← Chapters

အခန်း (၁၉၃၆-၁၉၄၀)

Vol. 100 Ch. 1936-1940

အခန်း (၁၉၃၆-၁၉၄၀)

Vol. 100 Ch. 1936-1940

Chapter 1936

ထိုအချိန်မှာပင် စစ်ရေးအကြံပေးက ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းလာပြီး ချောင်ပေ၏နားအနီးသို့ကပ်ကာ တီးတိုးပြောဆိုလိုက်၏။

ချောင်ပေ၏မျက်နှာအမူအယာ ပျက်ယွင်းသွားပြီး သူက အလျင်စလို ပြောဆိုလိုက်သည်။

"ဗိုလ်ချုပ်ရှောင်ပြောတဲ့စကားတွေကို ငါ မှတ်ထားပါမယ်...မင်းနဲ့ငါက လမ်းကြောင်းမတူမှတော့ ဒီနေရာကနေပဲ လမ်းခွဲကြတာပေါ့"

စကားဆုံးသည်နှင့် ချောင်ပေက နောက်သို့ပြန်လှည့်ကာ ထွက်ခွာသွားတော့သည်။

ချောင်ပေ ထွက်ခွါသွားသည်ကိုကြည့်ပြီး လုယွီက စကားထပ်မံပြောဆိုခြင်း မပြုတော့ချေ။

သူ့စိတ်ဝိညာဥ်၏အာရုံခံမှုအရ လုယွီသည် ရှုရာနတ်ဘုရား မည်သည့်နေရာ၌ ရှိနေသည်ကို ရှာဖွေတွေ့ရှိထားပြီးလေပြီ။

လုယွီက လေထုအတွင်းသို့ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်၏။ရုတ်ချည်းဆိုသလိုပင် အဖြူရောင်ဓားချီတစ်လှိုင်းက စစ်သင်္ဘော၏ကုန်းပတ်ပေါ်မှနေ၍ လေထုအတွင်းသို့ ထွင်းဖောက်သွားသည်။

"အဲ့ဒီဓားချီညွှန်ပြတဲ့နေရာကို အရှိန်ကုန်မြှင့်ပြီးချီတက်ကြစမ်း"

လုယွီက အသံနက်ကြီးဖြင့် အော်ဟစ်လိုက်၏။

တခြားတစ်ဖက်တွင်...

"မင်း ခုဏကပြောတာ အမှန်ပဲလား"

ချောင်ပေက သူ၏နံဘေးရှိ စစ်ရေးအကြံပေးကို မေးမြန်းလိုက်သည်။

စစ်ရေးအကြံပေးက ခေါင်းညိမ့်ပြလေ၏။

"ဒါက အကြွင်းမဲ့မှန်ကန်ပါတယ်...ဒီသတင်းက အုပ်ချုပ်သူအိမ်တော်က ထွက်ပေါ်လာခဲ့တာ...ရှန့်လင်းမြို့က နတ်ဆိုးသားရဲတွေရဲ့ ဝိုင်းရံတိုက်ခိုက်တာကိုခံနေရတယ်...ပြီးတော့ အုပ်ချုပ်သူက သူ့ရဲ့အိမ်တော်မှာရှိမနေဘူး...အခုချိန်မှာ သူတို့ဆီမှာ စစ်သည်အင်အားပြတ်လပ်နေတဲ့အတွက် စစ်ကူပေးဖို့ ကျွန်တော်တို့ကို အကူအညီတောင်းခံထားတယ်"

ချောင်ပေက စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

"ကံကောင်းထောက်မပြီး ငါတို့ စောစောရောက်လာလို့သာပဲ...တကယ်လို့ ငါတို့သာ နောက်ကျနေရင်...အုပ်ချုပ်သူရဲ့ဒေါသက ငါတို့တောင့်ခံနိုင်မယ့်အရာမျိုးမဟုတ်ဘူး"

သူက လက်ဝှေ့ယမ်း၍ ဆက်လက်ပြောဆိုလေသည်။

"ငါ့ရဲ့အမိန့်ကို ထုတ်ပြန်လိုက်...စစ်သည်တွေအားလုံး ရှန့်လင်းမြို့ကို ချက်ချင်းချီတက်မယ်"

"ဒါပေမယ့်...ခုဏလေးကတင် လော့ရွှေကြယ်မြစ်ကအရာရှိတွေက ပုန်ကန်သူတွေနဲ့ပူးပေါင်းနေတယ်လို့ ဗိုလ်ချုပ်ရှောင်ကပြောသွားတယ်...ကျွန်တော်တို့ နည်းနည်းလောက်သတိထားရင် ပိုမကောင်းဘူးလား"

စစ်ရေးအကြံပေးက စိုးရိမ်ပူပန်တကြီး ပြောဆိုသည်။

ချောင်ပေက သူ၏ခေါင်းကို ခါယမ်းပြလိုက်၏။

"သူက ငယ်ရွယ်ပြီး အစွမ်းထက်ပေမယ့် ဦးရီးတော်ရှားဟိုလီရဲ့လက်အောက်ငယ်သားတစ်ယောက်လေ...သူက သူတော်စင်ပင်လယ်ကြယ်နယ်မြေရဲ့အဝေးမှာ နေတဲ့သူ...ဘယ်လိုလုပ်ပြီး ဒီနေရာက အခြေအနေတွေကို သိနိုင်မှာလဲ"

"ဒီနှစ်တွေအတွင်း ရှုရာနယ်မြေမှာ အရင်းအမြစ်တွေ ခန်းခြောက်နေခဲ့တာ...သူတို့က ဘယ်လိုအကျိုးအမြတ်ပေးပြီး အရာရှိတွေကိုပုန်ကန်ဖို့ ဆွဲဆောင်နိုင်မှာလဲ...အဲ့ဒီအဆင့်မြင့်အရာရှိတွေက တော်ဝင်နန်းတော်ကရတဲ့လစာကို စွန့်လွှက်ပြီး ရှုရာနယ်မြေကိုခိုဝင်မယ်ဆိုတာ ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ"

ချောင်ပေ ပြောဆိုသောစကားများသည် ကျိုးကြောင်းဆီလျော်ပေ၏။

တာယွီအင်ပါယာအတွင်းတွင် အကယ်၍ အရာရှိတစ်ယောက်မှပုန်ကန်ပါက ကြီးလေးသောရာဇဝတ်မှုကြီးဖြစ်ပြီး ထိုသူ၏ဆွေစဥ်မျိုးဆက်ကိုးဆက်လုံး အမြစ်ပြတ်သုတ်သင်ခံရပေမည်။

အမှန်အားဖြင့် ထိုပုန်ကန်သူ၏စိတ်ဝိညာဥ်သည် ချက်ချင်းသေဆုံးသွားမည်မဟုတ်ချေ။ထိုစိတ်ဝိညာဥ်အားဖမ်းဆီး၍ တာယွီစစ်ခုံရုံး၏အကျဥ်းထောင်အတွင်းသို့ ပို့ဆောင်ခံရပြီး ငရဲကျနေသကဲ့သို့ ညှင်းပန်းနှိပ်စက်မှုများကို ခံစားရပေမည်။

ထို့ကြောင့် လူနည်းစုကသာ ပုန်ကန်ရန် စွန့်စားကြပေလိမ့်မည်။

အကယ်၍ သူတို့သည် ပုန်ကန်ရန် စိတ်ပိုင်းဖြတ်ပြီးပါက ယခုလက်ရှိချိန်၌ သူတို့ထံတွင်ရှိနေသော အရာများအားလုံးကို စွန့်လွှက်ရန် လုံလောက်သောအကြောင်းပြချက် ရှိရပေမည်။

ယခုလက်ရှိ ရှုရာနယ်မြေ၏အခြေအနေဖြင့် အဆင့်မြင့်အရာရှိများစွန့်စားရန် လုံလောက်သောအကျိုးအမြတ်မပေးနိုင်မည်မှာ သိသာထင်ရှားလှ၏။

"ငါ စိတ်ပိုင်းဖြတ်ပြီးသွားပြီ...စစ်တပ်တစ်တပ်လုံး ခုချက်ချင်း ချီတက်မယ်...နှောင့်နှေးကြန့်ကြာခွင့်မရှိဘူး"

ချောင်ပေက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

မဟာစစ်ဗိုလ်ချုပ်ထံမှအမိန့်ကိုကြားသည်နှင့် လက်ရှိနေရာတွင်ရှိနေသော စစ်ဗိုလ်ချုပ်များအားလုံး အထွန့်မတက်ဝံ့ကြတော့ချေ။

စစ်တပ်ကြီးသည် အလွန်လျှင်မြန်သောအရှိန်ဖြင့် ရှန့်လင်းမြို့အနီးသို့ ချဥ်းကပ်လာခဲ့သည်။

ရှန့်လင်းမြို့၏ပတ်ဝန်းကျင်တွင် နတ်ဆိုးသားရဲတချို့ ကွက်တိကွက်ကျား ရှိနေသေးသော်လည်း ချောင်ပေတို့စစ်တပ်ရောက်ရှိလာသည်ကိုမြင်သည်နှင့် သူတို့အားလုံး ဆုတ်ခွာထွက်ပြေးသွားကြ၏။

"ဟမ့်..သူရဲဘောကြောင်တဲ့ကောင်တွေ...ငါတို့စစ်တပ်ရောက်လာတာကိုမြင်တာနဲ့ ချက်ချင်းထွက်ပြေးသွားတော့တာပဲ"

ထိုမြင်ကွင်းကိုမြင်သည်နှင့် ချောင်ပေက မကျေမချမ်းပြောဆိုလိုက်သည်။

ဘုန်း...

ထိုအချိန်မှာပင် ရှန့်လင်းမြို့၏အကာအကွယ်ဝင်္ကပါကြီး ပွင့်သွားပြီး စစ်ဗိုလ်ချုပ်တစ်ယောက်ထွက်လာသည်။

"ဗိုလ်ချုပ်ချောင်ပေ...နောက်ဆုံးတော့ မင်း ဒီနေရာကို ရောက်လာပြီပေါ့...တကယ်လို့ မင်းလာတာသာ နောက်ကျရင် ငါတို့မြို့က အန္တရာယ်ထဲ ကျရောက်သွားနိုင်တယ်"

ရွှေရောင်သံချပ်ကာဝတ်စုံကိုဝတ်ဆင်ထားသော စစ်ဗိုလ်ချုပ်တစ်ယောက်က အလွန်စိတ်လှုပ်ရှားနေသောလေသံဖြင့် ပြောဆိုလေ၏။

ချောင်ပေက ထိုရွှေရောင်သံချပ်ကာစစ်ဗိုလ်ချုပ်သည် အုပ်ချုပ်သူအိမ်တော်မှဗိုလ်ချုပ်တစ်ယောက်ဖြစ်ကြောင်း မှတ်မိသည်။

အုပ်ချုပ်သူအိမ်တော်မှဗိုလ်ချုပ် ပြင်ပသို့ထွက်လာသဖြင့် ရှန့်လင်းမြို့သည် ယခုလက်ရှိအချိန်ထိ ရန်သူများလက်တွင်းသို့ ကျရောက်ခြင်းမရှိသေးကြောင်း ဖော်ပြနေသည်။

"အုပ်ချုပ်သူက ဘယ်ကိုသွားတာလဲ"

ချောင်ပေက အချိန်ဆွဲခြင်းမရှိဘဲ မေးမြန်းလိုက်၏။

ရွှေရောင်သံချပ်ကာစစ်ဗိုလ်ချုပ်က သူ၏ခေါင်းကို ခါယမ်းပြလိုက်သည်။

"ဒါက ပြောပြရရင် ဇာတ်လမ်းအရှည်ကြီးပဲ...ဗိုလ်ချုပ်ချောင်ရဲ့တပ်တွေ မြို့ထဲကိုဝင်လာပြီးမှ ငါတို့ စကားပြောကြရအောင်"

ချောင်ပေသည် ထိုကိစ္စကို သံသယမရှိချေ။ရုတ်ချည်းဆိုသလိုပင် သူ၏စစ်သင်္ဘောများအားလုံးကို ရှန့်လင်းမြို့အတွင်းသို့ ဝင်ရောက်ရန် အမိန့်ပေးလိုက်၏။

ဘုန်း...

စစ်သင်္ဘောများအားလုံး ရှန့်လင်းမြို့အတွင်းသို့ဝင်ရောက်ပြီးချိန်တွင် မြို့၏အကာအကွယ်ဝင်္ကပါကြီးကို တဖန်ပြန်၍ အသက်သွင်းလိုက်သည်။

Chapter 1937

"ဘာလို့ သူတော်စင်ပင်လယ်ကြယ်နယ်မြေရဲ့နတ်ဆိုးမျိုးနွယ်တွေက ရုတ်တရက်ကြီး ပုန်ကန်ထကြွတာလဲ...ဒီကိစ္စနဲ့ပတ်သတ်ပြီး အုပ်ချုပ်သူအိမ်တော်က ဘာမှမသိဘူးလား"

လမ်းတွင် ချောင်ပေသည် မစောင့်ဆိုင်းနိုင်တော့ဘဲ စတင်၍မေးမြန်းလိုက်၏။

သို့ရာတွင် ရွှေရောင်သံချပ်ကာစစ်ဗိုလ်ချုပ်၏မျက်နှာပေါ်၌ လျှို့ဝှက်ဆန်းကြယ်သောအပြုံးတစ်ခုရှိနေသည်။

"ဒီကိစ္စနဲ့ပတ်သတ်ပြီး ဗိုလ်ချုပ်ချောင်က စိုးရိမ်ပူပန်စရာမလိုပါဘူး...မြို့အရှင်က ဗိုလ်ချုပ်ချောင်ကို အိမ်တော်မှာ စောင့်နေပါတယ်"

ရွှေရောင်သံချပ်ကာစစ်ဗိုလ်ချုပ်၏တုံ့ပြန်မှုကိုကြည့်ပြီး အကြောင်းပြချက်မရှိဘဲ ချောင်ပေ၏စိတ်နှလုံးသားတစ်ခုလုံး လေးလံသွားသည်။

ထိုအချိန်မှာပင် ချောင်ပေက လုယွီ သူ့အားပြောဆိုခဲ့သည့်စကားများကို ပြန်လည်အမှတ်ရသွားပေ၏။

"မြို့အရှင် ဘယ်မှာလဲ...ငါ သူ့ကို တွေ့ချင်တယ်"

ချောင်ပေက အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။

ရွှေရောင်သံချပ်ကာဝတ်စစ်ဗိုလ်ချုပ်က ခပ်ဖျော့ဖျော့အပြုံးနှင့် တုံ့ပြန်ပြောဆိုလေ၏။

"ဘာမှ မစိုးရိမ်ပါနဲ့...မြို့အရှင်က အုပ်ချုပ်သူအိမ်တော်မှာ ဗိုလ်ချုပ်ချောင်ကို စောင့်နေပါတယ်"

ထိုစကားကိုကြားပြီးနောက် ချောင်ပေသည် စဥ်းစားတွေးတောနေပုံဖြင့် ခေါင်းညိတ်ပြလိုက်၏။

"ကောင်းတယ်...မင်း ရှေ့ကနေ လမ်းပြပေးပါ"

ရွှေရောင်သံချပ်ကာစစ်ဗိုလ်ချုပ်က သူ၏ခေါင်းကို ရှေ့သို့ ပြန်လှည့်လိုက်သည်။

သို့သော် ထိုအချိန်မှာပင်...

လေပြင်းတစ်ချက်သည် ရွှေရောင်သံချပ်ကာစစ်ဗိုလ်ချုပ်ကို ရုတ်တရက် လွှမ်းခြုံသွားပြီး ပြင်းထန်သောလက်ဝါးရိုက်ချက်တစ်ချက်က သူ့ထံသို့ကျရောက်လာသည်။

ဘန်း...

ကျယ်လောင်သောမြည်ဟီးသံနှင့်အတူ ရွှေရောင်သံချပ်ကာစစ်ဗိုလ်ချုပ်၏ သံချပ်ကာဝတ်စုံ ချက်ချင်းပင် ကြေမွပျက်စီးသွားပြီး ပြင်းထန်သောအားလှိုင်းဖြင့် ရိုက်နှက်ခံရမှုကြောင့် သူက အဝေးသို့ လွင့်ထွက်သွားတော့သည်။

"စစ်သားတွေအားလုံး...အခုချက်ချင်း နောက်ပြန်ဆုတ်စမ်း"

ချောင်ပေက နောက်သို့ပြန်လှည့်ပြီး အော်ဟစ်လိုက်၏။

သူ မြို့အတွင်းသို့ဝင်ရောက်လာသော အချိန်အခိုက်အတန့်မှာပင် တစ်စုံတစ်ခုမှားယွင်းနေခြင်းကို ခံစားမိသည်။

ဤနေရာပတ်ဝန်းကျင်သည် အလွန်တိတ်ဆိတ်ငြိမ်သက်နေပေ၏။

အစောပိုင်းကမှ နတ်ဆိုးများ၏တိုက်ခိုက်မှုခံရသော နေရာတစ်ခုသည် မည်သည့်ကြောင့် ဤမျှထိတိတ်ဆိတ်ငြိမ်သက်နေရသနည်း။

ချောင်ပေ၏တိုက်ခိုက်ခြင်းကိုခံလိုက်ရသော ရွှေရောင်သံချပ်ကာစစ်ဗိုလ်ချုပ်သည် သူ၏နှုတ်ခမ်းထောင့်မှ ယိုစီးကျနေသော သွေးများကိုသုတ်၍ ကောက်ကျစ်ယုတ်မာသောအပြုံးနှင့် ပြောဆိုသည်။

"ချောင်ပေ...ရှန့်လင်းမြို့ကို မင်း ဝင်လာပြီးမှတော့...ဘာလို့ မင်းကို ငါက လွယ်လွယ်နဲ့ပြန်လွှတ်ပေးရမှာလဲ"

ဝုန်း....ဝုန်း...

လမ်း၏ဘေးတစ်ဖက်တစ်ချက်ရှိ အိမ်များမှ တံခါးပေါက်များနှင့်ပြတင်းပေါက်များအားလုံး ရုတ်တရက် ပွင့်သွားသည်။ထို့နောက် အတွင်းမှနေ၍ မြောက်များစွာသော ဒူးလေးကြီးများ ထွက်ပေါ်လာကာ ချောင်ပေတို့စစ်တပ်ကို ချိန်ရွယ်ထားသည်။

ချောင်ပေက အံ့အားသင့်တုန်လှုပ်သွားသည်။ထိုဒူးလေးများသည် တော်ဝင်စစ်တပ်တွင်အသုံးပြုသော ဒူးလေးများဖြစ်သည်ကို သူ ကောင်းစွာမှတ်မိပေ၏။

တာယွီအင်ပါယာ၏စစ်တပ်သုံးဒူးလေးများကို ကြယ်ပျံသံမဏိဖြင့် သွန်းလောင်းထားသည်။ထိုဒူးလေးများပေါ်တွင် ဝင်္ကပါပညာရှင်များက အထူးသီးသန့်ဝင်္ကပါငယ်လေးများကို ချိပ်ပိတ်ထားသဖြင့် ကျင့်ကြံသူများ၏မှော်စွမ်းအင်အကာအကွယ်အလွှာများကို လွယ်လင့်တကူ ဖောက်ထွင်းနိုင်သည်။

ထိုဒူးလေးများ ပြုလုပ်သည့်နည်းလမ်းကို တခြားအင်အားစုများမှရရှိနိုင်ရန် မလွယ်ကူချေ။ထို့ကြောင့် တာယွီတော်ဝင်စစ်တပ်တစ်ခုတည်းတွင်သာ စစ်တပ်သုံးဒူးလေးများ ရရှိနိုင်သည်။

"မင်းတို့က ပုန်ကန်ဖို့ ကြံစည်နေတာလား"

ချောင်ပေက ဒေါသတကြီး အော်ဟစ်လိုက်၏။

သို့ရာတွင် ရွှေရောင်သံချပ်ကာစစ်ဗိုလ်ချုပ်သည် အနည်းငယ်မျှပင် ဂရုစိုက်ပုံမရချေ။သူက လက်ဝှေ့ယမ်းပြီး အမိန့်ပေးလေသည်။

"သူတို့ကို သတ်ကြစမ်း"

ဝှစ်...ဝှစ်...ဝှစ်...

မြောက်မြားစွာသည့် စူးရှချွန်ထက်သောမြှားများသည် ဒီရေအလား ပျံသန်းလာပြီး ချောင်ပေ၏စစ်တပ်မှလူများကို မုန်တိုင်းတစ်ခုတိုက်ခတ်ခံရသည့်အလား သေကြေပျက်စီးသွားစေသည်။

ချောင်ပေသည် ဒေါသတကြီး အော်ဟစ်ကြုံးဝါးပြီး သူ၏မှော်စွမ်းအားများကို ထုတ်ဖော်လိုက်၏။သူ၏ခန္ဓာကိုယ်မှ အစွမ်းထက်သောမှော်စွမ်းအားလှိုင်းများကြောင့် သူ့ထံတိုးဝင်လာသော မြှားများအားလုံး ကြေမွပျက်စီးသွားသည်။

သူသည် အလွန်သန်မာအားကောင်းသော်လည်း သူ၏နောက်လိုက်စစ်သားများသည် သတိကင်းလွတ်နေကြ၏။ချောင်ပေ၏နောက်သို့ သူ၏သီးသန့်စစ်သားတချို့သာ လိုက်ပါလာခဲ့သည်။ရုတ်ချည်းဆိုသလိုပင် ချောင်ပေ၏နံဘေးပတ်ဝန်းကျင်တစ်ခုလုံး သေကြေပျက်စီးမှုများဖြင့် ပြည့်နှက်သွားတော့သည်။

ဘုန်း...

တောက်ပသောရွှေရောင်အမျှင်တန်းများသည် ချောင်ပေ၏ခန္ဓာကိုယ်နံဘေးပတ်လည်မှထွက်ပေါ်လာပြီး နောက်ဆုံး၌ ရွှေခေါင်းလောင်းကြီးတစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။

ဒေါင်...ဒေါင်...ဒေါင်...

မြောက်မြားစွာသောမြှားများသည် ရွှေခေါင်းလောင်းကြီးပေါ်သို့ ကျရောက်သွားကာ အက်ကွဲသံများထွက်ပေါ်လာသော်လည်း ချောင်ပေအား ထိခိုက်ဒဏ်ရာရအောင် စွမ်းဆောင်နိုင်ခြင်းမရှိချေ။

သူသည် မြေကမ္ဘာအင်မော်တယ်တစ်ယောက်ပင်။အကယ်၍ သူ ဤနေရာမှ ထွက်သွားလိုပါက ထိုမြှားများသည် သူ့အား ဟန့်တားနိုင်မည်မဟုတ်ချေ။

"သူ့ကို ဟန့်တားကြစမ်း"

ရွှေရောင်သံချပ်ကာစစ်ဗိုလ်ချုပ်သည် အနည်းငယ်စိတ်ရှုပ်ထွေးသွားပေ၏။ချောင်ပေသည် ဤမျှထိ ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်မည်ဟု သူ မျှော်လင့်မထားမိပေ။

မမျှော်လင့်ဘဲ ချောင်ပေက ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့တိုးလာသည်။မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ရွှေရောင်သံချပ်ကာစစ်ဗိုလ်ချုပ်၏ရှေ့သို့ ရောက်ရှိလာပေ၏။

"မင်းက ပုန်ကန်ရဲမှတော့...ငါ မင်းကို အရင်ဆုံးသတ်ပစ်မယ်"

စကားဆုံးသည်နှင့် ချောင်ပေက လက်သီးတစ်ချက်ထိုးနှက်လိုက်သည်။သူ၏လက်သီးအားလှိုင်းသည် အကန့်အသတ်မဲ့သောမီးတောက်များကို သယ်ဆောင်လာပြီး ရွှေရောင်သံချပ်ကာစစ်ဗိုလ်ချုပ်ကို တိုက်ခိုက်လိုက်၏။

ဤသည်က မြေကမ္ဘာအင်မော်တယ်တစ်ယောက်၏ထိုးနှက်မှုပင်။

ရွှေရောင်သံချပ်ကာစစ်ဗိုလ်ချုပ်သည် ပြင်းထန်သောတိုက်ခိုက်မှုနှင့် ရင်ဆိုင်နေရသည့်တိုင် သူ၏မျက်နှာသည် ပျက်ယွင်းသွားခြင်းမရှိချေ။

လက်သီးအားလှိုင်း သူ့ထံသို့ ကျရောက်လုဆဲဆဲအချိန်တွင် ဓားချီတစ်လှိုင်း ရုတ်တရက်ထွက်ပေါ်လာပြီး ထိုလက်သီးအားလှိုင်းကို ကြေမွပျက်စီးသွားစေသည်။

ပိုးထည်ဝတ်စုံကိုဝတ်ဆင်ထားသော လူလတ်ပိုင်းကြီးတစ်ယောက်က လေဟာနယ်အတွင်းမှ ထွက်ပေါ်လာသည်။

"လော့ရွှေတော်ဝင်စုံစမ်းစစ်ဆေးရေးမှူး"

ချောင်ပေသည် ထိုလူလတ်ပိုင်းကြီးကိုမြင်သည်နှင့် ကူကယ်ရာမဲ့စွာ အော်ဟစ်လိုက်သည်။

Chapter 1938

သူ၏ရှေ့ရှိ လူလတ်ပိုင်းကြီးသည် လော့ရွှေ၏တော်ဝင်စုံစမ်းစစ်ဆေးရေးမှူးဖြစ်သည်။ထိုလူလတ်ပိုင်းကြီးကိုကြည့်ရသည်မှာ အသက်လေးဆယ်ကျော်သာ ရှိပုံရသော်လည်း သူ၏အရှိန်အဝါသည် အလွန်နက်နဲသိမ်မွေ့သည်။ချောင်ပေသည် ထိုလူလတ်ပိုင်းကြီးကိုမြင်သည်နှင့် ကြီးမားသောဖိအားအရှိန်အဝါကို ခံစားလိုက်ရ၏။

လော့ရွှေတော်ဝင်စုံစမ်းစစ်ဆေးရေးမှူးသည် နယ်မြေခံအရာရှိတစ်ယောက်ဖြစ်သော်လည်း သူ၏ခွန်အားသည် တော်ဝင်နန်းတော်မှ အဆင့်မြင့်အရာရှိများထက် အားနည်းခြင်းမရှိချေ။

လော့ရွှေကြယ်မြစ်တစ်ခုလုံးတွင် ခွန်အားအရ၌ သူသည် လော့ရွှေကြယ်မြစ်အုပ်ချုပ်သူလီလုံချင်း၏နောက် ဒုတိယနေရာတွင်ရှိသည်။

ချောင်ပေသည် မဟာစစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်သော်လည်း လော့ရွှေတော်ဝင်စုံစမ်းစစ်ဆေးရေးမှူးကို ထိတ်လန့်ကြောက်ရွံနေရဆဲပင်။

"လော့ရွှေတော်ဝင်စုံစမ်းစစ်ဆေးရေးမှူး...မင်းကလည်း ပုန်ကန်ဖို့ ကြံစည်နေတာလား"

ချောင်ပေက အသံနက်ကြီးဖြင့် အော်ဟစ်လိုက်၏။

လော့ရွှေတော်ဝင်စုံစမ်းစစ်ဆေးရေးမှူးက ချောင်ပေကိုငုံကြည့်ပြီး တည်ငြိမ်စွာပြောဆိုသည်။

"အခုလက်ရှိဧကရာဇ်က ထီးနန်းကိုမတရားသိမ်းပိုက်ထားတဲ့ သစ္စာဖောက်တစ်ယောက်ပဲ...မင်းက သူ့အပေါ်မှာ ဆက်ပြီးသစ္စာစောင့်သိချင်သေးတာလား"

ရှန်လင်းလုံသည် ကောင်းကင်ဘုံဧကရာဇ်နေရာကို ရယူနိုင်ခဲ့ခြင်းမှာ သူမ၏ကံကောင်းမှုကြောင့်ဖြစ်ပြီး မည်သူကမျှ သူမအား လိုလိုလားလား ထီးနန်းတင်မြှောက်ခဲ့ခြင်းမရှိချေ။

ချောင်ပေ၏လေသံ အေးစက်တောင့်တင်းသွားသည်။သူက အချိန်တခဏကြာ တွေဝေစဥ်းစားနေပြီးနောက် ပြောဆိုလိုက်၏။

"ဒါဆိုရင် မင်းရဲ့နောက်မှာ ဘယ်သူရှိနေလဲ...ရှုရာနယ်မြေနဲ့ပူးပေါင်းတာက မင်းအတွက် ပိုပြီးကောင်းလို့လား"

ဘာ....

လော့ရွှေတော်ဝင်စုံစမ်းစစ်ဆေးရေးမှူး၏မျက်လုံးများအတွင်း၌ အေးစက်စက်အလင်းတန်းများ ဖြတ်ပြေးသွားသည်။

"မင်းကို ဘယ်သူပြောတာလဲ"

"မင်း ငါ့ကို လှည့်စားလို့မရဘူး...ငါက ဒီကြယ်နယ်မြေရဲ့အစောင့်တပ်ခေါင်းဆောင်...ငါ့မှာလည်း ငါ့ရဲ့နား မျက်စေ့တွေရှိတယ်"

လုယွီ သူ့အား အကြောင်းကြားခဲ့သည်ကို ချောင်ပေက ထုတ်ဖော်ပြောဆိုခြင်းမရှိချေ။

"ဟား ဟား ဟား..ငါ မင်းကို လျှော့တွက်ခဲ့မိတယ်...ဒါပေမယ့် ဒါက ပြဿနာမရှိပါဘူး...ရှုရာမျိုးနွယ်ရဲ့နတ်ဘုရား ပြန်ရှင်သန်လာတော့မယ်ဆိုတာတစ်ခုတော့ ငါ မင်းကို ပြောပြနိုင်တယ်...ရှုရာနတ်ဘုရားက ကောင်းကင်ဘုံဧကရာဇ်နေရာကို ရတဲ့အထိ ငါတို့ကိုကူညီထောက်ပံပေးမယ့် တော်ဝင်နန်းတော်က ပထမအဆင့်အရာရှိတချို့လည်းရှိနေတယ်...ဒီအကျိုးဆောင်မှုနဲ့ဆိုရင် ငါက အဆင့်မြင့်တဲ့ရာထူးနေရာကို တစ်ချက်တည်းနဲ့ တက်လှမ်းနိုင်လိမ့်မယ်"

"ချောင်ပေ...ငါ မင်းကို ရွေးချယ်စရာတစ်ခုပေးမယ်...တကယ်လို့ မင်း ငါတို့နဲ့ပူးပေါင်းမယ်ဆိုရင် မင်း အသက်ရှင်နိုင်လိမ့်မယ်"

"မင်းရဲ့လက်အောက်ငယ်သားတွေက အခုချိန်မှာ ငါ့ရဲ့ထိန်းချုပ်မှုအောက်ကိုရောက်နေပြီ...ငါ့ရဲ့စကားတစ်ခွန်းတည်းနဲ့ သူတို့အားလုံးကို သတ်ပစ်လို့ရတယ်"

ဤှသည်က ခြိမ်းခြောက်မှုတစ်ခုပင်။

မည်သို့ပင်ဆိုစေကာမူ လော့ရွှေတော်ဝင်စုံစမ်းစစ်ဆေးရေးမှူးသည် အခြေအနေအားလုံးကို ထိန်းချုပ်ထားပြီးလေပြီ။ဤအချိန်အခိုက်အတန့်တွင် ချောင်ပေသည် ချောင်ပိတ်ခံထားရပြီးဖြစ်သဖြင့် သူ၏ဝှက်ဖဲ့များကို အကြောက်အလန့်ကင်းမဲ့စွာချပြခြင်းဖြစ်သည်။

ချောင်ပေသည် ထိုစကားလုံးများကိုကြားချိန်တွင် သူ၏စိတ်နှလုံးသားအတွင်း၌ လှိုင်းထန်လာသကဲ့သို့ ခံစားရသည်။ရှုရာနတ်ဘုရားသည် ဒဏ္ဍာရီလာတည်ရှိမှုကြီးပင်။ထိုလူများ၏နောက်တွင် ဤကဲ့သို့နတ်ဘုရားတစ်ပါးရှိနေမည်ဟု သူ မျှော်လင့်မထားမိချေ။

ချောင်ပေ၏မျက်နှာပေါ်၌ ဝေခွဲရခက်နေသောအရိပ်အယောင်များ ထင်ဟပ်နေသည်။အချိန်တခဏကြာစဥ်းစားတွေးတောပြီးနောက် သူက အော်ဟစ်လိုက်၏။

"မင်းက ငါ့ကို တော်ဝင်နန်းတော်ကို သစ္စာဖောက်စေချင်တာလား...စဥ်းတောင်မစဥ်းစားနဲ့"

ဘုန်း...

ချောင်ပေ၏ခန္ဓာကိုယ်မှနေ၍ လျှို့ဝှက်ဆန်းကြယ်သောမှော်စွမ်းအားများက တလိမ့်လိမ့်ထွက်ပေါ်လာသည်။သူသည် ထိုမှော်စွမ်းအားများကို ရက်စက်ကြမ်းကြုတ်သောမှော်သားရဲတစ်ကောင်အသွင် ပြောင်းလဲလိုက်ပြီး မြို့အပြင်သို့ ဖောက်ထွက်လိုက်သည်။

"ခေါင်းမာတဲ့ကောင်...သူ့ကို ဟန့်တားထားကြစမ်း"

လော့ရွှေတော်ဝင်စစ်ဆေးရေးမှူး၏မျက်လုံးအတွင်း၌ အထင်အမြင်သေးသောအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

ချောင်ပေ မြို့အတွင်းမှ ထွက်ခွာလုဆဲဆဲအချိန်မှာပင် ကြီးမားသောပုံရိပ်ကြီးလေးခုက သူ၏လမ်းကြောင်း၌ ရုတ်တရက်ထွက်ပေါ်လာပြီး သူ့ကိုဟန့်တားထားလေ၏။

"သားရဲဘုရင်လေးကောင်...မင်းတို့က နတ်ဆိုးသားရဲတွေနဲ့ ပူးပေါင်းထားတာလား"

ချောင်ပေက ထိတ်လန့်တုန်လှုပ်သွားပြီး ဒေါသတကြီးအော်ဟစ်လိုက်သည်။

အုပ်ချုပ်သူအိမ်တော်မှ ယခင်ထုတ်ပြန်ထားသော စည်းမျဥ်းများအရ သားရဲဘုရင်များသည် မြို့အတွင်းသို့ ဝင်ခွင့်မရှိချေ။စည်းမျဥ်းကိုဖောက်ဖျက်သော မည်သူမဆို ချက်ချင်းကွပ်မျက်ခံရပေမည်။

ဤနေရာတွင် သားရဲဘုရင်များ ပြောင်ပြောင်တင်းတင်းထွက်ပေါ်လာသည့် အချက်ကိုကြည့်ခြင်းအားဖြင့် လော့ရွှေတော်ဝင်စုံစမ်းစစ်ဆေးရေးမှူးသည် နတ်ဆိုးသားရဲများနှင့် ပူးပေါင်းထားကြောင်း သိသာထင်ရှားသည်။

"ငါက မင်းကို နောက်ဆုံးကျမှဖယ်ရှားရှင်းလင်းမယ်လို့ အရင်က စဥ်းစားထားခဲ့တာ...ဒါပေမယ့် မင်းက နတ်ဆိုးသားရဲတွေရဲ့ဝိုင်းရံထားမှုကို ဖောက်ဝင်လာခဲ့တယ်...ကိစ္စက ဒီလိုဖြစ်လာမှတော့ မင်းရဲ့မျက်လုံးကန်းမှုအတွက် ငါ့ကိုအပြစ်မတင်နဲ့"

လော့ရွှေတော်ဝင်စုံစမ်းစစ်ဆေးရေးမှူးက ချောင်ပေထံသို့ ခြေလှမ်းတစ်လှမ်းချင်း လျှောက်လှမ်းလာသည်။

မြေကမ္ဘာအင်မော်တယ်ငါးယောက်၏ဖိအားအရှိန်အဝါက ချောင်ပေထံသို့ ချက်ချင်းဆိုသလိုပင် သက်ရောက်လာပေ၏။

ချောင်ပေ၏နဖူးမှနေ၍ ချွေးစေးများ တစ်စက်စက်ယိုစီးကျလာသည်။

'တကယ်လို့ ဗိုလ်ချုပ်ရှောင်ပြောတဲ့စကားကိုသာ ငါ ယုံကြည်ခဲ့ရင်.....'

ယခုလက်ရှိချိန်တွင် ချောင်ပေသည် ဆိုးရွားသောအခြေအနေမျိုးနှင့် ရင်ဆိုင်နေရသဖြင့် သူ၏စိတ်နှလုံးသားတစ်ခုလုံး နောင်တများဖြင့်ပြည့်နှက်နေသည်။

သို့ရာတွင် သူ၏နောင်တများသည် အသုံးဝင်ခြင်း မရှိတော့ချေ။

မြေကမ္ဘာအင်မော်တယ်ငါးယောက်၏ပူးပေါင်းတိုက်ခိုက်ခံရမှုကြောင့် ချောင်ပေသည် ဆုတ်ခွါထွက်ပြေး၍မရတော့ပေ။

ရုတ်ချည်းဆိုသလိုပင် ချောင်ပေသည် ဖမ်းဆီးအကျဥ်းချခြင်း ခံလိုက်ရတော့သည်။

"မကြာခင်မှာ ရှုရာနတ်ဘုရား နိုးထလာတော့မယ့်...ဒါပေမယ့် အုပ်ချုပ်သူက ဘယ်နေရာကိုရောက်နေမှန်းမသိဘူး...သူ ဘယ်နေရာမှာရှိနေလဲဆိုတာ ငါတို့ ရှာဖွေရမယ်"

လော့ရွှေတော်ဝင်စုံစမ်းစစ်ဆေးရေးမှူး၏မျက်လုံးအတွင်း၌ စိတ်မကြည်သာသောအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

Chapter 1939

ပုန်းကွယ်နဂါးတပ်ခွဲမှစစ်သင်္ဘောသည် အရှိန်ကုန်မြှင့်၍ ပျံသန်းနေပေ၏။

ဤအချိန်တွင် သူတော်စင်ပင်လယ်ကြယ်နယ်မြေတစ်ခုလုံး ဖရိုဖရဲဖြစ်နေသည်။နတ်ဆိုးသားရဲများသည် နေရာအနှံ့အပြား၌ အကြီးအကျယ် ဆူပူသောင်း​ကြမ်းနေလေ၏။

နတ်ဆိုးမျိုးနွယ်တချို့သည် သေခြင်းနှင့်ရှင်ခြင်းကြား ကွာခြားချက်ကို ကွဲကွဲပြားပြား မသိကြချေ။သူတို့သည် ရှေ့သို့ တရကြမ်းတိုးဝင်လာခဲ့ရာ ပုန်းကွယ်နဂါးတပ်ခွဲ၏စစ်သဘောမှ သတ်ဖြတ်ခြင်းကို ခံလိုက်ရတော့သည်။

"အရှင်...သူတော်စင်ပင်လယ်ကြယ်နယ်မြေရဲ့အခြေအနေက တစ်ခုခုတော့ မှားယွင်းနေသလိုပဲ....လမ်းတလျှောက်လုံးမှာ အုပ်ချုပ်သူအိမ်တော်ကစစ်သားတွေကို လုံးဝမမြင်တွေ့ရဘူး"

သိုက်ဖုန်းက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

သူတော်စင်ပင်လယ်ကြယ်နယ်မြေသည် လော့ရွှေကြယ်မြစ်တစ်ခုလုံး၏ ဗဟိုချက်နေရာပင်။ဤကဲ့သို့ ကြီးမားသောဆူပူအုံကြွမှု ဖြစ်ပွားနေချိန်တွင် အုပ်ချုပ်သူအိမ်တော်မှနေ၍ သေချာပေါက် ကြားဝင်စွက်ဖက်ရပေမည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ လော့ရွှေကြယ်မြစ်အုပ်ချုပ်သူအိမ်တော်သည် တိတ်ဆိတ်ငြိမ်သက်နေပြီး မည်သည့်တုံ့ပြန်မှုမျှမရှိချေ။

လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။

"သူတို့ကို ဘာမှအာရုံစိုက်နေစရာမလိုဘူး...ရှုရာနတ်ဘုရား ကျရှုံးသွားတာနဲ့ နောက်ဆက်တွဲကိစ္စတွေအားလုံး အဆုံးသတ်သွားလိမ့်မယ်"

လူတိုင်း၏မျက်နှာအမူအယာများ တည်ကြည်လေးနက်စပြုလာသည်။

သူတို့ ဤနေရာသို့လာခဲ့ရခြင်းမှာ နတ်ဘုရားတစ်ပါးကိုသတ်ဖြတ်ရန် ဖြစ်နေသလော....

အကယ်၍ ထိုအကြောင်းကိုသာ ယခင်က ကြိုသိထားပါက သူတို့အားလုံး၏စိတ်နှလုံးသားများကို စိုးရိမ်ပူပန်မှုများကသာ ကြီးစိုးနေပေမည်။

သို့ရာတွင် ရှုရာနတ်ဘုရား၏လက်ချောင်းတစ်ချောင်း ဖိနှိပ်ခံလိုက်ရသည့်ဖြစ်ရပ်ကို ကြုံတွေ့ပြီးဖြစ်သဖြင့် လူများအားလုံး၏စိတ်ဓာတ်များ မြင့်တက်နေသည်။

"ဒီတစ်ကြိမ် အပြစ်သားပင်လယ်ကြယ်နယ်မြေရဲ့ ဆူပူအုံကြွမှုက ငါတို့ရဲ့အရည်အချင်းတွေကို လေ့လာဆန်းစစ်ဖို့ အခွင့်အရေးကြီးလည်းဖြစ်နိုင်တယ်"

လုကျင်းရှန့်က သက်ပြင်းတစ်ချက် ရှိုက်လိုက်၏။

သူရဲကောင်းများသည် ကျဥ်းထဲကျပ်ထဲအခြေအနေမျိုးတွင် ထွက်ပေါ်လာလေ့ရှိသဖြင့် လုယွီသည် မှတ်ကျောက်အတင်ခံနိုင်ရန် ပြင်ဆင်ထားပြီးလေပြီ။

အကယ်၍ လုယွီသည် ယခုလက်ရှိအခြေအနေမျိုးနှင့် စိတ်ကျေနပ်နေပါက စစ်သားများအားလုံး၏စိတ်နှလုံးသားများကို သိမ်းပိုက်နိုင်မည်မဟုတ်ချေ။

မကြာမီမှာပင် စစ်သင်္ဘောသည် အဖြူရောင်ဓားချီအလင်းတန်း ညွှန်ပြသောနေရာသို့ ရောက်ရှိလာသည်။

ဤကျွန်းသည် အထူးသီးသန့်နေရာတစ်ခုဖြစ်ပုံမရဘဲ ပတ်ဝန်းကျင်ရှိကျွန်းများနှင့် တူညီပေ၏။

လုယွီ၏ချီစောင့်ကြည့်ခြင်းနည်းစနစ်အောက်တွင် ထိုကျွန်းပေါ်မှနေ၍ ခရမ်းရောင်အလင်းတိုင်လုံးကြီးတစ်ခုသည် တိမ်တိုက်များကို ဖောက်ထွင်း၍ မိုးကောင်းကင်ယံတိုင် ထိုးတက်သွားခြင်းကို တွေ့မြင်မိသည်။

လူအများအား ဝေခွဲရခက်စေရန်အတွက် သူတော်စင်ပင်လယ်ကြယ်နယ်မြေပေါ်ရှိ နေရာတချို့တွင်လည်း တူညီသောအလင်းတန်းမျိုး ထွက်ပေါ်နေသည်။

သို့ရာတွင် လုယွီသည် ယခင်က ရှုရာနတ်ဘုရား၏လက်ချောင်းတစ်ချောင်းဖြင့် တိုက်ခိုက်ခဲ့ပြီးဖြစ်သဖြင့် တစ်ဖက်ရန်သူ၏အရှိန်အဝါကို သူ ရှင်းရှင်းလင်းလင်း အာရုံခံနိုင်သည်။

ဤနေရာသည် ရှုရာနတ်ဘုရား ပြန်ရှင်သန်လာမည့်နေရာ ဖြစ်ပေ၏။

ထို့ပြင် ဤနေရာရှိအရှိန်အဝါသည် တစတစ ပို၍ပို၍ အားကောင်းလာသည်။

"စစ်သားတွေအားလုံး တိုက်ခိုက်မယ်...အောင်းကွမ်း...ရှေ့ကကောင်တွေကို ဟန့်တားထားစမ်း"

လုယွီက ပြတ်ပြတ်သားသား အမိန့်ပေးလိုက်သည်။

ဤကျွန်း၏ပတ်ပတ်လည်တွင် အစွမ်းထက်သော ကျင့်ကြံသူအမြောက်အများရှိနေသည်။

လူသားများချဥ်းကပ်လာသည်ကိုမြင်သည်နှင့် ထိုကျင့်ကြံသူများက အော်ဟစ်ကြုံးဝါးကာ တဟုန်ထိုး ပြေးဝင်တိုက်ခိုက်ကြ၏။

"သူတို့က လေဟာနယ်ဓားပြတွေပဲ"

ထိုကျင့်ကြံသူများ၏ခန္ဓာကိုယ်များပေါ်၌ သိသာထင်ရှားသောတက်တူးများရှိနေသည်။

ဘုန်း...ဘုန်း...ဘုန်း...

စစ်သင်္ဘောပေါ်မှ စိတ်ဝိညာဥ်အမြှောက်များအားလုံးကို တပြိုင်နက်တည်း အသက်သွင်းလိုက်၏။​စိတ်ဝိညာဥ်အမြှောက်များမှ မြောက်များစွာသောအလင်းတန်းများ ဖြတ်သန်းသွားမှုနှင့်အတူ သူတို့၏ရှေ့ရှိ လေဟာနယ်ဓားပြအမြောက်အများ သေကြေပျက်စီးသွားခဲ့သည်။

သို့ရာတွင် ဤနေရာရှိလေဟာနယ်ဓားပြများကို သူတို့ ယခင်က ကြုံတွေ့ခဲ့ရသော နတ်ဆိုးမှော်သားရဲများနှင့် နှိုင်းယှဥ်ကြည့်၍မရချေ။

စိတ်ဝိညာဥ်အမြှောက်များသည် အလွန်အစွမ်းထက်သော်လည်း လေဟာနယ်ဓားပြတချို့၏လှုပ်ရှားမှုများသည် အလွန်အမင်းမြန်ဆန်သည်။သူတို့သည် စိတ်ဝိညာဥ်အမြှောက်များမှအလင်းတန်းများကို ရှောင်ရှား၍ ကုန်းပတ်ပေါ်သို့ ရောက်ရှိလာကြ၏။

"သတ်ကြစမ်း"

သိုက်ဖုန်းနှင့်လုကျင်းရှန့်တို့သည် သူတို့၏မှော်လက်နက်များကိုဝှေ့ယမ်း၍ လေဟာနယ်ဓားပြများနှင့် အနီးကပ်တိုက်ပွဲကို ဆင်နွှဲလိုက်ကြသည်။

လုယွီသည် ရပ်တန့်ခြင်းမရှိဘဲ ကျွန်း၏ဗဟိုချက်ထံသို့ တရကြမ်းတိုးဝင်သွားခဲ့သည်။

မကြာမီမှာပင် ကျွန်း၏ဗဟိုချက်နေရာ၌ ယဇ်ပလ္လင်တစ်ခုရှိနေသည်ကို သူ မြင်တွေ့လိုက်ရ၏။

ဤယဇ်ပလ္လင်တွင် ထူထပ်သိပ်သည်းသောယင်ချီစွမ်းအင်များဖြင့် ပြည့်နှက်နေသည်။ယဇ်ပလ္လင်၏အောက်ခြေ၌ အရိုးများကို တောင်ကုန်းတစ်လုံးစာအမြင့်မျှ စုပုံထားသည်။အကယ်၍ သာမာန်လူတစ်ယောက်သာ ထိုမြင်ကွင်းကို တစ်ချက်ကြည့်မိပါက မူးဝေမှုကို ခံစားရပေမည်။

ထိုယဇ်ပလ္လင်သည် ယခင်က အပြစ်သားပင်လယ်ကြယ်နယ်မြေပေါ်တွင် သူ ကြုံတွေ့ခဲ့ရသောအရာနှင့် တူညီသော်လည်း ဤနေရာ၏အရှိန်အဝါမှာ အနည်းငယ်ပို၍အားကောင်းသည်။

"မင်းက ဘယ်သူ့ရဲ့လက်အောက်ကလဲ...ဒီနေရာဆီ မင်းကို ဘယ်သူက စေလွှက်လိုက်တာလဲ...ငါတို့က ဒီနေရာမှာ လေဟာနယ်ဓားပြတွေကို နှိမ်နင်းနေတာ...ပြဿနာလာမရှာစမ်းနဲ့"

ထိုအချိန်မှာပင် အနီရောင်အရာရှိဝတ်စုံကို ဝတ်ဆင်ထားသော အရာရှိတစ်ယောက်က အလျှင်အမြန်ရောက်ရှိလာသည်။

သူ၏နောက်တွင်လည်း လူအမြောက်အများရှိနေလေ၏။ထိုလူများအားလုံးသည် အဖိုးတန်ဝတ်စုံများကို ဝတ်ဆင်ထားပြီး သူတို့သည် လော့ရွှေကြယ်မြစ်မှ အထက်တန်းလွှာများ ဖြစ်နေသည်။

ဆန့်ကျင်ဘက်အနေဖြင့် ရွှမ်းဝူစစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်သော လုယွီသည် မထင်မရှားပုံစံမျိုးနှင့် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

လုယွီက အေးစက်စက်အကြည့်ဖြင့် ထိုလူများအားလုံးကို ဝေ့ဝိုက်ကြည့်ပြီး ပြောဆိုလိုက်၏။

"မင်းတို့က ဒီနေရာကို ရောက်လာတယ်ဆိုမှတော့...ဒီကိစ္စထဲမှာ မင်းတို့အားလုံး ပါဝင်ပတ်သက်နေကြပုံပဲ"

Chapter 1940

"အတင့်ရဲလှချည်လား"

အနီရောင်ဝတ်စုံဝတ်အရာရှိက အသံနက်ကြီးဖြင့် ဆူပူကြိမ်းမောင်းလိုက်၏။

"ငါတို့ ဘာလုပ်နေနေ မင်းလိုဗိုလ်ချုပ်လေးတစ်ယောက်ကို သတင်းပို့ဖို့ လိုအပ်လို့လား...မင်းက ဘယ်သူရဲ့လက်အောက်ငယ်သားလဲ...မင်း စည်းမျဥ်းတွေကို နားမလည်ဘူးလား"

ထိုစကားနှင့်အတူ အနီရောင်ဝတ်စုံဝတ်အရာရှိက သူ၏အင်္ကျီလက်မောင်းကြားမှ တံဆိပ်ပြားတစ်ခုကိုထုတ်ယူ၍ လုယွီကို ပြသလိုက်သည်။

"မင်းတို့ရဲ့အဓိကစစ်ဗိုလ်ချုပ်ကို ငါ့ဆီကို လာတွေ့ခိုင်းလိုက်စမ်း"

ထိုတံဆိပ်ပြားပေါ်၌ စာလုံးကြီးတချို့ကို ရေးထွင်းထားသည်။

"လော့ရွှေကြယ်မြစ်...စစ်ရေးသံတမန်"

ကြယ်မြစ်တစ်ခု၏စစ်ရေးသံတမန်သည် စစ်တပ်များကို အုပ်ချုပ်ရသူတစ်ယောက်ဖြစ်သည်။

လော့ရွှေကြယ်မြစ်တစ်ခုလုံးရှိ တပ်ရင်းများသည် သူ၏ထိန်းချုပ်မှုအောက်တွင်ရှိနေလေရာ မြင့်မားသောအခွင့်အာဏာရှိသူတစ်ယောက်ဟု ဆိုနိုင်သည်။

"ငါက အဓိကစစ်ဗိုလ်ချုပ် ရှောင်ယန်း...ဦးရီးတော်ရှားဟိုလီရဲ့ လက်အောက်ကပဲ"

လုယွီက သူ့ရှေ့ရှိလူများကိုကြည့်၍ အသံပြတ်ပြတ်ဖြင့် ပြောဆိုလိုက်၏။

ဦးရီးတော်ရှားဟိုလီဟု ဆိုလိုက်သလော....

အရာရှိများ၏မျက်နှာအမူအယာများအားလုံး ရုတ်တရက် ပျက်ယွင်းသွားကြသည်။

ဦးရီးတော်ရှားဟိုလီသညိ လေဟာနယ်ဓားပြများကိုအမြစ်ပြတ်သုတ်သင်ရန်နှင့်ရှုရာနယ်မြေကိုစောင့်ကြည့်ရန်ဟူသော တာဝန်ကိုလက်ခံထားသည်မှာ လူသိများသော ကိစ္စတစ်ရပ်ပင်။

ဤနေရာ၌ ရှားဟိုလီ၏လက်အောက်ငယ်သားတစ်ယောက် ထွက်ပေါ်လာခဲ့ခြင်းမှာ ရှားဟိုလီသည် သူတို့၏ကိစ္စများအကြောင်း သိရှိသွားပြီဟု ဆိုလိုနေသည်မဟုတ်လော...

"ဟမ့်...ရှားဟိုလီက ဒီနေရာနဲ့ဝေးကွာတဲ့ အနက်ရောင်တိမ်တိုက်ကြယ်နယ်မြေမှာရှိနေတယ်...သူ့ရဲ့လက်အောက်ငယ်သားက ဒီနေရာကို ဘယ်လိုလုပ်ပြီးရောက်လာနိုင်မှာလဲ...စစ်ရေးသံတမန်...ဒီကောင်လေးက လေဟာနယ်ဓားပြတွေနဲ့ပူးပေါင်းနေတဲ့လူလို့ ကျွန်တော် သံသယဝင်မိတယ်...သူ့ကိုဖမ်းဆီးပြီး သေသေချာချာ စစ်မေးကြရအောင်"

တခြားအရာရှိတစ်ယောက်က ရှေ့သို့ထွက်လာပြီး လုယွီကို လက်ညှိုးညွှန်ကာ အော်ဟစ်လိုက်၏။

စစ်ရေးသံတမန်၏မျက်နှာအမူအယာက ချက်ချင်းဆိုသလိုပင် တင်းမာခက်ထန်စပြုလာသည်။

"မင်းရဲ့စစ်ဘက်ဆိုင်ရာအခွင့်အာဏာတွေကို အခုချက်ချင်း ဖယ်ရှားဖို့ ငါ အမိန့်ပေးတယ်...ငါ မင်းကို သေချာစစ်မေးပြီးမှ တခြားဆုံးဖြတ်ချက်တစ်ခုချရလိမ့်မယ်"

လုယွီက ထိုလူများကို အေးစက်စက်အကြည့်ဖြင့်ကြည့်ပြီး သူ၏ခေါင်းကိုခါယမ်းလိုက်သည်။

"ကိစ္စက ဒီအထိရောက်လာတာတောင်...မင်းတို့က ဆက်ပြီး အယောင်ဆောင်ချင်ကြသေးတာလား...ရှုရာနတ်ဘုရားက မင်းတို့ကို ကျေးဇူးတင်နေမယ်လို့ မင်းတို့ တကယ်ကြီး ထင်နေကြတာလား"

ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏မှတ်ဥာဏ်များအရ ရှုရာနတ်ဘုရား၏စိတ်နေသဘောထားမှာ အလွန်ဆိုးရွားသည်။

သူသည် သဘာဝအလျောက် သတ်ဖြတ်ခြင်းနတ်ဘုရားအဖြစ်မွေးဖွားလာသူဖြစ်၍ ကျင့်ဝတ်များ စည်းမျဥ်းများနှင့် တိုင်းထွာ၍မရချေ။

အတိတ်တွင် ရှုရာနတ်ဘုရားသည် သူ၏တာအိုကို အောင်မြင်ပြီးမြောက်စေရန်အလို့ငှါ သန်းနှင့်ချီသော ယုံကြည်ကိုးကွယ်သူများကို ယဇ်ပူဇော်ခဲ့သည့်အပြင် ကြယ်နယ်မြေတစ်ခုကိုပင် သန့်စင်ခဲ့သည်။

ရှုရာနတ်ဘုရား၏နောက်သို့ အမြဲတစေလိုက်ပါနေသူများပင်လျှင် သူ အနည်းငယ်စိတ်မကျေမနပ်ဖြစ်သည်နှင့် ချက်ချင်းသတ်ဖြတ်ခံရသည်။

အကယ်၍ ထိုကဲ့သို့နတ်ဘုရားသာ ကောင်းကင်ဘုံနတ်ဘုရားကို အုပ်ချုပ်ပါက ကောင်းကင်ဘုံနယ်မြေရှိသက်ရှိမျိုးနွယ်များအားလုံးအတွက် ဘေးကပ်ဆိုးကြီးတစ်ခု ဖြစ်သွားပေမည်။

ယခုလက်ရှိနေရာတွင်ရှိနေသူများသည် လုယွီ၏နှုတ်မှ ရှုရာနတ်ဘုရားဟူသောအမည် ထွက်ပေါ်လာခြင်းကိုကြားသည်နှင့် သူတို့၏မျက်လုံးများအတွင်း၌ အန္တရာယ်အငွေ့အသက်များ ထင်ဟပ်လာသည်။

"ဒီကောင်လေးက ဘယ်နေရာကရောက်လာတာလဲ"

ထိုအချိန်မှာပင် ယဇ်ပလ္လင်မှနေ၍ ရွှေရောင်သရဖူဆောင်းထားသော လူလတ်ပိုင်းကြီးတစ်ယောက်က ဖြည်းညှင်းစွာ ဆင်းသက်လာသည်။

ထိုလူလတ်ပိုင်းကြီးထွက်ပေါ်လာသည်နှင့် ယခုလက်ရှိနေရာတွင်ရှိနေသော အရာရှိများအားလုံးက အရိုအသေပြုလိုက်ကြ၏။

"မြို့အရှင်"

သူသည် ရှန့်လင်းမြို့အရှင်ပင်။

လော့ရွှေစစ်ရေးသံတမန်ပင်လျှင် သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ ဂါရဝပြုကာ ယဥ်ကျေးသိမ်မွေ့စွာပြောဆိုသည်။

"မြို့အရှင်...ဒီကောင်လေးက ဦးရီးတော်ရှားဟိုလီရဲ့လက်အောက်ငယ်သားတစ်ယောက်ပါ...သူက ဒီနေရာကို ကျူးကျော်ဝင်ရောက်လာခဲ့တယ်"

လော့ရွှေကြယ်မြစ်၏အရာရှိအဆင့်အရဆိုလျှင် လော့ရွှေစစ်ရေးသံတမန်သည် ရှန့်လင်းမြို့အရှင်ထက်ပို၍ ရာထူးအဆင့်မြင့်မားသည်။

သို့ရာတွင် ယခုလက်ရှိအချိန်၌ ဤှနေရာသို့ရောက်နေသော အရာရှိများအားလုံးသည် ရှန့်လင်းမြို့အရှင်၏နောက်လိုက်များ ဖြစ်နေပေ၏။

အမ်...

ရှန့်လင်းမြို့အရှင်က လုယွီကို စုန်ချည်ဆန်ချည် ကြည့်လိုက်သည်။

"ရှားဟိုလီက ချောင်ပိတ်မိနေတယ်...ဒီကောင်လေးက လောကီအင်မော်တယ်အဆင့်ပဲရှိတာ...သူက ဘာပြဿနာမျိုးမှ ရှာနိုင်မှာမဟုတ်ဘူး...သူကို သတ်လိုက်ကြစမ်း"

ရှန့်လင်းမြို့အရှင်ထံမှ အာမခံချက်နှင့်အတူ အရာရှိများအားလုံး၏မျက်နှာများပေါ်တွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ထင်ဟပ်လာသည်။

"ကောင်လေး...မင်းက မဆင်မခြင် ဒီနေရာကို ရောက်လာမှတော့...မင်းရဲ့အသက်ကို ဒီနေရာမှာပဲ ထားခဲ့တော့"

စစ်ရေးသံတမန်၏မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သော မျက်နှာအမူအယာမျိုးထင်ဟပ်နေပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှနေ၍ တုန်လှုပ်ချောက်ချားဖွယ်အရှိန်အဝါများ ပွင့်အံထွက်လာသည်။

လက်ရှိနေရာတွင်ရှိနေသော အရာရှိများအနက် အနည်းဆုံးမြေကမ္ဘာအင်မော်တယ်ဆယ်ယောက်ခန့် ပါဝင်သည်။

"အရှင်...အပြင်မှာရှိတဲ့ခွေးမသားလေးတွေအားလုံးကို အပြတ်ရှင်းပြီးပြီ"

ထိုအချိန်မှာပင် အောင်းကွမ်းက အပြေးအလွှားရောက်ရှိလာပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ သွေးများစိုရွှဲနေပေ၏။

မြေကမ္ဘာအင်မော်တယ်ဆယ်ယောက်ကျော်ရှိနေသည်ကိုကြည့်ပြီး အောင်းကွမ်း၏မျက်ခွံများ တဆတ်ဆတ်တုန်ရီသွားသည်။

"သောက်ချေးပဲ...ဒါက လေဟာနယ်ဓားပြတွေရဲ့ပင်မအခြေစိုက်စခန်းမဟုတ်လား"

"အောင်းကွမ်း...သူတို့ကို ဟန့်တားထားစမ်း"

လုယွီက ခြေလှမ်းတစ်လှမ်းချင်း ရှေ့သို့လျှောက်လှမ်းသွားလိုက်သည်။

All Chapters