အခန်း (၁၉၁၆-၁၉၂၀)
Vol. 99 Ch. 1916-1920
Chapter 1916
ဤသည်က ကျောက်စိမ်းပြားတစ်ခုပင်။
လုယွီသည် ကျောက်စိမ်းပြားကို လေထုအတွင်း၌ရှိနေစဥ်မှာပင် ဖမ်းယူလိုက်၏။ထိုကျောက်စိမ်းပြားသည် အနက်ရောင်ရှိပြီး သူ ထိတွေမိသည်နှင့် အလွန်အမင်း အေးစိမ့်မှုကို ခံစားရသည်။
"ရှေးဟောင်းကျောက်စိမ်းရိုင်းလား"
လုယွီသည် အတွေ့အကြုံကြွယ်ဝသူဖြစ်သဖြင့် အကြည့်တစ်ချက်ဖြင့်ပင် ထိုကျောက်စိမ်းပြားအား မည်သည့်အရာဖြင့်ပြုလုပ်ထားသည်ကို သိရှိသွားပေ၏။
ရှေးဦးလူရိုင်းခေတ်သည် ရှေးဟောင်းခေတ်ထက်ပင် များစွာပို၍ရှေးကျသည်။
ထို့ကြောင့် ထိုခေတ်မှလက်ဆင့်ကမ်းဆင်းသက်လာသော မှော်ရတနာများ အလွန်အမင်းနည်းပါးသွားလေပြီ။
လုယွီသည် ထိုကျောက်စိမ်းရိုင်းပေါ်၌ စိတ်ဝိညာဥ်အရှိန်အဝါတစ်ခုကို အာရုံခံမိသည်။
အချိန်တခဏကြာပြီးနောက် လုယွီ၏မျက်လုံးများပွင့်လာပြီး သူက တီးတိုးရေရွတ်လိုက်၏။
"ဒါက ပင်လယ်သူတော်စင်ပါလား"
ထိုအချိန်တုန်းက လော့ရွှေကြယ်မြစ်အတွင်း၌ နတ်ဆိုးသူတော်စင်တစ်ပါး မွေးဖွားလာခဲ့ပြီး သူ၏နာမည်သည် လောကကြီးတခွင်လုံးကို လှုပ်ခါစေနိုင်သည်အထိ လူသိများကျော်ကြားခဲ့သည်။
ကံအကြောင်းမလှစွာဖြင့် ပင်လယ်သူတော်စင်၏သက်တမ်းသည် ကြာရှည်ခဲ့ခြင်းမရှိချေ။အကြောင်းအရင်းမှာ သူသည် မိုးကောင်းကင်ကိုဆန့်ကျင်နိုင်သော နည်းစနစ်တစ်ခုကို အသုံးပြုခဲ့သောကြောင့်ပင်။
လုယွီသည် ကျောက်စိမ်းပြားပေါ်၌ ပင်လယ်သူတော်စင်ချန်ထားခဲ့သော သတင်းစကားကို အာရုံခံမိသည်။
ဤဖန်သားနန်းတော်သည် အမှန်အားဖြင့် ပင်လယ်သူတော်စင်၏သင်္ချိုင်းဂူဖြစ်သည်။
အတိတ်တွင် ပင်လယ်သူတော်စင် မိုးကောင်းကင်ကို ဖီဆန်ဆန့်ကျင်မိရာ၌ တချို့သောတားမြစ်ချက်များကို ထိတွေ့ခဲ့မိပေ၏။ထို့ကြောင့် သူ၏ရုပ်အလောင်း ပျက်စီးသွားခြင်းမှကာကွယ်နိုင်ရန် မထင်ရှားသောကြယ်နယ်မြေငယ်လေးတစ်ခု၌ ကွယ်ဝှက်၍ထားခဲ့ရသည်။
ဤနေရာရှိ ခေါင်းတလားများအားလုံးတွင်း၌ ပင်လယ်သူတော်စင်၏စိတ်ဝိညာဥ်အမျှင်တန်းတစ်စစီ ပါဝင်နေသည်။
ရှုရာနတ်ဘုရားသည် ဤနေရာသို့ရောက်ရှိလာချိန်တွင် သူ့ကိုယ်သူ ပြိုင်ဘက်ကင်းဟု တွေးတောထားသဖြင့် ပင်လယ်သူတော်စင်များ၏စိတ်ဝိညာဥ်အမျှင်တန်းများကို မတော်တဆ လွှက်ပေးလိုက်မိလေ၏။
အကယ်၍သာ ရှုရာနတ်ဘုရားသည် သူ၏အထွတ်အထိပ်အခြေအနေတွင်ရှိနေပါက ပင်လယ်သူတော်စင်ကို ယှဥ်ပြိုင်တိုက်ခိုက်ကောင်း တိုက်ခိုက်နိုင်ပေမည်။
သို့ရာတွင် လက်ချောင်းတစ်ချောင်းမှ ပြန်ရှင်သန်လာသော ရှုရာနတ်ဘုရားကိုမူ ပင်လယ်သူတော်စင်မှနေ၍ လွယ်လင့်တကူ ဖိနှိပ်နိုင်သည်။
"မင်းက ငါ့ဆီမှာ တာအိုသခင်စိတ်ဝိညာဥ်ရှိနေတယ်ဆိုတာကို သိနေတာလား...ငါ မဟာတာအိုကိုပြန်ရသွားတဲ့အချိန်ကျရင် မင်း အသက်ပြန်ရှင်သန်နိုင်အောင် လုပ်ပေးစေချင်တာလား"
လုယွီက သူ၏လက်အတွင်းရှိ တံဆိပ်ပြားကိုကြည့်လိုက်၏။
"အတိတ်တုန်းက မင်း ဘာတွေလုပ်ခဲ့တာလဲဆိုတာ ငါ သိတယ်...ငါ မဟာတာအိုကိုရပြီးတာနဲ့ မင်းအသက်ပြန်ရှင်လာအောင်လုပ်ပေးမယ်လို့ ငါ အာမခံတယ်"
လုယွီသည် တွေဝေတက်သောလူစားမျိုးမဟုတ်ချေ။အချိန်တခဏကြာ စဥ်းစားတွေးတောပြီးနောက် သူက ဆုံးဖြတ်ချက်ချလိုက်၏။
လုယွီ သဘောတူညီကြောင်းပြောဆိုပြီး မကြာမီမှာပင် အဖြူရောင်စကျင်ကျောက်သားစင်မြင့်ပေါ်ရှိ ခေါင်းတလားများအားလုံး ပြန်လည်ကောင်းမွန်စပြုလာသည်။
အမွှေးတိုင်တစ်တိုင်စာလောင်ကျွမ်းချိန်စာ မတိုင်မီမှာပင် အဖြူရောင်စကျင်ကျောက်သားစင်မြင့်တစ်ခုလုံး ယခင်အတိုင်း ပြန်လည်ကောင်းမွန်သွားတော့သည်။
မြောက်များစွာသော ကျောက်တုံးကျောက်စများအကြားတွင် နစ်မြုပ်နေသဖြင့် ရှုရာနတ်ဘုရား၏အသံကို ပြင်ပမှနေ၍ သဲသဲကွဲကွဲကြားရခြင်းမရှိချေ။
"နတ်ဘုရားတစ်ပါးက ဒီလိုမျိုးဖိနှိပ်ခံထားရတာလား"
အောင်းကွမ်းက အလွန်အမင်း တုန်လှုပ်ချောက်ချားနေသည်။
လုယွီက တည်ငြိမ်စွာပြောဆိုလိုက်၏။
"သူ ထွက်လာနိုင်မှာမဟုတ်ဘူး"
ပင်လယ်သူတော်စင်သာ ဤနေရာ၌ရှိနေပါက ရှုရာနတ်ဘုရား၏လက်ချောင်းတစ်ချောင်းသည် လှိုင်းထန်စေသောကိစ္စရပ်များကို ပြုလုပ်နိုင်မည်မဟုတ်ချေ။
အကယ်၍ ပင်လယ်သူတော်စင်သာ ဤလက်ချောင်းပြတ်ကိုဝါးမျိုလိုက်ပါက သူ၏ရုပ်အလောင်းအတွက် အထောက်အပံဖြစ်နိုင်သည့် အဆုံးမရှိသော နတ်ဘုရားစွမ်းအားများကို ရရှိနိုင်ပေမည်။
"အပေးအယူလုပ်တဲ့ဝန်ဆောင်ခအနေနဲ့....ငါက ဒီစိတ်ဝိညာဥ်သွေးကြောကို ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်မယ်"
လုယွီသည် သူ့ရှေ့ရှိ စိတ်ဝိညာဥ်သွေးကြောကို ကြည့်လိုက်၏။ရုတ်ချည်းဆိုသလိုပင် သူ၏မှော်စွမ်းအားများအားလုံးကို သူ၏လက်သို့ပို့ဆောင်ပြီးနောက် သူ့ရှေ့၌ဧရာမလက်ဝါးပုံရိပ်ကြီးတစ်ခုကို ဖွဲ့စည်းလိုက်သည်။
လုယွီသည် လေဟာနယ်အတွင်း၌ မတ်တတ်ရပ်နေပြီး လေပြင်းများက သူ၏ဗိုလ်ချုပ်သံချပ်ကာကို ဖြတ်သန်းတိုက်ခိုက်နေရာ သူကိုကြည့်ရသည်မှာ အစစ်အမှန်နတ်ဘုရားတစ်ပါး မွေးဖွားလာသကဲ့သို့ပင်။
"သူ ဘာလုပ်မလို့လဲ"
လုယွီ၏အပြုအမူကိုမြင်ချိန်တွင် အောင်းကွမ်းက အံ့အားတသင့်ရေရွတ်လေသည်။
သိုက်ဖုန်း လုကျင်းရှန့်နှင့်စစ်သားများအားလုံးသည်လည်း ကမ္ဘာငယ်လေးအတွင်းမှနေ၍ ပြင်ပသို့ကြည့်လိုက်ကြ၏။လုယွီ မည်သည့်အရာအားပြုလုပ်ရန် ရည်ရွယ်နေသည်ကို သူတို့အားလုံး မသိကြချေ။
"ရုတ်သိမ်းစမ်း"
လုယွီက သူ၏လက်ကို အောက်သို့ဖိနှိပ်လိုက်၏။ဧရာမမှော်စွမ်းအင်လက်ဝါးကြီးသည် စိတ်ဝိညာဥ်သွေးကြောပေါ်သို့ တန်းတန်းမတ်မတ်ကျရောက်သွားသည်။
မူလက လှိုင်းထန်နေသောစိတ်ဝိညာဥ်သွေးကြောသည် ဤအချိန်အတန့်တွင် စီးဆင်းမှုရပ်တန့်သွားပေ၏။
ရုတ်ချည်းဆိုသလိုပင် စိတ်ဝိညာဥ်သွေးကြော၏အထက်ရှိ စိတ်ဝိညာဥ်စွမ်းအင်များအားလုံး ကျစ်လစ်သိပ်သည်းသွားသည်။
"ဒါက...ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...ဒါက စိတ်ဝိညာဥ်သွေးကြောလေ...သူက စိတ်ဝိညာဥ်သွေးကြောတစ်ခုလုံးကို ရွှေ့နိုင်ပါ့မလား"
အောင်းကွမ်းက အံ့အားတသင့် အော်ဟစ်လိုက်သည်။
သို့ရာတွင် ဤသည်က အစစ်အမှန်ကိစ္စတစ်ရပ်ပင်။
လုယွီက သူ၏မှော်စွမ်းအားများကို ထပ်မံ၍ဖြန့်ကျက်ပြီး စိတ်ဝိညာဥ်သွေးကြောတစ်ခုလုံးကို ချိပ်ပိတ်ကာ မတင်လိုက်၏။
ဧရာမစိတ်ဝိညာဥ်သွေးကြောတစ်ခုလုံး ချက်ချင်းပင် လုယွီ၏ကမ္ဘာငယ်လေးအတွင်းသို့ ရောက်ရှိလာတော့သည်။
Chapter 1917
ထိုစိတ်ဝိညာဥ်သွေးကြော ဝင်ရောက်လာသည်နှင့် ကမ္ဘာငယ်လေးတစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။
ထို့နောက် ကမ္ဘာငယ်လေးအတွင်း၌ ချက်ချင်းဆိုသလိုပင် ထူထပ်သိပ်သည်းသော စိတ်ဝိညာဥ်စွမ်းအင်များဖြင့် ပြည့်နှက်သွားပေ၏။
ဤသည်က ကြီးမားသောကံကြမ္မာကောင်းကြီးတစ်ခုဖြစ်ပြီး တာယွီအင်ပါယာတစ်ခုလုံး၏ တစ်နှစ်စာအခွန်အကောက်ပမာဏနှင့် ညီမျှသည်။
အကယ်၍ ဤစိတ်ဝိညာဥ်သွေးကြောအတွင်းရှိ စိတ်ဝိညာဥ်စွမ်းအင်များအားလုံးကို စိတ်ဝိညာဥ်ကျောက်တုံးများအဖြစ်သို့ ပြောင်းလဲလိုက်ပါက လုယွီ၏ချမ်းသာကြွယ်ဝမှုကို မှန်းဆ၍ပင်ရနိုင်မည်မဟုတ်ချေ။
ယခုလက်ရှိချိန်တွင် လုယွီထံ၌ တာယွီအင်ပါယာမှ တော်ဝင်မိသားစုတစ်စုနှင့် တူညီသော ချမ်းသာကြွယ်ဝမှုမျိုးရှိနေသည်။
"ထိတ်လန့်တုန်လှုပ်စရာပဲ...ဒါက တကယ့်ကို ထိတ်လန့်တုန်လှုပ်ဖို့ကောင်းလွန်းတယ်...သူက စိတ်ဝိညာဥ်သွေးကြောတစ်ခုကိုတောင် ဖမ်းဆုပ်နိုင်ခဲ့တယ်...သူ့ရဲ့အနာဂတ်အောင်မြင်မှုက အကန့်အသတ်ရှိမှာမဟုတ်ဘူး...တခြားအထွေအထူးကိစ္စမရှိဘူးဆိုရင်တောင် သူ့ဆီမှာ ဘယ်တော့မှ စိတ်ဝိညာဥ်စွမ်းအင် ပြတ်လပ်မှာမဟုတ်ဘူး"
အောင်းကွမ်းသည် အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်၏။လုယွီကိုကြည့်နေသော သူ၏မျက်လုံးများအတွင်း၌ တုန်လှုပ်ချောက်ချားမှုများဖြင့် ပြည့်နှက်နေသည်။
သိုက်ဖုန်း လုကျင်းရှန့်နှင့် တခြားစစ်သားများသည်လည်း နေရာမှာပင် ကြက်သေသေနေကြ၏။
ယခင်က လုယွီသည် တိုက်ပွဲအကျိုးဆောင်ရမှတ်များရရှိရန်အတွက် စစ်တပ်သို့ဝင်ရောက်လာခဲ့သော မိသားစုကြီးတစ်စုမှသခင်လေးတစ်ယောက်ဟုသာ သူတို့အားလုံး တွေးထင်ခဲ့ကြသည်။
သို့ရာတွင် ယခုလက်ရှိအချိန်၌ သူတို့အားလုံး အမှားကြီးတစ်ခုကို ကျူးလွန်ခဲ့မိပုံရသည်။
လုယွီသည် သူ့အားထောက်ပံပေးရန်အတွက် မိသားစုနောက်ခံအင်အားရှိနေရန် မလိုအပ်ချေ။သူထံတွင် အားကောင်းသောမိသားစုတစ်စုကို တည်ထောင်နိုင်သော အရည်အချင်းရှိပေ၏။
"ဒီစိတ်ဝိညာဥ်သွေးကြော ငါ့ရဲလက်ထဲရောက်လာတဲ့အတွက်...နောင်တစ်ချိန် ငါလုပ်ဆောင်မယ့်ကိစ္စတွေမှာ ပိုပြီးအဆင်ပြေချောမွေ့သွားပြီ"
လုယွီသည် စိတ်ဝိညာဥ်သွေးကြောအတွင်းမှ စိတ်ဝိညာဥ်စွမ်းအင်အမြောက်အများကို ထုတ်ယူ၍ လူတိုင်းကို ခွဲဝေပေးကာ စုပ်ယူစေသည်။
ထိုလူများအားလုံးသည် ဝမ်းမြောက်ဝမ်းသာဖြစ်သွားကြပြီး လုယွီကို အလွန်အမင်းကျေးဇူးတင်နေကြ၏။ထို့နောက် သူတို့က ပလ္လင်ခွေထိုင်ချကာ စိတ်ဝိညာဥ်စွမ်းအားများကို စတင်၍စုပ်ယူလိုက်တော့သည်။
ရုတ်ချည်းဆိုသလိုပင် လူအမြောက်အများသည် သူတို့၏လက်ရှိကျင့်ကြံဆင့်နယ်ပယ်များကို ချိုးဖျက်သွားနိုင်ခဲ့သည်။
ဤအချိန်အခိုက်အတန့်တွင် စစ်သားများအပြင် အောင်းကွမ်းခေါ်ဆောင်လာသော နဂါးများပင် လုယွီအပေါ် ခယရို့ကျိုးစွာ ဆက်ဆံလာကြ၏။
လူများကို သူတို့၏နှလုံးသားမှ လိုလိုလားလားအရှုံးပေးအညံခံရန် သူ၏ခွန်အားအပြင် သူတို့ကို လုံလောက်သောအကျိုးအမြတ်ပေးရန်လည်း လိုအပ်သည်။
ဤစိတ်ဝိညာဥ်သွေးကြောရှိနေခြင်းနှင့်အတူ အနာဂတ်တွင် သူ လူသစ်များ ပိုမို၍စုဆောင်းနိုင်ပေမည်။
"ခုက အပြင်ထွက်ပြီး လေဟာနယ်ဓားပြတွေကို နှိမ်နင်းရမယ့်အချိန်ပဲ"
လုယွီ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းတန်းများ ဖြတ်ပြေးသွားသည်။ထို့နောက် သူက မြေအောက်မှနေ၍ ပြင်ပသို့ ပြန်လည်ထွက်ခွာခဲ့တော့သည်။
တခြားတစ်ဖက်တွင်...အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင်၏နန်းတော်အတွင်း၌...
အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင်နှင့် ကျောက်စိမ်းမျက်နှာကျောင်းတော်သားတို့သည် သောက်စားရင်း ဝမ်းမြောက်ပျော်ရွှင်စွာ စကားပြောဆိုနေကြ၏။
"ဟား ဟား ဟား...မြင့်မြတ်တဲ့နတ်ဘုရား ပြန်ရှင်သန်လာပြီ...ငါတို့က နတ်ဘုရားသံတမန်တွေအဖြစ်လည်း ခန့်အပ်ခံထားရတယ်...အချိန်ကျလာရင် ငါတို့က ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးကို လွှမ်းမိုးချုပ်ကိုင်ပြီးတော့ ငါတို့ဆန္ဒရှိတဲ့အရာတိုင်းကို လုပ်ကိုင်နိုင်လိမ့်မယ်"
အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင်သည် ဝိုင်အရက်ကိုသောက်နေရင်း အူလှိုက်သည်းလှိုက်ရယ်မောလိုက်သည်။
သူသည် သက်တမ်းရှည်ကြာစွာနေထိုင်ခဲ့သော လိပ်နက်ကြီးတစ်ကောင်ဖြစ်သော်လည်း သူ၏ပါရမီအရည်အချင်းသည် မြင့်မားခြင်းမရှိချေ။
အစောပိုင်းက ရှုရာနတ်ဘုရားထံမှရောင်စဥ်တန်းကို သူ ရရှိလိုက်စဥ်တွင် ကျင့်ကြံဆင့်နယ်ပယ်တစ်ခုကို တိုက်ရိုက်ချိုးဖျက်နိုင်ခဲ့သည်။ဤသည်က သူ့အား အလွန်အမင်း စိတ်လှုပ်ရှားစေပေ၏။
ကျောက်စိမ်းမျက်နှာကျောင်းတော်သားက အပြုံးနှင့်ပြောဆိုသည်။
"အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင်ရဲ့ ကျင့်ကြံဆင့်က ပြိုင်ဘက်ကင်းပါပေတယ်...နောင်တစ်ချိန်ကျရင် နတ်ဘုရားရဲ့ဘေးက အရေးပါအရာရောက်တဲ့သူတစ်ယောက်ဖြစ်လာမှာ သေချာတယ်...အနာဂတ်မှာ ငါ့ရဲ့ရာထူးအဆင့်တိုးလာဖို့အတွက် အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင်ကို အားကိုးရမှာပဲ"
ထိုစကားသည် အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင်ကို မနောခွေ့သွားစေသည်မှာ သံသယဖြစ်ဖွယ်မရှိချေ။
အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင်က ရယ်မောလိုက်၏။
"ဘာမှမစိုးရိမ်ပါနဲ့...ငါတို့က မိတ်ဆွေတွေလေ...တစ်ယောက်နဲ့တစ်ယောက် ကြည့်ရှုစောင့်ရှောက်ရမှာပေါ့"
ဝိုင်အရက်များတစ်ခွက်ပြီးတစ်ခွက် သောက်နေသော်လည်း အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင်သည် မူးယစ်နေပုံမရချေ။သို့ရာတွင် သူ အလွန်စိတ်လှုပ်ရှားနေသဖြင့် ကျောက်စိမ်းမျက်နှာကျောင်းတော်သား၏ မျက်လုံးများအတွင်းမှ အထင်အမြင်သေးသောအရိပ်အယောင်များကို မြင်တွေ့ခြင်းမရှိပေ။
"မြင့်မြတ်တဲ့နတ်ဘုရားက တော်ဝင်နန်းတော်ကလူတွေကိုရင်ဆိုင်ဖို့ ပြင်ဆင်ခိုင်းထားတယ်...တော်ဝင်နန်းတော်က ငါတို့ကိုအမြစ်ပြတ်သုတ်သင်ဖို့ ရှားဟိုလီကို လွှက်လိုက်တယ်ဆိုတာက နာမည်ခံပဲ...တကယ်တော့ သူတို့က ရှုရာနယ်မြေကို စောင့်ကြည့်ဖို့ပဲ"
ကျောက်စိမ်းမျက်နှာကျောင်းတော်သားက ပြောဆိုသည်။
အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင်က ရယ်မောလိုက်၏။
"ရှားဟိုလီလား...ဟား ဟား ဟား...သူက သူကိုယ်သူ ဘာကောင်ထင်နေတာလဲ...သူက ကံကောင်းပြီး ရှေးဟောင်းမိုးကြိုးဝေလသားရဲတစ်ကောင်ကို ဝါးမျိုနိုင်ခဲ့တာ...မြင့်မြတ်တဲ့နတ်ဘုရားက သူ့ကို အလွယ်တကူသတ်နိုင်တယ်"
ကျောက်စိမ်းမျက်နှာကျောင်းတော်သားက ရုတ်တရက် အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"ဒါပေမယ့် မြင့်မြတ်တဲ့နတ်ဘုရားက လက်ချောင်းတစ်ချောင်းကနေ အသက်ပြန်ရှင်သန်လာခဲ့တာ...နတ်ဘုရားက သူ့ရဲ့အရင်စွမ်းအားကို အပြည့်အဝပြန်မရသေးမှာ ငါ စိုးရိမ်မိတယ်"
"ဟာသပဲ...မြင့်မြတ်တဲ့နတ်ဘုရားက အဲ့ဒီကိစ္စတွေကို ကြိုပြီးတွက်ချက်မထားဘူးလို့ မင်း ထင်လို့လား"
အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင်က သရော်တော်တော်လေသံဖြင့် ဆက်လက်ပြောဆိုလေ၏။
"မြင့်မြတ်တဲ့နတ်ဘုရားရဲ့အစစ်အမှန်ခန္ဓာကိုယ်က အသက်ပြန်ရှင်သန်လာတော့မှာ...အဲ့ဒီအချိန်ကျရင် ကောင်းဘုံဘုံနယ်မြေတစ်ခုလုံး တုန်လှုပ်သွားကြလိမ့်မယ်"
"အဲ့ဒီလိုလား"
လုယွီက ရုတ်တရက် စားပွဲ၏နံဘေး၌ ထွက်ပေါ်လာသည်။
"မင်းတို့ ဆက်ပြောကြလေ...ရှုရာနတ်ဘုရားရဲ့အစစ်အမှန်ခန္ဓာကိုယ် ဘယ်နေရာမှာပြန်ရှင်သန်လာမလဲဆိုတာ ငါလည်းသိချင်တယ်"
လုယွီက ဝိုင်အရက်ကိုခွက်အတွင်းသို့ငှဲ့၍ တစ်ကျိုက်တည်းဖြင့် မော့ချလိုက်၏။
Chapter 1918
"ဘယ်သူလဲ"
အခန်းအတွင်း၌ တခြားအသံတစ်သံ ထွက်ပေါ်လာခြင်းကြောင့် သူတို့နှစ်ယောက်လုံးက ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။
"မင်း....မင်း မသေသေးဘူးလား"
အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင်က လုယွီကိုမြင်သည်နှင့် ခုန်ထလိုက်၏။
သူ၏စိတ်နှလုံးသားအတွင်း၌ လုယွီသည် ရှုရာနတ်ဘုရား၏လိုက်လံဖမ်းဆီးမှုကိုခံရပြီးနောက် သေဆုံးသွားပြီဟုသာ တွေးထင်ခဲ့သည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ လုယွီသည် သူ၏ရှေ့၌ထွက်ပေါ်လာလေပြီ။
ကျောက်စိမ်းမျက်နှာကျောင်းတော်သားက မတ်တတ်ထရပ်ပြီး နောက်သို့ပြန်လှည့်ကာ ထွက်ပြေးလိုက်တော့သည်။
ယဇ်ပလ္လင်တွင် တိုက်ခိုက်ခဲ့သည့်အချိန်ကတည်းက ကျောက်စိမ်းမျက်နှာကျောင်းတော်သားသည် ရှုံးနိမ့်ခဲ့ရသဖြင့် သူသည် လုယွီ၏ပြိုင်ဘက်မဖြစ်နိုင်သည်ကို ကောင်းစွာသိရှိထားပေ၏။
ယခုလက်ရှိချိန်တွင် လုယွီသည် ဤနေရာ၌ အသက်ရှင်ရက်ပြန်ထွက်လာခဲ့သည်။ရှုရာနတ်ဘုရားသည် လုယွီအား လိုက်လံဖမ်းဆီးရာ၌ ကျရှုံးသွားသည်ဆိုသည်မှာ စကားထဲထည့်ပြောရန်ပင် မလိုအပ်တော့ချေ။
သူသည် အတွေးအခေါ်ကောင်းမွန်သူတစ်ယောက်ဖြစ်၍ မည်သည့်ကိစ္စများ ဖြစ်ပျက်ခဲ့သည်ကို မှန်းဆနိုင်သည်။ထို့ကြောင့် သူသည် လုယွီကိုမြင်သည်နှင့် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ထွက်ပြေးခဲ့တော့သည်။
"မင်း ပြေးနိုင်မှာလား"
အခန်းတံခါးသည် ရုတ်တရက် ပြင်ပမှနေ၍ ကန်ကျောက်ဖွင့်ခြင်း ခံလိုက်ရသည်။
အောင်းကွမ်းသည် ရှေ့သို့တိုးလာပြီး ကျောက်စိမ်းမျက်နှာသတို့သားထံဦးတည်ကာ လက်သီးတစ်ချက် ထိုးနှက်လိုက်၏။
ယခုလက်ရှိချိန်၌ အောင်းကွမ်းသည် မြောက်မြားစွာသောစိတ်ဝိညာဥ်စွမ်းအင်များ၏ ကူညီထောက်ပံမှုဖြင့် မြေကမ္ဘာအင်မော်တယ်အလယ်အဆင့်သို့ တည်ငြိမ်စွာ ချိုးဖျက်ဝင်ရောက်ပြီးဖြစ်သည်။ထို့ပြင် နဂါးမျိုးနွယ်များသည် ခွန်အားအလွန်ကြီးမားသဖြင့် ကျင့်ကြံဆင့်နယ်ပယ်တူသော တခြားမျိုးနွယ်များကို လွယ်လင့်တကူဖိနှိပ်နိုင်သည်။
ဘုန်း....
ကျောက်စိမ်းမျက်နှာကျောင်းတော်သားသည် သတိလက်လွတ်နေမိချိန်ဖြစ်သဖြင့် လက်သီးတစ်ချက်ဖြင့်ပင် နောက်သို့လွင့်ထွက်သွားသည်။
အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင်က သူ၏လက်ဖြင့် စားပွဲခုံကို ရိုက်ပုတ်လိုက်၏။
"ဒါက ငါ့ရဲ့နယ်မြေနော်...ကောင်စုတ်လေး အရမ်းလွန်မလာနဲ့"
"အဲ့ဒီလိုလား...မင်းရဲ့ရာထူးကို တော်ဝင်နန်းတော်က ခန့်အပ်ထားတာ...ပြီးတော့ ဒီကြယ်နယ်မြေက တော်ဝင်နန်းတော်ရဲ့အုပ်ချုပ်မှုအောက်မှာရှိတယ်...ဒါတောင်မှ မင်းရဲ့နယ်မြေတဲ့လား...ရယ်စရာကောင်းလိုက်တာ"
လုယွီက သူ၏လက်ဝါးကိုဖိနှိပ်လိုက်ခြင်းနှင့်အတူ အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင် မြေပြင်အတွင်းသို့ နစ်ဝင်သွားသည်။
ဝေါင်း....
အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင်သည် ကျယ်လောင်စွာဟိန်းဟောက်၍ ရုန်းကန်နေသော်လည်း လုယွီ၏ထိန်းချုပ်မှုအောက်မှ လွတ်မြောက်နိုင်ခြင်းမရှိချေ။
"မင်း ငါ့ကိုသတ်ရင်...နတ်ဘုရားက မင်းကို အလွတ်ပေးမှာမဟုတ်ဘူး"
အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင်က အော်ဟစ်ကြုံးဝါးလိုက်၏။
လုယွီက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
"မင်း ပြောနေတဲ့ နတ်ဘုရားဆိုတဲ့ကောင်က မြေကြီးအောက်မှာ ဖိနှိပ်ခံထားရတယ်...သူ လွတ်မြောက်နိုင်မှာမဟုတ်ဘူး....သူက မင်းကို ကူညီနိုင်မယ်လို့ မင်းက မျှော်လင့်နေတုန်းပဲလား"
စကားဆုံးသည်နှင့် လုယွီသည် အပိုစကားများပြော၍ အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင်နှင့် အချိန်ဖြုန်းခြင်းမရှိတော့ချေ။လုယွီက သူ၏လက်ကိုမြှောက်၍ အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင်၏နဖူးကို ရိုက်နှက်လိုက်၏။
ဤအချိန်တွင် လုယွီသည် အစစ်အမှန်နဂါးနှစ်ကောင်နှင့် ညီမျှသော ကြီးမားသည့်ခွန်အားပမာဏကို ပိုင်ဆိုင်ထားပြီးဖြစ်သည်။
အစစ်အမှန်နဂါးတစ်ကောင်၏ခွန်အားသည် ဘိုးဘေးမှတ်ဥာဏ်များ မနိုးထသေးလျှင်ပင် အလွန်အမင်းမြင့်မားလေရာ ယခုလက်ရှိချိန်၌ လုယွီ၏ခွန်အားသည် အလွန်အားကောင်းသန်မာလှ၏။
လုယွီ၏လက်ဝါးဖြင့် ထိတွေ့လိုက်ရုံဖြင့် အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင်၏လိပ်နက်ကြေးခွံများသည် ပါးလွှာသောစက္ကူတစ်ရွက်ကဲ့သို့ ကြေမွပျက်စီးသွားတော့သည်။
"သူက ဒီအတိုင်းကြီး သတ်လိုက်တာလား"
ထိုမြင်ကွင်းကိုမြင်ချိန်တွင် အောင်းကွမ်း၏မျက်လုံးများပြူးကျယ်သွားပြီး သူက အနည်းငယ် အံ့အားသင့်တုန်လှုပ်နေပေ၏။
မည်သို့ပင်ဆိုစေကာမူ အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင်သည် တော်ဝင်နန်းတော်မှ ခန့်အပ်ထားသော အရာရှိတစ်ယောက်ဖြစ်သည်။မမျှော်လင့်ဘဲ လုယွီသည် သူ့အား မြန်မြန်ဆန်ဆန် သုတ်သင်ဖယ်ရှားလိုက်သည်။
အမှန်အားဖြင့် အောင်းကွမ်းက လုယွီ၏အဆင့်အတန်းသည် သာမာန်စစ်ဗိုလ်ချုပ်တစ်ယောက်ကဲ့သို့ ရိုးရှင်းမှုမရှိခြင်းကို သိရှိမည်မဟုတ်ချေ။
လုယွီသည် ဧကရာဇ်မင်း၏သီးသန့်တပ်သားဖြစ်သော နဂါးအစောင့်တစ်ယောက်ဖြစ်သဖြင့် အရာရာတိုင်းကို သူ့သဘောကျ စီမံခန့်ခွဲနိုင်စွမ်းရှိသည်။
အကယ်၍ ပုန်ကန်မှုအတွက် တိကျသောသက်သေအထောက်အထားရှိပါက နဂါးအစောင့်များသည် ကြယ်နယ်မြေအရှင်သခင်တစ်ယောက်ကို နေရာမှာပင်သတ်ဖြတ်ရန် အရည်အချင်းပြည့်မီသည်။
"ကျေးဇူးပြုပြီး ငါ့ကို လွှက်ပေးပါ...ငါ့ကိုလွှက်ပေးတာနဲ့ မင်း သိချင်တဲ့ကိစ္စမှန်သမျှ ငါ ပြောပြပါမယ်"
အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင်၏စိတ်ဝိညာဥ်သည် လေထုအတွင်း၌ မျောလွင့်နေပြီး ခွင့်လွှတ်မှုရရှိရန် အသနားခံတောင်းပန်နေလေ၏။
သူသည် လုယွီ၏နည်းလမ်းများကြောင့် တုန်လှုပ်ချောက်ချားနေမိသည်။မည်သည့် တုံ့ဆိုင်းတွေဝေခြင်းမျှမရှိဘဲ လုယွီက သူ့အား သတ်ဖြတ်ခဲ့သည်။
ဤအချိန်အခိုက်အတန့်တွင် အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင်သည် စိတ်ဝိညာဥ်သက်သက်သာ ကျန်ရှိတော့သည်။ထို့ကြောင့် သူသည် အသက်မသေလျှင်ပင် ယခုလက်ရှိကျင့်ကြံဆင့်သို့ပြန်လည်ရောက်ရှိရန် အနည်းဆုံးနှစ်တစ်ထောင်ခန့် ပြန်လည်ကျင့်ကြံရပေမည်။ဤသည်က သူ့အတွက် ကြီးမားသောထိုးနှက်ချက်တစ်ခုပင်။
"ငါက မင်းကို ထပ်ပြီးခြိမ်းခြောက်နိုင်စွမ်းလည်း မရှိတော့ပါဘူး...မင်း ငါ့ကို လွှက်ပေးတာနဲ့...ငါပိုင်ဆိုင်သမျှ ချမ်းသာကြွယ်ဝမှုတွေအားလုံး ငါ့ရဲ့လက်နှစ်ဖက်နဲ့ မင်းကို ပေးအပ်ပါမယ်"
အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင်က ဆက်လက်၍ အသနားခံတောင်းပန်လိုက်၏။
သို့ရာတွင် သူ၏မျက်လုံးအတွင်းရှိ ရန်ငြှိုးမုန်းတီးမှုအရိပ်အယောင်များသည် လုယွီ၏အမြင်အာရုံအောက်မှ လွတ်မြောက်နိုင်ခြင်းမရှိချေ။
"မင်းက လှည့်စားဖို့ ကြိုးစားနေတာမလား...မင်းရဲ့အလိမ်အညာစကားတွေကို ငါက ဘာလို့ နားထောင်ရမှာလဲ"
လုယွီက အေးစက်စက်နှာမှုတ်ပြီး သူ၏လက်ကို အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင်၏ခေါင်းထက်သို့ဖိနှိပ်၍ စိတ်ဝိညာဥ်ရှာဖွေခြင်းနည်းစနစ်ကို အသုံးပြုလိုက်တော့သည်။
ရုတ်ချည်းဆိုသလိုပင် သူ့ထံမှ မှတ်ဥာဏ်များက လုယွီ၏စိတ်အတွင်းသို့ ဒီရေအလားတိုးဝင်လာသည်။
Chapter 1919
အသက်ရှုချိန်အနည်းငယ်ခန့်ကြာပြီးနောက် အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင်၏စိတ်ဝိညာဥ် ပြင်းပြင်းထန်ထန်တုန်ခါစပြုလာသည်။
"မင်းတို့မှာ ဒီလိုအကြံအစည်တွေ ရှိနေတာပါလား"
လုယွီ၏စိတ်နှလုံးသားများ လေးလံသွားပြီးနောက် သူ၏လက်ကိုဆန့်တန်းကာ အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင်၏စိတ်ဝိညာဥ်ကို ချေမွှဖျက်ဆီးလိုက်တော့သည်။
ထိုမှတ်ဥာဏ်များအတွင်းမှနေ၍ လုယွီသည် အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင် ပြန်ရှင်သန်လာမည့်နေရာအပြင် ဦးရီးတော်ရှားဟိုလီကို ခြုံခိုတိုက်ခိုက်မည့်အစီအစဥ်ကိုလည်း သိခဲ့ရသည်။
အကယ်၍ ဤအစီအစဥ်သာအောင်မြင်သွားပါက ရှားဟိုလီ ဦးဆောင်သည့် သန်းနှင့်ချီသောစစ်သားများ သေကြေပျက်စီးရပေမည်။
"ကောင်းလိုက်တဲ့ အကြံအစည်...ရှဟယ်ဆိုတဲ့ငတုံးကောင်ကို မင်းတို့က တကယ်ကြီးလှည့်စားနိုင်ခဲ့မယ်လို့ ငါ ထင်မထားမိဘူး...တကယ်လို့ သူ ပြောတဲ့နေရာကိုသာသွားခဲ့ရင် ငါတို့တွေအားလုံး မင်းတို့ စီစဥ်ထားတဲ့ထောင်ချောက်ထဲကို ကျရောက်သွားမှာပဲ"
လုယွီက သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။
အကယ်၍ ရှုရာနတ်ဘုရားသာ အောင်မြင်စွာပြန်လည်အသက်ရှင်သန်လာပါက သူ သေဆုံးသွားနိုင်ချေရှိသည်။ထိုအခြေအနေမျိုးသို့သာ ကျရောက်လာပါက လူ မည်မျှများများ သေဆုံးသွားရမည်ကို သူ မသိရှိချေ။
လုယွီက ကျောက်စိမ်းမျက်နှာကျောင်းတော်သားကို ကြည့်လိုက်သည်။
ဤအချိန်တွင် ကျောက်စိမ်းမျက်နှာကျောင်းတော်သား၏ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အစားများအားလုံး စုတ်ပြတ်သတ်နေပြီး သူ၏နံရိုးများမှာလည်း ကွေးကောက်နေကာ အလွန်စိုးရိမ်ဖွယ်အခြေအနေသို့ ရောက်ရှိနေသည်။
အောင်းကွမ်းသည် ယခင်က ကျောက်စိမ်းမျက်နှာကျောင်းတော်သား၏လှည့်စားခြင်းကို ခံထားရသည်။ထို့ကြောင့် အောင်းကွမ်းသည် သနားညှာတာမှုမရှိတိုက်ခိုက်သည်မှာ သဘာဝဆန်သောကိစ္စပင်။သူသည် ကျောက်စိမ်းမျက်နှာကျောင်းတော်သားကို ထိုးနှက်သည့် လက်သီးချက်တစ်ချက်စီတိုင်း၌ သူ၏ခွန်အားအကုန်အစင်ကို ထည့်သွင်းအသုံးပြုထားလေ၏။
"တော်တော့...မင်း ဆက်ပြီးတိုက်ခိုက်နေမယ်ဆိုရင်...သူ သေသွားလိမ့်မယ်"
လုယွီက ပြောဆိုလိုက်သည်။
အောင်းကွမ်းက သူ၏တိုက်ခိုက်မှုကိုရပ်တန့်ပြီး အပြုံးနှင့်ပြောဆိုသည်။
"အရှင်...ကျွန်တော်က ဒီကောင်စုတ်လေးကိုကြည့်မရတာ အချိန်တော်တော်ကြာနေပြီ...အခု သူက ရှားရှားပါးပါး ကျွန်တော်ရဲ့လက်ထဲကိုရောက်လာတာ...ကျွန်တော် သူကို သင်ခန်းစာကောင်းကောင်းပေးရမယ်"
"တော်သင့်ပြီ...ငါ သူ့ကို စစ်မေးစရာတွေရှိသေးတယ်"
လုယွီက သူ၏ခြေထောက်ကိုမြှောက်၍ ကျောက်စိမ်းမျက်နှာကျောင်းတော်သားထံသို့ လျှောက်လှမ်းသွားလိုက်၏။
မမျှော်လင့်ဘဲ ကျောက်စိမ်းမျက်နှာကျောင်းတော်သားသည် ဖမ်းဆီးထိန်းချုပ်ခံထားရသော်လည်း သူ၏မျက်နှာပေါ်၌ ထိတ်လန့်ကြောက်ရွံမှုအရိပ်အယောင် တစိုးတစိမျှရှိမနေချေ။
"မင်း ခုဏကအသုံးပြုသွားတာ စိတ်ဝိညာဥ်ရှာဖွေခြင်းနည်းစနစ်မဟုတ်လား...ငါ မင်းကို လျှော့တွက်ခဲ့မိတယ်...မင်း ငါ့ရဲ့နောက်မှာရှိတဲ့အင်အားစုကို ဘာလို့မပူးပေါင်းတာလဲ...မင်းရဲ့အရည်အချင်းနဲ့ဆိုရင် အမြင့်ဆုံးအဆင့်ထိ တက်လှမ်းနိုင်လိမ့်မယ်...ဘာလို့ တာယွီတော်ဝင်စစ်တပ်မှာနေပြီး အဆင့်နိမ့်စစ်ဗိုလ်ချုပ်တစ်ယောက်လုပ်နေမှာလဲ"
ကျောက်စိမ်းမျက်နှာကျောင်းတော်သား၏လေသံသည် အလွန်တည်ငြိမ်နေသော်လည်း သူ၏စကားလုံးများက သွေးဆောင်ဖျားယောင်းမှုများနှင့် ပြည့်နှက်နေသည်။
လုယွီက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။
"မင်းက ငါ့ကို ပူးပေါင်းစေချင်မှာတော့...မင်းရဲ့နောက်မှာရှိတဲ့ အင်အားစုတွေအကြောင်း ငါ့ကို ဘာလို့ပြောနေတာလဲ"
"မရဘူး"
ကျောက်စိမ်းမျက်နှာကျောင်းတော်သားက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"အခုက အချိန်ကောင်းမဟုတ်သေးတော့ ငါ့ရဲ့နောက်မှာရှိတဲ့ အင်အားစုအကြောင်း မင်းကိုပြောပြလို့မရသေးဘူး...ဒါပေမယ့် မင်း ရှင်းရှင်းလင်းလင်း သိထားသင့်တာက အဲ့ဒီအင်အားစုဟာ တာယွီအင်ပါယာထက် အားမနည်းဘူးဆိုတာပဲ"
လုယွီက မျက်မှောင်ကြုတ်လိုက်၏။
"မင်းက ရှုရာနတ်ဘုရားရဲ့နောက်လိုက်မဟုတ်ဘူးလား"
အကယ်၍ သူသည် ရှုရာနတ်ဘုရား၏လက်အောက်ငယ်သားတစ်ယောက်ဖြစ်နေပါက လုယွီကိုမြင်တွေ့သည်နှင့် ထွက်ပြေးမည်မဟုတ်ချေ။ထို့ပြင် လုယွီ၏သိမြင်မှုအရ ကျောက်စိမ်းမျက်နှာကျောင်းတော်သားသည် လိမ်ညာနေခြင်းမဟုတ်ပေ။
သူ၏နောက်တွင် တာယွီအင်ပါယာနှင့်ပင် အင်အားခြင်းယှဥ်ပြိုင်နိုင်သော အစွမ်းထက်အင်အားစုကြီးတစ်ခု အမှန်တကယ်ရှိနေနိုင်သည်။
ကျောက်စိမ်းမျက်နှာကျောင်းတော်သားက ရယ်မောလိုက်၏။
"ဟား ဟား ဟား...ရှုရာနတ်ဘုရားက ဘာမလို့လဲ...သူက လူရိုင်းတစ်ယောက်သက်သက်ပဲ...သူ့ဆီမှာ နတ်ဘုရားစွမ်းအားရှိနေတာတောင် ယုံကြည်ကိုးကွယ်သူတွေတိုးတက်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာ သူ မသိဘူး...သူက ဝေးလံခေါင်သီတဲ့ ရှုရာနယ်မြေလိုနေရာမျိုးမှာပဲ အမြဲတမ်းနေနေတယ်...ဒီလိုနတ်ဘုရားမျိုးက အောင်မြင်မှုကြီးကြီးမားမားရမှာမဟုတ်ဘူး"
"ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်သေဆုံးသွားတာနဲ့ တာယွီအင်ပါယာတစ်ခုလုံး ဖရိုဖရဲဖြစ်သွားခဲ့တယ်...သူ ယုံကြည်ခဲ့တဲ့ ရှမိသားစုကလည်း တာယွီအင်ပါယာရဲ့ နေရာတိုင်းကို သူတို့ရဲ့လက်တံတွေ ဆန့်လာကြတယ်...ပြီးတော့ လင်းလုံဆိုတဲ့မိန်းမရဲ့လက်ထဲမှာ ရှေးဟောင်းအင်မော်တယ်မှော်ရတနာသာရှိမနေဘူးဆိုရင် သူက နန်းမွေကို ဘယ်လိုပုံစံနဲ့ဆက်ခံပြီး လောကကြီးတခွင်လုံးမှာရှိတဲ့ သူရဲကောင်းတွေကို ထိန်းချုပ်နိုင်မှာလဲ"
ထိုစကားများကိုပြောဆိုနေစဥ်တွင် ကျောက်စိမ်းမျက်နှာကျောင်းတော်သားသည် အလွန်အမင်းစိတ်လှုပ်ရှားနေပုံရပြီး သူ၏မျက်နှာပင်လျှင် နီမြန်းနေသည်။
လုယွီက သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။ရှန်လင်းလုံ၏ရှေးဟောင်းအင်မော်တယ်လက်နက် မည်သည့်နေရာမှရရှိသည်ကို သူ ကောင်းစွာသိရှိသည်။
ထိုအရာသည် သူ၏အတိတ်ဘဝတွင် ရှေးဟောင်းအမွေအနှစ်နယ်မြေတစ်ခု၌ သူ၏အသက်ကိုစွန့်စား၍ ရယူခဲ့သော မှော်ရတနာပင်။
ထိုအချိန်တုန်းက လုယွီသည် ကောင်းကင်ဘုံနယ်မြေရှိထိပ်သီးတာအိုသခင်များအနက်မှ တစ်ယောက်ဖြစ်နေသည့်တိုင် သေလုမျောပါး ခံစားခဲ့ရသည်။
သို့ရာတွင် အဆုံးသတ်၌ ထိုအင်မော်တယ်မှော်လက်နက်သည် တခြားတစ်ယောက်၏လက်အတွင်းသို့ ရောက်ရှိသွားလေပြီ။
"အဲ့ဒီလိုလား....ရှေးဟောင်းအင်မော်တယ်လက်နက်ကို အသုံးပြုမယ်ဆိုရင်...တာအိုသခင်တွေတောင် အသက်နဲ့ရင်းပြီး စွန့်စွန့်စားစား တိုက်ခိုက်ရလိမ့်မယ်...မင်းရဲ့နောက်မှာရှိတဲ့ အင်အားစုမှာ ရှေးဟောင်းအင်မော်တယ်မှော်လက်နက်ကို ဆန့်ကျင်တိုက်ခိုက်နိုင်တဲ့အင်အားမျိုး မရှိလို့လား"
လုယွီက မေးမြန်းသည်။
Chapter 1920
လုယွီသည် ရှေးဟောင်းအင်မော်တယ်မှော်လက်နက်ကို ရရှိခဲ့သူဖြစ်သဖြင့် ထိုအရာပေါ်တွင် သူ၏တာအိုသဘောသဘာဝများ ပါဝင်နေသည်။
ကောလဟာလများအရ အကယ်၍ ထိုအင်မော်တယ်မှော်လက်နက်သာမရှိပါက ရှန်းလင်းလုံသည် တာယွီအင်ပါယာကြီးတစ်ခုလုံးကို အောင်မြင်စွာထိန်းချုပ်နိုင်မည်မဟုတ်ချေ။
ကျောက်စိမ်းမျက်နှာကျောင်းတော်သားက ခေါင်းမော့၍ ပြောဆိုသည်။
"ငါတို့လက်ထဲမှာ နောက်ထပ်ရှေးဟောင်းအင်မော်တယ်လက်နက်တစ်ခုရှိတာနဲ့ ရှန်လင်းလုံကို ဧကရာဇ်ဆိုတဲ့နေရာကနေ ဆွဲချနိုင်လိမ့်မယ်...တာယွီအင်ပါယာတစ်ခုလုံးတောင် အစိတ်စိတ်အမွှာမွှာပြိုကွဲသွားနိုင်တယ်"
"အဲ့ဒီလိုလား...ငါ သိသလောက်တော့ ရှေးဟောင်းခေတ်ကာလ အဆုံးသတ်သွားတဲ့နောက်မှာ ရှေးဟောင်းအင်မော်တယ်မှော်ရတနာအများစု ပျောက်ကွယ်သွားတယ်...ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးမှာတောင် ရှေးဟောင်းအင်မော်တယ်မှော်ရတနာ အနည်းစုပဲကျန်တော့တာ...မင်းတို့က ဘယ်နေရာကနေ ရနိုင်မှာလဲ"
လုယွီသည် အနည်းငယ်မျှပင် ဟာကွက်မချန်ဘဲ မေးမြန်းလိုက်၏။
"တကယ်တော့ ငါ မင်းကို အဲ့ဒီအကြောင်းပြောပြလို့မရဘူး...ပြီးတော့ မင်း ငါ့အပေါ်မှာ စိတ်ဝိညာဥ်ရှာဖွေခြင်းနည်းစနစ်ကိုအသုံးပြုဖို့ မစဥ်းစားနဲ့...ငါ့ရဲ့ခန္ဓာကိုယ်ပေါ်မှာ တားမြစ်မှော်မန္တန်တစ်ခုရှိတယ်...တကယ်လို့ မင်း ငါ့အပေါ်မှာ အတင်းအကြပ်ဖိအားပေးရင်တောင် အသုံးဝင်မှာမဟုတ်ဘူး"
ကျောက်စိမ်းမျက်နှာကျောင်းတော်သားက ပြောဆိုသည်။
လုယွီက ခံစားချက်ကင်းမဲ့သောလေသံဖြင့် ပြောဆိုသည်။
"ငါကလည်း မင်းကို သတ်ဖို့အစီအစဥ်မရှိဘူး...မင်းရဲ့နောက်ကွယ်ကလူ မင်းကိုလာကယ်တဲ့အချိန်ထိ စောင့်ကြတာပေါ့"
စကားဆုံးသည်နှင့် ရုတ်တရက် လုယွီက သူ၏လက်ဝါးဖြင့် ကျောက်စိမ်းမျက်နှာကျောင်းတော်သား၏ဒန်တျန်ပေါ်သို့ ရိုက်ချလိုက်၏။
ချိပ်ပိတ်ခြင်းနည်းစနစ်တစ်ခုက ချက်ချင်းပင် ကျောက်စိမ်းမျက်နှာကျောင်းတော်သား၏ခန္ဓာကိုယ်အတွင်း၌ ဖွဲ့စည်းသွားသည်။
ကျောက်စိမ်းမျက်နှာကျောင်းတော်သား၏မျက်နှာ ဖြူရော်သွားပြီး သူ၏မှော်စွမ်းအားများအားလုံး တားမြစ်ကန့်သတ်ခံလိုက်ရခြင်းကို ခံစားမိသည်။သူသည် မည်သည့်မှော်မန္တန်ကိုမျှ အသုံးပြု၍မရတော့သည့်အပြင် လမ်းလျှောက်ရန်ကိုပင် အလွန်အမင်းခက်ခဲနေသည်။
"လူတချို့ကိုစေလွှက်ပြီး သူ့ကိုစောင့်ကြည့်ခိုင်းထားစမ်း...ဒါပေမယ့် သူ့ကို သေတော့မသေသွားစေနဲ့"
လုယွီက အမိန့်ပေးလိုက်သည်။
အစောပိုင်းက လုယွီ၏မေးမြန်းစစ်ဆေးမှုသည် သာမာန်ကာလျှဲကာဟု ယူဆ၍ရသော်လည်း သူသည် ကျောက်စိမ်းမျက်နှာကျောင်းတော်သား ပြောဆိုသော စကားလုံးတိုင်းကို သူ့စိတ်ဝိညာဥ်ကိုအသုံးပြု၍ အာရုံခံခဲ့လေ၏။
ကျောက်စိမ်းမျက်နှာကျောင်းတော်သားသည် လိမ်ညာပြောဆိုသွားခြင်း မရှိချေ။
တခြားစကားပြောင်းဆိုရလျှင် ကျောက်စိမ်းမျက်နှာကျောင်းတော်သား၏နောက်ကွယ်၌ အမှန်တကယ်ကိုပင် ကြီးမားသောအင်အားစုကြီးရှိနေသည်။ထို့ပြင် ထိုအင်အားစုသည် တာယွီအင်ပါယာကိုပင် စိန်ခေါ်နိုင်စွမ်းရှိသော အလွန်ကြီးမားသည့် တည်ရှိမှုကြီးဖြစ်ပေ၏။
လုယွီထံတွင် ထိုက်အမ်းဓားရှိနေသော်လည်း အကယ်၍ သူသည် တာယွီအင်ပါယာနှင့်ထိပ်တိုက်ရင်ဆိုင်ရမည်ဆိုပါက သူ့ထံ၌ အစွမ်းအစကင်းမဲ့နေဆဲပင်။
ကျောက်စိမ်းမျက်နှာကျောင်းတော်သားကို အသက်ရှင်ရက် ချန်ထားရသည့်အကြောင်းအရင်းမှာ အနည်းဆုံးအနေဖြင့် လုယွီသည် သူ၏နောက်ကွယ်မှအင်အားစုဖြင့် ရန်သူမဖြစ်ချင်သောကြောင့်ဖြစ်သည်။
"အရှင်...အပြင်မှာရှိတဲ့ ပုန်ကန်သူနတ်ဆိုးသားရဲတွေအားလုံးကို နှိမ်နင်းပြီးပါပြီ"
သိုက်ဖုန်းက ခြေလှမ်းကျဲကြီးများဖြင့် ခန်းမအတွင်းသို့ဝင်လာပြီး သူက အလွန်စိတ်အားတက်ကြွနေပုံရသည်။
လုံလောက်သောစိတ်ဝိညာဥ်စွမ်းအင်များ၏ ထောက်ပံမှုနှင့်အတူ သိုက်ဖုန်းသည် ကျင့်ကြံဆင့်နယ်ပယ်များကို ခုန်ပျံကျော်လွှား၍ သိုင်းသူတော်စင်နယ်ပယ်သို့ တိုက်ရိုက်ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သည်။
လုယွီသည် အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင်၏အလောင်းကို နံဘေးဘက်သို့ကန်ထုတ်ပြီး ကျယ်လောင်စွာအော်ဟစ်လိုက်၏။
"မင်းတို့ရဲ့ကြယ်နယ်မြေအရှင်သခင် သေဆုံးသွားပြီ...ဘယ်ကောင်က မဆင်မခြင်လုပ်ဝံ့လဲ"
ထိုအသံသည် အပြစ်သားပင်လယ်ကြယ်နယ်မြေတခွင်လုံး ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
ဤအချိန်အခိုက်အတန့်တွင် အပြစ်သားပင်လယ်ကြယ်နယ်မြေပေါ်ရှိ နတ်ဆိုးသားရဲမျိုးနွယ်များအားလုံး ထိတ်လန့်ကြောက်ရွံမှုကြောင့် တုန်ရီသွားပြီး သူတို့က အသက်ပြင်းပြင်းပင်မရှုဝံ့ကြတော့ချေ။
သာမာန်အားဖြင့် ဤနယ်မြေပေါ်သို့ လူသားမျိုးနွယ်အနည်းစုသာ လာရောက်လေ့ရှိသည်။ထို့ကြောင့် အပြစ်သားပင်လယ်ကြယ်နယ်မြေပေါ်ရှိ နတ်ဆိုးသားရဲမျိုးနွယ်များသည် အတိတ်တွင် သူတို့ရရှိခဲ့သည့် ထိတ်လန့်ကြောက်ရွံမှုများအကြောင်း မေ့လျော့သွားပြသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
သို့ရာတွင် ယခုလက်ရှိအချိန်၌ သူတို့အားလုံး အတိတ်ကို ပြန်လည်သတိရသွားကြ၏။
"အရှင်...ကျွန်တော်တို့က ပုန်ကန်တဲ့နတ်ဆိုးသားရဲတွေအားလုံးကို ပြန်ဖမ်းခေါ်သွားရမှာလား"
သိုက်ဖုန်းက မေးမြန်းသည်။
လုယွီက အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်သည်။
"ဦးဆောင်တဲ့ကောင်တွေကို သတ်လိုက်...ပြီးတော့ ကျန်တဲ့ကောင်တွေကိုတော့ လွှက်ပေးလိုက်တော့...ငါတို့ ဒီနေရာမှာ ကြာကြာနေလို့မရဘူး...စစ်သားတွေအားလုံး နားထောင်ကြစမ်း...စစ်စခန်းကို ပြန်ကြမယ်"
အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင်၏မှတ်ဥာဏ်များအရ တစ်ဖက်ရန်သူများသည် အနက်ရောင်တိမ်တိုက်ကြယ်နယ်မြေ၏ပတ်ဝန်းကျင်၌ မြောက်မြားစွာသောသတ်ဖြတ်ခြင်းဝင်္ကပါများကို ခင်းကျင်းထားသည်။ထိုဝင်္ကပါများသည် ရှုရာနတ်ဘုရားထံမှ ဆင်းသက်လာသော နတ်ဘုရားအဆင့်ဝင်္ကပါများဖြစ်ပေ၏။
အကယ်၍ ရှားဟိုလီသည် ထိုနေရာသို့ အမှန်တကယ်ခြေချလိုက်ပါက သူ အသက်ရှင်ရက်လွတ်မြောက်နိုင်မည်မဟုတ်ချေ။
ပုန်ကန်မှုကိုဖြစ်ပွါးစေသော ခေါင်းဆောင်များကိုသတ်ဖြတ်ပြီးနောက် လုယွီသည် စစ်တပ်နှင့်အတူ စစ်စခန်းသို့ ပြန်လာခဲ့တော့သည်။
အောင်းကွမ်းနှင့်နဂါးမျိုးနွယ်များသည်လည်း လုယွီ၏သစ္စာခံများဖြစ်သဖြင့် လုယွီနောက်သို့ လိုက်ပါလာကြ၏။
စစ်သင်္ဘောကြီးကို အရှိန်ကုန်မြှင့်၍ မောင်းနှင်လာခဲ့သဖြင့် အချိန်နှစ်နာရီခန့်အကြာတွင် သူတို့အားလုံး စစ်စခန်းသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
"ထူးဆန်းတယ်...ဘာလို့ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေတာလဲ"
သိုက်ဖုန်းက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ပြီးနောက် စစ်စခန်းတစ်ခုလုံး အံ့အားသင့်ဖွယ်ကောင်းအောင် တိတ်ဆိတ်ငြိမ်သက်နေခြင်းကို တွေ့ရှိမိသည်။
ထိုအချိန်မှာပင် စစ်စခန်းအတွင်းမှနေ၍ စစ်သင်္ဘောတချို့သည် ပျံသန်းလာပြီး လုယွီတို့စစ်သင်္ဘောထံဦးတည်၍ မောင်းနှင်လာသည်။