစ်ကောင်အလား လေဟာနယ်အတွင်း၌ မတ်တတ်ရပ်နေသည်။
တစ်ချိန်တည်းမှာပင် နတ်ဆိုးနတ်ဘုရား၏လက်ခြောက်ဖက်လုံးက လုယွီကိုဦးတည်၍ တိုက်ခိုက်လာလေ၏။
မြေကမ္ဘာအင်မော်တယ်တစ်ယောက်သည် ဒြပ်စင်ချီငါးမျိုးလုံးကို ပြီးပြည့်စုံခြင်းအဆင့်ထိ အောင်မြင်ထားကြပြီး လေဟာနယ်နယ်မြေတစ်ခုကို ကျွမ်းကျင်ပိုင်နိုင်စွာ ထိန်းချုပ်နိုင်သည်။ဤသည်က လောကီအင်မော်တယ်နယ်ပယ်များ ဆောင်ရွက်နိုင်သောအရာမျိုးမဟုတ်ချေ။
"သူက ငါ့ကို သတ်ချင်နေတာပဲ"
လုယွီက ထိတ်လန့်တုန်လှုပ်သွားသည်။
တစ်စုံတစ်ယောက်သည် မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ ရောက်ရှိပါက အဆင့်ငယ်တစ်ခုကပင် ခွန်အားချင်း မိုးနှင့်မြေတမျှကွာခြားသည်။အကယ်၍ သူ၏လျှို့ဝှက်နည်းစနစ်တစ်ခုခုကိုသာ အသုံးမပြုပါက ရှဟယ်၏တိုက်ခိုက်မှုကိုခုခံနိုင်ရန် သူ့အတွက် လွန်စွာခက်ခဲပေမည်။
"အဲ့ဒီကောင်လေးသေမှာ သေချာနေပြီ"
"ဗိုလ်ချုပ်ရှရဲ့သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတွေက အရမ်းပြင်းထန်နေပြီ...ဒီကောင်လေးက အရမ်းအရည်အချင်းရှိတော့ နောင်အနာဂတ်မှာ သူ့အတွက် ဘေးကပ်ဆိုးကြီးတစ်ခုဖြစ်သွားနိုင်တယ်...ဗိုလ်ချုပ်ရှက သူ့ကိုမသတ်ဘဲ ဘယ်နေလိမ့်မတုန်း"
တိုက်ပွဲကိုစောင့်ကြည့်နေကြသူများသည် ရှဟယ် မည်သည့်အရာအားတွေးတောနေသည်ကို သိရှိကြပေ၏။
သို့ရာတွင် မည်သူကမျှ ရှဟယ်ကိုတားဆီးရန် မကြိုးစားကြချေ။
ဤသည်က မြေကမ္ဘာအင်မော်တယ်တစ်ယောက်၏အကြွင်းမဲ့ခွန်အားပင်။သူတို့သည် ရှဟယ်ကို ဟန့်တားရန်မဆိုထားနှင့် တိုက်ပွဲမှအားလှိုင်းအရှိန်များကြောင့် ထိခိုက်ဒဏ်ရာရရှိနိုင်သဖြင့် သူတို့အားလုံး အဝေးမှသာ စောင့်ကြည့်နေဝံ့သည်။
"ပုန်းကွယ်နဂါးစစ်စခန်း...အရှင့်ကို ကာကွယ်ကြမယ်"
သိုက်ဖုန်းသည် ပုန်းကွယ်နဂါးစစ်စခန်းမှလူများကိုခေါ်ဆောင်၍ သူတို့၏မှော်စွမ်းအားများကို အဆုံးစွန်ဆုံးအဆင့်ထိမြှင့်တင်ကာ ရှေ့သို့တရကြမ်းပြေးဝင်လိုက်ကြ၏။
သို့ရာတွင် သူတို့အနက်မှအများစုသည် တာအိုဒုတိယဆင့်ကျင့်ကြံသူများဖြစ်ပြီး အားအကောင်းဆုံးသူပင်လျှင် သိုင်းသူတော်စင်နယ်ပယ်တွင်သာရှိသည်။
မျက်လုံးသုံးလုံးနတ်ဆိုးနတ်ဘုရားသည် သူ၏လက်ဝါးကို ရိုက်ချလိုက်ရာ ထိုလူများအားလုံး နောက်သို့လွင့်ထွက်သွားတော့သည်။
"ရှဟယ်...မင်း သေချင်နေတာလား"
လုယွီသည် အလွန်အမင်းဒေါသထွက်သွားပြီး သူ၏လျှို့ဝှက်နည်းစနစ်ကို ချက်ချင်းပင် ထုတ်ဖော်အသုံးပြုလိုက်၏။
ရှေးဟောင်းသိုင်းပညာနည်းစနစ်...ကျူးရုံအစစ်အမှန်ခန္ဓာကိုယ် ..
ဧရာမမီးနတ်ဘုရားပုံရိပ်ကြီးက ချက်ချင်းဆိုသလိုပင် လူများအားလုံး၏ရှေ့၌ ထွက်ပေါ်လာသည်။
ထိုမီးနတ်ဘုရားကြီးသည် မီးတောက်များကိုမှုတ်ထုတ်ပြီး မီးတောက်ဓားကိုကိုင်ဆွဲကာ မျက်လုံးသုံးလုံးနတ်ဆိုးနတ်ဘုရားထံဦးတည်၍ ပြင်းပြင်းထန်ထန် ခုတ်ပိုင်းလိုက်သည်။
ဘုန်းခနဲမြည်သံနှင့်အတူ မျက်လုံးသုံးလုံးနတ်ဆိုးနတ်ဘုရားပုံရိပ်ကြီးသည် မီးတောက်ဓားကြီးကြောင့် နှစ်ခြမ်းကွဲထွက်သွားတော့သည်။
"ဘာလဲ ..ဗိုလ်ချုပ်ရှရဲ့ဓမ္မပုံရိပ်ကြီးက ကျိုးပဲ့သွားတာလား"
"ဒါက ဘယ်လိုနည်းစနစ်မျိုးပါလိမ့်...ကြောက်စရာကောင်းလိုက်တာ...ဗိုလ်ချုပ်ရှက မြေကမ္ဘာအင်မော်တယ်နယ်ပယ်အစွမ်းထက် ကျင့်ကြံသူတစ်ယောက်လေ"
"ဒီလူနှစ်ယောက်ရဲ့တိုက်ပွဲက အရမ်းကိုတုန်လှုပ်ချောက်ချားစရာကောင်းတယ်...ဒီကောင်လေးက အသက်ငယ်ငယ်လေးနဲ့ စတုတ္တအဆင့်အရာရှိရာထူးကိုခန့်အပ်ခံရတာ အံ့အားသင့်စရာမရှိတော့ဘူး...သူဆီမှာ ဒီရာထူးနဲ့ထိုက်တန်တဲ့ အရည်အချင်းမျိုး ရှိနေတာပဲ"
Chapter 1865
လုယွီက မျက်လုံးသုံးလုံးနတ်ဆိုးနတ်ဘုရားပုံရိပ်ကို ထက်ခြမ်းပိုင်းလိုက်မှုသည် ယခုလက်ရှိနေရာတွင်ရှိနေသော လူများအားလုံးကို ထိတ်လန့်တုန်လှုပ်သွားစေသည်။
"ကောင်းတယ်...ကောင်းတယ်...ကြည့်ရတာတော့ ဒါက မင်းရဲ့လျှို့ဝှက်နည်းစနစ်ဖြစ်ပုံရတယ်...ဒါပေမယ့် ဒါက အဆုံးသတ်မဟုတ်သေးဘူး"
ရှဟယ်က ဒေါသထွက်သွားရမည့်အစား ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်၏။
ရှဟယ်၏ဓမ္မပုံရိပ်သည် ဖျက်ဆီးခြင်းခံလိုက်ရသော်လည်း သူ့အား များစွာသက်ရောက်ခြင်းမရှိချေ။ဆန့်ကျင်ဘက်အနေဖြင့် သူက အသက်ပြင်းပြင်း အကြိမ်အနည်းငယ်ရှုရှိုက်ပြီး မျက်လုံးသုံးလုံးနတ်ဆိုးနတ်ဘုရားပုံရိပ်ကြီးကို ထပ်မံ၍ဖွဲ့စည်းလိုက်၏။
ဤသည်က မည်သည်ကြောင့် မြေကမ္ဘာအင်မော်တယ်များ အလွန်အမင်းအစွမ်းထက်နေရသည်ဟူသော အကြောင်းအရင်းပင်။သူတို့၏ခန္ဓာကိုယ်မှမှော်စွမ်းအားများကို အချိန်မရွေး အသွင်းအထုတ်ပြုလုပ်နိုင်သည်။အကယ်၍ သူတို့၏ခန္ဓာကိုယ်များမှ မှော်စွမ်းအားများအားလုံးကို အသုံးပြုလိုက်သည့်တိုင် ပတ်ဝန်းကျင်မှမှော်စွမ်းအားများကိုစုပ်ယူ၍ သူတို့၏စွမ်းအားများကိုပြန်လည်ဖြည့်တင်းနိုင်သည်။
"မင်းမှာ လှည့်ကွက်ငယ်လေးတွေအများကြီးရှိနေပေမယ့်...မင်းက ပုရွတ်ဆိတ်တစ်ကောင်သက်သက်ပဲ...လောကီအင်မော်တယ်နယ်ပယ်နဲ့မြေကမ္ဘာအင်မော်တယ်နယ်ပယ်ကြား ကွာဟချက်ဘယ်လောက်ကြီးမားတယ်ဆိုတာ မင်း မသိသေးဘူး"
ရှဟယ်သည် ခန့်ညားထည်ဝါစွာဖြင့် လေဟာနယ်အတွင်း၌ မတ်တတ်ရပ်နေသည်။သူ၏ခန္ဓာကိုယ်မှမှော်စွမ်းအားများသည်လည်း ချက်ချင်းဆိုသလိုပင် အထွတ်အထိပ်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားလေပြီ။
သူ၏နောက်ရှိ မျက်လုံးသုံးလုံးနတ်ဆိုးနတ်ဘုရားပုံရိပ်ကြီး၏လက်အတွင်း၌ ရုတ်တရက် အနက်ရောင်လှံရှည်တစ်ချောင်း ထွက်ပေါ်လာသည်။ထိုလှံရှည်၏ထိပ်ဖျားတွင် အနက်ရောင်နတ်ဆိုးအရှိန်အဝါများ ရစ်သိုင်းနေပေ၏။
ထိုလှံရှည်ကိုကြည့်ပြီး လုယွီက သူ၏မျက်ခုံးနှစ်ခုကြားမှထွက်ပေါ်လာသော အန္တရာယ်အငွေ့အသက်ကို ခံစားမိသည်။
"ဒါက....ဧကရာဇ်အဆင့်လက်နက်လား"
လုယွီက အံ့အားသင့်တုန်လှုပ်သွားသည်။
ထိပ်တန်းအဆင့်မှော်လက်နက်များသည် နောက်ထပ်အသွင်ပြောင်းလဲခြင်း ပြီးမြောက်သွားပါက ဧကရာဇ်အဆင့်မှော်လက်နက်အဖြစ်သို့ ပြောင်းလဲသွားပေ၏။
ဧကရာဇ်အဆင့်မှော်လက်နက်သည် မှော်လက်နက်များအားလုံး၌ ထိပ်ဆုံးမှရပ်တည်နိုင်သောအရာများပင်။
အတိတ်တုန်းက လုယွီတွင် ခေါင်းဖြတ်ဓား ယန်ကြွယ်ဓားနှင့် ယို့ကျွင်းဓားဟူ၍ ထိပ်တန်းဧကရာဇ်အဆင့် မှော်လက်နက်များ ပိုင်ဆိုင်ခဲ့ဖူးသည်။
သို့ရာတွင် လုယွီသေဆုံးသွားခဲ့ခြင်းနှင့်အတူ သူ၏ဆေဘာဓားသုံးလက်လုံး၏ မူလအရည်အသွေးများ မှေးမှိန်သွားခဲ့သည်။
အကယ်၍ မြေကမ္ဘာအင်မော်တယ်သက်သက်ဆိုလျှင် လုယွီသည် ကျုးရုံအစစ်အမှန်ခန္ဓာကိုယ်ကိုမှီခို၍ သူ့အား ရင်ဆိုင်တိုက်ခိုက်နိုင်သည်။သို့ရာတွင် ထိုမြေကမ္ဘာအင်မော်တယ်နှင့်ဧကရာဇ်အဆင့်မှော်လက်နက်ဆိုပါက လုယွီ ရင်ဆိုင်ရမည့်ဖိအားသည်.....သူ ထိုမှော်လက်နက်အောက်မှ အသက်ရှင်သန်နိုင်ရန်ပင် အလွန်ရုန်းကန်ရပေမည်။
"မင်းက ငါတို့ရှမိသားစုရဲ့အင်အားကို မသိသေးဘူကိုး...ကောင်လေး...မင်း သေသွားပြီးရင်...ငါက မင်းရဲ့အလောင်းကို စစ်စခန်းရဲ့ပင်မတံခါးရှေ့မှာ သုံးရက်ချိတ်ဆွဲထားမယ်...ရှမိသားစုကိုဆန့်ကျင့်တဲ့ အကျိုးဆက်က ဘယ်လိုလဲဆိုတာ လူတိုင်းသိအောင် ပြရလိမ့်မယ်"
ရှဟယ်က ယုတ်မာကောက်ကျစ်သောအပြုံးနှင့် ပြောဆိုသည်။
စကားဆုံးသည်နှင့် ရှဟယ်သည် မမျှော်လင့်သောကိစ္စရပ်များ ဖြစ်ပွါးလာခြင်းမှ ကာကွယ်နိုင်ရန်အလို့ငှါ သူ၏လက်အတွင်းမှလှံရှည်ကို လုယွီထံဦးတည်၍ ပစ်လွှက်လိုက်၏။
ဤအချိန်အခိုက်အတန့်တွင် လုယွီသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို တစ်စုံတစ်ခုမှ ချိပ်ပိတ်ထားသကဲ့သို့ ခံစားနေရသည်။ကောင်းကင်နှင့်မြေပြင်မှ မဟာတာအိုများကပင်လျှင် လုယွီကို ချိပ်ပိတ်ထားလေ၏။သူ မည်သည့်နေရာသို့ ပြေးလွှားသည်ဖြစ်စေ ထိုလှံရှည်က သူ့ကိုခြေရာခံလိုက်နေသည်။
ဤသည်က ဧကရာဇ်အဆင့်လက်နက်၏စွမ်းအားပင်။
"ဧကရာဇ်အဆင့်မှော်လက်နက်ရဲ့စွမ်းအားကို ခုခံနိုင်မယ့် တစ်ခုတည်းသောအရာက ကောင်းကင်ဘုံဧကရာဇ်ရဲ့တိုက်ပွဲဝင်သံချပ်ကာပဲ...ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ဒီသံချပ်ကာက အတိတ်တုန်းက ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်ပိုင်ဆိုင်ခဲ့တဲ့ဟာ...တကယ်လို့ အခုချိန်မှာ ငါ ဒါကိုဝတ်ဆင်လိုက်မယ်ဆိုရင် ဒီနေရာမှာစောင့်ကြည့်နေတဲ့သူတွေအများကြီးရှိမှာတော့ သတင်းပျံ့နှံ့သွားမှာပဲ...အဲ့ဒီအချိန်ကျရင် ငါ သေရလိမ့်မယ်"
ရုတ်ချည်းဆိုသလိုပင် မြောက်မြားစွာသောအတွေးများက လုယွီ၏စိတ်အတွင်း၌ ဖြတ်ပြေးသွားသည်။
ထိုအချိန်မှာပင် လုယွီသည် သူ၏စိတ်ဝိညာဥ်မှတဆင့် အစွမ်းထက်သောတည်ရှိမှုကြီးတစ်ခု ဤအနီးအနားသို့ ချဥ်းကပ်လာသည်ကို ရုတ်တရက်ခံစားမိပေ၏။
"တော်သင့်ပြီ"
ကျယ်လောင်သောအသံတစ်သံက ရုတ်တရက် စစ်စခန်း၏အထက်ကောင်းကင်ယံတခွင်လုံးအနှံ့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
ထိုအသံသည် ကောင်းကင်ဘုံမိုးကြိုးနှင့်တူညီလှ၏။စကားလုံးအနည်းငယ်သာဖြစ်သော်လည်း မိုးကောင်းကင်ယံအတွင်း၌ ကျယ်လောင်သော ပေါက်ကွဲသံများကို ချန်ထားခဲ့သည်။
မိုးကောင်းကင်ယံ၏တစ်ဖက်ခြမ်းမှနေ၍ ရုတ်တရက် လျှပ်စီးမိုးကြိုးများနှင့်ပြည့်နှက်နေသော လက်ကြီးတစ်ဖက်ထွက်ပေါ်လာပြီး အနက်ရောင်လှံရှည်ကို တိုက်ရိုက်ဖမ်းဆုပ်လိုက်၏။
ရွှပ်...
လှံရှည်ပေါ်၌ လျှပ်စီးမိုးကြိုးလှိုင်းများ ထွက်ပေါ်လာသည်။လှံရှည်ထံတွင် တုန်လှုပ်ချောက်ချားဖွယ်စွမ်းအားများ ပါဝင်နေသော်လည်း ဤအချိန်အခိုက်အတန့်တွင် ချောင်ပိတ်မိနေပုံရပြီး အနည်းငယ်မျှပင် မရွေ့လျားနိုင်တော့ချေ။
ထို့နောက် ပိုးထည်ပန်းထိုးဝတ်စုံကိုဝတ်ဆင်ထားသော လူကြီးတစ်ယောက်က ရုတ်တရက် လေဟာနယ်အတွင်းမှ ထွက်ပေါ်လာသည်။ထိုလူကြီးသည် မိုးကြိုးဝေလဦးရီးတော်ရှားဟိုလီပင်။
"ရှဟယ်...မင်းက စစ်စခန်းက စည်းမျဥ်းတွေကိုပြင်းပြင်းထန်ထန်ချိုးဖောက်ပြီး လက်အောက်ငယ်သားတွေကို မဆင်မခြင်သတ်ဖြတ်နေတယ်...ငါ မင်းကို အပြစ်မပေးဝံ့ဘူးလို့ မင်း ထင်နေတာလား"
ရှားဟိုလီက အေးစက်စက်အသံဖြင့် မေးမြန်းသည်။
ရှဟယ်၏အမူအယာက အပြောင်းအလဲမရှိ တည်ငြိမ်နေဆဲပင်။
"ဦးရီးတော်...ကျွန်တော်က စစ်တပ်ထဲမှာ မောက်မာနေတဲ့သူတွေကို အပြစ်ပေးရုံသက်သက်ပါ...ဒီကောင်လေးက ဗိုလ်ချုပ်ယုချီကို သတ်ဖြတ်ခဲ့တယ်...အနောက်ပိုင်းစစ်တပ်ရဲ့တပ်မှူးတစ်ယောက်အနေနဲ့...ကျွန်တော် ရှေ့ထွက်ပြီး သူ့ကိုအရေးယူရတာ ဖြစ်သင့်တဲ့ကိစ္စပဲလေ"
Thank For Reading.