← Chapters

အခန်း (၁၉၁၁-၁၉၁၅)

Vol. 99 Ch. 1911-1915

အခန်း (၁၉၁၁-၁၉၁၅)

Vol. 99 Ch. 1911-1915

Chapter 1911

"သေလမ်းရှာနေတာလား"

လုယွီ၏အော်ဟစ်ပြောဆိုသံကိုကြားသည်နှင့် ရှုရာနတ်ဘုရား၏မျက်နှာထက်၌ ရက်စက်ကြမ်းကြုတ်သောအရိပ်အယောင်များ ထင်ဟပ်လာသည်။

လက်ညှိုးတစ်ချောင်းညွှန်ပြလိုက်ရုံဖြင့်ပင် ရှုရာနတ်ဘုရားသည် ပတ်ဝန်းကျင်ရှိ မြေကမ္ဘာနတ်ဆိုးများအားလုံးကို သုတ်သင်ရှင်းလင်းလိုက်၏။

"တကယ်လို့ မင်း သေချင်ရင်တောင်...မင်းရဲ့စိတ်ဝိညာဥ်ကို နာခံမှုရှိရှိနဲ့လွှဲပြောင်းပေးတာ ပိုမကောင်းဘူးလား...ငါက မင်းကို နတ်ဘုရားသံတမန်တစ်ယောက်အနေနဲ့ ထားပေးမယ်"

ရှုရာနတ်ဘုရား၏အသံသည် ဖြားယောင်းသွေးဆောင်မှုများနှင့် ပြည့်နှက်နေသည်။

လုယွီသည် ရှုရာနတ်ဘုရား၏ခြိမ်းခြောက်စကားကို မကြားသကဲ့သို့သာ ပြုမူနေသည်။သူ့ရှေ့ရှိ ဖန်သားနန်းတော်ကိုမြင်သည်နှင့် အက်ကွဲကြောင်းကိုရှာဖွေကာ အလျှင်အမြန်ခုန်ဝင်လိုက်၏။

ဤလမ်းကြောင်းကို လုယွီသည် သူ၏စိတ်အတွင်းမှနေ၍ တွက်ချက်ထားပြီးလေပြီ။

လုယွီသည် ဖန်သားနန်းတော်၏ထောင့်တစ်နေရာသို့ ဖျတ်ခနဲရောက်ရှိသွားချိန်မှာပင် လိပ်နက်ကြီးရောက်လာပြီး အက်ကွဲကြောင်းကို ပိတ်ဆို့ဟန့်တားလိုက်သည်။

"အရှင်က ဖန်သားနန်းတော်က အစောင့်တွေကိုအသုံးချပြီး အဲ့ဒီရှုရာနတ်ဘုရားကိုသတ်ဖို့ ရည်ရွယ်ထားတာလား"

အောင်းကွမ်းက အံ့အားတသင့် အော်ဟစ်လေ၏။

ဤသည်က လုယွီ၏အစစ်အမှန်အကြံအစည်ပင်။

သူ၏ယခုလက်ရှိကျင့်ကြံဆင့်နယ်ပယ်ဖြင့် မြေကမ္ဘာအင်မော်တယ်အလယ်အလတ်အဆင့်ကိုသာ အများဆုံးအနေဖြင့် တိုက်ခိုက်နိုင်ပေမည်။နတ်ဘုရားတစ်ပါး၏တိုက်ခိုက်မှုအောက်မှ သူ အသက်ရှင်ရက် လွတ်မြောက်နိုင်မည်မဟုတ်ချေ။

တစ်ခုတည်းသောနည်းလမ်းမှာ တစ်စုံတစ်ယောက်၏ဓားကိုဌား၍ ထိုရှုရာနတ်ဘုရားကို သတ်ဖြတ်ရန်ပင်။လုယွီသည် ဖန်သားနန်းတော်မှအစောင့်များနှင့်ရှုရာနတ်ဘုရားကို တိုက်ခိုက်စေလိုသည်။

တခြားတစ်ဖက်၌မူ လုယွီသည် တောင်ပေါ်၌ထိုင်၍ ကျားနှစ်ကောင်တိုက်ခိုက်နေခြင်းကို စောင့်ကြည့်နေရန်သာ လိုအပ်သည်။

"ဒါပေမယ့်...ဒီနေရာက သူ့ကို ဟန့်တားနိုင်ပါ့မလား"

အောင်းကွမ်း၏စိတ်နှလုံးသားအတွင်း၌ စိုးရိမ်ပူပန်မှုများရှိနေဆဲပင်။

တစ်ဖက်ရန်သူသည် နတ်ဘုရားတစ်ပါးဖြစ်နေသောကြောင့် သာမာန်အမြင်ဖြင့် အကဲဖြတ်၍မရချေ။

လုယွီက တည်ငြိမ်စွာပြောဆိုသည်။

"ဒါက ပြဿနာမရှိနိုင်ဘူး...ဘာလို့လဲဆိုတော့ အဲ့ဒီရှုရာနတ်ဘုရားက လက်ချောင်းတစ်ချောင်းကနေ ပြန်ရှင်သန်လာတာမလို့ပဲ...မဟုတ်ရင် ငါတို့ ဒီနေရာထိတောင် ငါတို့ ထွက်ပြေးလာနိုင်မှာမဟုတ်ဘူး"

ရှုရာနတ်ဘုရားသည် ရှေးဟောင်းအလယ်ခေတ်ကတည်းက တည်ရှိခဲ့သော နတ်ဘုရားတစ်ပါးဖြစ်သည်။သူသည် မြောက်များစွာသော အတွေ့အကြုံများကို ဖြတ်ကျော်ပြီးဖြစ်သဖြင့် သေးငယ်သောဗျူဟာများနှင့် သူ့အားလှည့်စားနိုင်မည်မဟုတ်ချေ။

သို့ရာတွင် ရှုရာနတ်ဘုရားသည် လက်တစ်ချောင်းမှပြန်ရှင်သန်လာပြီး နတ်ဆိုးသားရဲတစ်ကောင်၏ခန္ဓာကိုယ်ကို အပိုင်စီးထားခြင်းဖြစ်သဖြင့် သူ၏အသိဥာဏ်များ အပြည့်အဝပြန်လည်ကောင်းမွန်ခြင်းမရှိသေးပေ။

ယခုလက်ရှိချိန်၌ ရှုရာနတ်ဘုရားသည် ခွန်အားပြည့်လည်း ပြန်လည်ရရှိခြင်းမရှိသေးချေ။ထို့ကြောင့် လုယွီထံတွင် သူ့အားသတ်ဖြတ်ရန် နည်းလမ်းပေါင်းထောင်နှင့်ချီ၍ရှိသည်။

"မင်းက ဒီလိပ်ခွံငယ်လေးထဲမှာ ပုန်းအောင်းနေတာနဲ့ လွတ်မြောက်နိုင်ပြီလို့ ထင်နေတာလား"

ဖန်သားနန်းတော်၏ပြင်ပမှနေ၍ ရှုရာနတ်ဘုရား၏အသံကြီး ထွက်ပေါ်လာသည်။ထို့နောက် နန်းတော်တစ်ခုလုံး တုန်ခါစပြုလာပေ၏။

ဘုန်း...ဘုန်း...ဘုန်း...

ဤသည်က နွားရိုင်းကြီးတစ်ကောင်သည် ဖန်သားနန်းတော်၏တံခါးမကြီးအား ပြင်းပြင်းထန်ထန် ဝင်ဆောင့်နေသကဲ့သို့ပင်။

ဝေါင်း...

ထိုအချိန်မှာပင် ရုတ်တရက် လိပ်နက်ကြီးထံမှ အသံထွက်ပေါ်လာသည်။

လိပ်နက်ကြီး၏ဒေါသတကြီးဟိန်းဟောက်သံသည် ပတ်ဝန်းကျင်နေရာအနှံ့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။

ဖန်သားနန်းတော်၏ရှေ့ရှိ ရုပ်ထုရှစ်ခုသည်လည်း နိုးထလာကြ၏။ထိုရုပ်ထုတစ်ခုစီအတွင်း၌ ရွှယ်အင်မော်တယ်နယ်ပယ် ပင်လယ်မျိုးနွယ်များကို ချိပ်ပိတ်ထားသည်။

ရွှယ်အင်မော်တယ်ရှစ်ယောက်ရှိနေသော ရုပ်ထုများအားလုံး ကြေမွပျက်စီးသွားပြီး သူတို့က ရှုရာနတ်ဘုရားထံသို့ တိုးဝင်၍တိုက်ခိုက်ကြသည်။

ဝုန်း...ဝုန်း...ဝုန်း...

ရုတ်ချည်းဆိုသလိုပင် ဖန်သားနန်းတော်၏ပြင်ပ၌ ဖရိုဖရဲတိုက်ပွဲတစ်ခု စတင်၍ဖြစ်ပွားတော့သည်။

ဤသည်က ကောင်းကင်နှင့်မြေပြင်ကိုပင် လှုပ်ခါနိုင်စွမ်းရှိသော အစွမ်းထက်တည်ရှိမှုကြီးများအကြားမှ တိုက်ပွဲဖြစ်သည်။ထိုတိုက်ပွဲထံမှ သက်ရောက်မှုအားလှိုင်းများသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားပေ၏။

"ဟူး...တကယ်လို့ ငါသာ အဲ့ဒီနေရာနဲ့နီးကပ်နေရင်...အဲ့ဒီကထွက်လာတဲ့ အားလှိုင်းနဲ့တင် ငါ သွေးအန်သွားနိုင်တယ်"

အောင်းကွမ်း၏စိတ်နှလုံးသားများ မွန်းကြပ်နေသည်။

သူတို့အားလုံးသည် ကမ္ဘာငယ်လေးအတွင်း၌ရှိနေသည့်တိုင် ထိတ်လန့်ကြောက်ရွံမှုကို ခံစားနေရဆဲပင်။

ရှုရာနတ်ဘုရားနှင့်ရွှယ်အင်မော်တယ်များ တိုက်ခိုက်နေသည်ကိုကြည့်ပြီး လုယွီက အခွင့်အရေးရှာကာ စိတ်ဝိညာဥ်သွေးကြောအတွင်းသို့ ဝင်ရောက်လိုက်သည်။

"အရှင်...ဘာလုပ်မလို့လဲ"

အောင်းကွမ်းက ထိတ်လန့်တုန်လှုပ်သွားပေ၏။

ယခုလက်ရှိချိန်၌ ဤနေရာတွင် သူတို့အားလုံးကို လွယ်လင့်တကူသတ်ဖြတ်ပစ်နိုင်သော တည်ရှိမှုကြီးတစ်ခုရှိနေသည်။

လုယွီက တုံ့ပြန်၍ဖြေဆိုခြင်းမရှိဘဲ စိတ်ဝိညာဥ်သွေးကြော၏အထက်ရှိလေထုအတွင်းသို့ ဦးတည်၍ပျံဝဲသွားလိုက်သည်။

သန့်စင်သောစိတ်ဝိညာဥ်စွမ်းအင်များသည် စိတ်ဝိညာဥ်သွေးကြော၏အထက်ကောင်းကင်ယံ၌ ထွက်ပေါ်နေပြီး စိတ်ဝိညာဥ်အရည်များကလည်း မြစ်ရေကဲ့သို့ အဆက်မပြတ်စီးဆင်းနေသည်။

"ရှေးဟောင်းသိုင်းပညာနည်းစနစ်...တက်တူမိုးကောင်းကင်ဝါးမျိုခြင်း"

လုယွီက မှော်မန္တန်ကို ရွတ်ဆို၍ သူ၏ပါးစပ်ကိုဖွင့်ဟကာ စိတ်ဝိညာဥ်စွမ်းအင်များကို ဝါးမျိုလိုက်၏။

ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဥ်စွမ်းအင်များသည် သန့်စင်သောစိတ်ဝိညာဥ်စီးကြောင်းများအသွင်သို့ ပြောင်းလဲသွားပြီး လုယွီ၏ခန္ဓာကိုယ်အတွင်းသို့ ရူးသွပ်လုမခမ်း တိုးဝင်လာကြသည်။

"ချမ်းသာမှုဆိုတာ အန္တရာယ်ကနေလာတာ...ဒီနေရာမှာ စိတ်ဝိညာဥ်စွမ်းအင်တွေအများကြီးရှိနေမှတော့...ငါ အလဟဿအဖြစ်မခံနိုင်ဘူး"

လုယွီ၏မျက်လုံးအတွင်း၌ ရူးသွပ်မိုက်မဲမှုအရိပ်အယောင်များ ထင်ဟပ်နေသည်။

Chapter 1912

အကန့်အသတ်မရှိသောစိတ်ဝိညာဥ်စွမ်းအင်များသည် လုယွီ၏ခန္ဓာကိုယ်အတွင်းသို့ ဒီရေအလား စီးဝင်လာကြ၏။

ဤနေရာရှိ စိတ်ဝိညာဥ်စွမ်းအင်များ၏သိပ်သည်းမှုသည် ပြင်ပလောကထက် များစွာပို၍မြင့်မားသည်။

စိတ်ဝိညာဥ်စွမ်းအင်များသည် ကျင့်ကြံသူများအားလုံး၏ ကျင့်ကြံခြင်းအခြေခံအုတ်မြစ်ဖြစ်သည်။

မည်သည့်ကြယ်နယ်မြေပေါ်တွင်မဆို ဂိုဏ်းကြီးဂိုဏ်းငယ်ဟူသမျှသည် သူတို့၏ဂိုဏ်းများကို စိတ်ဝိညာဥ်စွမ်းအင်များ ပေါကြွယ်ဝသောနေရာမျိုးတွင်သာ တည်ထောင်လေ့ရှိသည်။

သို့ရာတွင် စိတ်ဝိညာဥ်စွမ်းအင်ဟူသည်မှာ မည်သည့်နေရာတွင်မဆို တွေ့ရှိနိုင်သည့်အရာမျိုး မဟုတ်ချေ။

ဂိုဏ်းကြီးများတွင် ပတ်ဝန်းကျင်ရှိစိတ်ဝိညာဥ်စွမ်းအင်များကို စုစည်းနိုင်သော သဘာဝရတနာတချို့ရှိသည်။သို့ရာတွင် ထိုစိတ်ဝိညာဥ်စွမ်းအင်များသည် အကန့်အသတ်ရှိပြီး ဂိုဏ်းမှတပည့်များသည် ထိုအရာများကိုအသုံးပြုနိုင်ရန် သူတို့၏ဂိုဏ်းအကျိုးဆောင်ရမှတ်များနှင့် လဲလှယ်ကြရ၏။

တာယွီအင်ပါယာအတွင်း၌ပင် စိတ်ဝိညာဥ်သွေးကြောတိုင်းကို အစွမ်းထက်ကျင့်ကြံသူများမှ စောင့်ကြပ်နေသည်။တော်ဝင်စစ်တပ်သည် စိတ်ဝိညာဥ်သွေးကြောရှိသည့် နယ်မြေတဝိုက်ကို ဝိုင်းရံစောင့်ကြပ်နေပြီး မည်သည့်လွဲချော်မှုမျိုးမှဖြစ်ပေါ်ခွင့်မပြုချေ။

ယခုအချိန်၌ လုယွီ၏ရှေ့တွင် ပင်လယ်ရေတမျှပေါများသော စိတ်ဝိညာဥ်စွမ်းအင်များရှိနေသည်။

ဂလု....ဂလု....ဂလု...

လုယွီသည် အနည်းငယ်မျှပင် တုံ့ဆိုင်းခြင်းမရှိချေ။သူ စိတ်ဝိညာဥ်သွေးကြောအား ရှာဖွေတွေ့ရှိခဲ့ရခြင်းမှာ သူ့အတွက်အခွင့်အရေးကောင်းတစ်ခုဖြစ်၍ သူ လက်လွတ်ခံနိုင်ခြင်းမရှိပေ။

သူထံတွင် ရှေးဟောင်းခန္ဓာကိုယ်ကျင့်ကြံနည်းစနစ် နှစ်မျိူးရှိနေသည်။အကယ်၍ သူ ကျင့်ကြံဆင့်နယ်ပယ် ချိုးဖျက်လိုပါက သာမာန်ကျင့်ကြံသူများထက် စိတ်ဝိညာဥ်စွမ်းအင် အဆတစ်ရာမကလိုအပ်သည်။ထို့ထက်မြင့်မားသော ကျင့်ကြံဆင့်များကို သူ ချိုးဖျက်လိုပါက အဆပေါင်းထောင်နှင့်ချီ၍ပင် လိုအပ်ပေမည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ သူ စိုးရိမ်ပူပန်ရန် မလိုတော့ချေ။

ဤသည်က အချိန်အတော်ကြာဆာလောင်မွတ်သိပ်နေသော လူတစ်ယောက်သည် သူ၏အစာအိမ်အပြည့် အစားအစာများစားလိုက်ရသည်နှင့် တူညီပေ၏။

သူ၏ခန္ဓာကိုယ်အတွင်းရှိ မရီးဒါန်းများအားလုံးသည် ဆာလောင်မွတ်သိပ်မှုကို အချိန်အတော်ကြာ တောင့်ခံထားရပုံရှိသည်။ထိုအရာများသည် လုံလောက်သောစိတ်ဝိညာဥ်စွမ်းအင်များကို ဖြည့်တင်းနိုင်သည်နှင့် ပြည့်နှက်သည်အထိစုပ်ယူကာ ထပ်ခါတလဲလဲ သန့်စင်နေကြသည်။

"မင်းတို့အားလုံးထွက်လာပြီး ဒီနေရာက စိတ်ဝိညာဥ်စွမ်းအင်တွေကို တက်နိုင်သမျှမြန်မြန် ဝါးမျိုကြတော့"

လုယွီက သူ၏ကမ္ဘာငယ်လေးအတွင်းရှိနေသူများအားလုံးကို ပြင်ပသို့ထုတ်ပေးလိုက်၏။

အောင်းကွမ်းသည် ဤအခြေအနေကို ယခင်ကကြုံတွေ့ဖူးပြီးဖြစ်သဖြင့် ချက်ချင်းဆိုသလိုပင် အော်ဟစ်လိုက်သည်။

"တွေဝေမနေကြနဲ့...မင်းတို့အားလုံး ဒီစိတ်ဝိညာဥ်သွေးကြောက စိတ်ဝိညာဥ်စွမ်းအင်တွေကို မြန်မြန်ဝါးမျိုကြစမ်း"

သူခေါ်ဆောင်လာခဲ့သော နဂါးများသည် ဤကဲ့သို့အခြေအနေမျိုးကို တစ်ကြိမ်တစ်ခါမျှပင် မြင်တွေ့ဖူးခြင်းမရှိချေ။

"ငါတို့က တော်ဝင်နန်းတော်ရဲ့ရတနာသိုက်ထဲကိုများ ကျူးကျော်ဝင်ရောက်လာမိတာများလား...ဘာလို့ ဒီနေရာမှာ စိတ်ဝိညာဥ်စွမ်းအင်တွေအများကြီး ရှိနေတာလဲ"

"ငါ့ရဲ့အတားအဆီး ပြေလျော့လာတာကို ငါ ခံစားမိတယ်"

ထိုမြင်ကွင်းကိုမြင်သည်နှင့် နဂါးများအားလုံး အပျော်လွန်သွားကြသည်။သူတို့အားလုံးသည် သူတို့၏ပါးစပ်များကို ကျယ်လောင်စွာဖွင့်ဟ၍ စိတ်ဝိညာဥ်စွမ်းအင်များကို ဝါးမျိုလိုက်ကြ၏။

သိုက်ဖုန်း လုကျင်းရှန့်နှင့် တခြားစစ်သားများအားလုံးသည်လည်း ဝမ်းမြောက်ပျော်ရွှင်နေကြသည်။

စိတ်ဝိညာဥ်သွေးကြော၏အထက်ရှိ လေထုအတွင်းတွင် လူပေါင်းသောင်းနှင့်ချီ၍ စုဝေးနေကြပြီး သူတို့၏ကျင့်ကြံမှုနည်းစနစ်များကို အသုံးပြု၍ ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဥ်စွမ်းအင်များကို အစွမ်းကုန် စုပ်ယူနေလေ၏။

တချို့လူများသည် အလွန်အမင်းရှုပ်ထွေးသော ကျင့်ကြံနည်းစနစ်များကို စတင်၍ကျင့်ကြံနေတော့သည်။

သာမာန်အားဖြင့် ထိုကျင့်ကြံနည်းစနစ်များကို ကျင့်ကြံနိုင်ရန် စိတ်ဝိညာဥ်စွမ်းအင် အမြောက်အများလိုအပ်သည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ သူတို့သည် ဤကိစ္စကို စိုးရိမ်ပူပန်ရန် မလိုတော့ချေ။

ဘုန်း...ဘုန်း...ဘုန်း...

တစ်ကြိမ်ပြီးတစ်ကြိမ် တချို့လူများ၏ခန္ဓာကိုယ်များထံမှ လက်ရှိကျင့်ကြံဆင့်နယ်ပယ်ကို ချိုးဖျက်သွားနိုင်သောအသံများ ထွက်ပေါ်လာသည်။

"ဒီအရှိန်နှုန်းက အရမ်းနှေးနေတယ်"

လုယွီက သူ့ရှေ့ရှိမြင်ကွင်းကို ကြည့်လိုက်၏။ထို့နောက် သူ၏လက်ညှိုးကိုဆန့်ထုတ်ပြီး လေဟာနယ်အတွင်း၌ သင်္ကေတတချို့ကို ရေးဆွဲလိုက်သည်။

ဤသည်က 'လေဟာနယ်ဝင်္ကပါဖွဲ့စည်းခြင်းနည်းစနစ်'ပင်။ထိုနည်းစနစ်သည် လေဟာနယ်အတွင်း၌ ဆေးသန့်စင်ခြင်းနှင့်တူညီပြီး ဝင်္ကပါဖွဲ့စည်းရန်အတွက် မည်သည့်ပါဝင်ပစ္စည်းမျှ လိုအပ်ခြင်းမရှိချေ။

သာမာန်ထက်ထူးကဲသာလွန်သော ဝင်္ကပါပညာရှင်များသာ ဤနည်းစနစ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်သည်။

ထိုဝင်္ကပါကြီးသည် လူများအားလုံး၏အထက်ရှိလေထုကို လွှမ်းခြုံသွားပြီး ချက်ချင်းဆိုသလိုပင် ပတ်ဝန်းကျင်ရှိစိတ်ဝိညာဥ်စွမ်းအင်များကို ဆွဲငင်နေလေ၏။

တစ်ချိန်တည်းမှာပင် လူများအားလုံးသည် စိတ်ဝိညာဥ်စွမ်းအင်များမှဖွဲ့စည်းလာသော စိတ်ဝိညာဥ်စွမ်းအင်ရည်များအတွင်း နှစ်မြှုပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ထို့နောက် သူတို့၏စိတ်ဝိညာဥ်စွမ်းအင်စုပ်ယူမှုနှုန်း ယခင်ထက်ဆယ်ဆခန့် မြင့်တက်သွားသည်။

"ဒါက ရှားပါးတဲ့ အခွင့်အရေးကြီးပဲ...ဒီတစ်ကြိမ်တော့ ငါ့ရဲ့ကျင့်ကြံဆင့်ကိုတိုးတက်အောင်လုပ်ရမယ်"

လုယွီသည် သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ မန္တန်တစ်ပုဒ်ကို တိတ်နဆိတ်ရွတ်ဆိုပြီး သူ၏လက်မှ စည်းတံဆိပ်သင်္ကေတများဖွဲ့စည်းကာ လေဟာနယ်အတွင်းသို့ ရိုက်ထုတ်လိုက်သည်။

တက်တူကောင်းကင်ဝါးမျိုခြင်းနည်းစနစ်၏ ကူညီထောက်ပံမှုဖြင့် လုယွီ၏ဝါးမျိူခြင်းအရှိန်နှုန်း အလွန်မြန်ဆန်နေပေရာ သူ၏မရီးဒါန်းများအားလုံး၌ စိတ်ဝိညာဥ်စွမ်းအင်များဖြင့် ပြည့်နှက်သွားတော့သည်။

သူ၏မိုးကောင်းကင်လှိုဏ်ဂူအတွင်းရှိ မြေအောက်လောကနိုင်ငံတော်သည်လည်း စတင်၍ပြောင်းလဲလာသည်။

မြေအောက်လောကနိုင်ငံတော်အတွင်းရှိ မြို့များအားလုံး မိုးကောင်းကင်လှိုဏ်ဂူအတွင်းရှိ အရပ်လေးမျက်နှာလုံး၌ နေရာတကျရှိနေသည်။ဤအချိန်အခိုက်အတန့်တွင် မြို့တစ်မြို့နှင့်တစ်မြို့ကြား၌ နဂါးတစ်ကောင်၏ပုံရိပ်က လူးလွန့်လှုပ်ရှားနေပေ၏။

မြောက်မြားစွာသော စိတ်ဝိညာဥ်စွမ်းအင်များ၏ထောက်ပံမှုဖြင့် ထိုမြို့များသည် အဆက်မပြတ်စုဝေးနေပြီး နောက်ဆုံး၌ မိုးကောင်းကင်လှိုဏ်ဂူတစ်ဂူလုံး နဂါးတစ်ကောင်အသွင်သို့ ပြောင်းလဲသွားတော့သည်။

Chapter 1913

ဤသည်က နဂါးသွေးကြောပင်။

ယခင်က လုယွီ အောက်ဘုံ၌ရှိနေစဥ်တွင် သူ၏ကိုယ်ပိုင်အသုံးပြုရန်အတွက် နဂါးသွေးကြောအမြောက်အများကို ထိန်းချုပ်ခဲ့သည်။

သို့ရာတွင် ထိုနဂါးသွေးကြောများသည် ကောင်းကင်နှင့်မြေပြင်အကြားမှ သဘာဝအလျောက် ပေါက်ဖွားလာခြင်းဖြစ်သည်။

လုယွီ၏ခန္ဓာကိုယ်ရှိ မိုးကောင်းကင်လှိုဏ်ဂူအတွင်း၌ ကမ္ဘာငယ်လေးတစ်ခုကို သိပ်သည်းနိုင်ခဲ့ပြီး နောက်ဆုံး၌ နဂါးသွေးကြောကိုလည်း ဖွဲ့စည်းနိုင်လေပြီ။

ထိုနဂါးသွေးကြောသည် ရှေးခေတ်အချိန်ကာလများအတွင်းရှိ အစစ်အမှန်နဂါးတစ်ကောင်နှင့် တူညီပေ၏။

ဤအချိန်တွင် လုယွီ၏ခွန်အားသည် ရှေးဟောင်းအစစ်အမှန်နဂါးတစ်ကောင်ဖြင့် တူညီလုနီးပါးပင်။

မြောက်မြားလှသောစိတ်ဝိညာဥ်စွမ်းအင်များကို ဝါးမျိုပြီးနောက် သူ၏ကျင့်ကြံဆင့်ကို လောကီအင်မော်တယ်အထွတ်အထိပ်အဆင့်ထိ တက်လှမ်းနိုင်ခဲ့သည်။

လောကီအင်မော်တယ် အထွတ်အထိပ်အဆင့်သို့ရောက်ရှိပြီးနောက် လုယွီသည် ရွှယ်အင်မော်တစ်ယောက်၏ခွန်အားမျိုး ပိုင်ဆိုင်လုနီးပါးပင်။ဤသည်က လုယွီနှင့် သာမာန်လောကီအင်မော်တယ်များအကြားမှ အခြေခံကွာခြားချက်ဖြစ်ပေ၏။

ခွန်အားတစ်ခုတည်းအရဆိုပါက...

ရွှေမိုးကြိုးဂိုဏ်းချုပ် လီယောင်ယန်းကဲ့သို့ လောကီအင်မော်တယ်အစောပိုင်းအဆင့် ကျင့်ကြံသူများ အယောက်တစ်ရာခန့်ပေါင်းလျှင်ပင် လုယွီ၏ခွန်အားကို ယှဥ်ပြိုင်နိုင်မည်မဟုတ်ချေ။

လုယွီသည် ရှေးခေတ်မှကျင့်ကြံခြင်းလမ်းကြောင်းအတိုင်း လျှောက်လှမ်းနေပြီး လောကီအင်မော်တယ်တစ်ယောက်ဖြစ်လာကာ မဟာတာအိုများကိုလည်း နားလည်သဘောပေါက်ထားသည်။ဤသည်က နောက်ပိုင်းမျိုးဆက်များရှိ အတုအယောင်အင်မော်တယ်များနှင့် များစွာကွဲပြားခြားနားသောအချက်ပင်။

သူ ကျင့်ကြံဆင့်ချိုးဖျက်သည့်အချိန်တိုင်း သူ၏ခွန်အားသည် ယခင်ထက် အဆများစွာ တိုးမြင့်သွားပေ၏။

"ငါက ဒြပ်စင်ငါးပါးချီတွေကိုစုစည်းပြီး ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကို ရင်ဆိုင်ပြီးတာနဲ့...ငါ မြေကမ္ဘာအင်မော်တယ်တစ်ယောက် ဖြစ်နိုင်ပြီ"

လုယွီက အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်သည်။သူ အသက်ရှုနေစဥ်တွင် သူ၏ချီများသည် ရှည်လျားသောနဂါးတစ်ကောင်နှင့် တူညီပေ၏။

"မဟုတ်သေးဘူး....ဒါက အကန့်အသတ်မဟုတ်ဘူး...လောကီအင်မော်တယ်အထွတ်အထိပ်အဆင့်က ဒီထက်ပိုပြီး အားကောင်းသင့်တယ်"

လုယွီ၏မျက်လုံးများက ရုတ်တရက် လင်းလက်တောက်ပသွားသည်။

သူသည် ရှေးဟောင်းကောင်းကင်ဘုံတရားရုံး၏အမွေအနှစ်ကို ဆက်ခံထားသူဖြစ်သဖြင့် ကျင့်ကြံခြင်းနှင့်ပတ်သတ်၍ တခြားသူများထက် များစွာပို၍သိရှိထားသည်။

ရှေးဟောင်းအချိန်ကာလများအတွင်း၌ ရှေးကျပြီး အရိုင်းဆန်သော အင်မော်တယ်အမြောက်အများရှိခဲ့သည်။ထိုသူတို့သည် အလွန်အစွမ်းထက်သော်လည်း အစစ်အမှန်ကျင့်ကြံခြင်းလမ်းကြောင်းကို မသိသဖြင့် လောကီအင်မော်တယ်နယ်ပယ်တွင်သာ အစဥ်အမြဲ နေခဲ့ကြ၏။

တစ်ချိန်က မူလဘူတဖရိုဖရဲဖြစ်နေသောအချိန်တွင် နိုးထလာသော လောကီအင်မော်တယ်တစ်ယောက်ရှိခဲ့ဘူးသည်။သူသည် ဧရာမပုဆိန်ကြီးတစ်လက်ကို ကိုင်ဆွဲ၍ ကြယ်မြစ်များကိုပင် ပျက်စီးအောင်တိုက်ခိုက်နိုင်ခဲ့သည်။

သူသည် အင်မော်တယ်နည်းစနစ်များကိုလည်း မသိရှိချေ။သို့ရာတွင် သူ၏ခွန်အားသက်သက်ဖြင့်ပင် ရွှေအင်မော်တယ်တစ်ယောက်ကို ရင်ဆိုင်တိုက်ခိုက်ရန် လုံလောက်သည်။

ထိုလောကီအင်မော်တယ်၏ခွန်အားသည် အစစ်အမှန်နဂါးတစ်ကောင်ထက် များစွာပို၍သာလွန်ပေ၏။

"အင်း...ကောင်းပြီလေ...ငါ ရှေးဟောင်းကောင်းကင်ဘုံတရားရုံးထဲမှာ ရှိနေတဲ့အချိန်တုန်းက ရှေးဟောင်းနတ်ဆိုးတွေကိုသတ်ဖြတ်ခဲ့ပြီးတော့ အင်မော်တယ်နည်းစနစ်တချို့နဲ့ လဲလှယ်ခဲ့တယ်...ငါက ဒီအခြေအနေကိုအခွင့်ကောင်းယူပြီး အဲ့ဒီနည်းစနစ်တွေကို သန့်စင်တာ ပိုကောင်းလိမ့်မယ်"

လုယွီသည် ရှေးဟောင်းကောင်းကင်ဘုံတရားရုံးအတွင်းမှ သူ လဲလှယ်ခဲ့သော အင်မော်တယ်နည်းစနစ်များကို သူ၏မှတ်ဥာဏ်များအတွင်းမှ ပြန်လည်ဖော်ထုတ်လိုက်သည်။

မြောက်မြားစွာသော အင်မော်တယ်နည်းစနစ်များသည် ဤလောကကြီးအတွင်းမှ ပျောက်ကွယ်သွားလေပြီ။မည်သို့ပင်ဆိုစေကာမူ လုယွီထံတွင်ရှိနေသောနည်းစနစ်များသည် ရှေးဟောင်းအချိန်ကာလများတွင်ပင် ထိပ်တန်းအဆင့်အင်မော်တယ်မှော်နည်းစနစ်များဟု ဆိုနိုင်သည်။

အကန့်အသတ်မရှိသောစိတ်ဝိညာဥ်စွမ်းအင်များ လုယွီ၏ခန္ဓာကိုယ်အတွင်းသို့ ထပ်မံ၍စီးဝင်လာသည်။လုယွီက ကူကယ်ရာမဲ့စွာဖြင့် အော်ဟစ်လိုက်၏။အင်မော်တယ်ကျင့်ကြံနည်းစနစ်များကို အကြိမ်ပေါင်းများစွာ လှည့်ပတ်ပြီးနောက် လုယွီသည် တဖြည်းဖြည်းနှင့် နည်းစနစ်များ၏အနှစ်သာရကို ဖမ်းဆုပ်လာနိုင်ခဲ့သည်။

ဤသည်က လုယွီထံတွင် တာအိုသခင်စိတ်ဝိညာဥ် ရှိနေခြင်းကြောင့်ပင်။ထိုသို့မဟုတ်ပါက သူသည် အင်မော်တယ်ကျင့်ကြံနည်းစနစ်များကို ဤမျှလျှင်လျှင်မြန်မြန် ကျင့်ကြံနိုင်မည်မဟုတ်ချေ။

လုယွီထံတွင် အစွမ်းထက်သောစိတ်ဝိညာဥ်၏ကူညီထောက်ပံမှုရှိနေသည်။သူသည် အတွေးများစွာကို စိတ်ဖြာတွေးတောနိုင်ပြီး သူကျင့်ကြံရာ၌ အထောက်အပံဖြစ်စေကာ ဤကဲ့သို့လျှို့ဝှက်ဆန်းကြယ်သော ကျင့်ကြံနည်းစနစ်များကို လျှင်မြန်စွာ ကျင့်ကြံနိုင်သည်။

အချိန်တစ်နာရီခန့်အကြာတွင် လုယွီသည် အင်မော်တယ်နည်းစနစ်သုံးခုကို နားလည်သဘောပေါက်သွားလေပြီ။

သူ၏မိုးကောင်းကင်လှိုဏ်ဂူအတွင်း၌ အစစ်အမှန်နဂါးတစ်ကောင်၏ဝေဝါးဝါးပုံရိပ်က ဖွဲ့စည်းစပြုလာပေ၏။

အချိန်တိုအတွင်းမှာပင် လုယွီ၏ခွန်အား အလွန်လျှင်မြန်စွာ တိုးတက်သွားခဲ့သည်။

"ဟား ဟား ဟား...ငါ အဆင့်ချိုးဖျက်နိုင်တော့မယ်"

အောင်းကွမ်းက ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်၏။ထို့နောက် သူ၏နဂါးအမြှီးကို လွှဲယမ်းလိုက်ရာ စိတ်ဝိညာဥ်သွေးကြောပေါ်၌ မြောက်မြားစွာသောလှိုင်းများ မြင့်တက်လာသည်။

သူ၏ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံများ ပို၍တောက်ပလာပြီး အဝေးမှကြည့်ပါက သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် သတ္ထုဖြင့်သွန်းလောင်းထားသကဲ့သို့ ဝင်းလက်တောက်ပြောင်နေသည်။

မူလက အောင်းကွမ်းသည် မြေကမ္ဘာအင်မော်တယ်အစောပိုင်းအဆင့် ဖြစ်ပေ၏။သို့ရာတွင် ယခုလက်ရှိချိန်၌ သူသည် မြေကမ္ဘာအင်မော်တယ်အလယ်အလတ်အဆင့်ကို ချိုးဖျက်ဝင်ရောက်ပြီးနောက် သူ၏ဘိုးဘေးနဂါးအမွေအနှစ်များကိုလည်း အနည်းငယ်ပို၍ ရရှိလာသည်။

သူ၏လှုပ်ရှားမှုတိုင်းတွင် အစစ်အမှန်နဂါးတစ်ကောင်၏မြင့်မြတ်မှုများ ပါဝင်နေပေ၏။

သူတို့အားလုံး ပတ်ဝန်းကျင်ရှိစိတ်ဝိညာဥ်စွမ်းအင်များကို အရူးအမူးဝါးမျိုနေကြစဥ်တွင် ဖန်သားနန်းတော်၏ပြင်ပမှနေ၍ ကျယ်လောင်သောဆူညံသံကြီး ထွက်ပေါ်လာသည်။

ဝုန်း..

ကျယ်လောင်သောပေါက်ကွဲသံကြီးနှင့်အတူ နန်းတော်၏နေရာတချို့ ပြိုလဲပျက်စီးသွားပြီး မြောက်များစွာသောကျောက်တုံးများက နေရာအနှံ့အပြားသို့ လွင့်ထွက်သွားသည်။

"ကောင်စုတ်လေး...ဒီနေရာမှာ ပုန်းအောင်းနေတာနဲ့ မင်း အေးအေးဆေးဆေးနေနိုင်ပြီလို့ ထင်နေတာလား"

Chapter 1914

ထိုအသံသည် ဖန်သားနန်းတော်၏တခြားတစ်ဖက်ခြမ်းမှ ထွက်ပေါ်လာခြင်းပင်။

အစောပိုင်းက ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသော အောင်းကွမ်း၏မျက်နှာအမူအယာ ရုတ်တရက်ပျက်ယွင်းသွားပြီး ထိတ်လန့်တုန်လှုပ်မှုများက အစားထိုးဝင်ရောက်လာသည်။

"မကောင်းတော့ဘူး...သူက အထဲကိုဝင်လာပြီ"

လုယွီက စိတ်အေးအေးထားရန် အမူအယာလုပ်ပြပြီး သူ၏စိတ်ဝိညာဥ်စွမ်းအားများကို ဖြန့်ကျက်လိုက်၏။

ဖန်သားနန်းတော်၏တံခါးမကြီးသည် ရှုရာနတ်ဘုရားကြောင့် ကျိုးပဲ့ပျက်စီးသွားလေပြီ။

ဤအချိန်အခိုက်အတန့်တွင် ရှုရာနတ်ဘုရားသည် လက်ရှစ်ဖက်နတ်ဘုရားဓမ္မရုပ်ထုကြီးအသွင်သို့ ပြောင်းလဲထားသည်။

သူ၏ခန္ဓာကိုယ်ပေါ်၌ ဒဏ်ရာဒဏ်ချက်များစွာ ရှိနေသည်။သို့သော် အသက်ရှုချိန်အနည်းငယ်အတွင်းမှာပင် ထိုဒဏ်ရာများအားလုံး ပြန်လည်ကောင်းမွန်သွားလေ၏။

ရှုရာနတ်ဘုရား၏လက်တစ်ဖက်တွင် နတ်ဆိုးသားရဲတစ်ကောင်၏ဦးခေါင်းပြတ်တစ်လုံးကို ကိုင်ဆောင်ထားပြီး သူက ထိုအရာကို မြေပြင်ပေါ်သို့ သာမာန်ကာလျှံကာ လွှင့်ပစ်လိုက်သည်။

ရွှယ်အင်မော်တယ်ပင်လယ်မျိုးနွယ်ရုပ်သေးရှစ်ယောက်သည် အမှန်တကယ်ကိုပင် ရှုရာနတ်ဘုရားအတွက် ပြိုင်ဘက်မဟုတ်ခဲ့ချေ။

"ကောင်လေး...မင်း မလွတ်နိုင်ဘူး"

ရှုရာနတ်ဘုရားက ကောက်ကျစ်ယုတ်မာသောအပြုံးနှင့် လုယွီရှိနေသောနေရာသို့ ကြည့်လိုက်၏။

လုယွီသည် သူ၏စိတ်ဝိညာဥ်မှစွမ်းအားကို ထုတ်ဖော်ထားချိန်တွင် လူနည်းစုကသာ သူ့အား စုံစမ်းထောက်လှမ်းနိုင်ပေမည်။

သို့ရာတွင် ဤသည်က ရှုရာနတ်ဘုရားအတွက် ခက်ခဲသောကိစ္စတစ်ရပ်မဟုတ်ချေ။

"သွားကြစို့"

လုယွီက ကျယ်လောင်စွာအော်ဟစ်ပြီးနောက် သူ၏လူများအားလုံးကို ကမ္ဘာငယ်လေးအတွင်းသို့ ပြန်လည်ထည့်သွင်းလိုက်သည်။

"အရှင်...ကျွန်တော်ကို အပြင်ထွက်ခွင့်ပေးပါ...ကျွန်တော်က ကျင့်ကြံဆင့်ချိုးဖျက်နိုင်တော့မှာ...ကျွန်တော်မှာ အကန့်အသတ်မရှိတဲ့ခွန်အားတွေနဲ့ ပြည့်နှက်နေတယ်လို့ ခံစားမိတယ်...အဲ့ဒီရှုရာနတ်ဘုရားက ခုဏလေးကတင် ရွှယ်အင်မော်တယ်ရှစ်ယောက်နဲ့တိုက်ခိုက်ခဲ့တာ....ဖြစ်နိုင်တာတော့ သူ့ရဲ့အကန့်အသတ်ကို ရောက်နေလောက်ပြီ"

အောင်းကွမ်းသည် ရှုရာနတ်ဘုရားကို တိုက်ခိုက်ရန်အတွက် မစောင့်ဆိုင်းနိုင်တော့ချေ။

လုယွီက ခေါင်းခါပြလိုက်၏။

"တကယ်လို့ သူက အကန့်အသတ်အခြေအနေကို ရောက်နေပြီဆိုရင်တောင် နတ်ဘုရားတစ်ပါးပဲ...မင်းနဲ့ငါ ရင်ဆိုင်တိုက်ခိုက်လို့ရတဲ့အဆင့်မျိုးမဟုတ်ဘူး"

ဤအချိန်အခိုက်အတန့်တွင် လုယွီသည် သူ၏စိတ်အတွင်းမှနေ၍ တန်ပြန်တိုက်ခိုက်ရန်အစီအစဥ်များကို စဥ်းစားတွေးတောနေသည်။

အကယ်၍ ယခုလက်ရှိချိန်တွင် သူ ပြင်ပသို့ထွက်လိုက်ပါက ရှုရာနတ်ဘုရားသည် သူ့အား အချိန်တိုအတွင်း၌ ဖမ်းမိသွားနိုင်သည်။

သူအသက်ရှင်သန်နိုင်ရန် တစ်ခုတည်းသောနည်းလမ်းမှာ ဖန်သားနန်းတော်အတွင်း၌ ဆက်လက်၍နေနေရန်ပင်။

လုယွီက အံ့တင်းတင်းကြိတ်ကာ ဖန်သားနန်းတော်၏အနက်ရှိုင်းဆုံးနေရာထံသို့ ဦးတည်၍ ပျံသန်းလိုက်၏။

လုယွီထွက်ခွါသွားပြီးနောက် အချိန်တခဏအကြာမှာပင် ရှုရာနတ်ဘုရားသည် မူလက သူရှိနေခဲ့သောနေရာသို့ ရောက်ရှိလာသည်။

"ပြေးတာတော့ မြန်သားပဲ...ဒါပေမယ့် မင်း မလွတ်မြောက်စေရဘူး"

ရှုရာနတ်ဘုရား၏မျက်လုံးအကြည့်သည် မှုန်မှိုင်းနေပြီး သူက ရုတ်တရက် စီးဆင်းနေသောစိတ်ဝိညာဥ်သွေးကြောမြစ်ကို ကြည့်လိုက်မိသည်။

လုယွီတို့လူစု ဝါးမျိုပြီးသွားသည့်တိုင် စိတ်ဝိညာဥ်သွေးကြောအတွင်း၌ စိတ်ဝိညာဥ်စွမ်းအင်များ ပြည့်နှက်နေဆဲဖြစ်ပြီး စိတ်ဝိညာဥ်စွမ်းအင်ရည်များက မြစ်ပြင်တမျှ စီးဆင်းနေသည်။

"မင်း ဒီနေရာကိုပြေးလာတာ အံ့အားသင့်စရာမရှိတော့ဘူး...ကြည့်ရတာတော့ မင်းက နောက်ဆုံးအချိန်ထိ ကြိုးစားကြည့်ချင်ပုံပဲ...သနားဖို့ကောင်းတာက တကယ်လို့ မင်း နောက်ထပ်နယ်ပယ်ကြီးတစ်ခု ဖြတ်ကျော်သွားနိုင်ရင်တောင် ဒီနတ်ဘုရားရဲ့ပြိုင်ဘက်မဖြစ်နိုင်ဘူး"

ရှုရာနတ်ဘုရားက သရော်တော်တော် ရယ်မောလိုက်၏။

စိတ်ဝိညာဥ်သွေးကြောများသည် ကျင့်ကြံသူများအတွက် သေစေနိုင်သောဆွဲဆောင်မှုကြီးဖြစ်သော်လည်း နတ်ဘုရားများအတွက်မဟုတ်ချေ။

နတ်ဘုရားများသည် သူတို့၏ခွန်အားတိုးတက်စေရန်အတွက် သက်ရှိများအားလုံး၏ကံကြမ္မာစွမ်းအားပေါ်တွင်သာ မှီခိုရသည်။

သူတို့အတွက် စိတ်ဝိညာဥ်စွမ်းအင်ဟူသည်မှာ အသုံးမဝင်သောအရာတစ်ခုပင်။

ထို့ကြောင့် ရှုရာနတ်ဘုရားသည် စိတ်ဝိညာဥ်သွေးကြော၏ရှေ့၌ အချိန်ကြာမြင့်စွာမနေဘဲ လုယွီ၏နောက်သို့ လိုက်လံဖမ်းဆီးလေသည်။

တခြားတစ်ဖက်တွင် လုယွီသည် ဖန်သားနန်းတော်၏အနက်ရှိုင်းဆုံးနေရာသို့ ရောက်ရှိနေလေပြီ။

မမျှော်လင့်ဘဲ ဖန်သားနန်းတော်၏နက်ရှိုင်းသောနေရာ၌ ခေါင်းတလားများ အတန်းလိုက်ရှိနေလေ၏။

ထိုခေါင်းတလားများကို အဖြူရောင်စကျင်ကျောက်သားစင်မြင့်ပေါ်၌ နေရာချထားသည်။ထိုခေါင်းတလားများမှလွဲ၍ ပတ်ဝန်းကျင်တွင် မည်သည့်အရာမျှရှိမနေချေ။ဤနေရာတွင် ရာနှင့်ချီသောခေါင်းတလားများ ပူးကပ်၍တည်ရှိနေသည်။

"ဒီနေရာမှာ ဘယ်သူတွေရဲ့ခေါင်းတလားတွေရှိနေတာလဲ"

လုယွီက ထိတ်လန့်တုန်လှုပ်နေပေ၏။

သူ ခေါင်းတလားများအနီးသို့ နီးကပ်သွားချိန်တွင် အဖြူရောင်စကျင်ကျောက်သားစင်မြင့်မှ ထွက်ပေါ်နေသော တုန်လှုပ်ချောက်ချားဖွယ်ဖိအားအရှိန်အဝါကို ခံစားမိသည်။

ဤခေါင်းတလားများအတွင်းမှ တည်ရှိမှုကြီးသည် ရှုရာနတ်ဘုရားထက်ပင် ပို၍အားကောင်းသည်ဟု လုယွီက ခံစားမိပေ၏။

မျက်တောင်တခတ်စာအချိန်အတွင်းမှာပင် ရှုရာနတ်ဘုရားက ဤနေရာသို့ ရောက်ရှိလာခဲ့သည်။

"ကောင်စုတ်လေး...မင်း ဘယ်နေရာကို ထပ်ပြေးအုံးမှာလဲ"

ရှုရာနတ်ဘုရားသည် ရက်စက်ကြမ်းကြုတ်သော အပြုံးနှင့်အတူ လုယွီအား ဖမ်းဆုပ်ရန်ရည်ရွယ်၍ သူ၏လက်တစ်ဖက်ကို ဆန့်တန်းလိုက်၏။

လုယွီက အလျှင်အမြန် နောက်ဆုတ်၍ ရှောင်တိမ်းလိုက်သည်။

ရှုရာနတ်ဘုရား၏လက်ဝါးသည် မြောက်မြားစွာသော ခေါင်းတလားများကို ပြင်းပြင်းထန်ထန်ရိုက်ခတ်မိသွားတော့သည်။

Chapter 1915

ဝုန်း...

အဖြူရောင်စကျင်ကျောက်သားစင်မြင့်ပေါ်ရှိ ခေါင်းတလားများအားလုံး ကျွမ်းထိုးမှောက်ခုံဖြစ်သွားပြီး သရဲတစ္ဆေဆန်သောမြည်တမ်းသံများက ခန်းမတစ်ခုလုံးအနှံ့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။

ရုတ်ချည်းဆိုသလိုပင် ပတ်ဝန်းကျင်ရှိလေထု များစွာပို၍အေးစိမ့်လာသည်။ခေါင်းတလားများအတွင်း၌ ဗလာဟင်းလင်းဖြစ်နေသော်လည်း အနက်ရောင်အခိုးအငွေ့များ မျောလွင့်၍ထွက်ပေါ်နေကာ ခန်းမတစ်ခုလုံးကို ရစ်သိုင်းလွှမ်းခြုံသွားပေ၏။

"ဒါက ဘာတွေလဲ...ဒီနေရာကနေ ထွက်သွားကြစမ်း"

ရှုရာနတ်ဘုရား၏ခေါင်းအနောက်၌ အလင်းဘီးတစ်ခု ထွက်ပေါ်လာသည်။ထိုအလင်းဘီးသည် နေတစ်စင်းအလား ထွန်းလင်းတောက်ပနေပြီး သူ၏နံဘေးပတ်ဝန်းကျင်ရှိ အနက်ရောင်အခိုးအငွေ့များကို ဖယ်ရှားရှင်းလင်းလိုက်၏။

ဘုန်း...ဘုန်း...ဘုန်း...

ရှုရာနတ်ဘုရား၏နတ်ဘုရားစွမ်းအားအောက်တွင် ပတ်ဝန်းကျင်ရှိ ခေါင်းတလားများ ဆက်တိုက်ဆိုသလို ကြေမွပျက်စီးနေသည်။

"မင်း ထွက်ပြေးနိုင်မှာမဟုတ်ဘူး...တကယ်လို့ ငါခန့်မှန်းတာ မမှားဘူးဆိုရင် မင်းက ရှေးဟောင်းနတ်ဘုရားတစ်ယောက်ရဲ့ မျိုးဆက်ပဲဖြစ်မယ်...မင်းဆီမှာ ရှေးဟောင်းနတ်ဘုရားတွေရဲ့သွေးမျိုးဆက်ရှိနေတယ်မလား"

ရှုရာနတ်ဘုရားက ကောက်ကျစ်ယုတ်မာသောအပြုံးနှင့် ဆက်လက်ပြောဆိုသည်။

"ငါက မင်းကို အခွင့်အရေးတစ်ခုပေးခဲ့ပေမယ့်...မင်းက အသုံးမချနိုင်ခဲ့ဘူး...ငါ မင်းကိုဖမ်းမိတာနဲ့ မင်းရဲ့နတ်ဘုရားသွေးမျိုးဆက်ကို လုယူရလိမ့်မယ်"

"မင်း ငါ့ကို အရင်ဆုံးဖမ်းမိအောင်လုပ်အုံး....ပြီးမှ ဆက်ပြောကြတာပေါ့"

လုယွီ၏စိတ်အတွင်း၌ မြောက်များစွာသောအတွေးများ ဖြတ်ပြေးနေပြီး နောက်ဆုံး၌ တန်ပြန်တိုက်ခိုက်ရန်အစီအစဥ်တချို့ကို ရရှိလာခဲ့သည်။

သူ၏မိုးကောင်းကင်လှိုဏ်ဂူအတွင်း၌ စွမ်းအားများအဆက်မပြတ်စုစည်းနေသော ဓားရှည်တစ်လက်ရှိနေသည်။

ဤသည်က ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏ ထိုက်အမ်းဓားပင်။

ရှေးဟောင်းအချိန်ကာလများတွင် ထိုက်အမ်းဓားသည် နတ်ဘုရားများနှင့်ဗုဒ္ဓများကိုပင် သတ်ဖြတ်နိုင်သော ထိပ်တန်းမှော်လက်နက်တစ်ခုဖြစ်သည်။

ယခင်က လုယွီသည် ရှေးဟောင်းကောင်းကင်ဘုံတရာရုံးအတွင်း၌ ထိုက်အမ်းဓားကိုဝှေ့ယမ်းခဲ့ရာတွင် ဓားချက်အောက်၌ မရေမတွက်နိုင်သောနတ်ဆိုးများ သေဆုံးခဲ့ရသည်။

သို့ရာတွင် ထိုက်အမ်းဓားကိုအသုံးပြုနိုင်ရန်အတွက် ပေးဆပ်ရမည့်တန်ကြေးမှာ အလွန်ကြီးမားသည်။

ရှေးဟောင်းကောင်းကင်ဘုံအတွင်း၌ လုယွီသည် ကံကောင်းမှုကြောင့် မည်သည့်တန်ပြန်သက်ရောက်မှုကိုမျှမခံစားရဘဲ ထိုက်အမ်းဓားကို ဝှေ့ယမ်းနိုင်ခဲ့သည်။သို့ရာတွင် သူသည် ယခုလက်ရှိချိန်၌ ထိုက်အမ်းဓားကို အတင်းအကြပ်အသုံးပြုပါက သူသည် လောကီအင်မော်တယ်အထွက်အထိပ်အဆင့်ဖြစ်နေသည့်တိုင် တန်ပြန်သက်ရောက်မှုကို တောင့်ခံနိုင်မည်မဟုတ်ချေ။

လုယွီသည် ထိုက်အမ်းဓားကို အသုံးပြုသင့် မပြုသင့် စဥ်းစားနေစဥ်မှာပင် ရုတ်တရက် အပြောင်းအလဲတစ်ခုက သူ၏ဘေးပတ်ဝန်းကျင်၌ ဖြစ်ပွါးသွားသည်။

ခေါင်းတလားများအတွင်းမှထွက်ပေါ်နေသော အနက်ရောင်အခိုးအငွေ့များသည် ရုတ်တရက် လေထုအတွင်း၌ လိပ်နက်ကြီးတစ်ကောင်အဖြစ် သိပ်သည်းသွားလေ၏။

ထိုလိပ်နက်ကြီး၏ခန္ဓာကိုယ်တစ်ခုလုံးသည် ပိန်းပိတ်သည်အထိ နက်မှောင်နေပြီး တစ်စုံတစ်ယောက်သည် သူ၏ပုံပန်းသွင်ပြင်ကိုကြည့်၍သာလျှင် သူ့အားလိပ်ဟု ပြောဆိုနိုင်ပေမည်။

"မင်း ဘယ်ကရောက်လာတာလဲ...ဒီနေရာက ထွက်သွားစမ်း"

ရှုရာနတ်ဘုရားက ဒေါသတကြီး အော်ငေါက်လိုက်၏။

မမျှော်လင့်ဘဲ လိပ်နက်ကြီးသည် သူ၏လက်တစ်ဖက်ကိုမြှောက်၍ ရှုရာနတ်ဘုရားကို ပြင်းပြင်းထန်ထန် ရိုက်ပုတ်လိုက်သည်။

ဘုန်း...

လိပ်နက်ကြီးသည် ပုံရိပ်ယောင်မျှသာဖြစ်သော်လည်း ကြည့်ရသည်မှာ ကြီးမားသောခွန်အားရှိပုံရသည်။သူ၏လက်တစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့် ရှုရာနတ်ဘုရားသည် အဖြူရောင်စကျင်ကျောက်သားစင်မြင့်ပေါ်သို့ ပြင်းပြင်းထန်ထန် လွင့်ကျသွားပေ၏။

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ရှုရာနတ်ဘုရား၏ခြေထောက်များ ကျောက်သားအတွင်းသို့ နစ်ဝင်သွားသည်။

"သေချင်နေတာလား"

ရှုရာနတ်ဘုရားက အလွန်အမင်း ဒေါသထွက်သွားသည်။သူသည် နတ်ဘုရားတစ်ပါးဖြစ်သဖြင့် ဤကဲ့သို့ဆက်ဆံခံရမှုကို မည်သည့်နည်းဖြင့် သည်းခံနိုင်မည်နည်း။

"ဒီနတ်ဘုရားက မင်းကိုသတ်မယ်"

ရှုရာနတ်ဘုရားက ချက်ချင်းဆိုသလိုပင် အပျက်အစီးများကြားမှ ခုန်ထွက်လိုက်၏။

သို့သော် ထိုအချိန်မှာပင်...

လိပ်နက်ကြီး၏လက်တစ်ဖက်က ထပ်မံ၍ကျရောက်လာသည်။

ဘုန်း...ဘုန်း...ဘုန်း...

လိပ်နက်ကြီးသည် တူတစ်ချောင်းဖြင့် သံကိုရိုက်နှက်နေသည့်အလား ရှုရာနတ်ဘုရားကို ပြင်းပြင်းထန်ထန် ရိုက်နှက်နေသည်။

ရှုရာနတ်ဘုရားသည် ဒေါသတကြီး အော်ဟစ်ကြုံးဝါး၍ ရုန်းကန်နေသော်လည်း လိပ်နက်ကြီး၏ပြင်းထန်သောခွန်အားကို ခုခံနိုင်စွမ်းမရှိချေ။

ပြင်းထန်သောအဆက်မပြတ်ရိုက်နှက်မှုများအောက်တွင် ရှုရာနတ်ဘုရားသည် ခုခံခြင်းပင်မပြုနိုင်ဘဲ ကျောက်သားများအတွင်းသို့ နစ်ဝင်သွားတော့သည်။

လိပ်နက်ကြီးသည် တရွေ့ရွေ့လျှောက်လှမ်းလာပြီး ရှုရာနတ်ဘုရား၏ခေါင်းထိပ်၌ ထိုင်ချလိုက်၏။

ဤထိုင်ခုံသည် ထိုက်တောင်ကြီးတမျှ မာကျောခိုင်မာသည်။

ရှုရာနတ်ဘုရား၏အော်ဟစ်ကြုံးဝါးသည် ထွက်ပေါ်နေဆဲဖြစ်သော်လည်း တစတစ ပို၍ပို၍တိမ်ဝင်သွားပေ၏။

"​ဘယ်လိုတောင် ထိတ်လန့်ကြောက်ရွံစရာကြီးလဲ...အရမ်းကြောက်ဖို့ကောင်းတာပဲ...ငါ ဒီလိပ်နက်ကြီးဆီကနေ ဘိုးဘေးနဂါးထက်တောင်သာလွန်တဲ့ အရှိန်အဝါမျိုးကို ခံစားမိတယ်...ဒါက ဘယ်လိုအစွမ်းထက်တည်ရှိမှုကြီးလဲ"

ကမ္ဘာငယ်လေးအတွင်း၌ရှိနေသော အောင်းကွမ်းက တုန်လှုပ်ချောက်ချားသောအသံဖြင့် ရေရွတ်လိုက်သည်။

သူသည် အမြဲတစေ မောက်မာဝံ့ကြွားနေသူဖြစ်သည့်တိုင် ဤလိပ်နက်ပုံရိပ်ယောင်ကြီး၏ရှေ့တွင် သူကိုယ်သူ အလွန်နိမ့်ပါးသည်ဟု ခံစားနေရ၏။

လုယွီ ကြက်သေသေနေစဥ်မှာပင် လိပ်နက်ကြီး၏ပါးစပ်မှတစ်စုံတစ်ခု အန်ထွက်လာပြီး သူ့ထံသို့ ဦးတည်၍ ပျံဝဲလာခဲ့သည်။

All Chapters