← Chapters

အခန်း (၁၈၈၁-၁၈၈၅)

Vol. 97 Ch. 1881-1885

အခန်း (၁၈၈၁-၁၈၈၅)

Vol. 97 Ch. 1881-1885

Chapter 1881

အောင်းကွမ်းက ပျာပျာသလဲ တုံ့ပြန်ပြောဆိုသည်။

"အရှင်...ကျွန်တော်တို့ ကောင်းကင်ဘုံနယ်မြေကို ရောက်တဲ့အချိန်မှာပဲ အရှင့်ကိုလိုက်လံဖမ်းဆီးခံရတယ်...ကျွန်တော်တို့က အရှင့်ကို ကယ်တင်ချင်ပေမယ့်....ဘိုးဘေးတာဟေးက ကျွန်တော်တို့ကူညီလည်း အသုံးမဝင်ဘူးလို့ပြောခဲ့တယ်...ဒါကြောင့် ကျွန်တော်တို့အားလုံး လက်လျှော့ခဲ့ရတယ်"

"ဒါပေမယ့် ကျွန်တော်တို့ ထွက်ခွာခါနီးအချိန်မှာ လုဝူယာက ရုတ်တရက်ကြီး တာယွီအင်ပါယာရဲ့နတ်ဘုရားမြင့်မြတ်အမတ်ကြီးကို အရှင်က ရှေးဟောင်းကောင်းကင်ဘုံနယ်မြေရဲ့အမွေအနှစ်တွေ ရသွားတဲ့အကြောင်းကို ပြောလိုက်မယ်လို့ ဘယ်သူကထင်မိမှာလဲ"

အမ်...

လုယွီက ထိတ်လန့်တုန်လှုပ်သွားသည်။ရှကွေ့ကျုံးသည် သူ့အားနောက်ယောင်ခံနိုင်ရန်အတွက် သူနံဘေးနားရှိလူများထံတွင် နတ်ဘုရားစိတ်အာရုံအမျှင်တန်းများ ချန်ထားခဲ့နိုင်သည်ကို ချက်ချင်းပင် သူ နားလည်သဘောပေါက်သွားပေ၏။၊

ဤသည်က နယ်မြေသခင်တစ်ယောက်၏စွမ်းအားပင်။နယ်မြေသခင်များသည် စည်းမျဥ်းဥပဒေသများကို ဖမ်းဆုပ်နိုင်ပြီးနောက် သူတို့၏ကိုယ်ပိုင်ကမ္ဘာများကို ဖွဲ့စည်းနိုင်ကာ သူတို့၏နတ်ဘုရားစိတ်အာရုံများကို အကန့်အသတ်မရှိ ခွဲခြားနိုင်ကြသည်။

"အဲ့ဒီ နတ်ဘုရားမြင့်မြတ်အမတ်ကြီးက အရမ်းအစွမ်းထက်တယ်...ကျွန်တော်တို့ထဲက ဘယ်သူကမှ သူ့ရဲ့ပြိုင်ဘက်မဟုတ်ဘူး...ကံကောင်းချင်တော့ ထန်နိုင်ငံဧကရာဇ်လီကျီးက ဘယ်နေရာကနေရောက်လာမှန်းမသိဘူး...သူက အရမ်းအစွမ်းထက်တာပဲ...သူ့ရဲ့တိုက်ခိုက်မှုတစ်ခုတည်းနဲ့တင် နတ်ဘုရားမြင့်မြတ်အမတ်ကြီးရဲ့ နတ်ဘုရားစိတ်အာရုံကို ဖျက်ဆီးနိုင်ခဲ့တယ်...ဒါကြောင့် ကျွန်တော်တို့ အဲ့ဒီနေရာက ထွက်လာနိုင်ခဲ့တာ"

"လီကျီးက သူရဲ့နန်းတော်မှာနေဖို့ ကျွန်တော်တို့ကို ဖိတ်ခေါ်ခဲ့ပေမယ့်...ကျွန်တော်က သူ့မှာရည်ရွယ်ချက်ကောင်းမရှိဘူးဆိုတာ မှန်းဆမိတယ်...ဒါကြောင့် ကျွန်တော်က တိတ်တဆိတ်ခိုးထွက်လာပြီးတော့...ဒီကြယ်နယ်မြေပေါ်က အဆင့်နိမ့်နဂါးမျိုးနွယ်တစ်စုကို စုစည်းခဲ့တယ်...ပြီးတော့ ဒီနေရာကနေမထွက်ခွာခင် နှစ်တစ်ထောင်လောက်တံခါးပိတ်ကျင့်ကြံဖို့ စီစဥ်ထားခဲ့တယ်"

နဂါးမျိုးနွယ်များ၏သက်တမ်းသည် အလွန်ရှည်ကြာသဖြင့် နှစ်တစ်ထောင်ဟူသည်မှာ သူတို့အတွက် အသေးအဖွဲအချိန်ကာလပင်။

လုယွီ ယခုချိန်၌ အံ့အားသင့်နေသည်မှာ ထိုလီကျီးသည် အောက်ဘုံမှဧကရာဇ်တစ်ပါးကဲ့သို့ ရိုးရှင်းပုံမရချေ။

တစ်ခုသိရမည်မှာ ရှကွေ့ကျုံး၏နတ်ဘုရားစိတ်အာရုံသည် သာမာန်လေလွင့်အင်မော်တယ်တစ်ယောက်ထက် များစွာပို၍အစွမ်းထက်သည်။အကယ်၍ ထိုနတ်ဘုရားစိတ်အာရုံကို တိုက်ခိုက်မှုတစ်ခုတည်းဖြင့် လွင့်ထွက်သွားစေရန် အနိမ့်ဆုံးအနေဖြင့် ရွှယ်အင်မော်တယ်နယ်ပယ်ကျင့်ကြံဆင့် ခွန်အားရှိနေရန်လိုအပ်ပေမည်။

ထို့နောက် လုယွီက တခြားလူများ၏အခြေအနေများနှင့်ပတ်သတ်၍ မေးမြန်းလိုက်၏။

အလယ်ပိုင်းကုန်းမြေမှ လူငယ်ကျင့်ကြံသူအများစုတွင် ဓမ္မအမိန့်တော်များရှိပြီးဖြစ်သဖြင့် သူတို့၏သက်ဆိုင်ရာဆရာသခင်များကို ရှာဖွေခဲ့ကြသည်။ပိုင်ဆုချင်သည်လည်း သူတို့အနက်မှ တစ်ယောက်ပင်။သူမအား ကောင်းကင်နန်းတော်ပြိုင်ပွဲအတွင်းကတည်းက မိုးကောင်းကင်တောင်ထိပ်တာအိုဘုရားကျောင်းမှ ရွှယ်အင်မော်တယ်မှနေ၍ တပည့်အဖြစ်လက်ခံထားပြီးဖြစ်သည်။

ပိုင်ဆုချင်အကြောင်း တွေးတောမိသည်နှင့် လုယွီက သူ၏နှလုံးသားမှ နွေးထွေးလာမှုကို ခံစားရသည်။သို့ရာတွင် ထိုခံစားချက်သည် လှိုင်းဂယက်တစ်ခုအလား အချိန်တခဏအတွင်းမှာပင် ပျောက်ကွယ်သွားပေ၏။

အကယ်၍ လီကျီး၏ဝင်ရောက်စွက်ဖက်မှုသာမရှိပါက ပိုင်ဆုချင်သည် အန္တရာယ်အတွင်း၌ ကျရောက်သွားနိုင်သည်။

သူ၏လက်ရှိခွန်အားသည် ရှကွေ့ကျုံးကိုရင်ဆိုင်နိုင်ရန် မလုံလောက်သေးကြောင်း လုယွီက ကောင်းစွာသိရှိထားသည်။ယခုချိန်၌ သူ အလိုအပ်ဆုံးအရာမှာ သူ၏ခွန်အားကို တက်နိုင်သမျှမြန်မြန် မြှင့်တင်နိုင်ရန်ပင်။ထိုသို့မဟုတ်ပါက သူ ချစ်မြတ်နိုးရသောသူများကို သူ ကာကွယ်နိုင်မည်မဟုတ်ချေ။

ကျန်းယုချင်သည် မီဖေးထံမှ ဓမ္မအမိန့်တော်ကို ရရှိထားခဲ့သည်။ထို့ကြောင့် သူမသည် တော်ဝင်နန်းတော်သို့ တိုက်ရိုက်သွားရောက်ခဲ့လေ၏။ရှကွေ့ကျုံးသည် သူမအား တားဆီးဝံ့မည်မဟုတ်ချေ။

မုန့်ကျူးယွင်သည်လည်း ကွန်ဖြူးရှပ်သူတော်စင်ထံမှ ဓမ္မအမိန့်ကို ရရှိထားသည်။သူမသည် သူတော်စင်ထံမှ ပညာသင်ယူရန်အတွက် တော်ဝင်မြို့တော်သို့ သွားရောက်ခဲ့ပေ၏။

နတ်ဘုရားအဆင့်ဝင်္ကပါပညာရှင် အကြီးအကဲရှင်းကဲ့သို့သော လူစုကမူ သူတို့ထံ၌ ဆရာသခင်များမရှိကြသဖြင့် သူတို့၏မိတ်ဆွေဟောင်းများကို သွားရောက်၍ရှာဖွေကြသည်။

တာဟေးကမူ လီကျီးသည် အစားအသောက်နှင့် သူ့အားပြုစုရန် အစေခံအမြောက်အများထားရှိပေးမည်ဟု ကြားသည်နှင့် ချက်ချင်းဆိုသလိုပင် အပြေးလိုက်သွားခဲ့သည်။

တာဟေး၏အကြောင်းကိုပြောနေချိန်တွင် အောင်းကွမ်း၏နှုတ်ခမ်းထောင့် သိသိသာသာ တုန်ရီနေပေ၏။

လုယွီသည် ထိုသောက်ခွေးနက်ကြီး၏စက်ဆုပ်ဖွယ်အမူအကျင့်များအကြောင်း တွေးတောပြီးသည်မှာ ပြောပြရန်ပင် လိုအပ်မည်မဟုတ်ချေ။ထိုခွေးနက်ကြီးသည် အကျိုးယုတ်မည့်အလုပ်မျိုး ဘယ်သောအခါမျှလုပ်မည်မဟုတ်ချေ။လီကျီး၏နံဘေး၌ ဆုံးရှုံးမှုထက် အခွင့်အရေးပိုများနေ၍သာ လိုက်ပါသွားခြင်းဖြစ်ပေမည်။

"လုဝူယာက ကံကောင်းပြီး ထွက်ပြေးတာမြန်သွားတယ်...မဟုတ်ရင် ကျွန်တော်က သူ့ကို အရှင်လတ်လတ် ဝါးမျိုတော့မလို့ပဲ"

အောင်းကွမ်း၏မျက်လုံးအတွင်း၌ ရက်စက်ကြမ်းကြုတ်သောအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

ရှကွေ့ကျုံးကဲ့သို့ အစွမ်းထက်တည်ရှိမှုကြီးတစ်ခုအား သူ ရန်စစော်ကားမိသကဲ့သို့ဖြစ်သွားခြင်းသည် လုဝူယာကြောင့်ပင်။

"လုဝူယာ...အဲ့ဒီကောင် မလွတ်မြောက်နိုင်ပါဘူး"

လုယွီ၏အသံက အေးစက်တင်းမာနေသည်။

ဤတစ်ကြိမ်တွင် လုယွီထံတွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများနှင့် ပြည့်နှက်နေပေ၏။သူသည် ရှကွေ့ကျုံးအား မည်သည့်နည်းနှင့်မျှ အလွတ်ပေးမည်မဟုတ်ချေ။

လူများအားလုံး၏ယခုလက်ရှိအခြေအနေကို သိရှိပြီးနောက်တွင် လုယွီက အနည်းငယ်စိတ်အေးသွားသကဲ့သို့ ခံစားလိုက်ရ၏။

"အခုချိန်မှာ ငါက ရှောင်ယန်းလို့ နာမည်ပြောင်းထားတယ်...ငါ တော်ဝင်မြို့တော်ကို မရောက်သေးခင်အထိ ငါ့ရဲ့သရုပ်မှန်ကို မဖော်ထုတ်မိစေနဲ့"

လုယွီက အောင်းကွမ်းကို သတိပေးလိုက်သည်။

Chapter 1882

အောင်းကွမ်းက အလျှင်အမြန်ပင် သဘောတူညီလိုက်သည်။

"ကောင်းပါပြီ အရှင်...ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ"

သူသည် အပေါ်ယံ၌ လုယွီကို ကတိပေးနေသော်လည်း သူ၏စိတ်နှလုံးသားအတွင်း၌ အနာဂတ်တွင် တန်ပြန်တိုက်ခိုက်ရန်အတွက် အစီအစဥ်များကို တွေးတောနေခဲ့သည်။

သူသည် နဂါးဘုရင်တစ်ယောက်ဖြစ်သည့်အပြင် နဂါးမျိုးနွယ်များတွင် အမြင့်မြတ်ဆုံးဖြစ်သော လက်သည်းငါးချောင်းရွှေရောင်နဂါးတစ်ကောင်ဖြစ်ပေ၏။

အကယ်၍ နဂါးမျိုးနွယ်မှအစွမ်းထက်တည်ရှိမှုကြီးများကသာ လက်သည်းငါးချောင်းရွှေရောင်နဂါးတစ်ကောင်သည် လူသားတစ်ယောက်၏လက်အောက်ခံဖြစ်နေသည်ကို သိရှိသွားပါက သူတို့အားလုံး သူ့ကို ပြက်ရယ်ပြုကြပေမည်။

လုယွီသည် အောင်းကွမ်းကို စူးစိုက်၍ကြည့်နေသည်။သူ၏အကြည့်သည် အောင်းကွမ်း၏စိတ်အတွင်းမှအတွေးများကို ထွင်းဖောက်မြင်နိုင်ပုံရသည်။သူက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုလိုက်၏။

"ဘာလဲ...မင်းက အောက်ဘုံကနေ ထွက်လာနိုင်တာနဲ့ ငါ့ကို ဆန့်ကျင်ပုန်ကန်ဖို့ ကြံရွယ်နေတာလား"

လုယွီက လက်နောက်ပစ်၍ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"မင်းက ဒဏ္ဍာရီလာနတ်ဘုရားသားရဲတွေရဲ့မျိုးဆက်ဖြစ်ပြီးတော့ မြင့်မြတ်တဲ့သွေးမျိုးဆက်ရှိတယ်...မင်း ငါ့လက်အောက်ကိုရောက်လာခဲ့တာက တာဟေးကြောင့်ပဲ...ဒီနေ့ ငါ မင်းကို အခွင့်အရေးတစ်ခုပေးမယ်...တကယ်လို့ မင်း ငါ့ကို အနိုင်ယူနိုင်ရင်....ဒီနေ့ကနေစပြီး မင်း ဆန္ဒရှိသလိုလုပ်လို့ရမယ်...မဟုတ်ရင်ကတော့ မင်း ငါ့ရဲ့အမိန့်အောက်မှာပဲ နေရမယ်"

အောင်းကွမ်းသည် သူ၏ရည်ရွယ်ချက်များကို ကောင်းမွန်စွာဖုံးကွယ်ထားသော်လည်း လုယွီသည် အတိတ်ဘဝ၌ နှစ်ပေါင်းများစွာကြာ ကျင့်ကြံထားခဲ့သူဖြစ်သည်။မည်သည်ကြောင့် သူသည် အောင်းကွမ်း၏ရည်ရွယ်ချက်ကို ထွင်းဖောက်မမြင်ဘဲနေမည်နည်း။

ဤကဲ့သို့ရှေးဟောင်းနတ်ဘုရားသားရဲတစ်ကောင်ကို သူ၏လက်အောက်ခံအဖြစ် သိမ်းသွင်းနိုင်ရန်မှာ လွယ်ကူသောကိစ္စတစ်ရပ်မဟုတ်ချေ။ကျင့်ကြံခြင်းလောက၌ အရာအားလုံးသည် ခွန်အားပေါ်တွင်သာမူတည်သည်။ခွန်အားကြီးမားသော မည်သူမဆို တခြားသူများကို အုပ်စိုးနိုင်သည်။ဤသည်က ရှေးဟောင်းအချိန်ကာလများတွင်ပင် တည်ရှိခဲ့သော သဘောတရားပင်။

လုယွီသည် ထိုအခွင့်အရေးကို အောင်းကွမ်းကိုပေးရန် ရည်ရွယ်ထားပေ၏။

အောင်းကွမ်း၏မျက်နှာပေါ်၌ တစ်စုံတစ်ခုကို တွေးတောနေသည့်အလား ဝေခွဲရခက်နေသောအရိပ်အယောင်များ ထင်ဟပ်လာသည်။သို့ရာတွင် အချိန်တခဏကြာ တုံ့ဆိုင်းနေပြီးနောက် အောင်းကွမ်းသည် နောက်ဆုံး၌ သူ၏စိတ်ကို အဆင်သင့်ပြင်လိုက်၏။

"ကောင်းပြီလေ...ဒါဆိုလည်း ငါက အပြစ်ပြုမိပြီ"

အောင်းကွမ်းက အော်ဟစ်ကြုံးဝါးပြီးနောက် ရုတ်တရက် သူ၏လက်သည်းဖြင့် လုယွီထံဦးတည်ကာ ကုတ်ဆွဲလိုက်သည်။

သူ၏လက်သည်းပေါ်၌ အလင်းရောင်စဥ်တန်းတစ်ခုရှိနေသည်။

ထိုအလင်းရောင်စဥ်တန်းသည် လေထုကိုဖြတ်သန်းသွားရာတွင် တောက်ပသောရွှေရောင်အလင်းတန်းများကို ချန်ထားခဲ့သည်။ထိုရွှေရောင်အလင်းတန်းများကြား၌ မြောက်များစွာသောနဂါးပုံရိပ်များ ထွက်ပေါ်လာပေ၏။နဂါးပုံရိပ်များသည် ကွဲပြားခြားနားသောပုံသဏ္ဌာန်များရှိပြီး တစ်ခုချင်းစီတွင် ကိုယ်ပိုင်ဂုဏ်ကျက်သရေရှိသည်။

ဤသည်က ဘိုးဘေးနဂါးလက်သည်းဟု အမည်ရသော နဂါးမျိုးနွယ်များ၏နတ်ဘုရားအဆင့်စွမ်းရည်ဖြစ်သည်။

ထိုအရာကို အသုံးပြုချိန်တွင် မြောက်များစွာသော လက်သည်းငါးချောင်းရွှေရောင်နဂါးများ၏စွမ်းအားများလည်း ထပ်ပေါင်းထည့်ထားပေ၏။ကျင့်ကြံဆင့်နယ်ပယ်တူ ကျင့်ကြံသူများပင်လျှင် ထိုလက်သည်းကုတ်ချက်ကို တောင့်ခံနိုင်ရန် လွန်စွာခက်ခဲပေလိမ့်မည်။

"ကောင်းလိုက်တဲ့ တိုက်ကွက်"

လုယွီသည် အောင်းကွမ်း၏တိုက်ခိုက်မှုကိုမြင်ချိန်တွင် ဒေါသထွက်သွားခြင်းမရှိချေ။ထိုအစား သူက ပို၍ပင် ပျော်ရွှင်သွားသည်။

သူ၏လက်ရှိကျင့်ကြံဆင့်နယ်ပယ်ဖြင့် သူ ပို၍သန်မာအားကောင်းလာစေရန်အတွက် အဆက်မပြတ်တိုက်ခိုက်နေရန် လိုအပ်သည်။

ဥပမာအနေဖြင့် ရှေးခေတ်အချိန်ကာလများတွင် အကြွင်းမဲ့မူလဘူတခန္ဓာကိုယ်နည်းစနစ်နှင့် မြင့်မြတ်ဧကရာဇ်ခန္ဓာကိုယ်နည်းစနစ်ကို ကျင့်ကြံသူများသည် ရှေးဟောင်းမှော်သားရဲရိုင်းများနှင့် အဆက်မပြတ်တိုက်ခိုက်၍ သူတို့၏ခွန်အားကို တိုးတက်အောင်ပြုလုပ်ကြ၏။

လုယွီသည်လည်း ယခုထက်ပို၍မြင့်မားသောအဆင့်သို့ ရောက်ရှိလိုပါက ထိုနည်းလမ်းအတိုင်း လုပ်ဆောင်ရပေမည်။

"နဂါးဖမ်းလက်..."

လုယွီက ကျယ်လောင်စွာအော်ဟစ်ပြီး သူ၏လက်သီးကို လက်သည်းအဖြစ်ပြောင်းလဲကာ အောင်းကွမ်း၏တိုက်ခိုက်မှုကို ပိတ်ဆို့ဟန့်တားလိုက်သည်။

လက်သည်းနှစ်ခု ရိုက်ခတ်မိချိန်တွင် ပြင်းထန်သောလေလှိုင်းများ ပျံ့နှံ့သွားပြီး ချက်ချင်းပင် ပတ်ဝန်းကျင်ရှိတောင်နံရံများ ကြေမွပျက်စီးသွားသည်။

"အခုချိန်မှာ ငါက မြေကမ္ဘာအင်မော်တယ်တစ်ယောက်ဖြစ်ပြီးတော့...ရှေးဟောင်းဘိုးဘေးနဂါးတွေရဲ့နတ်ဘုရားစွမ်းရည်ဖြစ်တဲ့ နိုးထခြင်းတစိတ်တဒေသကို ရထားတယ်...ဒီတစ်ကြိမ်တော့ မင်း သေရမှာသေချာတယ်"

အောင်းကွမ်း၏စိတ်နှလုံးသားအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ မြင့်တက်နေပြီး သူ၏လက်ကို အဆက်မပြတ် ပုံစံများပြောင်းလဲလိုက်သည်။

ထိုနတ်ဘုရားစွမ်းရည်များကို အောက်ဘုံ၌ သူ ထုတ်ဖော်အသုံးပြု၍မရခဲ့ချေ။သို့ရာတွင် ကောင်းကင်ဘုံနယ်မြေသို့အရောက်၌ အောင်းကွမ်းသည် ကျင့်ကြံဆင့်ချိုးဖျက်သည့်အကြိမ်တိုင်း နိုးထခြင်းမှတ်ဥာဏ် တစိတ်တဒေသကို ပြန်လည်ရရှိခဲ့သည်။

ဤသည်က လက်သည်းငါးချောင်းရွှေရောင်နဂါးများ၏စွမ်းအားပင်။အကယ်၍ သာမာန်နဂါးမျိုးနွယ်များဆိုပါက ရွှယ်အင်မော်တယ်နယ်ပယ်သို့ ရောက်ရှိလျှင်ပင် ထိုကဲ့သို့နတ်ဘုရားစွမ်းရည်မျိုး ရရှိမည်မဟုတ်ချေ။

အမွှေးတိုင်တစ်တိုင်စာခန့် အချိန်တိုအတွင်းတွင် သူတို့သည် လျှပ်ပြက်သကဲ့သို့အရှိန်ဖြင့် အကြိမ်ရေထောင်ပေါင်းများစွာ တိုက်ကွက်များဖလှယ်ခဲ့ကြသော်လည်း အနိုင်အရှုံးထွက်ပေါ်လာခြင်းမရှိပေ။

"သူက ဘာလို့ ခုလောက်ကြီးအစွမ်းထက်နေတာလဲ....ငါ့ရဲ့တိုက်ခိုက်မှုတိုင်းမှာ အင်အားကုန်သုံးထားတာ...ဒါပေမယ့် သူ့ရဲ့ပုံပန်းသွင်ပြင်ကိုကြည့်ရတာ ခွန်အားတချို့ ထိန်ချန်ထားပုံရတယ်...သူက ငါ့ရဲ့တိုက်ခိုက်မှုကို နည်းနည်းလေးမှတောင် ဂရုစိုက်ပုံမရဘူး"

အောင်းကွမ်းက သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ အဆက်မပြတ် ညည်းတွားအော်ဟစ်လိုက်မိသည်။

သူသည် နည်းစနစ်များစွာကို အသုံးပြုခဲ့သော်လည်း လုယွီကို အနိုင်မယူနိုင်ခဲ့ချေ။

"ငါက သူ့ကိုမသတ်နိုင်မှတော့...နောက်ဆုံးတိုက်ခိုက်မှုကို ငါ အသုံးပြုရလိမ့်မယ်"

Chapter 1883

အောင်းကွမ်းက ရုတ်တရက် ကျယ်လောင်စွာအော်ဟစ်ကြုံးဝါးပြီး သူ၏စူးရှသောလက်သည်းများနှင့် သူ၏ခန္ဓာကိုယ်ကို ပြန်လည်ထိုးစိုက်လိုက်၏။

ရုတ်ချည်းဆိုသလိုပင် လက်သည်းများကြားမှနေ၍ မြောက်မြားစွာသောသွေးများ ယိုစီးကျလာပြီးနောက် အောင်းကွမ်း၏မျက်လုံးများ အနီရောင်သို့ပြောင်းလဲသွားသည်။

"နဂါးမျိုးနွယ်ရဲ့သွေးမျိုးဆက်နဲ့ ကျွန်တော်က ဘိုးဘေးနဂါးကို ဆင့်ခေါ်ပါတယ်"

ဝုန်း...ဝုန်း...

လေဟာနယ်တစ်ခုလုံးအနှံ့ ထိုအော်ဟစ်ကြုံးဝါးသံကြီးက ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။ထို့နောက် အောင်းကွမ်း၏နံဘေးပတ်ဝန်းကျင်ရှိလေဟာနယ် စတင်၍ပုံပျက်လာပေ၏။

အောင်းကွမ်း၏နောက်ရှိလေဟာနယ်သည် အမှန်တကယ်ကိုပင် ပျက်စီးသွားပြီး ပါးလွှာသောလေထုအတွင်း၌ လေဟာနယ်အက်ကွဲကြောင်းတစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။

ဤကဲ့သို့လေဟာနယ်အက်ကွဲကြောင်းမျိုးသည် အလွန်အမင်းအန္တရာယ်ကြီးမားပြီး အမျိုးအမည်မသိသော နယ်ခြားကမ္ဘာလောကများနှင့် ဆက်သွယ်ထားခြင်းဖြစ်သည်။တစ်စုံတစ်ယောက်သည် ထိုအက်ကွဲကြောင်းအတွင်းသို့ ခြေချမိသည်နှင့် ဘယ်သောအခါမျှ ပြန်လာနိုင်တော့မည်မဟုတ်ချေ။

ထိုလေဟာနယ်လက်ကွဲကြောင်းအတွင်းမှနေ၍ ရုတ်တရက် နဂါးလက်သည်းတစ်ဖက် ဆန့်ထွက်လာသည်။ထိုနဂါးလက်သည်းသည် ထူထပ်သောအကြေးခွံလွှာဖြင့် ဖုံးလွှမ်းနေပြီး လင်းလက်တောက်ပနေပေ၏။

"ဘိုးဘေးနဂါး...ကျေးဇူးပြု၍"

အောင်းကွမ်း၏အသံနက်ကြီးက ပတ်ဝန်းကျင်နေရာအနှံ့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။

တစ်ချိန်တည်းမှာပင် အောင်းကွမ်း၏အသံသည် ချောက်နက်ကြီးအနှံ့ ပဲ့တင်ထပ်သွားပေ၏။

"ဒါက အရှင်မင်းကြီးရဲ့နတ်ဘုရားစွမ်းရည်မဟုတ်လား...တကယ်ကြီး ရှေးဟောင်းခေတ်က ဘိုးဘေးနဂါးကိုတောင် ဆင့်ခေါ်ရတာပဲ"

"ဒါက ဒီလောကကြီးထဲမှာရှိတဲ့ နဂါးမျိုးနွယ်တွေအားလုံးရဲ့ ဘိုးဘေးပဲ...အရှင်မင်းကြီးလိုမျိုး လက်သည်းငါးချောင်းရွှေရောင်နဂါးတွေရဲ့ သန့်စင်တဲ့သွေးမျိုးဆက်နဲ့ ဒီလိုဆင့်ခေါ်နိုင်တဲ့စွမ်းရည်မျိုးရှိတယ်"

"တော်ဝင်နန်းတော်ရဲ့စစ်ဗိုလ်ချုပ်က အရင်ကအရမ်းမောက်မာခဲ့တာ...ကြည့်ရတာ ဒီတစ်ကြိမ်တော့ သူ့ရဲ့အရှုံးကို ဝန်ခံရလိမ့်မယ်"

ယခင်က အောင်းကွမ်း၏ဆူပူကြိမ်းမောင်းခြင်းကို ခံထားရသော နဂါးများသည် ဒေါသထွက်စပြုလာကြ၏။

တချို့နဂါးများသည် သိုက်ဖုန်းတို့လူစုကို မီးဝင်းဝင်းတောက်သောအကြည့်များဖြင့် စူးစိုက်၍ကြည့်နေကြသည်။

သို့ရာတွင် သူတို့သည် ပုန်းကွယ်နဂါးတပ်ခွဲ၏အင်အားကောင်းမှုကို အစောပိုင်းကမှ ခံစားထားခဲ့ရသဖြင့် မဆင်မခြင်မလုပ်ဝံ့ကြချေ။

သိုက်ဖုန်းတို့လူစုသည်လည်း အလွန်အမင်း စိတ်လှုပ်ရှားနေသည်။လုယွီသည် နဂါးဘုရင်ကြီး၏ပြိုင်ဘက် ဖြစ်နိုင်မဖြစ်နိုင်ကို သူတို့သေချာမပြောနိုင်ချေ။

အကယ်၍ လုယွီသာ ဤနေရာ၌သေဆုံးသွားပါက သူတို့၏ပုန်းကွယ်နဂါးတပ်ခွဲမှလူများအားလုံး သေခြင်းမှလွတ်မြောက်နိုင်မည် မဟုတ်ပေ။

လူတိုင်း စိတ်လှုပ်ရှားစွာဖြင့် စောင့်ဆိုင်းနေကြစဥ်မှာပင် ကြီးမားသောရွှေရောင်ခန္ဓာကိုယ်ကြီးတစ်ခုက ရုတ်တရက် ချောက်နက်ကြီးအတွင်း၌ ထွက်ပေါ်လာသည်။

ဤရွှေရောင်ခန္ဓာကိုယ်ကြီးသည် အလွန်အမင်း ကြီးမားလှ၏။နဂါးမျိုးနွယ်တချို့ပင်လျှင် ဤရွှေရောင်ခန္ဓာကိုယ်ကြီးရှေ့သို့အရောက်တွင် အလွန်အမင်းသေးငယ်သွားပုံရသည်။

"ဒါက အစစ်အမှန်ရှေးဟောင်းဘိုးဘေးနဂါးဆိုရင် ငါ့ရဲ့လက်ရှိကျင့်ကြံဆင့်နဲ့ ဆန့်ကျင်တိုက်ခိုက်နိုင်မှာမဟုတ်ဘူး...ဒါပေမယ့် ဒါက ရှေးဟောင်းဘိုးဘေးနဂါးရဲ့နတ်ဘုရားစိတ်အာရုံ အမျှင်တန်းတစ်စ အဆင့်ပဲရှိတယ်...မင်း အဲ့ဒါကိုအသုံးပြုပြီး ငါနဲ့တိုက်ခိုက်ချင်တာ သေချာလား'

လုယွီ၏အသံသည် အောင်းကွမ်း၏အော်ဟစ်ကြုံးဝါးသံကြီးအပေါ်၌ လွှမ်းမိုးသွားသည်။

လုယွီသည် ပေတစ်သောင်းကျော်မြင့်မားသော ရွှေရောင်ခန္ဓာကိုယ်ကြီးအဖြစ် ပြောင်းလဲလိုက်ပြီး ရုတ်တရက် လက်သီးတစ်ချက်ထိုးနှက်လိုက်ရာ လေဟာနယ်အက်ကွဲကြောင်းအတွင်းမှ ထွက်ပေါ်လာသော နဂါးလက်သည်းကြီးနှင့် ဖီလာဆန့်ကျင် ရိုက်ခတ်မိသွားပေ၏။

ဘုန်း...ဘုန်း...ဘုန်း...

တုန်လှုပ်ချောက်ချားဖွယ် အားလှိုင်းများ၏သက်ရောက်မှုကြောင့် ချောက်နက်ကြီး၏ဘေးနံရံများ ပြင်းပြင်းထန်ထန် တုန်ခါနေသည်။

လုယွီသည် သူ၏လက်သီးမှတဆင့် သူ့အားအစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲနိုင်ပုံရသောစွမ်းအားမျိုးကို ခံစားမိသည်။

"ရှေးဟောင်းဘိုးဘေးနဂါးက တကယ့်ကို အစွမ်းထက်တာပဲ...ဒါပေမယ့် မင်း ငါ့နဲ့တွေ့တာ တကယ့်ကိုကံဆိုးမိုးမှောင်ကျတာပဲ"

လုယွီက ဆက်လက်၍ လက်သီးချက်အနည်းငယ် ထိုးနှက်လိုက်သည်။

အောင်းကွမ်း၏ခွန်အားသည် မြေကမ္ဘာအင်မော်တယ်နယ်ပယ် အစောပိုင်းအဆင့်တွင်သာရှိသည်။ထို့ကြောင့် သူ ဆင့်ခေါ်လိုက်သော ဘိုးဘေးနဂါးသည်လည်း ခွန်အားအလွန်မကောင်းလှချေ။

လုယွီ၏အဆက်မပြတ်တိုက်ခိုက်မှုအောက်တွင် ဘိုးဘေးနဂါးသည် ကြာရှည်တောင့်မခံနိုင်တော့သဖြင့် တဖြည်းဖြည်းနှင့် ပြိုကွဲစပြုလာသည်။

"သူ့မှာ ဘယ်လိုရုပ်ခန္ဓာကိုယ် ရှိနေတာလဲ...အောက်ဘုံမှာတုန်းကလည်း သူက အရမ်းသန်မာအားကောင်းတယ်...ငါက အခု မြေကမ္ဘာအင်မော်တယ်ဖြစ်လာတာတောင် ဘာလို့ ငါ သူ့ကို အသာစီးမရတာလဲ"

အောင်းကွမ်းက သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ ညည်းညူလိုက်မိသည်။

ဘုန်း...

လုယွီက နောက်ထပ်လက်သီးတစ်ချက် ထိုးနှက်လိုက်၏။လေဟာနယ်အက်ကွဲကြောင်းအတွင်းမှထွက်လာသော နဂါးလက်သည်းကြီးသည် နောက်သို့ဆုတ်ခွာရန် အဆင်သင့်ပြင်လိုက်သည်။

"မင်းက ထွက်သွားချင်သေးတာလား..ဒီနေရာကို ရောက်လာပြီးမှတော့ ထွက်သွားဖို့မစဥ်းစားနဲ့"

လုယွီက အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်ပြီးနောက် သူ၏လက်ချောင်းထိပ်မှနေ၍ ဓားချီတစ်လှိုင်း ထွက်ပေါ်လာသည်။

Chapter 1884

ဟူး...

ထိုဓားချီသည် အလွန်အမင်းစူးရှပြီး ပတ်ဝန်းကျင်ရှိလေဟာနယ်ကိုပင် ပြင်းထန်သောလှုပ်ခတ်မှုများ ဖြစ်ပေါ်သွားစေသည်။

ရှေးဟောင်းသိုင်းပညာနည်းစနစ်...အင်မော်တယ်သုတ်သင်ဓားချက်....

လုယွီက အေးစက်စက် အော်ငေါက်လိုက်၏။ထို့နောက် သူ၏လက်ဖဝါးအတွင်းမှဓားချီသည် သူရှေ့ရှိ ဧရာမနဂါးလက်သည်းကြီးထံသို့ဦးတည်၍ ပျံဝဲသွားသည်။

မိုးကောင်းကင်ကြီး တုန်ခါလုမတက် အော်ဟစ်ကြုံးဝါးသံကြီးက လေဟာနယ်အက်ကွဲကြောင်းအတွင်းမှ ထွက်ပေါ်လာသည်။ကြည့်ရသည်မှာ ရှေးဟောင်းဘိုးဘေးနဂါးသည် လုယွီ၏တိုက်ခိုက်မှုကြောင့် ထိတ်လန့်တုန်လှုပ်ပြီး ဒေါသထွက်သွားပုံရသည်။

"မင်း အခုမှ ဒေါသထွက်နေလို့လည်း အသုံးမဝင်ဘူး...ငါက ကောင်းကင်ဘုံဧကရာဇ်ရဲ့အမွေအနှစ်ကို ဆက်ခံနိုင်ခဲ့တဲ့အပြင်...ရှေးဟောင်းကောင်းကင်ဘုံတရားရုံးရဲ့အမွေအနှစ်ကိုလည်း ရရှိခဲ့တယ်...တကယ်လို့ မင်းကိုယ်တိုင် အမှန်တကယ်ရောက်လာရင်တောင် ငါ့ရဲ့အမိန့်ကိုနာခံသင့်တယ်...အခုတော့ မင်းရဲ့လက်တစ်ဖက်ကိုထားခဲ့တာ ပိုကောင်းလိမ့်မယ်"

စကားဆုံးသည်နှင့် လုယွီသည် အင်မော်တယ်သုတ်သင်ဓားချီကို ထိန်းချုပ်ကာ နဂါးလက်သည်းကြီးကို ပြင်းပြင်းထန်ထန်ခုတ်ပိုင်းလိုက်၏။

ဝှစ်...

ဧရာမနဂါးလက်သည်းကြီး ချက်ချင်းဆိုသလိုပင် ပြတ်တောက်သွားတော့သည်။

ပြင်းထန်သောသွေးနံက ရုတ်တရက်ပျံ့နှံ့သွားပြီး မြောက်များစွာသော ရွှေရောင်သွေးများ ဖြာကျလာပေ၏။

ထို့နောက် လေဟာနယ်အက်ကွဲကြောင်းကြီး ဖြည်းဖြည်းချင်း ပြန်ပိတ်သွားသည်။

ပြတ်တောက်သွားသော နဂါးလက်ကြီးမှနေ၍ မြောက်များစွာသော အသက်စွမ်းအင်များ ပွင့်အံထွက်လာသည်။ထိုအရာအတွင်း၌ နဂါးမျိုးနွယ်များ၏နတ်ဘုရားစွမ်းရည်အမြောက်အများ ပါဝင်နေသည်။

ဝုန်း...

လုယွီက နတ်ဘုရားစိတ်အာရုံဖြင့် အာရုံခံကြည့်ရာတွင် ထိုနဂါးလက်ကြီး ပြင်းပြင်းထန်ထန်တုန်ခါသွားသည်။ထိုအရာမှနေ၍ တန်ပြန်အားလှိုင်းတစ်ရပ်ထွက်ပေါ်လာပြီး လုယွီ၏နတ်ဘုရားစိတ်အာရုံကို မောင်းထုတ်ရန် ကြိုးပမ်းလိုက်၏။

"ဟမ့်...ဒါက ငါ့ရဲ့လက်ထဲကို ရောက်လာပြီးမှတော့....မင်းက ငါ ဝါးမျိုဖို့ ဒီလက်ကိုချန်ထားခဲ့တာ ပိုကောင်းလိမ့်မယ်"

လုယွီသည် ဧရာမနဂါးလက်ကြီးကိုဆုပ်ကိုင်၍ သူ၏ရှေးဟောင်းသိုင်းပညာနည်းစနစ်တစ်ခုဖြစ်သော တက်တူမိုးကောင်းကင်အားဝါးမျိုခြင်းကို ထုတ်ဖော်လိုက်သည်။

ထိုကျင့်ကြံနည်းစနစ်သည် လောကကြီးအတွင်းရှိအရာရာတိုင်းကို ဝါးမျိုနိုင်ပြီး သူ၏ကိုယ်ပိုင်ကျင့်ကြံမှုအဖြစ် ပြောင်းလဲပေးနိုင်သည်။

အမတ်ကြီးချွယ်သည် ဤနည်းစနစ်ကိုဖန်တီးခဲ့စဥ်၌ မိုးကောင်းကင်ကိုပင်ဆန့်ကျင်နိုင်သော တည်ရှိမှုကြီးဖြစ်ခဲ့သည်။အကယ်၍ အမတ်ကြီးချွယ်သာ မဟာမိုးကောင်းကင်ရွှေအင်မော်တယ်တစ်ယောက် မဟုတ်ခဲ့ပါက ဤနည်းစနစ်ကို လောကကြီးအတွင်းရှိ မည်သူကမျှ လက်ခံလိမ့်မည်မဟုတ်ချေ။

ထိုလက်မောင်းအတွင်းမှ မြောက်မြားစွာသော မဟာတာအိုဥပဒေသများကို လုယွီက စုပ်ယူလိုက်၏။

လုယွီ၏ခန္ဓာကိုယ်အတွင်း၌ ကျယ်လောင်သောတုန်ခါသံကြီး မြည်ဟီးလာသည်။မဟာတာအို၏လျှို့ဝှက်ဆန်းကြယ်သော တံခါးရှေ့၌ နောက်ထပ် နတ်ဘုရားစွမ်းရည်ဥပဒေသဆယ်ခု ဆက်တိုက် ထွက်ပေါ်လာပေ၏။ထိုဥပဒေသတစ်ခုစီတွင် ရှေ့နောက်လွှဲယမ်းနေသော နဂါးတစ်ကောင်၏ပုံရိပ်ပါရှိသည်။

ဤအချိန်အခိုက်အတန့်တွင် လုယွီ၏မဟာတာအိုအပေါ် နားလည်သဘောပေါက်မှုများ ပို၍နက်ရှိုင်းလာခဲ့သည်။လုယွီသည် နဂါးမျိုးနွယ်များသာ ကျွမ်းကျင်ပိုင်နိုင်ပြီး လူသားမျိုးနွယ်များ တစ်ကြိမ်တစ်ခါမျှ မပိုင်ဆိုင်ဖူးသည့် မှော်နည်းစနစ်အမြောက်အများကို သင်ယူနိုင်ခဲ့လေ၏။

"ကောင်းကင်ဘုံ နဂါးကိုးကောင်​ပြောင်းလဲခြင်း"

လုယွီက ကျယ်လောင်စွာအော်ဟစ်ပြီးလက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။ထိုလက်ဝါးရိုက်ချက်မှနေ၍ အကန့်အသတ်မရှိသောမှော်စွမ်းအားများ ထွက်ပေါ်လာကာ လေဟာနယ်အတွင်း၌ ရွှေရောင်နဂါးတစ်ကောင်အဖြစ် ဖွဲ့စည်းသွားသည်။ထိုနဂါးကြီးသည် ဒေါသတကြီး ကျယ်လောင်စွာဟိန်းဟောက်ပြီး တိမ်တိုက်များအတွင်းသို့ တိုးဝင်သွားပေ၏။

ထိုလက်ဝါးရိုက်ချက်ကြောင့် မိုင်တစ်သောင်းခန့်ကျယ်ဝန်းသော မိုးကောင်းကင်မှတိမ်တိုက်များ ကွဲထွက်သွားရာ အလွန်အမင်း ထူးဆန်းအံ့အားသင့်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင်။

ထိုနတ်ဘုရားစွမ်းအား၏အောက်၌ အောင်းကွမ်း၏ခန္ဓာကိုယ်တစ်ခုလုံး ပြင်းပြင်းထန်ထန်တုန်ရီသွားသည်။

"သောက်ချေးပဲ...အောက်ဘုံမှာရှိနေတုန်းကလည်းငါ သူ့ရဲ့ကျင့်ကြံဆင့်ကို ထွင်းဖောက်မမြင်နိုင်ခဲ့ဘူး...အခုချိန်ထိလည်း ငါ သူ့ရဲ့ကျင့်ကြံဆင့် ဘယ်လောက်ရှိနေပြီလဲဆိုတာ မသိဘူး...ဖြစ်နိုင်တာတော့ သူက မြေကမ္ဘာအင်မော်တယ်နယ်ပယ်ကိုရောက်နေပြီးတော့ ရွှယ်အင်မော်တယ်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်တော့မှာများလား"

အောင်းကွမ်း၏စိတ်နှလုံးသားအတွင်း၌ မြောက်မြားစွာသောအတွေးများ ဖြတ်ပြေးသွားသည်။ယခင်က သူ လုယွီအား သတ်ဖြတ်ရန်ရည်ရွယ်ခဲ့သည့် အတွေးများမှာလည်း သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ အပြီးတိုင်ပျောက်ကွယ်သွားလေပြီ။

လုယွီသည် ရှေးဟောင်းဘိုးဘေးနဂါး၏ကိုယ်ပွါးပုံရိပ်ယောင်မှလက်ကိုပင် ဝါးမျိုပြီးသန့်စင်ခဲ့သူဖြစ်သည်။အကယ်၍ လုယွီသာ သူ့အား သတ်ဖြတ်လိုပါက အလွန်ရိုးရှင်းသောကိစ္စတစ်ရပ်သာဖြစ်ပေမည်။

"အောင်းကွမ်း....ငါ မင်းကိုမေးမယ်...မင်း အညံခံမှာလား"

လုယွီသည် တိမ်တိုက်များအကြား၌ မတ်တတ်ရပ်နေပြီး ကျယ်လောင်သောအသံဖြင့် မေးမြန်းလိုက်၏။

အောင်းကွမ်းက ပျာပျာသလဲ တုံ့ပြန်ပြောဆိုသည်။

"ကျွန်တော် အောင်းကွမ်းက အရှင့်ကို ကျွန်တော်ရဲ့အရှင်သခင်ဖြစ်လာဖို့ ဆန္ဒရှိပါတယ်"

ဤအချိန်အခိုက်အတန့်တွင် အောင်းကွမ်းသည် အကြွင်းမဲ့အညံခံလိုက်လေပြီ။

လုယွီက အေးစက်စက်နှာမှုတ်ပြီး သူ၏အင်္ကျီလက်စကိုခါယမ်းကာ မိုးကောင်းကင်ယံမှ ဆင်းသက်လာသည်။

နဂါးမျိုးနွယ်များ၏နတ်ဘုရားစွမ်းရည်ကို ဝါးမျိုပြီးနောက် လုယွီ၏ခန္ဓာကိုယ်အတွင်း၌ မြင့်မြတ်သောနဂါးစွမ်းအား အရိပ်အယောင်များ ကြွင်းကျန်နေရစ်သည်။နံဘေးဘက်၌ရှိနေသော အောင်းကွမ်းသည် ထိုအရာကိုအာရုံခံမိချိန်တွင် သူ၏မျက်နှာပေါ်၌ အံ့အားသင့်သောအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

"ထူးဆန်းလိုက်တာ...သူက အစစ်အမှန်နဂါးတစ်ကောင်လို့ ငါ ဘာလို့ခံစားနေရတာလဲ...ထူးဆန်းတယ်...တော်တော်ကို ထူးဆန်းတယ်"

အောင်းကွမ်းက တိတ်တဆိတ် ညည်းတွားလိုက်၏။

လုယွီသည် အောင်းကွမ်းကိုတစ်ချက်ကြည့်ပြီး ထပ်မံ၍အာရုံစူးစိုက်ခြင်းမရှိတော့ချေ။ထိုအစား သူက လှိုဏ်ဂူထံသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းသွားလိုက်သည်။

"မင်း အရင်က ဒီနေရာကျင့်ကြံနေတုန်းက...ထူးဆန်းတဲ့ မတော်တဆကိစ္စမျိုးတွေနဲ့ ကြုံတွေ့ရသေးလား"

လုယွီက မေးမြန်းသည်။

Chapter 1885

လုယွီ၏မေးခွန်းကိုကြားချိန်တွင် အောင်းကွမ်းက ကြက်သေသေသွားသည်။

ထို့နောက်မှသာ အောင်းကွမ်းသည် တစ်စုံတစ်ခုကို တွေးတောမိသွားပုံရပြီး ချက်ချင်းပြောဆိုလိုက်၏။

"ဒီလှိုဏ်ဂူထဲမှာရှိတဲ့အော်ရာတွေက ပြင်ပထက် အများကြီးပိုအားကောင်းတာကို ကျွန်တော်က တွေ့ရှိခဲ့တယ်....တကယ်လို့ ဒီနေရာမှာသာ ကျွန်တော်ဆက်ပြီး ကျင့်ကြံမယ်ဆိုရင်...အချိန်ကုန်အများကြီး သက်သာနိုင်တယ်"

လုယွီက ခေါင်းညိတ်ပြလိုက်သည်။

"ဒီနေရာမှာရှိတဲ့အော်ရာတွေက တကယ့်ကို ပုံမှန်မဟုတ်ဘူး"

အမ်...

အောင်းကွမ်းက တစ်စုံတစ်ခုကို တွေးတောမိသွားပုံဖြင့် အလျှင်အမြန်မေးမြန်းလေသည်။

"ဖြစ်နိုင်တာတော့ ဒီနေရာနဲ့ပတ်သတ်ပြီး ထူးခြားချက်တစ်ခုခုများ ရှိနေလို့လား...ကျွန်တော် ဒီနေရာကို ပထမဆုံးရောက်တဲ့အချိန်တုန်းက နည်းနည်းတော့ လှည့်ပတ်ရှာဖွေခဲ့ဖူးတယ်...ဒါပေမယ့် ဆေးပင်တချို့ကလွဲပြီး ကျန်တာဘာမှမတွေ့ခဲ့ရဘူး"

လုယွီက သူ၏မျက်လုံးကိုစုံမှိတ်ပြီးနောက် သူ့စိတ်ဝိညာဥ်မှစွမ်းအားများကို ပတ်ဝန်းကျင်အား ဖြန့်ကျက်လိုက်၏။

ဤအချိန်အခိုက်အတန့်တွင် လုယွီသည် သူ၏ခွန်အားကို ဖုံးကွယ်ထားခြင်း မရှိတော့ချေ။

လုယွီ၏နံဘေး၌ မတ်တတ်ရပ်နေသော အောင်းကွမ်းသည် ထိုစွမ်းအားများကို ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။ဤအချိန်အခိုက်အတန့်တွင် လုယွီသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ထွင်းဖောက်မြင်နိုင်သကဲ့သို့ ခံစားနေရ၏။လုယွီ၏ရှေ့၌ သူ မည်သည့်လျှို့ဝှက်ချက်မျိုးမျှ ဖုံးကွယ်ထား၍မရသကဲ့သို့ပင်။

"သူ့ရဲ့စိတ်ဝိညာဥ်က ဘယ်လောက်ထိ သန်မာအားကောင်းနေပြီလဲ"

အောင်းကွမ်းက သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ ညည်းတွားလိုက်သည်။သူ၏လုယွီအပေါ် သစ္စာစောင့်သိမှုများ ပို၍ပင်မြင့်တက်လာပေ၏။

စိတ်ဝိညာဥ်မှစွမ်းအားဖြင့် စုံစမ်းထောက်လှမ်းမှုအောက်တွင် ပတ်ဝန်းကျင်ရှိမြင်ကွင်းများအားလုံး လုယွီ၏ရှေ့၌ ထွက်ပေါ်လာသည်။

လောကီအင်မော်တယ်နယ်ပယ်သို့အရောက်တွင် လုယွီ၏ စိတ်ဝိညာဥ်သည် ပို၍ပင်အစွမ်းထက်လာပေ၏။

ပတ်ဝန်းကျင်ရှိ သစ်ပင် မြက်ပင်များအပြင် ဖုန်မှုန့်တစ်စပင် လုယွီ၏အမြင်အာရုံအောက်မှ လွတ်မြောက်သွားခြင်းမရှိချေ။

"သေချာတာပေါ့...မြေကြီးအောက်မှာ တစ်ခုခု ပုန်းကွယ်ပြီးရှိနေတယ်"

လုယွီ၏မျက်လုံးများ တောက်ပသွားသည်။ရုတ်ချည်းဆိုသလိုပင် လုယွီသည် မြေကမ္ဘာလွတ်မြောက်နည်းစနစ်ကိုအသုံးပြုကာ မြေကြီးအတွင်းသို့ ငုပ်လျှိုးလိုက်၏။

အောင်းကွမ်းသည်လည်း ထိုမြင်ကွင်းကိုမြင်သည်နှင့် လုယွီ၏နောက်မှ လိုက်ပါသွားတော့သည်။

သူတို့နှစ်ယောက်လုံးသည် အစွမ်းထက်ကျင့်ကြံသူများဖြစ်သည်။တာအိုတတိယဆင့်သို့ရောက်ရှိလာသော မည်သည့်ကျင့်ကြံသူမဆို မိုးကောင်းကင်ပေါ်ပျံသန်းခြင်းနှင့်မြေငုပ်လျှိုးခြင်းတို့အတွက် သူတို့၏အတွေးတစ်ချက်သာလိုအပ်သည်။

မြေသားလွှာအတော်များများကို ဖြတ်သန်းပြီးနောက် အောက်ခြေရှိမြေသားများသည် တစတစပို၍မာကြောလာပြီး ကျောက်သားထုအလွှာများဖြစ်ပေါ်လာသည်။

မြေအောက်လောကနတ်ဘုရားရဲ့အမျက်ဒေါသ...

အတွေးတစ်ချက်ဖြင့်ပင် လုယွီ၏ခန္ဓာကိုယ်နံဘေးပတ်လည်မှ ခေါင်းဖြတ်ဓားချီလှိုင်းများ ထွက်ပေါ်လာသည်။သူသည် သူ့ရှေ့ရှိကျောက်သားလွှာများကို ဖြတ်တောက်ကာ သူ့ခန္ဓာကိုယ်သည် ဓားတစ်ချောင်းအလား မြေပြင်အတွင်းသို့ ထိုးစိုက်ဝင်သွားခဲ့သည်။

"အရှင်...ဒီနေရာက မြေအောက်မီတာသုံးသောင်းအနက်ကို ရောက်နေပြီ...ဒီနေရာမှာ ဘာမှမရှိဘူး"

အောင်းကွမ်းက အနည်းငယ် ဇဝေဇဝါဖြစ်နေလေ၏။

ဤနေရာသည် ကြယ်နယ်မြေ၏ဗဟိုချက်နှင့် နီးကပ်နေသဖြင့် ပတ်ဝန်းကျင်အပူရှိန် မြင့်တက်စပြုလာသည်။

ထို့ပြင် ကြယ်နယ်မြေဗဟိုချက်၌ မြေကမ္ဘာနတ်ဆိုးဟုခေါ်သော သက်ရှိသတ္တဝါများရှိနေသည်။

မြေကမ္ဘာနတ်ဆိုးများသည် မြေအောက်တွင်သာ မွေးဖွားကြီးပြင်းကြပြီး နေရောင်ကိုမြင်တွေ့ဖူးခြင်းမရှိချေ။သူတို့သည် မြေအောက်အတွင်းရှိ အရင်းအမြစ်များပေါ်တွင်သာမှီခို၍ အသက်ရှင်သန်ကြရ၏။

ထိုအကြောင်းအရင်းများကြောင့် မြေကမ္ဘာနတ်ဆိုးများ၌ ရက်စက်ကြမ်းကြုတ်သောစရိုက်သဘာဝရှိသည်။သူတို့၏အသက် ရှင်သန်နိုင်ရေးအတွက် သူတို့သည် တခြားမြေအောက်သတ္တဝါအမြောက်အများကို သတ်ဖြတ်နေရန်လိုအပ်သည်။

ဤအချိန်အခိုက်အတန့်တွင် မြောက်မြားစွာသော မြေကမ္ဘာနတ်ဆိုးများသည် လုယွီနှင့်အောင်းကွမ်း၏နံဘေးပတ်လည်၌ စုဝေးနေကြ၏။

အပေါ်ယံတွင် ထိုနတ်ဆိုးများသည် ရက်စက်ကြမ်းကြုတ်သော ပုံပန်းသွင်ပြင်မျိုးရှိသည်။သူတို့၏မျက်လုံးများနှင့်နှာခေါင်းများသည် ပုံပျက်ပန်းပျက်ဖြစ်နေပြီး သူတို့၏မျက်နှာသည် မျက်နှာပုံသဏ္ဍာန်မရှိသော သရဲတစ္ဆေများနှင့်တူညီနေသည်။

မြေကမ္ဘာနတ်ဆိုးများသည် အုပ်စုဖွဲ့နေထိုင်လေ့ရှိပြီး ဤအချိန်၌ ထောင်သောင်းချီသောနတ်ဆိုးများသည် လုယွီတို့နှစ်ယောက်ထံ တိုးဝင်လာကြ၏။

"အသုံးမကျတဲ့ကောင် တစ်သိုက်ကများ...ဒီနေရာက ချက်ချင်းထွက်သွားစမ်း"

အောင်းကွမ်းသည် သူ၏နဂါးဘုရင်အရှိန်အဝါကို ချက်ချင်းဆိုသလိုပင် ထုတ်လွှက်လိုက်သည်။မြေကမ္ဘာအင်မော်တယ်တစ်ယောက်ထံမှ ဖိအားအရှိန်အဝါသည် ပတ်ဝန်းကျင်ရှိ မြေကမ္ဘာနတ်ဆိုးများအားလုံးကို တုန်လှုပ်ချောက်ချားစေနိုင်စွမ်းရှိသည်။

သို့ရာတွင် ထိုတုန်လှုပ်ချောက်ချားမှုသည် ယာယီအခိုက်အတန့်ပင်။

သူတို့နှစ်ယောက်သည် ဆက်လက်၍ မြေပြင်အတွင်းသို့ ငုပ်လျှိုးခဲ့သည်နှင့်အမျှ ပတ်ဝန်းကျင်တွင် မြေကမ္ဘာနတ်ဆိုးများ ပို၍ပို၍ စုဝေးလာသည်။တချို့အစွမ်းထက်မြေကမ္ဘာနတ်ဆိုးတချို့ပင် သူတို့၏နံဘေးနားသို့ ချဥ်းကပ်လာသည်။

"အရှင်...ကျွန်တော်တို့ ပြန်သွားသင့်လား"

အောင်းကွမ်း၏နဖူးထက်မှ ချွေးစေးများ စီးကျနေပေ၏။

သူသည် ​မြေကမ္ဘာနတ်ဆိုးတစ်စုကို သုတ်သင်နိုင်သည်။သို့ရာတွင် ထိုမြေကမ္ဘာနတ်ဆိုးသည် အကန့်အသတ်မရှိလေရာ သူတို့အားလုံးကို သူ သတ်ဖြတ်နိုင်မည်မဟုတ်ချေ။

အကယ်၍ သူသာ ဤနေရာ၌သေဆုံးသွားပါက မျက်တောင်တခတ်စာအချိန်အတွင်းမှာပင် သူ၏ခန္ဓာကိုယ်သည် မြေကမ္ဘာနတ်ဆိုးများမှဝါးမျိုခြင်းကြောင့် အရိုးအစအနပင်ကျန်မည်မဟုတ်ပေ။

"ငါ့ကို ဘေးကနေကာကွယ်ပေးထားစမ်း...အခုချိန်မှာ ဒီမြေကမ္ဘာနတ်ဆိုးတွေကိုအာရုံစိုက်ဖို့ ငါ့မှာအချိန်မရှိဘူး"

လုယွီက တည်ငြိမ်စွာ ပြောလိုက်သည်။

Thank For Reading.

All Chapters