← Chapters

အခန်း (၁၈၉၆-၁၉၀၀)

Vol. 98 Ch. 1896-1900

အခန်း (၁၈၉၆-၁၉၀၀)

Vol. 98 Ch. 1896-1900

Chapter 1896

"နတ်ဆိုးသားရဲမျိုးနွယ်လား"

လျိုရှောင်က အံ့အားသင့်သွားသော်လည်း ချက်ချင်းဆိုသလိုပင် သူမ၏ဒေါသများသည် ပျော်ရွှင်မှုအဖြစ်သို့ ပြောင်းလဲသွားပေ၏။

"ကောင်းတယ်...နင် ငါနဲ့အတူပူးပေါင်းပြီး အဲ့ဒီလေဟာနယ်ဓားပြအုပ်စုကို အမြှစ်ပြတ်သုတ်သင်ကြရအောင်...ကိစ္စတွေအားလုံးပြီးတာနဲ့ ငါ နင့်ကို ဆုချီးမြှင့်မယ်"

သူမ၏အမြင်အရ ဤနတ်ဆိုးသားရဲများသည် တော်ဝင်နန်းတော်မှ မွေးမြူထားသော ကြမ်းကြုတ်ရက်စက်သည့် သားရဲများသာဖြစ်ပေမည်။

ယခုလက်ရှိချိန်၌ လေဟာနယ်ဓားပြများကို အခွင့်အရေးရှိနေသဖြင့် ထိုနတ်ဆိုးသားရဲများသည် သူမတို့ထံသို့ လာရောက်ပူးပေါင်းခြင်း ဖြစ်ပေလိမ့်မည်။

အစိမ်းရောင်ဝတ်စုံဝတ်အမျိုးသမီးသည် လျိုရှောင်ကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး ကျယ်လောင်စွာအော်ဟစ်ရယ်မောလိုက်၏။

"နင်က အရူးတစ်ယောက်ပဲ...ငါ့ကို ဒဏ်ရာရအောင်လုပ်ခဲ့တဲ့သူက နင် မဖြစ်နိုင်ဘူး"

"သူတို့နဲ့ ဘာစကားမှထပ်ပြောနေစရာမလိုဘူး...သူတို့ကို သတ်ပစ်လိုက်တော့"

အနီရောင်ဝတ်စုံဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက် ထပ်မံ၍ထွက်ပေါ်လာသည်။

အကယ်၍ တစ်စုံတစ်ယောက်မှ အနီးကပ်ကြည့်ရှုပါက အနီရောင်ဝတ်စုံဝတ်အမျိုးသမီးနှင့်အစိမ်းရောင်ဝတ်စုံဝတ်အမျိုးသမီးတို့တွင် တူညီမှုတချို့ရှိနေသည်ကို တွေ့မြင်ရပေမည်။

လျိုရှောင်က ခနဲ့တဲ့တဲ့ ပြောဆိုလိုက်၏။

"ကောင်းတယ်...နင်တို့ခွေးမတွေက တော်ဝင်နန်းတော်ကအမိန့်ကို မလိုက်နာဘဲ နေဝံ့ကြတယ်ပေါ့လေ"

"နင် ဘာစကားပြောတာလဲ"

အနီရောင်ဝတ်စုံဝတ်အမျိုးသမီးသည် အေးစက်စက်နှာမှုတ်ပြီး သူမ၏မျက်လုံးအတွင်း၌ အနီရောင်အလင်းတန်းများ ဖြတ်ပြေးသွားသည်။

ရုတ်ချည်းဆိုသလိုပင် အနီရောင်ဝတ်စုံဝတ်အမျိုးသမီးက လျိုရှောင်ထံဦးတည်၍ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။

လျိုရှောင်သည် သူမ၏ဆေဘာဓားကိုမြှောက်၍ ပိတ်ဆို့ဟန့်တားပြီး သူမတို့နှစ်ယောက် စတင်၍ တိုက်ခိုက်ကြတော့သည်။

သို့ရာတွင် အနီရောင်ဝတ်စုံဝတ်အမျိုးသမီးသည် အလွန်အစွမ်းထက်သူဖြစ်မည်ဟု သူမ မျှော်လင့်မထားမိချေ။သူမသည် မည်သည့်နည်းနှင့်မျှ သာမာန်နတ်ဆိုးမှော်သားရဲတစ်ကောင် မဟုတ်နိုင်ပေ။

အကြိမ်ပေါင်းရာနှင့်ချီ၍ တိုက်ကွက်ချင်းဖလှယ်ပြီးနောက် လျိုရှောင် ရှုံးနိမ့်သွားတော့သည်။

"ဗိုလ်ချုပ်...ကျွန်တော် ကူညီပေးမယ်"

လုကျင်းရှန့်က ကျယ်လောင်စွာအော်ဟစ်ပြီး သူ၏လှံရှည်ကိုမြှောက်၍ တရကြမ်းပြေးဝင်သွားခဲ့သည်။

လုကျင်းရှန့် ပြေးလာသည်ကိုကြည့်ပြီး အနီရောင်ဝတ်စုံဝတ်အမျိုးသမီးက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်၏။

"ပုရွတ်ဆိတ်တစ်သိုက်က ငါ့ကိုတိုက်ခိုက်ဝံ့တယ်ပေါ့လေ....မြင့်မြတ်သောနတ်ဘုရား...ကျေးဇူးပြုပြီး ကျွန်မကို ကူညီပေးပါ"

အနီရောင်ဝတ်စုံဝတ်အမျိုးသမီး၏နောက်ရှိ ယဇ်ပလ္လင်မှနေ၍ ရုတ်တရက် အနက်ရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး သူမပေါ်သို့ တန်းတန်းမတ်မတ် ကျရောက်သွားသည်။

အနက်ရောင်အလင်းတန်းများ၏ ကောင်းချီးပေးခြင်းကိုခံရပြီးနောက် သူမ၏ကျင့်ကြံဆင့်နယ်ပယ် မြင့်တက်လာပြီး မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ ရောက်ရှိသွားတော့သည်။

"သေစမ်း..."

အနီရောင်ဝတ်စုံဝတ်အမျိုးသမီး၏မျက်လုံးများက နီမြန်းနေသည်။ထို့နောက် သူမ၏လက်ကို လက်သည်းများအဖြစ် ပြောင်းလဲပြီး ရှေ့သို့ဦးတည်၍ ပြင်းပြင်းထန်ထန် ကုတ်ဆွဲလိုက်၏။

ရက်စက်ကြမ်းကြုတ်သော လက်သည်းများသည် ပြင်းထန်သောလေပြင်းကိုသယ်ဆောင်ကာ လျိုရှောင်တို့ထံသို့ တိုးဝင်လာသည်။လျိုရှောင်သည် တောင်ကြီးတစ်လုံးကဲ့သို့ လေးလံသောဖိအားအရှိန်အဝါတစ်ရပ်က သူမထံသို့ သက်ရောက်လာခြင်းကို ခံစားမိသည်။

ပတ်ဝန်းကျင်ရှိ လေဟာနယ်ကိုလည်း ချိပ်ပ်တ်ခံထားရလေပြီ။

လုကျင်းရှန့်က ထိတ်လန့်တုန်လှုပ်သွားသည်။

ဤသည်က မြေကမ္ဘာအင်မော်တယ်တစ်ယောက်ထံတွင်သာရှိသော စွမ်းအားမျိုးပင်။

"ဂရုစိုက်"

လုကျင်းရှန့်သည် လျိုရှောင်ကို သူ့နောက်သို့ပို့၍ အလျှင်အမြန် ပိတ်ဆို့ကာကွယ်လိုက်၏။

ရွှပ်ခနဲအသံနှင့်အတူ လုကျင်းရှန့်၏ခန္ဓာကိုယ်ပေါ်ရှိသံချပ်ကာ တစစီကြေမွပျက်စီးသွားသည်။လုကျင်းရှန့်သည် လောကီအင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။သူ၏ခန္ဓာကိုယ်ရှိ မှော်စွမ်းအားများကို လှည့်ပတ်၍ အကာအကွယ်မှော်စွမ်းအင်အလွှာကိုဖန်တီးကာ သူ၏ခန္ဓာကိုယ်ကို ကာကွယ်လိုက်၏။

သို့ရာတွင် သူ၏အကာအကွယ်မှော်စွမ်းအင်အလွှာသည်လည်း ထိုပြင်းထန်သောတိုက်ခိုက်မှုကို အပြည့်အဝ ခုခံကာကွယ်နိုင်စွမ်းမရှိချေ။

ဘန်းခနဲမြည်သံနှင့်အတူ လုကျင်းရှန့်က နောက်သို့လွင့်ထွက်သွားတော့သည်။

လျိုရှောင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ငါ နင့်ကို ကယ်ခိုင်းလို့လား...တကယ်လို့ နင်သာ ငါ့ကို ဟန့်တားမထားဘူးဆိုရင် အဲ့ဒီနတ်ဆိုးမကို ငါ တစ်ချက်တည်းနဲ့ သတ်ပြီးနေလောက်ပြီ"

ဤအချိန်ထိတိုင် အခြေအနေသည် အရေးပေါ်ဖြစ်နေခြင်းကို သူမက လက်ခံခြင်းမရှိသေးချေ။

နောက်သို့လွင့်ထွက်သွားသော လုကျင်းရှန့်ကို သူ၏စစ်သားများက ဖမ်းယူထားလေ၏။

မည်သို့ပင်ဆိုစေကာမူ စစ်တပ်မှလူများသည် အရေအတွက်အားဖြင့် သာလွန်နေသော်လည်း တစ်ဖက်ရန်သူတစ်ယောက်ချင်းစီသည် လူတစ်ထောင်ကို တစ်ယောက်တည်းဖြင့်တိုက်ခိုက်နိုင်သော အစွမ်းထက်ကျင့်ကြံသူများဖြစ်သည်။

"ထားလိုက်တော့...ထပ်ပြီးမတိုက်ခိုက်နဲ့တော့...မြင့်မြတ်တဲ့နတ်ဘုရားကို သက်ရှိတွေနဲ့ယဇ်ပူဇော်ကြရအောင်"

အနီရောင်ဝတ်စုံဝတ်အမျိုးသမီး၏နောက်မှနေ၍ ရုတ်တရက် ခါးကုန်းအဖိုးအိုတစ်ယောက် ထွက်ပေါ်လာသည်။

တောင်ဝှေးတစ်ချောင်းကို ကိုင်ဆောင်ထားသော ခါးကုန်းအဖိုးအိုသည် သူတို့ထံဦးတည်၍ လျှောက်လှမ်းလာပေ၏။သူ၏ခြေလှမ်းများသည် အလွန်နှေးကွေးပြီး သူ့ကိုကြည့်ရသည်မှာ အလွန်အမင်း အိုမင်းရင့်ရော်နေသည်။

သို့ရာတွင် သူ ခြေလှမ်းတစ်လှမ်းလှမ်းလိုက်တိုင်း မြောက်များစွာသော တာအိုလှိုင်းဂယက်များ အတွင်း၌ကိန်းအောင်းနေသကဲ့သို့ လူအများ၏စိတ်နှလုံးသားကို လေးလံသွားစေသည်။

ထိုခါးကုန်းအဖိုးအိုကိုကြည့်ပြီး လျိုရှောင်က အံ့အားသင့်တုန်လှုပ်နေသောအသံဖြင့် ပြောဆိုသည်။

"အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင်....ရှင်က ဒီနေရာကို ဘယ်လိုလုပ်ပြီးရောက်လာတာလဲ"

ထို့နောက် လျိုရှောင်က တစ်စုံတစ်ခုကို တွေးတောမိသွားပုံဖြင့် ရုတ်တရက် ရယ်မောလိုက်၏။

"အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင်...ရှင်က သူတို့ကိုလှည့်ဖျားပြီး ကျွန်မရဲ့အသက်ကို ကယ်တင်ချင်တာလား...ပြီးတော့မှ အခွင့်အရေးရှာပြီး သူတို့ကို ပြန်တိုက်ခိုက်မှာလား...မလိုအပ်ဘူး...ရှင်နဲ့ကျွန်မရဲ့ ပူးပေါင်းအင်အားနဲ့ဆိုရင် အဲ့ဒီနတ်ဆိုးမှော်သားရဲတွေက ငါတို့ရဲ့ပြိုင်ဘက်မဖြစ်နိုင်ဘူး'

Chapter 1897

ယခုလက်ရှိချိန်တိုင် လျိုရှောင်သည် နတ်ဆိုးမျိုးနွယ်များ သူမ၏ဘက်တွင်ရှိနေသည်ဟု စိတ်ကူးယဥ်နေဆဲပင်။

သူမက ကျယ်လောင်စွာအော်ဟစ်ရယ်မောပြီး ပြောဆိုသည်။

"နင်တို့တွေ ဘယ်လိုနတ်ဆိုးမှော်နည်းစနစ်တွေသုံးနေတယ်ဆိုတာ ငါ မသိပေမယ့်...တော်ဝင်စစ်တပ်ရဲ့ရှေ့မှာတော့ နင်တို့က ခွေးတစ်သိုက်အဆင့်ပဲရှိတယ်...တိုက်ခိုက်မှုတစ်ခုကိုတောင် ခုခံနိုင်မှာမဟုတ်ဘူး"

အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင်က ထူးဆန်းသောရယ်မောသံကြီးနှင့်ရယ်မောပြီး တုံ့ပြန်ပြောဆိုလိုက်၏။

"မင်းက ငါ့ရဲ့အစစ်အမှန်ခန္ဓာကိုယ်က ဘာလဲဆိုတာကို မေ့နေမှာ ငါ စိုးရိမ်မိတယ်"

"ရှင်ရဲ့အစစ်အမှန်ခန္ဓာကိုယ်က လိပ်နက်....."

ထိုအချက်သို့အရောက်တွင် လျိုရှောင်က ရုတ်တရက် ကြက်သေသေသွားသည်။

လိပ်နက်သည်လည်း နတ်ဆိုးသားရဲမျိုးနွယ်တစ်ခုပင်။

လျိုရှောင်သည် ထိတ်လန့်တုန်လှုပ်သွားပေ၏။

"ဘာလဲ...ရှင်ကလည်း ပုန်ကန်မှုမှာ ပါဝင်ပတ်သတ်နေတာလား"

"ပုန်ကန်တယ်လို့ မင်းက ဆိုလိုချင်တာလား...တာယွီအင်ပါယာရဲ့အရာရှိရာထူးကို ငါ ယူထားတာက ယာယီအဆင်ပြေဖို့အတွက်ပဲ...မြင့်မြတ်တဲ့နတ်ဘုရား နိုးထလာချိန်ကျရင် တော်ဝင်နန်းတော်ကလူတွေအားလုံး အကြောက်တရားက ဘာလဲဆိုတာ သိရလိမ့်မယ်"

အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင်က အော်ဟစ်ရယ်မောလေသည်။သူ၏ခါးကုန်းပြီးချည့်နဲ့နေသောခန္ဓာကိုယ် ရုတ်တရက် ဖြောင့်တန်းသွားသည်။

ရုတ်ချည်းဆိုသလိုပင် အားကောင်းသော စိတ်ဝိညာဥ်စွမ်းအင်များသည် အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင်၏အရိုးအကြောနှင့်ကြွက်သားများအတွင်းသို့ စီးဝင်သွားကာ မူလက သူ၏ပိန်ပါးပြီးချည့်နဲ့နေသောခန္ဓာကိုယ်ကို အလျှင်အမြန် ဖောင်းကားလာစေသည်။

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင်သည် အဖိုးအိုတစ်ယောက်အဖြစ်မှနေ၍ တုတ်ခိုင်သန်မာသော လူဘီလူးကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။

သူ၏လက်အတွင်းမှတောင်ဝှေးကို လွှဲယမ်းလိုက်ခြင်းနှင့်အတူ သူက အနက်ရောင်ပုံရိပ်တစ်ခုအသွင်ပြောင်းလဲပြီး စစ်တပ်ကြီးထံသို့ ပြေးဝင်၍တိုက်ခိုက်လေ၏။

သူရှေ့၌ ထောင်နှင့်ချီသောစစ်သားများ ရှိနေသည်။သို့ရာတွင် သူတို့သည် အနက်ရောင်အရိပ်၏ရိုက်နှက်ခြင်းခံရပြီးနောက် ချက်ချင်းပင် မြေပြင်ပေါ်သို့လဲကျသွားတော့သည်။စစ်သားအများစုသည် အချိန်မီရှောင်ရှားနိုင်ခြင်းမရှိသဖြင့် တောင်ဝှေးရိုက်ချက်၏အောက်၌ အသက်ပျောက်သွားကြသည်။

ကြွင်းကျန်သောစစ်သားများသည် တိုက်ခိုက်မှုကို ရှောင်ရှားနိုင်ခဲ့သော်လည်း သူတို့သည် နာကျင်မှုကြောင့် ညည်းတွားနေရဆဲပင်။သူတို့အားလုံး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားသည်မှာ သိသာထင်ရှားလှ၏။

"အတင့်ရဲလှချည်လား"

ထိုမြင်ကွင်းကိုမြင်သည်နှင့် လျိုရှောင်က အလွန်အမင်း ဒေါသထွက်သွားသည်။သူမက ဆေဘာဓားကိုကိုင်မြှောက်၍ အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင်ထံသို့ ပြေးဝင်၍တိုက်ခိုက်လိုက်သည်။

မည်သို့ပင်ဆိုစေကာမူ သူမ၏ဆေဘာဓားချီသည် အလွန်အစွမ်းထက်သော်လည်း အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင်နှင့်ရင်ဆိုင်ရာ၌ အနည်းငယ်အစွမ်းအစကင်းမဲ့နေပေ၏။

"ဆံပင်အဝါရောင်နဲ့ကောင်မလေး...ငါ ကြယ်မြစ်တစ်ခုကို အမိန့်ပေးနေတဲ့အချိန်တုန်းက...မင်း မွေးတောင်မွေးအုံးမှာမဟုတ်ဘူး"

အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင်၏အသံသည် အလွန်အမင်း လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိပြီး လျိုရှောင်ကို ဖိနှိပ်ရန်အတွက် သူ၏လက်ကို ဆန့်ထုတ်လိုက်သည်။

"ဗိုလ်ချုပ်...."

လုကျင်းရှန့်သည် အလွန်အမင်းဒေါသထွက်နေသဖြင့် သူ၏မျက်လုံးများ ပြူးကျယ်နေသည်။သူ၏လက်အတွင်းရှိလှံရှည်သည် ချက်ချင်းဆိုသလိုပင် ပေတစ်ထောင်ခန့်ရှည်လျားသွားပေ၏။

သူသည် ယခုလက်ရှိချိန်၌ လျှို့ဝှက်နည်းစနစ်ကို အသုံးပြုလိုက်ခြင်းဖြစ်သည်။

မှော်မန္တန်များနှင့်တူညီသော အဆောင်လက်ဖွဲ့များသည် လုကျင်းရှန့်၏ခန္ဓာကိုယ်မှနေ၍ ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ရစ်ပတ်သွားပေ၏။

ထို့နောက် ဗုဒ္ဓမန္တန်ရွတ်ဆိုသည့်အသံများက လုကျင်းရှန့်၏နောက်မှ ထွက်ပေါ်လာသည်။

"ဗုဒ္ဓရဲ့ကျင့်ကြံနည်းစနစ်လား"

အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်က အံ့အားတသင့် ရေရွတ်လိုက်သည်။

အနီရောင်ဝတ်စုံဝတ်အမျိုးသမီးနှင့်အစိမ်းရောင်ဝတ်စုံဝတ်အမျိုးသမီးတို့သည် လုကျင်းရှန့်အားဟန့်တားရန် ရှေ့သို့တရကြမ်းတိုးဝင်လာကြ၏။သို့ရာတွင် မမျှော်လင့်ဘဲ လီကျင်းရှန့်၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော စွမ်းအားများသည် အလွန်အစွမ်းထက်သဖြင့် သူမတို့နှစ်ယောက်လုံး နောက်သို့ လွင့်ထွက်သွားသည်။

ထိုအမျိုးသမီးနှစ်ယောက်လုံးသည် ယဇ်ပလ္လင်မှစွမ်းအားများရရှိထားသဖြင့် သူမတို့ထံတွင် မြေကမ္ဘာအင်မော်တယ်ကျင့်ကြံဆင့်နှင့်ညီမျှသော ခွန်အားရှိသည်။

သို့ရာတွင် သူမတို့၏တိုက်ခိုက်မှုများ လုကျင်းရှန့်၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည့်တိုင် သူ့ထံတွင် မည်သည့်ထိခိုက်နာကျင်မှုမျှ ရှိပုံမရချေ။လုကျင်းရှန့်၏ခန္ဓာကိုယ်အရေပြားမှနေ၍ သတ္ထုနှင့်ကျောက်တုံး ရိုက်ခတ်မိသောအသံမျိုးသာ ထွက်ပေါ်လာသည်။

တခြားစစ်သားများသည်လည်း လုကျင်းရှန့်နှင့်အတူပူးပေါင်း၍ စတင်၍ တန်ပြန်တိုက်ခိုက်ကြတော့သည်။

ဤတစ်ကြိမ်တွင် မြောက်များစွာသော မှော်မန္တန်များ စုစည်း၍ကျရောက်လာခြင်းဖြစ်သဖြင့် အမျိုးသမီးနှစ်ယောက်လုံး မခုခံနိုင်ကြတော့ချေ။

ဤသည်ကြောင့် တာယွီအင်ပါယာ အလွန်အမင်းအင်အားကောင်းနေခြင်းပင်။

တစ်စုံတစ်ယောက်သည် မည်မျှအစွမ်းထက်သည့် ကျင့်ကြံသူ ဖြစ်နေပါစေ သူ၏လက်နှစ်ဖက်ဖြင့် လူအမြောက်အများကို တိုက်ခိုက်နိုင်မည်မဟုတ်ချေ။

"ဗုဒ္ဓရဲ့ကျင့်ကြံနည်းစနစ်တွေကို တတ်ကျွမ်းတဲ့ ကျင့်ကြံသူတစ်ယောက် မင်းတို့ထဲမှာရှိနေမယ်လို့ ငါ မျှော်လင့်မထားမိဘူး...ငါ အမြင်ကျဥ်းသွားခဲ့တယ်"

အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင်က မျက်မှောင်ကြုတ်လိုက်သော်လည်း မကြာမီမှာပင် သူက ခနဲ့တဲ့တဲ့ပြောဆိုကာ သူ၏လက်တစ်ဖက်ဖြင့် လျိုရှောင်၏လည်ပင်းကို ဖမ်းဆုပ်လိုက်၏။

"တကယ်လို့ မင်း ခြေတစ်လှမ်းရှေ့တိုးဝံ့တာနဲ့...မင်းရဲ့အထက်အရာရှိကို ငါ သတ်ပစ်မယ်"

အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင်က အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

လုကျင်းရှန့်၏မျက်လုံးများက ရွှေရောင်တောက်ပနေပြီး သူက ခက်ထန်တင်းမာသောလေသံဖြင့် ပြောဆိုလိုက်၏။

"ခင်ဗျားက ပုန်ကန်ဝံ့တဲ့အပြင်...ခု တော်ဝင်စစ်တပ်ကိုပါ ခြိမ်းခြောက်နေတာလား"

လုကျင်းရှန့်၏စိတ်နှလုံးသားအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများနှင့် ပြည့်နှက်နေသည်။သို့ရာတွင် သူ၏အသံသည် လျိုရှောင်၏နားအတွင်းသို့ ကျရောက်သွားချိန်တွင် သူမက မိုးခြိမ်းသံတမျှကျယ်လောင်သောအသံဖြင့် အော်ဟစ်လိုက်၏။

"လုကျင်းရှန့်...နင်က ငါ့ကို သတ်ချင်နေတာလား"

လျိုရှောင်က စူးရှကျယ်လောင်စွာ ဆက်လက်၍အော်ဟစ်လေသည်။

"စစ်သားတွေအားလုံး...အမိန့်နာခံကြစမ်း...ရှေ့ကိုတစ်ယောက်မှ တိုးမလာနဲ့"

Chapter 1898

စစ်သားများသည် လျိုရှောင်၏အမိန့်ကိုကြားချိန်တွင် သူတို့က ရုတ်တရက် တွေဝေသွားကြ၏။

လုကျင်းရှန့်က အော်ဟစ်လိုက်သည်။

"ဗိုလ်ချုပ်...ဒီကောင်တွေတစ်သိုက်က ပုန်ကန်သူတွေ...ကျွန်တော်တို့ သူတို့ကို အလွတ်မပေးသင့်ဘူး"

အတိတ်တွင် လုကျင်းရှန့်သည် ဗုဒ္ဓကျင့်ကြံနည်းစနစ်ကို ရရှိထားသော်လည်း ယခုတစ်ကြိမ်မှသာ ထိုလျှို့ဝှက်နည်းစနစ်ကို ပထမဆုံးထုတ်ဖော်အသုံးပြုခြင်းဖြစ်သည်။

ထိုလျှို့ဝှက်နည်းစနစ်ကို 'မြင့်မြတ်ကျားနဂါး ဗာဂျာခန္ဓာကိုယ်'ဟု ခေါ်ဆိုနိုင်သည်။ထိုနည်းစနစ်ကို တစ်ကြိမ်အသုံးပြုသည်နှင့် လုကျင်းရှန့်ထက် ကျင့်ကြံဆင့်နယ်ပယ်မြင့်မားသူပင် သူ၏ခုခံမှုကို ချိုးဖျက်နိုင်မည်မဟုတ်ချေ။

ဤနည်းစနစ်သည် လုကျင်းရှန့်၏နောက်ဆုံးဝှက်ဖဲလည်းဖြစ်ပြီး သူ လွယ်လင့်တကူအသုံးပြုနိုင်ခြင်းမရှိပေ။

သို့ရာတွင် ဤလျှို့ဝှက်နည်းစနစ်တွင် အချိန်အကန့်အသတ်ရှိသည်။

အကယ်၍ လျှို့ဝှက်နည်းစနစ် အသုံးပြုနိုင်သော အချိန်ကုန်လွန်သွားပါက လုကျင်းရှန့်တို့လူစု ဘေးဒုက္ခနှင့် ရင်ဆိုင်ရပေမည်။

လျိုရှောင်သည် လည်ပင်းညှစ်ခံရမှုကြောင့် အလွန်အမင်း ကြောက်ရွံတုန်လှုပ်နေသည်။

ဤအချိန်တွင် တိုက်ပွဲအကျိုးဆောင်ရမှတ်နှင့် ပုန်ကန်သူများကို နှိမ်နင်းရန်ဟူသော ကိစ္စများသည် သူမအတွက် အရေးမပါတော့ချေ။

ယခုလက်ရှိချိန်၌ သူမ၏အသက် ဆက်လက်ရှင်သန်နိုင်ရေးကသာ အရေးကြီးဆုံးကိစ္စပင်။

"လုကျင်းရှန့်...နင်က ပုန်ကန်ချင်တာလား...ငါက အဓိကစစ်ဗိုလ်ချုပ်တစ်ယောက်နော်...ငါ့ရဲ့အမိန့်ကို နာခံစမ်း"

လျိုရှောင်က အော်ဟစ်၍ အမိန့်ပေးလိုက်သည်။

ဟူး....

လုကျင်းရှန့်က သက်ပြင်းတစ်ချက်ရှိုက်ပြီး သူထံတွင် မည်သည့်အခွင့်အရေးမျှ မရှိတော့သည်ကို သိရှိလိုက်ရ၏။

အထွတ်အထိပ်အဆင့် လောကီအင်မော်တယ်ဖြစ်သော သူအနေဖြင့် ဤလျှို့ဝှက်နည်းစနစ်ကို အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်စာသာ ထိန်းသိမ်းထားနိုင်သည်။

ထို့ပြင် တစ်ဖက်ရန်သူများဘက်၌ မြွေနတ်ဆိုးသားရဲအမျိုးသမီးနှစ်ယောက်အပြင် အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင်နှင့် ကျောက်စိမ်းမျက်နှာကျောင်းတော်သားဦးဆောင်သော လေဟာနယ်ဓားပြအုပ်စုရှိနေသည်။

ယခုလက်ရှိချိန်တွင် သူ အချိန်အမြောက်အများကို ဖြုန်းတီးပြီးဖြစ်သဖြင့် သူ၏မှော်စွမ်းအင်များ မလုံလောက်တော့သည့် အရိပ်အယောင်များ စတင်၍ပြသနေပေ၏။

"ငါ သေမှာကိုတော့ ထိုင်စောင့်နေလို့မရဘူး...ငါ ဖောက်ထွက်မှရမယ်"

လုကျင်းရှန့်သည် ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်၍ ရန်သူအားပျော့သည့်နေရာကို ရှာဖွေလိုက်သည်။

အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင်သည် ထိုအခြေအနေကိုမြင်သည်နှင့် ကောက်ကျစ်ယုတ်မာသောအပြုံးမျိုး ပြုံးလိုက်၏။သူက လျိုရှောင်၏လည်မျိုကို ဆက်လက်ညှစ်ထားပြီး ပြောဆိုသည်။

"မင်းရဲ့လက်အောက်ငယ်သားတွေအားလုံးကို လက်နက်ချအညံခံဖို့ အမိန့်ပေးလိုက်စမ်း"

လျိုရှောင်က အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင်၏ထိန်းချုပ်ခြင်းကို ခံထားရသည်။မည်သည့်နည်းဖြင့် သူ၏စကားကို သူမ လွန်ဆန်နိုင်မည်နည်း။

"အားလုံးပဲ...မြန်မြန်လက်နက်ချလိုက်ကြစမ်း"

လျိုရှောင်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

လုကျင်းရှန့်က တုံ့ပြန်ပြောဆိုသည်။

"ဗိုလ်ချုပ်...မဖြစ်နိုင်ဘူး...ကျွန်တော်တို့က တော်ဝင်စစ်တပ်ကလူတွေလေ...ဘာလို့ ပုန်ကန်သူတွေဆီမှာ လက်နက်ချရမှာလဲ"

လျိုရှောင်၏စိတ်နှလုံးသားတစ်ခုလုံး အကြောက်တရားများကသာ စိုးမိုးနေသည်။ဤအချိန်အခိုက်အတန့်တွင် သူမသည် မည်သည့်ကိစ္စကိုမျှ အာရုံမစိုက်နိုင်တော့ဘဲ ကျယ်လောင်စွာအော်ဟစ်လိုက်၏။

"ဒါက အမိန့်ပဲ...မြန်မြန် လက်နက်ချလိုက်စမ်း...နင်က တပ်ခွဲတစ်ခုလုံးကို နင်နဲ့အတူ နှစ်မြှုပ်မလို့လား"

အကယ်၍ သူ ဖောက်ထွက်လိုက်ပါက စစ်သားအမြောက်အများ သေဆုံးရပေမည်။

သို့ရာတွင် သူ လက်နက်ချအညံ့ခံလိုက်လျှင်လည်း ထောင်နှင့်ချီသောစစ်သားများ အမြှစ်ပြတ်သုတ်သင်ခံရနိုင်သည်။

လုကျင်းရှန့်က သက်ပြင်းတစ်ချက်ရှိုက်ပြီး သူ၏လှံရှည်ကို အဝေးသို့လွှင့်ပစ်လိုက်၏။

ထိုမြင်ကွင်းကိုမြင်သည်နှင့် တခြားစစ်သားများသည်လည်း ရွေးချယ်စရာမရှိတော့ဘဲ သူတို့၏လက်အတွင်းမှ လက်နက်များကို လွှင့်ပစ်ကာ ကူကယ်ရာမဲ့စွာဖြင့် သေရန်စောင့်ဆိုင်းနေကြရတော့သည်။

"ကောင်းတယ်...ဟား ဟား ဟား...ဒါက တော်ဝင်စစ်တပ်တဲ့လား...ငါ ရယ်ရလွန်းလို့ သေတော့မယ်"

ကျောက်စိမ်းမျက်နှာကျောင်းတော်သားသည် တစ်ချိန်လုံး ပြပွဲတစ်ခုကြည့်ရှုနေသကဲ့သို့ နံဘေးဘက်မှ စောင့်ကြည့်နေခြင်းဖြစ်သည်။ဤအချိန်အခိုက်အတန့်တွင် သူ့ရှေ့ရှိမြင်ကွင်းကိုမြင်သည်နှင့် သူက လက်ခုပ်လက်ဝါးတီးကာ ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်၏။

ထိုရယ်မောသံသည် စစ်သားများ၏နားအတွင်းသို့ ဝင်ရောက်သွားချိန်တွင် သူတို့အား ပါးဖြတ်ရိုက်ခံရသကဲ့သို့ ခံစားလိုက်ရသည်။

သူတို့သည် ပုန်ကန်သူများကို အမြှစ်ပြတ်သုတ်သင်ရန် ချီတက်လာခဲ့ကြခြင်းဖြစ်သည်။ယခုလက်ရှိချိန်၌ သူတို့အားလုံး တစ်ဖက်ရန်သူများ၏သုံ့ပန်းဘဝသို့ရောက်ရှိသွားမည်ဟု မည်သူမျှ မျှော်လင့်မထားမိကြချေ။

"လာကြစမ်း....သူတို့အားလုံးကို ဖမ်းချုပ်လိုက်"

ကျောက်စိမ်းမျက်နှာကျောင်းတော်သား လက်ခုပ်တီးလိုက်သည်နှင့် လေဟာနယ်ဓားပြတစ်စု ထွက်ပေါ်လာပြီး စစ်သားများအားလုံးကို သံကြိုးများဖြင့် တုပ်နှောင်လိုက်ကြ၏။

လုကျင်းရှန့်သည် သူ၏လက်သီးကို တင်းတင်းကျပ်ကျပ်ဆုပ်ထားပြီး လေဟာနယ်ဓားပြများကို သူ့ခန္ဓာကိုယ်အား တုပ်နှောင်ခွင့်ပြုလိုက်သည်။

"ဒီကိစ္စရဲ့အကျိုးဆက်တွေကို မင်းတို့ တွေးတောပြီးပြီလား"

လုကျင်းရှန့်က ခက်ထန်တင်းမာသောလေသံဖြင့် ပြောဆိုသည်။

"မင်းတို့က နိမ့်ကျတဲ့လေဟာနယ်ဓားပြတစ်စု အဆင့်ပဲရှိတာ....ကြယ်မြစ်ထဲမှာ ဦးရီးတော်ရှားဟိုလီရဲ့စစ်တပ်ကြီးက စခန်းချထားတုန်းပဲ...တကယ်လို့ ဒီနေ့ မင်းတို့က ငါတို့ကို ထိဝံ့တာနဲ့...မင်းတို့သေလမ်းကို မင်းတို့ရှာတာပဲ"

ကျောက်စိမ်းမျက်နှာကျောင်းတော်သားက ခနဲ့တဲ့တဲ့ ရယ်မောလိုက်သည်။

"ရှားဟိုလီလား...သူက အရူးတစ်ကောင်အဆင့်ထက် မပိုဘူး...ငါတို့ရဲ့မြင့်မြတ်တဲ့နတ်ဘုရားနိုးထလာတာနဲ့ တော်ဝင်နန်းတော်က အမတ်ကြီးတွေရောက်လာရင်တောင် အသုံးမဝင်ဘူး"

"လာကြစမ်း...သူတို့ကို ယဇ်ပလ္လင်ရဲ့ဘေးကို တွန်းပို့လိုက်ကြတော့"

ရုတ်ချည်းဆိုသလိုပင် လေဟာနယ်ဓားပြများသည် စစ်သားများအား အတင်းအကြပ်ဖိအားပေး၍ ယဇ်ပလ္လင်ထံသို့ တွန်းပို့လိုက်ကြ၏။

Chapter 1899

စစ်သားများသည် ယဇ်ပလ္လင်၏အနီးသို့ရောက်ရှိသည်နှင့် နံဘေးပတ်ဝန်းကျင်မှ ထွက်ပေါ်နေသော ပြင်းထန်သည့် သွေးညှီနံကို ခံစားမိသည်။

ယဇ်ပလ္လင်၏အောက်ခြေ၌ မရေမတွက်နိုင်သော အရိုးစုများရှိနေသည်။

ဤအချိန်တွင် လူသားများနှင့်နတ်ဆိုးသားရဲများ၏ အရိုးများအားလုံးတွင် နတ်ဆိုးအငွေ့အသက်များ ကပ်တွယ်နေသဖြင့် ကြည့်ရသည်မှာ မှုန်မှိုင်းပြီး တုန်လှုပ်ချောက်ချားဖွယ်ကောင်းလှ၏။

"ကျိုးရှန့်ဖုန်..."

လုကျင်းရှန့်သည် ရုတ်တရက် ယဇ်ပလ္လင်၏နံဘေးတွင် ဒူးထောက်နေသော လူတစ်ယောက်ကို တွေ့မြင်မိသည်။

ဤအချိန်တွင် ကျိုးရှန့်ဖုန်၏ခန္ဓာကိုယ်သည် အလွန်အမင်း ပိန်ပါးပြီး သူ၏မျက်နှာမှာ ဖြူရော်နေသည်။

သူသည် ယခင်က အလွန်သန်မာအားကောင်းသော စစ်သားတစ်ယောက်ဖြစ်သော်လည်း ယခုလက်ရှိချိန်၌ သူ၏သွေးနှင့်ချီများကို ဝါးမြိုခံလိုက်ရပုံရှိသည်။

"အား...အား....အား....."

ကျိုးရှန့်ဖုန်၏မျက်လုံးများသည် မှုံမှိုင်းနေပြီး ရုတ်တရက် သူက စူးရှနာကျင်စွာ အော်ဟစ်လိုက်၏။

သူ၏ခန္ဓာကိုယ်မှသွေးအမြောက်အများ ယိုစိမ့်ထွက်သွားပြီး ယဇ်ပလ္လင်၏ဝါးမျိုခြင်း ခံလိုက်ရသည်။

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ကျိုးရှန့်ဖုန်သည် အရိုးစုအသွင်သို့ ပြောင်းလဲသွားတော့သည်။

သူ၏နံဘေးတံင်လည်း ဒူးထောက်ရက်အနေအထားဖြင့် အရိုးစုများရှိနေသည်။ထိုအရိုးစုများသည်လည်း ကျိုးရှန့်ဖုန်နှင့် တူညီသောပုံသဏ္ဌာန်ရှိပြီး အသွေးအသားများအားလုံး ပျောက်ကွယ်နေပေ၏။

"မင်းတို့ သူ့ကို ဘာလုပ်လိုက်ကြတာလဲ"

လုကျင်းရှန့်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

ထိုမြင်ကွင်းကိုကြည့်ပြီး စစ်သားများအားလုံးသည် သူတို့၏နှလုံးသွေးများ ယိုစီးလာသကဲ့သို့ ခံစားလိုက်ရ၏။

ထိုအရိုးစုများသည် အစောပိုင်းက မြူခိုးများအတွင်းသို့ တိုးဝင်သွားသော စစ်သားတစ်ထောင်ကျော်ဖြစ်မည်မှာ သိသာထင်ရှားသည်။

ထိုစစ်သားတစ်ထောင်ကျော်သည် မြူခိုးများအတွင်းသို့ ရောက်ရှိသွားသည့်အချိန်မှစ၍ မည်သည့်အသံဗလံမျှ ကြားရခြင်း မရှိတော့ချေ။ကြည့်ရသည်မှာ ထိုစစ်သားများသည် ခြုံခိုအတိုက်ခံရပြီးဖမ်းဆီးခံရကာ ဤကဲ့သို့အဆုံးသတ်သွားရခြင်းဖြစ်ပေမည်။

"ငါက သူတို့ရဲ့အသွေးအသားတွေကို မြင့်မြတ်တဲ့နတ်ဘုရားဆီ ယဇ်ပူဇော်လိုက်တာ...ဘာမှမစိုးရိမ်ကြနဲ့...မင်းတို့လည်း ဒီလိုချီးမြှောက်ခံရမှုမျိုးနဲ့ မကြာခင် ပျော်ရွှင်ရတော့မှာပါ"

ကျောက်စိမ်းမျက်နှာကျောင်းတော်သားက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်၏။

ဘာ....

လုကျင်းရှန့်သည် သူ လှည့်စားခံလိုက်ရခြင်းကို ချက်ချင်းပင် နားလည်သဘောပေါက်သွားသဖြင့် အချုပ်အနှောင်မှ လွတ်မြောက်နိုင်ရန် ရုန်းကန်လိုက်သည်။

သို့ရာတွင် သူတို့၏ခန္ဓာကိုယ်မှသံကြိုးများမှာ အထူးသီးသန့်ပြုလုပ်ထားသောအရာများ ဖြစ်သည်။သူတို့ မည်မျှပင်ပြင်းပြင်းထန်ထန်ရုန်းကန်နေပါစေ ထိုသံကြိုးများ၏ချုပ်နှောင်ခံရမှုမှ လွတ်မြောက်နိုင်ခြင်းမရှိချေ။

"မင်းတို့ ရုန်းကန်နေလည်း အပိုပဲ...မင်းတို့ရဲ့ကျင့်ကြံဆင့်နယ်ပယ်နဲ့ ဒီသံကြိုးတွေရဲ့ချုပ်နှောင်မှုကနေ လွတ်မြောက်နိုင်မှာမဟုတ်ဘူး"

ကျောက်စိမ်းမျက်နှာကျောင်းတော်သားက စစ်သားများအားလုံးကို ဝေ့ဝိုက်ကြည့်၍ သရော်တော်တော် ဆက်လက်ပြောဆိုသည်။

"နတ်ဆိုးသားရဲတွေရဲ့သွေးတွေအပြင် လူသားသွေးကလည်း ယဇ်ပူဇော်တဲ့နေရာမှာ မရှိမဖြစ်လိုအပ်တယ်...စိတ်ပျက်ဖို့ကောင်းတာက အပြစ်သားပင်လယ်ကြယ်နယ်မြေပေါ်မှာ လူသားဦးရေ အရမ်းနည်းလွန်းတယ်...မင်းတို့ကောင်တွေက အချိန်ကိုက်ရောက်လာကြတာပဲ"

ဤှသည်က ယဇ်ပူဇော်ခြင်းအတွက်ဟု ဆိုသလော....

လုကျင်းရှန့်သည် ယဇ်ပလ္လင်ကို စူးစိုက်ကြည့်ပြီး မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်ကို ချက်ချင်းပင် နားလည်သဘောပေါက်သွားသည်။

အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင်သည် သူတို့ ဤနေရာသို့ရောက်ရှိလာစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် သတင်းများဖြန့်ချီလိုက်ခြင်းဖြစ်သည်။ထို့နောက် ဤနေရာ၌ ခြုံခိုတိုက်ခိုက်ရန် အထူးသီးသန့်ပြင်ဆင်၍ သူတို့ရောက်အလာကို စောင့်ဆိုင်းနေခြင်းပင်။

ဝုန်း...

ကြည့်ရသည်မှာ အသွေးအသားများ၏အငွေ့အသက်ကို အာရုံခံမိပုံဖြင့် ယဇ်ပလ္လင်ကြီး ပြင်းပြင်းထန်ထန်တုန်ခါသွားသည်။

ထို့နောက် ယဇ်ပလ္လင်မှနေ၍ ရုတ်တရက် အနက်ရောင်အခိုးအငွေ့များ ထွက်ပေါ်လာပြီး ဧရာမလက်ကြီးတစ်ခုအသွင် ပြောင်းလဲသွားကာ စစ်သားတစ်စုပေါ်သို့ ကျရောက်လာပေ၏။

ထိုအနက်ရောင်အခိုးအငွေ့များ၏ရစ်ပတ်ခြင်းခံရသော စစ်သားများထံမှ စူးရှနာကျင်စွာ ညည်းတွားနေသံများ ထွက်ပေါ်လာပြီး သူတို့၏သွေးများ အလျှင်အမြန်ခန်းခြောက်သွားကာ အရိုးစုများအဖြစ်သို့ တစ်ယောက်ပြီးတစ်ယောက် ပြောင်းလဲသွားတော့သည်။

ထိုသွေးများအားလုံးသည် ယဇ်ပလ္လင်၏နက်ရှိုင်းသောနေရာထံသို့ စီးဝင်သွားပေ၏။

ရုတ်ချည်းဆိုသလိုပင် စစ်သားငါးရာခန့် သေဆုံးသွားလေပြီ။

"အယုတ်တမာ သားရဲတွေ"

ထိုမြင်ကွင်းကိုမြင်သည်နှင့် လုကျင်းရှန့်က အလွန်ဒေါသထွက်သွားပြီး အော်ဟစ်၍ကျိန်ဆဲလိုက်သည်။

"ထူးဆန်းလိုက်တာ...အစောပိုင်းက သူတို့ဆီမှာ စစ်သားတစ်စုရှိနေသေးတာကို ငါ မှတ်မိတယ်...ဘာလို့ ခုချိန်ထိ သူတို့ ရောက်မလာကြသေးတာလဲ"

အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင်က ရုတ်တရက် မျက်မှောင်ကြုတ်လိုက်၏။

လုယွီ၏ပုန်းကွယ်နဂါးတပ်ခွဲသည် လျိုရှောင်၏တပ်ခွဲထက် အင်အားပို၍များပြားသည်။

အကယ်၍ ယခုလက်ရှိလူစုကိုသာ ယဇ်ပူဇော်ပါက နတ်ဘုရားကို ပြန်လည်အသက်သွင်းရန် သွေးနှင့်ချီများ လုံလောက်မည်မဟုတ်ချေ။သို့ရာတွင် လုယွီတို့လူစုကိုပါ ထပ်၍ပေါင်းထည့်ပါက လူအရေအတွက် လုံလောက်သွားလေပြီ။

"သူတို့ ဘယ်နေရာမှာရှိလဲဆိုတာ ငါ သိတယ်...နင်တို့ ငါ့ကို လွှက်ပေးတာနဲ့...ငါ နင်တို့ကိုကူညီပြီး သူတို့ကိုရှာပေးမယ်"

လျိုရှောင်က ရုတ်တရက် အော်ဟစ်လိုက်၏။

အမ်...

အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင်၏မျက်လုံးများ ကျဥ်းမြောင်းသွားသည်။

"မင်းနဲ့သူတို့က တပ်ခွဲမတူဘူးမဟုတ်လား...ဘယ်လိုလုပ်ပြီး မင်း သူတို့ကို ဒီနေရာခေါ်ဆောင်လာနိုင်မှာလဲ"

လျိုရှောင်သည် အသက်ရှင်ရန်လမ်းစကို တွေ့ရှိသွားပုံဖြင့် သူမက အလျင်စလို ပြောဆိုလေသည်။

"ဒီတစ်ကြိမ်မှာ ငါက စစ်တပ်တစ်ခုလုံးရဲ့ခေါင်းဆောင်ပဲ...တကယ်လို့ ငါကသာ ဒီနေရာကိုလာဖို့ အမိန့်ပေးလိုက်ရင် သူ ငြင်းဆန်ဝံ့မှာမဟုတ်ဘူး"

Chapter 1900

"ဟား ဟား ဟား...ကောင်းတယ်...မင်း အဲ့ဒီလူစုကို ဒီနေရာခေါ်လာနိုင်တာနဲ့...ငါ မင်းရဲ့အသက်ကို ချမ်းသာပေးမယ်"

အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင်က ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်၏။သူသည် ယခုလက်ရှိအချိန်၌ အလွန်အမင်း စိတ်ပျော်ရွှင်နေသည်။

သူ ဤကဲ့သို့သေးငယ်သည့်ကြယ်နယ်မြေပေါ်၌ နှိမ့်ချ၍နေနေရခြင်းသည် ယဇ်ပလ္လင်အတွင်းရှိ တစ်စုံတစ်ယောက်ကို အသက်သွင်းလိုသောကြောင့်ပင်။

ယခုလက်ရှိချိန်တွင် လုံလောက်သော လူသားသွေးများ ရရှိသည်နှင့် ယဇ်ပလ္လင်အတွင်းရှိ တည်ရှိမှုကြီးကို သူ ပြန်လည်နိုးထအောင် ပြုလုပ်နိုင်ပေမည်။ထိုသို့ဖြစ်ပါက သူ ဤကြယ်နယ်မြေပေါ်၌ ဆက်လက်၍နေထိုင်ရန် မလိုအပ်တော့ဘဲ ကြယ်မြစ်များအတွင်း၌ လှည့်ပတ်သွားလာနိုင်ပေမည်။

တော်ဝင်နန်းတော်မှလိုက်လံသတ်ဖြတ်မည်ကိုမူ သူ အနည်းငယ်မျှပင် စိုးရိမ်ပူပန်ခြင်းမရှိချေ။

မည်သို့ပင်ဆိုစေကာမူ သူ တော်ဝင်နန်းတော်နှင့် တိုက်ခိုက်ရမည်မှာ အနှေးနဲ့အမြန်သာဖြစ်၍ ဤအချိန်ကာလအပိုင်းအခြားကို အနည်းငယ်မျှပင် ဂရုမစိုက်ပေ။

"မင်းက ငါတို့ကို သစ္စာဖောက်တာလား"

လုကျင်းရှန့်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

လျိုရှောင်သည် ယခုကဲ့သို့အခြေအနေမျိုး၌ သူမ၏မဟာမိတ်အဖွဲ့အပေါ် သစ္စာဖောက်မည်ဟု သူ တစ်ကြိမ်တစ်ခါမျှ မတွေးတောဖူးချေ။

အကယ်၍ ပုန်းကွယ်နဂါးတပ်ခွဲမှလူများသာ ဤနေရာ၏နက်နဲပုံကိုမသိရှိဘဲ တရကြမ်းတိုးဝင်လာပါက သူတို့သည်လည်း တစ်ဖက်ရန်သူများ၏ဖမ်းဆီးခြင်း ခံရနိုင်သည်။

သို့ရာတွင် လျိုရှောင်က ဒေါသတကြီး အော်ဟစ်လိုက်၏။

"ကျင့်ကြံသူတစ်ယောက်ဆိုတာ အခြေအနေကိုလိုက်ပြီး လိုက်လျောညီထွေနေတက်ရတယ်...နင် ဘာနားလည်လို့လဲ"

သူမ၏စကားကြောင့် ပတ်ဝန်းကျင်ရှိစစ်သားများထံမှ ဆူညံသံများ ထွက်ပေါ်လာသည်။

ထိုစစ်သားများသည် သူတို့၏ဗိုလ်ချုပ်ကြောင့် အလွန်အမင်းစိတ်ဓာတ်ကျဆင်းသွားကြ၏။

အမြင်ကျဥ်းခြင်း...မောက်မာခြင်း...သူရဲဘောကြောင်ခြင်း....

လျိုရှောင်၏အဆင်အခြင်မဲ့မှုကြောင့် ဤနေရာ၌ သူတို့အားလုံး ထိုလူများ၏ခြုံခိုတိုက်ခိုက်ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

"ဟုတ်တယ်...အခြေအနေနဲ့လိုက်ပြီး လိုက်လျောညီထွေဖြစ်အောင် နေတက်ရမယ်ဆိုတဲ့စကားက အမှန်ပဲ....မင်း အဲ့ဒီလူတွေဆီကို သတင်းပို့လိုက်...တကယ်လို့ သူတို့ ရောက်မလာဘူးဆိုရင် အကျိုးဆက်တွေကို သိရလိမ့်မယ်"

အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင်က ယုတ်မာကောက်ကျစ်သောအပြုံးနှင့် ပြောဆိုသည်။

သူ၏မျက်နှာပေါ်ရှိ ရက်စက်ကြမ်းကြုတ်သောအပြုံးကြောင့် လူအများသည် သူတို့၏ကျောရိုးများအတွင်းမှနေ၍ ချမ်းစိမ့်လာသကဲ့သို့ ခံစားလိုက်ရ၏။

ထိုမြင်ကွင်းကိုကြည့်ပြီး လျိုရှောင်၏ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ်တုန်ရီသွားသည်။သူမက တံဆိပ်ပြားကိုထုတ်ယူ၍ လုယွီထံသို့ အလျှင်အမြန် သတင်းပေးပို့လိုက်သည်။

တခြားတစ်ဖက်ရှိ...ပုန်းကွယ်နဂါးတပ်ခွဲအတွင်း၌....

"အမ်...လျိုရှောင်က တိုက်ပွဲကိုပူးပေါင်းပြီး အတူရင်ဆိုင်တိုက်ခိုက်ဖို့ အကြောင်းကြားလာပါလား"

လုယွီသည် တံဆိပ်ပြားအတွင်းမှ သတင်းပေးပို့မှုကို ရရှိပြီးနောက် သူက မျက်မှောင်ကြုတ်လိုက်၏။

လုယွီသည် နုံအသူတစ်ယောက်မဟုတ်ချေ။သတင်းရရှိပြီးနောက် သူက အချိန်တခဏကြာတွေးတောလိုက်သည်နှင့် မည်သည့်ကိစ္စများ ဖြစ်ပျက်နေခြင်းကို အကြမ်းဖျင်းသိနားလည်သွားသည်။

ကျောက်စိမ်းမျက်နှာကျောင်းတော်သားသည် မြေကမ္ဘာအင်မော်တယ်တစ်ယောက်ဟု အောင်းကွမ်း ယခင်က သူ့အား ပြောဆိုခဲ့ဖူးသည်။လျိုရှောင်၏တပ်ခွဲမှလူများသက်သက်ဖြင့် ကျောက်စိမ်းမျက်နှာကျောင်းတော်သားကို အနိုင်ယူရန်မှာ မဖြစ်နိုင်ချေ။

လျိုရှောင်သည် လေဟာနယ်ဓားပြများ၏ဖမ်းဆီးခြင်းခံရပြီး သူ့အား သတင်းပေးပို့ရန် အကြပ်ကိုင်စေခိုင်းခံရခြင်းသာ ဖြစ်ပေလိမ့်မည်။

"ကောင်းပြီလေ...ငါကလည်း မင်းတို့ကို လာရှာမလို့ပဲ"

လုယွီ၏မျက်လုံးအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ဖြတ်ပြေးသွားသည်။

"အရှင်...အဲ့ဒီနေရာက သူတို့ရဲ့အသိုက်ပဲ"

အောင်းကွမ်းက ညည်းတွားပြောဆိုလိုက်၏။

"အဲ့ဒီလူတွေက အဲ့ဒီနေရာမှာ ဘာတွေလုပ်နေတယ်ဆိုတာ ကျွန်တော်မသိဘူး...ကျွန်တော် အဲ့ဒီကျွန်းနားကို သွားမိတဲ့အချိန်တိုင်း ထိတ်လန့်ကြောက်ရွံလာသလို ခံစားရတယ်"

နဂါးမျိုးနွယ်များသည် လူသားမျိုးနွယ်များထက် အန္တရာယ်အငွေ့အသက်ကို အာရုံခံရာ၌ ပို၍ကောင်းမွန်သည်။

သူတို့၏ကြိုတင်အာရုံခံနိုင်မှုအရ ဤကျွန်းပေါ်တွင် တခြားသူများအားကိုက်ရန် အခွင့်အရေးရှာစောင့်ဆိုင်းနေသော ပုန်းကွယ်နေသည့်နတ်ဆိုးမှော်သားရဲကြီးတစ်ကောင်ရှိနေသည်။

လုယွီသည်လည်း အန္တရာယ်အငွေ့အသက်ကို ခံစားမိပေ၏။

"သူတို့ ငါတို့ကို ရှာတွေ့ထားပြီးပြီ...ငါတို့ ထပ်ပြီးပုန်းအောင်းနေဖို့ မလိုအပ်တော့ဘူး"

လုယွီက ချက်ချင်းဆိုသလိုပင် အမိန့်ပေးလိုက်သည်။

နဂါးနက်ဆယ်ကောင်ကျော်သည် စစ်သင်္ဘော၏နံဘေးပတ်လည်၌ လှည့်ပတ်၍ပျံဝဲနေသည်။ဤကဲ့သို့ စစ်သည်အခင်းအကျင်းဖြင့် အကယ်၍ သူတို့ ပုန်းအောင်းလိုလျှင်ပင် လွယ်ကူမည်မဟုတ်ချေ။

"ကျောက်စိမ်းမျက်နှာကျောင်းတော်သား...ဒီနေရာကိုထွက်လာပြီး မင်းရဲ့ဘိုးဘေးနဂါးကိုလာတွေ့စမ်း"

အောင်းကွမ်းသည် ရှေ့ဆုံးမှဦးဆောင်၍ အောာ်ဟစ်လိုက်ပြီးနောက် သူက ချက်ချင်း ရွှေရောင်နဂါးတစ်ကောင်အသွင်ပြောင်းလဲကာ ကျွန်း၏နံဘေးပတ်လည်ရှိ မြူခိုးများအကြားသို့ တိုးဝင်သွားသည်။

သူသည် အသွင်ပြောင်းပြီးသည်နှင့် မြေကမ္ဘာအင်မော်တယ်တစ်ယောက်၏ခွန်အားကို ထုတ်ဖော်ထားလေ၏။

မူလက မြူခိုးများအကြား၌ပုန်းအောင်းပြီး ခြုံခိုတိုက်ခိုက်ရန် အဆင်သင့်ပြင်ထားကြသော လေဟာနယ်ဓားပြများသည် အောင်းကွမ်း၏အစွမ်းထက်သောခွန်အားဖြင့် တိုးဝင်လာမှုကြောင့် သေကြေပျက်စီးမှုနှင့်ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်သွားကြသည်။

ဝေါင်း...ဝေါင်း...ဝေါင်း...

ပတ်ဝန်းကျင်နေရာတစ်ခုလုံး နဂါးဟိန်းသံများနှင့် ပြည့်နှက်နေသည်။

အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင်သည် ထိုအသံများကိုကြားသည်နှင့် သူ၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။

"နဂါးနတ်ဆိုးတွေ ရောက်လာတာလား"

ရုတ်ချည်းဆိုသလိုပင် မြောက်မြားစွာသော နဂါးများသည် ထူထပ်သောမြူခိုးများကို ဖြတ်ကျော်၍ ကျွန်းပေါ်သို့ ရောက်ရှိလာကြ၏။

"နဂါးနတ်ဆိုး...မင်းက ဒီနေရာကို လာဝံ့တယ်ပေါ့လေ"

ကျောက်စိမ်းမျက်နှာကျောင်းတော်သားသည် သူ၏လက်အတွင်းမှ ခေါက်ယပ်တောင်ကိုဝှေ့ယမ်း၍ အေးစက်စက်အကြည့်ဖြင့် အောင်းကွမ်းကို ကြည့်လိုက်သည်။

သူ၏နောက်မှနေ၍ ဝတ်စုံနက်ဝတ်ဆင်ထားသောလူလေးယောက် ရုတ်တရက်ထွက်ပေါ်လာပြီး သူတို့လေးယောက်လုံးသည် မြေကမ္ဘာအင်မော်တယ်ကျင့်ကြံသူများဖြစ်ပေ၏။

All Chapters