အခန်း (၁၉၀၁-၁၉၀၅)
Vol. 98 Ch. 1901-1905
Chapter 1901
"ဒီလူလေးယောက်ပဲ"
အောင်းကွမ်း၏မျက်လုံးအတွင်း၌ သတိကြီးစွာထားသောအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
ထိုအချိန်တုန်းက အောင်းကွမ်းသည် သူလှည့်စားခံခဲ့ရခြင်းကိုသိရှိပြီးနောက် သူသည် အငြင်းပွါးရန်အတွက် ကျောက်စိမ်းမျက်နှာကျောင်းတော်သားကို ရှာဖွေလိုခဲ့သည်။
သို့ရာတွင် မမျှော်လင့်ဘဲ သူသည် ကျောက်စိမ်းမျက်နှာကျောင်းတော်သား၏နောက်၌ အစွမ်းထက်အော်ရာလေးခုရှိနေသည်ကို သတိပြုမိခဲ့လေ၏။သူသည် တစ်ဖက်ရန်သူ၏ဝှက်ဖဲနှင့်ပတ်သတ်၍ မရေမရာဖြစ်နေသဖြင့် နောက်သို့ပြန်လည်ဆုတ်ခွာခဲ့သည်။
ထိုအချိန်တုန်းက အောင်းကွမ်းသည် ဝတ်ရုံနက်လေးယောက်နှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရခြင်းမရှိချေ။သို့ရာတွင် ယခုလက်ရှိချိန်၌ အောင်းကွမ်းသည် ထိုလူလေးယောက်ထံ၌ အေးစက်စက်အရှိန်အဝါမျိုးရှိနေခြင်းကို ရှာဖွေ့တွေ့ရှိမိသည်။
ထိုလူလေးယောက်သည် ငရဲမှတွားသွားတက်လာသည်နှင့်တူညီပြီး လူအများအား ကျောရိုးများအတွင်းထိ ချမ်းစိမ့်သွားစေသော ခံစားချက်မျိုး ပေးစွမ်းနိုင်သည်။
"သောက်ချေးပဲ...မင်းမှာ အကူအညီတွေရှိနေရင်ရော ငါက ဘာလို့ဂရုစိုက်ရမှာလဲ...ဒီနေ့ ငါ မင်းတို့အားလုံးကိုသတ်ပစ်မယ်"
အောင်းကွမ်းက အော်ဟစ်ကြုံးဝါးပြီး ကျောက်စိမ်းမျက်နှာကျောင်းတော်သားထံ တိုးဝင်လိုက်၏။
ဝတ်ရုံနက်လေးယောက်သည် စကားပြောဆို၍ အချိန်ဖြုန်းနေခြင်းမရှိချေ။သူတို့က အောင်းကွမ်းကိုဟန့်တားရန်အတွက် သူတို့၏မှော်စွမ်းအားများကို ထုတ်လွှက်လိုက်ကြသည်။
နှစ်ဖက်စလုံး ဖရိုဖရဲတိုက်ပွဲတစ်ခုကို စတင်၍ဆင်နွှဲကြတော့သည်။သူတို့အားလုံးသည် မြေကမ္ဘာအင်မော်တယ်နယ်ပယ်အစွမ်းထက်ကျင့်ကြံသူများဖြစ်သဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး သဲများ ကျောက်တုံးများ ပျံလွင့်သွားပြီး ကြီးမားသောတိုက်ပွဲအရှိန်အဟုန်ကို ဖြစ်ပေါ်စေသည်။
"ကျောက်စိမ်းမျက်နှာကျောင်းတော်သား...မင်း အရှုံးပေးလိုက်တာ ပိုကောင်းလိမ့်မယ်"
မြင့်မားသောအထက်ကောင်းကင်ယံမှနေ၍ မိုးခြိမ်းသံတမျှကျယ်လောင်သောအသံကြီး ထွက်ပေါ်လာသည်။
ကြီးမားသောစစ်သင်္ဘောကြီးတစ်စင်းသည် ကျွန်း၏အထက်ရှိ မြူခိုးများအကြားမှ ထွက်ပေါ်လာသည်။ထိုစစ်သင်္ဘောကြီးပေါ်၌ အလံများက လူးလွန့်နေပြီး စစ်ဗုံသံများကိုလည်း ကြားနေရသည်။
ဤအချိန်တွင် လုယွီနှင့်ပုန်းကွယ်နဂါးတပ်ခွဲမှစစ်သားများအားလုံး ကျွန်းပေါ်သို့ ရောက်ရှိလာလေပြီ။
"ငါ့ရဲ့တွက်ချက်မှုမှားယွင်းသွားတယ်...ဦးရီးတော်ရှားဟိုလီက သူ့ရဲ့လက်ရွေးစင်တပ်ခွဲတစ်ခုကို ဒီနေရာပို့လိုက်တာပါလား"
ကျောက်စိမ်းမျက်နှာကျောင်းတော်သားသည် ပုန်းကွယ်နဂါးတပ်ခွဲမှစစ်သားများ၏ အသုံးအဆောင်ပစ္စည်းများကိုကြည့်ပြီး အနည်းငယ်အံ့အားသင့်သွားသည်။
လုယွီသည် တာအိုသခင်၏အမွေအနှစ်များကို ရရှိထားပြီး တာယွီအင်ပါယာတစ်ခုလုံးတွင်ပင် သူ့ကို ချမ်းသာကြွယ်ဝဆုံးလူများအနက်မှတစ်ယောက်ဟု ဆိုနိုင်သည်။
ပုန်းကွယ်နဂါးတပ်ခွဲမှစစ်သားများ၏ သံချပ်ကာများဖြစ်စေ မှော်လက်နက်များဖြစ်စေ ထိပ်တန်းအဆင့်များဖြစ်ပေ၏။
ကျောက်စိမ်းမျက်နှာကျောင်းတော်သားသည် တစ်ချိန်က တော်ဝင်မြို့တော်ရှိ တော်ဝင်ကျောင်းတော်တွင် ကျောင်းတော်သားတစ်ယောက် ဖြစ်ခဲ့သူပင်။ထို့ကြောင့် သူသည် တာယွီတော်ဝင်စစ်တပ်အကြောင်းကို ကောင်းစွာသိရှိထားသည်။
အမှန်အားဖြင့် အဓိကတပ်ရင်းများမှလွဲ၍ တော်ဝင်စစ်တပ်ရှိ တခြားစစ်သားများ၏အသုံးအဆောင်ပစ္စည်းများသည် ကောင်းမွန်ခြင်းမရှိချေ။
ဦးရီးတော်ရှားဟိုလီသည် ဤတစ်ကြိမ်တွင် စစ်တပ်ကို ယာယီအဖြစ် အလျှင်အမြန်ဖွဲ့စည်းထားခြင်းဖြစ်သဖြင့် စစ်အသုံးအဆောင်ပစ္စည်းများ အလုံအလောက်မရှိချေ။ဤတပ်ခွဲသည် လက်ရွေးစင်တပ်ခွဲဖြစ်မည်မှာ တိကျသေချာလှ၏။
"ဒါပေမယ့် ဘယ်လောက်တောင် သနားဖို့ကောင်းလိုက်လဲ...ဦးရီးတော်ရှားဟိုလီက ငါ ဒီနေရာမှာရှိနေတယ်ဆိုတာ မသိလောက်ဘူး...မဟုတ်ရင် သူက မဟာစစ်ဗိုလ်ချုပ်အဆင့်လောက်ကို ဒီနေရာ လွှက်လိုက်မှာပဲ"
ကျောက်စိမ်းမျက်နှာကျောင်းတော်သားသည် ခေါက်ယပ်တောင်ကို ဝှေ့ယမ်းနေပြီး သူ၏မျက်နှာပေါ်၌ မည်သည့် ထိတ်လန့်ကြောက်ရွံမှုအရိပ်အယောင်မျှ ရှိမနေချေ။
အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင်က ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။
"ဟား ဟား ဟား....မင်းတို့က အချိန်ကိုက်ရောက်လာတာပဲ...ဒီလူစုနဲ့ဆိုရင် မြင့်မြတ်တဲ့နတ်ဘုရားကို ယဇ်ပူဇော်ဖို့ လုံလောက်ပြီ"
ဤအချိန်အခိုက်အတန့်တွင် အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင်၏ ထိန်းချုပ်ခြင်းကိုခံထားရသော လျိုရှောင်၏ခန္ဓာကိုယ်တစ်ခုလုံး ချွေးစေးများဖြင့် ရွှဲနစ်နေသည်။
သူမသည် ဤကဲ့သို့မြင်ကွင်းမျိုးကို တစ်ကြိမ်တစ်ထစ်ခါမျှ မြင်တွေ့ဖူးခြင်းမရှိချေ။
နတ်ဆိုးမျိုးနွယ်၏ပုန်ကန်မှု သက်သက်ဖြင့်ပင် သူမအား အစွမ်းအစမဲ့သွားသကဲ့သို့ ခံစားရစေသည်။
ကျောက်စိမ်းမျက်နှာကျောင်းတော်သား၏နောက်၌ မြေကမ္ဘာအင်မော်တယ်လေးယောက်ရှိနေမည်ဟု သူမ မျှော်လင့်မထားမိချေ။
မြေကမ္ဘာအင်မော်တယ်ဟူသည်မှာ မည်ကဲ့သို့သောအဆင့်မျိုး ဖြစ်သနည်း။
စစ်တပ်အတွင်း၌ မြေကမ္ဘာအင်မော်တယ်များသည် မဟာစစ်ဗိုလ်ချုပ်ရာထူးကို ပိုင်ဆိုင်ထားသူများဖြစ်သည်။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် လျိုရှောင်က အစီအစဥ်တစ်ခုကို တွေးတောမိသွားသဖြင့် ကျယ်လောင်စွာအော်ဟစ်လိုက်၏။
"ငါ သူတို့ကို ခေါ်ပေးပြီးပြီ...ငါ့ကို မြန်မြန်လွှက်ပေးတော့"
"မရဘူး...မင်းအခု ထွက်သွားလို့မရသေးဘူး"
အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင်၏မျက်နှာထက်၌ ရုတ်တရက် ကောက်ကျစ်ယုတ်မာသောအပြုံးမျိုး ထွက်ပေါ်လာသည်။
"မင်းက သူတို့ရဲ့တပ်မှူးမဟုတ်လား...သူတို့ကို လက်နက်ချဖို့ အမိန့်ပေးလိုက်...ငါ မင်းကို လွှက်ပေးမယ်"
လျိုရှောင်၏မျက်နှာတပြင်လုံး ဖြူရော်သွားသည်။သူမ မည်မျှပင် လှည့်ကွက်များပြုလုပ်နေပါစေ အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင်ကို အရူးလုပ်၍မရမှန်း သိနားလည်သွားပေ၏။
သို့ရာတွင် သူမထံ၌ ညှိနှိုင်းရန်အတွက် အခွင့်အရေးမရှိချေ။
"ရှောင်ယန်း...အခုချက်ချင်း အရှုံးပေးလိုက်တော့...နင် ဒီလူတွေနဲ့ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး...အရှုံးပေးပြီး နင့်ရဲ့ခွန်အားကို ချွေတာလိုက်တော့"
လျိုရှောင်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ထိုမြင်ကွင်းကိုမြင်သည်နှင့် လုကျင်းရှန့်က အလျင်စလို အော်ဟစ်ပြောဆိုသည်။
"အရှင်...သူ့ရဲ့စကားတွေကိုမယုံနဲ့....ဒီနတ်ဆိုးသားရဲတွေက ကျွန်တော်တို့ရဲ့သွေးတွေနဲ့ ယဇ်ပူဇော်ချင်နေတာ...အရှင်တို့ အရှုံးပေးလို့မရဘူး"
"သောက်ချေးပဲ"
အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင်က အလွန်အမင်း ဒေါသထွက်သွားသည်။သူ၏လက်အတွင်းမှတောင်ဝှေးကို လွှဲယမ်းလိုက်မှုနှင့်အတူ အေးစက်စက်အလင်းတန်းတစ်တန်းက လုကျင်းရှန့်ထံဦးတည်၍ ပျံဝဲဝင်လာသည်။
Chapter 1902
ဝှစ်...
ထိုအေးစက်စက်အလင်းတန်းသည် အလွန်လျှင်မြန်ပြီး ချက်ချင်းဆိုသလိုပင် လုကျင်းရှန့်ထံ ရောက်ရှိလာသည်။
ယခုလက်ရှိချိန်၌ လုကျင်းရှန့်၏လက်နှင့်ခြေထောက်များကို သံကြိုးများဖြင့် တုပ်နှောင်ခံထားရသဖြင့် သူ အနည်းငယ်မျှပင် လှုပ်ရှားနိုင်ခြင်းမရှိလေရာ သူ့ထံတရွေ့ရွေ့ချဥ်းကပ်လာသော အေးစက်စက်အလင်းတန်းကို စောင့်ကြည့်နေရုံသာတက်နိုင်သည်။
ဝုန်း...
ထိုအချိန်မှာပင် လုယွီက ရုတ်တရက် လုကျင်းရှန့်၏ရှေ့၌ ထွက်ပေါ်လာသည်။သူ၏လက်တစ်ဖက် မြှောက်လိုက်မှုနှင့်အတူ အေးစက်စက်အလင်းတန်း ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားပေ၏။
"သောက်ချေးပဲ...နင်က ငါ့ရဲ့အမိန့်ကိုမလိုက်နာဘဲ နေဝံ့တာလား"
လျိုရှောင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
အကယ်၍ လုယွီသာ သူမ၏စကားကို နားမထောင်ပါက အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင်၏ထိန်းချုပ်ခံထားရမှုမှ သူမ လွတ်မြောက်နိုင်မည်မဟုတ်ချေ။
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
"ငါ့ရဲ့အရာရှိအဆင့်က မင်းထက်မြင့်တယ်...ပြီးတော့ မင်းက ရန်သူကို အရှုံးပေးအညံခံထားတဲ့ ဗိုလ်ချုပ်တစ်ယောက်...ဒါပေမယ့် မင်းက ငါ့ကိုတောင် ဆူပူကြိမ်းမောင်းနေသေးတယ်"
လျိုရှောင်သည် အလွန်ဒေါသထွက်သွားပြီး သူမ၏မျက်နှာတပြင်လုံး နီမြန်းသွားသည်။သူမသည် သူမ၏ဂုဏ်သတင်းကို အစဥ်အမြဲ ဂရုစိုက်ခဲ့သည်။သို့ရာတွင် ယခုလက်ရှိချိန်၌ လုယွီ၏ထုတ်ဖော်ပြောဆိုမှုကြောင့် သူမ၏စိတ်နှလုံးသားအတွင်း၌ ဒေါသထွက်ခြင်းနှင့်အရှက်ရခြင်းတို့ရောယှက်ကာ ခံစားနေရ၏။
"နင်က အရူးပဲ...နင် မဆင်မခြင်လုပ်ပုံမျိုးနဲ့ ငါတို့တွေအကုန်လုံး အမြစ်ပြတ်သုတ်သင်ခံရလိမ့်မယ်"
လျိုရှောင်က အော်ဟစ်လိုက်သည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ မည်သူကမျှ သူမ၏စကားကိုနားထောင်ခြင်း မရှိကြချေ။
လျိုရှောင်သည် အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင်၏ဖမ်းဆီးမှုကို ခံရစဥ်တွင် သူမ သေရမည်ကို စိုးရွံသဖြင့် လက်နက်ချအရှုံးပေးရန် ပြောဆိုခဲ့ရာ သူမ၏လက်အောက်ငယ်သားများအားလုံး သူမအပေါ် ယုံကြည်မှုပျောက်ဆုံးသွားသည်။
ယခုလက်ရှိအချိန်တွင် လျိုရှောင်သည် လုယွီအား အရှုံးပေးအညံခံရန် ထပ်မံ၍ပြောဆိုနေသဖြင့် သူတို့အားလုံး သူမအပေါ် စိတ်ပျက်သွားကြ၏။
"စိတ်ဝင်စားစရာပဲ...မင်းရဲ့အသက်က ငယ်ငယ်လေးရှိသေးတယ်...ဒါတောင်မှ ဒီလိုအင်အားကောင်းတဲ့တပ်ခွဲမျိုးကို ဦးဆောင်နိုင်တယ်...မင်းက ရှားဟိုလီရဲ့သစ္စာရှိလူယုံတစ်ယောက်ပဲဖြစ်မယ်...မင်းကို ဖမ်းဆီးနိုင်ရင် ငါတို့အတွက် ကြီးမားတဲ့အောင်မြင်မှုတစ်ခုပဲ"
အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင်သည် ကောက်ကျစ်ယုတ်မာသောအပြုံးနှင့်အတူ သူ၏လက်အတွင်းမှ တောင်ဝှေးကိုမြှောက်လိုက်ရာ ချက်ချင်းဆိုသလိုပင် ရေလှိုင်းများ မြင့်တက်လာသည်။
သူသည် လုယွီအား သတ်ဖြတ်ရန် ဆုံးဖြတ်ချက်ချထားပြီးလေပြီ။
"ကောင်းတယ်...အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင်က အဲ့ဒီကောင်လေးကို သတ်တော့မယ်...သူက အရမ်းစိတ်ကြီးဝင်မောက်မာနေမှတော့ အနှေးနဲ့အမြန် သေရမှာပဲ"
လျိုရှောင်သည် သူမ၏စိတ်နှလုံးသားအတွင်းမှနေ၍ လုယွီ သေဆုံးသွားရန် မျှော်လင့်နေမိသည်။
သို့သော် မကြာမီမှာပင် သူမက စိတ်ပျက်လက်ပျက် ဖြစ်သွားလေ၏။
လုယွီနှင့်အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင်တို့ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ကြသည်။တိုက်ကွက်ဆယ်ကွက်ခန့် ဖလှယ်၍အပြီးမှာပင် အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင် နောက်သို့ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
ထိတ်လန့်တုန်လှုပ်သွားသော အရိပ်အယောင်များက လျိုရှောင်၏မျက်လုံးများအတွင်း၌ ဖြတ်ပြေးသွားသည်။
သူမသည် အစောပိုင်းက အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင်နှင့် တိုက်ခိုက်ပြီးလေပြီ။
သူမသည် အရည်အချင်းရှိသူတစ်ယောက်ဟုဆိုနိုင်သော်လည်း ထိုတိုက်ပွဲ၌ အလျှင်အမြန် ရှုံးနိမ့်သွားခဲ့ရသည်။
လျိုရှောင်၏စိတ်နှလုံးသားအတွင်း၌ လုယွီသည် သို့ရာတွင် ယခုလက်ရှိအချိန်၌....
လုယွီက လက်သီးတစ်ချက် ထိုးနှက်လိုက်ရာ အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင် နောက်သို့လွင့်ထွက်သွားသည်။
"ကောင်စုတ်လေး...မင်း သေချင်နေတာလား"
အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင်သည် ကျယ်လောင်စွာအော်ဟစ်ကြုံးဝါးပြီး သူ၏အစစ်အမှန်ပုံသဏ္ဌာန်အသွင်သို့ ပြောင်းလဲလိုက်သည်။ထို့နောက် လိပ်နက်ကြီးတစ်ကောင်က လူအများ၏မြင်ကွင်းရှေ့၌ ထွက်ပေါ်လာသည်။
လိပ်နက်ကြီးက လုယွီထံသို့ အလျှင်အမြန် တိုးဝင်သွားသည်။သူက လုယွီကို ရိုက်သတ်ရန်ရည်ရွယ်၍ သူ၏လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်၏။
လုယွီက အနည်းငယ်မျှပင် ဂရုမစိုက်ချေ။သူသည် မြင့်မြတ်ဧကရာဇ်ခန္ဓာကိုယ်နည်းစနစ်ကို အသက်သွင်း၍ ပေတစ်ထောင်ကျော်မြင့်မားသော ရွှေရောင်လူဘီလူးကြီးအသွင် ပြောင်းလဲလိုက်သည်။လုယွီက လက်သီးတစ်ချက် ထိုးနှက်လိုက်ရုံဖြင့် လိပ်နက်ကြီး နောက်သို့လွင့်ထွက်သွားတော့သည်။
လိပ်နက်ကြီး ရေပြင်ပေါ်သို့ပြုတ်ကျသွားသဖြင့် ကြီးမားသောလှိုင်းဂယက်များ ထွက်ပေါ်လာသည်။
ဤအချိန်အခိုက်အတန့်တွင် လုယွီကိုကြည့်ရသည်မှာ ပြိုင်ဘက်ကင်းစစ်နတ်ဘုရားတစ်ပါးနှင့် တူညီနေသည်။
"ငါ အရမ်းသိချင်မိတယ်....မင်းတို့ကောင်တွေ အကောင်းဆုံးကြိုးစားပြီး ဒီလိုနေရာမျိုးမှာ ဘာရတနာကို သိုဝှက်ထားတာလဲဆိုတာ..."
လုယွီက ရွှေခန္ဓာကိုယ်ကြီးကိုထိန်းချုပ်ပြီး ယဇ်ပလ္လင်ထံသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းသွားလိုက်၏။
ဤရုတ်တရက်အပြောင်းအလဲသည် ပတ်ဝန်းကျင်အခြေအနေများကို ပြောင်းပြန်လှန်လိုက်သကဲ့သို့ပင်။
မြွေနတ်ဆိုးသားရဲ အမျိုးသမီးနှစ်ယောက်သည် လာရောက်၍ကူညီပေးလိုသော်လည်း ပုန်းကွယ်နဂါးတပ်ခွဲမှစစ်သားများသည် တုန်လှုပ်ချောက်ချားဖွယ် မှော်လက်နက်များ၏စွမ်းအားဖြင့် ဟန့်တားထားမှုကြောင့် သူမတို့ ရွေ့လျားနိုင်ခြင်းမရှိချေ။
လုယွီသည် ယဇ်ပလ္လင်နှင့်နီးကပ်လာလေလေ သူ၏စိတ်နှလုံးသားအတွင်းမှ ထိတ်လန့်တုန်လှုပ်မှု ပို၍ပြင်းထန်လာလေလေပင်။
ဤယဇ်ပလ္လင်၏အောက်၌ ရှေးခေတ်အချိန်ကာလများမှဆင်းသက်လာသော ရှေးဟောင်းနတ်ဆိုးတစ်ကောင်ရှိနေသည့်ခံစားချက်မျိုး သူ ရရှိနေသည်။
"မကောင်းတော့ဘူး...ဒါက သွေးချီတွေပဲ"
လုယွီက ရုတ်တရက် ယဇ်ပလ္လင်နှင့်ပတ်သတ်၍ တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိပြုမိသွားပေ၏။
ဤယဇ်ပလ္လင်တွင် စွမ်းအားတစ်မျိုးရှိနေပြီး ပတ်ဝန်းကျင်ရှိသက်ရှိများအားလုံးထံမှ သွေးချီများကို ဆွဲယူနေသည်။
ဤစွမ်းအားသည် ပစ်မှတ်ဟူ၍ ကွဲပြားခြားနားခြင်းမရှိချေ။နတ်ဆိုးသားရဲနှင့်လေဟာနယ်ဓားပြတချို့ပင်လျှင် ထိုစွမ်းအား၏လွှမ်းခြုံခြင်းခံရပြီး သူတို့၏သွေးချီများအားလုံး ဝါးမျိုခံလိုက်ရသည်။
Chapter 1903
"အား...ဘာတွေဖြစ်ကုန်တာလဲ"
လေဟာနယ်ဓားပြတချို့က စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။ယဇ်ပလ္လင်သည် သူတို့အား ရုတ်တရက်ကြီး တိုက်ခိုက်လာမည်ဟု သူတို့ စိတ်ကူးပင်ယဥ်မကြည့်ခဲ့ဖူးချေ။
ယဇ်ပလ္လင်၏အနီးရှိ နတ်ဆိုးမှော်သားရဲတချို့သည်လည်း လွတ်မြောက်နိုင်ခြင်းမရှိပေ။သူတို့ပေါ်သို့ ယဇ်ပလ္လင်မှစွမ်းအားများ လွှမ်းခြုံသွားပြီး သူတို့၏သွေးနှင့်ချီများ ချက်ချင်းဆိုသလိုပင် ဝါးမျိုခြင်းခံလိုက်ရ၏။
"သိုက်ဖုန်း...လူတွေခေါ်သွားပြီး သူတို့ကိုကယ်လိုက်...ငါတို့ အရင်ဆုံး ဒီနေရာကထွက်သွားရမယ်"
လုယွီက အော်ဟစ်လိုက်သည်။
ပုန်းကွယ်နဂါးတပ်ခွဲမှစစ်သားများသည် သံကြိုးများနှင့်တုပ်နှောင်ခြင်းခံထားရသော လျိုရှောင်၏တပ်ခွဲမှလူများထံ အပြေးသွား၍ ကယ်တင်လိုက်ကြသည်။
လျိုရှောင်သည်လည်း ဤအခြေအနေကို အခွင့်ကောင်းယူ၍ ထွက်ပြေးလိုက်သည်။
သူမသည် ခဲမှန်ခံရဖူးသောစာသူငယ်သဖွယ် ကြောက်ရွံနေပြီး အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင် သူမထံ ထပ်မံ၍ရောက်ရှိလာပြီး ဖမ်းချုပ်မည်ကို စိုးရွံနေမိ၏။
ထိန်းချုပ်ခံရမှုအောက်မှ လွတ်မြောက်သည်နှင့် လျိုရှောင်က သူမ၏လက်အောက်ငယ်သားများကို အမိန့်ပေးလိုက်သည်။
"အားလုံးပဲ..ငါ့ကို ကာကွယ်ပေးကြစမ်း...ဒီနေရာကနေ တက်နိုင်သမျှ မြန်မြန်ထွက်သွားကြမယ်"
သို့ရာတွင် မူလက လျိုရှောင်၏လက်အောက်ငယ်သားများသည် ယခုလက်ရှိအချိန်တွင် လုကျင်းရှန့်၏အမိန့်အောက်၌ စုဝေးနေပြီး သူတို့၏နဂိုမူလ တပ်မှူးကို အေးစက်တင်းမာသော အကြည့်များဖြင့် စူးစိုက်၍ကြည့်နေကြ၏။
"မင်းတို့ ဘာလုပ်တာလဲ...မင်းတို့က ပုန်ကန်ချင်တာလား"
လျိုရှောင်၏မျက်လုံးများ ပြူးကျယ်နေပြီး သူမက ဒေါသတကြီး အော်ဟစ်လိုက်သည်။
လူတိုင်းက အေးစက်တင်းမာသောအကြည့်ဖြင့် လျိုရှောင်ကို ကြည့်လိုက်ကြသည်။
ဖြစ်စဥ်အစမှအဆုံးထိ လျိုရှောင်၏အပြုအမူများမှာ လူတိုင်းအား စိတ်ဓာတ်ကျသွားစေသည်။
မည်သူကမျှ ဤကဲ့သို့ စစ်ဗိုလ်ချုပ်မျိုး၏နောက်လိုက် ဖြစ်လိုစိတ်မရှိချေ။
လုကျင်းရှန့်က သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ ပြောဆိုသည်။
"ဗိုလ်ချုပ်....ဒီနေရာက ထွက်သွားပြီးတာနဲ့ ကျွန်တော်က ဗိုလ်ချုပ်ရဲ့လက်အောက်မှာ ထပ်ပြီးတာဝန်မထမ်းဆောင်နိုင်တော့ဘူး...အရင်က မိတ်ဆွေဖြစ်ခဲ့မှုတွေ ဗိုလ်ချုပ်ရဲ့ကြင်နာခဲ့မှုတွေအတွက်လည်း ဒီနှစ်တွေမှာ ကျွန်တော် ပြန်ပေးဆပ်ပြီးပြီ...ကျွန်တော် ထွက်သွားတော့မယ်"
ယခင်က လုကျင်းရှန့်သည် ရှမိသားစုကိုအပြစ်ပြုမိသဖြင့် ရှေ့ပြေးတပ်မှူးရာထူးအဖြစ် အဆင့်လျော့ချခံရသည်။
အကယ်၍ လျိုရှောင်သာ သူ့အားခေါ်ယူထားခြင်းမရှိပါက သူ၏အရာရှိရာထူးကိုပင် ထိန်းသိမ်းထားနိုင်မည်မဟုတ်ဘဲ သာမာန်စစ်သားတစ်ယောက်ဘဝနှင့် နေရပေလိမ့်မည်။
ဤနှစ်များအတွင်းတွင် လျိူရှောင်၏ကြင်နာမှုအတွက် လုကျင်းရှန့်သည် အမြောက်အများ ပြန်ပေးဆပ်ပြီးလေပြီ။
လျိုရှောင်က အလွန်အမင်း ဒေါသထွက်သွားလေ၏။
"ကောင်းပြီလေ...နင် မရှိတာနဲ့ ငါ အသက်မရှင်နိုင်ဘူးလို့ နင် ထင်နေတာလား...တကယ်လို့ နင် ငါ့ဆီကနေ ထွက်သွားတာနဲ့ နင့်ကို ဘယ်သူမှခေါ်မှာမဟုတ်ဘူး"
"ဟား ဟား ဟား...အကိုကျင်းရှန့်က စစ်စခန်းမရှိတော့ဘူးဆိုမှတော့...ဘာလို့ ပုန်းကွယ်နဂါးတပ်ခွဲကို မလာတာလဲ"
သိုက်ဖုန်းက ရယ်မောရင်း ပြောဆိုလိုက်၏။
ဤတစ်ကြိမ်တွင် လုကျင်းရှန့်သည် ငြင်းဆန်ခြင်းမရှိချေ။သူ၏လက်သီးနှစ်ဖက်ကိုပူးဆုပ်၍ ပြောဆိုသည်။
"ကျေးဇူးတင်ပါတယ်...ကျွန်တော်က ပုန်းကွယ်နဂါးတပ်ခွဲကိုဝင်ပြီး အရှင်ရှောင်ရဲ့လက်အောက်မှာ တာဝန်ထမ်းဆောင်ချင်ပါတယ်"
သိုက်ဖုန်းသည် အလွန်ပျော်ရွှင်စွာဖြင့် လူတချို့ကိုစေလွှက်ကာ လုကျင်းရှန့်နှင့်တခြားစစ်သားများကို ဆီးကြိုခိုင်းလိုက်သည်။
ဤသည်မှာ ယခင်ကတည်းက လုယွီ ပေးအပ်ထားခဲ့သောအမိန့်ပင်။ထို့ကြောင့် သိုက်ဖုန်းသည် တုံ့ဆိုင်းခြင်းမရှိဘဲ သူတို့အားလုံးကို လက်ခံလိုက်၏။
မည်သူတစ်ဦးတစ်ယောက်ကမျှ လျိုရှောင်၏နံဘေးတွင် ကျန်ရစ်ခြင်းမရှိချေ။
လျိုရှောင်သည် အရှက်ခွဲခံရသလိုခံစားရပြီး အလွန်ဒေါသထွက်သွားခဲ့သည်။သို့ရာတွင် ယခုလက်ရှိအချိန်၌ အရာအားလုံး သူမ၏ထိန်းချုပ်မှုအောက်မှ လွတ်ကင်းသွားလေပြီ။
"ကောင်းတယ်...ကောင်းတယ်...နောင်တစ်ချိန်မှာ ငါ အောင်မြင်မှုတွေရလာတဲ့အခါကျမှ နင်တို့နောင်တမရကြနဲ့"
ထို့နောက် လျိုရှောင်သည် ထပ်မံ၍အချိန်ဆွဲခြင်းမရှိတော့ဘဲ ကျွန်းပေါ်မှ ပျံဝဲ၍ထွက်ခွါသွားတော့သည်။
ပတ်ဝန်းကျင်ရှိ လေဟာနယ်ဓားပြများနှင့်နတ်ဆိုးမှော်သားရဲများသည်လည်း သူတို့၏အသက်ချမ်းသာရာရရန်အတွက် ပြေးလွှားနေကြသည်။မည်သူကမျှ ရှုံးနိမ့်ထားပြီးသော စစ်ဗိုလ်ချုပ်တစ်ယောက်ကို စိတ်မဝင်စားကြချေ။
တခြားတစ်ဖက်တွင်....
"ထိုက်ယွမ်လက်ဝါး..."
လုယွီက အေးစက်စက်အော်ငေါက်ပြီး သူ၏လက်ဝါးဖြင့် ယဇ်ပလ္လင်ကိုဦးတည်၍ ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်၏။
လေထုအတွင်း၌ ရွှေရောင်လက်ဝါးရာကြီးတစ်ခုထွက်ပေါ်လာပြီး ယဇ်ပလ္လင်ပေါ်သို့ ကျရောက်သွားသည်။
သို့ရာတွင် ရုတ်ချည်းဆိုသလိုပင် ယဇ်ပလ္လင်၏အပေါ်ရှိ မြောက်မြားစွာသောကျောက်တိုင်များ ပြင်းပြင်းထန်ထန် တုန်ခါစပြုလာသည်။
ထိုကျောက်တိုင်တစ်ခုစီပေါ်တွင် ထူထပ်သိပ်သည်းသော သင်္ကေတအမှတ်အသားများကို ရေးထွင်းထားသည်။
ထိုသင်္ကေတအမှတ်အသားများသည် သရဲတစ္ဆေအုပ်စုတစ်စုမှ သူတို့၏မျက်လုံးများကို ကျယ်လောင်စွာဖွင့်ထားသည်နှင့် တူညီပေ၏။ထိုကျောက်တိုင်များကို ကြည့်မိသော မည်သူမဆို သူတို့၏သွေးနှင့်ချီများ ဆူပွက်လာခြင်းကို ခံစားမိပြီး သူတို့၏စိတ်အတွင်းမှနေ၍ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ မြင့်တက်လာသည်။ထိုစိတ်ဆန္ဒများကို သူတို့သည် ဖိနှိပ်ထားနိုင်စွမ်းမရှိချေ။
ဟူး....ဟူး...အူး...
ကျွန်းပေါ်မှနေ၍ ရုတ်တရက် ထူးဆန်းသောအသံများ ထွက်ပေါ်လာသည်။
ထိုအသံများသည် မရေမတွက်နိုင်သော သရဲတစ္ဆေများ ညည်းတွားနေကြသကဲ့သို့ ထူးဆန်းသည့်အသံမျိုးဖြစ်ပြီး ကျွန်းတစ်ကျွန်းလုံးအနှံ့ ပျံ့နှံ့နေသည်။
ထိုက်ယွမ်လက်ဝါးမှရွှေရောင်လက်ဝါးရာကြီးသည် လေထုအတွင်းရှိ မမြင်နိုင်သော လေနံရံကြီးတစ်ခုနှင့် ရိုက်ခတ်မိသကဲ့သို့ ချက်ချင်းပင် ပျက်ပြယ်သွားတော့သည်။
ထိုအချိန်မှာပင်...
အဖြူရောင်ဝတ်ရုံဝတ်လူတစ်ယောက်က လုယွီ၏ရှေ့၌ ရုတ်တရက်ထွက်ပေါ်လာသည်။
ကျောက်စိမ်းမျက်နှာကျောင်းတော်သားသည် သူ၏ခေါက်ယပ်တောင်ကို ဝှေ့ယမ်း၍ လုယွီ၏ရှေ့၌ထွက်ပေါ်လာခြင်းပင်။
"မြင့်မြတ်တဲ့နတ်ဘုရားရဲ့ပြန်ရှင်သန်လာမှုက အနှောက်အယှက်ရှိလို့မရဘူး...မင်း ဖျက်လိုဖျက်ဆီးကိစ္စတွေလုပ်ဖို့ ငါက ဘယ်လိုလုပ်ပြီး ခွင့်ပြုပေးနိုင်မှာလဲ"
Chapter 1904
"မြေကမ္ဘာအင်မော်တယ်လား"
လုယွီ၏မျက်လုံးများ တောက်ပသွားသည်။
ကြည့်ရသည်မှာ ကျောက်စိမ်းမျက်နှာကျောင်းတော်သားသည် သူ၏ကျင့်ကြံဆင့်ကို ဖုံးကွယ်ထားပုံရသည်။အပြင်လူများ၏အမြင်တွင် သူသည် လောကီအင်မော်တယ်နယ်ပယ်သာရှိသော်လည်း အမှန်အားဖြင့် သူသည် မြေကမ္ဘာအင်မော်တယ်တစ်ယောက်ပင်။
အကယ်၍ တစ်စုံတစ်ယောက်သည် သူ၏ကျင့်ကြံဆင့်နယ်ပယ်ကိုကြည့်၍ သူ့အားလျှော့တွက်မိပါက ထိုလူသည် အကြီးအကျယ်ဆုံးရှုံးမှုမျိုး ခံစားရပေမည်။
"ငါ အရင်ကတည်းက အရာအားလုံးကို တွက်ချက်ပြီးသွားပြီ...ဒါပေမယ့် ဦးရီးတော်ရှားဟိုလီရဲ့လက်အောက်မှာ မင်းလိုမျိုး ကြောက်ဖို့ကောင်းတဲ့ဗိုလ်ချုပ်တစ်ယောက်ရှိနေမယ်လို့ ငါ မသိခဲ့ဘူး...ငါက နာမည်မရှိတဲ့လူကို မသတ်ချင်ဘူး...မင်းရဲ့နာမည် ငါ့ကိုပြောပြဝံ့လား"
ကျောက်စိမ်းမျက်နှာကျောင်းတော်သားက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
"မင်းက အချိန်ဆွဲချင်တာလား"
လုယွီက အေးစက်စက် နှာမှုတ်လိုက်၏။သူက အချိန်ဖြုန်းနေခြင်းမရှိဘဲ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။
တုန်ခါသံများနှင့်အတူ လုယွီ၏လက်ဝါးရိုက်ချက်သည် တုန်လှုပ်ချောက်ချားဖွယ်အားလှိုင်းကိုသယ်ဆောင်၍ ကျောက်စိမ်းမျက်နှာကျောင်းတော်သားထံသို့ တိုးဝင်သွားသည်။
ဘုန်း...
ထိုလက်ဝါးရိုက်ချက်နှင့် ရင်ဆိုင်ရသည့်တိုင် ကျောက်စိမ်းမျက်နှာကျောင်းတော်သားသည် တစိုးတစိမျှပင် ကြောက်ရွံပုံမရချေ။ထိုအစား သူ၏လက်အတွင်းမှခေါက်ယပ်တောင်ကိုဖြန့်၍ သူ၏နံဘေးပတ်ဝန်းကျင်ရှိ မှော်စွမ်းအားများကို သိပ်သည်းလိုက်၏။
"သူတော်စင်ကျင့်စဥ်ခြောက်သွယ်"
ပတ်ဝန်းကျင်ရှိမှော်စွမ်းအားများသည် သူ၏မျက်ခုံးနှစ်ခုကြား၌ စုဝေးသွားပြီး နောက်ဆုံး၌ သူ၏နံဘေးတွင် ကြီးမားသောဓမ္မရုပ်ထုကြီးအဖြစ် ဖွဲ့စည်းသွားသည်။
ထိုဓမ္မရုပ်ထုသည် ကွန်ဖြူးရှပ်ဝတ်စုံဝတ်ဆင်ထားသော လူကြီးတစ်ယောက်ဖြစ်ပြီး လေးတစ်လက်ကိုကိုင်ဆောင်ထားကာ လုယွီထံချိန်ရွယ်၍ မြှားတစ်စင်း ပစ်ခတ်လိုက်သည်။
ဘုန်း...
ထိုမြှားသည် ချက်ချင်းဆိုသလိုပင် လုယွီ၏ရှေ့သို့ ရောက်ရှိလာသည်။
လုယွီ၏လက်ဝါးသည် အရှိန်နှုန်းမြန်ဆန်သောစစ်သင်္ဘောကြီးတစ်စင်းနှင့် ရိုက်ခတ်မိသကဲ့သို့ ခံစားမိပြီး သူ၏စွမ်းအားများအားလုံး ရုတ်တရက် ပျက်ပြယ်သွားခဲ့သည်။ထိုအခြင်းအရာသည် လုယွီအား အနည်းငယ် အံ့အားသင့်သွားစေ၏။
"ဒါဆို မင်းက ကွန်ဖြူးရှပ်တာအို ကျင့်ကြံသူပေါ့...ဒါက မင်း တော်ဝင်ကျောင်းတော်ကနေ သင်ယူလာတဲ့ ကွန်ဖြူးရှပ်ကျင့်ကြံနည်းစနစ်မဟုတ်လား"
လုယွီ၏ခန္ဓာကိုယ်တွင်လည်း ကွန်ဖြူးရှပ်တာအိုဥပဒေသရှိနေသည်။
ထို့ကြောင့် သူ့မြှားနှင့်ထိတွေ့မိသည်နှင့် ထိုမြှားတွင်ပါဝင်သော မှော်မန္တန်ကို ချက်ချင်းပင် နားလည်သဘောပေါက်သွားသည်။
အကယ်၍ တခြားသူများသာ ထိုအကြောင်းများကို သိရှိသွားပါက သူတို့၏အောက်မေးရိုးများ ပြုတ်ကျလုမတက် အံ့အားသင့်သွားကြပေမည်။
မည်သို့ပင်ဆိုစေကာမူ လုယွီသည် သူ၏တာအိုသခင်စိတ်ဝိညာဥ်စွမ်းအားကို တစိတ်တဒေသသာ အသုံးပြုထားခြင်းဖြစ်သော်လည်း ဤသည်ကပင် သာမာန်ကျင့်ကြံသူများ စိတ်ကူးယဥ်နိုင်သည့်အရာမျိုးမဟုတ်ချေ။
"တော်ဝင်ကျောင်းတော်က တကယ့်ကို ပါရမီရှင်တွေ ပေါများတာပဲ...တာယွီအင်ပါယာတစ်ခုလုံးမှာ အရာရှိနေရာယူထားတဲ့ လူတော်တော်များများ အဲ့ဒီကျောင်းတော်ကနေ ထွက်လာတာပဲ...ထုတ်ပယ်ခံထားရတဲ့ ကျောင်းတော်သားတစ်ယောက်ကတောင် ဒီလိုခွန်အားမျိုးရှိနေမယ်လို့ ငါ မျှော်လင့်မထားမိဘူး"
မြောက်မြားစွာသောအတွေးများ လုယွီ၏စိတ်အတွင်း၌ ဖြတ်ပြေးနေသော်လည်း သူ၏လက်မှတိုက်ခိုက်မှုကို ရပ်တန့်ခြင်းမရှိချေ။
"မင်းက ခွန်အားသက်သက်ကိုအသုံးပြုဖို့ပဲ သိတာလား...ဟား ဟား ဟား...စိတ်ပျက်စရာပဲ...ငါက စိတ်ဝင်စားဖို့ကောင်းတဲ့ ပြိုင်ဘက်တစ်ယောက်နဲ့တွေ့ပြီလို့ တွေးထင်ထားခဲ့တာ"
ကျောက်စိမ်းမျက်နှာကျောင်းတော်သား၏မျက်လုံးများအတွင်း၌ မောက်မာဝံ့ကြွားမှုများနှင့် ပြည့်နှက်နေသည်။
"ငါက တော်ဝင်မြို့တော်ကလာခဲ့တာ...မင်းတို့လို ငနုံငအတွေနဲ့ ရင်ဆိုင်တိုက်ခိုက်ရတာ ငါ အရမ်းပျင်းတာပဲ"
ကျောက်စိမ်းမျက်နှာကျောင်းတော်သားသည် လုယွီထံ လက်ညှိုးညွှန်လိုက်ရာ သူ၏လက်ညှိုးထိပ်၌ အေးစက်စက်အလင်းတန်းများ ထွက်ပေါ်လာသည်။
"ထားလိုက်တော့...မင်းရဲ့သွေးချီက အရမ်းအားကောင်းတယ်...မင်းကိုသတ်လိုက်ရင် လူတစ်သောင်းကိုသတ်လိုက်တာနဲ့ အတူပဲ...ငါက မင်းကိုပဲ အရင်ဆုံး သတ်ရလိမ့်မယ်"
ရုတ်တရက် ကျောက်စိမ်းမျက်နှာကျောင်းတော်သားသည် နေရာမှာပင် ကြက်သေသေနေပြီး သူ့ရှေ့ရှိမြင်ကွင်းကို မယုံကြည်နိုင်စွာဖြင့် စူးစိုက်ကြည့်နေသည်။
လုယွီက မှော်မန္တန်တစ်ပုဒ်ရွတ်ဆိုနေပြီးနောက် သူ၏နံဘေး၌ ပုံရိပ်ယောင်တစ်ခု ထွက်ပေါ်လာသည်။ထိုပုံရိပ်ယောင်သည် ကျောက်စိမ်းမျက်နှာကျောင်းတော်သားဖန်တီးထားသော ဓမ္မရုပ်ထုနှင့် တူညီနေပေ၏။
ထို့ပြင် လုယွီ၏ဓမ္မရုပ်ထုပုံရိပ်ယောင်မှ အသွင်အပြင်နှင့် အသေးစိတ်အချက်အလက်များသည် ကျောက်စိမ်းမျက်နှာကျောင်းတော်သား၏ဓမ္မရုပ်ထုထက် ပို၍သိသာထင်ရှားသည်။
ထိုနည်းစနစ်သည် သက်ရှိများအားလုံးကို ကွန်ဖြူးရှပ်တာအိုသဘောတရားများ သင်ကြားပေးရာ၌ ရှေးဟောင်းသူတော်စင်များ အသုံးပြုခဲ့သော အခြေခံနည်းစနစ်ခြောက်မျိုးကို တုပထားခြင်းပင်။
"မဖြစ်နိုင်ဘူး...သူတော်စင်ကျင့်စဥ်ခြောက်သွယ်ကို တော်ဝင်ကျောင်းတော်ကလူတွေပဲသင်ယူနိုင်တာ...မင်းလို နိမ့်ကျတဲ့စစ်ဗိုလ်ချုပ်တစ်ယောက်ကဘယ်လိုလုပ်ပြီး ဒီနည်းစနစ်ကို တတ်မြောက်နေတာလဲ"
ကျောက်စိမ်းမျက်နှာကျောင်းတော်သားက တုန်လှုပ်ချောက်ချားစွာ အော်ဟစ်လိုက်၏။
ဤမှော်မန္တန် မည်မျှထိအစွမ်းထက်သည်ကို သူ အသိရှိဆုံးဖြစ်သည်။
ကွန်ဖြူးရှပ်တာအိုပညာရှင်များသည် စာဂျပိုးများသက်သက်မဟုတ်ချေ။အတိတ်သို့ ပြန်တွေးကြည့်ပါက လုယွီသည် မြေအောက်လောကတာအိုသခင်ဖြစ်နေစဥ်အချိန်ကပင် တာယွီအင်ပါယာရှိ ကွန်ဖြူးရှပ်ပညာရှင်များကို သူ မဆင်မခြင်မတိုက်ခိုက်ဝံ့ချေ။
ကွန်ဖြူးရှပ်ပညာရှင်များ၏ တချို့မှော်နည်းစနစ်များသည် အလွန်အမင်း နက်နဲသိမ်မွေ့ပြီး သာမာန်သတ်ဖြတ်ခြင်းနည်းစနစ်များထက် နိမ့်ကျခြင်းမရှိချေ။
"မင်းက ဒီနည်းစနစ်တွေကို သင်ယူထားနိုင်မယ်လို့ ငါ မယုံကြည်ဘူး...ငါက တော်ဝင်ကျောင်းတော်ရဲ့ကျောင်းတော်သားတစ်ယောက် ဖြစ်ခဲ့တာ...မင်းလို အမှိုက်ကောင်က ငါ့ကိုယှဥ်ပြိုင်နိုင်မှာ မဟုတ်ဘူး"
ကျောက်စိမ်းမျက်နှာကျောင်းတော်သားက ရုတ်တရက် အော်ဟစ်ကြုံးဝါးလိုက်သည်။
Chapter 1905
"သူတော်စင်ကျင့်စဥ်ခြောက်သွယ်"
ကျောက်စိမ်းမျက်နှာကျောင်းတော်သားသည် ကျယ်လောင်စွာ အော်ဟစ်ကြုံးဝါးပြီး သူ၏မှော်စွမ်းအားများကို သူတော်စင်ဓမ္မပုံရိပ်အဖြစ် ထပ်မံ၍သိပ်သည်းလိုက်သည်။
လုယွီက သရော်တော်တော် ပြောဆိုသည်။
"မင်းက ကွန်ဖြူးရှပ်တာအိုရဲ့အနှစ်သာရကို သင်ယူလို့မရနိုင်ဘူး...မင်းရဲ့ခေါင်းထဲမှာ အကြံအစည်တွေ လှည့်စားမှုတွေနဲ့ပဲပြည့်နေတာ...ဒါတောင်မှ မင်းက ကွန်ဖြူးရှပ်တာအိုလမ်းကြောင်းနဲ့ပတ်သတ်ပြီး ငါ့ရှေ့မှာ လာပြောဝံ့သေးတာလား"
လုယွီသည် သူတော်စင်ဓမ္မရုပ်ထုကိုထိန်းချုပ်၍ ကျောက်စိမ်းမျက်နှာကျောင်းတော်သားထံ ချိန်ရွယ်ကာ မြှားတစ်စင်းပစ်ခတ်လိုက်၏။
ဝှစ်...
ကျောက်စိမ်းမျက်နှာကျောင်းတော်သားကို ချိန်ရွယ်ထားသော ထိုမြှားသည် နေကိုဖြတ်သန်းသွားသော သက်တန့်တစ်စင်းအလား တန်းတန်းမတ်မတ် တိုးဝင်သွားသည်။
သူသည် မူလက တော်ဝင်ကျောင်းတော်မှကျောင်းတော်သားတစ်ယောက်ဖြစ်ပြီး ကွန်ဖြူးရှပ်တာအိုကိုကျင့်ကြံသူတစ်ယောက်ပင်။
ကံအကြောင်းမလှစွာဖြင့် ကွန်ဖြူးရှပ်တာအိုဥပဒေသကို နားလည်သဘောပေါက်ထားသော လုယွီ၏ရှေ့၌ ကျောက်စိမ်းမျက်နှာကျောင်းတော်သား အသုံးပြုသွားသည့် မှော်နည်းစနစ်များမှာ ကလေးကစားကွက်အဆင့်သာရှိသည်။
"ကျွမ်းကျင်သူတစ်ယောက်ရှေ့မှာ လှည့်ကွက်တွေကစားချင်တာလား...အစစ်အမှန်ကွန်ဖြူးရှပ်တာအိုနည်းစနစ်တွေက ဘယ်လိုမျိုးလဲဆိုတာ ငါ မင်းသိအောင် ပြရသေးတာာပေါ့"
ကျောက်စိမ်းမျက်နှာကျောင်းတော်သားက မကျေမချမ်း အော်ဟစ်ပြောဆိုလိုက်၏။
သို့ရာတွင် သူ၏စကားမဆုံးသေးမီမှာပင် ရုတ်တရက် သူက ရပ်တန့်လိုက်သည်။
လုယွီ၏မြှားသည် ကျောက်စိမ်းမျက်နှာကျောင်းတော်သား၏ သူတော်စင်ဓမ္မပုံရိပ်ယောင်ကို ပြင်းပြင်းထန်ထန် ထိုးဖောက်သွားသည်။ထိုဓမ္မပုံရိပ်ယောင်သည် ချက်ချင်းဆိုသလိုပင် ပျက်ပြယ်သွားပေ၏။ထို့နောက် မိုးကောင်းကင်ယံမှနေ၍ ဆွဲအားလှိုင်းတစ်ရပ်ထွက်ပေါ်လာကာ ကျောက်စိမ်းမျက်နှာကျောင်းတော်သား လေပေါ်သို့မြောက်တက်သွားပြီး ပြင်းပြင်းထန်ထန် ပြန်ပြုတ်ကျလာသည်။
ကျောက်စိမ်းမျက်နှာကျောင်းတော်သား၏ခန္ဓာကိုယ်ပေါ်ရှိ ကွန်ဖြူးရှပ်တာအိုဝတ်စုံသည် ချက်ချင်းပင် စုတ်ပြတ်သတ်သွားသည်။
"ဘယ်လို...ဘယ်လိုလုပ်ပြီး သူ့မှာ ဒီလိုခွန်အားမျိုး ရှိနေတာလဲ"
ကျောက်စိမ်းမျက်နှာကျောင်းတော်သားသည် သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ အော်ဟစ်ကြုံးဝါးလိုက်သော်လည်း သူက ထပ်မံ၍မတိုက်ခိုက်ဝံ့တော့ဘဲ နောက်သို့ပြန်လှည့်ကာ ထွက်ပြေးရန် ဟန်ပြင်လိုက်၏။
သူသည် အရူးတစ်ယောက် မဟုတ်ချေ။အစောပိုင်းက လုယွီ၏တိုက်ခိုက်မှုမှတဆင့် သူ၏ခွန်အားထက် များစွာပို၍သာလွန်ကြောင်း သိသာထင်ရှားသည်။
အကယ်၍ သူ ဤနေရာ၌ ဆက်လက်၍နေနေပါက သူ သေဆုံးရမည့်လမ်းသာရှိနေမည်ကို စိုးရွံနေမိသည်။
ကျောက်စိမ်းမျက်နှာကျောင်းတော်သား ထွက်ပြေးသွားသည်ကိုမြင်သော်လည်း လုယွီက လိုက်လံဖမ်းဆီးခြင်းမပြုချေ။ထိုအစား သူက ယဇ်ပလ္လင်ဘက်သို့ လှည့်ကြည့်လိုက်၏။
ယဇ်ပလ္လင်ပေါ်ရှိ ကျောက်တိုင်များပေါ်မှနေ၍ အနက်ရောင်အခိုးအငွေ့များနှင့်အတူ သင်္ကေတအမှတ်အသားများ ထွက်ပေါ်နေသည်။
ထိုသင်္ကေတအမှတ်အသားများသည် လေထုအတွင်း၌မျောလွင့်နေပြီး ထိုအရာများ၏ပတ်ဝန်းကျင်၌ မကောင်းဆိုးရွားဆန်သော အရှိန်အဝါများ ပျံ့နှံ့နေပေ၏။
ဤသည်က မြောက်မြားစွာသောစုန်းများ ယဇ်ပလ္လင်ပေါ်မှနေ၍ ညှို့ငင်နေသည်နှင့်တူညီပြီး လူအများ၏စိတ်ကို ဖရိုဖရဲဖြစ်စေသည်။
"ဘယ်လောက်တောင် အစွမ်းထက်တဲ့ စိတ်ဝိညာဥ်တိုက်ခိုက်မှုလဲ...တကယ်လို့ ငါ့ရဲ့စိတ်ဝိညာဥ်သာ အစွမ်းမထက်ဘူးဆိုရင် ဒီစွမ်းအားရဲ့လှည့်ဖျားမှုကိုခံရပြီးတော့ ငါ့ရဲ့သွေးချီတွေကို နာခံမှုရှိရှိ ပေးလိုက်မိမှာပဲ"
လုယွီ၏စိတ်နှလုံးသားများ တုန်ရီနေသည်။သူက ချက်ချင်းပင် အင်မော်တယ်သုတ်သင်ဓားချီကို ထုတ်လွှက်ကာ ယဇ်ပလ္လင်ထံသို့ဦးတည်၍ ပျံဝဲလိုက်၏။
အင်မော်တယ်သုတ်သင်ဓားချီသည် အဖြူရောင်သက်တန့်တစ်စင်းအလား လေဟာနယ်ကိုဖြတ်သန်းသွားပြီး ယဇ်ပလ္လင်ပေါ်သို့ ပြင်းပြင်းထန်ထန် ကျရောက်သွားသည်။
ဘုန်း...
ယဇ်ပလ္လင်သည် ပြင်းပြင်းထန်ထန်တုန်ခါသွားပြီး ဓားချီကျရောက်သွားသောနေရာမှစတင်၍ ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းကြီးများ ထွက်ပေါ်လာသည်။
"သေမျိုး...ဒီနတ်ဘုရား အိပ်မောကျနေတာကို မင်းက နှောက်ယှက်ဝံ့တာလား"
ရှေးဆန်ပြီးအစွမ်းထက်သောအသံကြီးက ရုတ်တရက် လုယွီ၏နားအတွင်းသို့ ဝင်ရောက်လာပေ၏။
ထိုအသံကိုကြားမိသော လူအားလုံးနီးပါးသည် ကူကယ်ရာမဲ့စွာဖြင့် သူတို့၏စိတ်နှလုံးသားအတွင်း၌ အသံပိုင်ရှင်ကို အရိုအသေပြုပြီး ယုံကြည်ကိုးကွယ်လိုသောခံစားချက်မျိုး ပေါက်ဖွားလာကြသည်။
"ဒါဆို ဒီနေရာမှာ နတ်ဘုရားတစ်ပါးရှိနေတာပေါ့"
လုယွီက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
ရှေးဟောင်းအချိန်ကာလများတွင် လောကကြီးအတွင်း၌ မြောက်များစွာသောနတ်ဘုရားများ ထွက်ပေါ်လာခဲ့သည်။
တောင်တန်းများနှင့်မြစ်များတွင် စိတ်ဝိညာဥ်များရှိသည်။ထိုစိတ်ဝိညာဥ်များသည် မရေမတွက်နိုင်သောလူများ၏ယုံကြည်ကိုးကွယ်မှုကို ခံယူရပြီးနောက် တောင်နတ်ဘုရားများ မြစ်နတ်ဘုရားများ ဖြစ်လာကြ၏။မြောက်မြားစွာသော ပိုးမွှားများ ငါးများ ဌက်များစသော သတ္တဝါများ၏ယုံကြည်ကိုးကွယ်ခြင်းခံရသောစိတ်ဝိညာဥ်များမှာလည်း နတ်ဘုရားများဖြစ်လာသည်။အကြောင်းအရင်းမှာ ထိုသတ္တဝါများအားလုံးသည်လည်း သက်ရှိများဖြစ်နေခြင်းကြောင့်ပင်။
တချို့အစွမ်းထက်နတ်ဘုရားတချို့တွင် ယုံကြည်ကိုးကွယ်သူ သန်းဆယ်နှင့်ချီ၍ရှိပြီး အလယ်ခေတ်ဖရိုဖရဲအခြေအနေများမှနေ၍ ယခုလက်ရှိအချိန်ထိတိုင် အသက်ရှင်သန်နိုင်ကြသည်။ထိုနတ်ဘုရားများသည် မြောက်မြားစွာသော ပြန်လည်ဝင်စားခြင်းများကို တွေ့ကြုံရပြီးနောက် သူတို့၏ခွန်အားသည် နှိုင်းယှဥ်ပြစရာမရှိအောင် နက်နဲသိမ်မွေ့လာပေ၏။
ထိုအချိန်မှာပင် ကျိုးပဲ့နေသောယဇ်ပလ္လင်မှနေ၍ လူထွားကြီးတစ်ယောက်ထွက်လာပြီး ရက်စက်ကြမ်းကြုတ်သောမျက်နှာအမူအယာဖြင့် လုယွီကို စူးစိုက်၍ကြည့်နေသည်။
"နတ်ဆိုးမှော်သားရဲရဲ့ခန္ဓာကိုယ်ကို အပိုင်စီးထားတာလား"
လုယွီက ထိုလူထွားကြီးကိုမြင်သည်နှင့် မည်သည့်ကိစ္စများဖြစ်ပျက်နေသည်ကို နားလည်သဘောပေါက်သွားသည်။
ဤသည်က အချိန်အတော်ကြာ အိပ်မောကျနေခဲ့သော နတ်ဘုရားတစ်ပါးဖြစ်ပေမည်။သူသည် နတ်ဆိုးသားရဲတစ်ကောင်၏ခန္ဓာကိုယ်ကို အပိုင်စီး၍ ပြန်ရှင်သန်လာခြင်းပင်။
"မဟုတ်ဘူး...မင်းက ရှုရာနတ်ဘုရားပဲ"
လုယွီသည် သူ၏နတ်ဘုရားစိတ်အာရုံဖြင့် အချိန်တခဏကြာ လေ့လာဆန်းစစ်ပြီးနောက် သူ၏မျက်လုံးအတွင်း၌ ထိတ်လန့်တုန်လှုပ်မှုအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
ဤသည်က ရှုရာနတ်ဘုရားပင်။
လုယွီ၏အတိတ်ဘဝ၌ သူ နာမည်ကျော်ကြားမလာမီအချိန်ကပင် ဤရှုရာနတ်ဘုရားသည် ကောင်းကင်ဘုံနယ်မြေ၏ အစွမ်းထက်တည်ရှိမှုကြီးတစ်ခုဖြစ်သည်။
Thank For Reading.