အခန်း (၁၉၄၁-၁၉၄၅)
Vol. 100 Ch. 1941-1945
Chapter 1941
လုယွီ မြေပြင်ပေါ်သို့ ခြေလှမ်းနင်းလျှောက်နေစဥ်တွင် ကျွန်း၏မြေပြင်တစ်ခုလုံး ပြင်းပြင်းထန်ထန်တုန်ခါသွားသည်။
လုယွီ၏ခန္ဓာကိုယ်မှနေ၍ အစွမ်းထက်သောမှော်စွမ်းအားများ ပွင့်အံထွက်လာပြီး ချက်ချင်းဆိုသလိုပင် သူ၏အနီးပတ်ဝန်းကျင်ရှိ ဖိအားအရှိန်အဝါများအားလုံး ပျက်ပြယ်သွားလေ၏။
ဝေါင်း...
လုယွီ၏နောက်၌ အစစ်အမှန်နဂါးနှစ်ကောင်၏ဝေဝါးဝါးပုံရိပ် ထွက်ပေါ်လာသည်။
ဤသည်က ရှေးဟောင်းအစစ်အမှန်နဂါးများ၏ စွမ်းအားကိုဖော်ပြသော ပုံရိပ်ယောင်များပင်။လုယွီသည် ရှေးဟောင်းအစစ်အမှန်နဂါးနှစ်ကောင်၏စွမ်းအားကို ပိုင်ဆိုင်ထားသဖြင့် သူ၏ခွန်အားသည် မယုံကြည်နိုင်သောအဆင့်တစ်ခုသို့ ရောက်ရှိနေလေပြီ။
"လောကီအင်မော်တယ်လေးတစ်ယောက်ကများ...လျှို့ဝှက်ဆန်းကြယ်ချင်ယောင်ဆောင်နေတယ်"
သရော်တော်တော်အပြုံးနှင့်အတူ မြေကမ္ဘာအင်မော်တယ်အရာရှိတစ်ယောက်ကတရကြမ်းပြေးလာပြီး လုယွီနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်လေ၏။
ထိုအရာရှိသည် လေထုအတွင်းသို့ ခုန်တက်ပြီးနောက် သူ၏လက်အတွင်း၌ ရေငွေ့တိမ်တိုက်တစ်ခုထွက်ပေါ်လာကာ ချာချာလည်နေပြီးနောက် ရေဒြပ်စင်ဓားပျံများအဖြစ်ဖွဲ့စည်းသွားသည်။
"ငါ့ရဲ့ဓားအောက်မှာ လူဘယ်လောက်များများ သေဆုံးသွားခဲ့ရတယ်ဆိုတာ ငါ မသိတော့ဘူး...မင်းက သေချင်နေမှတော့ ငါ မင်းရဲ့ဆန္ဒကိုဖြည့်ဆည်းပေးမယ်"
ရေဒြပ်စင်ဓားပျံများက ချက်ချင်းဆိုသလိုပင် ရှေ့သို့တိုးဝင်လာသည်။
ဝှစ်....
ထိုဓားပျံများ၏အရှိန်သည် အလွန်လျှင်မြန်သဖြင့် လေထုအတွင်း၌ နောက်ချန်ပုံရိပ်အဖြစ်သာ မြင်တွေ့ရပြီး မျက်တောင်တခတ်စာအချိန်အတွင်းမှာပင် လုယွီထံသို့ ရောက်ရှိလာပေ၏။
ဤသည်က မြေကမ္ဘာအင်မော်တယ်တစ်ယောက်၏ဓားပျံများပင်။ကြည့်ရသည်မှာ ပတ်ဝန်းကျင်ရှိ ရေဒြပ်စင်ချီများအားလုံး ဤဓားပျံများအတွင်း၌ စုဝေးနေပုံရသည်။
ဓားပျံနှင့်ရင်ဆိုင်တွေ့ချိန်တွင် လုယွီသည် ကျယ်လောင်စွာအော်ဟစ်ပြီး သူ၏အသံက အဝေးသို့ တလိမ့်လိမ့်မျောလွင့်သွားသည်။
"မြေကမ္ဘာအင်မော်တယ်အစောပိုင်းအဆင့်နဲ့...ငါ့ရှေ့မှာလာပြီး မောက်မာနေဝံ့တာလား"
လုယွီ၏မျက်လုံးများ အေးစက်တင်းမာနေပြီး သူက လက်သီးတစ်ချက် ထိုးနှက်လိုက်၏။
ကျယ်လောင်သောဆူညံသံကြီးက လေထုအတွင်း၌ မြည်ဟီးလာသည်။မူလက မောက်မာဝံ့ကြွားနေသော မြေကမ္ဘာအင်မော်တယ်အရာရှိသည် ထိုလက်သီးချက်အားလှိုင်းဖြင့် နောက်သို့လွင့်ထွက်သွားခဲ့သည်။
လုယွီ၏လက်ဝါးရိုက်ချက်ကြောင့် ရေဒြပ်စင်ဓားပျံများသည် လွင့်ထွက်သွားပြီး သူ့အား အနည်းငယ်မျှပင် ထိခိုက်နာကျင်စေခြင်းမရှိချေ။
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
မြေကမ္ဘာအင်မော်တယ်အရာရှိ၏မျက်နှာတပြင်လုံး ထိတ်လန့်ကြောက်ရွံမှုကြောင့် ဖြူရော်နေပေ၏။သူ၏မှော်စွမ်းအားများကို အလျှင်အမြန်လှည့်ပတ်လိုက်ပြီး နောက်ထပ်မှော်မန္တန်တစ်ပုဒ်ကို ရွတ်ဆိုရန် ဟန်ပြင်လိုက်သည်။
သို့ရာတွင် သူ၏မှော်စွမ်းအားများ ဖြန့်ကျက်တော့မည့်အချိန်မှာပင် သူ၏မျက်လုံးများဝေဝါးသွားပြီး ပုံရိပ်တစ်ရိပ်က ရုတ်တရက် သူ၏ရှေ့သို့ ရောက်ရှိလာသည်။
"အကာအကွယ်"
မြေကမ္ဘာအင်မော်တယ်၏အော်ဟစ်သံနှင့်အတူ သူ၏နံဘေးရှိမြေပြင် ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် မြေနံရံလေး ငါးခုက သူ၏ရှေ့၌ မားမားမတ်မတ် ထွက်ပေါ်လာသည်။
"အားလုံးပဲ...ဒီကောင်လေးရဲ့တိုက်ခိုက်မှုက တော်တော်ထူးဆန်းတယ်...သူကို မြန်မြန်ဝိုင်းပြီး တိုက်ခိုက်ကြရအောင်"
ထိုမြေကမ္ဘာအင်မော်တယ်သည် တုန်လှုပ်ချောက်ချားနေဆဲပင်။
သာမာန်အားဖြင့် မြေကမ္ဘာအင်မော်တယ်နယ်ပယ်နှင့် လောကီအင်မော်တယ်နယ်ပယ်ကြား ကွာခြားချက်မှာ မိုးနှင့်မြေတမျှ အလွန်ကြီးမားသည်။
တချို့သောပါရမီရှင်များသာလျှင် လောကီအင်မော်တယ်နယ်ပယ်ကျင့်ကြံဆင့်ဖြင့် မြေကမ္ဘာအင်မော်တယ်နယ်ပယ်ကို လက်ရည်တူတိုက်ခိုက်နိုင်သည်။
တာယွီတော်ဝင်စစ်တပ်အတွင်းတွင် မြောက်များစွာသော ပါရမီရှင်များ ရှိနေခြင်းကြောင့် ထိုလူများအနက်မှတချို့သည် မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ ရောက်ရှိသည်နှင့် မဟာစစ်ဗိုလ်ချုပ်ရာထူးကို ရရှိနိုင်သည်။
တခြားမြေကမ္ဘာအင်မော်တယ်အရာရှိများသည်လည်း ထပ်မံ၍တွေဝေတုံ့ဆိုင်းနေခြင်း မရှိတော့ချေ။ရုတ်ချည်းဆိုသလိုပင် သူတို့၏အားအကောင်းဆုံး မှော်မန္တန်များကို ရွတ်ဆို၍ လုယွီကို တိုက်ခိုက်လိုက်ကြ၏။
ပတ်ဝန်းကျင်၌ သဲနှင့်ကျောက်စကျောက်နများ ပျံလွင့်နေပြီး အလွန်တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော အရှိန်အဝါများ ထွက်ပေါ်နေသည်။
"မင်းတို့ရဲ့ပါးစပ်ကတော့ စည်းမျဥ်းတွေအကြောင်းပြောနေကြပြီးတော့...အခုကျ အုပ်စုဖွဲ့ပြီး တိုက်ခိုက်ချင်နေကြတယ်"
အောင်းကွမ်းက ဒေါသတကြီးအော်ငေါက်ပြီး သူက လုယွီအားကူညီပေးရန် တရကြမ်းပြေးလာခဲ့သည်။
သို့ရာတွင် ထိုအချိန်မှာပင် မြေကမ္ဘာအင်မော်တယ်များ၏အလယ်ဗဟို၌ ပြင်းထန်သောမှော်စွမ်းအားလှိုင်းတစ်ရပ် ရုတ်တရက် ပေါက်ကွဲသွားသည်။
လုယွီ၏မျက်လုံးများသည် တည်ငြိမ်နေပြီး သူက လေဟာနယ်အတွင်း၌ မတ်တတ်ရပ်နေလေ၏။အစွမ်းထက်သောအရှိန်အဝါတစ်ရပ်က သူ၏ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ ရစ်ပတ်လွှမ်းခြုံထားပြီး သူက အနိုင်မခံအရှုံးမပေးသောစိတ်ဆန္ဒဖြင့် ရှေ့သို့ လျှောက်လှမ်းလိုက်သည်။
တစ်ချိန်တည်းမှာပင် လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါတစ်ရပ်က မြေကမ္ဘာအင်မော်တယ်အရာရှိများထံသို့ သက်ရောက်လာသည်။
မြင့်မြတ်သောပုံရိပ်တစ်ရိပ်က လုယွီ၏ခေါင်းထက်၌ မားမားမတ်မတ် တည်ရှိနေသည်။
ထိုပုံရိပ်သည် အလွန်ဝေဝါးသော်လည်း ကြီးကျယ်ခမ်းနားသော စိတ်ဆန္ဒမျိုးရှိနေပြီး လောကကြီးအတွင်းရှိ မည်သူမဆို တစ်ချက်ကြည့်မိရုံဖြင့် အညံခံအရှုံးပေးလိုစိတ် ဖြစ်ပေါ်စေပေမည်။
မြေကမ္ဘာအင်မော်တယ်အရာရှိများအားလုံးသည် သူတို့ စိတ်ဝိညာဥ်များ၏အနက်ရှိုင်းဆုံးနေရာမှ တုန်လှုပ်ချောက်ချားလာခြင်းကို ခံစားမိပေ၏။
"သူ...ဘယ်လိုကျင့်ကြံနည်းစနစ်မျိုးကို သူ အသုံးပြုနေတာလဲ"
မြေကမ္ဘာအင်မော်တယ်အရာရှိများအားလုံး၏နဖူးပြင်များမှ ချွေးများယိုစီးကျနေပြီး သူတို့၏စိတ်နှလုံးသားများအတွင်းတွင်လည်း တုန်လှုပ်ချောက်ချားမှုများဖြင့် ပြည့်နှက်နေသည်။
လုယွီက ထိုမြေကမ္ဘာအင်မော်တယ်အရာရှိများကိုကြည့်ပြီး အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်၏။
"ထွက်သွားစမ်း"
ထို'ထွက်သွားစမ်း'ဟူသောစကားလုံးမှာ အလွန်အမင်း အစွမ်းထက်ပုံရသည်။မြေကမ္ဘာအင်မော်တယ်အရာရှိများသည် သူတို့၏ရင်ဘတ်များကို လေးလံသောတူတစ်လက်နှင့်ထုနှက်လိုက်သကဲ့သို့ ခံစားလိုက်ရပြီး သူတို့၏ပါးစပ်များမှ သွေးများအန်ထွက်လာကာ မြေပြင်ပေါ်သို့ လဲကျသွားကြသည်။
Chapter 1942
ဤအချိန်အခိုက်အတန့်တွင် လုယွီက လေဟာနယ်အတွင်း၌ မတ်တတ်ရပ်နေသည်။
မြေကမ္ဘာအင်မော်တယ်အရာရှိများအားလုံး မြေပြင်ပေါ်၌ လဲကျနေကြ၏။သူတို့အနက်မှတချို့သည် ကျင့်ကြံဆင့်နိမ့်ပါးမှုကြောင့် မူးမေ့သွားကြသည်။
အောင်းကွမ်းက သူ၏မျက်လုံးနှစ်ဖက်ကို ပွတ်သပ်၍ တီးတိုးရေရွတ်လိုက်သည်။
"ငါ အမြင်များ မှားနေတာလား"
ဤသည်က လုယွီ၏ခွန်အား ဖြစ်သလော...
ယခုလက်ရှိချိန်၌ သူ မည်သည့်ကျင့်ကြံဆင့်နယ်ပယ်သို့ ရောက်ရှိနေသနည်း...
မူလက အောင်းကွမ်းသည် မြေကမ္ဘာအင်မော်တယ်နယ်ပယ် အလယ်အလတ်အဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သဖြင့် သူ လုယွီနှင့်ယှဥ်ပြိုင်နိုင်မည်ဟု တွေးထင်ထားခဲ့သည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ သူ လုယွီကို ထွင်းဖောက်မြင်နိုင်ခဲ့ပုံမရချေ။
လုယွီ၏ခွန်အားသည် သူနှင့်နှိုင်းယှဥ်ပါက များစွာပို၍ အားကောင်းသန်မာနေသည်။
မိုးကောင်းကင်ယံတွင် နတ်ဘုရားတစ်ပါးအလား မတ်တတ်ရပ်နေသော လုယွီကိုကြည့်ပြီး ရှန့်လင်းမြို့အရှင်၏နှုတ်ခမ်းထောင့် တွန့်ကွေးသွားပေ၏။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ဤနေရာ၌ သူ တစ်ယောက်တည်းသာ မတ်တတ်ရပ်အနေအထားဖြင့် ကျန်ရစ်ခဲ့သည်။
လုယွီထက်ပို၍ ကျင့်ကြံဆင့်မြင့်မားသော အရာရှိများအားလုံး မြေပြင်ပေါ်၌ လဲကျနေလေပြီ။
"ငါ့ဆီမှာ မြင့်မြတ်တဲ့နတ်ဘုရားက ငါ့ကိုပေးသနားထားတဲ့ နတ်ဘုရားစွမ်းအားရှိတယ်...တကယ်လို့ မင်းက ထူးဆန်းတဲ့လျှို့ဝှက်နည်းစနစ်တချို့ကို သုံးနေရင်တောင် ဒါက အသုံးဝင်မှာမဟုတ်ဘူး"
ရှန့်လင်းမြို့အရှင်က ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်၏။ရုတ်ချည်းဆိုသလိုပင် သူ၏ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အစားများ စုတ်ပြဲသွားသည်။
သူ၏မူလပုံပန်းသွင်ပြင်သော ပိန်ပါးသော လူလတ်ပိုင်းကြီးတစ်ယောက်ဖြစ်သည်။
သို့ရာတွင် မမျှော်လင့်ဘဲ ထိုအော်ဟစ်ကြုံးဝါးသံနှင့်အတူ ရှန့်လင်းမြို့အရှင်၏ခန္ဓာကိုယ်ရှိကြွက်သားများ ဖောင်းကြွစပြုလာသည်။
မျက်တောင်တခတ်စာအချိန်အတွင်းမှာပင် ရှန့်လင်းမြို့အရှင်သည် တုတ်ခိုင်သန်မာသော လူထွားကြီးတစ်ယောက်အသွင်သို့ ပြောင်းလဲသွားပေ၏။
"သေစမ်း...ငါ့အတွက် သေပေးစမ်း"
ရှန့်လင်းမြို့အရှင်၏ခန္ဓာကိုယ်အရေပြားများသည်လည်း အလွန်လျှင်မြန်သောအရှိန်ဖြင့် ကြမ်းတမ်းစပြုလာသည်။
တုန်လှုပ်ချောက်ချားဖွယ် သင်္ကေတအက္ခရာများသည် သူ၏နဖူးပြင်မှ စတင်၍ထွက်ပေါ်လာပြီး တဖြည်းဖြည်း သူ၏ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားသည်။
ရှန့်လင်းမြို့အရှင်၏ခန္ဓာကိုယ်မှ လက်ခြောက်ဖက် ထပ်မံ၍ပေါက်ဖွားလာပြီး သူ့ကို လက်ရှစ်ဖက်နတ်ဆိုးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားစေ၏။
"ဒါက မြင့်မြတ်တဲ့နတ်ဘုရား ငါ့ကိုပေးသနားထားတဲ့စွမ်းအားပဲ...ဟား ဟား ဟား...ငါက ငါဆန္ဒရှိသမျှအရာအားလုံးကို လုပ်ဆောင်နိုင်မယ်လို့ ခံစားနေရတယ်"
ရှန့်လင်းမြို့အရှင်၏ပါးစပ်မှနေ၍ မာကျောကြမ်းတမ်းသော အသံတစ်သံထွက်ပေါ်လာသည်။
သူ၏မျက်လုံးတစ်စုံသည်လည်း အပြည့်အဝ နီမြန်းနေပေ၏။သူသည် ငရဲမှတွားသွားတက်လာသော သရဲတစ္ဆေတစ်ကောင်အသွင်သို့ ပြောင်းလဲသွားသည်။
ဤသည်က ရှုရာသွေးမျိုးဆက်ပင်။
ရှုရာနတ်ဘုရားသည် ရှုရာသွေးမျိုးဆက်ကို ရှန့်လင်းမြို့အရှင်ကို ပေးသနားထားလေ၏။
ယခုချိန်မှစ၍ သူသည် လူသားမျိုးနွယ်တစ်ယောက် မဟုတ်တော့ဘဲ အစစ်အမှန်ရှုရာတစ်ကောင် ဖြစ်နေလေပြီ။
"ကောင်စုတ်လေး...သေစမ်း"
ရှန့်လင်းမြို့အရှင်က ယုတ်မာကောက်ကျစ်သောအပြုံးနှင့် ရှေ့သို့တရကြမ်း ပြေးဝင်လာသည်။သူ၏အရှိန်သည် လျှပ်ပြက်သကဲ့သို့ အလွန်လျှင်မြန်သဖြင့် မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် လုယွီ၏ရှေ့သို့ ရောက်ရှိလာပေ၏။
ရှုရာသွေးမျိုးဆက်၏ထောက်ပံကူညီမှုကြောင့် ခွန်အားအရဖြစ်စေ အမြန်နှုန်းအရဖြစ်စေ ရှန့်လင်းမြို့အရှင်၏ခန္ဓာကိုယ်သည် အဆင့်တစ်ခုထိ မြင့်တက်သွားသည်။
ဘုန်း...ဘုန်း...ဘုန်း...
ရှန့်လင်းမြို့အရှင်သည် သူ၏လက်ဝါးရှစ်ဖက်လုံးဖြင့် တပြိုင်နက်တည်း ရိုက်နှက်လိုက်၏။အလွန်ကြီးမားသောစွမ်းအားလှိုင်းများကြောင့် ပတ်ဝန်းကျင်ရှိလေထုအတွင်းမှ တုန်ခါသံများ ထွက်ပေါ်လာသည်။
"ဒါက...သူ့ရဲ့ခွန်အားက မြေကမ္ဘာအင်မော်တယ်နှောင်းပိုင်းအဆင့်လောက်ရှိနေမှာကို ငါ စိုးရိမ်မိတယ်"
အောင်းကွမ်းက လေအေးတစ်ချက် ရှိုက်သွင်းလိုက်သည်။
မြေကမ္ဘာအင်မော်တယ်နယ်ပယ်တွင် အဆင့်ငယ်တစ်ခု ချိုးဖျက်နိုင်မှုကပင် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော ပြောင်းလဲမှုဖြစ်သည်။
မြေကမ္ဘာအင်မော်တယ်နှောင်းပိုင်းအဆင့်တစ်ယောက်၏ ခွန်အားအရှိန်အဝါသည် တပ်ရင်းတစ်ရင်းလုံးမှစစ်သားများကို အမှုန်အမွှားအဖြစ်သို့ ပြောင်းလဲသွားစေရန် လုံလောက်ပေ၏။
"သူ ဒါကို လွတ်အောင်ပြေးနိုင်ပါ့မလားဆိုတာ ငါ မသိတော့ဘူး"
အောင်းကွမ်းက လုယွီကို ကြည့်လိုက်၏။
သို့ရာတွင် လုယွီသည် ရှောင်ရှားရန်ရည်ရွယ်ထားပုံမရသဖြင့် သူ အလွန်အံ့အားသင့်သွားခဲ့သည်။
ထို့ပြင် လုယွီသည် ခုခံကာကွယ်မည့် ကိုယ်နေဟန်ထားမျိုးပင် ပြင်ဆင်ထားခြင်းမရှိချေ။
"သူက လျှို့ဝှက်နည်းစနစ်ကိုထုတ်သုံးပြီးတော့ အားနည်းသွားတာများလား"
အောင်းကွမ်းက တုန်လှုပ်ချောက်ချားသွားသည်။
သူသည် လုယွီကိုကူညီရန် သင့် မသင့်ကို စတင်၍တွေးတောလိုက်၏။မည်သို့ပင်ဆိုစေကာမူ အောင်းကွမ်း သေချာပေါက်ပြောနိုင်သော အချက်တစ်ချက်ရှိသည်။အကယ်၍ သူ ဝင်ရောက်ကူညီလျှင်ပင် ရှုရာအသွင်ပြောင်းထားသော ရှန့်လင်းမြို့အရှင်ကို ဟန့်တားနိုင်မည်မဟုတ်ချေ။
"သောက်ချေးပဲ...ငါ အစွမ်းကုန်ကြိုးစားမယ်"
အောင်းကွမ်းက စိတ်ပိုင်းဖြတ်လိုက်၏။
မည်သည့်ကိစ္စမျိုးရှိနေပါစေ သူ လုယွီကို ကယ်တင်ရပေမည်။
ထိုသို့မဟုတ်ပါက သူသည်လည်း အသက်ရှင်သန်နိုင်မည်မဟုတ်ချေ။
သို့ရာတွင် ထိုအချိန်မှာပင် လုယွီက သူ၏လက်ညှိုးကိုမြှောက်၍ ရှန့်လင်းမြို့အရှင်ထံ ညွှန်ပြလိုက်သည်။
"သေစမ်း"
လုယွီက ပေါ့ပေါ့ပါးပါးလေသံဖြင့် စကားလုံးတစ်လုံး ရေရွတ်လိုက်၏။
Chapter 1943
အေးစက်စက်အသံတစ်သံက လေဟာနယ်အတွင်း၌ ပဲ့တင်ထပ်သွားသည်။
"သေစမ်း တဲ့လား...မင်း ဘယ်သူ့ကို သေခိုင်းနေတာလဲ...ဒီနေ့ သေရမယ့်လူက မင်းပဲ"
ရှန့်လင်းမြို့အရှင်၏အသံသည် ကြမ်းတမ်းနေပြီး သူထံ၌ ရက်စက်ကြမ်းကြုတ်သော မျက်နှာအမူအယာမျိုးရှိနေသည်။သူသည် တခြားပုံပန်းသွင်ပြင်သို့ ပြောင်းလဲထားပြီးဖြစ်ပေ၏။
သူ၏လက်ရှစ်ဖက်လုံးသည် ရှေ့နောက်လွှဲယမ်းနေပြီး ရက်စက်ကြမ်းကြုတ်သော နတ်ဘုရားတစ်ပါးနှင့်တူညီနေကာ သူသည် အလွန်လျှင်မြန်သောအရှိန်ဖြင့် လုယွီထံသို့ ချဥ်းကပ်လာသည်။
ရုတ်တရက် လုယွီ၏အသံက ရှန့်လင်းမြို့အရှင်၏နားအတွင်း၌ ထပ်မံ၍ပဲ့တင်ထပ်လာသည်။
"သေစမ်း"
ထိုစကားလုံးတစ်လုံး၏အတွင်း၌ အကန့်အသတ်မရှိသောမှော်စွမ်းအားများ ပါဝင်နေပုံရသည်။
ရှန့်လင်းမြို့အရှင်သည် သူ၏ခန္ဓာကိုယ်ရှိ မရီးဒါန်းများအားလုံး ဖရိုဖရဲဖြစ်နေခြင်းကို ရုတ်တရက်ခံစားမိသည်။သူ၏ခန္ဓာကိုယ်ရှိ မှော်စွမ်းအင်လှည့်ပတ်မှုများသည် အလွန်အမင်းဖရိုဖရဲဖြစ်နေပြီး သူ၏ခန္ဓာကိုယ်တွင်းအင်္ဂါများသည်လည်း အပ်ဖြင့်ထိုးစိုက်ခံထားရသကဲ့သို့ နာကျင်မှုကိုခံစားနေရ၏။
"မင်း...ဒါက ဘယ်လိုမှော်မန္တန်မျိုးလဲ"
သူက ခေါင်းကို ခက်ခက်ခဲခဲအားယူ၍မော့ကာ လုယွီကို နာကျည်းမုန်းတီးမှုများပြည့်နေသောအကြည့်ဖြင့် စူးစိုက်၍ကြည့်လိုက်သည်။
သို့ရာတွင် သူ၏ခန္ဓာကိုယ်တစ်ကိုယ်လုံးအနှံ ပျံ့နှံ့နေသောနာကျင်မှုကြောင့် သူက ခြေလှမ်းတစ်လှမ်းပင် ရွေ့လျားနိုင်ခြင်းမရှိချေ။
"သေစမ်း'ဟူသောစကားလုံးသည် တော်ဝင်အမိန့်တော်တစ်ခုအလား သူ့ပေါ်သို့ ကျရောက်လာသည်။သူ၏ခန္ဓာကိုယ်သည် ပြန်လည်မွေးဖွားလာသည့်အလား ရှုရာအသွင်ဖြစ်နေသော်လည်း ထိုအမိန့်တော်၏တားမြစ်ဟန့်တားထားမှုအောက်မှ လွတ်မြောက်နိုင်ခြင်းမရှိချေ။
"မဖြစ်နိုင်ဘူး..ငါက ဘာလို့ ဒီကောင်လေးရဲ့လက်ထဲမှာ သေရမှာလဲ...ငါက ကောင်းကင်ဘုံနယ်မြေမှာ အဆင့်အမြင့်ဆုံးလူဖြစ်လာတော့မှာ...ကောင်းကင်ဘုံနယ်မြေကလူတွေက ငါ့ကိုမြင်တာနဲ့ ထိတ်လန့်ကြောက်ရွံသွားရတဲ့ အစွမ်းထက်တည်ရှိမှုကြီး ဖြစ်လာတော့မှာလေ...ငါက ဘာလို့ နာမည်မရှိတဲ့ဂျူနီယာလေးတစ်ယောက်ရဲ့လက်ထဲမှာ သေရမှာလဲ"
ရှန့်လင်းမြို့အရှင်သည် အော်ဟစ်ကြုံးဝါးနေသော်လည်း သူ၏အသံကို မည်သူမျှမကြားနိုင်ချေ။
သူ၏ဧရာမခန္ဓာကိုယ်ကြီးသည် လေလျော့သွားသောပူဖောင်းတစ်လုံးကဲ့သို့ အလျှင်အမြန်ရှုံတွစပြုလာသည်။သူ၏ မျက်လုံး နှာခေါင်းနှင့်ပါးစပ်မှ သွေးများယိုစီးကျလာပြီး ပြင်းထန်သောနာကျင်မှုဝေဒနာကြောင့် မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် မြေကမ္ဘာအင်မော်တယ်အရာရှိတချို့သည် လုယွီ၏ရှေ့၌ လူသေအလောင်းများအဖြစ်သို့ ပြောင်းလဲသွားလေပြီ။
လုယွီက သုန်မှုန်နေသောမျက်နှာအမူအယာဖြင့် ယဇ်ပလ္လင်ထံသို့ အလျှင်အမြန် လျှောက်လှမ်းသွားလေ၏။
အောင်းကွမ်းက လုယွီ၏ပျောက်ကွယ်သွားသောပုံရိပ်ကို ငေးမော၍ကြည့်နေသည်။သူ၏ခြေထောက်များ အဆက်မပြတ်တုန်ခါနေပြီး သူက မြေပြင်ပေါ်သို့ ပြိုလဲသွားလုနီးပါးပင်။
ဤသည်က လူသားတစ်ယောက်၏စွမ်းအားမျိုး ဖြစ်နိုင်သလော...
အကယ်၍ သူ၏မျက်လုံးဖြင့်သာ ကိုယ်တိုင်မြင်တွေ့ခဲ့ရခြင်းမဟုတ်ပါက သူ့အား သေသည်အထိ ရိုက်နှက်လျှင်ပင် ဤကိစ္စများကို သူ ယုံကြည်မည်မဟုတ်ချေ။
'သေစမ်း'ဟူသောစကားတစ်လုံးဖြင့် မြေကမ္ဘာအင်မော်တယ်နှောင်းပိုင်းအဆင့်နှင့် ညီမျှသော အစွမ်းထက်ကျင့်ကြံသူတစ်ယောက် နေရာမှာပင် သေဆုံးသွားခဲ့ရသည်။
ဤသည်က စိတ်ကူးယဥ်ဆန်လွန်ပြီး မယုံကြည်နိုင်ဖွယ် ကိစ္စတစ်ရပ်ပင်။
"ကံကောင်းထောက်မပြီး ငါက သူဘက်ကလူဖြစ်နေလို့သာပဲ...နောင်အနာဂတ်မှာ ဘာကိစ္စပဲရှိရှိ ငါ သူ့ကို ဆန့်ကျင်လို့မဖြစ်ဘူး...မဟုတ်ရင် ငါ ဘယ်လိုနည်းနဲ့သေသွားတယ်ဆိုတာတောင် ငါ သိလိုက်မှာမဟုတ်ဘူး"
အောင်းကွမ်းသည် သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ သူကိုယ်သူ ထပ်ခါထပ်ခါ သတိပေးနေမိ၏။
ထိုအချိန်မှာပင် အစောပိုင်းက သတိလစ်နေသော မြေကမ္ဘာအင်မော်တယ်အရာရှိတချို့ ခက်ခက်ခဲခဲရုန်းကန်၍ မတ်တတ်ထရပ်လာသည်။
သူတို့သည် သေဆုံးခြင်းမရှိသော်လည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိထားကြသည်။
"မြင့်မြတ်တဲ့နတ်ဘုရား ပြန်ရှင်သန်လာတာနဲ့...မင်းတို့အားလုံး သေရမယ်...တစ်ယောက်မှ ချွင်းချက်မရှိစေရဘူး"
အရာရှိများအနက်မှတစ်ယောက်က ဒေါသတကြီး အော်ဟစ်လိုက်၏။
ထိုအသံကိုကြားသည်နှင့် အောင်းကွမ်း၏နှုတ်ခမ်းထောင့်၌ သရော်တော်တော်အပြုံးတစ်ခု ထွက်ပေါ်လာသည်။
"သေဖို့ကဖြင့် လက်တစ်ကမ်းအကွာကိုရောက်နေပြီ...မင်းက အခုထိ အရှက်မဲ့တဲ့စကားတွေ ပြောနိုင်သေးတာလား"
ထိုလူများ ဒဏ်ရာအပြင်းအထန်ရရှိထားသည်ကို အခွင့်ကောင်းယူ၍ အောင်းကွမ်းက သူတို့ကို တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်လိုက်သည်။
တခြားတစ်ဖက်တွင်...
လုယွီသည် ယဇ်ပလ္လင်ပေါ်သို့ ခြေချလိုက်သည်နှင့် သူ၏ခန္ဓာကိုယ် ပြင်းပြင်းထန်ထန်တုန်ရီသွားသည်။
"လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာရဲ့တာအိုခန္ဓာကိုယ်က အရမ်းအစွမ်းထက်ပေမယ့်...ငါ ဒါကို အချိန်အကြာကြီးထိန်းသိမ်းထားနိုင်မှာမဟုတ်ဘူး...ငါရဲ့လောကီအင်မော်တယ်အထွတ်အထိပ်အဆင့်ကျင့်ကြံမှုနဲ့စိတ်ဝိညာဥ်ကျောက်တုံးတွေရဲ့ အထောက်အပံနဲ့ဆိုရင်တောင် ငါ အများဆုံး အသက်ဆယ်ရှိုက်စာပဲ တောင့်ခံနိုင်တော့မယ်"
မြောက်မြားစွာသောအတွေးများက လုယွီ၏စိတ်အတွင်း၌ ဖြတ်ပြေးနေသည်။
သူ ဤနေရာသို့ လာဝံ့ရခြင်းမှာ သူ့ထံ၌ မှီခိုအားထားစရာ တစ်စုံတစ်ခုရှိနေခြင်းကြောင့်ပင်။
ထိုအချိန်တုန်းက သူသည် ရှေးဟောင်းကောင်းကင်ဘုံတရားရုံ၏ပုံရိပ်ယောင်ကမ္ဘာအတွင်း၌ လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာ၏အမွေအနှစ်ကို ဆက်ခံရရှိခဲ့သည်။
ဤသည်က ရှေးဟောင်းဒဏ္ဍာရီလာတာအိုကျမ်းစာသုံးခုအနက်မှတစ်ခုပင်။ထိုကျမ်းစာတွင်ပါရှိသော မဟာတာအိုသည် အလွန်အမင်းနက်နဲသိမ်မွေ့လှသဖြင့် လုယွီပင်လျှင် ဂရုတစိုက်လေ့လာဆင်ခြင်နေရသည်။
လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာတွင်ပါရှိသော နက်နဲသိမ်မွေ့မိုးကောင်းကင်တာအိုခန္ဓာကိုယ်သည် အလွန်အမင်းအစွမ်းထက်သော ကျင့်ကြံနည်းစနစ်တစ်ခုဖြစ်သည်။
အကယ်၍ တစ်စုံတစ်ယောက်သည် ထိုနည်းစနစ်ကိုအသုံးပြုလိုက်ပါက ချက်ချင်းဆိုသလိုပင် နက်နဲသိမ်မွေ့မိုးကောင်းကင်တာအိုဘိုးဘေး၏စွမ်းအား ဆယ်ရာခိုင်နှုန်းကို ရရှိပေမည်။ထိုလူ၏ကျင့်ကြံခြင်းနယ်ပယ် ပို၍မြင့်မားလေလေ ထိုကျင့်ကြံနည်းစနစ်က ပို၍အစွမ်းထက်လေလေပင်။
နက်နဲသိမ်မွေ့မိုးကောင်းကင်တာအိုဘိုးဘေးသည် ရှေးဟောင်းကောင်းကင်ဘုံတရားရုံးမှ ရွှေအင်မော်တယ်တစ်ယောက်ဖြစ်ပေ၏။
သူ၏စွမ်းအားဆယ်ရာခိုင်နှုန်းဆိုလျှင်ပင် နှောင်းပိုင်းမျိုးဆက်မှ အတုအယောင်အင်မော်တယ်များ တောင့်ခံနိုင်မည့်အရာမျိုးမဟုတ်ချေ။
Chapter 1944
အသက်ခုနစ်ရှိုက်ခန့်သာ အချိန်ကျန်ရှိတော့သည်။
လုယွီသည် အနည်းငယ်မျှပင် တုံ့ဆိုင်းခြင်းမရှိဘဲ လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်ရာ သူရှေ့ရှိယဇ်ပလ္လင်ကြီး ချက်ချင်းဆိုသလိုပင် ပေါက်ကွဲသွားပေ၏။
ကျောက်တုံးများ နေရာအနှံ့အပြားသို့ လွင့်စင်သွားပြီးနောက် ယဇ်ပလ္လင်အတွင်းမှနေ၍ စိတ်ဝိညာဥ်များက စူးရှကျယ်လောင်စွာအော်ဟစ်၍ တဟုန်ထိုး တိုးထွက်လာသည်။
ရုတ်ချည်းဆိုသလိုပင် ပတ်ဝန်းကျင်နေရာတစ်ခုလုံး မှုံမှိုင်းစပြုလာလေ၏။
အသက်လေးရှိုက်စာ ကျန်ရှိနေဆဲပင်။
လုယွီသည် သူ၏တာအိုခန္ဓာကိုယ်ကိုထိန်းချုပ်၍ မြောက်များစွာသောစိတ်ဝိညာဥ်များကို ဖျက်ဆီးကာ ယဇ်ပလ္လင်၏အလယ်ဗဟိုသို့ ရောက်ရှိလာသည်။
ယဇ်ပလ္လင်၏အလယ်ဗဟို၌ အစွမ်းထက်သောအရှိန်အဝါတစ်ခုက ထွက်ပေါ်လာရန် အစပျိုးနေသည်။
ပတ်ဝန်းကျင်ရှိကျွန်းများသည် မူလက အလွန်စိမ်းစိုလှပသော်လည်း ထိုအရှိန်အဝါ အားကောင်းလာသည်နှင့်အတူ ထိုအရာများ၏အသက်စွမ်းအားများအားလုံး ယဇ်ပလ္လင်၏စုပ်ယူခြင်း ခံလိုက်ရ၏။
ယဇ်ပလ္လင်၏အနက်ရှိုင်းဆုံးအပိုင်းတွင် အနက်ရောင်နှလုံးတစ်ခုရှိနေသည်။
ဒုတ်...ဒုတ်...ဒုတ်...
ထိုနှလုံးသည် တည်ငြိမ်စွာနှင့်အားကောင်းစွာ ခုန်နေဆဲပင်။ထိုနှလုံး တစ်ကြိမ်ခုန်တိုင်း အားကောင်းသောယင်ချီများက တလိမ့်လိမ့်ထွက်ပေါ်နေသည်။
"ရှုရာနတ်ဘုရားရဲ့နှလုံး...ငါ မင်းကိုတွေ့ပြီ"
လုယွီက အလျှင်အမြန်နောက်ဆုံးပြီး သူ၏လက်ညှိုးကိုရှေ့ထုတ်ကာ နှလုံးထံဦးတည်၍ ဓားချီတစ်လှိုင်းကို ပစ်လွှက်လိုက်သည်။
လုယွီ၏လက်ညှိုးမှနေ၍ ဓားအလင်းတန်းတစ်ခုက ပျံဝဲထွက်လာကာ ချက်ချင်းဆိုသလိုပင် မီတာပေါင်းများစွာရှည်လျားသော ဧရာမဓားချီလှိုင်းကြီးအဖြစ် ပြောင်းလဲသွားပေ၏။ထိုဓားချီလှိုင်းသည် အရာအားလုံးကိုဖျက်ဆီးပစ်နိုင်သော အရှိန်အဝါမျိုးဖြင့် အနက်ရောင်နှလုံးထံသို့ တိုးဝင်သွားသည်။
ဝှစ်....
ဓားချီထံမှ တုန်ခါသံများနှင့်အတူ အနက်ရောင်နှလုံးကို ထိုးစိုက်မိလေ၏။ရုတ်ချည်းဆိုသလိုပင် အနက်ရောင်သွေးများက နေရာအနှံ့အပြားသို့ ဖြာကျသွားသည်။
အနက်ရောင်နှလုံးသား၏အနက်ရှိုင်းဆုံးနေရာမှနေ၍ ဒေါသတကြီးအော်ဟစ်ကြုံးဝါးသံတစ်သံ ထွက်ပေါ်လာသည်။ဤသည်က ရှေးဟောင်းလူဘီလူကြီးတစ်ကောင် နှစ်ခြိုက်စွာအိပ်မောကျနေရာမှ လန့်နိုးလာသကဲ့သို့ပင်။
"အချိန်စေ့ပြီ"
ထိုဓားချီကိုအသုံးပြုပြီးနောက် လုယွီသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံး အားနည်းလာသည်ကိုခံစားမိပြီး အစွမ်းအစမဲ့စွာဖြင့် မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
သူထံတွင် ရှေးဟောင်းအစစ်အမှန်နဂါးနှစ်ကောင်၏ခွန်အားမျိုးရှိနေသော်လည်း နက်နဲသိမ်မွေ့မိုးကောင်းကင်တာအိုခန္ဓာကိုယ်၏ မှော်စွမ်းအင်သုံးစွဲမှုကို ကြာရှည်ထောက်ပံပေးနိုင်ခြင်းမရှိချေ။
"နက်နဲသိမ်မွေ့မိုးကောင်းကင်ကျမ်းစာမှာ ဒီနည်းစနစ်ကို တားမြစ်နည်းစနစ်လို့ ဖော်ပြထားတာက ကျိုးကြောင်းမဆီလျော်တာတော့ မဟုတ်ဘူးပဲ...တကယ်လို့ ငါ့ဆီမှာ ရှေးဟောင်းခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်နှစ်ခုရဲ့ ထောက်ပံမှုသာမရှိဘူးဆိုရင်...ငါ သေသွားနိုင်တယ်"
လုယွီက အနည်းငယ် ထိတ်လန့်တုန်လှုပ်နေသည်။
သူ၏ခန္ဓာကိုယ်အတွင်း၌ ဗြောင်းဆန်နေသောမှော်စွမ်းအားများကို တည်ငြိမ်အောင်ထိန်းသိမ်းပြီးနောက် လုယွီသည် သူ၏သိုလှောင်အိတ်အတွင်းမှ ဆေးလုံးတချို့ကိုထုတ်ယူ၍ သောက်သုံးလိုက်၏။
ဤနေရာသို့လာရာလမ်းတလျှောက်၌ လုယွီသည် အရန်အခြေအနေများတွင် အသုံးပြုနိုင်ရန် ဆေးလုံးအမြောက်အများကို သန့်စင်ခဲ့သည်။
ဤသည်က ဆေးပညာရှင်တစ်ယောက်၏အခြေခံအုတ်မြစ်ပင်။မည်သည့်နေရာ မည်သည့်အချိန်မျိုးတွင် ဖြစ်နေပါစေ ဆေးလုံးများကို အဆင်သင့်ဖြည့်တင်းထားရပေမည်။
ပူနွေးသောဆေးစွမ်းအင်စီးကြောင်းများသည် လုယွီ၏ ခြေလက်များနှင့်မရီးဒါန်းများအတွင်းသို့ စီးဝင်သွားသည်နှင့် သူ၏မှော်စွမ်းအားအနည်းငယ် ပြန်လည်ရရှိလာပေ၏။
ဒုတ်...ဒုတ်...ဒုတ်...
သို့ရာတွင် မမျှော်လင့်ဘဲ သူရှေ့ရှိ အနက်ရောင်နှလုံး တဖန်ပြန်၍ကောင်းမွန်စပြုလာသည်။
အနက်ရောင်သွေးများ ယိုစီးနေဆဲဖြစ်သော်လည်း ပြန်လည်၍ကောင်းမွန်စပြုနေပြီး အနက်ရောင်နှလုံးထံမှ နှလုံးခုန်သံ ဆက်လက်၍ ထွက်ပေါ်နေသည်။
"သူက ခုထိ မသေသေးဘူးလား"
လုယွီက မျက်မှောင်ကြုတ်လိုက်၏။
မည်သို့ပင်ဆိုစေကာမူ နတ်ဘုရားများသည် လူသားများထက် များစွာသာလွန်သော တည်ရှိမှုကြီးများပင်။
တစ်စုံတစ်ယောက်သည် သူ့အား ဝတ်ပြုကိုးကွယ်နေသရွေ့ သူ သေဆုံးမည်မဟုတ်ဘဲ နေ့ရောညပါ အမွှေးနံသာများဖြင့် ပူဇော်ပသခြင်းခံရကာ ပျော်ရွှင်ဝမ်းမြောက်စွာ အသက်ဆက်လက်ရှင်သန်နိုင်ပေမည်။
ရှုရာနယ်မြေတွင် သန်းရာနှင့်ချီသောရှုရာများရှိနေသည်။ထိုရှုရာများအားလုံးသည် ရှုရာနတ်ဘုရားအတွက် ဘုရားကျောင်းများတည်ဆောက်၍ ဝတ်ပြုကိုးကွယ်ကြသည်။ထိုကူညီထောက်ပံမှုဖြင့် ရှုရာနတ်ဘုရားသည် မကြာမီမှာပင် ပြန်လည်ရှင်သန်လာပေလိမ့်မည်။
"အဆုံးသတ်ကျတော့...ဒါက ပြဿနာတစ်ခုဖြစ်နေတုန်းပဲ"
လုယွီ၏စိတ်ဝိညာဥ်အာရုံခံမှုအောက်တွင် အစွမ်းထက်သောတည်ရှိမှုကြီးများသည် အဝေးမှနေ၍ ဤနေရာသို့ အလျှင်အမြန်လာရောက်နေခြင်းကို ရှာဖွေတွေ့ရှိမိသည်။
သူ အလျှင်အမြန် ဆုံးဖြတ်ချက်ချရပေမည်။
လုယွီ၏လက်ညှိုးထိပ်မှနေ၍ ရွှေရောင်မီးတောက်တစ်ခုက ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။
ဤသည်က လောကကြီးအတွင်းရှိအရာရာတိုင်းကို လောင်ကျွမ်းစေနိုင်သော ကောင်းကင်ဘုံဧကရာဇ်၏အစစ်အမှန်မီးတောက်ဖြစ်သည်။
အကယ်၍ ရှုရာနတ်ဘုရား၏စိတ်ဆန္ဒသာနိုးထလာပါက ကောင်းကင်ဘုံဧကရာဇ်၏အစစ်အမှန်မီးတောက်သည် သူ့အား အနည်းငယ်မျှပင် ထိခိုက်နာကျင်စေမည်မဟုတ်ချေ။
သို့ရာတွင် ဤအရာသည် ရှုရာနတ်ဘုရား၏နှလုံးသက်သက်သာဖြစ်၍ လုယွီထံ၌ အခိုင်အမာယုံကြည်ချက်ရှိသည်။
လုယွီသည် အစစ်အမှန်မီးတောက်ကိုအသက်သွင်း၌ ရှုရာနတ်ဘုရား၏နှလုံးကို လောင်ကျွမ်းစေတော့မည့်အချိန်မှာပင်.....
ရုတ်တရက် လုယွီ၏သိုလှောင်အိတ်အတွင်းမှ အသံတစ်သံ ထွက်ပေါ်လာသည်။
လုယွီ မတုံ့ပြန်နိုင်သေးမီမှာပင် အနက်ရောင်ပုံရိပ်တစ်ခုပ သူ၏သိုလှောင်အိတ်မှအတားအဆီးကို ချိုးဖျက်ပြီး ပြင်ပသို့ ပျံဝဲထွက်သွားသည်။
အမ်...
ထိုမြင်ကွင်းကိုမြင်သည်နှင့် လုယွီက မျက်မှောင်ကြုတ်လိုက်မိ၏။
Chapter 1945
လုယွီက ဂရုတစိုက် ကြည့်လိုက်ရာ သူ့အား ဖေးထျန်ကွမ်းပေးထားသော ရွှံစေးမျောက်ရုပ်ထု ဖြစ်နေသည်ကို တွေ့ရှိလိုက်ရ၏။
ယခင်က ဖေးထျန်ကွမ်းသည် ရွှံစေးမျောက်ရုပ်ထုကို သူ့အားပေးခဲ့သော်လည်း လုယွီသည် ထိုအရာ၏အစစ်အမှန်ပုံစံကို ထွင်းဖောက်မြင်နိုင်ခဲ့ခြင်းမရှိချေ။
ဤအချိန်အခိုက်အတန့်တွင် ရွှံစေးမျောက်ရုပ်ထုပေါ်၌ သူ ခတ်နှိပ်ထားသော ချိပ်စည်းတံဆိပ်ပျောက်ကွယ်သွားသည်ကို မြင်တွေ့ရသဖြင့် သူ အလွန်အံ့အားသင့်သွားခဲ့သည်။
ဝင်္ကပါပညာရပ်အပေါ် လုယွီ၏ကျွမ်းကျင်မှုသည် ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးတွင်ပင် ထိပ်တန်းအဆင့်ဟု သတ်မှတ်နိုင်သည်။
သို့ရာတွင် ရွှံစေးမျောက်ရုပ်ထုသည် သူ ခတ်နှိပ်ထားသော ချိပ်စည်းတံဆိပ်ကို တိတ်တဆိတ် ဖယ်ရှားထားပြီးလေပြီ။
လုယွီ အကြီးအကျယ် အံ့အားသင့်နေစဥ်မှာပင် ရုတ်တရက် ရွှံစေးမျောက်ရုပ်ထုမှနေ၍ ပြင်းထန်သောစုပ်အားတစ်ရပ် ထွက်ပေါ်လာသည်။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ရှုရာနတ်ဘုရား၏နှလုံးမှနေ၍ မြေပြင်ပေါ်သို့ ပြန့်ကျဲနေသောသွေးများကို ရွှံစေးမျောက်ရုပ်ထုမှ အကုန်အစင်ဝါးမျိုသွားသည်။
ဝေါင်း...
ရှုရာနတ်ဘုရား၏ အက်ကွဲနေသောနှလုံးထံမှ မလိုလားသော ဟိန်းဟောက်သံသဲ့သဲ့ ထွက်ပေါ်လာသည်။
သို့ရာတွင် ထိုဟိန်းဟောက်သံသည် အချိန်တခဏသာ ထွက်ပေါ်လာပြီးနောက် ချက်ချင်းဆိုသလိုပင် လွင့်ပြယ်သွားလေ၏။
ရွှံစေးမျောက်ရုပ်ထုသည် စိတ်ကျေနပ်တင်းတိမ်မှုမရှိသော တက်တူတစ်ကောင်ကဲ့သို့ ရှုရာနတ်ဘုရား၏နှလုံးအတွင်းမှ သွေးများကို အရူးအမူး စုပ်ယူနေသည်။
မူလက အစပျိုးနေသော ရှုရာနတ်ဘုရား၏အရှိန်အဝါသည်လည်း စီးဆင်းနေသောရေအလား ရွှံစေးမျောက်ရုပ်ထု၏စုပ်ယူခြင်းကို ခံလိုက်ရ၏။
"နတ်ဘုရားရဲ့သွေးကိုတောင် စုပ်ယူနိုင်တာလား...ဒါက ဘယ်လိုအရာမျိုးလဲ"
လုယွီသည် ရွှံစေးမျောက်ရုပ်ထုမှထွက်ပေါ်နေသော အသက်စွမ်းအင်လှိုင်းများကို ခံစားမိချိန်တွင် သူက အနည်းငယ် ထိတ်လန့်တုန်လှုပ်သွားသည်။
နတ်ဘုရားသွေးသည် သာမာန်သက်ရှိမျိုးနွယ်များအတွက် တားမြစ်ချက်တစ်ခုဖြစ်သည်။
အကြောင်းအရင်းမှာ နတ်ဘုရားများသည် မြောက်မြားစွာသော သက်ရှိမျိုးနွယ်များ၏ယုံကြည်ကိုးကွယ်မှုမှ ဖြစ်တည်လာသောကြောင့်ပင်။နတ်ဘုရားများ၏သွေးများအတွင်းတွင် သူတို့အား ယုံကြည်ကိုးကွယ်သူများ၏ကံကြမ္မာစွမ်းအားများ ပါဝင်နေသည်။
အကယ်၍ သက်ရှိမျိုးနွယ်တစ်ယောက်သည် လုံလုံလောက်လောက် သန်မာမှုမရှိဘဲ နတ်ဘုရားသွေးကိုစုပ်ယူမိပါက ကံကြမ္မာစွမ်းအားကို တောင့်ခံနိုင်မည်မဟုတ်သဖြင့် သေဆုံးသွားရပေမည်။
ဤရွှံစေးမျောက်ရုပ်ထုသည် မည်သည့်ထိခိုက်မှုမျှမရှိဘဲ နတ်ဘုရားသွေးကို စုပ်ယူနိုင်ခြင်းမှာ ထိုအရာသည် သာမာန်ထက်သာလွန်ထူးကဲသော အရာတစ်ခုဖြစ်သည်ဟု ဖော်ပြနေခြင်းပင်။
အမွှေးတိုင်တစ်တိုင်စာ မပြည့်မီမှာပင် ရှုရာနတ်ဘုရား၏နှလုံးမှသွေးများအားလုံး ကုန်ဆုံးသွားလေပြီ။
ယဇ်ပလ္လင်အားလွှမ်းခြုံထားသော အေးစက်စက်ယင်ချီအရှိန်အဝါများအားလုံးလည်း ပျောက်ကွယ်သွားခဲ့သည်။
"ရှုရာနတ်ဘုရားက ဒီအကြံအစည်ဖြစ်မြောက်ဖို့ အချိန်အကြာကြီးယူခဲ့တာ...သူ ဒီနေရာမှာ သေဆုံးသွားရလိမ့်မယ်လို့ သူ တွေးမိမှာမဟုတ်ဘူး"
လုယွီက တီးတိုးရေရွတ်လိုက်၏။
"ဒါပေမယ့် ဒီလောက်ထိကြီးမားတဲ့ ဆူပူအုံကြွမှုကြီးဖြစ်နေတာကို တာယွီတော်ဝင်စစ်တပ်က ငြိမ်နေမှာမဟုတ်ဘူး...တခြားသူတွေရောက်မလာခင် ငါ မြန်မြန်ပြန်သွားမှရမယ်"
နတ်ဘုရားသွေးများအားလုံးကို စုပ်ယူပြီးနောက် ရွှံစေးမျောက်ရုပ်ထုသည် အနည်းငယ်တုန်ခါသွားပြီး လုယွီ၏သိုလှောင်အိတ်အတွင်းသို့ ပျံဝဲ၍ပြန်လည်ဝင်ရောက်လာခဲ့သည်။
လုယွီ ငိုရမည်လော ရယ်ရမည်လော မသဲကွဲတော့ချေ။
သူသည် ဂုဏ်သတင်းကြီးမားသော မြေအောက်လောကတာအိုသခင်ဖြစ်ခဲ့သော်လည်း ရွှံစေးမျောက်ရုပ်ထုသည် သူ၏ခွင့်ပြုချက်မရှိဘဲ သူ၏သိုလှောင်အိတ်အတွင်းမှ အဝင်အထွက်ပြုလုပ်နိုင်လေသည်။ဤကိစ္စကို တခြားသူများအား သူ ပြောပြပါက မည်သူမျှ ယုံကြည်ကြမည်မဟုတ်ချေ။
"ထားလိုက်တော့...သူ့မှာ မကောင်းတဲ့ရည်ရွယ်ချက်မျိုး ရှိပုံမရဘူး...ငါ သူ့ကို ဒီအတိုင်းထားလိုက်မယ်"
ထိုသို့တွေးတောပြီးနောက် လုယွီက အနည်းငယ်စိတ်သက်သာရာရသွားသည်။
ထိုအရာသည် ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ လုယွီထံ၌ ရင်ဆိုင်နိုင်သောနည်းလမ်းတစ်ခုရှိပေသည်။
ဤသည်က ခွန်အားမှသယ်ဆောင်လာသော ယုံကြည်ချက်ဖြစ်ပြီး ကျင့်ကြံသူတစ်ယောက်အတွက် အခြေခံအုတ်မြစ်လည်းဖြစ်သည်။
လုယွီထံ၌ ဤကဲ့သို့ အခြေခံအုတ်မြစ်မျိုး အခိုင်အမာ ရှိနေလေ၏။
"ရှုရာနတ်ဘုရား သေပြီ...တပ်တစ်တပ်လုံး နောက်ပြန်ဆုတ်မယ်"
လုယွီ၏အသံက ကျယ်လောင်ပြီး ကြည်လင်ပြတ်သားနေသည်။
ထိုအသံကိုကြားသည်နှင့် ပုန်းကွယ်နဂါးတပ်ခွဲရှိစစ်သားများထံမှ ဝမ်းမြောက်ဝမ်းသာ အော်ဟစ်သံများ ထွက်ပေါ်လာသည်။
"ဒါက တကယ်ကြီး အဆုံးသတ်သွားပြီလား...အိုး...ဒါက ကြီးမားတဲ့ တိုက်ပွဲအကျိုးဆောင်မှုကြီးပဲ"
လုကျင်းရှန့်နှင့်သိုက်ဖုန်းတို့သည် အလွန်အမင်း စိတ်လှုပ်ရှားနေပေ၏။
ဤတစ်ကြိမ်တွင် ရှုရာနယ်မြေ၏ကြီးမားသော ဆူပူအုံကြွမှုကြောင့် တော်ဝင်နန်းတော်မှလူများ ထိတ်လန့်တုန်လှုပ်သွားကြပေမည်။
သို့ရာတွင် ထိုဆူပူအုံကြွမှုကို လုယွီမှ တိတ်ဆိတ်ငြိမ်သက်စွာ ဖြေရှင်းပြီးလေပြီ။
ဤသည်က ကောင်းကင်အဆင့် တိုက်ပွဲအကျိုးဆောင်နိုင်မှုပင်။
"သူတို့ရဲ့အလောင်းတွေကိုသယ်ခဲ့...ရှန့်လင်းမြို့ကို သွားမယ်"
လုယွီသည် ယခုလက်ရှိနေရာ၌ရှိနေသော အရာရှိများ၏အလောင်းများကိုကြည့်ပြီး တည်ငြိမ်စွာ ပြောဆိုလိုက်၏။
သူ၏စိတ်အာရုံအောက်တွင် အစွမ်းထက်သောအရှိန်အဝါတချို့သည် ဤနေရာနှင့် နီးကပ်စပြုနေလေပြီ။
တစ်ဖက်လူများသည် ရှုရာနတ်ဘုရား၏လက်အောက်ငယ်သား ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ယခုလက်ရှိအချိန်၌ သူ စွန့်စားလိုစိတ်မရှိချေ။
သူ၏လောကီအင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်မျှဖြင့် အတင်းအကြပ်ဖိအားပေး၍ နက်နဲသိမ်မွေ့မိုးကောင်းကင်တာအိုခန္ဓာကိုယ်အား အသုံးပြုခဲ့သည်။ယခုလက်ရှိအချိန်၌ လုယွီသည် ပြန်လည်အားဖြည့်နိူင်ရန်အတွက် အချိန်လိုအပ်နေသည်။
စစ်သားများသည် ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် အလောင်းများကိုသယ်ဆောင်ကာ စစ်သင်္ဘောကို အရှိန်ကုန်မြှင့်၍ ထွက်ခွါခဲ့တော့သည်။
Thank For Reading.