အခန်း (၁၈၇၆-၁၈၈၀)
Vol. 97 Ch. 1876-1880
Chapter 1876
အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင်က ခါးသည်းသောအမူအယာဖြင့် တံထွေးတစ်ချက်ထွေးလိုက်၏။
"ငါက အပြစ်သားပင်လယ်ကြယ်နယ်မြေပေါ်မှာပဲ အမြဲတမ်းနေခဲ့တာ...ပုန်ကန်ဖို့ကို ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးဘူး ..ဗိုလ်ချုပ်တို့က ဒါကို စုံစမ်းကြည့်နိုင်ပါတယ်"
သူသည် အထီးကျန်ဆန်သောအဖိုးအိုတစ်ယောက်အလား သနားစဖွယ်လေသံဖြင့် ပြောဆိုနေသည်။
လျိုရှောင်က အနည်းငယ်မျှပင် စိတ်လှုပ်ရှားသွားပုံမရချေ။
"အဓိပ္ပါယ်မရှိတာတွေ ပြောမနေနဲ့...တကယ်လို့ တိကျတဲ့သက်သေသာမရှိဘူးဆိုရင် ကျွန်မတို့ ဒီနေရာကို ရောက်လာမှာမဟုတ်ဘူး...ရှင် ရိုးရိုးသားသားဝန်ခံတာ ပိုကောင်းလိမ့်မယ်...မဟုတ်ရင် ရှင့်ကြောင့် ရှင့်ရဲ့မျိုးနွယ်တစ်ခုလုံး ဘေးကပ်ဆိုးကြီးနဲ့ ရင်ဆိုင်ရလိမ့်မယ်"
ဤသည်က ခြိမ်းခြောက်စကားပင်။
အကယ်၍ အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင်သည် လိုက်နာခြင်းမရှိပါက စစ်တပ်ကြီးမှနေ၍ သူ၏အသိုက်အမြုံတစ်ခုလုံးကို နင်းချေဖျက်ဆီးပစ်ပေမည်။
အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင်၏မျက်နှာထက်၌ ဝေခွဲရခက်နေသော အရိပ်အယောင်များ ထင်ဟပ်လာပြီး မကြာမီမှာပင် သူက အံ့တင်းတင်းကြိတ်ကာ ပြောဆိုလိုက်၏။
"ကောင်းပြီလေ..ငါ မင်းတို့ကို အားလုံးပြောပြမယ်...စစ်ဗိုလ်ချုပ်...ကျေးဇူးပြုပြီးတော့ မင်းက ငါ့ရဲ့မျိုးနွယ်ကိုတော့ ကာကွယ်ပေးပါ"
"လွန်ခဲ့တဲ့တစ်လလောက်တုန်းက လေဟာနယ်ဓားပြတစ်စုက အပြစ်သားပင်လယ်ကြယ်နယ်မြေကို ရုတ်တရက်ကြီးရောက်ချလာတယ်...အဲ့ဒီလူစုက အရင်ဆုံး တော်ဝင်နန်းတော်ကသံတမန်တွေ အယောင်ဆောင်ပြီးရောက်လာခဲ့တာ...သူတို့က ဒီနေရာမှာ အချိန်အတိုင်းအတာတစ်ခုထိ ကျင့်ကြံချင်တယ်တဲ့...ငါကလည်း သဘောတူညီခဲ့တယ်"
"ဒါပေမယ့် မမျှော်လင့်ဘဲ ရက်အနည်းငယ်လောက်ကြာတော့ သူတို့က ငါ့ကို နောက်ကွယ်ကနေ ချောင်းမြောင်းတိုက်ခိုက်ခဲ့တယ်...ပြီးတော့ သူတို့ရဲ့အမိန့်ကို နာခံရမယ်လို့ ငါ့ကို ခြိမ်းခြောက်ခဲ့တယ်...တကယ်လို့ ငါက တော်ဝင်နန်းတော်ကို သတင်းပို့မယ်ဆိုရင် ငါ့ကို သတ်ပစ်မယ်တဲ့"
အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင်က သက်ပြင်းတစ်ချက်ရှိုက်ပြီး သူ၏အသံမှာ အလွန်အမင်း အိုမင်းရင့်ရော်နေသည်။
လုကျင်းရှန့်က အေးစက်စက်အသံဖြင့် ပြောဆိုသည်။
"ဒါဆို ခင်ဗျားက သူတို့ရဲ့ခြိမ်းခြောက်တာကို ခံထားရတာလား...အဓိပ္ပါယ်မရှိလိုက်တာ...မှတ်တမ်းတွေအရဆိုရင် ခင်ဗျားက နှစ်ထောင်ချီပြီးကျင့်ကြံထားတဲ့ ပင်လယ်နဂါးလိပ်ပဲ...လောကီအင်မော်တယ်တစ်ယောက်တောင် ခင်ဗျားနဲ့ရင်ဆိုင်တိုက်ခိုက်နိုင်မှာမဟုတ်ဘူး...ပြီးတော့ ခင်ဗျားက ကြယ်နယ်မြေအရှင်သခင်တစ်ယောက်လေ...ခင်ဗျား လူတစ်ယောက်ကိုစေလွှက်ပြီး တော်ဝင်နန်းတော်ကို အကြောင်းကြားခိုင်းလို့မရဘူးလား...ဖြစ်နိုင်တာတော့ ခင်ဗျားကိုယ်တိုင်ကကို ပါဝင်ငြိစွန်းနေတာမလား"
"မဟုတ်ဘူး...စစ်ဗိုလ်ချုပ်...မဟုတ်ဘူး...အဲ့ဒီလေဟာနယ်ဓားပြတွေက အရမ်းအစွမ်းထက်တယ်...ဒီအဖိုးကြီးက နှစ်တွေအကြာကြီးကျင့်ကြံခဲ့ပေမယ့် အဲ့ဒီလူက အရမ်းအစွမ်းထက်တယ်...တကယ်လို့ သူသာ ငါ့ကိုသတ်ချင်တယ်ဆိုရင် အတွေးတစ်ချက်ပဲလိုတယ်"
အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင်က ပျာပျာသလဲ ဆက်လက်ပြောဆိုသည်။
"ငါ့ဆီမှာ သူ့ရဲ့ပုံတူရှိတယ်"
သူက သိုလှောင်အိတ်အတွင်းမှ စာလိပ်တစ်လိပ်ကိုထုတ်ယူပြီး လုကျင်းရှန့်ထံ လက်ကမ်းပေးလိုက်၏။
"ဘယ်လိုလေဟာနယ်ဓားပြမျိုးမလို့ ရှင့်လိုကြယ်နယ်မြေအရှင်သခင်တစ်ယောက်က ခုလောက်ထိကြည့်နေရတာလဲ...ကျွန်မ တစ်ချက်ကြည့်ကြည့်မယ်"
လျိုရှောင်သည် ထိုစာလိပ်ကို ကြားဖြတ်လုယူပြီး ဖြန့်ကြည့်လိုက်သည်။
စာလိပ်ပေါ်၌ ချောမောခန့်ညားသောလူငယ်တစ်ယောက်၏ပုံရှိနေသည်။ထိုလူငယ်သည် ကွန်ဖြူးရှပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး နူးညံသိမ်မွေ့ကာ ရည်မွန်ပုံရသည်။
"ဒါက လေဟာနယ်ဓားပြတွေရဲ့တတိယခေါင်းဆောင် ကျောက်စိမ်းမျက်နှာကျောင်းတော်သား မဟုတ်လား...သူက တော်ဝင်စစ်ရေးဌာန တရားစီရင်ရေးဌာနနဲ့ စစ်ခုံရုံးတို့ကနေ တပြိုင်နက်တည်းဝရမ်းထုတ်ခံထားရတဲ့သူပဲ"
"အရင်တုန်းကတော့ သူက တော်ဝင်ကျောင်းတော်က ကျောင်းတော်သားတစ်ယောက်ပဲ...ဒါပေမယ့် သူ အမှားတစ်ခုကျူးလွန်ခဲ့မိတာကြောင့် ကျောင်းတော်ကနေ ထုတ်ပယ်ခံခဲ့ရတယ်...နောက်ပိုင်းမှာ သူက လေဟာနယ်ဓားပြတွေရဲ့အကြံပေးအဖြစ်နဲ့ အလုပ်လုပ်နေတယ်...တကယ်လို့ ငါသာ သူ့ကိုဖမ်းမိရင် ငါ့ရဲ့တိုက်ပွဲအကျိုးဆောင်ရမှတ်တွေက ငါ စတုတ္တအဆင့်စစ်ဗိုလ်ချုပ်အဖြစ် ရာထူးတိုးနိုင်ဖို့ လုံလောက်တယ်"
ဤအချိန်အခိုက်အတန့်တွင် လျိုရှောင်၏အသက်ရှုနှုန်းများ အလွန်အမင်း မြန်ဆန်စပြုလာသည်။
ဤနေရာတွင် အစောပိုင်းကတွေ့ခဲ့ရသော ပုစွန်စစ်သားများနှင့်ဂဏန်းစစ်ဗိုလ်ချုပ်တချို့သာရှိနေမည်ဟု သူမ တွေးတောထားခဲ့သည်။ဤကဲ့သို့ငါးကြီးကြီးတစ်ကောင် ရှိနေမည်ဟု သူမ တစ်ကြိမ်တစ်ခါမျှ မျှော်လင့်ထားမိခြင်းမရှိချေ။
အကယ်၍ စစ်တပ်မှလူများသည် ဤနေရာ၌ ကျောက်စိမ်းမျက်နှာကျောင်းတော်သား ရှိနေသည်ကိုသာသိရှိပါက မဟာစစ်ဗိုလ်ချုပ်များပင်လျှင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်လှုပ်ရှားလာပေလိမ့်မည်။
လျိုရှောင်သည် အလွန်အမင်း စိတ်လှုပ်ရှားနေပုံရသော်လည်း လုကျင်းရှန့်ကမူ အေးဆေးတည်ငြိမ်နေဆဲပင်။
"မဟုတ်သေးဘူး...ကျုပ်တို့ ခုလတ်တလောမှာ သတင်းတစ်ခုရရှိထားတယ်...လေဟာနယ်ဓားပြတွေ အပြစ်သားပင်လယ်ကြယ်နယ်မြေက ထွက်လာတဲ့အချိန်မှာ သူတို့နဲ့အတူ နတ်ဆိုးသားရဲတစ်စုပါလာတယ်...သူရှိနေတာကို ထုတ်ဖော်ပြောရင် ခင်ဗျားကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ထားတယ်တယ်ဆိုမှတော့...ဘာလို့ ခင်ဗျားက သူ့ကိုကူညီဖို့ နတ်ဆိုးတွေ စေလွှက်ပေးတာလဲ"
လုကျင်းရှန့်က လေးနက်တည်ကြည်သောအသံဖြင့် ပြောဆိုသည်။
အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင်သည် အစပထမ၌ ကြက်သေသေသွားပြီးနောက်က သူက အလျင်စလို အော်ဟစ်လိုက်၏။
"အဲ့ဒီနတ်ဆိုးသားရဲတွေကို ငါ စေလွှက်တာမဟုတ်ဘူး...ငါ ကျိန်ဆို ကျိန်ပြနိုင်တယ်"
သူမဟုတ်ဟု ဆိုသလော....
လုကျင်းရှန့်က သရော်တော်တော် ပြောဆိုသည်။
"ဘယ်လိုဟာသမျိုးလဲ....ခင်ဗျားက အပြစ်သားပင်လယ်ကြယ်နယ်မြေရဲ့အရှင်သခင်လေ...ဘာလဲ...ခင်ဗျားရဲ့အမိန့်ကို မနာခံတဲ့ တခြားနတ်ဆိုးသားရဲတွေ ရှိနေလို့လား"
မမျှော်လင့်ဘဲ အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင်သည် ခေါင်းညိတ်ပြပြီး တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိုလိုက်၏။
"ဗိုလ်ချုပ် ပြောတာအမှန်ပဲ...ဒီအပြစ်သားပင်လယ်ကြယ်နယ်မြေမှာ ငါ့ရဲ့စကားက အရာမရောက်ဘူး"
Chapter 1877
"သူက နဂါးနတ်ဆိုးပဲ...ငါ သူနဲ့ တစ်ကြိမ်တိုက်ခိုက်ခဲ့ဖူးတယ်...ဒါပေမယ့် ငါက သူ့ရဲ့ပြိုင်ဘက်မဟုတ်ခဲ့ဘူး...သူက အပြစ်သားပင်လယ်ကြယ်နယ်မြေရဲ့တစ်ဝက်ကို အပိုင်စီးထားတာ...ငါက ကြယ်နယ်မြေအရှင်သခင်ဖြစ်ပေမယ့် နာမည်ခံအဆင့်ပဲရှိတယ်"
အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင်က သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
"နဂါးနတ်ဆိုး ဒီနေရာကိုရောက်လာချိန်မှာ သူက ကျောက်စိမ်းမျက်နှာကျောင်းတော်သားနဲ့ ပူးပေါင်းခဲ့တယ်...ငါက သူတို့ကို ဟန့်တားချင်ပေမယ့် သူတို့နဲ့ခွန်အားချင်း မယှဥ်ပြိုင်နိုင်ခဲ့ဘူး...ငါ့ဆီမှာ ရွေးချယ်စရာမရှိတော့ဘဲ တဖြည်းဖြည်းနဲ့ သူတို့အင်အားကြီးထွားလာတာကို ထိုင်ကြည့်နေရတယ်"
လျိုရှောင်၏မျက်ခုံးများ မြင့်တက်သွားပြီး သူမက အပြုံးတုတစ်ခုဖြင့် ပြောဆိုလေသည်။
"ဒါက လွယ်ပါတယ်...ငါတို့နဲ့အတူ တပ်ခွဲနှစ်ခုပါလာတယ်...ဒါက ဗိုလ်ချုပ်ရှောင်ပဲ...သူက ရှင့်ကိုကူညီပြီးတော့ နဂါးနတ်ဆိုးတွေကို သုတ်သင်ဖယ်ရှားပေးလိမ့်မယ်"
လျိုရှောင်က တိတ်ဆိတ်ငြိမ်သက်စွာထိုင်နေသော လုယွီထံသို့ လက်ညှိုးညွှန်လိုက်၏။
"အရှင်...သူက ကျွန်တော်တို့ရဲ့စစ်ရေးအောင်မြင်မှုတွေကို ခိုးယူချင်နေတာ"
သိုက်ဖုန်းက တီးတိုးပြောဆိုသည်။
"ဒါက အဆင်ပြေပါတယ်"
လုယွီက ပြောဆိုလိုက်သည်။
"နဂါးနတ်ဆိုးတွေကို အမြစ်ပြတ်သုတ်သင်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စတော့ မဟုတ်ဘူး....ဒါပေမယ့် ကျောက်စိမ်းမျက်နှာကျောင်းတော်သားက လေဟာနယ်ဓားပြတွေရဲ့တတိယခေါင်းဆောင်ဖြစ်ပြီးတော့ သူက သာမာန်လူတစ်ယောက်မဟုတ်ဘူး...ဗိုလ်ချုပ်လျိုရဲ့တပ်ခွဲတစ်ခုတည်းနဲ့ သူ့ကိုသွားပြီး ရင်ဆိုင်နိုင်မှာလား"
လျိုရှောင်က အေးစက်စက်နှာမှုတ်ပြီး ဂုဏ်ယူဝင့်ကြွားသောအမူအယာဖြင့် သူမ၏ခေါင်းကို မော့လိုက်၏။
"ငါက တော်ဝင်နန်းတော်က စစ်ဗိုလ်ချုပ်တစ်ယောက်...ပြီးတော့ ငါ့ရဲ့နောက်မှာ လက်ရွေးစင်စစ်သား ထောင်နဲ့ချီပြီးပါလာတယ်...ကျောက်စိမ်းမျက်နှာကျောင်းတော်သားက ထင်ရာစိုင်းတက်တဲ့ ကောင်တစ်ကောင် အဆင့်ပဲရှိတာ...သူက ငါ့ကိုမြင်တာနဲ့ မတိုက်ခိုက်ဘဲ ထွက်ပြေးသွားမှာသေချာတယ်"
သူမသည် ယုံကြည်ချက်အခိုင်အမာရှိနေသောလေသံဖြင့် ပြောဆိုနေပြီး ကျောက်စိမ်းမျက်နှာကျောင်းတော်သားကို အနည်းငယ်မျှပင် အာရုံစိုက်ပုံမရချေ။
ယခုချိန်၌ လျိုရှောင် စိုးရိမ်ပူပန်နေသည်မှာ လုယွီသည် သူမထံမှ တိုက်ပွဲအကျိုးဆောင်ရမှတ်များ လုယူမည်ကိုပင်။
ထိုတိုက်ပွဲအကျိုးဆောင်ရမှတ်များ၏ဆွဲဆောင်နိုင်မှုသည် မြင့်မားလွန်းသဖြင့် သူမ လက်အတွင်း၌ ဆုပ်ကိုင်နိုင်ရပေမည်။
လုယွီ၏မျက်နှာအမူအယာက အေးဆေးတည်ငြိမ်နေဆဲပင်။
"ဒါဆိုလည်း ငါ မင်းကို သတိတော့ပေးလိုက်မယ်...အဲ့ဒီလူက လေဟာနယ်ဓားပြတွေရဲ့ခေါင်းဆောင်သုံးယေက်ထဲက တစ်ယောက်ဖြစ်နေမှတော့ သူ့ဆီမှာ အသက်ကယ်နည်းလမ်းတွေရှိနေမှာပဲ...ဗိုလ်ချုပ်လျိုက ပိုပြီးဂရုစိုက်သင့်တယ်"
"ဒါက မလိုအပ်ပါဘူး...ဗိုလ်ချုပ်ရှောင်...ဒါက နင့်ရဲ့ပထမဆုံး ပြင်ပတိုက်ပွဲအတွေ့အကြုံမဟုတ်လား...ငါ အဲ့ဒီကျောက်စိမ်းမျက်နှာကျောင်းတော်သားကိုဖမ်းပြီးတာနဲ့...နင့်ကို အတွေ့အကြုံတချို့ သင်ကြားပေးမယ်"
လျိုရှောင်က သရော်တော်တော်ပြောဆိုပြီး သူမသည် လုယွီကို မျက်လုံးထဲပင် ထည့်ပုံမရချေ။
သူမ၏အမြင်အရ လုယွီ၏အသက်အရွယ်ဖြင့် သူမထက်အဆင့်မြင့်မားသော စတုတ္ထအဆင့်စစ်ဗိုလ်ချုပ်ဖြစ်လာနိုင်သည့် ခွန်အားမျိုးမရှိနိုင်ပေ။
တစ်ခုတည်းသောဖြစ်နိုင်ချေမှာ လုယွီသည် ပတ်သက်ဆက်နွယ်မှုကို အမှီပြု၍ ရာထူးတိုးလာသူတစ်ယောက်သာ ဖြစ်ပေမည်။
လျိုရှောင်သည် ဤကဲ့သို့လူစားမျိုးကို အစဥ်အမြဲ အထင်သေးလေ့ရှိသည်။
လုယွီက ငြင်းဆန်ခြင်းမရှိချေ။သူက အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင်ကို ကြည့်လိုက်၏။
"ခင်ဗျား...နဂါးနတ်ဆိုးရဲ့အသိုက်နေရာက ဒီကြယ်နယ်မြေပေါ်မှာပဲမလား...ကျုပ် အဲ့ဒီနေရာကိုသွားပြီး သူတို့ကို အမြစ်ပြတ်သုတ်သင်လိုက်မယ်"
အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင်က အလွန်ပျော်ရွှင်သွားပြီး သူက အလျှင်အမြန်ဦးညွှတ်၍အရိုအသေပြုကာ ပြောဆိုလေသည်။
"ကျေးဇူးတင်ပါတယ် ဗိုလ်ချုပ်ရှောင်...ကျေးဇူးပြုပြီးတော့ ဒီနေရာမှာ အချိန်ခဏလောက် အနားယူပါအုံး...ငါက မင်းတို့ကို ကောင်းကောင်းကျွေးမွေးဧည့်ခံချင်လို့ပါ"
"ဘာမှဧည့်ခံနေစရာမလိုဘူး...စစ်ပွဲမှာ အရှိန်နှုန်းက အရေးအကြီးဆုံးပဲ...ငါတို့ ခုချက်ချင်း ထွက်ခွါမယ်"
လျိုရှောင်သည် အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင်၏ဖိတ်ကြားမှုကို ဗြောင်ကျကျငြင်းဆန်လိုက်သည်။
သူမသည် သူမမျက်လုံးရှေ့ရောက်နေသော တိုက်ပွဲအကျိုးဆောင်ရမှတ်များကို လက်လွတ်မခံနိုင်ချေ။
ကြယ်နယ်မြေအရှင်သခင်၏အိမ်တော်မှ လူတိုင်း ထွက်ခွာခဲ့စဥ်တွင် လျိုရှောင်၏မျက်နှာပေါ်တွင် အပြုံးများဝေဆာနေပေ၏။လုယွီ၏မျက်နှာအမူအယာကမူ အေးဆေးတည်ငြိမ်နေဆဲဖြစ်သော်လည်း သူ၏စိတ်နှလုံးသားအတွင်းတွင် လှိုင်းထန်နေသည်။
"အရှင်....တစ်ခုခု ဖြစ်နေတာလား"
သိုက်ဖုန်းသည် လုယွီ၏မျက်နှာအမူအယာကိုကြည့်ပြီး တစ်စုံတစ်ခုမှားယွင်းနေသည်ကို နားလည်သဘောပေါက်သွားသဖြင့် သူက မေးမြန်းလိုက်၏။
လုယွီက ခေါင်းခါပြလေသည်။
"လူတိုင်းကို သတိထားနေဖို့ ပြောထားလိုက်....ငါ့ရဲ့အမိန့်မရှိဘဲ...ဘယ်သူမှ အစုအဖွဲ့ပုံစံကနေ ထွက်ခွာသွားခွင့်မရှိဘူး"
သိုက်ဖုန်းက အံ့အားသင့်သွားသည်။
"အရှင်...ဘာကိစ္စဖြစ်လို့လဲ"
လုယွီသည် အမြဲတစေလွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိပြီး မဆင်မခြင်လုပ်တက်သူဖြစ်သည်။ဤမျှထိ သတိကြီးစွာထားနေသည့်အမူအယာမျိုးကို သူ ယခင်က မမြင်တွေ့ဖူးချေ။
"အဲ့ဒီ ပင်လယ်နဂါးလိပ်က အမှန်အတိုင်းပြောနေတာမဟုတ်ဘူး...ငါတို့ သတိထားတာ အကောင်းဆုံးပဲ"
လုယွီက ခေါင်းခါပြလိုက်၏။
သူ့စိတ်ဝိညာဥ်၏စုံစမ်းထောက်လှမ်းမှုအောက်၌ ဤအပြစ်သားပင်လယ်ကြယ်နယ်မြေပေါ်တွင် အလွန်အစွမ်းထက်သော တည်ရှိမှုကြီးတစ်ခုရှိနေသည်။ထို့ပြင် ထိုတည်ရှိမှုကြီး၏အရှိန်အဝါ တစတစ ပို၍ပို၍အားကောင်းလာသည်။
သူ၏လက်ရှိကျင့်ကြံဆင့်နယ်ပယ်ဖြင့်ပင် ကြောက်ရွံခြင်းနှင့်တုန်လှုပ်ချောက်ချားခြင်းတို့ကို ခံစားနေရဆဲပင်။
Chapter 1878
လုယွီ၏စကားပြောဆိုနေသံကို လျိုရှောင်က အတိုင်းသားကြားနေရသည်။
သို့ရာတွင် သူမက အလေးအနက်ထားခြင်းမရှိချေ။
"ကြွက်လိုမျိုး သူရဲဘောကြောင်တဲ့ကောင်...တော်ဝင်စစ်ရေးဌာနက ဒီလိုလူမျိုးကို အဆင့်မြင့်အရာရှိရာထူးပေးထားတယ်...ကြည့်ရတာတော့ တော်ဝင်နန်းတော်ထဲမှာရှိတဲ့ အကျင့်ပျက်ခြစားမှုတွေက တစတစ ပိုပိုဆိုးလာပုံပဲ"
လျိုရှောင်သည် ကူကယ်ရာမဲ့စွာဖြင့် မထီမဲ့မြင်ပြုလိုက်သော်လည်း သူမ၏စိတ်နှလုံးသားတစ်ခုလုံး ကြေကွဲဝမ်းနည်းမှုများနှင့် ပြည့်နှက်နေသည်။
လုကျင်းရှန့်က အကြံပေးစကား ပြောဆိုသည်။
"ဗိုလ်ချုပ်...အရှင်ရှောင်ရဲ့ဆုံးဖြတ်ချက်က တချို့အကြောင်းအရာတွေကို အခြေခံထားတာဖြစ်နိုင်တယ်...ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒါက ပင်လယ်နဂါးလိပ်အိုကြီးရဲ့တစ်ဖက်သက်ပြောစကားပဲရှိသေးတယ်...ဒါကြောင့် ကျွန်တော်တို့ အရမ်းကြီးမယုံကြည်တာ ပိုကောင်းလိမ့်မယ်...ကျွန်တော်တို့က သေသေချာချာ စုံစမ်းစစ်ဆေးပြီးမှ ကျောက်စိမ်းမျက်နှာကျောင်းတော်သားကိုသွားရှာတာ ပိုမကောင်းဘူးလား"
"မရဘူး"
လျိုရှောင်က လုကျင်းရှန့်၏အကြံပြုချက်ကို ဗြောင်ကျကျ ငြင်းဆန်လိုက်၏။
"အဲ့ဒီကျောက်စိမ်းမျက်နှာကျောင်းတော်သားက အရမ်းလိမ္မာပါးနပ်တယ်...အရင်တုန်းက သူ့ကိုဖမ်းဆီးဖို့ တော်ဝင်နန်းတော်ကနေ မရေမတွက်နိုင်တဲ့လူတွေ စေလွှက်ခဲ့ပေမယ့် သူ့ကိုဖမ်းမမိခဲ့ဘူး"
"အခုချိန်မှာ သူက ငါ့ရဲ့လက်ထဲကိုရောက်လာမှတော့ သူ ကံဆိုးတာပဲ....ဒီလိုအခွင့်အရေးမျိုးက မျက်တောင်တခတ်စာအချိန်အတွင်းမှာတောင် ပျောက်ကွယ်သွားနိုင်တယ်...ဘယ်လိုလုပ်ပြီး အချိန်ဖြုန်းနိုင်မှာလဲ...စကားအများကြီး ထပ်မပြောနဲ့တော့...ငါ့ရဲ့အမိန့်ကို ထုတ်ပြန်လိုက်စမ်း...စစ်သားအားလုံး တိုက်ခိုက်မယ်"
လုကျင်းရှန့်က သက်ပြင်းရှည်ကြီးတစ်ချက် ရှိုက်လိုက်သည်။မည်သို့ပင်ဆိုစေကာမူ ဗိုလ်ချုပ်လျို၏အမိန့်ကို သူ နာခံရမည်ဖြစ်သဖြင့် အံ့တင်းတင်းကြိတ်ကာ လိုက်နာဆောင်ရွက်လိုက်တော့သည်။
တခြားတစ်ဖက်တွင် လုယွီသည် ပုန်းကွယ်နဂါးတပ်ခွဲကိုဦးဆောင်ကာ နဂါးနတ်ဆိုးရှိနေသောနေရာသို့ ဦးတည်၍ချီတက်ခဲ့သည်။
စစ်သင်္ဘောကြီး၏ထောက်ပံမှုဖြင့် စစ်တပ်ကြီးသည် အချိန်နှစ်နာရီခန့်အကြာတွင် နက်ရှိုင်းသောချောက်နက်ကြီးထံသို့ ရောက်ရှိလာခဲ့၏။
နံဘေးနှစ်ဖက်စလုံးတွင် မြင့်မားသောတောင်တန်းများရှိပြီး အလယ်တွင် ချောက်နက်ကြီးရှိနေကာ မျက်စိတဆုံးရှည်လျားလှသည်။
ဤနေရာပတ်ဝန်းကျင်တွင် အားကောင်းသောအော်ရာအမြောက်အများ ရှိနေသည်။ထို့ပြင် ထူထပ်သောတောအုပ်တစ်ခုရှိသော်လည်း ထူးဆန်းစွာ တိတ်ဆိတ်ငြိမ်သက်နေပေ၏။
ဘုန်း...
စစ်တပ်ကြီး ရှေ့သို့လှုပ်ရှားတော့မည့်အချိန်တွင် ရုတ်တရက် မြင့်မားသောတောင်တစ်လုံး၏အစွန်းရှိ ကျောက်တုံးများ ရုတ်တရက် အက်ကွဲသွားသည်။
"ရပ်လိုက်စမ်း"
ထိုကျောက်တုံးများကြားမှနေ၍ ဧရာမနဂါးနက်ကြီးတစ်ကောင်ထွက်လာပြီး စစ်တပ်ကြီးတစ်တပ်လုံးကို အေးစက်စက်မျက်လုံးများဖြင့် စူးစိုက်ကြည့်နေသည်။
ဘုန်း...ဘုန်း...ဘုန်း...
ထိုနဂါးနက်ကြီးထွက်ပေါ်လာမှုနှင့်အတူ မြောက်မြားစွာသော ဧရာမနဂါးများသည်လည်း တစုတစည်းတည်းထွက်ပေါ်လာပေ၏။အချိန်တခဏအတွင်းမှာပင် လေထုအတွင်း၌ အန္တရာယ်အငွေ့အသက်များဖြင့် ပြည့်နှက်သွားသည်။
သိုက်ဖုန်းက အော်ဟစ်လိုက်သည်။
"ငါတို့က တော်ဝင်နန်းတော်က အရာရှိတွေနဲ့စစ်သားတွေပဲ..မင်းတို့က လေဟာနယ်ဓားပြတွေနဲ့ပူးပေါင်းနေတယ်လို့ ငါတို့ သံသယရှိတယ်...မင်းတို့ရဲ့ခေါင်းဆောင်ကို ထွက်လာခိုင်းလိုက်စမ်း"
ပတ်ဝန်းကျင်ရှိနဂါးများအားလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
ရုတ်တရက် နဂါးနက်ကြီးက အော်ဟစ်ကြုံးဝါးလိုက်၏။
"တော်ဝင်နန်းတော်က ငါတို့ကို ဖမ်းဆီးချင်နေတာ...သူတို့နဲ့တိုက်ခိုက်ကြရအောင်"
ဝေါင်း...ဝေါင်း...ဝေါင်း...
ရုတ်ချည်းဆိုသလိုပင် နဂါးများထံမှ ဟိန်းဟောက်သံများ အဆင်မပြတ် ထွက်ပေါ်လာသည်။
ထိုနဂါးဟိန်းသံများကြားတွင် အစွမ်းထက်သော မှော်စွမ်းအင်များ ရောယှက်နေသဖြင့် ကြားရသူများသည် သူတို့၏စိတ်နှလုံးသားအတွင်းမှ ထိတ်လန့်ကြောက်ရွံမှုကို ခံစားရသည်။
"မကောင်းတော့ဘူး...သူတို့အားလုံးက မဟာနတ်ဆိုးတွေပဲ"
သိုက်ဖုန်းသည် အံ့အားသင့်တုန်လှုပ်သွားပြီး စစ်သားများကို အလျင်အမြန်စုဝေးခိုင်းကာ တိုက်ပွဲဝင်ဝင်္ကပါပုံစံဖွဲ့စည်းလိုက်သည်။
လုယွီသည် စစ်သင်္ဘောပေါ်ရှိ ထိုင်ခုံတစ်လုံးပေါ်၌ထိုင်နေပြီး သူ့အောက်ရှိတိုက်ပွဲကို လေ့လာဆန်းစစ်နေသည်။
ထိုနဂါးများ၏စွမ်းအားသည် အမှန်တကယ်ကိုပင် လူသားများထက် များစွာပို၍အားကောင်းပေ၏။ပုန်းကွယ်နဂါးတပ်ခွဲတွင် အစွမ်းထက်သောသူများ ပါဝင်သော်လည်း ဤနဂါးများကို ထိန်းချုပ်ဟန့်တားရာ၌ အကန့်အသတ်ရှိသည်။
"သိုက်ဖုန်း...အဲ့ဒီနဂါးတွေအားလုံးကိုနှိမ်နင်းဖို့ ငါ မင်းကို အမွှေးတိုင်တစ်တိုင်စာ အချိန်ပေးမယ်...ဒါပေမယ့် မင်း သူတို့ကို မသတ်နဲ့"
လုယွီက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
သိုက်ဖုန်းသည် ထိတ်လန့်တုန်လှုပ်သွားပြီး စစ်တပ်တစ်ခုလုံးကို တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။သူ၏လက်ရှိရာထူးသည် ဒုဗိုလ်ချုပ်ဖြစ်ပြီး လုယွီ၏လက်ထောက်အရာရှိလည်းဖြစ်သည်။
အကယ်၍ လုယွီ လှုပ်ရှားပါက ထိုနဂါးများအားလုံး တမဟုတ်မချင်း သေဆုံးသွားပေလိမ့်မည်။သို့ရာတွင် လုယွီသည် သူ၏လက်အောက်ရှိစစ်သားများကို လေ့ကျင့်သင်ကြားပေးရန် ရည်ရွယ်ထားပေ၏။
ပြင်းထန်သောတိုက်ခိုက်မှုများဖြင့် ရင်ဆိုင်ကြုံတွေ့ပြီးမှသာ ပုန်းကွယ်နဂါးတပ်ခွဲသည် တဖြည်းဖြည်းနှင့် မြင့်မားသောအဆင့်တစ်ခုထိ အောင်မြင်မှုရရှိနိုင်ပေမည်။
နဂါးများသည် ကျယ်လောင်စွာဟိန်းဟောက်၍ တိုက်ခိုက်နေကြသော်လည်း သူတို့သည် ပုန်းကွယ်နဂါးတပ်ခွဲ၏ဖွဲ့စည်းမှုပုံစံကို ချိုးဖျက်နိုင်ခြင်းမရှိချေ။
သိုက်ဖုန်းက အပျော်လွန်သွားသည်။
"လာကြစမ်း...ငါတို့ ဒီနဂါးတွေအားလုံးကိုဖမ်းဆီးကြရအောင်"
ဝှစ်...ဝှစ်...ဝှစ်..
နဂါးများ၏ဘေးပတ်ဝန်းကျင်တွင် သံကြိုးကြီးများထွက်ပေါ်လာပြီး သူတို့အား နေရာမှာပင် တင်းတင်းကျပ်ကျပ်တုပ်နှောင်လိုက်၏။
သို့သော် ထိုအချိန်မှာပင် အဝေးတစ်နေရာမှနေ၍ မိုးခြိမ်းသံတမျှ ကျယ်လောင်သောအသံကြီး ထွက်ပေါ်လာသည်။
"ဘယ်သူက ဒီဘုရင်ရဲ့လက်အောက်ငယ်သားတွေကို ဖမ်းဆီးဝံ့တာလဲ"
Chapter 1879
ကျယ်လောင်သောနဂါးဟိန်းသံသည် ချောက်နက်ကြီးတစ်ခုလုံးအနှံ့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
ဖမ်းဆီးခံထားရသော နဂါးများသည် အလွန်အမင်းစိတ်လှုပ်ရှားသွားပြီး သူတို့အနက်မှတစ်ကောင်က အော်ဟစ်လိုက်၏။
"လူသားတွေ...မင်းတို့အားလုံး သေဖို့သာပြင်ထားတော့...ငါတို့ရဲ့နဂါးဘုရင် တံခါးပိတ်ကျင့်ကြံနေရာကနေ ထွက်လာပြီ...မင်းတို့ကို သူက အသားပြားဖြစ်အောင်လုပ်ပြီး ဝါးမျိုပစ်လိမ့်မယ်"
သိုက်ဖုန်းက အေးစက်စက်နှာမှုတ်လိုက်သည်။
"မင်းတို့ နတ်ဆိုးကောင်တွေ...အဖမ်းခံထားရတောင်မှ ဆူညံနေဝံ့သေးတာလား"
စစ်သားတချို့သည် ရှေ့သို့တက်၍ သူတို့၏လက်အတွင်းရှိ နတ်ဆိုးကြာပွတ်ဖြင့် နဂါးများကိုရိုက်နှက်ရာ နဂါးများထံမှ စူးရှကျယ်လောင်သောငိုသံများ ထွက်ပေါ်လာသည်။
"မင်းတို့ သေချင်နေကြတာလား"
မိုးကောင်းကင်ယံအတွင်း၌ တိမ်တိုက်များ ရုတ်တရက်စုဝေးလာပေ၏။ထို့နောက် အနက်ရောင်တိမ်စိုင်တိမ်လိပ်များက မိုးကောင်းကင်ယံအနှံ့ လွှမ်းခြုံသွားသည်။
ထိုတိမ်မည်းများကြားမှနေ၍ ကြီးမားသောစူးရှရှလက်သည်းကြီးတစ်ဖက်ထွက်ပေါ်လာပြီး စစ်တပ်၏တိုက်ပွဲဝင်ဝင်္ကပါထံဦးတည်ကာ ကုတ်ဆွဲလိုက်သည်။
ရုတ်ချည်းဆိုသလိုပင် ပတ်ဝန်းကျင်ရှိ လေဟာနယ်သည် အေးခဲသွားပုံရသည်။ပုန်းကွယ်နဂါးတပ်ခွဲမှလူများသည် နေရာမှာပင် ချိပ်ပိတ်ခံထားရပုံရပြီး ဧရာမလက်သည်းကြီး သူတို့ထံဆင်းသက်လာသည်ကို စောင့်ကြည့်နေရ၏။
"ဒါက...မြေကမ္ဘာအင်မော်တယ်တစ်ယောက်လား"
"အပြစ်သားပင်လယ်ကြယ်နယ်မြေက မထင်မရှားကြယ်နယ်မြေငယ်လေးတစ်ခုလေ...ဘယ်လိုလုပ်ပြီး ဒီနေရာမှာ အစွမ်းထက်နတ်ဆိုးသားရဲမျိုးရှိနေတာလဲ"
ပုန်းကွယ်နဂါးတပ်ခွဲမှလူများအားလုံး၏ မျက်နှာများ ကြောက်ရွံမှုကြောင့် ဖြူရော်နေသည်။သူတို့ထံတွင် လူအင်အားများနေသည့်တိုင် အစွမ်းထက်မြေကမ္ဘာအင်မော်တယ်တစ်ယောက်နှင့် ရင်ဆိုင်ရချိန်တွင် တုန်လှုပ်ချောက်ချားမှုကို ခံစားနေရဆဲပင်။
မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ ရောက်ရှိသွားသူတစ်ယောက်သည် လေဟာနယ်ကို အတိုင်းအတာတစ်ခုထိ နားလည်သဘောပေါက်ထားသည်။
ဤကဲ့သို့အစွမ်းထက်ကျင့်ကြံသူမျိုးသည် လက်တစ်ဖက်ဝှေ့ယမ်းရုံဖြင့် လေဟာနယ်ကိုပိုင်းခြားထားပြီး သူတို့၏လက်ချောင်းများလှုပ်ခတ်လိုက်ရုံဖြင့် ကျင့်ကြံသူအမြောက်အများကို ချေမွှဖျက်ဆီးပစ်နိုင်သည်။
ဤကျင့်ကြံဆင့်နယ်ပယ်အတွင်းရှိ ကျင့်ကြံသူများသည် တိုက်ပွဲကွင်းပြင်အတွင်း၌ ကြီးမားသောလူသတ်စက်ကြီးများဖြစ်သည်။ထို့ကြောင့် ဖရိုဖရဲတိုက်ပွဲများအတွင်းတွင် မြေကမ္ဘာအင်မော်တယ်များသည် အဆုံးသတ်ရလဒ်ကိုထုတ်ပေးနိုင်သူများဖြစ်၍ မည်သည့်အင်အားစုမျိုးကမျှ လွယ်လင့်တကူ စေလွှက်လေ့မရှိချေ။
ဤကဲ့သို့ကျဥ်းထဲကျပ်ထဲအခြေအနေမျိုးတွင် စစ်သားများအားလုံး၏မျက်လုံးအကြည့်များက လုယွီထံတွင်သာ စူးစိုက်၍ကျရောက်နေသည်။
ယခုချိန်၌ လုယွီတစ်ယောက်တည်းကသာ ထိုမြေကမ္ဘာအင်မော်တယ်နှင့် ယှဥ်ပြိုင်နိုင်ပေမည်။
လုယွီသည် ထိုင်ခုံပေါ်၌ထိုင်နေပြီး သူ၏မျက်နှာပေါ်၌ မည်သည့်ထိတ်လန့်ကြောက်ရွံမှုအရိပ်အယောင်မျှ ရှိမနေချေ။
ဧရာမလက်သည်းကြီး ဆင်းသက်လာသည်ကိုကြည့်ပြီး လုယွီက အေးစက်စက်နှာမှုတ်ကာ လေထုအတွင်းသို့ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်၏။
ဘုန်း...
ဧရာမလက်သည်းကြီးနှင့်လက်ဝါးရိုက်ချက် ရိုက်ခတ်မိချိန်တွင် လေထုအတွင်း၌ ကျယ်လောင်သောဆူညံသံကြီး မြည်ဟီးလာသည်။ထိုတိုက်ခိုက်မှုမှ အားလှိုင်းများသည် လေထုအတွင်း၌ အကြိမ်ထောင်နှင့်ချီသောလှိုင်းများ မြင့်တက်လာစေရာ ပတ်ဝန်းကျင်ရှိစစ်သားများအားလုံး နံဘေးသို့ကပ်ပေးလိုက်ရသည်။
"ရောက်လာပြီးမှတော့...ထွက်လာခဲ့စမ်း"
လုယွီက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
သိုက်ဖုန်းက စိုးရိမ်ပူပန်တကြီး ပြောဆိုသည်။
"အရှင်....ကျွန်တော်တို့ အကူအညီတောင်းခံကြမလား...ဒီနဂါးက မြေကမ္ဘာအင်မော်တယ်နော်...ကျွန်တော်တို့ ဂရုစိုက်သင့်တယ်"
လုယွီသည် မြေကမ္ဘာအင်မော်တယ်ဖြစ်သော ရှဟယ်နှင့် လက်ရည်တူတိုက်ခိုက်နိုင်ခဲ့သော်လည်း နဂါးမျိုးနွယ်များ၏အရည်အချင်းသည် လူသားမျိုးနွယ်များထက် များစွာသာလွန်သည်။လုယွီသည် မိုးကောင်းကင်၏ချီးမြောက်ခံ ပါရမီရှင်တစ်ယောက်ဖြစ်သော်လည်း နဂါးမျိုးနွယ်များ၏ပြိုင်ဘက်မဖြစ်နိုင်ချေ။
"စိတ်ဝင်စားစရာပဲ...တော်တော်ကို စိတ်ဝင်စားဖို့ကောင်းတယ်....လူသားမျိုးနွယ်ထဲမှာ ဒီဘုရင်ရဲ့နယ်မြေကို ခြေချဝံ့တဲ့သူ ရှိနေသေးတာပဲ...ဒီနေရာကို ရောက်နေတဲ့လူတွေက မဆိုးဘူး...မင်းတို့အားလုံးကို ဒီဘုရင်အတွက် နန်းတော်တွေတည်ဆောက်တဲ့နေရာမှာ အလုပ်ကြမ်းတွေခိုင်းစေရမယ်"
လက်သည်းငါးချောင်း ရွှေရောင်နဂါးတစ်ကောင်က ရုတ်တရက် ကောင်းကင်ယံမှနေ၍ ဆင်းသက်လာသည်။သူ၏ခန္ဓာကိုယ်တစ်ခုလုံး ရွှေရောင်လင်းလက်နေပြီး သူ၏မျက်လုံးများက စူးရှရှတောက်ပနေသည်။
ထိုလက်သည်းငါးချောင်းရွှေရောင်နဂါးကြီးသည် တိမ်တိုက်တစ်ခုပေါ်၌ရှိနေလေ၏။နဂါးဦးခေါင်း၏နောက်၌ တောက်ပနေသောအလင်းရောင်များကြောင့် ရောင်လျှံစက်ဝန်းများဖြစ်ပေါ်နေပြီး အလွန်အမင်းမြင့်မြတ်သည့် အရှိန်အဝါမျိုးကို ထုတ်လွှက်ပေးနေသည်။
ထိုလက်သည်းငါးချောင်းရွှေရောင်နဂါးကြီးနှင့် အနီးကပ်ရှိနေသူများသည် ကူကယ်ရာမဲ့စွာဖြင့် သူတို့၏စိတ်နှလုံးသားအတွင်းမှ ကြည်ညိုလေးစားလာမှုကို ခံစားရပေ၏။
သူတို့ရှေ့ရှိနဂါးကြီးသည် ရှေးဟောင်းခေတ်ကာလများမှ ဆင်းသက်လာသော ဒဏ္ဍာရီလာနတ်ဆိုးမှော်သားရဲဖြစ်ပေမည်။ထိုဒဏ္ဍာရီလာနတ်ဆိုးမှော်သားရဲများရှေ့၌ လူသားမျိုးနွယ်များသည် အရေးပါအရာရောက်ခြင်းမရှိဘဲ ထည့်သွင်းဖော်ပြရန်ပင် မထိုက်တန်ချေ။
ဤအကြိမ်တွင် သူတို့အားလုံး အဆုံးသတ်ရတော့ပေမည်။
ပုန်းကွယ်နဂါးတပ်ခွဲမှလူများသည် သူတို့၏ပထမဆုံးတိုက်ပွဲမှာပင် ဤကဲ့သို့အစွမ်းထက်မှော်သားရဲမျိုးနှင့် ရင်ဆိုင်ကြုံတွေ့ရမည်ဟု တစ်ကြိမ်တစ်ခါမျှ မျှော်လင့်ထားမိခြင်းမရှိချေ။
သူတို့ထံတွင် အကူအညီအဖြစ် မှော်လက်နက်များရှိသော်လည်း အကြွင်းမဲ့စွမ်းအားနှင့် ထိပ်တိုက်ရင်ဆိုင်ရချိန်တွင် ထိုမှော်လက်နက်များမှာအလွန်အမင်းနုံချာနေသည်။
လက်သည်းငါးချောင်းရွှေရောင်နဂါးကြီးသည် စစ်သင်္ဘောကုန်းပတ်ပေါ်သို့ ဆင်းသက်ပြီး ကျိန်ဆဲရန်ဟန်ပြင်လိုက်သည်။သို့ရာတွင် သူက လုယွီသည် သူ့အား ထူးဆန်းသောအကြည့်မျိုးဖြင့် စူးစိုက်ကြည့်နေသည်ကို မြင်တွေ့လိုက်ရ၏။
လုယွီ၏အကြည့် သူ၏ခန္ဓာကိုယ်ပေါ်သို့ကျရောက်လာချိန်တွင် လက်သည်းငါးချောင်းရွှေရောင်နဂါးကြီး ရုတ်တရက် တုန်ရီသွားသည်။
"မင်းကို အနှောက်အယှက်ပေးမိလို့ တောင်းပန်ပါတယ်...ငါအခုချက်ချင်း ထွက်သွားတော့မယ်!
လက်သည်းငါးချောင်းရွှေရောင်နဂါးကြီးသည် အနည်းငယ်မျှပင် တွန့်ဆုတ်ခြင်းမရှိဘဲ နောက်သို့ပြန်လှည့်ကာ ချက်ချင်းဆိုသလိုပင် ထွက်ခွာသွားတော့သည်။
Chapter 1880
"အရှင်မင်းကြီး...ဒီလိုမျိုး ထွက်သွားလို့မရဘူးလေ"
"အမှန်ပဲ...အရှင်မင်းကြီး...ဒီလူသားတွေကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် ဆုတ်ဖြဲပစ်ပါ...သူတို့က ကျွန်တော်တို့နဂါးမျိုးနွယ်တွေကို ဖမ်းချုပ်ရဲတယ်...သူတို့ရဲ့ပြစ်မှုက ခွင့်လွှက်လို့မရဘူး!
နဂါးများသည် သူတို့၏ခန္ဓာကိုယ်များအား တုပ်နှောင်ထားသော သံကြိုးများကိုဆုပ်ကိုင်ပြီး ကျယ်လောင်စွာ အော်ဟစ်နေကြ၏။
လက်သည်းငါးချောင်း ရွှေရောင်နဂါးကြီးက အလွန်အမင်း ဒေါသထွက်သွားသည်။
"မင်းတို့ ဘာလို့အော်ဟစ်နေကြတာလဲ ..ငါက အချိန်ခဏလောက် ပြန်သွားပြီး ကျင့်ကြံလိုက်အုံးမယ်...ငါပြန်ရောက်တာနဲ့ မင်းတို့အားလုံးကို လာကယ်မယ်"
လုယွီက ရုတ်တရက် ပြောဆိုလိုက်သည်။
"အောင်းကွမ်း...မင်း ဘယ်သွားမလို့လဲ"
လုယွီသည် အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင်၏အိမ်တော်တွင် ရှိနေစဥ်၌ အောင်းကွမ်း၏ပုံတူကို တွေ့မြင်ပြီးဖြစ်သည်။
လက်သည်းငါးချောင်းရွှေရောင်နဂါးသည် နဂါးမျိုးနွယ်များအားလုံးအနက် ထိပ်တန်းမျိုးနွယ်တစ်ခုဖြစ်ပေ၏။သူတို့သည် ရှေးဟောင်းခေတ်ကာလအတွင်းတွင် မွေးဖွားလာသော နဂါးမျိုးနွယ်များဖြစ်ပြီး သူတို့၏သွေးမျိုးဆက်မှာ အလွန်အမင်းသန့်စင်သည်။
ကောင်းကင်ဘုံနယ်မြေတစ်ခုလုံး၌ပင် လက်သည်းငါးချောင်းရွှေရောင်နဂါးများ အလွန်အမင်းရှားပါးသည်။ထိုနဂါးမျိုးတစ်ကောင်ပေါ်ထွက်လာပါက နဂါးမျိုးနွယ်များ၏ဘုရင်သာဖြစ်သည်။
အောင်းကွမ်းသည် အောက်ဘုံ၌ရှိနေစဥ်အတွင်း၌ မိုးကောင်းကင်တာအို၏တားဆီးကန့်သတ်ခံရမှုကြောင့် လေလွင့်အင်မော်တယ်နယ်ပယ်၌သာ ရပ်တည်နိုင်ခဲ့သည်။သို့ရာတွင် ကောင်းကင်ဘုံနယ်မြေသို့ရောက်ရှိပြီးနောက် သူသည် အချိန်တိုအတွင်း၌ မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့လေ၏။ဤကဲ့သို့ ကျင့်ကြံမှုအရှိန်နှုန်းကို အလွန်အမင်းမြန်ဆန်သည်ဟု သတ်မှတ်နိုင်သည်။
အောင်းကွမ်းသည် လုယွီ၏အသံကိုကြားစဥ်တွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။သူသည် အချိန်တခဏကြာ တုံ့ဆိုင်းနေပြီးနောက် နောက်ဆုံးတွင် လူလတ်ပိုင်းကြီးတစ်ယောက်အသွင်သို့ ပြောင်းလဲလိုက်၏။
"အရှင့်ကို ကြိုဆိုနှုတ်ဆက်ပါတယ်"
အောင်းကွမ်းက ဦးညွှတ်၍အရိုအသေပြုလိုက်သည်။
ဘာ....
ပတ်ဝန်းကျင်ရှိစစ်သားများအားလုံး သူတို့ရှေ့ရှိမြင်ကွင်းကိုကြည့်ပြီး အံ့အားသင့်တုန်လှုပ်သွားကြသည်။
မြေကမ္ဘာအင်မော်တယ် နဂါးမျိုးနွယ်ဝင်တစ်ယောက်သည် မည်သည်ကြောင့် သူတို့၏ဗိုလ်ချုပ်ကို အရိုအသေပြုနေရသနည်း။
မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ ရောက်ရှိလာသူတိုင်းသည် မဟာစစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်ရန် အရည်အချင်းပြည့်မီသည်။
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
"အောင်းကွမ်း...ငါ မင်းကို မေးခွန်းတချို့မေးစရာရှိတယ်...မင်း ငါ့ကို ဘာလို့ဒီလိုခမ်းနားကြီးကျယ်တဲ့ ပုံစံမျိုးနဲ့ ကြိုဆိုနှုတ်ဆက်ရတာလဲ...မင်း သူတို့ကို သေချာမသင်ကြားထားဘူးလား"
အောင်းကွမ်း၏မျက်နှာပေါ်၌ ရုန်းကန်နေသောအရိပ်အယောင်များ ထင်ဟပ်လာပြီး သူ၏မျက်လုံးအတွင်း၌ ဝေခွဲရခက်နေသောအရိပ်အယောင်များ ထင်ဟပ်လာသည်။
အောက်ဘုံ၌ အောင်းကွမ်းသည် တာဟေးကြောင့် ရွေးချယ်စရာမရှိဘဲ လုယွီ၏လက်အောက်ခံဖြစ်ခဲ့ရသည်။
ယခုလက်ရှိချိန်၌ အောင်းကွမ်းသည် မြေကမ္ဘာအင်မော်တယ်တစ်ယောက်ဖြစ်လာသည့်အပြင် နယ်မြေတစ်ခု၏အရှင်သခင်လည်းဖြစ်သည်။သူ၏စိတ်အတွင်း၌ လုယွီအား ဆန့်ကျင်ပုန်ကန်လိုသော ရည်ရွယ်ချက်ရှိသည်မှာ ဖြစ်ရိုးဖြစ်စဥ်ကိစ္စတစ်ခုပင်။
သို့ရာတွင် လုယွီသည် သူ၏စိတ်နှလုံးသားအတွင်း၌ နက်ရှိုင်းသောဖိနှိပ်ချုပ်ချယ်မှုမျိုးကို ချန်ထားခဲ့သည်။သူသည် ကောင်းကင်ဘုံနယ်မြေသို့ ရောက်ရှိလာခဲ့သည့်တိုင် လုယွီကို တန်ပြန်တိုက်ခိုက်ဝံ့ခြင်းမရှိချေ။
"အရှင်ပြောတာ အမှန်ပါပဲ...ကျွန်တော်ရဲ့လက်အောက်ငယ်သားတွေကို သွန်သင်ဆုံးမတဲ့နေရာမှာ ကျွန်တော်ညံဖျင်းခဲ့တယ်"
အောင်းကွမ်းသည် ယခုလက်ရှိအချိန်၌ အလွန်အမင်းနှိမ့်ချစွာ ပြုမူပြောဆိုနေသည်။
နဂါးများသည် သူတို့ရှေ့ရှိ နဂါးဘုရင်ကို စူးစိုက်၍ကြည့်လိုက်ကြ၏။သူတို့၏နဂါးဘုရင်သည် အမှန်တကယ်ကိုပင် လူငယ်တစ်ယောက်အား ရိုသေလေးစားစွာ ပြောဆိုဆက်ဆံနေသည်။
လုယွီက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"သိုက်ဖုန်း...အဲ့ဒီနဂါးတွေကို လွှက်ပေးလိုက်"
သိုက်ဖုန်းသည် အမိန့်ကိုလိုက်နာကာ နဂါးများကိုတုပ်နှောင်ထားသော သံကြိုးများကို ဖယ်ရှားပေးလိုက်၏။
ထိုနဂါးများသည် သံကြိုးများနှင့်ဖမ်းချုပ်ခံရစဥ်အချိန်အတည်းက အလွန်ဒေါသထွက်နေခဲ့သည်။ယခုချိန်တွင် သူတို့၏ခန္ဓာကိုယ်မှ သံကြိုးများမရှိတော့သည်နှင့်ဟိန်းဟောက်ကာ ပတ်ဝန်းကျင်ရှိစစ်သားများထံသို့ တိုးဝင်တိုက်ခိုက်ကြသည်။
"မင်းတို့အားလုံး ရပ်ကြစမ်း...ဘေးကို ခုချက်ချင်းထွက်သွားကြ"
အောင်းကွမ်းက ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်သည်။နဂါးများအားလုံး နေရာမှာပင်ရပ်တန့်လိုက်ကြပြီး အောင်းကွမ်းကို မယုံကြည်နိုင်သောအကြည့်များနှင့် ကြည့်နေကြ၏။
နဂါးတစ်ကောင်က မေးမြန်းလေသည်။
"အရှင်မင်းကြီး...သူတို့အားလုံးက လူသားမျိုးနွယ်တွေလေ...ကျွန်တော်တို့က သူတို့ကို လွယ်လွယ်ကူကူ မယုံစားသင့်ဘူး"
"ထွက်သွား...ထွက်သွား...ထွက်သွားကြစမ်း...မင်းတို့အားလုံး လိမ်လိမ်မာမာနေတာ ပိုကောင်းလိမ့်မယ်"
အောင်းကွမ်းသည် တခြားနဂါးများအားလုံးကို အဝေးသို့ မောင်းထုတ်လိုက်တော့သည်။
ထို့နောက် အောင်းကွမ်းသည် လုယွီကို သူ ကျင့်ကြံနေသောနေရာထံသို့ ဖိတ်ကြားလိုက်၏။
ပုန်းကွယ်နဂါးတပ်ခွဲမှစစ်သားများကမူ ပြင်ပတွင်သာ စောင့်ဆိုင်းနေကြသည်။
အောင်းကွမ်းကျင့်ကြံသောနေရာမှာ လှိုဏ်ဂူတစ်ဂူဖြစ်သည်။
လုယွီသည် လှိုဏ်ဂူအတွင်းသို့ဝင်မိသည်နှင့် ဤနေရာတွင် မှော်စွမ်းအင်များ အလွန်ပေါကြွယ်ဝပြီး ပြင်ပလောကထက် အဆများစွာပို၍များပြားနေကြောင်း အံ့အားသင့်ဖွယ်တွေ့ရှိလိုက်ရ၏။
"မင်းက ကျင့်ကြံဖို့နေရာကောင်းကို ဘယ်လိုရှာရမလဲဆိုတာ ကောင်းကောင်းသိသားပဲ"
လုယွီက ပတ်ဝန်းကျင်အား အချိန်တခဏကြာ လှည့်ပတ်ကြည့်လိုက်သည်။ထို့နောက် သူက အောင်းကွမ်းကိုကြည့်ကာ အေးစက်စက်အသံဖြင့် ပြောဆိုသည်။
"ငါ ထွက်သွားပြီးတဲ့နေ့ကစပြီး ဘာတွေဖြစ်ခဲ့တာလဲ...မင်းက ဘာလို့ လေဟာနယ်ဓားပြတွေနဲ့ ပတ်သတ်နေတာလဲ"