← Chapters

အခန်း (၁၉၂၁-၁၉၂၅)

Vol. 99 Ch. 1921-1925

အခန်း (၁၉၂၁-၁၉၂၅)

Vol. 99 Ch. 1921-1925

Chapter 1921

"ဒီစစ်သင်္ဘောတွေက ဘယ်နေရာကရောက်လာတာလဲ"

သိုက်ဖုန်းက သိချင်စိတ်ပြင်းပြသွားသည်။

သို့သော် တစ်ချိန်တည်းမှာပင် ထိုစစ်သင်္ဘောများအားလုံးသည် ပုန်းကွယ်နဂါးတပ်ခွဲ၏စစ်သင်္ဘောကို ရုတ်တရက်ဝိုင်းရံလိုက်ကြ၏။

ဝုန်း...

စစ်သင်္ဘောဆယ်စင်းကျော်ပေါ်ရှိ စိတ်ဝိညာဥ်အမြှောက်များအားလုံး မြင့်တက်လာပြီးနောက် လုယွီ၏စစ်သင်္ဘောကို ချိန်ရွယ်ထားသည်။

"ငါတို့က ပုန်းကွယ်နဂါးတပ်ခွဲကလူတွေ...မင်းတို့ ဘာတွေလုပ်နေကြတာလဲ"

သိုက်ဖုန်းက အံ့အားသင့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်၏။

ရုတ်ချည်းဆိုသလိုပင် စစ်သင်္ဘောကြီးများ၏အထက်ရှိ မိုးကောင်းကင်ယံမှနေ၍ အေးစက်စက်အသံတစ်သံ ထွက်ပေါ်လာသည်။

"ပုန်းကွယ်နဂါးတပ်ခွဲကလူတွေက ပုန်ကန်ဖို့ကြံစည်ခဲ့တယ်...တပ်မှူးရဲ့အမိန့်အရ ပုန်းကွယ်နဂါးတပ်ခွဲက လူတွေအားလုံးကိုဖမ်းဆီးပြီး စစ်ခုံရုံးကို ခေါ်ဆောင်သွားရမယ်"

ပုန်ကန်မှုဟု ဆိုသလော...

ပုန်းကွယ်နဂါးတပ်ခွဲရှိ စစ်သားများထံမှနေ၍ အံ့အားတသင့်ရေရွတ်သံများ ထွက်ပေါ်လာသည်။

သူတို့သည် အစောပိုင်းကပင် အပြစ်သားပင်လယ်ကြယ်နယ်မြေပေါ်ရှိပုန်ကန်မှုကို နှိမ်နင်းခဲ့သည်။

သူတို့ ပြန်ရောက်ချိန်တွင် ဆုလာဘ်များချီးမြှင့်ခံရမည်ဟု သူတို့အားလုံး တွေးတောခဲ့သော်လည်း မမျှော်လင့်ဘဲ သူတို့ကို ပုန်ကန်သူများအဖြစ် သတ်မှတ်ခံရ၏။

လုကျင်းရှန့်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

"သောက်အဓိပ္ပါယ်မရှိတာတွေ...မင်းတို့က ဘယ်လိုသက်သေမျိုးနဲ့ ငါတို့ကို ပုန်ကန်သူတွေကို့ ပြောနေရတာလဲ"

"အမှန်ပဲ...မင်းတို့မှာ ဘာသက်သေရှိလို့လဲ"

"မတရားဘူး...လုံးဝမတရားဘူး"

ပုန်းကွယ်နဂါးတပ်ခွဲရှိ အရာရှိများနှင့်စစ်သားများအားလုံး တပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။

"မင်းတို့ထဲမှာ ရှောင်တပ်ခွဲက စစ်သားတချို့ပါတယ်...ဟုတ်တယ်မလား"

အနက်ရောင်သံချပ်ကာဝတ်စစ်ဗိုလ်ချုပ်တစ်ယောက်သည် မျက်နှာချင်းဆိုင်ဘက်မှ ပျံသန်းလာပြီး အေးစက်တင်းမာသောလေသံဖြင့် မေးမြန်းသည်။

လုကျင်းရှန့်က ခေါင်းမော့၍ ပြောဆိုလိုက်၏။

"ဟုတ်တယ်...ငါပဲ...ဒါပေမယ့် ငါတို့ရဲ့အဓိကစစ်ဗိုလ်ချုပ်က အသုံးမကျဘူး...ဒါကြောင့် ငါတို့က ပုန်းကွယ်နဂါးတပ်ခွဲကို ပူးပေါင်းခဲ့တယ်...တကယ်လို့ မင်းတို့က စုံစမ်းစစ်ဆေးချင်တယ်ဆိုရင် ဒီကိစ္စကို ငါတစ်ယောက်တည်း ခံယူမယ်"

"ကောင်းတယ်...မင်းရဲ့စကားလုံးတွေကတော့ အရမ်းထက်ရှတာပဲ"

အနက်ရောင်သံချပ်ကာစစ်ဗိုလ်ချုပ်၏မျက်နှာပေါ်၌ အထင်အမြင်သေးသောအရိပ်အယောင်များ ထင်ဟပ်လာသည်။

"မင်းတို့ရဲ့အဓိကစစ်ဗိုလ်ချုပ်က အစစ်အမှန်အခြေအနေကို ရှင်းပြပြီးသွားပြီ...ပုန်ကန်မှုအတွင်းမှာ မင်းတို့နဲ့ပုန်းကွယ်နဂါးတပ်ခွဲကလူတွေက သစ္စာဖောက်နတ်ဆိုးနဂါးတွေနဲ့ ပူးပေါင်းခဲ့တယ်..မင်းတို့က အတွင်းအပြင်ပူးပေါင်းပြီး စစ်စခန်းကိုဖျက်ဆီးဖို့ ကြံစည်နေကြတာမလား"

ဘာ...

လုကျင်းရှန့်က အလွန်အမင်း ဒေါသထွက်သွားသည်။

"လျိုရှောင်က အဓိပ္ပါယ်မရှိတာတွေ ပြောနေတာ...ငါတို့က ဘယ်အချိန်တုန်းက ပုန်ကန်မိလို့လဲ"

ရှောင်တပ်ခွဲရှိစစ်သားများအားလုံးသည်လည်း အလွန်ဒေါသထွက်နေကြ၏။

လျိုရှောင်သည် အဓိကစစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်သော်လည်း သေရမည်ကိုကြောက်ရွံသဖြင့် အားကောင်းသောရသူများနှင့် ရင်ဆိုင်ရချိန်တွင် အရှုံးပေးအညံခံခဲ့သည်။

သူမသည် ကိုယ်လွတ်ရုန်း၍ ထွက်ပြေးခဲ့သည့်အပြင် သူမ၏ကိုယ်ပိုင်တပ်ခွဲမှ စစ်သားများအပေါ်တွင် မတရားအမှုဆင်ခဲ့သည်။

ရုတ်ချည်းဆိုသလိုပင် လျိုရှောင်အပေါ် စစ်သားများအားလုံး၏စိတ်နှလုံးသားအတွင်းမှ အနည်းငယ်ကျန်ရှိနေသော သနားကြင်နာမှုများအားလုံး ပျောက်ကွယ်သွားပြီး ဒေါသများက အစားထိုးနေရာယူလာသည်။

"ခုချက်ချင်း မင်းတို့အားလုံး လက်နက်ချအညံခံကြစမ်း...မဟုတ်လို့ကတော့ ရိုင်းပျမှုအတွက် ငါ့ကိုအပြစ်မတင်နဲ့"

အနက်ရောင်သံချပ်ကာစစ်ဗိုလ်ချုပ်က အော်ငေါက်လိုက်၏။

စစ်သင်္ဘောဆယ်စင်းပေါ်မှ စိတ်ဝိညာဥ်အမြှောက်များကလည်း ပုန်းကွယ်နဂါးတပ်ခွဲမှစစ်သားများကို ချိန်ရွယ်ထားသည်။

"ငါ သုံးအထိရေမယ်...အဲ့ဒီအချိန်အထိ မင်းတို့ လက်နက်မချရသေးဘူးဆိုရင်...မင်းတို့အားလုံး ငရဲကိုသွားပေတော့"

အနက်ရောင်သံချပ်ကာစစ်ဗိုလ်ချုပ်က ကောက်ကျစ်ယုတ်မာသောအပြုံးနှင့် ပြောဆိုသည်။

သူသည် ရှဟယ်၏လူတစ်ယောက်ဖြစ်၍ ဤနေရာသို့မရောက်မီကပင် အမိန့်ကို လက်ခံရရှိထားပြီးဖြစ်သည်။ပုန်းကွယ်နဂါးတပ်ခွဲမှလူများက သူတို့၏လက်နက်များကို လွှဲပြောင်းပေးအပ်ခြင်းမရှိပါက သူက စိတ်ဝိညာဥ်အမြှောက်များကိုအသုံးပြု၍ သူတို့အားလုံးကို သတ်ဖြတ်ရပေမည်။

ယခုလက်ရှိချိန်၌ လုယွီတို့လူစုသည် သူတို့၏လက်နက်များကို လွှဲပြောင်းပေးလိုဟန်မရှိရာ ဤသည်က သူ အလိုရှိသောကိစ္စပင်။

"ပုန်းကွယ်နဂါးတပ်ခွဲကလူတွေက အမိန့်ကိုမနာခံဘူး...ပစ်ကြစမ်း"

အနက်ရောင်သံချပ်ကာစစ်ဗိုလ်ချုပ်က အမိန့်ပေးလိုက်၏။

ဘုန်း...ဘုန်း...ဘုန်း...

စိတ်ဝိညာဥ်စွမ်းအင်လှိုင်းများသည် လေထုကိုဖြတ်သန်းလာပြီး ပုန်းကွယ်နဂါးတပ်ခွဲ၏စစ်သင်္ဘောကို ပြင်းပြင်းထန်ထန် လာရောက်ရိုက်ခတ်သည်။

စိတ်ဝိညာဥ်အမြှောက်တစ်ချက် ပစ်လွှက်ရန်အတွက် ရာထောင်ချီသောအင်မော်တယ်ကျောက်တုံးများလိုအပ်သဖြင့် အလွန်အကုန်အကျများသော်လည်း ထိုအရာများသည် အလွန်အစွမ်းထက်လှ၏။

မြေကမ္ဘာအင်မော်တယ်တစ်ယောက်ပင်လျှင် ထိုစိတ်ဝိညာဥ်အမြှောက်ဖြင့် တစ်ချက်ထိမှန်သွားပါက ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိသွားနိုင်သည်။သာမာန် လောကီအင်မော်တယ်များဆိုလျှင်မူ နေရာမှာပင် သေဆုံးသွားပေလိမ့်မည်။

"တော်သင့်ပြီ"

လုယွီ၏မျက်လုံးများ အေးစက်နေပြီး သူ၏ခြေထောက်ကိုမြှောက်ကာ ရှေ့သို့ခြေတစ်လှမ်းလှမ်းလိုက်၏။

အစောပိုင်းက လုယွီ အဝေးမှလှမ်းကြည့်လိုက်စဥ်တွင် စစ်စခန်းအတွင်းရှိ တပ်မှူးချုပ်အလံပျောက်ကွယ်နေခြင်းကို တွေ့မြင်မိသည်။

ဤသည်က ဦးရီးတော်ရှားဟိုလီသည် စစ်သားများကိုဦးဆောင်၍ တစ်နေရာသို့ ထွက်ခွာသွားကြောင်းကို ပြသနေခြင်းပင်။သူတို့သည် အနက်ရောင်တိမ်တိုက်ကြယ်နယ်မြေသို့ ချီတက်သွားခြင်းဖြစ်နိုင်သည်။

အခြေအနေသည် အရေးပေါ်ဖြစ်နေသဖြင့် လုယွီသည် မည်သည်ကြောင့် ဤနေရာ၌ အချိန်ဖြုန်း၍နေနိုင်မည်နည်း။

"အရှင်...ဂရုစိုက်ပါ"

လုကျင်းရှန့်နှင့်သိုက်ဖုန်းတို့က ထိတ်လန့်တုန်လှုပ်နေသောအသံဖြင့် အော်ဟစ်လိုက်သည်။

လုယွီ ထွက်လာသည်ကိုမြင်ချိန်တွင် အနက်ရောင်သံချပ်ကာစစ်ဗိုလ်ချုပ်၏မျက်နှာအမူအယာက ပို၍ပင် ရက်စက်ကြမ်းကြုတ်သွားသည်။

"လာကြစမ်း...အဲ့ဒီဗိုလ်ချုပ်ကို ပစ်မှတ်ထားကြ...မင်းတို့ တက်နိုင်သမျှအင်အားကုန်သုံးပြီး သူ့ကိုသတ်ကြစမ်း"

အနက်ရောင်သံချပ်ကာစစ်ဗိုလ်ချုပ်က အော်ဟစ်လိုက်၏။

Chapter 1922

ရုတ်ချည်းဆိုသလိုပင် စိတ်ဝိညာဥ်အမြှောက်များအားလုံးက လုယွီထံဦးတည်၍ ချိန်ရွယ်လာကြသည်။

"အရပ်ရှစ်မျက်နှာချိပ်ပိတ်ခြင်း"

လုယွီ၏မျက်လုံးများ တောက်ပနေပြီး သူ၏လက်ဝါးအတွင်းမှနေ၍ မှော်စွမ်းအားများ တလိမ့်လိမ့်ထွက်ပေါ်နေသည်။အင်မော်တယ်စွမ်းအားလှိုင်းများကလည်း သူ၏ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ ပြည့်နှက်နေပေ၏။

လုယွီထံချိန်ရွယ်ပစ်ခတ်နေသော စိတ်ဝိညာဥ်အမြှောက်များရှိသည့် လေဟာနယ်တွန့်လိမ်သွားသည်။စိတ်ဝိညာဥ်အမြှောက်များမှစွမ်းအားများသည်လည်း ခုန်ထွက်သွားကာ တခြားနေရာများသို့ ကျရောက်သွားပေ၏။

ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်ပါက စိတ်ဝိညာဥ်အမြှောက်များမှ စွမ်းအားလှိုင်းများအားလုံးသည် လုယွီရှိနေသောနေရာကို ရည်ရွယ်ချက်ရှိရှိ ရှောင်တိမ်းနေပုံရပြီး တခြားနေရာများသို့သာ ခုန်ထွက်သွားကြသည်။

"မြန်မြန်...သူ့ကိုဆက်ပြီး တိုက်ခိုက်ကြစမ်း"

အနက်ရောင်သံချပ်ကာစစ်ဗိုလ်ချုပ်သည် သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ ထိတ်လန့်တုန်လှုပ်နေသော်လည်း အလျှင်စလိုဆက်လက်၍ အမိန့်ပေးလိုက်၏။

တခြားတစ်ဖက်သည် လောကီအင်မော်တယ်နယ်ပယ်သာရှိသော စစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်သည်။မည်သည့်နည်းဖြင့် စိတ်ဝိညာဥ်အမြှောက်များ၏အဆက်မပြတ်ရိုက်ခတ်မှုဒဏ်ကို တောင့်ခံနိုင်မည်နည်း။

ကြွင်းကျန်နေသာစိတ်ဝိညာဥ်အမြှောက်များအားလုံးသည်လည်း ချက်ချင်းဆိုသလိုပင် လုယွီကို ချိန်ရွယ်ပစ်ခတ်ကြ၏။

သို့သော် ထိုအချိန်မှာပင် လုယွီ၏ပုံရိပ်သည် ရုတ်တရက် လေဟာနယ်အတွင်းမှနေ၍ ပျောက်ကွယ်သွားခဲ့သည်။

သူ ဘယ်ရောက်သွားတာလဲ...

လူတိုင်း ကြက်သေသေနေသောအချိန်အခိုက်အတန့်မှာပင် လုယွီသည် ရုတ်တရက် အနက်ရောင်သံချပ်ကာစစ်ဗိုလ်ချုပ်၏ရှေ့၌ ထွက်ပေါ်လာပြီး သူ့အား ဂုတ်မှဆွဲကာ ဆွဲမလိုက်၏။

"အခုချိန်မှာ စစ်စခန်းကို ဘယ်သူဦးဆောင်နေတာလဲ"

လုယွီက အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သည်။

ဤအချိန်အခိုက်အတန့်တွင် လုယွီ၏မျက်လုံးများသည် အကန့်အသတ်မရှိသောသွေးများဖြင့် ပြည့်နှက်နေပုံရသည်။သွေးဆာသောအရှိန်အဝါတစ်ရပ်က ချက်ချင်းဆိုသလိုပင် အနက်ရောင်သံချပ်ကာစစ်ဗိုလ်ချုပိကို လွှမ်းခြုံသွားခဲ့သည်။

အနက်ရောင်သံချပ်ကာစစ်ဗိုလ်ချုပ်၏ စိတ်နှလုံးသားတစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။သူ လုယွီနှင့် ရင်ဆိုင်နေရခြင်းမှာ ရက်စက်ကြမ်းကြုတ်သောမှော်သားရဲကြီးတစ်ကောင်နှင့် ရင်ဆိုင်နေရသကဲ့သို့ပင်။သူသည် ခုခံတိုက်ခိုက်ရန်အတွေးမျိုး တစိုးတစိမျှပင် တွေးတောနိုင်စွမ်းမရှိချေ။

"အခုချိန်မှာ စစ်စခန်းကို....ဗိုလ်ချုပ်ရှဟယ်က လွှဲပြောင်းတာဝန်ယူထားပါတယ်"

အနက်ရောင်သံချပ်ကာစစ်ဗိုလ်ချုပ်က တုန်ရီနေသောအသံဖြင့် ပြောဆိုသည်။

ရှဟယ်ဟု ဆိုသလော...

လုယွီ၏စိတ်နှလုံးသား လေးလံသွားသည်။အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင်၏မှတ်ဥာဏ်များအရ သူတို့သည် လူတချို့ကို တိတ်တဆိတ်စေလွှက်၍ သတင်းမှားများကို ဖြန့်ချီစေခဲ့သည်။ထို့ကြောင့် ရှဟယ်က အနက်ရောင်တိမ်တိုက်ကြယ်နယ်မြေသည် လေဟာနယ်ဓားပြများ၏အဓိကအင်အားစုများရှိနေသောနေရာဖြစ်ကြောင်း ယုံကြည်သွားပေ၏။

ရှဟယ်သည် ရှမိသားစုဝင်တစ်ယောက်ဖြစ်သော်လည်း နည်းဗျူဟာပိုင်း၌ အနည်းငယ်အားနည်းသည်။သူသည် လေဟာနယ်ဓားပြများ၏အရူးလုပ်ခြင်းကို ထပ်ခါတလဲလဲ ခံယူနေရသည်။

လုယွီက ယခုလက်ရှိနေရာ၌ရှိနေသော စစ်သားများအားလုံးကို အေးစက်တင်းမာသောအကြည့်ဖြင့်ကြည့်ပြီး ပြောဆိုသည်။

"မင်းတို့အားလုံး ရပ်လိုက်ကြစမ်း...ငါကိုယ်တိုင် ရှဟယ်ကို သွားတွေ့မယ်"

စစ်သင်္ဘောဆယ်စင်းကျော်မှလူများအားလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီး မည်သည့်ငြင်းဆန်မှုမျိုးမျှထွက်ပေါ်လာခြင်းမရှိချေ။

အစောပိုင်းက လုယွီ၏လှုပ်ရှားမှုမှာ သူတို့အားလုံးကို ထိတ်လန့်တုန်လှုပ်သွားစေသည်။

စိတ်ဝိညာဥ်အမြှောက်များပင်လျှင် သူ့အား ထိခိုက်နာကျင်စေခြင်းမရှိချေ။ဤကဲ့သို့ လူစားမျိုးသည် နတ်ဆိုးတစ်ကောင်နှင့် တူညီပေ၏။

လုယွီသည် ပုန်းကွယ်နဂါးတပ်ခွဲမှလူများနှင့်အတူ ခြေလှမ်းကျဲကြီးများဖြင့် ရှဟယ်၏စစ်စခန်းဆီသို့ ဦးတည်၍ လျှောက်လှမ်းလာခဲ့သည်။

လမ်းတလျှောက်လုံး၌ မြောက်မြားစွာသော စစ်စခန်းများ ဗလာဟင်းလင်းဖြစ်နေခြင်းကို မြင်တွေ့ရချိန်တွင် လုယွီ၏စိတ်နှလုံးသားတစ်ခုလုံး ကူကယ်ရာမဲ့စွာ လေးလံလာခဲ့သည်။

ကြည့်ရသည်မှာ ဤတစ်ကြိမ်တွင် ဦးရီးတော်ရှားဟိုလီသည် အင်အားပြည့်ထုတ်သုံးခဲ့ပုံရသည်။အကယ်၍ ထိုကိစ္စသာ အစစ်အမှန်ဆိုပါက ခြုံခိုတိုက်ခိုက်ခြင်းနှင့်ရင်ဆိုင်ရချိန်တွင် စစ်တပ်ကြီးတစ်ခုလုံး ကြီးစွာသောဆုံးရှုံးမှုများနှင့် ရင်ဆိုင်ကြုံတွေ့ရပေမည်။

"ဒါက ပုန်းကွယ်နဂါးစစ်စခန်းက ဗိုလ်ချုပ်ရှောင်ယန်းမဟုတ်လား...မင်းက ပုန်ကန်မှုထဲမှာ ပါဝင်နေသူဆိုတာ သံသယရှိတယ်လို့ မဟာစစ်ဗိုလ်ချုပ်က ငါတို့ကို အမိန့်ပေးထားတယ်...မင်း အမိန့်ကိုနာခံပြီး အပြင်မှာနေတာ ပိုကောင်းလိမ့်မယ်"

တပ်စုမှူးတစ်ယောက်က မောက်မာဝံ့ကြွားသောလေသံဖြင့် ပြောဆိုသည်။

ထိုလူများသည် ရှဟယ်၏နောက်လိုက်များ ဖြစ်ပေ၏။ရှမိသားစု၏နောက်ခံရှိနေသဖြင့် လူအများစုသည် သူတို့ကို ရန်စစော်ကားခြင်းမပြုဝံ့ကြသဖြင့် သူတို့က အထက်အရာရှိများကိုပင် ရိုသေလေးစားမှုကင်းမဲ့နေသည်။ထို့ကြောင့် ထိုလူများသည် ပို၍ပို၍ မောက်မာဝံ့ကြွားလာကြသည်။

လုယွီ ရပ်တန့်ခြင်းမရှိသည်ကိုကြည့်ပြီး ထိုတပ်စုမှူး၏မျက်ခုံးများမြင့်တက်သွားကာ သူက ဆက်လက်၍အော်ငေါက်လိုက်၏။

"ငါ မင်းကို ပြောနေတယ်လေ...အခုချက်ချင်း မရပ်သေးဘူးလား...မဟာစစ်ဗိုလ်ချုပ်ရဲ့အမိန့်ကို မင်းက မနာခံတာလား"

"သိုက်ဖုန်း...အဲ့ဒီကောင်ကို လွှင့်ပစ်လိုက်စမ်း"

လုယွီသည် ထိုသူနှင့် အဓိပ္ပါယ်မရှိသောစကားများပြော၍ အချိန်ဖြုန်းလိုစိတ်မရှိချေ။

သိုက်ဖုန်းက ခနဲ့တဲ့တဲ့အပြုံးဖြင့် ရှေ့သို့တိုးလာပြီး ထိုတပ်စုမှူးကို အင်္ကျီဂုတ်မှဆွဲကိုင်ကာ အဝေးသို့လွှင့်ပစ်လိုက်တော့သည်။

လုယွီသည် သူ၏လူများကိုခေါ်ဆောင်၍ မဟာစစ်ဗိုလ်ချုပ်၏တဲအတွင်းမှ ပင်မခန်းမထံသို့ တန်းတန်းမတ်မတ်သွားလိုက်၏။

ဤအချိန်အခိုက်အတန့်တွင် ပင်မခန်းမအတွင်း၌ ရှဟယ်နှင့်သူ၏လက်အောက်ငယ်သားများသည် ကိစ္စတချို့ကို တိုင်ပင်ဆွေးနွေးနေကြသည်။

သူတို့သည်လည်း ပြင်ပမှရုတ်ရုတ်သဲသဲ အသံများကိုကြားသဖြင့် တပြိုင်နက်တည်း လှမ်း၍ကြည့်လိုက်ကြသည်။

ဒုန်း...ဒုန်း..ဒုန်း...

လုယွီ၏ခြေသံသည် အလွန်ပြင်းထန်ပြီး သူက ခြေလှမ်းကျဲကြီးများဖြင့် ရှဟယ်၏ပင်မခန်းမအတွင်းသို့ ဝင်သွားလေသည်။

"ရှဟယ်...မင်းက ငါ့ကို သတ်ချင်နေတာလား...ဘေးဒုက္ခကြီးတစ်ခုက မင်းဆီကိုကျရောက်နေပြီဆိုတာ မင်း မသိသေးဘူးပဲ"

လုယွီက အသံနက်ကြီးဖြင့် ပြောဆိုသည်။

Chapter 1923

ပတ်ဝန်းကျင်တွင် မတ်တတ်ရပ်နေကြသော စစ်ဗိုလ်ချုပ်များအားလုံးသည် လုယွီကိုမြင်တွေ့ချိန်တွင် ထိတ်လန့်တုန်လှုပ်သွားကြ၏။

ဤသူက မည်သူဖြစ်သနည်း။

ဦးရီးတော်ရှားဟိုလီမှလွဲ၍ စစ်စခန်းများအားလုံးရှိ လူများအားလုံး ရှဟယ်ကို ဤကဲ့သို့ပုံစံဖြင့် စကားမပြောဆိုဝံ့ကြချေ။

ဤအချိန်အခိုက်အတန့်တွင် ရှဟယ်သည် ပလ္လင်ပေါ်၌ထိုင်နေပြီး မဟာစစ်ဗိုလ်ချုပ်သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားကာ သူ၏မျက်လုံးများမှနေ၍ မှန်းဆရန်ခက်ခဲသောအေးစက်စက်အလင်းတန်းများ ဖြာထွက်နေသည်။

ရှဟယ်သည် စကားတုံ့ပြန်ပြောဆိုခြင်းမရှိသော်လည်း သူ၏နံဘေးပတ်လည်ရှိ လက်အောက်ငယ်သားများက ဒေါသထွက်သွားကြသည်။

"ဟမ့်...နင်ကိုယ်နင်လည်း ပြန်ကြည့်ပါအုံး...နင်က ဘာဒဏ်ရာမှမရခဲ့ဘူး...ဘာလဲ...ဖြစ်နိုင်တာတော့ နင်က နတ်ဆိုးသားရဲတွေနဲ့ပူးပေါင်းပြီး စစ်စခန်းကို ဒုက္ခပေးရအောင် ပြန်လာတာပဲဖြစ်မယ်"

ထိုစကားကိုပြောဆိုလိုက်သူသည် လျိုရှောင်မှတစ်ပါး တခြားသူမဟုတ်ချေ။

လုယွီနှင့်တခြားသူများသည် ကျောက်စိမ်းမျက်နှာကျောင်းတော်သားနှင့် ပြင်းထန်စွာတိုက်ခိုက်နေစဥ်တွင် သူမက အခွင့်ကောင်းယူကာ ထွက်ပြေးလာခဲ့သည်။

သူမ၏လက်အောက်ငယ်သားများအားလုံးသည်လည်း လုယွီ၏လက်အောက်သို့ ရောက်ရှိသွားလေပြီ။ဤအချိန်အခိုက်အတန့်တွင် သူမ၏လက်အောက်၌ မည်သည့်စစ်သားမျှ မကျန်ရှိတော့ချေ။ထို့ကြောင့် သူမ စစ်စခန်းသို့ပြန်ရောက်သွားချိန်တွင် စစ်ရှုံးလာသောစစ်ဗိုလ်ချုပ်တစ်ယောက်အဖြစ် ဆက်ဆံခံရပေမည်။

လုယွီသည် မည်သည့်နည်းနှင့်မျှအသက်မရှင်နိုင်ဟု လျိုရှောင်က တွေးတောမိသည်။ထို့ကြောင့် သူမသည် စစ်စခန်းသို့ပြန်လည်ရောက်ရှိချိန်၌ လုယွီက ပုန်ကန်သူများနှင့်ပူးပေါင်းကာ သူမအား သစ္စာဖောက်သွားခဲ့သည်ဟု ပြောဆိုခဲ့လေ၏။သူမမပြင်ဆင်ရသေးသောအချိန်တွင် သူမ၏လက်အောင်ငယ်သားများအားလုံးကို လုယွီက သွေးဆောင်ဖြားယောင်း၍ ခေါ်ယူသွားခဲ့သည်ဟုလည်း လီဆယ်ပြောဆိုခဲ့သည်။

ဤနည်းလမ်းဖြင့် သူမအပေါ် ပြစ်တင်ရှုတ်ချခံရမှုများမှ လွတ်မြောက်နိုင်ပေမည်။

သို့ရာတွင် လုယွီသည် အသက်ရှင်ရန်ပြန်လာနိုင်ခဲ့သဖြင့် သူမ ထိတ်လန့်တုန်လှုပ်သွားသည်။

"နင့်ရဲ့အသက်နဲ့...ဘယ်လိုလုပ်ပြီး ဒီလိုမျိုးအရည်အချင်းရှိမှာလဲ..နင်က နတ်ဆိုးမျိုးနွယ်တွေနဲ့ပူးပေါင်းပြီး ပြန်လာတာပဲဖြစ်မယ်"

လျိုရှောင်က သရော်တော်တော် ပြောဆိုလိုက်၏။

သူမက အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုသည်။

"ထပ်ပြီးပြောနေစရာ မလိုတော့ဘူး...နင့်ရဲ့လှည့်ကွက်တွေကို ငါ သိခဲ့တာ အချိန်အတော်ကြာလှပြီ...နင်က နတ်ဆိုးသားရဲတွေနဲ့ပူးပေါင်းလိုက်လို့သာ အသက်ရှင်ရက်ပြန်ထွက်လာနိုင်တာမလား"

လျိုရှောင်က ရှဟယ်ဘက်သို့လှည့်၍ အရိုအသေပြုလိုက်၏။

"ဗိုလ်ချုပ်ရှ...အပြစ်သားပင်လယ်ကြယ်နယ်မြေအရှင်သခင်က ပုန်ကန်ခဲ့တယ်...ဒါကြောင့် အင်အားနည်းပါးတဲ့ ပုန်းကွယ်နဂါးတပ်ခွဲကလူတွေ အသက်ရှင်ရက်လွတ်မြောက်လာတယ်ဆိုတာ ဘယ်လိုနည်းနဲ့မှမဖြစ်နိုင်ဘူး...သူတို့ ဒီလောက်ထိအေးဆေးတည်ငြိမ်နေတာကိုကြည့်ရင် ပုန်ကန်သူတွေနဲ့ ပူးပေါင်းထားတာပဲဖြစ်မယ်...ကျွန်မက ဒီလူကို စစ်ဆေးမေးမြန်းပေးဖို့ ဗိုလ်ချုပ်ရှကို တောင်းဆိုပါရစေ"

လုယွီ အကျဥ်းထောင်အတွင်း၌ ဖမ်းဆီးခံရသရွေ့ သူပြောသမျှ အရာအားလုံးကို မည်သူမျှ ယုံကြည်ကြမည်မဟုတ်ချေ။

ထိုအချိန်မျိုးသို့ကျရောက်လာပါက သူမသည် နည်းလမ်းတချို့ကိုအသုံးပြု၍ လုယွီကို သတ်ဖြတ်နိုင်ပေမည်။

ရှဟယ်က ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုသည်။

"လာကြစမ်း...ဒီကောင်လေးကို ဖမ်းချုပ်လိုက်ကြစမ်း"

ရုတ်ချည်းဆိုသလိုပင် စစ်သားဆယ်ယောက်ကျော် ရှေ့သို့ပြေးတက်လာကြသည်။သူတို့အားလုံးသည် လောကီအင်မော်တယ်များဖြစ်ပြီး ရှမိသားစုမှ မြေတောင်မြှောက်ထားသော အသေခံစစ်သားများလည်းဖြစ်သည်။

ထိုလူများသည် မြောက်မြားစွာသောဆေးလုံးများကို ဝါးမျို၍ ကျင့်ကြံဆင့်နယ်ပယ်မြင့်တက်လာခြင်းဖြစ်သဖြင့် သူတို့၏ကိုယ်ပိုင်ခွန်အားဖြင့် သဟဇာတမရှိကြချေ။

သူတို့၏ဘဝတလျှောက်လုံးတွင် ဤကျင့်ကြံဆင့်နယ်ပယ်၌သာ ရှိနေနိုင်ပြီး ထပ်မံ၍မြင့်တက်နိုင်ခြင်းမရှိတော့ချေ။

မည်သို့ပင်ဆိုစေကာမူ လောကီအင်မော်တယ်ဆယ်ယောက်ကျော်၏ပူးပေါင်းတိုက်ခိုက်မှုသည် အလွန်တုန်လှုပ်ချောက်ချားဖွယ်ကောင်းသောစွမ်းအား ဖြစ်နေဆဲပင်။

လုယွီက အေးစက်စက်နှာမှုတ်ပြီး လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်၏။

အော်ဟစ်ကြုံးဝါးသံတစ်သံကိုသာ ကြားလိုက်ရပြီးနောက် လုယွီထံသို့ တိုးဝင်လာသူများအားလုံး လျှပ်စီးဖြင့် ရိုက်ခတ်ခံရသကဲ့သို့ နောက်သို့လွင့်ထွက်သွားကြတော့သည်။

လုယွီ ဖြန့်ကျက်ထားသော မှော်စွမ်းအားသည် လောကီအင်မော်တယ်နယ်ပယ်များ ခုခံနိုင်မည့်အရာမျိုးမဟုတ်ချေ။

ဘုန်း...ဘုန်း...

ထိုလူစုမှ တချို့လူများသည် နံရံများအတွင်းသို့ ကျွံဝင်သွားကြ၏။သူတို့၏ခန္ဓာကိုယ်များကို သစ်သားစများက ထွင်းဖောက်သွားသဖြင့် သူတို့ထံမှ သွေးများ မရပ်မနားယိုစီးကျနေသည်။

"နင်က ခုခံဝံ့တယ်ပေါ့လေ...နင်က မဟာစစ်ဗိုလ်ချုပ်ရဲ့အမိန့်ကို မနာခံဘူးလား"

လျိုရှောင်က အံ့အားသင့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်သည်။

သို့ရာတွင် သူမသည်လည်း ထိတ်လန့်ကြောက်ရွံစပြုလာပေ၏။

သူမ၏တွေးတောနိုင်စွမ်း မည်မျှပင်ကြွယ်ဝနေပါစေ လုယွီသည် ဤမျှထိသန်မာအားကောင်းနေမည်ဟု သူမ တစ်ကြိမ်တစ်ခါမျှ စိတ်ကူးပင်ယဥ်မကြည့်ဖူးချေ။

မည်သို့ပင်ဆိုစေကာမူ ဤနေရာသည် မဟာစစ်ဗိုလ်ချုပ်၏ပင်မစစ်စခန်းပင်။

"ရှဟယ်...မင်းက ဘယ်လိုသတ္တိမျိုးနဲ့ ငါ့ကိုတိုက်ခိုက်ရဲတာလဲ...မင်းက တော်ဝင်နန်းတော်ကို ရိုသေလေးစားမှုမရှိဘူးလို့တော့ ငါ့ကိုမပြောနဲ့"

လုယွီက ရုတ်တရက် သူ၏အင်္ကျီလက်မောင်းကြားမှနေ၍ တံဆိပ်ပြားတစ်ခုကို ထုတ်ယူလိုက်၏။

ထိုတံဆိပ်ပြားသည် ရွှေရောင်တောက်ပနေပြီး ထိုအရာပေါ်၌ ရွှေရောင်နဂါးတစ်ကောင်ပုံစံ အမှတ်အသားပါရှိသည်။

ထိုတံဆိပ်ပြားကိုမြင်သည်နှင့် ရှဟယ်၏လက်များ အနည်းငယ်တုန်ရီသွားသည်။

ဤသည်က နဂါးအစောင့်တံဆိပ်ပြားပင်။

နဂါးအစောင့်များသည် အရာရှိများအား စုံစမ်းစစ်ဆေးရန်အတွက် ဧကရာဇ်မင်းကိုယ်တိုင်ဖွဲ့စည်းထားသော အင်အားစုဖြစ်သည်။

စစ်တပ်အတွင်းတွင်လည်း နဂါးအစောင့်များ ရှိပေ၏။သို့ရာတွင် လူနည်းစုကသာ သူတို့၏အဆင့်အတန်းမှန်ကို သိရှိကြသည်။သူတို့သည် အရိပ်များကဲ့သို့ နေရာအနှံ့အပြား၌ ကိုယ်ယောင်ဖျောက်နေကာ လူတိုင်း၏လှုပ်ရှားမှုများကို အချိန်တိုင်းစုံစမ်းထောက်လှမ်းနေကြသည်။

Chapter 1924

လုယွီသည် နဂါးအစောင့်တစ်ယောက် ဖြစ်နေသလော...

မူလက တရကြမ်းပြေးဝင်လာသော ရှဟယ်၏နောက်လိုက်များသည်လည်း နေရာမှာပင် ရပ်တန့်လိုက်ကြ၏။

နဂါးအစောင့်များ၏အဆင့်အတန်းသည် အလွန်မြင့်မြတ်ပြီး အရာရှိများကို စုံစမ်းစောင့်ကြပ်သူများအဖြစ် နေရာအနှံ့အပြား၌ ရှိနေကြသည်။

နဂါးအစောင့်များကိုမြင်တွေ့ရခြင်းသည် ဧကရာဇ်မင်းကို မြင်တွေ့ခြင်းနှင့် တူညီသည်။ဤသည်က တာယွီအင်ပါယာတွင် တရားဝင်ချမှတ်ထားသော သံမဏိစည်းမျဥ်းတစ်ခုပင်။

"ရှဟယ်....မင်းက ဧကရာဇ်မင်းကိုတွေ့နေတာတောင် အဲ့ဒီနေရာမှာ ထိုင်နေတုန်းပဲလား"

လုယွီက အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုသည်။

ရှဟယ်၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းတန်းများ ဖြတ်ပြေးသွားသော်လည်း သူက မငြင်းဆန်ဝံ့ချေ။သူက သူ၏လက်အောက်ငယ်သားများနှင့်အတူ လုယွီ၏ရှေ့၌ ဒူးထောက်လိုက်၏။

လုယွီက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

"အခု စစ်စခန်းမှာ စစ်သားအင်အား ဘယ်လောက်ကျန်ခဲ့လဲ"

ရှဟယ်က ဝန်လေးနေဟန်ဖြင့် ပြောဆိုလိုက်၏။

"စစ်သား တစ်သိန်းကျန်ခဲ့တယ်"

စစ်သားတစ်သိန်းသာ ကျန်ရှိသည်ဟု ဆိုသလော....

လုယွီက မျက်မှောင်ကြုတ်လိုက်သည်။

"ဘာလို့ ဒီလောက်အင်အားနည်းနည်းလေးပဲ ကျန်တာလဲ...တပ်မှူးချုပ်က ဘယ်နေရာကိုသွားတာလဲ"

ဤနေရာတွင် အနည်းဆုံး စစ်သည်အင်အားတစ်သန်းခန့် စခန်းချထားသည်။ရှဟယ်၏လက်အောက်တစ်ခုတည်းတွင်ပင် စစ်သည်အင်အားငါးသိန်းခန့်ရှိသည်။

"တပ်မှူးချုပ်က လေဟာနယ်ဓားပြတွေရဲ့အဓိကအခြေစိုက်နေရာကို တွေ့သွားပြီ...ဒီတစ်ကြိမ်တော့ အဲ့ဒီကောင်တွေအားလုံးကို အမြစ်ပြတ်သုတ်သင်ဖို့ သူက အင်အားကုန်ခေါ်ဆောင်သွားခဲ့တယ်"

ထို့နောက် ရှဟယ်သည် တစ်စုံတစ်ခုကိုတွေးတောမိသွားပုံဖြင့် ရည်ရွယ်ချက်ရှိရှိ ရယ်မောလိုက်၏။

"တပ်မှူးချုပ်က စုံစမ်းစစ်ဆေးဖို့အတွက် ကင်းထောက်တွေအများကြီးကို စေလွှတ်ခဲ့တယ်...နောက်ဆုံးတော့ လေဟာနယ်ဓားပြတွေရဲ့ပင်မအခြေစိုက်စခန်းက အနက်ရောင်တိမ်တိုက်ကြယ်နယ်မြေပေါ်မှာဆိုတာကို အတည်ပြုနိုင်ခဲ့တယ်...လေဟာနယ်ဓားပြတွေရဲ့ခေါင်းဆောင်က အဲ့ဒီနေရာမှာ ပုန်းအောင်းနေတယ်"

အစပိုင်းတွင် လုယွီ စစ်စခန်းသို့ရောက်ရှိလာသည့်အချိန်၌ လေဟာနယ်ဓားပြများ၏ပင်မအခြေစိုက်စခန်းသည် သူတော်စင်ပင်လယ်ကြယ်နယ်မြေပေါ်တွင်ဟု ရှားဟိုလီကို ပြောဆိုခဲ့သည်။

ယခုလက်ရှိအခြေအနေတွင် ရှဟယ်၏အမြင်အရ သူသည် သံသယဖြစ်ဖွယ်မရှိ လုယွီ၏မျက်နှာအား ဖြတ်ရိုက်နိုင်ခြင်းပင်။

လုယွီသည် သူ မျှော်လင့်ထားသကဲ့သို့ဖြစ်လာသဖြင့် သူ၏စိတ်နှလုံးသားများ လေးလံသွားခဲ့သည်။

"တပ်မှူးချုပ်သွားတာ ဘယ်လောက်ကြာပြီလဲ...အခုလိုက်သွားမယ်ဆိုရင် သူ့ကို မှီနိုင်လား"

လုယွီက ဆက်လက်၍မေးမြန်းလိုက်၏။

ရှဟယ်က သရော်တော်တော်လေသံဖြင့် ပြောဆိုသည်။

"မင်း မှီမှာမဟုတ်ဘူး...အခုလက်ရှိအချိန်ကိုကြည့်ရင် တပ်မှူးချုပ်က အနက်ရောင်တိမ်တိုက်ကြယ်နယ်မြေပေါ်က လေဟာနယ်ဓားပြတွေနဲ့ တိုက်ခိုက်နေလောက်ပြီ...တကယ်လို့ မင်း အဲ့ဒီနေရာကိုသွားမယ်ဆိုရင်တောင် ဘာတိုက်ပွဲအကျိုးဆောင်ရမှတ်မှ ရမှာမဟုတ်ဘူး"

ရှဟယ်က လုယွီသည် တိုက်ပွဲအကျိုးဆောင်ရမှတ်များကိုရယူလိုသဖြင့် အလျင်လိုနေသည်ဟု တွေးထင်မိလေ၏။

လုယွီက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

"သိုက်ဖုန်း...သွားကြစို့...စစ်သားတွေအားလုံး ထွက်ခွာမယ်"

ဤမျှထိအချိန်ကြာမြင့်သွားပြီဖြစ်သဖြင့် ရှားဟိုလီသည် အလွန်အမင်းခွန်အားကောင်းသူဖြစ်သည့်တိုင် သူနှင့်အတူ စစ်သည်အင်အားတစ်သန်းခန့်ရှိနေသည်။

အကယ်၍ ထိုစစ်သားများက နတ်ဘုရားအဆင့်သတ်ဖြတ်ခြင်းဝင်္ကပါများအတွင်းသို့ ကျရောက်သွားပါက မရေမတွက်နိုင်သောသေကြေမှုနှင့်ထိခိုက်ဒဏ်ရာရရှိမှုများ ကြုံတွေ့ရနိုင်သည်။

"ရှဟယ်...အခုချိန်ကနေစပြီးတော့ စစ်စခန်းရဲ့ဂိတ်တံခါးလေးခုလုံးကို တင်းတင်းကြပ်ကြပ်စောင့်ကြပ်ထားတော့...တကယ်လို့ လူစိမ်းတွေ စစ်စခန်းနားကိုချဥ်းကပ်လာမယ်ဆိုရင် တွေဝေတုံ့ဆိုင်းမနေဘဲ စိတ်ဝိညာဥ်အမြှောက်နဲ့ ပစ်ချလိုက်တော့"

လုယွီက ရုတ်တရက် ရှဟယ်ဘက်သို့လှည့်၍ သတိပေးလိုက်၏။

ပတ်ဝန်းကျင်တွင်ရှိနေသော စစ်ဗိုလ်ချုပ်များ၏နှုတ်ခမ်းထောင့်များ အနည်းငယ်တွန့်ကွေးသွားသည်။

စတုတ္ထဆင့်စစ်ဗိုလ်ချုပ်တစ်ယောက်သည် နဂါးအစောင့်တစ်ယောက်ဖြစ်နေလျှင်ပင် မဟာစစ်ဗိုလ်ချုပ်တစ်ယောက်ကို ဤကဲ့သို့ပုံစံမျိုးနှင့် စကားပြောဆိုဝံ့သလော...

ရှဟယ်၏မျက်နှာသုန်မှုန်နေပြီး သူက တည်ငြိမ်စွာပြောဆိုသည်။

"ငါ စစ်တပ်ထံကိုရောက်နေတာ နှစ်တွေအကြာကြီးရှိနေပြီ...ဒါနဲ့ပတ်သတ်လို့ မင်း စိုးရိမ်စရာမလိုပါဘူး"

ထိုအချိန်မှာပင် စစ်သားတစ်ယောက်က ပြင်ပမှနေ၍ ခန်းမအတွင်းသို့ အပြေးဝင်လာသည်။

ထိုစစ်သားက အတွင်းသို့ရောက်လာသည်နှင့် သတင်းပို့လိုက်၏။

"ဗိုလ်ချုပ်...အပြင်မှာ စစ်သင်္ဘောတွေအများကြီးရောက်နေတယ်....သူတို့က သဲမှုန့်ကြယ်နယ်မြေကနေ အထောက်အပံပစ္စည်းတွေလာပို့တာလို့ပြောတယ်"

ရှဟယ်က သူ၏လက်ကိုဝှေ့ယမ်းလိုက်သည်။

"သူတို့က အထောက်အပံပစ္စည်းတွေ ပို့ရမယ့်ရက်တုန်းက ရောက်မလာဘဲ ဘာလို့ခုမှရောက်လာတာလဲ...ငါးရက်တောင် နောက်ကျနေပြီ...သူတို့ကို အထဲဝင်ခွင့်ပေးလိုက်"

"ခဏနေဦး"

လုယွီက ရှဟယ်ကို ဟန့်ထားထားလေ၏။

"အရင်ဆုံး တစ်ယောက်ယောက်ကိုလွှက်ပြီး သူတို့ကို စစ်ဆေးခိုင်းလိုက်...သူတို့ ဘယ်သူဘယ်ဝါဆိုတာ အတည်ပြုပြီးမှ အထဲကိုဝင်ခွင့်ပြုရမယ်"

ရှဟယ်က သရော်တော်တော်အကြည့်ဖြင့် လုယွီကိုကြည့်ပြီး သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

"နဂါးအစောင့်ပြောသလို လုပ်လိုက်ကြစမ်း"

ထိုစစ်သားသည် အပြင်သို့ပြန်ထွက်သွားပြီးနောက် မကြာမီမှာပင် ခန်းမအတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။

"ဗိုလ်ချုပ်...အဲ့ဒီသင်္ဘောတွေအားလုံး အင်မော်တယ်ကျောက်တုံးတွေနဲ့ပြည့်နေတာ...ဘာမသင်္ကာဖြစ်စရာမှ မတွေ့ဘူး"

စစ်သားက အကြောင်းပြန်လိုက်၏။

ရှဟယ်က ကျယ်လောင်စွာ အော်ဟစ်ရယ်မောလေသည်။

"ဒီနေရာက တော်ဝင်နန်းတော်ရဲ့စစ်စခန်းတစ်ခု...ဘယ်ကောင်က အသေခံဖို့အတွက်နဲ့ ဒီနေရာကို ရောက်လာမှာလဲ...မင်း အရမ်းသတိထားလွန်းနေတာ မဟုတ်ဘူးလား"

တခြားစစ်ဗိုလ်ချုပ်များ၏မျက်နှာများပေါ်တွင်လည်း သရော်တော်တော်အရိပ်အယောင်များ ထင်ဟပ်နေသည်။

နှစ်ပေါင်းများစွာကြာမြင့်သည်အထိ မည်သူတစ်ဦးတစ်ယောက်ကမျှ တော်ဝင်နန်းတော်၏စစ်စခန်းများကို တိုက်ခိုက်ဝံ့ခြင်းမရှိချေ။အကြောင်းအရင်းမှာ ထိုကိစ္စသည် ပုန်ကန်မှုကြီးဖြစ်သဖြင့် သူတို့၏မျိုးနွယ်များ အမြစ်ပြတ်သုတ်သင်ခြင်း ခံရနိုင်သောကြောင့်ပင်။

Chapter 1925

လုယွီက လေးနက်တည်ကြည်သောအသံဖြင့် ပြောဆိုသည်။

"ဒါဆိုရင် ငါ မင်းကို မေးပါရစေ...တကယ်လို့ လေဟာနယ်ဓားပြတွေက စစ်စခန်းထဲကိုဝင်လာပြီး ငါတို့ကိုတိုက်ခိုက်မယ်ဆိုရင် မင်း ဘာလုပ်မှာလဲ"

စစ်စခန်း၏ပြင်ပ၌ မြောက်များစွာသောဝင်္ကပါကြီးများကို ထူထပ်သိပ်သည်းစွာ ခင်းကျင်းထားသဖြင့် ရန်သူများ လွယ်လင့်တကူ ထိုးဖောက်ဝင်ရောက်နိုင်ခြင်းမရှိချေ။

သို့ရာတွင် အကယ်၍ ရန်သူများသည် စစ်စခန်းအတွင်းသို့ ရောက်ရှိလာပါက သူတို့၏အားနည်းချက်ကိုရှာဖွေတွေ့ရှိသွားသည်နှင့်တူညီပြီး ချက်ချင်းရှုံးနိမ့်သွားနိုင်သည်။

ရှဟယ်က ဤကိစ္စကို အရေးကြီးသည်ဟု တွေးတောပုံမရချေ။

"ငါ ဒီနေရာမှာရှိနေမှတော့...တကယ်လို့ သူတို့က လေဟာနယ်ဓားပြတွေဆိုရင်တောင် သေဖို့ရောက်လာကြတာပဲ...လာကြစမ်း သူတို့ကို အထဲဝင်ခွင့်ပြုလိုက်...သဲမှုန့်ကြယ်နယ်မြေက အထောက်အပံပစ္စည်းတွေ ပေးပို့ရမယ့်ရက်ထက် ငါးရက်တောင် နောက်ကျနေတယ်...ဘာလို့ ဒီလောက်ထိနေက်ကျနေလဲဆိုတာ ငါ သူတို့ကိုတွေ့ပြီး သေချာအောင်မေးရမယ်"

လုယွီ၏မျက်လုံးများ အေးစက်တင်းမာသွားသည်။

"မင်းက အမိန့်ကို မနာခံတာလား"

"တပ်မှူးချုပ် အပြင်ကိုရောက်နေတဲ့အချိန်မှာ ယာယီတပ်မှူးချုပ်ကပဲ အမိန့်ပေးနိုင်တဲ့အာဏာရှိတယ်...မင်းက နဂါးအစောင့်တစ်ယောက်ဆိုပေမယ့် အခုချိန်မှာ မင်းက စစ်တပ်ထဲကိုရောက်နေတာ....မင်း ပိုပြီးတော့ လေ့လာသင်ယူသင့်တယ်...အတင်းအကြပ် အမိန့်တွေပေးမနေနဲ့"

ရှဟယ်က သရော်တော်တော်ပြောဆိုပြီး လုယွီ၏အကြံပြုချက်ကို လိုက်နာခြင်းမရှိချေ။

ခန်းမအတွင်းသို့ဝင်လာသော စစ်သားသည်လည်း ရှဟယ်၏လက်အောက်မှလူ ဖြစ်နေလေ၏။ရှဟယ် အမိန့်ပေးလိုက်သည်နှင့် ထိုစစ်သားသည် ပြင်ပသို့ပြန်ပြေးထွက်သွားပြီး စစ်စခန်းပြင်ပရှိ စစ်သင်္ဘောများကို ကြိုဆိုလိုက်သည်။

"ပုန်းကွယ်နဂါးတပ်ခွဲကလူတွေက တပ်မှူးချုပ်ကို သွားရှာမလို့ မဟုတ်ဘူးလား...မြန်မြန်သွားတော့လေ...တကယ်လို့ မင်းတို့နောက်ကျနေရင် တိုက်ပွဲအကျိုးဆောင်ရမှတ်တွေမရဘဲ နေလိမ့်မယ်"

ယခုလက်ရှိနေရာတွင်ရှိနေသော စစ်ဗိုလ်ချုပ်များ၏မျက်နှာများပေါ်တွင်လည်း လှောင်ပြောင်သရော်လိုသောအမူအယာများ ထင်ဟပ်နေသည်။

လုယွီသည် သူရဲဘောကြောင်ပြီး သတိအလွန်ကြီးသူဟု သူတို့အားလုံး၏စိတ်နှလုံးသားများအတွင်းမှနေ၍ ယူဆထားကြ၏။

သို့သော် ထိုအချိန်မှာပင်...

ဘုန်း...

နားအူလုမတက်ပေါက်ကွဲသံကြီးနှင့်အတူ သူတို့အားလုံးရှိနေသော ပင်မခန်းမကြီးတစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။

ရှဟယ်၏ပင်မခန်းမရှိနေသော စစ်သင်္ဘောကြီးတစ်စင်းလုံး တုန်ခါစပြုလာပြီး အော်ဟစ်သံများနှင့်တိုက်ခိုက်နေသံများကို နေရာအနှံ့အပြားမှနေ၍ ကြားနေရသည်။

"ဗိုလ်ချုပ်...ရန်သူတွေ ရောက်လာနေပြီ"

စစ်သားတစ်ယောက်၏ပါးစပ်မှသွေးများယိုစီးကျနေပြီး သူက ခန်းမအတွင်းသို့ အလျှင်အမြန်ပြေးဝင်လာသည်။

"ဘာတွေဖြစ်နေတာလဲ"

ရှဟယ်က ထိတ်လန့်တုန်လှုပ်စွာဖြင့် မေးမြန်းလိုက်၏။

စစ်သားက တုန်ရီနေသောအသံဖြင့် တုံ့ပြန်ပြောဆိုသည်။

"သဲမှုန့်ကြယ်နယ်မြေကလူတွေက စစ်စခန်းထဲကို ရောက်လာတာနဲ့ စပြိးတိုက်ခိုက်တော့တာပဲ...ကျွန်တော်တို့က ခုခံကာကွယ်ဖို့အတွက် ဘာမှမပြင်ဆင်ရသေးတော့ စစ်သားတွေအများကြီး အသတ်ခံလိုက်ရတယ်"

ပင်မခန်းမတစ်ခုလုံး သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားသည်။

ရှဟယ်သည် သူ၏မျက်နှာကို တစ်စုံတစ်ယောက်မှ ပါးဖြတ်ရိုက်လိုက်သကဲ့သို့ ခံစားမိလေ၏။

အစောပိုင်းကပင် သူသည် စစ်တပ်အတွင်း၌ တာဝန်ထမ်းဆောင်လာသည်မှာ အချိန်ကြာမြင့်နေပြီဖြစ်သဖြင့် ဤကိစ္စတွင် မည်သည့်အမှားအယွင်းမျှမရှိနိုင်ဟု ယုံကြည်ချက်ရှိရှိဖြင့် ပြောဆိုခဲ့သည်။

သို့ရာတွင် ယခုလက်ရှိချိန်တွင် တစ်ဖက်ရန်သူများသည် သူ၏နှာခေါင်းအောက်မှနေ၍ ခိုးကြောင်ခိုးဝှက်ဝင်ရောက်လာပြီး စစ်စခန်းကို တိုက်ခိုက်နေသည်။

ရှဟယ်က ဒေါသတကြီး အော်ဟစ်လိုက်၏။

"အဲ့ဒီခွေးမသားတွေက ဘယ်နေရာကနေ ရောက်လာတာလဲ...သူတို့က တော်ဝင်နန်းတော်ရဲ့စစ်စခန်းကိုတောင် တိုက်ခိုက်ရဲတာလား"

ရှဟယ်၏ခန္ဓာကိုယ်မှနေ၍ မှော်စွမ်းအားများ တလိမ့်လိမ့်ထွက်ပေါ်လာပြီး ချက်ချင်းဆိုသလိုပင် သူ၏နောက်၌ မျက်လုံးသုံးလုံးနတ်ဆိုးနတ်ဘုရားပုံရိပ်ယောင်ကြီး ထွက်ပေါ်လာသည်။

မျက်လုံးသုံးလုံးနတ်ဆိုးနတ်ဘုရားပုံရိပ်ယောင်ကြီးသည် ခန်းမအတွင်းမှနေ၍ ပြင်ပသို့ ပျံသန်း၍ထွက်ခွါသွားခဲ့သည်။

ဤအချိန်တွင် စစ်စခန်းတစ်ခုလုံးအတွင်း၌ တိုက်ခိုက်နေသံများဖြင့် ပြည့်နှက်နေသည်။

"မင်းတို့က သေချင်နေကြတာလား"

ရှဟယ်က မျက်လုံးသုံးလုံးနတ်ဆိုးနတ်ဘုရားကို ထိန်းချုပ်၍ လက်ဝါးတစ်ချက်ရိုက်နှက်လိုက်၏။ရုတ်ချည်းဆိုသလိုပင် အနက်ရောင်ဝတ်စုံဝတ် လူဆယ်ယောက်ကျော် အပိုင်းပိုင်းအစစ ကြေမွှပျက်စီးသွားတော့သည်။

သူ၏နောက်လိုက်စစ်ဗိုလ်ချုပ်များ၏မျက်နှာများမှာလည်း ထိတ်လန့်ကြောက်ရွံမှုကြောင့် ဖြူရော်နေသည်။

လုယွီသည် လေဟာနယ်ဓားပြများ ဝင်ရောက်တိုက်ခိုက်မည်ကို တိကျမှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့၏။

"ဟီး ဟီး...ဒါက မဟာစစ်ဗိုလ်ချုပ်ရှဖြစ်မယ်...ငါက မင်းနဲ့တွေ့ချင်လို့စောင့်နေတာ အချိန်အတော်ကြာနေပြီ"

စစ်သင်္ဘောတစ်စင်းက ဖြည်းညှင်းစွာရပ်နားလိုက်ပြီး အတွင်းမှနေ၍ အေးစက်စက်ရယ်မောသံကြီး ထွက်ပေါ်လာသည်။

ရှဟယ်၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းတန်းများ ဖြတ်ပြေးသွားသည်။

"ဘယ်သူလဲ"

စကားဆုံးသည်နှင့် ရှဟယ်သည် မျက်လုံးသုံးလုံးနတ်ဆိုးနတ်ဘုရားကိုထိန်းချုပ်ကာ ထိုစစ်သင်္ဘောထံဦးတည်၍ အနက်ရောင်အလင်းတန်းတစ်တန်းကို ထုတ်လွှက်လိုက်၏။

ထိုအနက်ရောင်အလင်းတန်းသည် လျှပ်ပြက်သကဲ့သို့အလွန်လျှင်မြန်ပြီး ချက်ချင်းဆိုသလိုပင် စစ်သင်္ဘော၏ရှေ့သို့ ရောက်ရှိသွားသည်။

သို့သော် ထိုအချိန်မှာပင် စစ်သင်္ဘောပေါ်မှနေ၍ ဧရာမလက်ဝါးပုံရိပ်ယောင်ကြီးတစ်ခု ကျရောက်လာပြီး အနက်ရောင်အလင်းတန်းကို ပိတ်ဆို့ဟန့်တားလိုက်သည်။

အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော အဖိုးအိုတစ်ယောက်သည် စစ်သင်္ဘောပေါ်မှခုန်ဆင်းလာပြီး သူက ခနဲ့တဲ့တဲ့အပြုံးနှင့် ရှဟယ်ကိုကြည့်လိုက်၏။

"ဒီအဖိုးကြီးနာမည်က ယုဝေ...မဟာစစ်ဗိုလ်ချုပ်ရှက ငါ့ရဲ့နာမည်ကို ကြားဖူးမယ်လို့ ငါ မျှော်လင့်မိတယ်"

အဖိုးအိုက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။

"လေဟာနယ်ဓားပြတွေရဲ့ဒုတိယခေါင်းဆောင်ပါလား....ခင်ဗျားက ဒီနေရာကို လာဝံ့တယ်ပေါ့လေ"

ရှဟယ်၏မျက်လုံးများမှနေ၍ တောက်ပသောအလင်းရောင်များ ဖြာထွက်လာသည်။

သူ့အားဖိနှိပ်ထားနိုင်ရန်ရည်ရွယ်၍ ဦးရီးတော်ရှားဟိုလီသည် သူ့ကို စစ်စခန်း၌ ထားခဲ့သဖြင့် သူ့အတွက် မည်သည့်တိုက်ပွဲအကျိုးဆောင်ရမှတ်မှ မရနိုင်ချေ။

ရှဟယ်သည် အလွန်ဒေါသထွက်နေခဲ့သော်လည်း သူ့ထံတွင် ငြင်းဆန်ပြောဆိုနိုင်ခွင့်မရှိချေ။

သို့ရာတွင် သူ့အတွက် တိုက်ပွဲအကျိုးဆောင်ရမှတ်သည် အလိုအလျောက် သူ့ရှေ့သို့ရောက်ရှိလာသဖြင့် မည်သည့်နည်းနှင့်မျှ သူ အလွတ်မပေးနိုင်ချေ။

Thank For Reading.

All Chapters