← Chapters

အခန်း (၁၈၆၆-၁၈၇၀)

Vol. 97 Ch. 1866-1870

အခန်း (၁၈၆၆-၁၈၇၀)

Vol. 97 Ch. 1866-1870

Chapter 1866

"တကယ်လား...ငါက ဘာမှမသိတဲ့လူလို့ မင်းထင်နေတာလား"

ရှားဟိုလီသည် ရှဟယ်ကိုအေးစက်စက်ကြည့်ပြီး ရုတ်တရက် သူထံဦးတည်၍ လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်သည်။

သူ၏လက်ဝါးရိုက်ချက်တွင် မြောက်မြားစွာသော ကောင်းကင်ဘုံမိုးကြိုးများ ပါဝင်နေပုံရသည်။ထိုလက်ဝါးကြီးသည် မိုးကောင်းကင်ယံအတွင်း၌ တဖြည်းဖြည်းပြန့်ကားသွားပြီး နောက်ဆုံးတွင် လျှပ်စီးမိုးကြိုးများဖြင့် ပြည့်နှက်နေသော ဧရာမလက်ဝါးကြီးအဖြစ် ဖွဲ့စည်းသွားသည်။

လူတိုင်း၏မြင်ကွင်းကို လွှမ်းမိုးထားသော မျက်လုံးသုံးလုံးနတ်ဆိုးနတ်ဘုရားပုံရိပ်ကြီးသည် ထိုလက်ဝါးကြီး၏ရိုက်နှက်ခြင်းခံရပြီး ချက်ချင်းဆိုသလိုပင် ပျက်ပြယ်သွားတော့သည်။

ရှဟယ်သည်လည်း မြေပြင်ပေါ်၌ ထိုဧရာမမိုးကြိုးလျှပ်စီးလက်ဝါးကြီး၏ဖိနှိပ်ခြင်း ခံထားရသည်။သူ၏သံချပ်ကာဝတ်စုံ ကြေမွပျက်စီးသွားပြီး သူ၏ပါးစပ်မှ သွေးတစ်လုတ်အန်ထွက်လာသည်။

ဘုန်း...

ကျယ်လောင်သောဆူညံသံကြီးနှင့်အတူ စစ်သင်္ဘောကြီးတစ်စီးလုံး တုန်ခါသွားပေ၏။

လူတိုင်း နောက်သို့ခြေတစ်လှမ်းဆုတ်လိုက်ရပြီး သူတို့ရှေ့ရှိမြင်ကွင်းကို မယုံကြည်နိုင်မှုဖြင့် ကြည့်နေကြသည်။

အစောပိုင်းက မောက်မာဝံ့ကြွားနေသောရှဟယ်သည် ရှားဟိုလီ၏ရှေ့၌ ခုခံတိုက်ခိုက်နိုင်စွမ်းပင်မရှိချေ။

"တာယွီအင်ပါယာရဲ့အမတ်ကြီးရာထူးကို ခန့်အပ်ခံထားရတဲ့သူတွေက တကယ့်ကိုအစွမ်းထက်တာပဲ"

လုယွီက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

တာယွီတော်ဝင်နန်းတွင်းတွင် အမတ်ကြီးကဲ့သို့ အဆင့်မြင့်ရာထူးကိုရရှိနိုင်ရန် ထူးချွန်သောစစ်ရေးအောင်မြင်မှုရရန် လိုအပ်ရုံသာမက လုံလောက်သောခွန်အားလည်းရှိရပေမည်။

ကောဟဟာလများအရ မိုးကြိုးဝေလဦးရီးတော်ရှားဟိုလီသည် မြောက်များစွာသောကြယ်နယ်မြေများသို့ လှည့်လည်ခရီးသွားလာရင်း ရှေးဟောင်းမိုးကြိုးဝေလသားရဲကို ဝါးမျိုခဲ့သည်ဟုဆိုကြ၏။ရလဒ်အနေဖြင့် သူ့ထံတွင် ရှေးဟောင်းကြောက်မက်ဖွယ်မှော်သားရဲ၏စွမ်းအားမျိုး ပိုင်ဆိုင်ထားပြီး သူ၏မှော်စွမ်းအားများသည် အလွန်ထိတ်လန့်တုန်လှုပ်ဖွယ်ရာပင်။အကယ်၍ ရှဟယ်ဆယ်ယောက်ပေါင်းလိုက်လျှင်ပင် ရှားဟိုလီ၏ပြိုင်ဘက်မဖြစ်နိုင်ချေ။

ရှားဟိုလီသည် ရှဟယ်ထံလျှောက်လှမ်းသွား၍ သူ၏ခန္ဓာကိုယ်ပေါ်သို့ ခြေဆောင့်နင်းလိုက်သည်။

"စစ်တပ်ထဲကစည်းမျဥ်းတွေကို မင်း တကယ်မသိဘူးလား...ဒီနှစ်တွေအတွင်း မင်းက အနောက်ပိုင်းစစ်တပ်ထဲမှာ ညစ်ပတ်တဲ့ကိစ္စတွေအများကြီးလုပ်ခဲ့တယ်...ငါ ဘာကိုမှမသိဘူးလို့ မင်း တကယ်ထင်နေတာလား...မင်းက ရှမိသားစုဝင်ဖြစ်နေတာနဲ့ပဲ ငါ မင်းကို မထိဝံ့ဘူးလို့ မင်း တွေးထားတာလား...တကယ်လို့ ငါ မင်းကို သတ်လိုက်ရင်တောင်...ရှကွေ့ကျုံးက မင်းအတွက်နဲ့ ငါ့ကိုပြဿနာလာရှာမှာမဟုတ်ဘူး"

ရှားဟိုလီ၏လေသံက အေးစက်တင်းမာပြီး အထက်စီးဆန်သည်။သူ၏စကားလုံးများသည် ရှဟယ်ကို အနည်းငယ်မျှပင် မျက်နှာသာမပေးချေ။

ဤအချိန်အခိုက်အတန့်တွင် ရှဟယ်၏စိတ်နှလုံးသားတစ်ခုလုံး ရှက်ရွံခြင်း ဒေါသထွက်ခြင်းများနှင့် ပြည့်နှက်နေသည်။သို့ရာတွင် ယခုလက်ရှိချိန်၌ သူ တက်နိုင်သည့်အရာ ဘာမှမရှိကြောင်း သူ ကောင်းစွာသိရှိသည်။

ရှမိသားစုသည် အလွန်အစွမ်းထက်ပြီး အင်အားကောင်းသော်လည်း တော်ဝင်နန်းတွင်းကို လျစ်လျှူရှု၍မရသေးချေ။

အကယ်၍ ရှဟယ်သည် ယခုလက်ရှိအခြေအနေကိုနားမလည်ပါက ရှားဟိုလီက သူ့အား ချက်ချင်းသတ်ဖြတ်ပစ်နိုင်သည်။ထိုအချိန်ကျလျှင် အကယ်၍ ရှမိသားစုမှ တော်ဝင်စစ်ရေးဌာနသို့ သတင်းပို့လျှင်ပင် သူတို့ဘက်မှအနိုင်ရရှိနိုင်မည့် အခွင့်အရေးမရှိချေ။မည်သို့ပင်ဆိုစေကာမူ တော်ဝင်စစ်ရေးဌာနသည် ရှမိသားစု၏ထိန်းချုပ်မှုအောက်တွင်မရှိချေ။

"ကောင်းတယ်...ကောင်းတယ်...ကြည့်ရတာတော့ ဦးရီးတော်က ဒီကောင်စုတ်လေးကို ကာကွယ်ပေးချင်ပုံရတယ်...ဒါပေမယ့် ကျွန်တော်ကလည်း ဦးရီးတော်ကို သတိပေးစရာရှိတယ်...အရမ်းမာကျောတဲ့သစ်ပင်တွေတောင် လေနဲ့မိုးကြောင့် ပျက်စီးနိုင်တယ်...တကယ်လို့ ကျွန်တော် ဘာမှမလုပ်ရင်တောင်...ဒီကောင်လေးက တစ်စုံတစ်ခုကြောင့် တစ်နေရာရာမှာ အချိန်မရွေး သေဆုံးသွားနိုင်တယ်"

ရှဟယ်၏မျက်လုံးအတွင်း၌ နာကျည်းမုန်းတီးမှုများနှင့် ပြည့်နှက်နေပေ၏။

ရှားဟိုလီက ပေါ့ပေါ့ပါးပါးလေသံဖြင့် တုံ့ပြန်ပြောဆိုသည်။

"ဒါက မင်းနဲ့ဘာမှမဆိုင်ဘူး...ရှဟယ်...မင်းမှတ်ထားရမှာက...မင်း စစ်တပ်ထဲက လက်အောက်ငယ်သားတစ်ယောက်ယောက်ကို သတ်ဝံ့တာနဲ့ ငါ မင်းကို သတ်မယ်...အခုချက်ချင်း ဒီနေရာက ထွက်သွားစမ်း"

ရှဟယ်သည် တုံ့ဆိုင်းနေဝံ့ခြင်းမရှိချေ။သူက မတ်တတ်ထရပ်ပြီး ဆိုးရွားစုတ်ပြတ်နေသောအခြေအနေဖြင့် ထွက်ခွါသွားတော့သည်။

သို့ရာတွင် သူ ထွက်ခွာမသွားမီ သူက နာကျည်းမုန်းတီးမှုများပြည့်နှက်နေသော မျက်လုံးအကြည့်ဖြင့် လုယွီကို စူးစိုက်၍ကြည့်သွားလေ၏။

တိုက်ပွဲသည် ဤနည်းလမ်းဖြင့် အဆုံးသတ်သွားလေပြီ။

ပတ်ဝန်းကျင်မှစောင့်ကြည့်နေကြသူများသည် ယခုချိန်မှ အိမ်မက်မှနိုးထလာသကဲ့သို့ အသိဝင်လာကြ၏။သူတို့၏ လုယွီကိုကြည့်သော မျက်လုံးအကြည့်များသည် ယခင်နှင့်တူညီခြင်းမရှိတော့ချေ။

ယနေ့မှစ၍ မည်သူမဆို လုယွီသည် ဦးရီးတော်ရှား ဟိုလီကို မျက်နှာချိုသွေးခယ၍ ရွှမ်းဝူစစ်ဗိုလ်ချုပ်ရာထူးကိုရခဲ့သည်ဟု ပြောဆိုကြတော့မည်မဟုတ်ပေ။

"တကယ်လို့ ငါ မလှုပ်ရှားရင်တောင်...မင်းဆီမှာ ရှဟယ်နဲ့ရင်ဆိုင်နိုင်မယ့်နည်းလမ်း ရှိနေတယ်မလား"

ရှဟိုလီက လုယွီကိုကြည့်ပြီး ရုတ်တရက် မေးမြန်းလိုက်သည်။

လူတိုင်း ထိတ်လန့်တုန်လှုပ်သွားသည်။

ဤမေးခွန်းက မည်သည့်အရာကိုဆိုလိုခြင်းဖြစ်သနည်း။

ဖြစ်နိုင်သည်က လုယွီထံတွင် ရှဟယ်၏လက်အတွင်းမှဧကရာဇ်အဆင့်မှော်လက်နက်ကို ရင်ဆိုင်တိုက်ခိုက်နိုင်မည့်နည်းလမ်း အမှန်တကယ်ရှိနေသလော။

လုယွီက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ ပြောဆိုလိုက်၏။

"ဦးရီးတော်က ရယ်စရာပြောနေပြန်ပြီ...ဒီတစ်ကြိမ်တော့ ကျွန်တော်က ဦးရီးတော်ကို ကျေးဇူးတင်ပါတယ်...မဟုတ်ရင် ကျွန်တော်က ရှဟယ်သတ်တာကို ခံရနိုင်တယ်"

ရှားဟိုလီက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

"ဘာမှစိုးရိမ်မနေနဲ့...မင်း စစ်တပ်ထဲမှာရှိနေသရွေ့ ရှဟယ် မင်းကို ဘာမှမထိနိုင်စေရဘူး"

Chapter 1867

"ဦးရီးတော်ကို ကျေးဇူးတင်ပါတယ်"

လုယွီက ပြောဆိုလိုက်၏။

ရှားဟိုလီက သူ၏လက်ကိုဝှေ့ယမ်းပြီး ပြောဆိုသည်။

"မင်းရဲ့ကျင့်ကြံဆင့်နယ်ပယ်တဲ့ ဒီလိုသန်မာတဲ့ခွန်အားမျိုးရှိတာ ကောင်းတဲ့အရာပဲ...နောက်တစ်ချိန်မှာ မင်းက တော်ဝင်နန်းတော်မှာ တာဝန်ထမ်းဆောင်နိုင်လိမ့်မယ်...ခုဏက ဘာတွေဖြစ်ပျက်သွားလဲဆိုတာ ငါ ကောင်းကောင်းသိတယ်...ရှမိသားစုရဲ့စွမ်းအားကို မှီခိုပြီးတော့ ရှဟယ်က ခုလတ်တလောနှစ်တွေအတွင်းမှာ ပိုပြီးမောက်မာဝံ့ကြွားလာတယ်....မင်း သူ့ကို သင်ခန်းစာပေးလိုက်တာ ကောင်းတဲ့ကိစ္စပဲ...သူ့ကိုယ်သူ ဘယ်လိုထိန်းချုပ်ရမယ်ဆိုတာ သိသွားတာပေါ့"

ရှားဟိုလီသည် ပွင့်ပွင့်လင်းလင်းပြောနေသည်ဟု ယူဆရသော်လည်း လုယွီက ရှားဟိုလီ သူ့အားကယ်တင်ရသောအကြောင်းအရင်းကို သိရှိထားသည်။

ဤသည်က လုယွီ၏နဂါးအစောင့်ဟူသော အဆင့်အတန်းကြောင့်ပင်။အကယ်၍ နဂါးအစောင့်တစ်ယောက်သာ စစ်စခန်းတွင်သေဆုံးသွားပါက တပ်မှူးချုပ်ဖြစ်သော ရှားဟိုလီသည် နဂါးအစောင့်များ၏စုံစမ်းစစ်ဆေးခြင်းကို ခံယူရပေမည်။

ထိုအချိန်မျိုးရောက်ရှိသွားပါက အကယ်၍ ရှမိသားစုမှ ပြဿနာမရှာလျှင်ပင် ရှားဟိုလီသည် စစ်တပ်စီမံကွပ်ကဲရေးညံ့ဖျင်းမှုဖြင့် အပြစ်ပေးခံရပေမည်။

ရှားဟိုလီက ရုတ်တရက် ပြောဆိုလိုက်၏။

"ယုချီ သေသွားမှတော့...သူ့ရဲ့လက်အောက်ငယ်သားတွေကို မင်း လက်ခံထားလိုက်တော့...မင်းက စတုတ္ထအဆင့်စစ်ဗိုလ်ချုပ်ဖြစ်နေမှတော့ ပြောရမယ်ဆိုရင် စစ်သည်တွေအများကြီးကိုအုပ်ချုပ်ပိုင်ခွင့်ရှိတယ်...ငါက မင်းကို စစ်သားတွေပေးမယ်...သူတို့ကို လေ့ကျင့်သင်ကြားပေးဖို့ကိုတော့ မင်း တာဝန်ယူရမယ်"

အမ်...

လုယွီ၏မျက်ခုံးများ မြင့်တက်သွားပြီး သူက မေးမြန်းလိုက်သည်။

"ဦးရီးတော်က ခုလတ်တလောအချိန်မှာ လှုပ်ရှားမှုတစ်ခုခု လုပ်မလို့လား"

"အမှန်ပဲ...လေဟာနယ်ဓားပြတွေက ငါ သူတို့ကို အမြစ်ပြတ်သုတ်သင်ဖို့ ထွက်လာတယ်ဆိုတာ သိထားကြတယ်...ဒါကြောင့် သူတို့က ပုန်းအောင်းပြီးနေနေကြတယ်...ဒါပေမယ့် ငါက အဘက်ဘက်မှာရှိတဲ့ ကြယ်နယ်မြေတွေကို သူလျှိုတွေ စေလွှက်ထားပြီးပြီ...အခု ငါက အပြစ်သားပင်လယ်ကြယ်နယ်မြေပေါ်မှာရှိတဲ့ လေဟာနယ်ဓားပြတွေ ပုန်းခိုတဲ့နေရာတစ်ခုကို တွေ့ထားတယ်...နေဦး...မင်းရဲ့စစ်တပ်ကို တည်ထောင်ပြီးတဲ့အချိန်ကျရင် အဲ့ဒီနေရာကိုဖျက်ဆီးဖို့ ငါ မင်းကို စေလွှက်မယ်"

ရှားဟိုလီက ပြောဆိုသည်။

ဤသည်က သူတိုက်ခိုက်ရန် အချိန်ကျလာလေပြီ။

သူသည် ဗိုလ်ချုပ်ရာထူးကို ရရှိထားသော်လည်း အစစ်အမှန်စစ်ရေးအောင်မြင်မှု မရှိသေးကြောင်း လုယွီက ကောင်းစွာသိရှိထားပေ၏။

ဤသည်က သူ့အတွက် ကောင်းမွန်သောအခွင့်အရေးကြီးပင်။သူသည် မြင့်မားသောတိုက်ပွဲအောင်မြင်မှုရမှတ်များကို ရရှိနိုင်ရုံသာမက တစ်ချိန်တည်းမှာပင် သူ၏နောက်လိုက်စစ်သားများကိုလည်း လေ့ကျင့်သင်ကြားပေးနိုင်သည်။

"ဦးရီးတော်ရဲ့အမိန့်အတိုင်း ဆောင်ရွက်ပါ့မယ်"

လုယွီက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ ပြောဆိုလိုက်၏။

ရှားဟိုလီသည် စိတ်ကျေနပ်မှုရသွားပုံဖြင့် ခေါင်းညိတ်ပြပြီးနောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံး တမဟုတ်ချင်းပျောက်ကွယ်သွားတော့သည်။

ပတ်ဝန်းကျင်ရှိလူများထံမှ အံ့အားတသင့်ရေရွတ်သံများ ထွက်ပေါ်လာသည်။ဤနေရာသို့ ရောက်ရှိလာသူသည် ရှားဟိုလီ၏ဓမ္မပုံရိပ်သက်သက်ပင်။

လုယွီကမူ ရှားဟိုလီ၏အရိပ်အယောင်ကို ထွင်းဖောက်မြင်နိုင်သဖြင့် အံ့အားသင့်သွားခြင်းမရှိချေ။

ထို့နောက် လုယွီ၏လက်ချောင်းများ လှုပ်ခတ်လိုက်မှုနှင့်အတူ မြောက်များစွာသော အစွမ်းထက်ဆေးလုံးများသည် ပုန်းကွယ်နဂါးစစ်စခန်းမှလူများ၏ ခန္ဓာကိုယ်များအတွင်းသို့ ချက်ချင်းဆိုသလို ပျော်ဝင်သွားပေ၏။

အစောပိုင်းက လုယွီကိုကယ်တင်ရန်အလို့ငှါ သူတို့အားလုံး ရှဟယ်၏တိုက်ခိုက်မှုကို ခံယူခဲ့ရသည်။ကံကောင်းထောက်မစွာဖြင့် ရှဟယ်သည် ပြဿနာများစွာ မဖြစ်ပွါးလိုသောကြောင့် သူတို့ကို သတ်ဖြတ်ခြင်းမရှိချေ။ထိုသို့မဟုတ်ပါက ပုန်းကွယ်နဂါးစစ်စခန်းမှလူများအားလုံး အသက်ရှင်သန်နိုင်မည်မဟုတ်ပေ။

"အရှင်...အဆင်ပြေရဲ့လား"

သိုက်ဖုန်းက စိုးရိမ်ပူပန်တကြီး မေးမြန်းသည်။

လုယွီသည် လောကီအင်မော်တယ်တစ်ယောက်ပင်။အကယ်၍ သူသည် လျှို့ဝှက်နည်းစနစ်တစ်ခုကိုအသုံးပြု၍ မြေကမ္ဘာအင်မော်တယ်တစ်ယောက်ကို တိုက်ခိုက်နိုင်လျှင်ပင် သူ၏မှော်စွမ်းအင်အမြောက်အများ ကုန်ဆုံးသွားပေမည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ လုယွီသည် မည်သည့်အမှားအယွင်းမှမရှိသကဲ့သို့ တည်ငြိမ်အေးဆေးနေဆဲပင်။

"ပြဿနာမရှိဘူး...ငါ့မှာ ဆေးလုံးတွေရှိတယ်"

စကားဆုံးသည်နှင့် လုယွီသည် လက်တခုပ်စာအပြည့်ဆေးလုံးများကိုထုတ်ယူ၍ ဝါးမြိုလိုက်၏။

ရှေးဟောင်းခန္ဓာကိုယ်နည်းစနစ်နှစ်မျိုး၏အကျိုးသက်ရောက်မှုကြောင့် ဆေးလုံးများသည် လုယွီ၏အစာအိမ်အတွင်းသို့ ဝင်ရောက်သွားသည်နှင့် မသန့်စင်မှုများကို ချက်ချင်းပင် ဖယ်ရှားပြီးဖြစ်ကာ သူ့အပေါ်သို့ တစိုးတစိမျှပင် အကျိုးသက်ရောက်စေခြင်းမရှိချေ။

သူ ဆေးလုံးများကို ဝါးမြိုပြီးနောက် အပူစီးကြောင်းတစ်ခုက သူ၏ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားသည်။မူလက ကုန်ဆုံးသွားသော သူ၏မှော်စွမ်းအားများအားလုံး ယခုလက်ရှိချိန်၌ ပြန်လည်ဖြည့်တင်းပြီးလေပြီ။

ထိုဆေးလုံးများ၏ကူညီထောက်ပံမှုဖြင့် လုယွီ၏ခန္ဓာကိုယ်မှ အစွမ်းထက်သောအရှိန်အဝါများ တဖန်ပြန်၍ထွက်ပေါ်လာသည်။

"သူ့မှာ ဆေးလုံးတွေ ဘယ်လောက်များများတောင် ရှိနေတာလဲ"

"သေချာတာတော့ သူတစ်ယောက်တည်းနဲ့ တပ်ရင်းတစ်ခုလုံးက စစ်သားတွေကိုတောင် ဆေးဝါးထောက်ပံပေးနိုင်လိမ့်မယ်"

"တစ်ချက်ကြည့်ကြည့်အုံး...သူ ခုဏက ​မြေကမ္ဘာအင်မော်တယ်တစ်ယောက်နဲ့ တိုက်ခိုက်ထားတာ...ဒါပေမယ့် သူက ဆေးလုံးတွေအများကြီး သောက်သုံးပြီးတာနဲ့ သူ့ရဲ့မှော်စွမ်းအားတွေ ပြန်လည်ဖြည့်တင်းပြီးသွားပြီ...ဒီလို မှော်စွမ်းအားပြန်လည်ဖြည့်တင်းနိုင်ပုံမျိုးနဲ့ဆိုရင် မြေကမ္ဘာအင်မော်တယ်တစ်ယောက်တောင် သူနဲ့အချိန်ကြာကြာတိုက်ခိုက်ရင် အမောလွန်ပြီးသေသွားနိုင်တယ်"

ပတ်ဝန်းကျင်ရှိလူများသည် စတင်၍တိုင်ပင်ဆွေးနွေးနေကြ၏။စစ်ဗိုလ်ချုပ်တချို့ပင်လျှင် လုယွီ၏ကြီးကျယ်ခမ်းနားပုံကိုမြင်ချိန်တွင် သူတို့က အံ့အားသင့်စွာဖြင့် ကြည့်နေကြသည်။

"သေခြင်းရှင်ခြင်းတိုက်ပွဲမှာ အနိုင်ရခဲ့တဲ့အတွက် ဗိုလ်ချုပ်ရှောင်ကို ဂုဏ်ပြုပါတယ်"

"ငါက ဝူရီစစ်ဗိုလ်ချုပ် ဟန်ကွမ်းပါ...ငါ့ရဲ့စစ်စခန်းက ဗိုလ်ချုပ်ရှောင်နဲ့နီးတယ်...ဒီနေ့ ဗိုလ်ချုပ်ရှောင်ရဲ့နတ်ဘုရားလိုစွမ်းအားကို ငါက အရမ်းလေးစားကြည်ညိုမိတယ်"

Chapter 1868

တိုက်ပွဲစင်မြင့်ပေါ်မှ လုယွီ ပြန်ဆင်းလာသည်နှင့် လူအမြောက်အများ သူ၏အနီးသို့ ဝန်းရံ၍ရောက်ရှိလာသည်။

ယခုလက်ရှိနေရာတွင်ရှိနေသော သူများအားလုံးသည် မည်သူမည်ဝါဖြစ်နေပါစေ သူတို့သည် လုယွီ၏ပါရမီအရည်အချင်းကို တွေ့မြင်မိကြ၏။

သူသည် လောကီအင်မော်တယ်တစ်ယောက်သာဖြစ်သော်လည်း မြေကမ္ဘာအင်မော်တယ်တစ်ယောက်နှင့် လက်ရည်တူယှဥ်ပြိုင်တိုက်ခိုက်နိုင်သည်။

ထိုလူများအားလုံး၏စိတ်နှလုံးသားများသည် ကြေးမုံမှန်များနှင့်တူညီပြီး သူတို့က အရာအားလုံးကို ရှင်းရှင်းလင်းလင်း သိရှိထားကြသည်။ယခုလက်ရှိချိန်၌ သူတို့သည် လုယွီကို မြှောက်ပင့်ပြောဆိုနေခြင်းမှာ အကျိုးအမြတ်ကိုမျှော်ကိုးသောကြောင့်ဖြစ်သည်။

"လူတိုင်းပဲ...ကျေးဇူးတင်ပါတယ်...နောင်တစ်ချိန်ကျရင် မင်းတို့နဲ့ငါ မိတ်ဆွေတွေအဖြစ်နဲ့ အလုပ်တွဲလုပ်ကြတာပေါ့"

လုယွီက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ ပြောဆိုပြီး သူတို့ထံသို့ ဆေးလုံးတချို့ ပေးလိုက်၏။

ဤစစ်ဗိုလ်ချုပ်အများစုသည် ရှမိသားစုမှမဟုတ်ချေ။သူတို့သည် လုယွီ၏ဆေးလုံးများနှင့် စိတ်သဘောထားကြီးမားမှုကြောင့် အံ့အားသင့်တုန်လှုပ်နေကြသည်။သူတို့က လုယွီအပေါ် ပို၍ယုံကြည်လာတော့သည်။

"ဒီကောင်စုတ်လေးက ဆေးလုံးတွေအများကြီးကို ဘယ်နေရာကများ ရလာတာလဲ...သူက တော်ဝင်နန်းတော်ရဲ့ဘဏ္ဌာတိုက်ကို အနုကြမ်းစီးလာတာများလား"

"သူက မကြာသေးခင်ကမှ ချမ်းသာလာတဲ့ကောင်တစ်ကောင်ပါ...ရှမိသားစုရဲ့ ချမ်းသာကြွယ်ဝမှုတွေက ဒီကောင်လေး စိတ်ကူးယဥ်ပုံဖော်နိုင်တာထက်တောင် ကျော်လွန်တယ်"

ရှမိသားစုအပေါ် သစ္စာစောင့်သိသော စစ်ဗိုလ်ချုပ်တချို့သည် တီးတိုးပြောဆိုနေကြပြီး သူတို့သည် လုယွီကို အနည်းငယ်မျှပင် ဂရုစိုက်ခြင်းမရှိချေ။

လုယွီသည် မိုးကောင်းကင်ကိုဆန့်ကျင်နိုင်သော ပါရမီရှင်တစ်ယောက်ဖြစ်နေလျှင်ပင် ရှဟယ်က သူ့အား ဖိနှိပ်နိုင်မည်မှာ သံသယဖြစ်ဖွယ်မရှိချေ။

"ဒီကောင်လေးကို ငါတို့ စောင့်ကြည့်ရမယ်လို့ ဗိုလ်ချုပ်ရှဟယ်က သတင်းစကားပေးပို့ထားတယ်"

"ကံဆိုးချင်တော့ အဲ့ဒီကောင်လေးက စတုတ္ထအဆင့်ရွှမ်းဝူစစ်ဗိုလ်ချုပ်တစ်ယောက်လေ..သူ့ရဲ့ရာထူးအဆင့်က ငါတို့ထက်မြင့်တယ်...သူ့ကို အလွယ်တကူရှင်းထုတ်လို့မရမှာကို ငါ စိုးရိမ်မိတယ်"

"ဒါက ပြဿနာမရှိဘူး...ငါတို့က သူနဲ့ရင်ဆိုင်ဖို့ကို လှည့်ကွက်တချို့သုံးလိုက်ရုံပဲ...သူက ယုချီရဲ့လက်အောက်ငယ်သားတွေကို လက်ခံရမှာမလား...ငါတို့က အဲ့ဒီနေရာကို ဦးစားပေးပြီး လှုပ်ရှားကြရအောင်"

ရှမိသားစုအပေါ်သစ္စာစောင့်သိသော စစ်ဗိုလ်ချုပ်များ၏ပူးပေါင်းကြံစည်နေမှုများကို လုယွီက မသိရှိချေ။

သို့ရာတွင် အမှန်အားဖြင့် လုယွီက ထိုကိစ္စကိုသိရှိလျှင်ပင် ဂရုစိုက်နေမည်မဟုတ်ပေ။

မကြာမီမှာပင် လုယွီက ယုချီ၏လက်အောက်ငယ်သားများကိုစုဝေးရန် သိုက်ဖုန်းကို ခိုင်းစေလိုက်၏။

လုယွီသည် စင်မြင့်ပေါ်ရှိ စစ်ဗိုလ်ချုပ်ထိုင်ခုံပေါ်၌ထိုင်နေပြီး မျက်နှာအမူအယာကင်းမဲ့စွာဖြင့် စောင့်ဆိုင်းနေသည်။

သူ၏ရှေ့ရှိမြေကွက်လပ်တွင် ပြန့်ကျဲနေသောစစ်သားများ တစ်သောင်းခန့်ရှိနေပေ၏။

ယုချီသည် တပ်ရင်းမှူးတစ်ယောက်ဖြစ်သည့်အပြင် ရှဟယ်၏သစ္စာရှိလူယုံလည်းဖြစ်သဖြင့် စစ်သားငါးသောင်းခန့်ကို အုပ်ချုပ်ရသည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ လူငါးပုံတစ်ပုံခန့်သာ ဤနေရာသို့ရောက်ရှိလာသည်။

"သိုက်ဖုန်း...စုဝေးစည်ကိုတီးလိုက်...အချိန်မီရောက်မလာတဲ့သူအားလုံး စစ်တပ်ဥပဒေအရ ကွပ်မျက်ခံရမယ်"

လုယွီက ပြောဆိုလေ၏။

သိုက်ဖုန်းက ခေါင်းညိမ့်ပြပြီး စုဝေးစည်ကိုတီးခတ်ရန်အတွက် တစ်စုံတစ်ယောက်ကို စေလွှက်လိုက်သည်။

ရုတ်ချည်းဆိုသလိုပင် ပြင်းထန်ပြီး စိတ်လှုပ်ရှားဖွယ်စည်သံက စစ်စခန်းတစ်ခုလုံးအနှံ့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။

တာယွီ၏စစ်တပ်ဥပဒေအရ စုဝေးစည်သံ ပြီးဆုံးသွားချိန်၌ နေရာသို့အချိန်မီရောက်မလာသော မည်သူမဆို ကွပ်မျက်ခံရပေမည်။

မကြာမီမှာပင် အရာရှိများနှင့်စစ်သား အမြောက်အများ မြေကွက်လပ်သို့ စုဝေး၍ရောက်ရှိလာပေ၏။စုဝေးစည်သံ၏အဆုံးသတ်တွင် လူငါးသောင်းကျော် မြေကွက်လပ်အတွင်း၌ရှိနေသည်။

"အရှင်...ခုထိရောက်မလာသေးတဲ့လူ ရှစ်ယောက်ကျန်သေးတယ်"

သိုက်ဖုန်းသည် လူအရေအတွက်ကိုရေတွက်ပြီး လုယွီထံ သတင်းပို့လိုက်၏။

လုယွီ၏မျက်ခုံးများ မြင့်တက်သွားပြီး သူက အေးစက်စက်အသံဖြင့် မေးမြန်းသည်။

"အဲ့ဒီလူတွေက ဘယ်သူတွေလဲ"

"သူတို့က ယုချီရဲ့ငယ်သားဟောင်းတွေပါ...ဒါပေမယ့် သူတို့က ရှေ့ပြေးတပ်အရာရှိတွေနဲ့တွဲဖက်စစ်ဗိုလ်ချုပ်အဆင့်ရှိတဲ့သူတွေ...သူတို့ဆီမှာ အတိုင်းအတာတစ်ခုထိ ရာထူးအဆင့် ရှိနေတုန်းပဲ"

သိုက်ဖုန်းက ပြောဆိုသည်။

"အရာရှိအဆင့်တွေလား...သူတို့က ရာထူးအဆင့်ကိုမှီခိုပြီးတော့ တာယွီရဲ့စစ်တပ်ဥပဒေကို မထီမဲ့မြင်ပြုနေကြတယ်"

လုယွီက အေးစက်စက်နှာမှုတ်ပြီးနောက် သူ့စိတ်ဝိညာဥ်၏စွမ်းအားကို စစ်စခန်းတစ်ခုလုံးအား ချက်ချင်းဖြန့်ကျက်လိုက်သည်။

ရုတ်ချည်းဆိုသလိုပင် လုယွီသည် ထိုလူရှစ်ယောက် မည်သည့်နေရာတွင်ရှိနေသည်ကို မြင်တွေ့လိုက်ရ၏။

ဤအချိန်တွင် ထိုလူရှစ်ယောက်လုံးသည် တဲတစ်လုံးအတွင်း၌စုဝေးနေပြီး လုယွီအားဆန့်ကျင်ရန် အစီအစဥ်ဆွဲနေကြသည်။

"စုဝေးစည်သံ သုံးကြိမ်မြည်ပြီးတာတောင် မင်းတို့က မကြားသလိုနေနေကြတယ်...စစ်တပ်ဥပဒေအရ မင်းတို့အားလုံး ခေါင်းဖြတ်ကွပ်မျက်ခံသင့်တယ်"

လုယွီက ရုတ်တရက် သူ၏လက်ကိုဆန့်ထုတ်လိုက်ပြီး နဂါးဖမ်းလက်ကို ချက်ချင်းဆိုသလိုပင် ထုတ်လွှက်လိုက်သည်။

ဧရာမမှော်စွမ်းအင်လက်ဝါးကြီးသည် လေထုအတွင်းမှနေ၍ စစ်စခန်းတစ်ခုလုံးကို ဖြတ်သန်းသွားသည်အား လူတိုင်းတွေ့မြင်လိုက်ရပြီးနောက် တမဟုတ်ချင်း ထိုလူရှစ်ယောက်ရှိနေသောတဲ ကျွမ်းထိုးမှောက်ခုံဖြစ်သွားတော့သည်။

Chapter 1869

တဲအိမ်ကျွမ်းထိုးမှောက်ခုံဖြစ်သွားသည်နှင့် လူရှစ်ယောက်၏ပုံသဏ္ဌာန်ထွက်ပေါ်လာသည်။

"မကောင်းတော့ဘူး"

ထိုမြင်ကွင်းကိုမြင်သည်နှင့် သူတို့က ချက်ချင်းဆိုသလိုပင် လူစုခွဲ၍ထွက်ပြေးရန် ပြင်ဆင်လိုက်ကြသည်။

"မင်းတို့က ပြေးချင်သေးတာလား...တကယ်လို့ ငါ မင်းတို့ကိုသာ အရေးမယူဘူးဆိုရင် ဒီစစ်ဗိုလ်ချုပ်က စက္ကူနဲ့လုပ်ထားတာလားလို့ မင်းတို့အားလုံး ထင်သွားကြလိမ့်မယ်"

လုယွီက အေးစက်တင်းမာသောအသံဖြင့် အော်ငေါက်ပြီး သူ၏နဂါးဖမ်းလက်ကိုအသုံးပြုကာ ထိုလူရှစ်ယောက်လုံးကို ဖမ်းဆီးလိုက်၏။

ဘုန်း...ဘုန်း...

ခွေးသေကောင်များကဲ့သို့ ထိုလူရှစ်ယောက်လုံး မြေပြင်ပေါ်သို့ ပစ်ချခံရကာ သူတို့၏မျက်နှာများပေါ်တွင် ဖုန်အလိမ်းလိမ်းကပ်နေသည်။

"ဒါက ရှေ့ပြေးတပ်မှူး ဗိုလ်ချုပ်လီမဟုတ်လား"

"ပြီးတော့ ဒုဗိုလ်ချုပ်ဝမ်လည်းပါတယ်...သူက လေလွင့်အင်မော်တယ်နယ်ပယ် ကျင့်ကြံသူတစ်ယောက်လေ...သူက ဒီလိုမျိုးဖမ်းဆီးခံရမယ်လို့ ငါ မျှော်လင့်မထားမိဘူး"

စစ်သားငါးသောင်းသည် သူတို့ရှေ့ရှိမြင်ကွင်းကို တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ကြည့်နေကြပြီး မည်သည့်စကားတစ်လုံးမျှ မဆိုဝံ့ကြချေ။

လုယွီ၏တိုက်ခိုက်မှုမှာ လူတိုင်းအား ထိတ်လန့်တုန်လှုပ်သွားစေသည်။

ဒုဗိုလ်ချုပ်ဝမ်က ရုတ်တရက် သူ၏ခေါင်းကိုမော့၍​ ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ရှောင်ယန်း...မင်းက ရှမိသားစုကို ရန်စစော်ကားခဲ့တယ်...မင်း ဘယ်တော့မှ အဆုံးသတ်ကောင်းမျိုး ရှိမှာမဟုတ်ဘူး...မင်း အခုအချိန်ခဏလောက်တော့ မောက်မာနေနှင့်ဦးပေါ့...တကယ်လို့ ရှမိသားစုကသာ မင်းကိုနာကျင်အောင်လုပ်ချင်ရင် သူတို့ရဲ့လက်ကိုမှောက်လိုက်သလိုမျိုးလွယ်ကူတယ်"

အစပျိုးသူရှိနေသဖြင့် တခြားသူများကလည်း စတင်၍ ဆူပူအော်ဟစ်ကြလေ၏။

"ဒါက အမှန်ပဲ...မင်းက အခု အနောက်ပိုင်းစစ်တပ်ထဲမှာရှိနေတယ်ဆိုတာ မမေ့နဲ့...မဟာဗိုလ်ချုပ်ရှဟယ်က အနောက်ပိုင်းစစ်တပ်ထဲမှာရှိတဲ့ စစ်သားတိုင်းကို အမိန့်ပေးနိုင်တယ်...မင်း သူ့ကို ပြစ်မှားမယ်ဆိုရင် မင်းမှာ အဆုံးသတ်ကောင်းရှိမှာမဟုတ်ဘူး"

"လောကီအင်မော်တယ်လေးတစ်ယောက်က ကိုယ့်ကိုကိုယ် အထင်ကြီးနေတယ်...ရှမိသားစုရှေ့မှာဆိုရင် မင်းက သေမျိုးပုရွတ်ဆိတ်တစ်ကောင်ပဲ"

အော်ငေါက်သံများနှင့်ဆဲဆိုသံများသည် လုယွီ၏နားအတွင်းသို့ ဝင်ရောက်လာသော်လည်း ထိုအသံများသည် ပုရွတ်ဆိတ်များ ဆူဆူညံညံတောင်းဆိုနေခြင်းနှင့်သာ တူညီနေပြီး သူ၏စိတ်ဆန္ဒကို အနည်းငယ်မျှပင် သက်ရောက်စေခြင်းမရှိချေ။

"လာကြစမ်း...သူတို့ကို ပါးရိုက်ကြစမ်း"

လုယွီက သူ၏လက်ကိုဝှေ့ယမ်းပြလိုက်၏။

ရုတ်ချည်းဆိုသလိုပင် လူအုပ်ကြီး၏နောက်တွင်ရှိနေသော ပုန်းကွယ်နဂါးစစ်စခန်းမှစစ်သားတချို့ ရှေ့သို့ထွက်လာပြီး သူတို့၏လက်များကို ထိုလူရှစ်ယောက်၏ရှေ့၌ လွှဲယမ်းလိုက်သည်။

ထိုလူများသည် အင်အားကောင်းသောကျင့်ကြံသူများဖြစ်သော်လည်း လုယွီ၏နဂါးဖမ်းလက်မှ ထိန်းချုပ်ထားမှုကြောင့် သူတို့၏မှော်စွမ်းအားအနည်းငယ်ကိုပင် ထုတ်ဖော်အသုံးပြုနိုင်ခြင်းမရှိချေ။သူတို့သည် ကူကယ်ရာမဲ့စွာဖြင့် သူတို့၏မျက်နှာပေါ်သို့ လက်ဝါးများကျရောက်လာပြီး သွေးရောင်လက်ဝါးရာကြီး ထင်ကျန်ခဲ့ခြင်းကိုသာ ကြည့်နေရလေ၏။

"ပုရွတ်ဆိတ်လိုကောင်တွေကများ...မင်းတို့က ဘယ်လိုသတ္တိမျိုးနဲ့ ငါ့ရှေ့မှာလာပြီး အော်ဟစ်နေဝံ့တာလဲ...မင်းတို့ရဲ့ အရင်အထက်အရာရှိယုချီကိုတောင် ငါသတ်ခဲ့တာ...တကယ်လို့ ရှဟယ်ကိုယ်တိုင် ဒီနေရာကိုရောက်လာရင်တောင် သူ ငါ့ကို ထိခိုက်ဒဏ်ရာရအောင် လုပ်နိုင်မှာမဟုတ်ဘူး"

လုယွီက သူ၏လက်ကိုဝှေ့ယမ်းပြီး အမိန့်ပေးလိုက်သည်။

"သူတို့ကို ဆွဲခေါ်သွားပြီး ခေါင်းဖြတ်ကွပ်မျက်လိုက်စမ်း"

ထိုအချိန်ကျမှသာ လူရှစ်ယောက်လုံး နောက်ဆုံး၌ ထိတ်လန့်ကြောက်ရွံမှုကို ခံစားမိသည်။

လုယွီ ရယ်စရာပြောနေခြင်းမဟုတ်ဟု သူတို့ခံစားမိပေ၏။

ဤသည်သာ အမှန်ဖြစ်ပါက သူ သူတို့အားလုံးကိုသတ်ဖြတ်ရန် ရည်ရွယ်ထားပေမည်။

"မင်း လုပ်ရဲလား...ငါက အနောက်ပိုင်းစစ်တပ်မှာ တာဝန်ထမ်းဆောင်လာတာ အချိန်အတော်ကြာလှပြီ...ကောင်စုတ်လေး မင်း ငါ့ကိုထိဝံ့လား"

ဒုဗိုလ်ချုပ်ဝမ်က ရုတ်တရက် အော်ဟစ်လိုက်သည်။

"ညီအကိုတို့...ဒီကောင်လေးရဲ့နောက်ကို ဆက်ပြီးလိုက်မနေကြနဲ့...မင်းတို့က ဘာလို့ မဟာဗိုလ်ချုပ်ရှဆီသွားပြီး မပူးပေါင်းကြတာလဲ"

ထိုအသံက စစ်စခန်းတစ်ခုလုံးအနှံ့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။

လုယွီက ထိုမြင်ကွင်းကို အေးစက်စက်အကြည့်ဖြင့်ကြည့်ပြီး အော်ဟစ်လိုက်၏။

"ဘယ်သူ သူနဲ့အတူထွက်သွားချင်လဲ...ရှေ့ထွက်ခဲ့ကြစမ်း"

စစ်သားများအကြားမှ ​ပြောဆိုဆွေးနွေးသံများ ထွက်ပေါ်နေသော်လည်း မည်သူမျှ ရှေ့သို့ထွက်လာခြင်းမရှိချေ။

"မင်းတို့ ရူးနေကြတာလား...မဟာစစ်ဗိုလ်ချုပ်က ရှမိသားစုဝင်တစ်ယောက်လေ...တကယ်လို့ မင်းတို့ သူ့နောက်ကိုလိုက်မယ်ဆိုရင် အဆုံးမရှိတဲ့ချမ်းသာကြွယ်ဝမှုတွေ ဂုဏ်ကျက်သရေတွေနဲ့ ပျော်ရွှင်ရလိမ့်မယ်"

ဒုဗိုလ်ချုပ်ဝမ်သည် ဤအခြေအနေကို နားလည်နိုင်ရန် အလွန်ခက်ခဲနေသည်။

လုယွီက ခက်ထန်တင်းမာသောအသံဖြင့် ပြောဆိုသည်။

"အဲ့ဒီအကြောင်းကို မေ့လိုက်စမ်း...ဗိုလ်ချုပ်ရှက သူ့ရဲ့လက်အောက်ငယ်သားကို ကယ်တင်ဖို့တောင် စကားလာပြောရဲတဲ့သတ္တိမျိုးမရှိဘူး...မင်းတို့က သူ့ဆီက ချမ်းသာကြွယ်ဝမှုနဲ့ဂုဏ်ကျက်သရေတွေရရှိဖို့ မျှော်လင့်နေကြသေးတာလား"

"ဒီလူတွေက စုဝေးစည်သံကိုကြားတာတောင် အရောက်လာဖို့ ပျက်ကွက်ခဲ့တယ်...သူတို့ကိုဆွဲထုတ်ပြီး ခေါင်းဖြတ်ကွပ်မျက်လိုက်ကြစမ်း"

ဒုဗိုလ်ချုပ်ဝမ်တို့လူစု၏မျက်လုံးများအတွင်း၌ ထိတ်လန့်ကြောက်ရွံမှုအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

"ဗိုလ်ချုပ်ရှောင်...ကျွန်တော်က ဗိုလ်ချုပ်ရဲ့လက်အောက်ခံဖြစ်ဖို့ ဆန္ဒရှိပါတယ်...ကျွန်တော်က ဗိုလ်ချုပ်ရဲ့ ကျွန်အဖြစ်နဲ့နေပါ့မယ်...ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ"

ဒုဗိုလ်ချုပ်ဝမ်က စတင်၍ အသနားခံတောင်းပန်လေ၏။

သို့ရာတွင် သူ၏အသနားခံတောင်းပန်မှုသည် ယခုလက်ရှိအခြေအနေ၌ အသုံးမဝင်တော့ချေ။

ပုန်းကွယ်နဂါးစစ်စခန်းမှစစ်သားတချို့ လှုပ်ရှားလိုက်မှုနှင့်အတူ ဒုဗိုလ်ချုပ်ဝမ်အပါအဝင် လူရှစ်ယောက်လုံး၏ခေါင်းများ မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။

သွေးစီးကြောင်းများအား အလျှင်အမြန်သန့်စင်လိုက်ကြပြီးနောက် ထိုလူရှစ်ယောက်လုံးသည် ဘယ်သောအခါကမျှ မရှိခဲ့သကဲ့သို့ လောကကြီးအတွင်းမှ ပျောက်ကွယ်သွားခဲ့သည်။

ဤကိစ္စ အစမှအဆုံးထိ ရှဟယ်သည် ထွက်ပေါ်လာခြင်းမရှိချေ။

"မင်းတို့ အရင်က ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ငါ ဂရုမစိုက်ဘူး...ငါ့ရဲ့လက်အောက်မှာနေရင် စည်းမျဥ်းတွေကိုလိုက်နာဖို့လိုအပ်တယ်...တကယ်လို့ နောက်တစ်ကြိမ်မှာ စစ်စည်းမျဥ်းတွေကို ဖောက်ဖျက်တဲ့သူတွေရှိလာရင် ဒီလူတွေအတိုင်းပဲ အဆုံးသတ်ရလိမ့်မယ်"

လုယွီက လူအုပ်ကြီးကို ဝေ့ဝိုက်ကြည့်ပြီး အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

Chapter 1870

မြေကွက်လပ်တစ်ခုလုံး သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားပြီး သူတို့ရှေ့ရှိမြင်ကွင်းကြောင့် ထိတ်လန့်တုန်လှုပ်ကာ ကြက်သေသေနေကြ၏။

စစ်ဗိုလ်ချုပ်ရှစ်ယောက်အနက်မှ တချို့လူများသည် အနောက်ပိုင်းစစ်တပ်မှ အဓိကစစ်စခန်းများတွင် တာဝန်ထမ်းဆောင်နေကြသူများဖြစ်သည်။ထိုလူများ သေဆုံးသွားသဖြင့် သူတို့၏စစ်စခန်းများ၌ ခေါင်းဆောင်ကင်းမဲ့သွားလေပြီ။

"ရှ မိသားစုက မင်းတို့ကို ဘာပေးနိုင်လဲ...ငါ ရှောင်ယန်းကလည်း မင်းတို့ကို ပေးနိုင်တယ်...အမှန်အတိုင်းပြောရရင် မင်းတို့ရဲ့ဗိုလ်ချုပ်ယုချီက ရှမိသားစုရဲ့သစ္စာခံဆိုပေမယ့်...မင်းတို့ရဲ့လက်ထဲကို လိုအပ်တဲ့ပစ္စည်းတွေအကုန်မရောက်မှာ ငါ စိုးရိမ်မိတယ်...ဟုတ်တယ်မလား"

လုယွီသည် စစ်သားများကို ဝေ့ဝိုက်၍ကြည့်လိုက်ရာ အများစုသည် မပြည့်စုံသောသံချပ်ကာဝတ်စုံများကို ဝတ်ဆင်ထားကြောင်း တွေ့မြင်မိလေ၏။

ရှဟယ်၏လက်အောက်တွင် အလုပ်လုပ်နေကြသဖြင့် သာမာန်အားဖြင့် သူတို့သည် ငွေကြေးပြတ်လပ်မှုမရှိချေ။စစ်သားအများစု ဤကဲ့သို့ပုံစံဖြစ်နေရခြင်းမှာ သူတို့အားထောက်ပံသော ငွေကြေးအများစုသည် ယုချီ၏လက်အတွင်းသို့ ရောက်ရှိသွားခြင်းကြောင့်သာ ဖြစ်ပေမည်။

"တပ်မှူးချုပ်က ငါတို့ကို အမိန့်ပေးပြီးသွားပြီ...တိုက်ပွဲအတွက်ပြင်ဆင်ဖို့ မင်းတို့မှာ အချိန်ဆယ်ရက်ရမယ်...ဒါပေမယ့် ငါ့ရဲ့အမြင်အရဆိုရင် မင်းတို့ရဲ့ခွန်အားတွေက အရမ်းအားနည်းနေတယ်"

"ဒီဆယ်ရက်အတွင်းမှာ မင်းတို့ရဲ့လက်ထဲက ဆေးလုံးရဲ့စွမ်းအားတွေကို တက်နိုင်သမျှမြန်မြန် သန့်စင်ရမယ်"

လုယွီက သိုက်ဖုန်းအား ဆေးလုံးများဝေငှရန် အမိန့်ပေးလိုက်၏။

သို့သော် ထိုအချိန်မှာပင် စစ်သားတချို့ထံမှ ရုတ်တရက် မကျေမနပ်ပြောဆိုသံများ ဆူညံစွာထွက်ပေါ်လာသည်။

"ဒါဆိုရင် ဗိုလ်ချုပ်က တာဝန်လွှဲပြောင်းယူပြီးတာနဲ့...ငါတို့ကို ဆေးလုံးတစ်လုံးပေးပြီး အဝေးကိုလွှက်ဖို့ စီစဥ်ထားတာပေါ့လေ"

"အမှန်ပဲ...ပြန်တွေးကြည့်ရင် ဗိုလ်ချုပ်ယုချီကမှ ငါတို့ကို ငွေကြေးတွေ မကြာခဏပေးသေးတယ်...ဗိုလ်ချုပ်ရှောင်ကရော ဘယ်လိုလဲ"

လုယွီ၏မျက်လုံးများ အေးစက်သွားပြီး သူ၏လက်ကိုဝှေ့ယမ်းလိုက်သည်။

"သိုက်ဖုန်း...အခု ဆူဆူပူပူလုပ်နေတဲ့ ကောင်တွေအားလုံးကို ဆွဲထုတ်လိုက်စမ်း"

ရုတ်ချည်းဆိုသလိုပင် သိုက်ဖုန်းသည် သူ၏လူများကိုဦးဆောင်၍ စစ်သားများအကြားသို့ တဟုန်ထိုးပြေးဝင်သွားကာ ဆူဆူပူပူလုပ်နေသူများအားလုံးကို ဖမ်းဆီးလိုက်၏။ထိုလူစုတွင် လူတစ်ရာကျော် ရှိနေသည်။

"အရှင်...သူတို့က ယုချီရဲ့သီးသန့်စစ်သားတွေပါ"

သိုက်ဖုန်းသည် ထိုလူများနှင့် ရင်ဆိုင်တိုက်ခိုက်ဖူးသဖြင့် သူတို့ကို မှတ်မိလေသည်။

လုယွီက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

"မင်းတို့ကောင်တွေက ယုချီရဲ့ကာကွယ်မှုမရှိတော့တာနဲ့ ရှဟယ်ဆီကို သွားချင်နေတာလား...ကောင်းပြီလေ ငါ မင်းတို့ကို အခွင့်အရေးတစ်ခုပေးမယ်...မင်းတို့လက်ထဲက ဆေးလုံးတွေကို ပြန်ပေးခဲ့လိုက်...ပြီးရင် မင်းတို့ ထွက်သွားနိုင်ပြီ"

ယုချီ၏သီးသန့်စစ်သားများကို ဦးဆောင်သူသည် မုတ်ဆိတ်မွှေးဗရပျစ်နှင့်လူတစ်ယောက်ဖြစ်ပေ၏။လုယွီ၏စကားကိုကြားသည်နှင့် ထိုလူက သရောမတော်တော် ပြောဆိုလိုက်သည်။

"ဘယ်သူက မင်းရဲ့ ဆေးလုံးအစုတ်အပြတ်ကို ဂရုစိုက်နေလို့လဲ...ငါ ပြန်ပေးမယ်"

စကားဆုံးသည်နှင့် သူတို့က ဆေးလုံးများကို လွှင့်ပစ်လိုက်ကြသည်။

"မင်းတို့ကောင်တွေ...ရဲတင်းလှချည်လား"

သိုက်ဖုန်းသည် သူ၏လက်ကိုဆန့်ထုတ်၍ လေထုအတွင်းရှိ ဆေးလုံးများကို ဖမ်းဆုပ်လိုက်သည်။ထို့နောက် သူ၏လူများကိုစေလွှက်၍ ယုချီ၏သီးသန့်စစ်သားအုပ်စုကို ဝိုင်းရံလိုက်၏။

လုယွီ၏မျက်နှာအမူအယာက အပြောင်းအလဲမရှိ တည်ငြိမ်နေဆဲပင်။

"မင်းတို့ကောင်တွေက ဒီနေရာမှာနေဖို့ ဆန္ဒမရှိမှတော့ ထွက်သွားကြတော့...သိုက်ဖုန်း သူတို့ကိုလွှက်ပေးလိုက်"

"ဟား ဟား ဟား...ဗိုလ်ချုပ်ရှောင်...မင်းက အခြေအနေကို ကောင်းကောင်းနားလည်သဘောပေါက်သားပဲ"

မုတ်ဆိတ်မွှေးဗရပျစ်နှင့်လူက မထီမဲ့မြင်လေသံဖြင့် ပြောဆိုသည်။

စကားဆုံးသည်နှင့် သူ၏နောက်မှ လူတစ်ရာနှင့်အတူ ထွက်ခွာသွားရန် ဟန်ပြင်လိုက်သည်။

ထိုအချိန်မှာပင် လုယွီ၏လက်အောက်၌ ကျန်ရှိနေခဲ့သောစစ်သားများသည် သူတို့၏လက်အတွင်းရှိ ဆေးလုံးများကို စတင်၍သန့်စင်လိုက်ကြ၏။

ဆေးလုံးများကိုဝါးမျိုပြီးသည်နှင့် လူတိုင်းသည် မြောက်များစွာသောအစွမ်းထက်ဆေးစွမ်းအားများ သူတို့၏ခန္ဓာကိုယ်ရှိမရီးဒါန်းများအတွင်းသို့ ပျော်ဝင်သွားခြင်းကို ခံစားမိသည်။ဤသည်မှာ သူတို့၏ခန္ဓာကိုယ်မှ တစ်ဆို့မှုများကို ထောင်သောင်းချီသောမြင်းများက ဖြတ်ပြေးသွားသကဲ့သို့ပင်။

"စိတ်တည်ငြိမ်အမွှေးတိဴုင်တွေ ထွန်းညှိကြစမ်း"

လုယွီ၏အမိန့်ပေးသံနှင့်အတူ သိုက်ဖုန်းသည် တစ်စုံတစ်ယောက်ကိုစေလွှက်၍ ကြီးမားသောအမွှေးနံ့သာအိုးကြီးကို ယူဆောင်ခိုင်းလိုက်သည်။တုတ်ခိုင်သောအမွှေးတိုင်သုံးချောင်း လောင်ကျွမ်းနေမှုနှင့်အတူ အစိမ်းရောင်မီးခိုးငွေ့များက မြေကွက်လပ်တစ်ခုလုံးအနှံ့ ပျံ့နှံ့သွားသည်။

ထိုအမွှေးတိုင်များကို အထူးသီးသန့်ပါဝင်ပစ္စည်းများဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ကျင့်ကြံသူတိုင်းသည် ထိုအမွှေးနံကို ရှုရှိုက်မိရုံဖြင့် သက်တောင့်သက်သာဖြစ်ခြင်းနှင့် စိတ်တည်ငြိမ်အေးချမ်းခြင်းတို့ကို ခံစားကြရ၏။

"လျှို့ဝှက်ဆန်းကြယ်ချင်ယောင်ဆောင်နေတယ်...ဒီကောင်လေးဆီမှာ ဘယ်လောက်ကောင်းတဲ့ဆေးလုံးမျိုး ရှိနိုင်မှာမလို့လဲ"

မုတ်ဆိတ်မွှေးဗရပျစ်နှင့်လူက သရော်တော်တော် ပြောဆိုသည်။

သူတို့အား ဗိုလ်ချုပ်ရှဟယ်မှ ဤနေရာတွင်ပြဿနာရှာရန် စေလွှက်လိုက်ခြင်းဖြစ်သည်။

သူတို့သည် လုယွီမှ ယုချီ၏စစ်သားများကို လွှဲပြောင်းယူခြင်းကို ဟန့်တားနှောက်ယှက်နိုင်သည်နှင့် သူတို့က ရှဟယ်ထံသို့ပြန်သွားကာ ဆုလာဘ်များကို ထုတ်ယူနိုင်လေပြီ။

မုတ်ဆိတ်မွှေးဗရပျစ်နှင့်လူသည် ထွက်ခွာရန် ကြံရွယ်ထားခြင်းမရှိသေးဘဲ လုယွီ သူကိုယ်သူ အရူးလုပ်နေခြင်းကို စောင့်ကြည့်လိုခဲ့သည်။ထိုအချိန်ကျလျှင် သူသည် ပို၍များပြားသောလူများကို လုယွီထံမှထွက်ခွာရန် တိုက်တွန်းနိုင်ပေလိမ့်မည်။

ထိုနည်းလမ်းဖြင့် သူ ပို၍များပြားသောဆုလာဘ်များကို ရရှိနိုင်သည်။

သူ အစီအစဥ်ဆွဲနေစဥ်မှာပင် ရုတ်တရက် မြေကွက်လပ်အတွင်းမှနေ၍ ကျယ်လောင်သောဆူညံသံတစ်သံ ထွက်ပေါ်လာသည်။

စစ်သားတစ်ယောက်သည် ငြိမ်သက်စွာကျင့်ကြံနေစဥ်တွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ပျံ့နှံ့သွားပြီး နောက်ဆုံး၌ သင်္ကေတတစ်ခုက သူ၏နဖူးပေါ်၌ ထွက်ပေါ်လာသည်။

All Chapters