← Chapters

အခန်း (၃၃၁၃-၃၃၁၄)

Vol. 218 Ch. 3313-3314

အခန်း (၃၃၁၃-၃၃၁၄)

Vol. 218 Ch. 3313-3314

အခန်း ၃၃၁၃ - တိုက်ပွဲ စတင်ပြီ

ဆူဇီမိုသည် ရှေ့တည့်တည့်မှာရှိသော ရွှေရောင်ကြာတောင်ထွတ်ရှိရာသို့ လျှောက်လှမ်းသွား၏။ သူချဉ်းကပ်လာသောအခါ သူ၏ မျိုးဆက်သွေးက ရွှေရောင်ကြာတောင်ထွတ်ကို အာရုံခံမိလိုက်၏။

ဆူဇီမိုသည် အတန်ကြာအောင် ရပ်တန့်နေပြီး ရွှေရောင်ကြာတောင်ထွတ်ကနေတစ်ဆင့် သူ၏ စိတ်ထဲသို့ ရှေးကျသော မှတ်ဉာဏ်တစ်ခုက တိုးဝင်လာ၏။

ကြာတောင်ထွတ်လေးခုနှင့် ဗဟိုတောင်ထွတ်ကြားမှာ ယိုယွင်းပျက်စီးနေသည့် ရှေးဟောင်းအဆောက်အအုံများ ရှိနေ၏။

အဓိပတိသာလွန်သူ လင်းမင်နှင့် အခြားသူများက လျှောက်လှမ်းလာပြီး ထိုသည်ကို တွေ့မြင်သောအခါ သက်ပြင်းချလိုက်ကြ၏။

နှစ်ပေါင်းခြောက်ဘီလီယံကျော် ကြာပြီးနောက် အရာများစွာက ပြောင်းလဲသွားခဲ့လေပြီ။

ယိုယွင်းပျက်စီးနေသော အဆောက်အအုံများကနေတစ်ဆင့် အရင်တုန်းက ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာ၏ ပုံပန်းသဏ္ဌာန်ကို ခပ်ရေးရေး ခန့်မှန်းကြည့်နိုင်သည်။

ဆူဇီမိုသည် သူ၏ ခြေလှမ်းများကို ရပ်တန့်ခြင်းမရှိဘဲ ကြာတောင်ထွတ်လေးခု ခြံရံထားသည့် အလယ်မှာရှိသော ငွားငွားစွင့်စွင့်မြင့်မားသည့် တောင်ထွတ်ရှိရာသို့ လျှောက်လှမ်းသွား၏။ သို့သော်လည်း သူချဉ်းကပ်လာသည့်ခဏမှာပင် သူသည် ကြီးမားသည့် ခုခံမှုတစ်ရပ်ကို ခံစားလိုက်ရပြီး ရှေ့ဆက်မတိုးနိုင်တော့ပေ။

ဆူဇီမိုက အတင်းအကျပ် ဝင်ရောက်ခြင်း မရှိပေ။

ထိုအစား သူသည် ကြာတောင်ထွတ်လေးခုမှာ တစ်ခါပြီးတစ်ခါ ရပ်တန့်ပြီး မျက်စိမှိတ်ကာ ကျင့်ကြံနေ၏။

ဆူဇီမိုသည် ကြာတောင်ထွတ်လေးခုဘေးကနေ ဖြတ်သန်းသွားစဉ် သူသည် မျိုးဆက်မှတ်ဉာဏ်သုံးခုကို ရရှိလိုက်၏။

သူသည် ကမ္ဘာပျက်အနက်ရောင်ကြာပန်းကို မရရှိထားသရွေ့ သူသည် အနက်ရောင်ကြာတောင်ထွတ်၏ မျိုးဆက်မှတ်ဉာဏ်ကို ဆက်ခံရရှိနိုင်မည် မဟုတ်ပေ။

သို့သော်လည်း မျိုးဆက်မှတ်ဉာဏ်သုံးခုကပင် သူ့အတွက် အလွန်တရာ အရေးပါနေ၏။

၎င်းသည် ကစဉ့်ကလျားမဟာတာအိုကို ပို၍မြန်မြန်နားလည်ဆင်ခြင်နိုင်ရန် သူ့ကို ကူညီပေးသည့်အပြင် မျိုးဆက်မှတ်ဉာဏ်သုံးခုထဲမှာ အစီအရင်ဝင်္ကပါတစ်ခုကိုလည်း မှတ်တမ်းတင်ထားလေသည်။

ကြာစေ့လေးစေ့သည် ဤနေရာကို ကျဆင်းပြီး တောင်ထွတ်တစ်ခုစီအဖြစ် အသွင်ပြောင်းလဲသွားခဲ့၏။ ကြာတောင်ထွတ်လေးခုကြားမှာ ကစဉ့်ကလျားဝင်္ကပါက ဖြစ်ပေါ်လာသည်။

သူသည် မျိုးဆက်မှတ်ဉာဏ်သုံးခုကို ချေဖျက်နိုင်သည်နှင့်အမျှ သူသည် ကစဉ့်ကလျားဝင်္ကပါကို အသက်သွင်းဖို့ ကြိုးပမ်းကြည့်နိုင်ပေမည်။

မျိုးဆက်မှတ်ဉာဏ်များအရ ကစဉ့်ကလျားဝင်္ကပါ အသက်ဝင်လာသည်နှင့် သူတော်စင်များပင် ၎င်းကို ချိုးဖျက်ဖို့ ခက်ခဲပေလိမ့်မည်။

ကံဆိုးစွာနှင့်ပင် ဤမျိုးဆက်မှတ်ဉာဏ်များသည် ပြီးပြည့်စုံမှုမရှိတော့ဘဲ အလယ်မှာရှိသော တောင်ထွတ်၏ မူလဇာစ်မြစ်ကို မှတ်တမ်းတင်ထားခြင်း မရှိပေ။

အဓိပတိသာလွန်သူ လင်းမင်နှင့် အခြားသူများက ဆူဇီမို မျက်လုံးမှိတ်ကျင့်ကြံနေသည်ကို တွေ့မြင်သောအခါ သူတို့က သူ့ကို မဆင်မခြင် အနှောင့်အယှက်ပေးခြင်း မရှိပေ။ ထိုအစား သူတို့သည် ယိုယွင်းပျက်စီးနေသော ရှေးဟောင်းအဆောက်အအုံများကို ပြန်လည်သန့်စင်ပြီး သူတို့၏ ယခင်ပုံစံကို ပြန်လည်ရရှိလာဖို့ အတတ်နိုင်ဆုံး ကြိုးစားကြည့်နေကြ၏။

သုံးရက်ကြာပြီးနောက်...

မဟာကမ္ဘာတစ်ထောင်လောက၏ အရှေ့တောင်ဒေသမှာ ကောင်းကင်ထက်တွင် ဧရာမသင်္ဘောလေးစင်း ပေါ်ထွက်လာ၏။

သင်္ဘောလေးစင်းပေါ်တွင် သူတော်စင်မျိုးနွယ်သက်ရှိလေးဦး၏ အမှတ်သင်္ကေတများကို ရှင်းရှင်းလင်းလင်း ခတ်နှိပ်ထားလေသည်။ သူတို့ဖြတ်သွားရာနေရာတိုင်းမှာ သက်ရှိများအားလုံးက သူတို့ကို ရှောင်ကွင်းပြီး ကြောက်ရွံ့မှုဖြင့် အသံမထွက်ရဲကြပေ။

ထိုအခိုက်အတန့်မှာ သင်္ဘောပေါ်တွင် မတ်တတ်ရပ်နေသည့် အဓိပတိသာလွန်သူ ပညာရှင်တချို့ ရှိနေကြ၏။ သူတို့အားလုံးသည် အထွတ်အမြတ်ခိုလှုံရာလေးခုမှ သူတော်စင်မျိုးနွယ်ပညာရှင်များ ဖြစ်ကြသည်။

“ဆူဇီမိုရဲ့ ဘေးနားမှာ အရင်တုန်းက ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာရဲ့ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ မျိုးနွယ်ဝင်တွေ ရှိနေတယ်လို့ ငါကြားတယ်... သူတို့က အဆိပ်ငါးမျိုးနန်းတော်ကို ဖျက်ဆီးပစ်လိုက်ပြီ”

စကားပြောလိုက်သောသူက လက်နှစ်ဖက်ကို နောက်ပစ်ကာ မတ်တတ်ရပ်နေ၏။ သူသည် ယင်ယန်အထွတ်အမြတ်ခိုလှုံရာ၏ သူတော်စင်မျိုးနွယ် အဓိပတိသာလွန်သူ ချွေးထျန် ဖြစ်လေသည်။

ဘေးဘက်သင်္ဘောတစ်စင်းပေါ်မှာ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက အစိမ်းရောင်ဝတ်ရုံကို ဝတ်ထားပြီး မှင်သေသေဖြင့် ပြောလိုက်၏။

“အဲဒီရှင်သန်ကျန်ရစ်သူတွေကြားမှာ တာအိုသာလွန်သူပညာရှင် ရာချီရှိတယ်လို့ပြောတယ်... သူတို့တွေက ပြီးခဲ့တဲ့နှစ်တွေထဲမှာ ကောင်းကောင်း ပုန်းကွယ်နေခဲ့ကြတာပဲ... အခုမှပဲ ပေါ်ထွက်လာတော့တယ်”

ဤလူသည် နတ်ဘုရားအပြစ်ဒဏ်အထွတ်အမြတ်ခိုလှုံရာ၏ သူတော်စင်မျိုးနွယ် အဓိပတိသာလွန်သူ ချင်းယုံ ဖြစ်လေသည်။

“အဲဒါကြောင့်မဟုတ်ရင် ဒီကိစ္စကို ဖြေရှင်းဖို့အတွက် ငါတို့တွေ ပေါ်ထွက်လာဖြစ်မှာ မဟုတ်ဘူး”

ထွက်ရပ်လမ်းအထွတ်အမြတ်ခိုလှုံရာမှ သူတော်စင်မျိုးနွယ် အဓိပတိသာလွန်သူ ကျိုးယင်က ပြောလိုက်၏။

သူ့အသံသည် ကလေးအော်သံနှင့် တူပြီး အလွန်တရာ စူးရှနေ၏။ ခပ်ဖျော့ဖျော့ပုံရိပ်များက သူ၏ခန္ဓာကိုယ်ဘေးပတ်လည်မှာ ပေါ်ထွက်နေသည်။

လေဟာနယ်အချိန်အထွတ်အမြတ်ခိုလှုံရာမှ အဓိပတိသာလွန်သူ မုချီက လေးနက်သောအသံဖြင့် ပြောလိုက်၏။

“ငါတို့အထွတ်အမြတ်ခိုလှုံရာတွေရဲ့ သူတော်စင်မျိုးနွယ်လေးဦးက လူတိုင်းရဲ့ရှေ့မှာ သေခဲ့ရတယ်... ငါတို့က သူ့ကို သွေးနဲ့ပြန်ပေးဆပ်ခိုင်းရမယ်”

အဓိပတိသာလွန်သူပညာရှင်များက စိတ်လက်ပေါ့ပါးသော အမူအရာများနှင့်အတူ အေးအေးဆေးဆေး ပြောဆိုနေကြ၏။

လူတိုင်းသည် အခြေအနေကို ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်ထားသည်။

သွေးကြွေးနှင့် ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာမှ ရှင်သန်ကျန်ရစ်သူများသည် ဤတစ်ခေါက် သူတို့ပေါ်ထွက်လာခြင်း၏ အဓိကအကြောင်းရင်း မဟုတ်ပေ။

သူတို့၏ အဓိကရည်ရွယ်ချက်သည် ဖန်တီးခြင်းအစိမ်းရောင်ကြာပန်းနှင့် ကြမ္မာမီးအနီရောင်ကြာပန်းကို လုယူရန် ဖြစ်နေဆဲပင်။

ကုသိုလ်ရွှေကြာပန်းက ဆူဇီမိုနှင့် ပေါင်းစည်းသွားခဲ့ပြီကို ဤလူများက မသိရှိကြပေ။

ချွေးထျန်က ပြောလိုက်၏။

“ငါတို့အထွတ်အမြတ်ခိုလှုံရာ ငါးခုအတွက် ကြီးမားဆုံးအန္တရာယ်က အနောက်မြောက်ဘက်က ပြန်ဝင်စားခြင်းအထွတ်အမြတ်ခိုလှုံရာရဲ့ မိစ္ဆာမျိုးနွယ်နဲ့ တစ္ဆေမျိုးနွယ်တွေ ဖြစ်နေတုန်းပဲ”

“အဲဒါက တိုက်ဆိုင်မှုတစ်ခုပဲလား”

ချင်းယုံက မျက်မှောင်အနည်းငယ်ကြုတ်ကာ ပြောလိုက်၏။

“ငါတို့တွေက အနောက်မြောက်ဘက်က ကိစ္စကို အခုချိန်ထိ မဖြေရှင်းရသေးဘူး... ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာက ရှင်သန်ကျန်ရစ်သူတွေက ပြန်ပြီးပေါ်ထွက်လာပြီ... ဘဝအထွတ်အမြတ်ခိုလှုံရာက ဟိုလူသားတွေကလည်း နောက်ပြီးကျရင် ပြဿနာရှာလာကြဦးမလား”

“ငါတို့ အဆင်ပြေမှာပါ”

ကျိုးယင်က ပြောလိုက်၏။

“ဒီနှစ်တွေထဲမှာ လူသားမျိုးနွယ်က ဖိနှိမ်ခံထားရသလောက်နီးပါးပဲ... သူတို့ရဲ့ ကံတရားက ကျဆင်းလာခဲ့ပြီ... သူတို့က သူတို့ရဲ့ အရှိန်အဟုန်ကို ဆုံးရှုံးသွားခဲ့တာ ကြာခဲ့ပြီ... ငါတို့ရဲ့ အထွတ်အမြတ်ခိုလှုံရာ ငါးခုကို စိန်ခေါ်ရဲမှာ မဟုတ်ဘူး”

လူတိုင်း ဆွေးနွေးပြောဆိုနေစဉ် သူတို့သည် ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာရှေ့ကို ရောက်ရှိလာကြပြီဖြစ်၏။

သင်္ဘောလေးစင်းသည် အရှေ့တောင်ဒေသ၏ ကောင်းကင်ထက်မှာ မောင်းနှင်လာပြီး မရေမတွက်နိုင်သော တာအိုသာလွန်သူပညာရှင်များစွာ၏ အကြည့်များကို ဆွဲဆောင်မိခဲ့၏။ အမျိုးမျိုးသော အဖွဲ့အစည်းများသည် အရှေ့တောင်ဒေသမှာ ကြီးကြီးမားမား ကိစ္စတစ်စုံတစ်ရာ ဖြစ်ပျက်တော့မည်ကို နားလည်သိရှိလိုက်ကြ၏။

“အထွတ်အမြတ်ခိုလှုံရာလေးခုက ပညာရှင်တွေ ပေါ်ထွက်လာကြပြီ... ဟီးဟီး... ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာက မကြာသေးခင်ကမှ ပြန်ပြီးဦးမော့လာတာ... သူတို့က နောက်တစ်ခါထပ်ပြီး ဖျက်ဆီးခံရတော့မယ်”

“ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာမှာ တာအိုသာလွန်သူပညာရှင် ရာချီရှိတယ်လို့လည်း ငါကြားတယ်”

“အဲတော့ ဘာဖြစ်လဲ... သူတို့တွေက ဘယ်လိုပဲဖြစ်ဖြစ် အထွတ်အမြတ်ခိုလှုံရာလေးခုရဲ့ ပူးပေါင်းတိုက်ခိုက်မှုကို ခုခံနိုင်မှာ မဟုတ်ဘူး”

အမျိုးမျိုးသော အဖွဲ့အစည်းများမှာ တာအိုသာလွန်သူပညာရှင်များက တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာပြီး ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာ ရှိရာဘက်သို့ လျှောက်လှမ်းကာ အဝေးကနေ စောင့်ကြည့်ဖို့ ပြင်ထားကြ၏။

သင်္ဘောပျံလေးစင်း ရောက်ရှိလာသည့်ခဏမှာပင် အဓိပတိသာလွန်သူ လင်းမင်နှင့် ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာမှ အခြားသူများသည် တစ်ယောက်ပြီးတစ်ယောက် နိုးထလာကြ၏။

“သူတို့ ရောက်လာကြပြီပဲ”

“သခင်က တံခါးပိတ်ကျင့်ကြံနေတုန်းပဲလား”

အဓိပတိသာလွန်သူ ဟွိုက်အန်က မျက်မှောင်ကြုတ်ကာ မေးလိုက်၏။

အဓိပတိသာလွန်သူ လင်းမင်က ပြောလိုက်သည်။

“သခင်ရဲ့ကျင့်ကြံမှုနယ်ပယ်က လုံလောက်အောင် မမြင့်မားဘူး... သူက ဒီတိုက်ပွဲမှာ ကူညီပေးနိုင်မှာ မဟုတ်ဘူး... ငါတို့ ကိုယ့်အားကိုယ်ကိုးရလိမ့်မယ်”

အဓိပတိသာလွန်သူ ချန်ချင်းက လေးနက်သောအသံဖြင့် ပြောလိုက်၏။

“ငါတို့တွေ အသေအကြေ မတိုက်ခိုက်နိုင်လောက်ဘူးထင်တယ်... အခြေအနေမကောင်းတော့ရင် ငါတို့တွေ သခင်နဲ့အတူ ထွက်ပြေးကြရမယ်”

အဓိပတိသာလွန်သူ ဟွာရောက ပြောလိုက်၏။

“အရင်ဆုံး အပြင်ထွက်ပြီး သူတို့နဲ့ ညှိနှိုင်းဆွေးနွေးဖို့ ကြိုးစားကြည့်ရအောင်... ငါတို့ တိုက်ပွဲကို ရှောင်လွှဲနိုင်မယ်ဆိုရင် အကောင်းဆုံးပဲ”

ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာမှ သူတော်စင်မျိုးနွယ်သက်ရှိလေးဦးက ခဏကြာ ဆွေးနွေးပြောဆိုပြီးနောက် ကြာတောင်ထွတ်လေးခု၏ အပြင်ဘက်သို့ ရောက်ရှိလာကြ၏။

အခြားသော တာအိုသာလွန်သူပညာရှင်များကလည်း သုန်မှုန်နေပြီး အချိန်မရွေး တိုက်ခိုက်ဖို့ကို ပြင်ထားကြ၏။

အဓိပတိသာလွန်သူ လင်းမင်က လက်နှစ်ဖက်ကို ယှက်ကာ ပြောလိုက်၏။

“ကျုပ်က လင်းမင်ပါ... အထွတ်အမြတ်ခိုလှုံရာက တာအိုရောင်းရင်းတို့... ခင်ဗျားတို့ ဒီကို ဘာကြောင့်ရောက်လာသလဲ ကျုပ်သိပါရစေ”

“ဟဲဟဲ”

ချင်းယုံက လှောင်ရယ်လိုက်၏။

“မင်းက အသိသာကြီးကို လာမေးနေတာပဲ”

အဓိပတိသာလွန်သူ ချန်ချင်းက သူ၏အသံကို မြှင့်ကာ ပြောလိုက်၏။

“အရင်တုန်းက တိုက်ပွဲ ပြီးသွားခဲ့တာ နှစ်ပေါင်းခြောက်ဘီလီယံကျော် ကြာသွားခဲ့ပြီ... အားလုံးပဲ ကျုပ်တို့ကို အကုန်လုံး သုတ်သင်ရှင်းလင်းပစ်ဖို့ မလိုဘူးမလား”

“ဒါပေါ့... ဆူဇီမိုကို ထုတ်ပေးမယ်ဆိုရင် ငါတို့ မင်းတို့ကို အသက်ရှင်ခွင့်ပေးမယ်”

မုချီက မှင်သေသေဖြင့် ပြောလိုက်၏။

အဓိပတိသာလွန်သူ လင်းမင်က မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။

“တာအိုရောင်းရင်း... ခင်ဗျားပြောနေတဲ့လူက ကျုပ်တို့ရဲ့သခင်ပဲ... သူက ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာရဲ့ အရှင်ပဲ”

ကျိုးယင်က ခပ်စူးစူး အော်ပြောလိုက်၏။

“သူ့ကို ထုတ်ပေးလိုက်ရင် အခုကစပြီး မင်းတို့တွေက ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာရဲ့ သခင်တွေ ဖြစ်လာလိမ့်မယ်... ကောင်းကင်ဘုံသာလွန်သူပညာရှင်တစ်ဦးအတွက်နဲ့ မင်းတို့ရဲ့အသက်တွေကို ဆုံးရှုံးခံစရာမလိုဘူး”

ထိုစကားလုံးများသည် ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာ၏ တာအိုသာလွန်သူများကြားမှာ လှုပ်ခတ်သွားစေ၏။

အဓိပတိသာလွန်သူ လင်းမင်က သူ၏ခေါင်းကို ခါယမ်းလိုက်၏။

“တာအိုရောင်းရင်း... ခင်ဗျား နောက်နေတာပဲ ဖြစ်ရမယ်... ကျုပ်တို့က သူ့ကို ကျုပ်တို့ရဲ့သခင်အဖြစ် အသိအမှတ်ပြုထားပြီးဆိုမှတော့ သူ့ရဲ့ဘေးကင်းလုံခြုံမှုကို ကျုပ်တို့ အတတ်နိုင်ဆုံး ကြိုးစားကာကွယ်ပေးရလိမ့်မယ်”

“သခင်က ခင်ဗျားတို့ အထွတ်အမြတ်ခိုလှုံရာလေးခုနဲ့ ရန်ငြိုးရန်စမရှိဘူး... ဘိုးဘေးမီးအထွတ်အမြတ်ခိုလှုံရာက ကောင်းကင်ဘုံသာလွန်သူတွေ့ဆုံပွဲမှာ သူတော်စင်မျိုးနွယ်သက်ရှိလေးဦးက သခင်ရဲ့လက်ထဲမှာ သေခဲ့ရပေမဲ့ အဲဒါက အနှိုင်းမဲ့ကောင်းကင်ဘုံသာလွန်သူဘွဲ့အတွက် ယှဉ်ပြိုင်တိုက်ခိုက်မှုပဲ... လူတိုင်းက သူတို့ရဲ့ ကိုယ်စွမ်းကိုယ်စအပေါ် မှီခိုခဲ့ကြတယ်... သူတို့ရဲ့ သေဆုံးမှုအတွက် ဘယ်သူ့မှာမှ တာဝန်မရှိဘူး”

“အားလုံးပဲ... ခင်ဗျားတို့က အဲဒီကိစ္စကြောင့် သခင့်ကို တောင်းဆိုဖို့ ဒီကိုရောက်လာတာဆိုရင် တစ်လောကလုံးက ခင်ဗျားတို့ကို လှောင်ရယ်ကြလိမ့်မယ်”

ထိုစကားကို ကြားသောအခါ အထွတ်အမြတ်ခိုလှုံရာလေးခုမှ အဓိပတိသာလွန်သူလေးဦး၏ အမူအရာများက သုန်မှုန်သွားလေသည်။

“သူတို့နဲ့ ငြင်းခုံနေစရာ မလိုဘူး”

ချွေးထျန်က လက်ပြလိုက်၏။

“တိုက်ကြ”

ရွှစ်... ရွှစ်... ရွှစ်...

သင်္ဘောလေးစင်းပေါ်မှာ လူရိပ်များက တစ်ယောက်ပြီးတစ်ယောက် ပျံသန်းလာကြ၏။ ကျင့်ကြံမှုနယ်ပယ် အနိမ့်ဆုံးသည် တာအိုသာလွန်သူပညာရှင်များဖြစ်ပြီး သူတို့ကြားမှာ မဟာသာလွန်သူများနှင့် အဓိပတိသာလွန်သူများပင် ပါဝင်နေ၏။

အတူတကွ စုပေါင်းထားလျှင် အထွတ်အမြတ်ခိုလှုံရာလေးခုမှ တာအိုသာလွန်သူပညာရှင် တစ်ထောင်နီးပါး ရှိနေပြီး ကစဉ့်ကလျားအထွတ်အမြတ်ခိုလှုံရာထက် နှစ်ဆကျော် ပိုများလေသည်။

သူတော်စင်မျိုးနွယ် အဓိပတိသာလွန်သူလေးဦးဖြစ်သည့် ချွေးထျန်၊ ချင်းယုံ၊ ကျိုးယင်နှင့် မုချီတို့က တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်လာကြ၏။ သူတို့၏ သွေးချီက တလိပ်လိပ် ထိုးတက်လာလေသည်။ သူတို့သည် သူတို့၏ အစစ်အမှန်ပုံစံများသို့ ပြောင်းလဲပြီး သူတို့၏ မဟာတာအိုများနှင့်အတူ ပြေးဝင်လာကြ၏။

အခန်း ၃၃၁၄ - ဝင်္ကပါ၏ စွမ်းပကား

ထိုစဉ်မှာပင် အဓိပတိသာလွန်သူ လင်းမင်နှင့် အခြားသူများ၏ နောက်ဘက်မှာ ကြာတောင်ထွတ်တစ်ခုသည် ညောင်းညောင်းညုန်းညုန်း အော်မြည်ပြီး တုန်ခါလာ၏။ ၎င်းသည် ကောင်းကင်တစ်ခွင် လင်းထိန်စေသည့် ကျိန်းစပ်နေသော ရွှေရောင်အလင်းတစ်ခုကို ဖြာထုတ်ပေးလိုက်သည်။

ရွှေရောင်ကြာတောင်ထွတ်သည် ရွှေကြာပန်းတစ်ခု အပြည့်အဝ ဖူးပွင့်လာသကဲ့သို့ဖြစ်ပြီး မျက်စိစူးစရာကောင်းနေ၏။

ထို့နောက် ချက်ချင်းပင် ဒုတိယမြောက် ကြာတောင်ထွတ်ကလည်း တုန်ခါလာ၏။ အစိမ်းရောင်အလင်းများက လေထဲမှာ ပျံ့နှံ့ပြီး အဆုံးမဲ့အသက်ဓာတ်အားက တလိပ်လိပ် ထိုးတက်လာ၏။

ကြာတောင်ထွတ်နှစ်ခုက တုန်ခါပြီး ကစဉ့်ကလျား အထွတ်အမြတ်ခိုလှုံရာ၏ ဘေးပတ်လည်မှာ ဝင်္ကပါတစ်ခု ခပ်ရေးရေး ပေါ်ထွက်လာသည်။ ဝင်္ကပါမျက်လုံးများအဖြစ် ကြာတောင်ထွတ်နှစ်ခုနှင့်အတူ လျှို့ဝှက်ဆန်းကြယ်သည့် မရေမတွက်နိုင်သော အင်းကွက်များက ဝင်္ကပါပေါ်မှာ ရောင်ပြန်ဟပ်လာ၏။

တာအိုသာလွန်သူပညာရှင်များက ထိုသည်ကို တွေ့မြင်သောအခါ အံ့အားသင့်စွာဖြင့် မျက်မှောင်ကြုတ်လိုက်ကြ၏။

“အားလုံးပဲ... အထွတ်အမြတ်ခိုလှုံရာကို ပြန်လာခဲ့ကြ... ဒီဝင်္ကပါနဲ့အတူ စောင့်ကြပ်ကြမယ်”

တစ်ချိန်တည်းမှာပင် ဆူဇီမို၏ အသံက ထွက်ပေါ်လာ၏။

အဓိပတိသာလွန်သူ လင်းမင်က ခဏမျှ တွေဝေတုံ့ဆိုင်းပြီးနောက် လူအုပ်ကြီးကို ဦးဆောင်ကာ ကစဉ့်ကလျား အထွတ်အမြတ်ခိုလှုံရာသို့ ပြန်လည်ဆုတ်ခွာလာ၏။

သူတို့သည် ချွေးထျန်၊ ချင်းယုံနှင့် အခြားသူများနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်မည်ဆိုလျှင် သူတို့က ခဏကြာ တောင့်ခံထားနိုင်သည်။ သို့သော်လည်း သူတို့ကြားမှာ သေကြေပျက်စီးထိခိုက်မှုများ သေချာပေါက် ဖြစ်ပေါ်လာပေလိမ့်မည်။

ဤနေရာမှာ သူတို့ စောင့်ကြပ်နိုင်သည့် ဝင်္ကပါတစ်ခု ရှိမည်ဆိုလျှင် လူတိုင်းသည် ရှေ့တိုးမလား၊ နောက်ဆုတ်မလား အခြေအနေကို ချိန်ဆနိုင်ပြီဖြစ်သည်။

အဓိပတိသာလွန်သူ လင်းမင်နှင့် အခြားသူများသည် ကစဉ့်ကလျား အထွတ်အမြတ်ခိုလှုံရာသို့ ပြန်လည်ရောက်ရှိလာကြ၏။ တာအိုသာလွန်သူပညာရှင်များစွာ၏ တိုက်ခိုက်မှုများကလည်း ဆင်းသက်လာလေသည်။

မဟာတာအိုကနေ စုဖွဲ့ထားသည့် နတ်ဘုရားလက်နက်များစွာက မိုးပေါက်များကဲ့သို့ ကောင်းကင်ထက်ကနေ ကျဆင်းလာ၏။

ဝုန်း... ဝုန်း... ဝုန်း...

သို့သော်လည်း နတ်ဘုရားလက်နက်များသည် ကစဉ့်ကလျားဝင်္ကပါကို လုံးဝမထိုးဖောက်နိုင်ဘဲ ကမ္ဘာတုန်လောက်ဖွယ်ရာ ပေါက်ကွဲသံများဖြင့် ပစ်တိုက်ကျဆင်းကာ အစိမ်းရောင်ကြာတောင်ထွတ်နှင့် ရွှေရောင်ကြာတောင်ထွတ်ကို ယိမ်းထိုးသွားစေ၏။

အဓိပတိသာလွန်သူ လင်းမင်နှင့် အခြားသူများသည် ကစဉ့်ကလျား အထွတ်အမြတ်ခိုလှုံရာမှာ မတ်တတ်ရပ်နေကြ၏။

အထွတ်အမြတ်ခိုလှုံရာလေးခုက လောလောဆယ်မှာ ဝင်္ကပါကို မချိုးဖျက်နိုင်သည်ကို တွေ့မြင်သောအခါ သူတို့က စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။

“ဒီဝင်္ကပါက အရင်တုန်းက သူတော်စင်အရှင် ချန်ထားခဲ့တဲ့ နောက်ချန်အစီအစဉ်တစ်ခု ဖြစ်တဲ့ပုံပဲ”

“သူတော်စင်အရှင်က လက်ရှိသခင်ကို ကာကွယ်ဖို့အတွက် ကြိုးစားအားထုတ်မှုတွေ အများကြီး ပြုလုပ်ထားခဲ့တာပဲ... သူက မိုးမြေဖန်တီးခြင်းကားချပ်ကို ဖန်တီးခဲ့ရုံတင်မကဘူး... ဒီဝင်္ကပါကိုပါ ချန်ထားခဲ့သေးတယ်”

“ဒီဝင်္ကပါက ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲတော့ ငါမသိဘူး”

လူတိုင်း ဆွေးနွေးပြောဆိုနေစဉ် ဆူဇီမိုက ကြာတောင်ထွတ်တစ်ခုမှာ ကျင့်ကြံနေဆဲဖြစ်၏။ ဤနှစ်များအားလုံးမှာ သူသည် ကစဉ့်ကလျားဝင်္ကပါ၏ ဝင်္ကပါမျက်လုံးနှစ်ခုကိုသာ ထိန်းချုပ်ထားနိုင်ခဲ့သည်။

အနက်ရောင် ကြာတောင်ထွတ်၏ မျိုးဆက်မှတ်ဉာဏ်များကို သူ နားလည်ဆင်ခြင်နိုင်ခြင်း မရှိသည့်အချက်အပြင် ဤနေရာမှာ ယခုအချိန်ထိ သူ လုံးလုံးလျားလျား နားလည်ဆင်ခြင်ရခြင်း မရှိသေးသည့် နောက်ထပ် ကြာတောင်ထွတ် ဝင်္ကပါမျက်လုံးတစ်ခု ရှိနေ၏။

သူသည် ဤဝင်္ကပါမျက်လုံးကို ထိန်းချုပ်နိုင်သည်နှင့် ကစဉ့်ကလျားဝင်္ကပါ၏ စွမ်းအားက နောက်တစ်ဖန် မြင့်တက်လာပေလိမ့်မည်။

တကယ်ဆို တိုးတက်မှုသည် ခံစစ်မှာသာလျှင် မဟုတ်ဘဲ သူသည် တန်ပြန်တိုက်ခိုက်မှုကိုပါ ကြိုးပမ်းကြည့်နိုင်မည်ဖြစ်သည်။

ကစဉ့်ကလျား အထွတ်အမြတ်ခိုလှုံရာ အပြင်ဘက်မှာ…

အထွတ်အမြတ်ခိုလှုံရာလေးခုမှ ပညာရှင်များ၏ သွေးချီက ပေါက်ကွဲထွက်ပေါ်လာပြီး သူတို့သည် မဟာတာအိုထောင်ချီကို ထိန်းချုပ်ကာ ကစဉ့်ကလျားဝင်္ကပါကို အဆက်မပြတ် တိုက်ခိုက်နေကြ၏။ သို့သော်လည်း သူတို့သည် ဝင်္ကပါ၏ ခံစစ်ကို မချိုးဖျက်နိုင်ကြပေ။

လူတိုင်းသည် ဝင်္ကပါ အထဲမှာ ရှိသော ဆူဇီမိုနှင့် အခြားသူများကို လှဲမချနိုင်သည့်အခါ သူတို့က မချင့်မရဲခံစားလာရ၏။

ကျိုးယင်က ခပ်စူးစူး အော်ပြောလိုက်၏။

“ဒီတိုင်း ဆက်သွားလို့မဖြစ်ဘူး... ငါတို့တွေ... ဒီဝင်္ကပါကို ချေဖျက်မယ့် နည်းလမ်းတစ်ခုကို စဉ်းစားရမယ်”

“မလွယ်ဘူး”

ချင်းယုံက ခေါင်းခါပြလိုက်၏။

“ဒီဝင်္ကပါရဲ့ အဓိကအမှတ်က ကြာတောင်ထွတ်နှစ်ခုပေါ်မှာပဲ... ဒါပေမဲ့ အဲဒီတောင်ထွတ်တွေကို ဖျက်ဆီးလို့မရဘူး... ငါတို့မပြောနဲ့... အရင်တုန်းက ငါတို့မျိုးနွယ်က သူတော်စင်တွေ ဒီကိုရောက်လာခဲ့တုန်းကတောင် သူတို့က ကြာတောင်ထွတ်လေးခုကို လှဲမချနိုင်ခဲ့ဘူး”

ထိုစဉ်မှာပင် ချွေးထျန်၏ မျက်လုံးများသည် ယင်နှင့်ယန်အဖြစ် ဆင့်ကဲပြောင်းလဲပြီး ဂမ္ဘီရအလင်းနှစ်ခုကို ထုတ်လွှတ်ကာ ကစဉ့်ကလျား အထွတ်အမြတ်ခိုလှုံရာ၏ ဝင်္ကပါပေါ်သို့ ဆင်းသက်သွားစေပြီး အားနည်းချက်ကို ရှာဖွေနေ၏။

ခဏနေပြီးနောက် ချွေးထျန်က ရုတ်တရက် ပြောလိုက်၏။

“ဒီဝင်္ကပါက လုံးလုံးလျားလျား အသက်မဝင်သေးဘူး… ငါတို့က နည်းဗျူဟာပြောင်းပြီး ဝင်္ကပါရဲ့ တခြားဝင်္ကပါမျက်လုံးနှစ်ခုကို တိုက်ခိုက်ရမယ်”

တောင်ထွတ်လေးခုထဲမှာ နှစ်ခုက အသက်ဝင်လာပုံရ၏။

အခြားနှစ်ခုကတော့ တိတ်ဆိတ်နေပုံရလေသည်။

ချွေးထျန် ပြောသည်မှာ မှန်လေသည်။ ဆူဇီမိုသည် ယခုအချိန်ထိ ကြာတောင်ထွတ်နှစ်ခု၏ ဝင်္ကပါမျက်လုံးများကို ထိန်းချုပ်နိုင်ခြင်း မရှိသေးဘဲ သူတို့သည် ကစဉ့်ကလျား ဝင်္ကပါ၏ အားနည်းချက်များ တကယ်ပင် ဖြစ်လေသည်။

အထွတ်အမြတ်ခိုလှုံရာလေးခုမှ ပညာရှင်များက ထိုစကားကို ကြားသောအခါ သူတို့သည် အစိမ်းရောင် ကြာတောင်ထွတ်နှင့် ရွှေရောင်ကြာတောင်ထွတ်ကို ကွေ့ပတ်ပြီး အနီရောင် ကြာတောင်ထွတ်နှင့် အနက်ရောင် ကြာတောင်ထွတ်များ ရှိရာသို့ ဦးတည်လိုက်ကြ၏။

ထင်မှတ်ထားသည့်အတိုင်းပင်…

လူတိုင်း၏ တိုက်ခိုက်မှုများသည် ထိုကြာတောင်ထွတ်နှစ်ခုကြား ချိတ်ဆက်မှုပေါ်သို့ ဆင်းသက်သောအခါ ကစဉ့်ကလျားဝင်္ကပါကို အဆက်မပြတ် ယိမ်းထိုးသွားစေ၏။ ဝင်္ကပါပေါ်ရှိ မှော်စာလုံးများက တဖြည်းဖြည်း ကွာကျပြီး အလင်းရောင်က တဖျပ်ဖျပ် ဖြစ်လာ၏။

အဓိပတိသာလွန်သူ ချန်ချင်းက မျက်မှောင်အနည်းငယ်ကြုတ်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်၏။

“မကောင်းတော့ဘူး... အဲဒါက ဝင်္ကပါရဲ့ အားနည်းချက်ဖြစ်တဲ့ပုံပဲ... သူတို့ ချိုးဖျက်ဝင်ရောက်လာမယ်ဆိုရင် ဝင်္ကပါက သိပ်ကြာကြာ တောင့်ခံနိုင်မှာမဟုတ်ဘူး”

ဝုန်း...

ထိုစဉ် ကျယ်လောင်သော မြည်ဟည်းသံတစ်သံက ရုတ်တရက် ထွက်ပေါ်လာ၏။

အနီရောင် ကြာတောင်ထွတ်သည် လောင်ကျွမ်းတောက်ပလာပုံရပြီး တတိယမြောက် ဝင်္ကပါမျက်လုံးက အသက်ဝင်လာလေသည်။

ဆူဇီမိုသည် သူ၏ မျက်လုံးနှစ်ဖက်ကို ဆတ်ခနဲဖွင့်လိုက်ပြီး အတွေးတစ်ချက်နှင့်အတူ ကစဉ့်ကလျားဝင်္ကပါ၏ အော်ရာက ပြောင်းလဲသွား၏။

ရုတ်တရက် ဝင်္ကပါပေါ်မှ မှော်စာလုံးများက ကွာကျပြီး နတ်ဘုရားလက်နက်များအဖြစ် အသွင်ပြောင်းလဲကာ အသိစိတ်ရှိသည့်အလား အထွတ်အမြတ်ခိုလှုံရာလေးခု၏ လူအုပ်ကြားထဲသို့ ပစ်ဝင်သွားလေသည်။

ကစဉ့်ကလျားဝင်္ကပါပေါ်မှာ ဝင်္ကပါအင်းကွက်တစ်ခုချင်းစီတိုင်းသည် မဟာတာအို၏ အမှတ်အသား ဖြစ်လေသည်။

နတ်ဘုရားလက်နက်များသည် မဟာတာအိုလက်နက်များနှင့် တူညီလေသည်။

ဖောက်... ဖောက်... ဖောက်...

အထွတ်အမြတ်ခိုလှုံရာလေးခုမှ တာအိုသာလွန်သူပညာရှင်များသည် အငိုက်မိသွားပြီး သွေးမြူတစ်ခုက ချက်ချင်းပင် ပေါက်ကွဲထွက်ပေါ်လာ၏။ သူတို့သည် ကစဉ့်ကလျားဝင်္ကပါ၏ တန်ပြန်တိုက်ခိုက်မှုမှာ ထိတ်ထိတ်ပျာပျာ ဖြစ်သွားကြ၏။

ချွင်...

ချွေးထျန်က ကစဉ့်ကလျားဝင်္ကပါ၏ နတ်ဘုရားလက်နက်တစ်ခုကို ပိတ်ဆို့တားဆီးပြီး အော်ပြောလိုက်၏။

“အားလုံးပဲ သတိထားကြ”

ကစဉ့်ကလျားဝင်္ကပါ၏ တတိယမြောက် ဝင်္ကပါမျက်လုံး အသက်ဝင်လာပြီး ဝင်္ကပါ၏ ခံစစ်ကို နောက်တစ်ဆင့်သို့ မြှင့်တင်ပေးလိုက်၏။

အနက်ရောင် ကြာတောင်ထွတ်မှာ အားနည်းချက်တစ်ခု ရှိနေဆဲဖြစ်သော်လည်း ကြာတောင်ထွတ်သုံးခု၏ ချိတ်ဆက်မှုက ၎င်းကို ဖာထေးနိုင်လေသည်။

ဒါ့အပြင် ဆူဇီမို၏ ထိန်းချုပ်မှုအောက်မှာ ကစဉ့်ကလျားဝင်္ကပါသည် တန်ပြန်တိုက်ခိုက်မှုကို အဆက်မပြတ်ထုတ်ဖော်ပြီး အထွတ်အမြတ်ခိုလှုံရာလေးခု၏ ဖွဲ့စည်းပုံကို ပြိုကွဲသွားစေ၏။

အဓိပတိသာလွန်သူ လင်းမင်၊ အဓိပတိသာလွန်သူ ချန်ချင်းနှင့် အခြားသူများက ထိုသည်ကို တွေ့မြင်သောအခါ တိတ်တဆိတ် ထိတ်လန့်သွားကြ၏။

တာအိုသာလွန်သူပညာရှင်များစွာသည် အထင်အမြင်မသေးရဲတော့ဘဲ ဆူဇီမိုကို ကြည့်လိုက်ကြ၏။

ဤကစဉ့်ကလျားဝင်္ကပါနှင့်အတူ ဆူဇီမိုသည် တာအိုကြီးစိုးမှုနယ်ပယ်မှာ ပြိုင်ဘက်ကင်းနေပြီဖြစ်သည်။

သူတော်စင်မျိုးနွယ်မှ အဓိပတိသာလွန်သူများပင် သူ့ကို ထိခိုက်အောင် လုပ်ဖို့နေနေသာ အနားကိုပင် မချဉ်းကပ်နိုင်ကြပေ။

ကစဉ့်ကလျားဝင်္ကပါ၏ တန်ပြန်တိုက်ခိုက်မှုမှာ သူတော်စင်မျိုးနွယ်မှ အဓိပတိသာလွန်သူလေးဦးသာလျှင် ၎င်းကို ခုခံချေဖျက်နိုင်ကြ၏။ ကျန်လူများက ရှုံးနိမ့်ပြီး ဆုတ်ခွာထွက်ပြေးသွားကြပြီဖြစ်၏။

အထွတ်အမြတ်ခိုလှုံရာလေးခုမှ တာအိုသာလွန်သူပညာရှင်များက တကယ်ပင် အစွမ်းထက်လေသည်။

ကစဉ့်ကလျား ဝင်္ကပါ၏ ပထမဆုံး တန်ပြန်တိုက်ခိုက်မှုက တာအိုသာလွန်သူသုံးဦးနှင့် မဟာတာအိုသာလွန်သူတစ်ဦးကို သတ်ဖြတ်နိုင်ခဲ့သည်ကလွဲလျှင် အခြားသော ပညာရှင်များက ကြိုတင်ပြင်ဆင်ပြီး ရှင်သန်နိုင်ခဲ့ကြလေသည်။

ယခုအချိန်မှာ သူတော်စင်မျိုးနွယ်မှ အဓိပတိသာလွန်သူလေးဦးသာလျှင် ကစဉ့်ကလျားဝင်္ကပါရှေ့မှာ မတ်တတ်ရပ်လျက် ကျန်ရစ်ခဲ့ကြ၏။

“ဆူဇီမို...”

ကျိုးယင်က ခပ်စူးစူး အော်ပြောလိုက်၏။

“မင်း သတ္တိရှိရင် ထွက်လာခဲ့... မင်းက အထဲမှာ ပုန်းနေနိုင်ရုံနဲ့ မင်းကိုယ်မင်း အစွမ်းထက်တယ် ထင်နေလို့လား”

ဆူဇီမိုက ထိုစကားကို ကြားသောအခါ သူ့ကို အရေးပင် လုပ်မနေပေ။

အဓိပတိသာလွန်သူ လင်းမင်က ဟားတိုက်ရယ်မောလိုက်၏။

“မင်းတို့ အဓိပတိသာလွန်သူ ပညာရှင်တစ်စုက မဟာကောင်းကင်ဘုံသာလွန်သူတစ်ဦးကို ကိုင်တွယ်ဖို့အတွက် ဒီကို စုဝေးရောက်ရှိနေကြတာပဲ... အဲဒါကိုရော သိပ်ပြီးအစွမ်းထက်တယ်လို့ ယူဆရမှာလား”

“ငါ့အမြင်တော့ မင်းတို့ အထွတ်အမြတ်ခိုလှုံရာလေးခုက တကယ်ကို အရှက်မဲ့တာပဲ”

အဓိပတိသာလွန်သူ ဟွိုက်အန်ကလည်း လှောင်ရယ်လိုက်၏။

သူတော်စင်မျိုးနွယ်မှ အဓိပတိသာလွန်သူလေးဦး၏ အမူအရာက သုန်မှုန်သွားလေသည်။ သို့သော်လည်း သူတို့သည် ကစဉ့်ကလျား အထွတ်အမြတ်ခိုလှုံရာမှာ ရှိနေသော ဆူဇီမိုနှင့် ရင်ဆိုင်ရချိန်မှာ ဘာမှမတတ်နိုင်ကြပေ။

သူတော်စင်မျိုးနွယ်မှ အဓိပတိသာလွန်သူလေးဦးသည် မချင့်မရဲဖြစ်နေပြီး ကစဉ့်ကလျားဝင်္ကပါကို နောက်တစ်ဖန် တိုက်ခိုက်လိုက်ကြ၏။

နောက်ဆုံးမှာတော့ သူတို့သည် မတတ်သာဘဲ ဆုတ်ခွာရပြီး တန်ပြန်တိုက်ခိုက်မည့် နည်းလမ်းကို ဆွေးနွေးလိုက်ကြ၏။

ဤအတိုင်းသာ ဆက်သွားလျှင် ဝင်္ကပါကို လှဲမချနိုင်ခင် သူတို့က ခြေကုန်လက်ပန်းကျသွားပေလိမ့်မည်။

“ဆူဇီမို... မင်း အထဲမှာ အမြဲတမ်း ပုန်းနေနိုင်မယ်လို့ ငါမယုံဘူး”

မုချီက သူ၏ လက်သီးနှစ်ဖက်ကိုဆုပ်ပြီး တည်တံ့စွာ ပြောလိုက်၏။

“ရတယ်လေ... ဒီတိုင်းပဲ ဆက်ဆွဲကြတာပေါ့... ငါလည်း အလောတကြီး ရှိမနေပါဘူး”

ဆူဇီမို၏ အသံက ဂရုမစိုက်သည့်ဟန်ဖြင့် ထွက်ပေါ်လာပြီး သူတော်စင်မျိုးနွယ်မှ အဓိပတိသာလွန်သူလေးဦးကို ဒေါသချောင်းချောင်းထွက်သွားစေ၏။ သူတို့က မုန်းတီးစွာဖြင့် အံကိုတင်းတင်းကြိတ်လိုက်ကြ၏။

ဆူဇီမိုက တကယ်ပင် အလောတကြီး ရှိမနေပေ။

အနည်းဆုံးတော့ သူသည် လောလောဆယ်မှာ ကစဉ့်ကလျား အထွတ်အမြတ်ခိုလှုံရာကနေ ထွက်ခွာသွားလိမ့်မည် မဟုတ်ပေ။

သူသည် ကြာတောင်ထွတ်သုံးခုမှာ ကစဉ့်ကလျား မဟာတာအိုကို နားလည်ဆင်ခြင်လိုဆဲဖြစ်၏။ ထိုအချိန်ကျလျှင် သူ၏ ကျင့်ကြံမှုနယ်ပယ်က နောက်တစ်ဆင့်ကို မြင့်တက်သွားဖို့ အခွင့်အရေး ရှိလေသည်။

All Chapters