← Chapters

အခန်း (၃၃၀၃-၃၃၀၄)

Vol. 218 Ch. 3303-3304

အခန်း (၃၃၀၃-၃၃၀၄)

Vol. 218 Ch. 3303-3304

အခန်း ၃၃၀၃ - သူတော်စင်မျိုးနွယ်ကို သတ်ဖြတ်ခြင်း

သူတော်စင်မျိုးနွယ်သက်ရှိငါးဦး၏ မျိုးဆက်သွေးများသည် အခြားသူများကို ဖိနှိမ်နိုင်သော်လည်း ဖန်တီးခြင်းအစိမ်းရောင်ကြာပန်းနှင့် ကြမ္မာမီးအနီရောင်ကြာပန်းနှင့်ပေါင်းစည်းထားသည့် ဆူဇီမိုကို မဖိနှိမ်နိုင်ပေ။

သူတော်စင်မျိုးနွယ်သက်ရှိငါးဦး ဝိုင်းပတ်ထားစဉ် ဆူဇီမိုက ခေါင်းမော့ကာ မတ်တတ်ရပ်နေ၏။ သူ၏ သွေးချီက တလိပ်လိပ်ထိုးတက်နေပြီး သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများက လျင်မြန်စွာသက်သာပျောက်ကင်းလာနေ၏။

သူတော်စင်မျိုးနွယ်သက်ရှိငါးဦးက သူတို့၏ ဝှက်ဖဲများ ထုတ်သုံးလာသည်ကို တွေ့မြင်သောအခါ ဆူဇီမိုကလည်း သူ၏ အစွမ်းကုန်ဖြင့် တိုက်ခိုက်ဖို့ ပြင်ထားပြီဖြစ်၏။

အစကတော့ သူသည် ထိန်ချန်ထားလို၏။

သူတော်စင်မျိုးနွယ်မှ အစေခံနှစ်ဦးကို သတ်ဖြတ်လိုက်ရသည်က ကိစ္စကြီးတစ်ခုမဟုတ်ပေ။

သို့သော်လည်း သူသည် သူတော်စင်မျိုးနွယ်မှလူများကို သတ်ဖြတ်သည်နှင့် အထွတ်အမြတ်ခိုလှုံရာများနှင့် သူက သေချာပေါက် ရန်သူများဖြစ်လာပေလိမ့်မည်။

အထွတ်အမြတ်ခိုလှုံရာများသည် မဟာကမ္ဘာတစ်ထောင်လောကကို နှစ်ပေါင်းများစွာ စိုးမိုးခြယ်လှယ်လာခဲ့ပြီး ဤကိစ္စကို သေချာပေါက် ခွင့်လွှတ်လိမ့်မည် မဟုတ်ပေ။

အစကတော့ ဆူဇီမိုသည် ဤမျှထိမြန်မြန်ဆန်ဆန် အမျိုးမျိုးသော အထွတ်အမြတ်ခိုလှုံရာများမှ ပညာရှင်များ၏ ပစ်မှတ်ထားခြင်းကို မခံရလိုခဲ့ပေ။ သို့သော်လည်း သူက ယခုအချိန်မှာ ထိန်ချန်ထားမည်ဆိုလျှင် သူ၏ အသက်က အန္တရာယ်ရှိလာပေလိမ့်မည်။

“မင်းတို့တွေ အခုနေထွက်သွားမယ်ဆိုရင် မင်းတို့မှာ အသက်ရှင်ဖို့အတွက် အခွင့်အရေးတစ်ခုရှိနေသေးတယ်”

ဆူဇီမို၏ အကြည့်က သူတော်စင်မျိုးနွယ်သက်ရှိငါးဦးကို ဖြတ်သန်းသွားပြီး သူက ဖြည်းဖြည်းချင်းပြောလိုက်၏။

“ငါတို့တွေ စပြီးတိုက်ခိုက်တာနဲ့ ဟင်္သပဒါးငှက်တံဆိပ်ပြားတွေကတောင်မှ မင်းတို့တွေကို ကယ်တင်ပေးနိုင်မှာ မဟုတ်တော့ဘူး”

သူတော်စင်မျိုးနွယ်သက်ရှိငါးဦးကို အခက်တွေ့ကာ နောက်ဆုတ်သွားစေဖို့ သူ့ရင်ထဲကအသည်းထဲကနေ အမှန်တကယ်ဖျောင်းဖျပေးနေခြင်းဖြစ်၏။

သို့သော်လည်း ဖူစန်းထျန်နှင့် အခြားသူများအတွက်တော့ ဤသည်မှာ သူတို့ကို သက်သက်စော်ကားခြင်းဖြစ်လေသည်။

ရှဲ့လင်က ရယ်မောကာ ပြောလိုက်၏။

“သူတော်စင်မျိုးနွယ်က အန္တိမကောင်းကင်ဘုံသာလွန်သူတွေအနေနဲ့ ငါတို့တွေက ကျဆင်းသွားတာကြာပြီဖြစ်တဲ့ အပင်မျိုးနွယ်က ကောင်းကင်ဘုံသာလွန်သူတစ်ဦးရဲ့ အထင်အမြင်သေးတာကို ခံနေရပြီပဲ”

ချင်းယန်က ပြောလိုက်၏။

“သူက မောက်မာနေပြီဆိုမှတော့ သူတော်စင်မျိုးနွယ်ရဲ့ အစစ်အမှန်ခွန်အားကို သူ့ကို ပြပေးရတာပေါ့”

“သတ်…”

သူတော်စင်မျိုးနွယ်သက်ရှိငါးဦးက မာန်သွင်းအော်ဟစ်ပြီး သူတို့၏ လောကများကို တစ်ယောက်ပြီးတစ်ယောက်မြှောက်တင်ကာ မဟာတာအိုနယ်မြေဖြစ်စဉ်များကို စုဖွဲ့၍ ဆူဇီမိုကို လွှမ်းခြုံစေလိုက်၏။

တင်းခြောက်ပါးနှင့် ကျားခြောက်ပါးနတ်ဘုရားများမှာ အသွေးအသား၊ အမြုတေစိတ်ဝိညာဉ် သို့မဟုတ် လောကတစ်ခု၏ ကာကွယ်မှု မရှိကြပေ။ ထိုလောကများနှင့် မဟာတာအိုနယ်မြေဖြစ်စဉ်များ၏ ဖိနှိမ်မှုမှာ သူတို့သည် လုံးဝခံနိုင်ရည်မရှိဘဲ ပေါက်ကွဲထွက်သွား၏။

ဆူဇီမိုသည် သူ၏ စိတ်ဝိညာဉ်အသိစိတ်နှင့်အတူ စေညွှန်ပြီး သူ၏ နောက်ဘက်မှာ ကစဉ့်ကလျားလောကတစ်ခုကို ပေါ်ထွက်လာစေ၏။

ဤလောကမှာ အစိမ်းရောင်ကြာပန်းနှင့် အနီရောင်ကြာပန်းက အမြစ်တွယ်ပြီး အလင်းရောင်နှင့်အတူ ယိမ်းနွဲ့ကာ သူတော်စင်မျိုးနွယ်သက်ရှိများ၏ မဟာတာအိုဖြစ်စဉ်များကို ခုခံနေ၏။

လောကငါးခုသည် ကစဉ့်ကလျားလောကနှင့် ထိတွေ့ရိုက်ခတ်ပြီး ၎င်းကို ဖျက်ဆီးပစ်ချင်နေကြ၏။

သူတော်စင်မျိုးနွယ်သက်ရှိငါးဦး၏ ထင်မြင်ချက်အရ ဆူဇီမိုသည် တာအိုသုံးသပ်မှုနယ်ပယ်တွင် စဦးကျွမ်းကျင်မှုသာရရှိထားလေသည်။ မဟာတာအိုအငွေ့များသည် သူ၏ လောကထဲမှာ ယခုအချိန်ထိ ပြည့်နှက်ခြင်းမရှိသေးဘဲ သူသည် သူတို့၏ တိုက်ခိုက်မှုများကို လုံးဝခုခံနိုင်လိမ့်မည် မဟုတ်ပေ။

တကယ်တမ်းမှာလည်း ထိုသို့ပင်ဖြစ်သည်။

တာအိုသုံးသပ်မှုနယ်ပယ်၏ စဦးကျွမ်းကျင်မှုမှာ မဟာတာအို၏ အငွေ့အသက်များက ကစဉ့်ကလျားလောကထဲတွင် စတင်ဖြန့်ကြက်ရုံမျှသာဖြစ်၏။ သို့သော်လည်း ဆူဇီမို၏ ကစဉ့်ကလျားလောကကို ဖန်တီးခြင်းအစိမ်းရောင်ကြာပန်းနှင့် ကြမ္မာမီးအနီရောင်ကြာပန်းက ထောက်ပံ့ပေးထားပြီး ကစဉ့်ကလျားလောကကို တစ်မူထူးခြားစွာ တည်ငြိမ်နေစေ၏။

လောကငါးခု၏ မဟာတာအိုနယ်မြေဖြစ်စဉ်များ၏ ဖိနှိမ်မှုနှင့် ရိုက်ခတ်မှုနှင့်ပင် ကစဉ့်ကလျားလောကသည် လှုပ်ရှားယိမ်းယိုင်ခြင်းမရှိဘဲ သူတို့နှင့် ဆန့်ကျင်တိုက်ခိုက်နိုင်ဆဲဖြစ်၏။

လောကများကြားတိုက်ပွဲမှာ အချိန်တိုအတွင်း ရလဒ်တစ်ခုကို ဆုံးဖြတ်ပေးနိုင်မည် မဟုတ်ပေ။

သူတော်စင်မျိုးနွယ်သက်ရှိငါးဦးသည် နောက်တစ်ဖန်ချဉ်းကပ်လာကြ၏။ သူတို့၏ အစစ်အမှန်ပုံစံများကို ပြောင်းလဲပြီးနောက် သူတို့ငါးယောက်သည် သူတို့၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးများ၏ စွမ်ပကားကို သူတို့၏ အကန့်အသတ်ထိ ထုတ်ဖော်နိုင်ကြသည်။

သူတော်စင်မျိုးနွယ်သက်ရှိငါးဦးသည် အနီးကပ်တိုက်ခိုက်ရည်မှာ ဆူဇီမိုကို သတ်ဖြတ်ဖို့ ပြင်ထားကြ၏။

သူတို့ငါးယောက် ချဉ်းကပ်လာစဉ် ဆူဇီမိုသည် သူ၏ ခန္ဓာကိုယ်ထဲရှိ သွေးချီကို ၎င်း၏ အကန့်အသတ်ထိ လှည့်ပတ်လိုက်၏။ သူ၏ သွေးချီက သိပ်သည်းစုဖွဲ့လာပြီး သူ၏ နောက်ဘက်မှာ ကြာပန်းနှစ်ခု ပေါ်ထွက်လာလေသည်။

မျိုးဆက်သွေးနယ်မြေဖြစ်စဉ်…။

ကြာပင်နှစ်ပင်သည် လေထဲကို ထိုးတက်သွားပြီး ဒီရေလှိုင်းများကို ဆန်တက်ကာ လောကကို ဆုတ်ဖြဲပစ်ချင်နေ၏။ ဆူဇီမို၏ တိုက်ခိုက်ရည်ခွန်အားကလည်း ၎င်း၏ အကန့်အသတ်ထိ မြင့်တက်လာလေသည်။

တစ်ချိန်တည်းမှာပင် ဓားအလင်းနှစ်ခုက ကစဉ့်ကလျားကို ဆုတ်ဖြဲပြီး ဆူဇီမို၏ လက်ထဲသို့ ဆင်းသက်ရောက်ရှိလာ၏။

အဝီစိဓားနှင့် တမလွန်ဓား ပေါ်ထွက်လာလေသည်။

ဆူဇီမိုသည် သူ၏ မျိုးဆက်သွေးနယ်မြေကို ထုတ်ဖော်ခဲ့စဉ်မှာပင် သူတော်စင်မျိုးနွယ်သက်ရှိငါးဦးသည် ခြိမ်းခြောက်မှုများစွာကို မခံစားရဘဲ အံ့အားသင့်ခဲ့ခြင်း မရှိပေ။ သို့သော်လည်း အဝီစိဓားနှင့် တမလွန်ဓားပေါ်ထွက်လာသည့်ခဏမှာပင် သူတော်စင်မျိုးနွယ်သက်ရှိငါးဦးသည် တစ်ချိန်တည်းမှာပင် ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားကြ၏။

၎င်းသည် အလွန်တရာအန္တရာယ်များသော အော်ရာတစ်ခုဖြစ်သည်။

“တိုက်….”

ကျယ်လောင်သော နဂါးဟိန်းသံသည် ဆူဇီမို၏ လည်ချောင်းအနက်ပိုင်းထဲကနေ ပေါက်ကွဲထွက်ပေါ်လာ၏။

နောက်ခဏ၌ ဖန်တီးခြင်းအစိမ်းရောင်ကြာပန်းနှင့် ကြမ္မာမီးအနီရောင်ကြာပန်းသည် ဆူဇီမိုကို ဝန်းရံထားစဉ် သူက အဝီစိဓားနှင့် တမလွန်ဓားကို ကိုင်ဆွဲပြီး လူအုပ်ကြားထဲသို့ အရင်ဆုံးပစ်ဝင်သွား၏။

သူ၏ ပထမဆုံးပစ်မှတ်က ယင်ယန်အထွတ်အမြတ်ခိုလှုံရာမှ ဖူစန်းထျန်ဖြစ်၏။

သူတော်စင်မျိုးနွယ်သက်ရှိငါးဦး၏ တိုက်ခိုက်ရည်ခွန်အားသည် များစွာကွာခြားခြင်းမရှိဘဲ သူတို့အားလုံးသည် တာအိုသုံးသပ်မှုနယ်ပယ်၏ ထိပ်သီးပညာရှင်များဖြစ်ကြသည်။

သို့သော်လည်း ဆူဇီမိုအတွက်တော့ ဖူစန်းထျန်သည် သူတို့ငါးယောက်ထဲမှာ အားနည်းချက်ဖြစ်နေသည်။

သူသည် မီးပဒေသာဂမ္ဘီရကျောက်တုံးနှင့် တမလွန်မီးရောင်ဂမ္ဘီရကျောက်တုံးကို ပိုင်ဆိုင်ထားလေသည်။

စောစောက တိုက်ခိုက်ဖလှယ်မှုမှာ ဂမ္ဘီရကျောက်တုံးနှစ်တုံးသည် ဖူစန်းထျန်၏ မျိုးဆက်သွေးကို သိသိသာသာ ဖိနှိမ်နိုင်ခဲ့၏။

ဆူဇီမိုသည် သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို လှည့်ပတ်ပြီး သူ၏ စက္ခုနည်းစနစ်ကို ထုတ်ဖော်လိုက်၏။

သူ၏ ဘယ်ဘက်မျက်လုံးက နက်မှောင်လာပြီး သူ၏ ညာဘက်မျက်လုံးက ပကတိဖြူဖွေးလာ၏။ မီးပဒေသာနှင့် တမလွန်မီးရောင် စိတ်ဝိညာဉ်အသိစိတ်များသည် အနက်နှင့်အဖြူ အလင်းတစ်ခုကို ပစ်လွင့်ထုတ်ဖော်ပြီး လေထဲမှာ ရောထွေးယှက်ဖြာကာ ဖူစန်းထျန်ကို ဖိနှိမ်မည့် ထိုက်ကျိကားချပ်တစ်ခုကို ဖြစ်ပေါ်လာစေ၏။

“ဟမ်…”

ဖူစန်းထျန်၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွား၏။

စောစောက ဆူဇီမို၏ မျက်လုံးထဲမှာ နောက်ထပ်စကြဝဠာတစ်ခုရှိနေပုံရသည်ကို သူက အာရုံခံမိနိုင်ခဲ့သည်။ ထိုအခိုက်အတန့်မှာ ထုတ်ဖော်လိုက်သော ယင်နှင့်ယန်၏ စွမ်းအားသည် သူထိန်းချုပ်ထားသည့် ယင်ယန်စွမ်အားထက် ပိုမိုသန့်စင်ပြီး ပိုမိုသိပ်သည်းကျစ်လစ်နေ၏။

ဖူစန်းထျန်သည် သူ၏ ဧရာမခန္ဓာကိုယ်ကို ယိမ်းနွဲ့ပြီး လွှမ်းခြုံလာသော ထိုက်ကျိကားချပ်နှင့် ပြင်းထန်စွာပစ်တိုက်လိုက်၏။

ထိုက်ကျိကားချပ်က ကြီးမားသည့်ပုံမပေါ်သော်လည်း အထဲမှာ ယင်ယန်ငါးများက အဆက်မပြတ်ပြေးလိုက်ကာ ဖြည်းဖြည်းချင်းလည်ပတ်နေ၏။ အရာရာတိုင်းကို ခြုံငုံမိနိုင်သည့်အလား ယင်ထဲမှာ ယန်ရှိပြီး ယန်ထဲမှာယင်ရှိနေ၏။

သူတို့နှစ်ခုက တိတ်တဆိတ်ထိတွေ့ရိုက်ခတ်သွားသည်။

ဖူစန်းထျန်၏ ဧရာမခန္ဓာကိုယ်ကတော့ ၎င်းသည် ထိုက်ကျိကားချပ်ဖြင့် တစ်စတစ်စဝါးမျိုခြင်းခံနေရပြီး သူ့ခန္ဓာကိုယ်ထဲရှိ ယင်ယန်စွမ်းအားက တစ်စစီဆွဲထုတ်ခံနေရ၏။

“အား…”

အခြေအနေမကောင်းတော့သည်ကို ဖူစန်းထျန်တွေ့မြင်သောအခါ သူက ယန်ယင်လခြမ်းကွေးဓားများကို အလောတကြီးဝေ့ယမ်းပြီး တိုက်ခိုက်ဖလှယ်ကာ သူကလည်း ထိုက်ကျိကားချပ်တစ်ခုကို ဖန်တီးလိုက်၏။

ထိုက်ကျိကားချပ်နှစ်ခုသည် ဤတစ်ခေါက်မှာ ကျယ်လောင်သောမြည်သံဖြင့် ထိတွေ့ရိုက်ခတ်သွာသည်။

ထိုစဉ်မှာပင် သွေးရောင်ဓားအလင်းတစ်ခုက ဖျတ်ခနဲလက်သွား၏။

ဆူဇီမိုက တိုက်ခိုက်လိုက်ပြီဖြစ်သည်။

ဤအချိန်ကိုက်တိုက်ခိုက်မှုက ပြီးပြည့်စုံနေ၏။

ဖူစန်းထျန်က ထိုက်ကျိကားချပ်နှင့် ထိတွေ့ရိုက်ခတ်ဖို့အတွက် ယင်ယန်လခြမ်းကွေးဓားများကို ထိန်းချုပ်လိုက်သည့်ခဏမှာပင် သူက တခြားမည်သည့်အရာကိုမှ ဂရုစိုက်ဖို့အချိန်မရတော့ပေ။

“ဟမ့်…”

ဆူဇီမို၏ ဓားနှင့် ရင်ဆိုင်ရချိန်မှာ ဖူစန်းထျန်က လှောင်ရယ်လိုက်ရုံသာဖြစ်၏။

သူ့ခန္ဓာကိုယ်က အရမ်းကိုကြီးမားပြီး သူ၏ အသက်ဓာတ်အားက ပေါကြွယ်ဝလေသည်။

ဆူဇီမို၏ တမလွန်ဓားသည် သူ၏ မုတ်ဆိတ်တစ်ပင်စာလောက်ပင် မရှည်လျားပေ။ ဤကဲ့သို့သော ဓားချက်က သူ့ကို ထိခတ်လာမည်ဆိုလျှင်ပင် သူ၏ အခြေခံအုတ်မြစ်ကို လုံးဝထိခိုက်စေမည် မဟုတ်ပေ။

အချိန်အများစုမှာ ခွန်ဖန်းမျိုးနွယ်သည် တိုက်ပွဲထဲမှာ သူတို့၏ အစစ်အမှန်ပုံစံများသို့ အသွင်ပြောင်းလဲထားသည့်အခါ သူတို့သည် သူတို့ပြိုင်ဘက်များ၏ တိုက်ခိုက်မှုများကို လျစ်လျူရှူနိုင်ပြီး တိုက်ရိုက်တန်ပြန်တိုက်ခိုက်နိုင်ကြသည်။

ခွန်ဖန်းမျိုးနွယ်မှ တစ်ယောက်ယောက်သည် သူတို့လိုမျိုး တူညီသော အဖျက်စွမ်းအားကို ထုတ်ဖော်နိုင်သည့် ရန်သူတစ်ဦးနှင့် ရင်ဆိုင်ရမည်ဆိုလျှင် သူတို့သည် သေချာပေါက် ခြိမ်းခြောက်မှုကို ခံစားရလိမ့်မည်မဟုတ်ပေ။

သို့သော်လည်း သူတို့၏ ပြိုင်ဘက်များသည် ဤကဲ့သို့သော ပျက်စီးထိခိုက်မှုကို ခံနိုင်ရည်ရှိလိမ့်မဟုတ်ဘဲ နေရာမှာပင် သေဆုံးသွားရနိုင်သည်။

ကြီးမားသော ခန္ဓာကိုယ်နှင့် ပေါကြွယ်ဝသော အသက်ဓာတ်အား… ထိုသည်မှာ ခွန်ဖန်းမျိုးနွယ်၏ ခွန်အားဖြစ်သည်။

သို့သော်လည်း အချိန်တစ်ခုမှာ ၎င်းသည် သူတို့၏ အားနည်းချက်လည်း ဖြစ်လာနိုင်သည်။

သူတို့မှာ ကြီးမားသည့်ကိုယ်ကာယရှိသည့်အချက်သည် သူတို့က ကိုးရိုးကားယားနိုင်ပြီး လေးကန်သည်ဟု ဆိုလိုလေသည်။

ပြောင်မြောက်သော ဆူဇီမို၏ အချိန်ကိုက်တိုက်ခိုက်မှုနှင့်အတူ ဖူစန်းထျန်သည် ဆူဇီမို၏ ဓားကို လုံးဝမရှောင်တိမ်းနိုင်တော့ပေ။

ရွှစ်…

တမလွန်ဓားသည် ဖူစန်းထျန်၏ ခန္ဓာကိုယ်ပေါ်တွင် ကြီးမားသော ဒဏ်ရာတစ်ခုအဖြစ် ခုတ်ပိုင်းချလိုက်၏။

တကယ်တော့ ထိုဒဏ်ရာသည် ဆူဇီမိုနှင့်ယှဉ်မှသာ ကြီးမားသည်ဟု ထင်ရခြင်ဖြစ်သည်။

ဖူစန်းထျန်၏ ဧရာမ ခွန်ဖန်းခန္ဓာအတွက်တော့ ထိုဒဏ်ရာက လျစ်လျူရှု၍ ရသလောက်နီးပါးပင်။

ထိုသို့ခုတ်ပိုင်းချပြီးနောက် ဆူဇီမိုက ဖူစန်းထျန်ကို တစ်ချက်ပင်ထပ်မကြည့်တော့ပေ။ ထိုအစား သူက အဝီစိဓားကို ထိန်းချုပ်ပြီး ရှဲ့လင်ရှိရာသို့ ခုတ်ပိုင်းချလိုက်၏။

ရှဲ့လင်သည် အဝီစိဓားနှင့် တမလွန်ဓားက ဘယ်လောက်ကြောက်စရာကောင်းသလဲ နားလည်ထားပြီးသားဖြစ်ပြီး အန္တရာယ်ကို မဆင်မခြင်စွန့်စားလိမ့်မည် မဟုတ်ပေ။ ထိုအစား သူသည် ချီလင်ပေတံကို ဝေ့ယမ်းပြီး အဝီစိဓားရှိရာသို့ ပစ်ပေါက်ချလိုက်၏။

ချွင်…

သုံးပါးရတနာကျောက်စိမ်းတောင်ဝှေးသည် လေထဲကနေဆင်းသက်ပြီး ချီလင်ပေတံပေါ်သို့ အရင်ဆုံးဆင်းသက်ကာ ၎င်းကို အနည်းငယ်သွေဖယ်စေပြီး တမလွန်ဓားဘေးကနေ ကပ်ထွက်သွားစေ၏။

တမလွန်ဓားသည် ရပ်တန့်ခြင်းမရှိဘဲ သူရှိရာသို့ ခုတ်ပိုင်ကျဆင်းကာ နီးကပ်သည်ထက် နီးကပ်လာ၏။

ရှဲ့လင်က မျက်မှောင်ကြုတ်ပြီး နောက်သို့ဆုတ်ခွာချင်၏။ ထိုစဉ်မှာပင် ဘေးတစ်ဘက်တွင် ဖူစန်းထျန်၏ ဧရာမခန္ဓာကိုယ်သည် ကျယ်လောင်သော မြည်သံနှင့်အတူ ဟင်္သပဒါးငှက်စင်မြင့်ပေါ်သို့ ပစ်လဲကျပြီး မြေပြင်က လှုပ်ခါသွား၏။

ဖုန်များက တထောင်းထောင်းထသွားလေသည်။

ဖူစန်းထျန်၏ မျက်လုံးများက ပြူးကျယ်နေပြီး သူ၏ အကြည့်က မှေးမှိန်နေ၏။ သူ၏ အမြုတေစိတ်ဝိညာဉ်က ဖျက်ဆီးခံလိုက်ရပြီး သူက သေဆုံးသွားပြီဖြစ်သည်။

သူတော်စင်မျိုးနွယ်မှ ဖူစန်းထျန်က သေဆုံးသွားလေပြီ။

ခွန်ဖန်းမျိုးနွယ်၏ အသက်ဓာတ်အားက အလွန်တရာသန်မာပြီး သူတို့က သေဆုံးသွားလျှင်တောင် သူတို့၏ ခန္ဓာကိုယ်ထဲရှိ အသက်ဓာတ်အားက လုံးလုံးလျားလျား ပျက်ပြယ်မသွားပေ။

ထိုမြင်ကွင်းသည် တိုက်ပွဲနယ်မြေ၏ အထဲဘက်နှင့် အပြင်ဘက် နှစ်ခုစလုံးမှာ အုန်းအုန်းကျက်ကျက်ဖြစ်သွားစေ၏။

အခန်း ၃၃၀၄ - နောက်ထပ်သေဆုံးခြင်း

ဘိုးဘေးမီးအထွတ်အမြတ်ခိုလှုံရာမှာ…။

ဦးလေးဖုန့်သည်လည်း ကောင်းကင်ဘုံသာလွန်သူတွေ့ဆုံပွဲ၏ နောက်ဆုံးတိုက်ပွဲကို အာရုံစိုက်၍ ကြည့်ရှုနေ၏။ ဆူဇီမို၏ ဓားချက်အောက်မှာ ဖူစန်းထျန်သေဆုံးသွားသည်ကိုတွေ့မြင်သောအခါ သူက မျက်မှောင်ကြုတ်လိုက်မိသည်။

သူတော်စင်မျိုးနွယ်မှ တစ်ယောက်က သတ်ဖြတ်ခံလိုက်ရလေပြီ။

ဖူစန်းထျန်သည် တာအိုသုံးသပ်မှုနယ်ပယ်မှာသာရှိသော်လည်း အထွတ်အမြတ်ခိုလှုံရာများမှာ သူတော်စင်မျိုးနွယ်သက်ရှိ များစွာမရှိဘဲ အလွန်တရာရှားပါးသည်ဟု ဆိုနိုင်သည်။

မည်သို့ပင်ဆိုစေ သူတော်စင်မျိုးနွယ်၏ တစ်စိတ်တစ်ပိုင်းဖြစ်လာဖို့ အခြေအနေများက အရမ်းကိုတင်းကျပ်လွန်းလေသည်။ သူတို့မှာ ဘိုးဘေးဗီဇမျိုးဆက်သွေးရှိမှသာ အဆင့်မီနိုင်မည်ဖြစ်သည်။

မည်သည့်သူတော်စင်မျိုးနွယ်သက်ရှိမဆို အမျိုးမျိုးသော အထွတ်အမြတ်ခိုလှုံရာများအတွက် အဖိုးတန်ဆုံး ပါရမီရှင်များဖြစ်ကြသည်။

အမျိုးမျိုးသော အထွတ်အမြတ်ခိုလှုံရာများသည် တာအိုသာလွန်သူတစ်ဦး သတ်ဖြတ်ခံရမည်ဆိုလျှင်ပင် တုံ့ပြန်မှုများစွာ ရှိလိမ့်မည်မဟုတ်ပေ။

သို့သော်လည်း သူတော်စင်မျိုးနွယ်သက်ရှိတစ်ဦး သတ်ဖြတ်ခံရမည်ဆိုလျှင် ထိုအထွတ်အမြတ်ခိုလှုံရာများက ဤကိစ္စကို သေချာပေါက် ခွင့်လွှတ်မည်မဟုတ်ပေ။

တကယ်ဆို တာအိုသုံးသပ်မှုနယ်ပယ်သည် စဦးကျွမ်းကျင်မှုသာရရှိထားသည့် ဆူဇီမိုသည် ငါးယောက်နှင့်တစ်ယောက်တိုက်ခိုက်ရစဉ်မှာ သူတော်စင်မျိုးနွယ်မှလူတစ်ယောက်ကို တန်ပြန်တိုက်ခိုက်ကာ သတ်ဖြတ်နိုင်လိမ့်မည်ဟု ဦးလေးဖုန့်က ထင်မှတ်မထားခဲ့ပေ။

“ဒီတိုက်ပွဲပြီးရင် သူ့ကို ဘိုးဘေးမီးအထွတ်အမြတ်ခိုလှုံရာဆီ ဝင်ရောက်ဖို့ ဖိတ်ခေါ်လိုက်”

ထိုစဉ်မှာပင် ဦးလေးဖုန့်၏ စိတ်ထဲ အသံတစ်သံ ဝင်ရောက်လာ၏၊

ချက်ချင်းပင် ဦးလေးဖုန့်က စကားပြောလိုက်သောသူ၏ ရည်ရွယ်ချက်ကို ခန့်မှန်းမိလိုက်သည်။

ဤကောင်လေးသည် ဘိုးဘေးမီးအထွတ်အမြတ်ခိုလှုံရာသို့ ဝင်ရောက်မည်ဆိုလျှင် သူ့ဆရာ၏ ကာကွယ်မှုနှင့်အတူ အခြားသော အထွတ်အမြတ်ခိုလှုံရာများသည် သူ့ကိုလာရောက်တိုက်ခိုက်နိုင်ကြတော့မည် မဟုတ်ပေ။

မည်သို့ပင်ဆိုစေ ဤသည်မှာ ကောင်းကင်ဘုံသာလွန်သူများတိုက်ပွဲဖြစ်ပြီး ကျင့်ကြံမှုနယ်ပယ်တူများကြားမှာ သူတို့က တိုက်ခိုက်ခဲ့ကြလေသည်။

ဖူစန်းထျန်သည် ကိုယ်စွမ်းကိုယ်စ ညံ့ဖျင်းမှုအတွက် သူ့ကိုယ်သူသာ အပြစ်တင်ရပေမည်။

ဦးလေးဖုန့်က အသံတစ်ခုကို ပို့လွှတ်လိုက်၏။

“ဆရာ… ဒီလူ့ရဲ့ သရုပ်သကန်က ထူးခြားတယ်… ကျုပ်တို့က သူ့ကို လက်ခံထားမယ်ဆိုရင် သူက ခင်ဗျားအတွက် ပြဿနာတစ်ခုတောင်မှ ဖြစ်လာနိုင်တယ်… တစ်ချိန်တည်းမှာပဲ ဘိုးဘေးမီးအထွတ်အမြတ်ခိုလှုံရာမှာ ကျုပ်တို့ကိုယ်ကျုပ်တို့ ရှင်းပြဖို့ ခက်ခဲသွားလိမ့်မယ်”

“အဲဒါ မင်းအလုပ်မဟုတ်ဘူး”

အသံက မေးခွန်းမထုတ်နိုင်သောပုံစံဖြင့် နောက်တစ်ဖန်ထွက်ပေါ်လာ၏။

သူ၏ သခင်က ဆူဇီမိုကို ကာကွယ်ပေးလိုနေသည်မှာ သိသာနေ၏။

ဦးလေးဖုန့်က ကြိတ်၍ သက်ပြင်းချပြီး ခဏမျှစဉ်းစားတွေးတောကာ မေးလိုက်၏။

“ကျုပ်က ဒီလူနဲ့ ဆက်ဆံပြောဆိုခဲ့ဖူးတယ်… သူက ယုံကြည်မှုအရမ်းပြင်းထန်တယ်.. သူက ကျုပ်တို့ဘိုးဘေးမီးအထွတ်အမြတ်ခိုလှုံရာကို ဝင်ရောက်လိုမှာ မဟုတ်ဘူး… သူက မဝင်ရောက်ချင်ဘူးဆိုရင် ဘယ်လိုလုပ်မလဲ”

အသံက ခဏမျှ နှုတ်ဆိတ်သွားပြီးနောက် မှင်သေသေဖြင့်ပြောလိုက်၏။

“အဲဒါဆိုလည်း သူ့ကိုလွှတ်ပေးလိုက်”

ထိုစဉ် ဦးလေးဖုန့်သည် တစ်စုံတစ်ရာကို အာရုံခံမိသွားပြီး ဟင်္သပဒါးငှက်စင်မြင့်ရှိရာသို့ အလောတကြီးလှည့်ကြည့်လိုက်၏။ သူ၏ အမူအရာက ပြောင်းလဲသွားပြီး သူ၏ နှုတ်ခမ်းက တုန်ယင်ကာ တီးတိုးရေရွတ်လိုက်၏။

“နောက်ထပ် သေဆုံးမှု….လား”

. . . . .

“ဘာလဲဟ”

ဟင်္သပဒါးငှက်စင်မြင့်ပေါ်မှာ ဖူစန်းထျန်သေဆုံးသွားသည်ကို တွေ့မြင်သောအခါ ကျန်ရှိနေသော သူတော်စင်မျိုးနွယ်သက်ရှိလေးဦးက တုန်လှုပ်သွားပြီး သူတို့၏ အမူအရာများ ပြောင်းလဲသွားကြသည်။

ခွန်ဖန်းမျိုးနွယ်၏ အဖွဲ့ဝင်တစ်ဦးအနေဖြင့် ဖူစန်းထျန်မှာ ဘိုးဘေးဗီဇမျိုးဆက်သွေးရှိပြီး သူ၏ အသက်ဓာတ်အားက ပေါကြွယ်ဝကာ စွမ်းအားကြီးမားလေသည်။ သူတို့က သူနှင့် တိုက်ခိုက်မည်ဆိုလျှင်ပင် သူတို့အနေဖြင့် သူ့ကို တစ်ချီတည်းဖြင့် သတ်ဖြတ်ဖို့က မဖြစ်နိုင်ပေ။

သို့သော်လည်း ဖူစန်းထျန်သည် ဒဏ်ရာအနည်းငယ်ရရှိရုံမျှနှင့် နေရာမှာတင် သေဆုံးသွား၏။ ထိုမြင်ကွင်းသည် သူတော်စင်မျိုးနွယ်သက်ရှိလေးဦးကို တုန်လှုပ်သွားစေ၏။

ဒါဆို ဒီဓားက…။

သူတော်စင်မျိုးနွယ်သက်ရှိလေးဦး၏ အကြည့်များက နက်ရှိုင်းသောအကြောက်တရားနှင့်အတူ တမလွန်ဓားပေါ်သို့ ဆင်းသက်ရောက်ရှိသွားကြ၏။

အစကတော့ ရှဲ့လင်သည် အဝီစိဓား၏ ထက်ရှမှုကို ရှောင်လွှဲနိုင်ခဲ့သည်။ သို့သော်လည်း ဖူစန်းထျန်၏ သေဆုံးမှုကြောင့် သူက အနည်းငယ်စိတ်အာရုံပျံ့လွင့်ပြီး သူ၏ တုံ့ပြန်မှုက အနည်းငယ်နှေးကွေးသွား၏။

ရွှစ်…

အာဒိကပ္ပသမဂ္ဂမြင်းမြီးကျာပွတ်က တိတ်တဆိတ်တိုက်ခိုက်လာသည်။ ၎င်းမှာ ကိုယ်ပိုင်အသိစိတ်ရှိသည့်အလား ချည်မျှင်သုံးထောင်သည် ရှဲ့လင်၏ လက်ကောက်ဝတ်ကို ရစ်ပတ်ပြီး သူ၏ ခြေလက်များကို တုပ်နှောင်လိုက်၏။

ရှဲ့လင်းတုံ့ပြန်လည်သည့်အချိန်မှာ သူက မလှုပ်ရှားနိုင်တော့ဘူးဆိုတာကို နားလည်သဘောပေါက်လိုက်၏။

ဝုန်း…

ရှဲ့လင်က တုန်လှုပ်သွားပြီး သူ၏ အစွမ်းကုန်ကို ထုတ်ဖော်ကာ အာဒိကပ္ပသမဂ္ဂမြင်းမြီးကျာပွတ်ကနေ ရုန်းထွက်လိုက်၏။

သို့သော်လည်း ထိုကြန့်ကြာမှုနှင့်အတူ အဝီစိဓားသည် ခုတ်ပိုင်းကျဆင်းလာပြီဖြစ်၏။ ရှဲ့လင်သည် သေကွင်းသေကွက်ကို ရှောင်တိမ်းဖို့အတွက် သူ၏ ခေါင်းကိုသာ စောင်းငဲ့လိုက်ရ၏။

သူ၏ ခန္ဓာကိုယ်သည် အဝီစိဓား၏ ထက်ရှမှုကို ခုခံနိုင်ဖို့သာ မျှော်လင့်ထားနိုင်တော့သည်။

ချွင်…

အဝီစိဓားက ရှဲ့လင်၏ ပခုံးကို ထိခတ်ပြီး မီးပွားများစင်ထွက်သွား၏။

ဖောက်…

ဟန့်တားမှုအနည်းငယ်သာ ကြုံတွေ့ရပြီးနောက် အဝီစိဓားသည် ရှဲ့လင်၏ ရွှေရောင်ခန္ဓာကို ချိုးဖျက်ကာ အောက်သို့ခုတ်ပိုင်းချပြီး သူ၏ ခန္ဓာကိုယ်ကို နှစ်ပိုင်းထိုးခွဲလိုက်၏။

လတ်ဆတ်သောသွေးများက ပန်းထွက်ပြီး ဟင်္သပဒါးငှက်စင်မြင့်က နီစွေးသွားလေသည်။

တမလွန်ဓားသာဆိုလျှင် ၎င်းသည် ရှဲ့လင်၏ ရွှေရောင်ခန္ဓာကို ချိုးဖျက်နိုင်ပါ့မလား မသိနိုင်ပေ။ သို့သော်လည်း အဝီစိဓားက အထက်ရှဆုံးဖြစ်သည်။

ဆူဇီမိုသည် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတစ်ခု စတင်ဖို့ ဆုံးဖြတ်ပြီး ဓားနှစ်လက်ကို ကိုင်ဆွဲထားခဲ့ပြီဆိုမှတော့ သူသည် တမလွန်ဓားနှင့် အဝီစိဓား၏ စွမ်းပကားကို သူတို့၏ အကန့်အသတ်အထိ ထုတ်ဖော်ပေလိမ့်မည်။

တမလွန်ဓား၏ သတ်ဖြတ်လိုစိတ်သည် ဖူစန်းထျန်၏ ခန္ဓာကိုယ်ထဲရှိ သိပ်သည်းပြင်းထန်သော အသက်ဓာတ်အားကို လျစ်လျူရှုပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ကို ဖျက်ဆီးခဲ့သည်။

အဝီစိဓား၏ ထက်ရှမှုသည် ရှဲ့လင်၏ ရွှေရောင်ခန္ဓာခံစစ်ကို လျစ်လျူရှုပြီး သူ့ကိုနှစ်ပိုင်းထိုးခွဲလိုက်၏။

အဝီစိဓားသည် ငရဲ၏ မကောင်းဆိုးဝါးဆန်သော အော်ရာဖြင့် ပြည့်နှက်နေပြီး ရှဲ့လင်၏ အမြုတေစိတ်ဝိညာည်ကို မဟာအဝီစိထဲသို့ ဆွဲသွင်းကာ ၎င်းကို လုံးလုံလျားလျား ဖိနှိမ်လိုက်၏။

ရှဲ့လင်၏ အမြုတေစိတ်ဝိညာဉ်က သိပ်ကြာကြာမခံဘဲ သေဆုံးသွားလေသည်။

သူတော်စင်မျိုးနွယ်သက်ရှိငါးဦးထဲမှ နောက်ထပ်တစ်ဦး သတ်ဖြတ်ခံလိုက်ရလေပြီ။

ဤတိုက်ပွဲက ပြောရသည်မှာ နှေးကွေးသည်ဟု ထင်ရသော်လည်း သေခြင်းရှင်ခြင်းကို လျှပ်တစ်ပြက်အတွင်း ဆုံးဖြတ်ပေးသွားခဲ့သည်။

ဖူစန်းထျန်နှင့်ရှဲ့လင်ကို ဆက်တိုက်သတ်ဖြတ်လိုက်သော ဆူဇီမိုကတော့ သူသည် သူ၏ဝှက်ဖဲများအားလုံးကို ထုတ်ဖော်ခဲ့ရပြီဖြစ်ပြီး အခြားသော သူတော်စင်မျိုးနွယ်သက်ရှိများ၏ တိုက်ခိုက်မှုများကို ဆက်လက်၍ မခုခံနိုင်တော့ပေ။

ကောင်းကင်ဘုံကိုးလွှာသက်ရှိမြေဆီလွှာသာလျှင် ကျန်တော့ပြီး ၎င်းသည် အဝါရောင်သဲအဖြစ် အသွင်ပြောင်းလဲကာ သူ၏ ခန္ဓာကိုယ်ကို ကာကွယ်ပေးနေ၏။

ဖောက်…

လေ့ဟော်သည် ရှေ့သို့တက်လှမ်းပြီး ဆူဇီမို၏ ခေါင်းကို ကိုက်ချလိုက်၏။

ချင်းယန်၏ နဂါးကြေးခွံဓားက လေဟာနယ်ကို ဆုတ်ဖြဲပြီး ဆူဇီမို၏ လက်များကို ဖြတ်တောက်လိုက်၏။

ကျူးလျန့်၏ ဟင်္သပဒါးငှက်လှံကတော့ ၎င်းသည် ဆူဇီမို၏ ရင်ဘတ်ကို ထိုးဖောက်လိုက်ပြီး သူက လေထဲမှာလွင့်စင်ကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွား၏။

မြင်ကွင်းက ပြင်းထန်ကြမ်းတမ်းလွန်းပြီး ၎င်းကို စောင့်ကြည့်နေသည့် ဘိုးဘေးမီးအထွတ်အမြတ်ခိုလှုံရာမှ ကျင့်ကြံသူများစွာသည် အသက်ရှူဖို့ပင် မေ့လျော့နေကြ၏။

အဲဒါက တကယ့်ကို ချောက်ချားစရာကောင်းလွန်းလေသည်။

သူတော်စင်မျိုးနွယ်သက်ရှိနှစ်ဦးသေဆုံးမှုနှင့်အတူ ဆူဇီမို၏ ခေါင်းနှစ်လုံးလက်လေးဖက်အခြေအနေကလည်း ဖျက်ဆီးခံလိုက်ရပြီး သူ၏ ရင်ဘတ်မှာ တုန်လှုပ်စရာကောင်းသောပုံစံဖြင့် ပန်းကန်လုံးအရွယ် သွေးသံရဲရဲအပေါက်တစ်ပေါက် ပေါ်ထွက်လာ၏။

“ဒီလိုမျိုး ပြင်းထန်တဲ့ဒဏ်ရာတွေ ရရှိပြီးသွားရင် ဒီလူ့ရဲ့သွေးချီက အားနည်းသွားရမယ်… သူက ထပ်ပြီးတော့ တိုက်ခိုက်နိုင်မှာ မဟုတ်တော့ဘူး”

“ဒီလိုဆိုရင်တောင် သူက သူတော်စင်မျိုးနွယ်သက်ရှိနှစ်ဦးကို လှဲချနိုင်ခဲ့တဲ့အတွက် သူ့ကိုယ်သူဂုဏ်ယူသင့်နေပြီ… ဘယ်လောက်တောင်သန်မာအားကောင်းလိုက်တဲ့ တိုက်ခိုက်ရည်ခွန်အားလဲ”

“သူက ဟင်္သပဒါးငှက်တံဆိပ်ပြားကို ဆင့်ခေါ်ပြီး ဘာလို့ တိုက်ပွဲနယ်မြေကနေ ထွက်မပြေးတာလဲ”

“မင်းမမြင်လိုက်ဘူးမလား… စောစောက သူ့အနားကို လေ့ဟော်ချဉ်းကပ်လာတုန်းက သူက အဲဒီလူရဲ့ခါးက ဟင်္သပဒါးငှက်တံဆိပ်ပြားကို လုယူပြီး သူ့ရဲ့ထွက်လမ်းကို ဖြတ်တောက်ထားလိုက်ပြီ”

ဟင်္သပဒါးငှက်စင်မြင့်ပေါ်မှာ…။

ကျူးလျန့်၊ ချင်းယန်နှင့် လေ့ဟော်တို့သည် စောစောက တုန်လှုပ်မှုကနေ ရုန်းထွက်ပြီး အလျင်အမြန်ဣန္ဒြေပြန်ဆယ်လိုက်ကြ၏။

သူတို့အတွက်တော့ ဖူစန်းထျန်နှင့် ရှဲ့လင်၏ သေဆုံးမှုသည် ဆိုးသောအရာတစ်ခု ဟုတ်ချင်မှဟုတ်ပေလိမ့်မည်။

အနည်းဆုံးတော့ သူတို့မှာ ပြိုင်ဘက်နှစ်ယောက်လျော့ကျသွား၏။

ဖန်တီးခြင်းအစိမ်းရောင်ကြာပန်းနှင့် ကြမ္မာမီးအနီရောင်ကြာပန်းကို နောက်ဆုံးမှာ သူတို့ရရှိနိုင်မည့်အခွင့်အရေးကလည်း ပိုမိုမြင့်မားလာပေလိမ့်မည်။

ဘေးကနေ စောင့်ကြည့်နေသောမိန်းကလေး၏ အမူအရာက ဖြူဖပ်ဖြူရော်ဖြစ်နေပြီး သူမက ရှေ့ကိုတက်လှမ်းရမလား တွေဝေတုံ့ဆိုင်းနေ၏။ သို့သော်လည်း ဆူဇီမိုသည် ဟင်္သပဒါးငှက်စင်မြင့်ပေါ်မှာ မတ်တတ်ပြန်ထရပ်လာပြီဖြစ်၏။ သူ၏ ခန္ဓာကိုယ်က သွေးများဖြင့် စွန်းထင်းနေပြီး သူ၏ အနက်ရောင်ဆံပင်က ကခုန်နေ၏။ သို့သော်လည်း သူ၏ မျက်လုံးများက ပိုမိုနက်ရှိုင်းလာပြီး သူ၏တိုက်ပွဲဝင်စိတ်ဝိညာဉ်က လျော့ကျမသွားပေ။

သူ့ရင်ဘတ်ရှိ သွေးသံရဲရဲအပေါက်သည် အသားများလျင်မြန်စွာကြီးထွားလာပြီး မြင်နိုင်သောနှုန်းထားဖြင့် ကုသနေ၏။

သူ၏ သွေးချီက အားပျော့သွားသော်လည်း သူ၏ တိုက်ခိုက်ရည်ခွန်အားကို ဆုံးရှုံးသွားရသည့်အခြေအနေနှင့် ဝေးကွာလွန်းဆဲဖြစ်၏။

ဖန်တီးခြင်းအစိမ်းရောင်ကြာပန်း၏ အသက်ဓာတ်အားသည် ဘိုးဘေးဗီဇမျိုးဆက်သွေးရှိသော ခွန်ဖန်းထက် ဘယ်နည်းနှင့်မှ မနိမ့်ကျပေ။

ကြမ္မာမီးအနီရောင်ကြာပန်းနှင့် ပေါင်းစည်းမှုနှင့်အတူ သူ၏ ခန္ဓာကိုယ်က ပို၍ပင် သန်မာလာသည်။

ကျူးလျန့်နှင့် အခြားနှစ်ယောက်၏ အမူအရာက သုန်မှုန်နေ၏။

သူတို့သည် ဆူဇီမိုကို အသက်ရှူခွင့်ပေးလို့ မဖြစ်ဘူးဆိုတာ သူတို့သုံးယောက်က နားလည်သိရှိထားကြ၏။ ဤလူ့ခန္ဓာကိုယ်၏ ပြန်လည်ကုသနိုင်စွမ်းက သူတို့တွေးထင်ထားသည်ထက် များစွာသာလွန်နေ၏။

ရွှစ်…

သူတော်စင်မျိုးနွယ်သက်ရှိသုံးဦးသည် သူတို့၏ အမြုတေစိတ်ဝိညာည်တာအိုအမှတ်အသားများကို တစ်ချိန်တည်းမှာ ထုတ်လွှတ်လိုက်ကြ၏။

ဆူဇီမိုက တန်ပြန်တိုက်ခိုက်ခြင်း မရှိပေ။ စောစောက တိုက်ပွဲသည် သူ့အမြုတေစိတ်ဝိညာဉ်၏ စွမ်းအင်အမြောက်အမြားကို ကုန်ဆုံးစေခဲ့လေသည်။

သူ့အမြုတေစိတ်ဝိညာဉ်သည် သူ့အသိစိတ်ထဲရှိ ဖန်တီးခြင်းကြာခုံပေါ်မှာ မတ်မတ်ထိုင်နေ၏။ ပွင့်ချပ်များက ဖူးပွင့်လာပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ကို အထဲမှာထား၍ ကာကွယ်ပေးကာ အစိမ်းရောင်အလင်းများက ကြာခွက်ထဲကနေ လျှံထွက်လာ၏။

အမြုတေစိတ်ဝိညာဉ်တာအိုအမှတ်အသားများသည် သူ၏ အသိစိတ်ကို ချိုးဖျက်ပြီး ဟင်္သပဒါးငှက်၊ မိုးပြာနဂါးနှင့်၊ စွမ်နီတို့အဖြစ် အသွင်ပြောင်းလဲကာ သူ၏ အမြုတေစိတ်ဝိညာဉ်ရှိရာသို့ ပြေးဝင်လာ၏။

အမြုတေစိတ်ဝိညာဉ်များက တိတ်တဆိတ်တိုက်ခိုက်လိုက်ကြသည်။

အမြုတေစိတ်ဝိညာဉ်တာအိုအမှတ်အသားများကနေ အသွင်ပြောင်းလဲထားသည့် သာရဲတောကောင်သုံးကောင်က ဖန်တီးခြင်းကြာခုံ၏ အဟန့်အတားကို အဆက်မပြတ်တိုက်ခိုက်လိုက်သော်လည်း သူတို့သည် အတန်ကြာသည့်အထိ မချိုးဖျက်နိုင်သေးပေ။

တစ်ချိန်တည်းမှာပင် သူတော်စင်မျိုးနွယ်သက်ရှိက ထပ်မံ၍ တိုက်ခိုက်လိုက်ကြ၏။

ဇီ…

ဆူဇီမို၏ လက်က လှုပ်သွားပြီး တမလွန်ဓားနှင့် အဝီစိဓားက အနည်းငယ်တုန်ခါကာ ဝိညာဉ်ကို လှုပ်ခတ်စေသည့် ဓားတေးသံကို ထုတ်ဖော်လိုက်၏။

သူတော်စင်မျိုးနွယ်သက်ရှိသုံးဦးသည် အဝီစိဓားနှင့် တမလွန်ဓား၏ စွမ်းပကားကို ယခုတင် မြင်တွေ့ထားပြီး စိုးရိမ်ပူပန်နေသော အမူအရာများဖြင့် ရပ်တန့်လိုက်ကြ၏။

ထိုစဉ်မှာပင် ဆူဇီမိုက သူ၏ ဓားနှစ်လက်နှင့်အတူ နောက်တစ်ဖန်တိုက်ခိုက်လိုက်လေသည်။

All Chapters