← Chapters

အခန်း (၁၈၇၁-၁၈၇၅)

Vol. 97 Ch. 1871-1875

အခန်း (၁၈၇၁-၁၈၇၅)

Vol. 97 Ch. 1871-1875

Chapter 1871

ထိုသင်္ကေတသည် သလင်းကျောက်ကဲ့သို့ ကြည်လင်ပြတ်သားပြီး ထိုအရာမှနေ၍ သာမာန်ထက်ထူးကဲသော မှော်စွမ်းအားများ ထွက်ပေါ်နေသည်။

ထိုစစ်သားက သူ၏မျက်လုံးကိုဖွင့်ပြီးနောက် ရုတ်တရက် ဝမ်းမြောက်ပျော်ရွှင်နေသောအသံဖြင့် အံ့အားတသင့်ပြောဆိုလိုက်၏။

"ငါ နောက်ဆုံးတော့ စိတ်ပုံထွင်းနယ်ပယ်ကို ချိုးဖျက်ဝင်ရောက်နိုင်သွားပြီ"

ထိုစစ်သား၏ကျင့်ကြံဆင့်ချိုးဖျက်နိုင်မှုနောက်တွင် တခြားစစ်သားများကလည်း သူတို့၏သက်ဆိုင်ရာကျင့်ကြံဆင့်နယ်ပယ်များကို ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သည်။

ဤအချိန်တွင် မြေကွက်လပ်တစ်ခုလုံးအနှံ့ ကျင့်ကြံဆင့်ချိုးဖျက်ရာမှ ဖြစ်တည်လာသော အရောင်အသွေးစုံအလင်းတန်းများနှင့် ပြည့်နှက်နေပေ၏။ထူးချွန်သောအလားအလာရှိသည့် စစ်သားတချို့ဆိုလျှင် ဆေးလုံး၏ကူညီထောက်ပံမှုဖြင့် သိုင်းသူတော်စင်နယ်ပယ်သို့ တိုက်ရိုက်ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သည်။

သိုင်းသူတော်စင်နယ်ပယ်သို့ရောက်ရှိသွားသော မည်သူမဆို နယ်မြေတစ်ခု၏အရှင်သခင်အဖြစ် ရပ်တည်နိုင်သည်။ထိုလူသည် မည်သည့်ကြယ်နယ်မြေ၌မဆို ဂိုဏ်းတစ်ဂိုဏ်းတည်ထောင်ရန် အရည်အချင်းပြည့်မီပေ၏။

မုတ်ဆိတ်မွှေးဗရပျစ်နှင့်လူ၏မျက်လုံးများ ပြူးကျယ်နေပြီး သူ့ရှေ့ရှိမြင်ကွင်းကို မယုံကြည်နိုင်စွာ စူးစိုက်ကြည့်နေသည်။

ဤသည်က ဆေးလုံး၏အကျိုးသက်ရောက်မှု ဖြစ်သလော....

သူ၏နောက်သို့လိုက်ပါလာသော လူများသည်လည်း နေရာမှာပင် ကြက်သေသေနေကြ၏။

မူလက သူတို့သည် ထိုဆေးလုံးကို အမှိုက်တစ်စဟုသာ တွေးထင်ထားခဲ့သည်။သို့ရာတွင် ထိုဆေးလုံးသည် တစ်စုံတစ်ယောက်အား ကျင့်ကြံဆင့်နယ်ပယ် ချိုးဖျက်နိုင်ရန် ကူညီပေးသော ထိပ်တန်းအဆင့်ဆေးလုံးဖြစ်နေမည်ဟု သူတို့အားလုံး မျှော်လင့်မထားမိကြချေ။

သူတို့လူစုတွင် အစွမ်းထက်ဆုံးကျင့်ကြံသူဖြစ်သော မုတ်ဆိတ်မွှေးဗရပျစ်နှင့်လူပင်လျှင် စိတ်ပုံထွင်းနယ်ပယ်သာဖြစ်သည်။

နောက်ဆုံး၌ စိတ်တည်ငြိမ်အမွှေးတိုင် တစ်ဝက်ခန့်လောင်ကျွမ်းသွားချိန်တွင် လူအားလုံးနီးပါး၏ကျင့်ကြံဆင့်နယ်ပယ်များ အဆင့်တစ်ဆင့်မြင့်တက်သွားသည်။

မြေကွက်လပ်အတွင်းရှိ စစ်သားတိုင်း၏မျက်လုံးများ တောက်ပနေပြီး သူတို့၏မျက်ခုံးနှစ်ခုကြား၌ ဥာဏ်အလင်းရသွားသောအရိပ်အယောင်တချို့ရှိနေသည်။

ဤှသည်မှာ သူတို့သည် စိတ်ဝိညာဥ်စွမ်းအင်များ အလွန်မြောက်များစွာ စုဆောင်းမိသောကြောင့် ရလဒ်အနေဖြင့် ယိုစိမ့်မှုဖြစ်ပေါ်လာခြင်းပင်။

အကယ်၍ သူတို့သာ ဆက်လက်၍ကျင့်ကြံပါက တခြားသာမာန်ကျင့်ကြံသူများထက် မြင့်မားသောအဆင့်တစ်ခုသို့ ရောက်ရှိနိုင်ပေမည်။

မုတ်ဆိတ်မွှေးဗရပျစ်နှင့်လူ၏မျက်လုံးများ ကြက်သေသေနေသည်။

သို့သော် ထိုအချိန်မှာပင် လုယွီ၏စကားသံ ထပ်မံ၍ထွက်ပေါ်လာသည်။

"ငါ့နောက်ကိုလိုက်တဲ့ ဘယ်သူမဆို အဆင့်မြင့်စိတ်ဝိညာဥ်မှော်လက်နက်တွေ ရှိရမယ်...မင်းတို့ရဲ့ကျင့်ကြံဆင့်နယ်ပယ်တွေအရ မှော်လက်နက်တွေ လာပြီးရွေးချယ်ကြတော့...တကယ်တော့ မင်းတို့ ခုချိန်ထွက်သွားမယ်ဆိုရင်လည်းရတယ်...ငါက ဟန့်တားမှာမဟုတ်ဘူး...ဒါပေမယ့် တကယ်လို့ နောင်တစ်ချိန်မှာ မင်းတို့ ငါ့အပေါ်သစ္စာဖောက်ရင်တော့...ရှေ့ကလူရှစ်ယောက်အတိုင်း အဆုံးသတ်ရလိမ့်မယ်"

လုယွီ၏အသံက အေးစက်တင်းမာနေသည်။

ရုတ်ချည်းဆိုသလိုပင် မှော်လက်နက်ပင်လယ်ကြီးက မိုးကောင်ကင်ယံအတွင်း၌ ထွက်ပေါ်လာပေ၏။မြောက်မြားစွာသော မှော်လက်နက်များသည် မိုးကောင်းကင်ယံအတွင်း၌ ကြယ်မြစ်များကဲ့သို့ မျောလွင့်နေသည်။

လူတိုင်း ကြက်သေသေနေကြ၏။ဤအခြေအနေမျိုးကို ယခင်ကကြုံတွေ့ဖူးသော သိုက်ဖုန်းတို့လူစုပင်လျှင် ထိုမြင်ကွင်းကို ထပ်မံ၍မြင်တွေ့ရချိန်တွင် သူတို့အားလုံး အံ့အားသင့်တုန်လှုပ်မိနေဆဲပင်။

ကောင်းကင်ယံကို လွှမ်းခြုံထားသော မှော်လက်နက်ပင်လယ်ကြီး၏အောက်၌ လူများကိုကြည့်ရသည်မှာ အလွန်အမင်းသေးငယ်နေပုံရသည်။

"ဒီမှော်လက်နက်ထဲက ဘယ်တစ်ခုမဆို ပြင်ပလောကကိုရောက်သွားတာနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်သွားနိုင်တယ်"

"ထိပ်တန်းအဆင့်စိတ်ဝိညာဥ်မှော်လက်နက်...ဒါက တကယ့်ကြီး ငါတို့ကို ပေးတာလား"

အလျှင်အမြန်အသိဝင်လာသူတစ်ယောက်သည် ချက်ချင်းပင် လုယွီ၏ရှေ့၌ ဒူးထောက်၍ အော်ဟစ်ပြောဆိုလိုက်၏။

"ကျွန်တော်က သေတဲ့အထိ ဗိုလ်ချုပ်ရဲ့နောက်ကိုလိုက်ပါမယ်"

ကြွင်းကျန်သောစစ်သားများသည်လည်း တစ်ယောက်ပြီးတစ်ယောက်ဒူးထောက်၍ အော်ဟစ်လိုက်သည်။

"ကျွန်တော်တို့က သေတဲ့အထိ ဗိုလ်ချုပ်အပေါ် သစ္စာစောင့်သိပါမယ်"

ဤအချိန်အခိုက်အတန့်တွင် လုယွီသည် ဆုပေးဒဏ်ပေးစနစ်ဖြင့် စစ်သားများအားလုံး၏စိတ်နှလုံးသားများကို သိမ်းသွင်းနိုင်ခဲ့လေပြီ။

ထိုစစ်သားများသည် နုံအနေသူများမဟုတ်ချေ။လုယွီသည် ငယ်ရွယ်ပြီး ကတိတည်သူတစ်ယောက်ဖြစ်သည်။ဤကဲ့သို့စစ်ဗိုလ်ချုပ်တစ်ယောက်၏နောက်သို့လိုက်ပါက သူတို့သည် အနာဂတ်တွင် အောင်မြင်မှုကြီးကြီးမားမားရမည်မှာ တိကျသေချာလှ၏။

မုတ်ဆိတ်မွှေးဗရပျစ်နှင့်လူအပါအဝင် သူ၏နောက်လိုက်များသည် မိုးကောင်ကင်ယံအတွင်း၌ ပြည့်နှက်နေသော မှော်လက်နက်ပင်လယ်ကြီးကို မြင်သည်နှင့် သူတို့၏မျက်လုံးများ နီမြန်းသွားသည်။

သူတို့လူစုကို မဆိုထားနှင့် အဆင့်မြင့်အရာရှိများနှင့်စစ်ဗိုလ်ချုပ်များမှာပင်လျှင် ဤကဲ့သို့မှော်လက်နက်များမရှိချေ။

"ဗိုလ်ချုပ်ရှောင်...ကျွန်တော်က ဗိုလ်ချုပ်ဆီမှာ အညံခံဖို့ ဆန္ဒရှိပါတယ်"

မုတ်ဆိတ်မွှေးဗရပျစ်နှင့်လူက အော်ဟစ်လိုက်သည်။

သို့ရာတွင် လုယွီက သူတို့လူစုကို တစ်ချက်မျှပင်လှည့်ကြည့်ခြင်းမရှိချေ။

သိုက်ဖုန်းက အေးစက်စက်လေသံဖြင့် အော်ငေါက်လိုက်၏။

"လာကြစမ်း...မဆိုင်တဲ့ကောင်တွေကို မောင်းထုတ်လိုက်ကြ...တကယ်လို့ သူတို့ ဒီထဲကို ကျူးကျော်ပြီးဝင်လာဝံ့ရင်...သူတို့ကို သတ်ပစ်လိုက်စမ်း"

ပုန်းကွယ်နဂါးစစ်စခန်းမှစစ်သားများသည် ဒိုင်းပုံစံဖွဲ့စည်း၍ မုတ်ဆိတ်မွှေးဗရပျစ်နှင့်လူတို့လူစုကို စစ်စခန်းပြင်ပသို့ တွန်းထုတ်လိုက်ကြသည်။

မုတ်ဆိတ်မွှေးဗရဗျစ်နှင့်လူ၏မျက်နှာတစ်ပြင်လုံး ဖြူရော်နေပြီး သူ၏စိတ်နှလုံးသားအတွင်း၌ ယူကျုံးမရသော နောင်တများဖြင့် ပြည့်နှက်နေသည်။

ဤတစ်ကြိမ်တွင် ကြီးစွာသောဆုံးရှုံးမှုကို သူ ခံစားလိုက်ရသည်။

အကယ်၍ ရှမိသားစုသည် သူ့အားဆုလာဘ်များပေးလျှင်ပင် လုယွီ လူတိုင်းကိုပေးသော မှော်လက်နက်များလောက် ကောင်းမွန်နိုင်မည်မဟုတ်ချေ။

သို့ရာတွင် သူ၏နောင်တများ အလွန်နောက်ကျသွားလေပြီ။

သူတို့လူစုသည် ပုန်းကွယ်နဂါးစစ်စခန်းမှစစ်သားများ၏ပြင်ပသို့ တွန်းထုတ်ခြင်းကိုခံရပြီး စစ်စခန်းအတွင်းသို့ ထပ်မံ၍ဝင်ရောက်နိုင်တော့မည်မဟုတ်ချေ။

Chapter 1872

ဆယ်ရက်ဟူသောအချိန်သည် လျှပ်တပြက်အတွင်းမှာပင် ကုန်ဆုံးသွားလေပြီ။

ဆယ်ရက်ကြာလေ့ကျင့်သင်ကြားပြီးနောက် လုယွီသည် မူလစစ်စခန်းကို ထပ်မံ၍ခွဲခြားလိုက်သည်။စစ်စခန်းတစ်ခုစီကို စစ်သားအယောက်သုံးထောင် ရှေ့ပြေးအရာရှိလေးယောက် စစ်ဗိုလ်ချုပ်တစ်ယောက်ဖြင့် ဖွဲ့စည်းထားခဲ့သည်။ထိုအရာရှိများသည် စစ်သားများအနက်မှ အစွမ်းထက်ဆုံးလူများဖြစ်ပေ၏။

လုယွီသည် စစ်တပ်ဖွဲ့စည်းခြင်းတွင် ကျွမ်းကျင်ပိုင်နိုင်သူသဖြင့် ပုန်းကွယ်နဂါးတပ်စုကို ပုန်းကွယ်နဂါးတပ်ခွဲအဖြစ် အဆင့်မြှင့်တင်နိုင်ခဲ့သည်။

ဆယ်ရက်ကြာပြီးနောက် စစ်တပ်တစ်တပ်လုံး ထွက်ခွာရန် အဆင်သင့်ဖြစ်နေလေပြီ။

လုယွီသည် အပြစ်သားပင်လယ်ဟုအမည်ရသော ကြယ်နယ်မြေပေါ်သို့သွား၍ ပုန်ကန်သူလေဟာနယ်ဓားပြများကို အမြစ်ပြတ်သုတ်သင်ရန်ဟူသောအမိန့်ကို လက်ခံရရှိထားခဲ့သည်။ထိုကြယ်နယ်မြေပေါ်တွင် နတ်ဆိုးသားရဲအမြောက်အများရှိနေသည်။

အတိတ်သို့ပြန်ပြောင်းတွေးကြည့်ပါက အလယ်ခေတ်အတွင်းတွင် လူသားမျိုးနွယ်များသည် အလွန်အားနည်းပြီး အစွမ်းထက်သောနတ်ဆိုးမျိုးနွယ်များအောက်၌ အသက်ရှင်သန်နိုင်ရန်ပင် ရုန်းကန်နေရသည်။တချို့အစွမ်းထက်နတ်ဆိုးများသည် လူသားမျိုးနွယ်များထက် ဆယ်ဆ သို့မဟုတ် အဆတစ်ရာထိပင် ပို၍သန်မာအားကောင်းလေ၏။သူတို့၏ကြီးမားသောခန္ဓာကိုယ်ကြီးများကြောင့် မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် မြို့တစ်မြို့ကို အပျက်အယွင်းများအဖြစ် ပြောင်းလဲသွားစေနိုင်သည်။

နောက်ပိုင်းတွင် လူသားမျိုးနွယ်များသည် ရှေးဟောင်းတာအိုကျမ်းစာများမှ တာအိုနည်းစနစ်များကိုသင်ယူပြီး မျိုးဆက်တစ်ဆက်မှ တစ်ဆက်သို့ လက်ဆင့်ကမ်းခဲ့ကြသည်။

မြောက်မြားစွာသောဘိုးဘေးများ၏သင်ယူခဲ့မှုများမှတဆင့် ထိုတာအိုနည်းစနစ်များသည် ကွဲထွက်သွားပြီး ကွဲပြားခြားနားသောဂိုဏ်းများကို တည်ထောင်ခဲ့ကြ၏။လူသားမျိုးနွယ်များသည် တဖြည်းဖြည်းနှင့် သူတို့၏အကန့်အသတ်ကိုချိုးဖျက်ကာ ထာဝရအသက်တာအိုကို ပြီးမြောက်အောင်မြင်ခဲ့တော့သည်။

နတ်ဆိုးမျိုးနွယ်များကမူ တဖြည်းဖြည်းနှင့် လူသားများ၏လက်အောက်ခံများအဖြစ်သို့ နိမ့်ပါးလာခဲ့သည်။

တာယွီအင်ပါယာကို တည်ထောင်ပြီးချိန်မှစ၍ ကြီးမားသော အရှိန်အဟုန်ဖြင့် မရေမတွက်နိုင်သောကြယ်နယ်မြေများကို လွှမ်းမိုးနိုင်ခဲ့သည်။

ယခင်က မည်ကဲ့သို့သောအငြင်းပွါးမှုများနှင့်ကြုံတွေ့ခဲ့သည်ဖြစ်စေ ယခင်ကထိုကြယ်နယ်မြေပေါ်၌ မည်မျှထိအစွမ်းထက်သူ မွေးဖွားထားခဲ့သည်ဖြစ်စေ သူတို့အားလုံးသည် တော်ဝင်နန်းတော်မှအမိန့်ကို နာခံကြရ၏။ကြယ်နယ်မြေတိုင်း၏အရှင်သခင်များကို တော်ဝင်နန်းတော်မှ ခန့်အပ်ထားခြင်းဖြစ်သည်။

အတိတ်သို့ပြန်တွေးကြည့်ပါက ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်သည် ကြယ်နယ်မြေတချို့ပေါ်၌ နတ်ဆိုးမျိုးနွယ်များ နေထိုင်ရန်နေရာများကို သတ်မှတ်ပေးထားခဲ့သည်။ထိုကြယ်နယ်မြေပေါ်၌ မွေးဖွားသော မည်သည့်နတ်ဆိုးမျိုးနွယ်မဆို သူတို့၏သတ်မှတ်နေရာ၌သာ နေထိုင်ကြရပြီး ပြင်ပသို့ထွက်ခွင့်မရှိချေ။

အကယ်၍ ထိုနတ်ဆိုးများသည် အခွင့်အာဏာမရှိဘဲ ပြင်ပသို့ထွက်လာပါက သတ်ဖြတ်ခံရမည့်အပြင် ထိုနတ်ဆိုး၏ဆွေစဥ်မျိုးဆက်ကိုးဆက်အထိပင် ကွပ်မျက်ခံရနိုင်သည်။

ဤတင်းကျပ်သောဥပဒေဖြင့် တာယွီအင်ပါယာသည် တစ်ချိန်က အလွန်အမင်းမောက်မာဝံ့ကြွားခဲ့သော မြောက်မြားစွာသည့် နတ်ဆိုးမျိုးနွယ်များကို ဖိနှိပ်ထားလေ၏။အပြစ်သားပင်လယ်ကြယ်နယ်မြေသည် ထိုနတ်ဆိုးမျိူးနွယ်များမှီခိုရာနေရာများအနက်မှတစ်ခုဖြစ်သည်။

သူလျှိုများထံမှ သတင်းပို့ချက်များအရ...

"ဗိုလ်ချုပ်ရှောင်....ကျွန်မနာမည်က လျိုရှောင်ပါ...အပြစ်သားပင်လယ်ကြယ်နယ်မြေက နတ်ဆိုးတွေကို အမြစ်ပြတ်သုတ်သင်တဲ့နေရာမှာ ကူညီပေးဖို့ လာခဲ့တာပါ"

လုယွီ၏နံဘေးရှိ ပဉ္စမအဆင့်စစ်ဗိုလ်ချုပ်တစ်ယောက်က အေးစက်စက်အသံဖြင့် ပြောဆိုသည်။

ဤသည်က တောက်ပသောငွေရောင်သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားပြီး ဓားပုံစံမျက်ခုံးများနှင့်နီမြန်းသောနှုတ်ခမ်းတစ်စုံရှိသည့် အမျိုးသမီးစစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်သည်။သူမကိုကြည့်ရသည်မှာ အလွန်အမင်း သူရဲကောင်းလှ၏။

သို့ရာတွင် သူမက လုယွီကိုကြည့်နေစဥ်တွင် သူမ၏မျက်လုံးအတွင်း၌ အထင်အမြင်သေးမှုများ အေးစက်မှုများနှင့် ပြည့်နှက်နေသည်။

"ဒါဆိုလည်း ငါက ဗိုလ်ချုပ်လျိုအပေါ် အားထားရတော့မှာပေါ့"

လုယွီက ယဥ်ကျေးသိမ်မွေ့စွာ ပြောဆိုသည်။

သို့ရာတွင် လျိုရှောင်သည် တုံ့ဆိုင်းခြင်းမရှိဘဲ ခွန်းတုံ့ပြန်မည်ဟု သူ မျှော်လင့်မထားမိချေ။

"အမှန်တော့ နင် ငါ့အပေါ် မှီခိုဖို့လိုအပ်လိမ့်မယ်...ငါက တဲ့တိုးပဲပြောတက်တာကိုတော့ ခွင့်လွှက်ပေးပါ...ဒါက နင် စစ်တပ်ကိုဦးဆောင်တဲ့ ပထမဆုံးအကြိမ်ဖြစ်လိမ့်မယ်...ဟုတ်တယ်မလား"

လုယွီက ခေါင်းညိတ်ပြလိုက်၏။

"အမှန်ပဲ"

"ငါ မျှော်လင့်ထားသလိုပါပဲလား"

သူမက ပြစ်တင်ရှုံချလိုသောအပြုံးမျိုး ပြုံးလိုက်သည်။

"နင် ယုချီကိုသတ်လိုက်တယ်ဆိုတာ ငါ ကြားထားတယ်...ဒါကြောင့် ငါ နင်ကို အရင်ဆုံးသတိပေးရလိမ့်မယ်...တကယ်လို့ နင်က တိုက်ပွဲကိုသွားပြီး ရန်သူတွေနဲ့ တိုက်ခိုက်မယ်ဆိုရင် ဒါက ကလေးကစားနေတာနဲ့မတူဘူး...နင် တိုက်ပွဲစင်မြင့်ပေါ်မှာ တိုက်ခိုက်တာမျိုးလောက်လည်း မရိုးရှင်းဘူး...တကယ်လို့ နင်က ရန်သူကိုလျှော့တွက်မယ်ဆိုရင် နင့်ရဲ့လက်အောက်ငယ်သားတွေ ဒုက္ခတွေ့နိုင်တယ်"

လုယွီက မျက်မှောင်ကြုတ်နေလေ၏။

အရာရှိအဆင့်အရဆိုလျှင် သူသည် လျိုရှောင်ထက် အဆင့်တစ်ဆင့် ပို၍မြင့်မားသည်။သို့ရာတွင် လျိုရှောင်၏သဘောထားသည် သူ့အား သင်ကြားပြသလိုနေခြင်းမှာ သိသာထင်ရှားသည်။

သို့ရာတွင် လုယွီက တည်ငြိမ်စွာပြောဆိုနေဆဲပင်။

"ငါ ဘာလုပ်ရမယ်ဆိုတာကို ငါသိတယ်...ဗိုလ်ချုပ်လျို...မင်းရဲ့စစ်သားတွေကိုပဲ မင်း ကောင်းကောင်းဂရုစိုက်ပါ"

"မောက်မာလိုက်တာ...နင်က ဘယ်လိုနှိမ့်ချနေရမလဲဆိုတာကို မသိဘူးပဲ...ဟူး...နင် ဘယ်လိုလုပ်ပြီး စတုတ္ထအဆင့်အရာရှိဖြစ်လာတယ်ဆိုတာ ငါတကယ်မသိတော့ဘူး"

လျိုရှောင်က ခေါင်းခါယမ်းပြီး စိတ်ပျက်လက်ပျက်အမူအယာဖြင့် ထွက်ခွာသွားတော့သည်။

လုယွီသည် ထိုအကြောင်းကို များစွာတွေးတောခြင်းမရှိသော်လည်း သိုက်ဖုန်းတို့လူစုကမူ ဒေါသထွက်နေကြ၏။

"ဗိုလ်ချုပ်...အဲ့ဒီမိန်းမက သူ့အတွက် ဘာကောင်းတယ်ဆိုတာ တကယ့်ကို မသိတာပဲ...ဗိုလ်ချုပ်ရဲ့ခွန်အားက သူ့ထက်အများကြီးအားကောင်းတယ်...ဒါပေမယ့် သူ့ကိုကြည့်ရတာ အရမ်းကိုအဆင့်အတန်းမြင့်မားပြီး မြင့်မြတ်တဲ့ပုံပေါက်နေတယ်...ဒါက တကယ့်ကို စိတ်ပျက်စရာပဲ"

သိုက်ဖုန်းက ဒေါသတကြီး ပြောဆိုသည်။

လုယွီက ခေါင်းခါယမ်းပြလိုက်၏။

"ဒါက အဆင်ပြေပါတယ်...ငါတို့က ငါတို့ရဲ့အလုပ်ကို ကောင်းအောင်လုပ်ဖို့ပဲလိုအပ်တယ်"

ထိုအချိန်မှာပင် လုယွီ၏နားအတွင်းသို့ အံ့အားတသင့်​ရေရွတ်သံတစ်သံ ဝင်ရောက်လာသည်။

"အရှင်က ဒီနေရာကို ရောက်နေတာလား"

Chapter 1873

ရှေ့ပြေးတပ်မှူးတစ်ယောက်က ရုတ်တရက် ရယ်မောကာ ရောက်ရှိလာခဲ့သည်။

လုယွီသည် ထိုလူအား မှတ်မိပေ၏။သူသည် တာယွီတော်ဝင်စစ်တပ်အတွင်းသို့ သူ့အားခေါ်ဆောင်လာခဲ့သော ရှေ့ပြေးတပ်မှူးလုကျင်းရှန့်ဖြစ်သည်။

အထွတ်အထိပ်အဆင့်လောကီအင်မော်တယ်ဖြစ်သော လုကျင်းရှန့်သည် တပ်ခွဲမှူးတစ်ယောက်အဖြစ် ရပ်တည်နိုင်ခဲ့သူပင်။ကံအကြောင်းမလှစွာဖြင့် သူသည် ရှဟယ်အား ပြစ်မှားခဲ့မိသောကြောင့် ရှေ့ပြေးတပ်မှူးအဖြစ် ရာထူးလျော့ချခံခဲ့ရသည်။

လုယွီ၏မိတ်ဆွေတစ်ယောက်ဖြစ်ကြောင်း သိရှိသွားကြသဖြင့် ပုန်းကွယ်နဂါးစခန်းမှလူများက ချက်ချင်းဆိုသလိုပင် နံဘေးသို့လမ်းဖယ်ပေးလိုက်ကြ၏။

"အရှင်က သာမာန်လူတစ်ယောက်မဖြစ်နိုင်ဘူးဆိုတာ ကျွန်တော် အရင်ကတည်းကသိပြီးသားပါ...လွန်ခဲ့တဲ့ရက်အနည်းလောက်တုန်းက ကျွန်တော်က တာဝန်တစ်ခုကို သွားပြီးဆောင်ရွက်နေရတယ်...ဒါကြောင့် ကျွန်တော်က အရှင်နဲ့ယုချီရဲ့တိုက်ပွဲကို မကြည့်လိုက်ရဘူး...ဒါက တကယ့်ကို စိတ်ပျက်စရာပဲ"

လုကျင်းရှန့်က သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

ပြန်တွေးကြည့်ပါက လုယွီသည် နဂါးအစောင့်တစ်ယောက်ဖြစ်သော်လည်း အဆင့်မြင့်ရာထူးကို မရရှိခဲ့ချေ။သူသည် သာမာန်တပ်စုမှူးအဆင့်ကိုသာ ရရှိခဲ့သည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ လုယွီသည် သူမော့ကြည့်ရသော ရာထူးအဆင့်အတန်းမျိုးသို့ ရောက်ရှိသွားလေပြီ။

"လုကျင်းရှန့်...တကယ်လို့ မင်း ငါ့နောက်ကိုလိုက်မယ်ဆိုရင် ငါမင်းကိုကူညီပြီး ဒုဗိုလ်ချုပ်အဆင့်ရအောင်လုပ်ပေးမယ်...ရှဟယ်က အင်အားကောင်းပေမယ့် သူက ငါ့အပေါ်မလွှမ်းမိုးနိုင်ဘူး"

လုယွီသည် အရည်အချင်းရှိသူများကို တန်ဖိုးထားပေ၏။သူသည် လုကျင်းရှန့်ကို ယခင်ကတည်းက လေ့လာဆန်းစစ်ပြီးဖြစ်သည်။ထိုလူ၏အရည်အချင်းသည် အမှန်တကယ်ကိုပင် မဆိုးလှချေ။

သို့ရာတွင် လုကျင်းရှန့်သည် ယခင်က အဆင့်မြင့်ကျင့်ကြံနည်းစနစ်များကို ကျင့်ကြံခဲ့ဖူးခြင်း သို့မဟုတ် သူ့အားထောက်ပံ့ပေးမည့် ဆေးလုံများ လုံလောက်စွာမရရှိခြင်း စသည်တို့ဖြင့် ကြုံတွေ့ခဲ့ရပုံရှိသည်။ထိုသို့မဟုတ်ပါက သူ့ထံတွင် မြေကမ္ဘာအင်မော်တယ်အဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ရန် မြင့်မားသောအရည်အချင်းရှိသည်။

သိုက်ဖုန်းက အကြံပြုလိုက်၏။

"ဗိုလ်ချုပ်လု...တကယ်လို့ ဗိုလ်ချုပ်က ကျွန်တော်တို့ရဲ့အရှင်နောက်ကို လိုက်မယ်ဆိုရင်...အနာဂတ်မှာ ဗိုလ်ချုပ်က အောင်မြင်မှုတွေရမှာသေချာတယ်...ဘာလို့ အဲ့ဒီအမြင်ကျဥ်းတဲ့မိန်းမရဲ့နောက်လိုက်လုပ်နေတာလဲ"

လုကျင်းရှန့်၏မျက်နှာပေါ်၌ ဝေခွဲရခက်သောအရိပ်အယောင်များ ထင်ဟပ်လာပြီး နောက်ဆုံး၌ သူက သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောဆိုသည်။

"အရှင်ရဲ့အမိန့်ကို မနာခံနိုင်တဲ့အတွက် တောင်းပန်ပါတယ်...ဗိုလ်ချုပ်လျိုရှောင်က ကျွန်တော်အပေါ်မှာ အခွင့်အရေးတွေပေးထားတယ်...ကျွန်တော်က ကျေးဇူးမသိတက်တဲ့သူမျိုး မဖြစ်ချင်ဘူး"

"ကောင်းပြီလေ...မင်း သေချာစဥ်းစားတွေးတောပြီးတဲ့အချိန်ထိ ငါ စောင့်နေမယ်...ပြီးမှ ငါ့ကိုပြန်ပြောပေါ့"

လုယွီက ပြင်းပြင်းထန်ထန်တောင်းဆိုခြင်း မရှိချေ။

အကယ်၍ လုကျင်းရှန့်သည် လွယ်လင့်တကူ သဘောတူညီလိုက်ပါက လုယွီသည် သူ့အပေါ်၌ အထင်သေးမိပေမည်။

ကျယ်လောင်သောတံပိုးခရာသံနှင့်အတူ စစ်သင်္ဘောကြီးသည် စစ်စခန်းမှထွက်ခွာ၍ အဝေးတနေရာမှ ကြယ်မြစ်များဆီသို့ဦးတည်၍ ရွက်လွှင့်ခဲ့တော့သည်။

အပြစ်သားပင်လယ်ကြယ်နယ်မြေ...

ထိုကြယ်နယ်မြေ၏မျက်နှာပြင်ကို ထူထပ်သိပ်သည်းသော ရေခိုးရေငွေ့များဖြင့် ရစ်သိုင်းလွှမ်းခြုံထားသည်။အပြစ်သားပင်လယ်ကြယ်နယ်မြေ၏၉၀ရာခိုင်နှုန်းခန့်သည် ပင်လယ်သမုဒ္ဒရာများဖြစ်ပြီး ကျွန်းတချို့သာ ကြယ်နယ်မြေပေါ်၌ ပြန့်ကျဲနေသည်။

အပြစ်သားပင်လယ်ကြယ်နယ်မြေပေါ်၌ နတ်ဆိုးသားရဲအမြောက်အများ နေထိုင်ကြသဖြင့် အခြေခံအားဖြင့် မည်သည့်လူသားမျှရှိမနေချေ။

"လွန်ခဲ့တဲ့၁၅နှစ်လောက်တုန်းက ပင်လယ်နဂါးလိပ်ကို ဒီကြယ်နယ်မြေရဲ့အရှင်သခင်အဖြစ် တော်ဝင်နန်းတော်ကနေ ခန့်အပ်ခဲ့တယ်...ခုလတ်တလောအချိန်မှာ လေဟာနယ်ဓားပြတွေက ပိုပြီးအတင့်ရဲလာကြတယ်...သူလျှိုတွေရဲ့သတင်းပေးပို့မှုတွေအရ ပင်လယ်နဂါးလိပ်က အဲ့ဒီလေဟာနယ်ဓားပြတွေကို လျှို့ဝှက်ပြီးထောက်ပံကူညီနေတာပဲ"

"ဒီတစ်ကြိမ်တော့...ငါတို့က အပြစ်သားပင်လယ်ကြယ်နယ်မြေပေါ်မှာ လေဟာနယ်ဓားပြတွေပုန်းအောင်းနေတဲ့နေရာကို စုံစမ်းရှာဖွေရမယ်....ပြီးတော့ ပင်လယ်နဂါးလိပ်ကိုလည်း စစ်မေးရမယ်...တကယ်လို့ သူကသာ ပုန်ကန်ဝံ့တယ်ဆိုရင် ငါတို့က သူ့ကိုသတ်ပြီး သူ့ရဲ့မျိုးနွယ်တစ်ခုလုံးကို အမြစ်ပြတ်သုတ်သင်ရမယ်"

သိုက်ဖုန်းက တိုက်ပွဲအမိန့်စာလွှာကိုဖတ်ပြီးသည်နှင့် သူက လုယွီဘက်သို့လှည့်ကာ ပြောဆိုလိုက်၏။

"အရှင်....ကြည့်ရတာတော့ ပင်လယ်နဂါးလိပ်က တစ်နေရာရာကနေ သတင်းတချို့ကြားသွားပုံရတယ်...သူက လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်ကနေစပြီး တံခါးပိတ်ကျင့်ကြံနေခဲ့တာ အပြင်ကိုပြန်ထွက်မလာတော့ဘူး...ကျွန်တော်တို့က သူ့ရဲ့နေရာကိုဖိနှိပ်ဖို့ စစ်တပ်စေလွှက်ပြီး သူ့ရဲ့အသိုက်ကို ဖျက်ဆီးလိုက်ရမလား"

လုယွီက သူ၏လက်ကို ဝှေ့ယမ်းပြလိုက်သည်။

"မင်းတို့ အလျင်စလို လှုပ်ရှားစရာမလိုဘူး"

သူ၏မျက်လုံးအကြည့်သည် သူ့ရှေ့ရှိကြယ်နယ်မြေပေါ်တွင် စူးစိုက်၍ကျရောက်နေပေ၏။သူ့စိတ်ဝိညာဥ်မှစွမ်းအားဖြင့် ဤကြယ်နယ်မြေပေါ်တွင် အလွန်အမင်းအစွမ်းထက်သော တည်ရှိမှုကြီးတစ်ခု ပုန်းအောင်းနေခြင်းကို သိရှိလိုက်ရသည်။

လုယွီထံတွင် တာအိုသခင်စိတ်ဝိညာဥ်ရှိနေသည့်တိုင် ဤတည်ရှိမှုကြီးသည် အလွန်အမင်းလျှို့ဝှက်ဆန်းကြယ်ပြီး အန္တရာယ်ကြီးမားကြောင်းကို ခံစားမိသည်။

"မဆင်မခြင်မလုပ်ကြနဲ့...အခြေအနေကိုလိုက်ပြီး လှုပ်ရှားကြ"

လုယွီက လေးနက်တည်ကြည်သောအသံဖြင့် ပြောဆိုသည်။

ပုန်းကွယ်နဂါးတပ်ခွဲမှလူများသည် လုယွီ၏အမိန့်ကို နာခံကြပြီး ကုန်းပတ်ပေါ်၌ တိတ်ဆိတ်ငြိမ်သက်စွာ မတ်တတ်ရပ်နေကြ၏။

လုကျင်းရှန့်သည် မလှမ်းမကမ်းအကွာအဝေးရှိ ပုန်းကွယ်နဂါးတပ်ခွဲမှအလံများ မလှုပ်ရှားခြင်းကို မြင်သဖြင့် လျိုရှောင်အား အလျှင်အမြန်သတိပေးလိုက်သည်။

"ဗိုလ်ချုပ်...ပုန်းကွယ်နဂါးတပ်ခွဲကလူတွေ ခုထိမလှုပ်ရှားသေးဘူး...ကျွန်တော်တို့သတိထားတာ ပိုကောင်းလိမ့်မယ်"

လျိုရှောင်၏မျက်ခုံးများမြင့်တက်သွားပြီး သူမက အဝေးတွင်ရှိနေသောလုယွီကို အထင်အမြင်သေးသောအကြည့်ဖြင့် ကြည့်လိုက်၏။

"သူက ကြွက်တစ်ကောင်လိုသူရဲဘောကြောင်ပြီး တိုက်ခိုက်ရမှာကို ကြောက်နေတာပဲ...ဒါပေမယ့် ငါကတော့ အဲ့ဒီလိုမဟုတ်ဘူး...အားလုံးပဲ...တိုက်ပွဲစတာနဲ့ ငါ့နောက်ကိုလိုက်ခဲ့ကြ"

Chapter 1874

စစ်သင်္ဘောနှင့် မနီးမဝေးအကွာအဝေးတွင် ကြီးမားသောကျွန်းကြီးတစ်ခုရှိနေသည်။ထိုကျွန်းကြီးပေါ်တွင် တောင်တန်းများနှင့်သစ်တောများရှိနေပြီး အထက်ကောင်းကင်ယံတွင် တိမ်မြူခိုးများက ရစ်ပတ်လွှမ်းခြုံနေကာ အင်မော်တယ်စွမ်းအင်များနှင့် ပြည့်နှက်နေပုံရသည်။

ထိုကျွန်းပေါ်တွင် ဧရာမကျောက်တုံးကြီးများနှင့် တည်ဆောက်ထားသည့် မြောက်များစွာသောနန်းတော်များရှိသည်။ထိုနန်းတော်များသည် လက်ရာကြမ်းတမ်းသော်လည်း လွှမ်းမိုးချုပ်ကိုင်နိုင်သော အငွေ့အသက်မျိုး ပေးစွမ်းနေပေ၏။

"ဒါက ပင်လယ်နဂါးလိပ်ရဲ့အသိုက်ပဲ"

လျိုရှောင်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ရှောင်တပ်ခွဲမှလူများသည် ချက်ချင်းဆိုသလိုပင် စစ်သင်္ဘောအတွင်းမှ တဟုန်ထိုးပြေးထွက်ပြီး မနီးမဝေးအကွာအဝေးရှိ ကျွန်းပေါ်သို့ဦးတည်၍ ပျံဝဲလိုက်ကြ၏။

သိုက်ဖုန်းက ပြောဆိုသည်။

"အရှင်....သူတို့တွေက ပြေးထွက်သွားပြီ...ကျွန်တော်တို့က သူတို့နောက်ကိုလိုက်သင့်လား"

လုယွီက ခေါင်းညိတ်ပြလိုက်သည်။

"သူတို့နောက်ကနေကပ်လိုက်...တကယ်လို့ သူတို့ အန္တရာယ်တစ်ခုခုနဲ့ကြုံနေရရင် မင်းတို့ကူညီပေးလိုက်"

တချို့သောအကြောင်းအရင်းများကြောင့် လုယွီသည် အပြစ်သားပင်လယ်ကြယ်နယ်မြေသို့ ရောက်ရှိလာစဥ်ကတည်းက သူ့အား တစ်စုံတစ်ယောက်မှစောင့်ကြည့်နေသကဲ့သို့ ခံစားနေရသည်။

ထိုခံစားချက်မျိုးကို တခြားသာမာန်ကျင့်ကြံသူများ စုံစမ်းထောက်လှမ်းနိုင်မည်မဟုတ်ချေ။လုယွီကဲ့သို့ စိတ်ဝိညာဥ်အား အဆင့်တစ်ခုထိရောက်အောင် ကျင့်ကြံထားသူများသာလျှင် သတိပြုမိပေမည်။

"စိတ်ဝင်စားစရာပဲ...တစ်ယောက်ယောက်က ငါတို့ကို သူ့ရဲ့နတ်ဘုရားစိတ်အာရုံနဲ့ စောင့်ကြည့်နေတယ်...ပြီးတော့ သူ့ကိုကြည့်ရတာ ငါ့ကို ချောင်းမြောင်းပြီးတိုက်ခိုက်ချင်ပုံရတယ်"

လုယွီသည် မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် တစ်ဖက်လူ၏အတွေးများကို ခန့်မှန်းနိုင်ခဲ့သည်။

"မင်းက ငါ့ကို ချောင်းမြောင်းတိုက်ခိုက်ဖို့ ကြံစည်ချင်နေမှတော့...မင်း တန်ကြေးပြန်ပေးဆပ်ရမယ်"

လုယွီက အေးစက်စက်နှာမှုတ်ပြီးနောက် သူ့စိတ်ဝိညာဥ်မှစွမ်းအားကို ထုတ်လွှင့်၍ ထိုနတ်ဘုရားစိတ်အာရုံကို ကြားဖြတ်နှောက်ယှက်လိုက်သည်။ထို့နောက် သူသည် ထိုနတ်ဘုရားစိတ်အာရုံတွင် မြေအောက်လောကဥပဒေသ၏အရိပ်အယောင်အနည်းငယ် ပူးကပ်ပေးကာ ပြန်လည်စေလွှက်လိုက်၏။

ဝုန်း....

အပြစ်သားပင်လယ်ကြယ်နယ်မြေ၏ထောင့်တစ်နေရာ၌ ကျယ်လောင်သောပေါက်ကွဲသံကြီးတစ်ခု ရုတ်တရက်မြည်ဟီးလာသည်။

ဤသည်က မီးတောင်တစ်ခုပင်။မီးတောက်ဝရှိအက်ကွဲကြောင်းများမှ စီးကျနေသော ချော်ရည်ပူများမှတဆင့် အနက်ရောင်အခိုးအငွေ့များ ထွက်ပေါ်နေသည်။

ထိုမီးတောင်ဝ၏နံဘေး၌ ကြီးမားသောယဇ်ပလ္လင်တစ်ခုတည်ရှိသည်။ထိုယဇ်ပလ္လင်ကို မြောက်များစွာသောအရိုးများဖြင့်တည်ဆောက်ထားပြီး နံဘေးပတ်လည်တွင် မှော်သားရဲသုံးထောင်ခန့်က ဒူးထောက်၍ အရိုအသေပြုနေကြ၏။သူတို့ထံမှ ယုံကြည်ကိုးကွယ်မှုစိတ်စွမ်းအားများက ယဇ်ပလ္လင်ထံသို့ စီးဝင်နေသည်။

ယဇ်ပလ္လင်ရှိနေသောနေရာ၌ ပုံရိပ်လေးရိပ် မတ်တတ်ရပ်နေပေ၏။ထိုပုံရိပ်လေးရိပ်သည် လူသားအသွင်ယူထားသော်လည်း သူတို့၏မျက်ဆံများမှာ အစိမ်းရောင်နှင့်ရွှေရောင်များဖြစ်သည်။သူတို့အားလုံးသည် နတ်ဆိုးများပင်။

"တော်ဝင်နန်းတော်က သိမ်းဌက်ခွေးက အနံခံအရမ်းကောင်းတယ်...သူတို့က မကြာခင်မှာပဲ ဒီနေရာကို ရှာတွေ့သွားနိုင်တယ်"

အစိမ်းရောင်ဝတ်စုံဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက်၏မျက်စိသူငယ်အိမ်သည် အစိမ်းရောင်တောက်ပနေပြီး သူမက အဝေးတစ်နေရာကိုကြည့်၍ ပြောဆိုလိုက်၏။

ရုတ်တရက် အနက်ရောင်အလင်းတန်းတစ်တန်းက သူမပေါ်သို့ ကျရောက်လာသည်။အစိမ်းရောင်ဝတ်စုံဝတ်အမျိုးသမီး၏မျက်နှာအမူအယာ ချက်ချင်းဆိုသလိုပင် ပျက်ယွင်းသွားသည်။သူမ၏မျက်လုံးများနာကျင်လာမှုကြောင့် သူမက မျက်လုံးစုံမှိတ်ကာ စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"မကောင်းတော့ဘူး...အစွမ်းထက်ကျင့်ကြံသူတစ်ယောက်က ငါ့ကိုရှာတွေ့သွားပြီ....ဂုဏ်သိက္ခာကြီးမားတဲ့နတ်ဘုရားများ...ကျေးဇူးပြုပြီး ကျွန်မကိုကယ်တင်ပေးပါ"

မျက်တောင်တခတ်စာအချိန်အတွင်းမှာပင် အစိမ်းရောင်ဝတ်စုံဝတ်အမျိုးသမီး၏မျက်လုံးတစ်စုံမှ သွေးစီးကြောင်းနှစ်ကြောင်း ယိုစီးကျလာသည်။

"အား....အား...ငါ သေရတော့မယ်...ငါ သေတော့မယ်"

အစိမ်းရောင်ဝတ်စုံဝတ်အမျိုးသမီးသည် ရုတ်တရက် အိုမင်းရင့်ရော်လာပေ၏။မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သူမသည် ချောမောလှပသော အမျိုးသမီးတစ်ယောက်အဖြစ်မှ အဘွားအိုတစ်ယောက်အသွင်သို့ ပြောင်းလဲသွားခဲ့သည်။

ထိုအချိန်မှာပင် ယဇ်ပလ္လင်မှနေ၍ အလင်းရောင်စဥ်တန်းတချို့ ထွက်ပေါ်လာပြီး အစိမ်းရောင်ဝတ်စုံဝတ်အမျိုးသမီးထံသို့ ဖြာကျသွားသည်။

အစိမ်းရောင်ဝတ်စုံဝတ်အမျိုးသမီး၏ခန္ဓာကိုယ်မှနေ၍ လေစီးကြောင်းတစ်ကြောင်း ထွက်သွားပြီးနောက် သူမ၏အိုမင်းရင့်ရော်မှု ရပ်တန့်သွားပေ၏။သူမ၏ခန္ဓာကိုယ်တစ်ခုလုံး ကွေးကောက်သွားပြီး နောက်ဆုံး၌ မြွေစိမ်းတစ်ကောင်အဖြစ် ပြောင်းလဲသွားတော့သည်။

"သောက်ချေးပဲ...သေစမ်း...ဒီအရာရှိက ငါ့ကိုဆန့်ကျင်တိုက်ခိုက်ဖို့ အကွက်ချစီစဥ်ထားတာပဲ...ငါ့ရဲ့ကျင့်ကြံမှုနှစ်သုံးရာလောက် ဆုံးရှုံးသွားပြီ"

မြွေစိမ်း၏မျက်လုံးအတွင်း၌ နာကျည်းမုန်းတီးမှုအရိပ်အယောင်များဖြင့် ပြည့်နှက်နေပေ၏။

မြွေစိမ်း၏နံဘေး၌ အနီရောင်ဝတ်စုံဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက် မတ်တတ်ရပ်နေသည်။ထိုစကားကိုကြားချိန်တွင် သူမက မျက်မှောင်ကြုတ်၍ ပြောဆိုလိုက်သည်။

"သူက အဝေးကနေတောင် နင်ကို ဒီလိုမျိုးထိခိုက်ဒဏ်ရာရအောင်လုပ်နိုင်တယ်....ဖြစ်နိုင်တာတော့ တော်ဝင်နန်းတော်က မဟာစစ်ဗိုလ်ချုပ်တစ်ယောက်ယောက်များ ရောက်လာတာများလား"

"မဖြစ်နိုင်ဘူး....ဦးရီးတော်ရှားဟိုလီက စစ်တပ်ကိုအသုံးပြုတဲ့နေရာမှာ အရမ်းသတိကြီးတယ်....ဒီတစ်ကြိမ် သူရထားတဲ့အမိန့်က လေဟာနယ်ဓားပြတွေကို အမြစ်ပြတ်သုတ်သင်ဖို့မဟုတ်ဘူး... အသူရာနယ်မြေရဲ့ပုန်ကန်မှုကို နှိမ်နှင်းဖို့ပဲ...မဟုတ်ရင် သူကိုယ်တိုင်ကိုယ်ကျ ထွက်လာမှာမဟုတ်ဘူး...အသူရာနယ်မြေက သတင်းတွေမကြားရမချင်း ဘယ်မဟာစစ်ဗိုလ်ချုပ်မှ အခွင့်မရှိဘဲ လှုပ်ရှားမှာမဟုတ်ဘူး"

ခါးကုန်းအဖိုးအိုတစ်ယောက်ကလည်း အေးစက်တင်းမာသောအသံဖြင့် ဝင်ရောက်ပြောဆိုသည်။

"အဲ့ဒီအရာရှိတွေနဲ့စစ်သားတွေက ငါတို့ရဲ့အသိုက်ထိ ရောက်လာကြတယ်...ကြည့်ရတာတော့ သူတို့က လေဟာနယ်ဓားပြတွေကို လာပြီးစုံစမ်းထောက်လှမ်းတာဖြစ်မယ်"

"ငါတို့ ဘာဆက်လုပ်ကြမလဲ...ငါတို့က ဒီနေရာမှာ ပြန်လည်ဝင်စားခြင်းတစ်ခုလုပ်ဖို့ ကျန်သေးတယ်...သူတို့ တစ်ခုခုမြင်သွားမှာကို ငါ စိုးရိမ်မိတယ်"

တခြားနတ်ဆိုးသားရဲတစ်ကောင်က ပျာပျာသလဲ ပြောဆိုလေ၏။

ခါးကုန်းအဖိုးအိုက ပြောဆိုသည်။

"ဒါက ပြဿနာမရှိဘူး...ငါရဲ့လက်ရှိအဆင့်အတန်းက တော်ဝင်နန်းတော်ရဲ့ကြယ်နယ်မြေအရှင်သခင်နေရာမှာ ရှိနေတုန်းပဲ...ပုန်ကန်မှုအကြောင်း ငါ ဘာမှမလုပ်သရွေ့ သူတို့ ငါ့ကို ဘာမှလုပ်ဝံ့မှာမဟုတ်ဘူး"

Chapter 1875

"ရှင်က တော်ဝင်စစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်ဖို့ လေဟာနယ်ဓားပြတွေကို အသုံးပြုချင်တာလား"

အနီရောင်ဝတ်စုံဝတ်အမျိုးသမီးသည် အလွန်လိမ္မာပါးနပ်ပြီး အရာရာကိုစဥ်းစားချင့်ချိန်နိုင်ပုံရသည်။

ခါးကုန်းအဖိုးအိုက ထူးဆန်းသောရယ်သံကြီးဖြင့် ရယ်မောလိုက်၏။

"အမှန်တော့...အဲ့ဒီလေဟာနယ်ဓားပြတွေမှာ ရည်ရွယ်ချက်ကောင်းမရှိဘူး...သူတို့နဲ့ပူးပေါင်းတယ်ဆိုတာ ယာယီအစီအစဥ်တစ်ခုပဲ...အဲ့ဒီစစ်သားတွေနဲ့လေဟာနယ်ဓားပြတွေ နှစ်ဖက်လုံး အကြီးအကျယ်ထိခိုက်ပျက်စီးသွားကြရင် ပိုမကောင်းဘူးလား...ငါတို့က ဒီအခြေအနေကိုအခွင့်ကောင်းယူပြီး နတ်ဘုရားကို တက်နိုင်သမျှမြန်မြန် ပြန်ကောင်းအောင်လုပ်လို့ရတယ်"

အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်နေသော လူထွားကြီးတစ်ယောက်က ရုတ်တရက် တိုးညှင်းသောအသံဖြင့်ပြောဆိုသည်။

"ပင်လယ်နဂါးလိပ်အိုကြီးပြောသလိုပဲ...ငါတို့ရဲ့ မြင့်မြတ်တဲ့နတ်ဘုရား ပြန်လည်နိုးထလာတာနဲ့...ငါတို့က အပြစ်သားပင်လယ်ကြယ်နယ်မြေပေါ်မှာ ထပ်ပြီးလှောင်ပိတ်ခံထားရတော့မှာမဟုတ်ဘူး"

ထိုနတ်ဆိုးလေးယောက်အနက် လူထွားကြီးသည် အစွမ်းအထက်ဆုံးဖြစ်သည်မှာ သိသာထင်ရှားလှ၏။သူစကားပြောဆိုလိုက်သည်နှင့် တခြားသူများသည် စကားထပ်မံ၍ပြောဆိုကြခြင်း မရှိတော့ချေ။

တခြားတစ်ဖက်တွင်...

စစ်တပ်မှစစ်သားများ ကျွန်းပေါ်သို့ခြေချမိချိန်တွင် ကျွန်း၏အထက်ကောင်းကင်ယံမှနေ၍ ပုစွန်စစ်သားများနှင့်ဂဏန်းစစ်ဗိုလ်ချုပ်များ ပျံဝဲ၍ထွက်ပေါ်လာသည်။

"မကောင်းတော့ဘူး...တော်ဝင်စစ်တပ်ရောက်လာပြီ"

"ပြေးကြ..."

အဆင့်နိမ့်နတ်ဆိုးများသည် အားနည်းသူများကိုအနိုင်ကျင့်ပြီး အင်အားကြီးသူကို ကြောက်ရွံကြ၏။သူတို့သည် ကြောက်မက်ဖွယ်ကောင်းသော တော်ဝင်စစ်တပ်ကိုမြင်သည်နှင့် နှောင့်နှေးမနေဝံ့ကြဘဲ အဝေးသို့ ထွက်ပြေးကြတော့သည်။

လုကျင်းရှန့်က အလျှင်အမြန် တုံ့ပြန်လိုက်ပြီး သူက လေထုအတွင်းသို့ပျံဝဲ၍ ဂဏန်းစစ်ဗိုလ်ချုပ်ကို ဖမ်းဆီးလိုက်သည်။

"ဗိုလ်ချုပ်.. ကျေးဇူးပြုပြီး ကျွန်တော်ရဲ့အသက်ကို ချမ်းသာပေးပါ...ဒီနိမ့်ကျတဲ့သူက ကျွန်းကိုစောင့်ကြပ်ရတဲ့ နတ်ဆိုးလေးတစ်ကောင်ပါ...ကျွန်တော် ဘာကိုမှမသိပါဘူး"

ထိုဂဏန်းစစ်ဗိုလ်ချုပ်သည် ယခုထိတိုင် လူသားပုံစံသို့ ပြောင်းလဲရခြင်းမရှိသေးချေ။သူ့ကိုကြည့်ရသည်မှာ ဂဏန်းတစ်ကောင်နှင့်သာတူညီပြီး အလွန်ရယ်ရွှင်ဖွယ်ကောင်းလေ၏။

လုကျင်းရှန့်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ပေါက်ကရစကားတွေပြောမနေစမ်းနဲ့...မင်းတို့ရဲ့ ကြယ်နယ်မြေအရှင်သခင် ဘယ်မှာလဲ..သူ့ကို အပြင်ထွက်လာပြီး ငါတို့ကိုလာတွေ့ခိုင်းလိုက်"

"အမ်....ကြယ်နယ်မြေအရှင်သခင်လား"

ဂဏန်းစစ်ဗိုလ်ချုပ်က ကြက်သေသေသွားသည်။

ထိုအချိန်မှာပင် သူတို့၏နောက်ရှိ ခမ်းနားထည်ဝါသောအဆောက်အအုံတစ်လုံးမှ တံခါးမကြီး ရုတ်တရက်ပွင့်သွားပေ၏။

"ဗိုလ်ချုပ်တို့...မင်းတို့က အဝေးကြီးကနေ လာခဲ့ရတာ...ဒီနတ်ဆိုးလေးတွေကို ပြဿနာမရှာပါနဲ့"

ခါးကုန်းအဖိုးအိုတစ်ယောက်သည် သူ၏လက်အတွင်း၌ တောင်ဝှေးတစ်ချောင်းကိုကိုင်ဆောင်၍ တံခါးပြင်ပသို့ ထွက်လာသည်။

ပုန်းကွယ်နဂါးတပ်ခွဲနှင့်အတူလိုက်လာသော လုယွီက ထိုမြင်ကွင်းကိုမြင်သည်နှင့် မျက်မှောင်ကြုတ်လိုက်သည်။

"ကိုယ်ပွါးလား"

"အရှင်....ပင်လယ်နဂါးလိပ်အိုကြီးက ကျွန်တော်တို့ကိုတွေ့ဖို့ ကိုယ်ပွားကိုလွှက်လိုက်တာလား"

သိုက်ဖုန်းက အံ့အားတသင့် ပြောဆိုလေ၏။

"ဒါက ကိစ္စကြီးတစ်ခုမဟုတ်ဘူး...ဆူဆူညံညံဖြစ်အောင် မလုပ်နဲ့"

လုယွီက လေသံတိုးတိုးဖြင့် ပြောဆိုသည်။

လျိုရှောင်က အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်သည်။

"ရှင်က အပြစ်သားပင်လယ်ကြယ်နယ်မြေရဲ့အရှင်သခင်လား...ရှင်က လေဟာနယ်ဓားပြတွေနဲ့ တိတ်တဆိတ်ပူးပေါင်းနေတယ်လို့ ကောလဟာလတွေထွက်နေတယ်...ကျွန်မတို့က အဲ့ဒီကိစ္စကို လာပြီးစုံစမ်းတာပဲ"

ခါးကုန်းအဖိုးအိုကိုကြည့်ရသည်မှာ အလွန်အမင်း ရိုသေလေးစားစွာ ဆက်ဆံနေပုံရသည်။

"ဟုတ်တယ်...ဟုတ်တာပေါ့...တော်ဝင်စစ်တပ်က ဒီနေရာကိုရောက်လာမှတော့ ငါက မင်းတို့နဲ့အတူ ပူးပေါင်းဆောင်ရွက်ရမှာပေါ့...အဲ့ဒီကိစ္စက ငါ့မှာလည်း ပြဿနာလေးတချို့ရှိနေလို့ပါ...ဗိုလ်ချုပ်က အထဲကိုဝင်ပြီး ငါနဲ့စကားပြောနိုင်မလား...မင်းရဲ့လက်အောင်ငယ်သားတွေအတွက်ပါ ငါ နေရာစီစဥ်ခိုင်းလိုက်မယ်"

"မလိုဘူး...ကျွန်မရဲ့လူတွေက အပြင်မှာပဲနေလိမ့်မယ်...ကျွန်မက ရှင်နဲ့အတူ အထဲမှာဆွေးနွေးမယ်"

လျိုရှောင်က သူမ၏လက်ကို ဝှေ့ယမ်းပြလိုက်၏။

လုယွီကလည်း အမိန့်ပေးလိုက်သည်။

"ကျန်တဲ့သူတွေအားလုံး အပြင်မှာနေခဲ့ကြ...ငါနဲ့သိုက်ဖုန်းပဲ အထဲကိုဝင်မယ်...တကယ်လို့ မတော်တဆကိစ္စတစ်ခုခုဖြစ်လာရင် မင်းတို့ဟာမင်းတို့ ကိုင်တွယ်ဖြေရှင်းထားကြ"

တခြားစစ်ဗိုလ်ချုပ်များသည် သူတို့ရရှိသည့် အမိန့်များအတိုင်း လိုက်နာဆောင်ရွက်လိုက်ကြ၏။သူတို့၏အစီအစဥ်သည် တစ်ဖက်မှခြုံခိုတိုက်ခိုက်လာမှုကို ရှောင်ရှားရုံမက တစ်ဖက်ရန်သူများကို အမြစ်ပြတ်သုတ်သင်နိုင်ရန်လည်း ရည်ရွယ်ထားသည်။

ခါးကုန်းအဖိုးအိုသည် လုယွီကိုတစ်ချက်ကြည့်ပြီးနောက် သူက အဓိပ္ပါယ်တချို့ပါဝင်နေသော စကားမျိုးပြောဆိုသည်။

"ဒီဗိုလ်ချုပ်ကိုကြည့်ရတာ အသက်ငယ်ငယ်လေးရှိသေးတာပဲ...ဒီအဖိုးကြီးက သူ့ရဲ့အကြောင်းကို အရမ်းသိချင်မိတယ်"

"သူက တော်ဝင်စစ်ရေးဌာနကနေ အသစ်ခန့်အပ်ထားတဲ့ စစ်ဗိုလ်ချုပ်တစ်ယောက်...ဒါပေမယ့် ဒီကိစ္စက ရှင်နဲ့ဘာမှမဆိုင်ဘူး...မြန်မြန်အထဲဝင်ပြီး အခြေအနေတွေ ကျွန်မကိုရှင်းပြစမ်း"

လျိုရှောင်က အေးစက်တင်းမာသော မျက်နှာအမူအယာဖြင့် ခါးကုန်းအဖိုးအို၏စကားကို ကြားဖြတ်ပြောဆိုလိုက်၏။

ကြည့်ရသည်မှာ ဤကိစ္စအတွင်းသို့ လုယွီအား များစွာပါဝင်ပတ်သတ်စေလိုပုံမရချေ။

"အရှင်...အဲ့ဒီမိန်းမက တိုက်ပွဲအကျိုးဆောင်ရမှတ်တွေအားလုံးကို ဝါးမျိုချင်နေတာ"

သိုက်ဖုန်းက လုယွီကို တီးတိုးပြောဆိုသည်။

လုယွီက သူ၏လက်ကို ဝှေ့ယမ်းပြလိုက်၏။

"ကိစ္စမရှိဘူး...ဒါက ငါ့ရဲ့တိုက်ပွဲအကျိုးဆောင်ရမှတ်တွေ...ဘယ်သူမှယူသွားလို့မရဘူး"

သူတို့လူစုက ခန်းမအတွင်းသို့ အလျှင်အမြန်ဝင်လိုက်ကြသည်။ခါးကုန်းအဖိုးအိုသည် ချက်ချင်းပင် အစေခံတစ်ယောက်ကိုခေါ်ဆောင်၍ သစ်သီးများနှင့်စားကောင်းသောက်ဖွယ်များကို ယူဆောင်ခိုင်းလိုက်၏။

"အပြစ်သားပင်လယ်ကြယ်နယ်မြေ အရှင်သခင်...ဘာမှ အလုပ်ရှုပ်ခံမနေပါနဲ့...ရှင် ဘာလို့ လေဟာနယ်ဓားပြတွေနဲ့ပူးပေါင်းရတယ်ဆိုတာကိုပဲ ကျွန်မတို့ကို ရှင်းပြပါ"

လျိုရှောင်က ဗြောင်ကျကျ ပြောဆိုလေသည်။

သို့ရာတွင် မမျှော်လင့်ဘဲ ခါးကုန်းအဖိုးအိုက လေးလံသော သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

"ရိုးရိုးသားသားပြောရရင်..ဗိုလ်ချုပ်...မင်းတို့က ငါ့အပေါ်မှာ နားလည်မှုလွဲနေကြပြီ...ငါ့မှာ ရွေးချယ်စရာမရှိတော့လို့ပါ"

All Chapters