အခန်း (၁၂၄)
Vol. 10 Ch. 124
ကိုးယောက်မြောက် မင်းသားက အေးစက်စက် ပြုံးလိုက်ပြီး- "မင်းတို့ ဧကရာဇ် နန်းတက်ပြီးကတည်းက ငွေကို ရေလို သုံးစွဲနေတယ်လို့ ငါကြားတယ်။ သိပ်တော့ မကျန်တော့မှာ မဟုတ်ဘူးလို့ ငါထင်တယ်"
"ခင်ဗျားဟာ သစ်ပင်ကိုသာမြင်ပြီး သစ်တောတစ်ခုလုံးကို မမြင်နိုင်တဲ့ အမြင်ကျဥ်းမြောင်းတဲ့ သူပဲ"
ချောင်ချောင်း က အားပါစွာဖြင့် ပြောလိုက်သည်- "တကယ်လို့ ကျုပ်တို့ဆီမှာသာ ပိုက်ဆံမရှိခဲ့ရင်၊ မဟာရှ နိုင်ငံဟာ ဒီနေ့အထိ ဘယ်လိုရပ်တည်နိုင်မှာလဲ၊ ဘယ်လောက်ကျန်တယ်ဆိုတာတော့ အတိအကျ ကျုပ် မသိပေမဲ့၊ ခင်ဗျား ထင်ထားတာထက်တော့ သေချာပေါက် ပိုများတယ်၊ ဘဏ္ဍာရေးဝန်ကြီးကို လာရောက်ရှင်းပြဖို့ ကျွန်တော် တောင်းဆိုပါတယ်"
ဘဏ္ဍာရေးဝန်ကြီး ဟီရှန်းသည် ရှေ့သို့ထွက်လာပြီး၊ ပထမဦးစွာ လင်းပိုင်ဖန်ကို လက်နှစ်ဖက်ယှက်ကာ အရိုအသေပြုပြီးမှ ကိုးယောက်မြောက် မင်းသားကို ပြောကြားခဲ့သည်- "ကျွန်ုက မဟာရှ နိုင်ငံရဲ့ ဘဏ္ဍာရေး ဝန်ကြီးဖြစ်ပြီး၊ နိုင်ငံတော်ဘဏ္ဍာတိုက်ရဲ့ ဝင်ငွေနဲ့ ထွက်ငွေကို ကြီးကြပ်ရတဲ့သူ ဖြစ်တယ်။ မဟာလီရဲ့ ကိုးယောက်မြောက် မင်းသား ခင်ဗျား၊ ကျုပ်တို့ မဟာရှ နိုင်ငံက ငွေကြေးအများအပြားကို သုံးစွဲခဲ့သော်လည်း၊ အခုအချိန်အထိ နိုင်ငံတော်ရဲ့ ဘဏ္ဍာတိုက်မှာ ငွေတေး ငါးသန်းအထိ ပိုလျှံနေပါသေးတယ်"
ကိုးယောက်မြောက် မင်းသားသည်လည်း မယုံကြည်နိုင်စွာဖြင့်- "ဒီလောက် အများကြီး သုံးစွဲနေတာတောင်မှ ဘယ်လိုလုပ်ပြီး ပိုက်ဆံတွေက ဒီလောက်အများကြီး ကျန်နေရတာလဲ"
ဟီရှန်းက - "မဟာရှ နိုင်ငံက ပိုက်ဆံတွေကို အများအပြား သုံးစွဲနေတယ်ဆိုပေမဲ့၊ အခွန်ကောက်ခံခြင်း၊ ပိုင်ဆိုင်မှုတွေ ရောင်းချခြင်း၊ ဆား၊ သံ၊ ဆီ တို့ကို ရောင်းချခြင်းတို့ကနေပြီးတော့ ငွေ အများကြီးကို ပြန်ရတယ်၊ ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်လိုက်ရင် ကျုပ်တို့ နိုင်ငံတော်ဘဏ္ဍာတိုက်ရဲ့ ဝင်ငွေဟာ နှစ်ဆထက်မက တိုးလာခဲ့တယ်"
"ဒါ့အပြင်ကိုမှ ကျုပ်တို့က အခြားအင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး သံနဲ့ ကျောက်မီးသွေးတွင်းလို အရင်းအမြစ်တွေကို ရောင်းချခြင်းကနေ များပြားလှတဲ့ ဝင်ငွေကို ရရှိတဲ့အတွက်ကြောင့်မို့လို့ နိုင်ငံတော်ရဲ့ ဘဏ္ဍာတိုက်ထဲကို ဝင်ငွေတွေက မှန်မှန် စီးဝင်နေတယ်"
"ဒါ့အပြင်၊ နယ်မြေချဲ့ထွင်ရင်း ရလာတဲ့ ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာတွေကလည်း ဘဏ္ဍာတိုက်ကို ကြွယ်ဝစေခဲ့တယ်။ ဒါကြောင့် ငွေတေး ငါးသန်းအထိ ပိုလျှံနေတာဟာ မများနေဘူး"
ဟီရှန်းသည် လင်းပိုင်ဖန်ကို ခိုးကြည့်လိုက်ပြီး၊ မကျေနပ်သည့် လေသံဖြင့်- "အကယ်၍ အရှင်မင်းကြီးသာ ချွေတာပြီး ဒီလောက်ထိ ဖြုန်းတီးမနေဘူးဆိုရင်၊ ကျုပ်တို့မှာ နောက်ထပ် ငွေတေး သုံးသန်းလောက်ထိ ပိုပြီးတော့တောင်မှ ပိုလျှံနေနိုင်ပါသေးတယ်"
ကိုးယောက်မြောက် မင်းသားမှာ ကျောက်ရုပ်အလား တောင့်တင်းသွားခဲ့သည်။
ငွေကို ဒီလောက်အထိ သုံးစွဲနေတာတောင်မှ ငွေတေး ငါးသန်းတောင်မှ ပိုလျှံနေသေးတာတဲ့လား….
သူတို့သာ ပိုပြီး ချွေတာမယ်ဆိုရင် နောက်ထပ် သုံးသန်းတောင်မှ ပိုစုနိုင်ဦးမယ်တယ့်လား….
ဒီလောက်ထိ အလွန်များပြားသော ငွေကြေးပမာဏသည် အမှန်တကယ် ထိတ်လန့်စရာပင် ဖြစ်ချေသည်။
"ဒါဟာ တစ်စိတ်တစ်ပိုင်းပဲ ရှိပါသေးတယ်" ဟီရှန်းက ထပ်ပြောလိုက်ရာ ကိုးယောက်မြောက် မင်းသားမှာ မျက်လုံးအပြူးသား ဖြစ်သွားခဲ့သည်။
"ဒါပေါ့၊ အရှင်မင်းကြီးရဲ့ ကိုယ်ပိုင်ဘဏ္ဍာတိုက်ကို ထည့်မတွက်ရသေးဘူးလေ"ဟု ဟီရှန်းက ပြောလိုက်သည်။
လင်းပိုင်ဖန်က လက်ကို ဝှေ့ယမ်းလိုက်ကာ ပေါ့ပေါ့ပါးပါးဖြင့်- "ရေတွက်ဖို့ မလိုပါဘူး။ တကယ်တော့ အများကြီး မရှိပါဘူး၊ တေး သုံးလေးသန်းလောက်ပဲ ရှိတာပါ၊ များများစားစား မဟုတ်ပါဘူး"
ကိုးယောက်မြောက် မင်းသားသည် အကြွားခံလိုက်ရသလို ခံစားလိုက်ရသည်….
ငွေတေး သုံးလေးသန်းက မများဘူးတဲ့လား..?
"အရှင်မင်းကြီးရဲ့ ကိုယ်ပိုင်ဘဏ္ဍာကိုပါ ထည့်တွက်မယ်ဆိုရင်၊ ကျုပ်တို့ မဟာရှ နိုင်ငံဟာဆိုရင် ငွေတေး ရှစ်သန်းမှ ကိုးသန်းခန့် ရှိတဲ့ ဘဏ္ဍာရေး အရင်းအမြစ်တွေကို စုစည်းနိုင်ပါတယ်။ ဒီပမာဏဟာ နိုင်ငံကြီးတွေကြားမှာဆိုရင်တောင်မှ အတော်လေး ခိုင်မာတဲ့ အနေအထားလို့ မှတ်ယူနိုင်ပါတယ်"ဟု ဟီရှန်းက နိဂုံးချုပ်လိုက်သည်။
ထို့နောက် ချောင်ချောင်းသည် နောက်ထပ် မေးခွန်းများ မေးမြန်းခြင်း၊ အချက်အလက်များ နှိုင်းယှဉ်ပြခြင်းတို့ဖြင့် ကိုးယောက်မြောက် မင်းသားကို အကြိမ်တိုင်း တန်ဖိုးမရှိသူ ဖြစ်အောင် နှိမ်ချေပစ်ခဲ့သည်။
"ဒါကြောင့်၊ မဟာလီရဲ့ ကိုးယောက်မြောက် မင်းသား ခင်ဗျား၊ ခင်ဗျားက ကျုပ်တို့ ဧကရာဇ်ထက် ကဏ္ဍတိုင်းမှာ နိမ့်ကျနေတယ်ဆိုရင်၊ ကျုပ်တို့ ဧကရာဇ်ကို မထီမဲ့မြင် လုပ်ပိုင်ခွင့် ဘာများရှိလို့လဲ၊ ကျုပ်တို့ရဲ့ ဧကရာဇ်မင်းမြတ်နဲ့ ရင်ဘောင်တန်းပြီး ပြောပိုင်ခွင့် ဘာ့တွေများ ရှိလို့လဲ"
ချောင်ချောင်းက မထီမဲ့မြင်ပြုကာ ပြောလိုက်သည်- "ဒါ့အပြင်ကိုမှ၊ ခင်ဗျား ပိုင်ဆိုင်တဲ့ ဒီအရာတွေအားလုံးဟာ ခင်ဗျားရဲ့ ရာထူးဂုဏ်ကြောင့်ပဲလေ၊ ကိုယ့်ကိုယ်ပိုင် အားထုတ်မှုနဲ့ ရခဲ့တာ မဟုတ်ဘူး၊ ခင်ဗျားရဲ့ မင်းသားဘွဲ့သာ မရှိဘူးဆိုရင်၊ ကျုပ်တို့ ဧကရာဇ်မင်းမြတ်ရဲ့ ဖိနပ်ကိုတောင် ကိုင်ဖို့ မထိုက်တန်ဘူး"
အရာရှိတွေအားလုံးကလည်း "အမတ်ချောင် ပြောတာ မှန်တယ်။ မင်းသားဘွဲ့သာ မရှိခဲ့ရင် ခင်ဗျားဟာ တကယ်ပဲ တန်ဖိုးမရှိတဲ့သူပဲ။ ခင်ဗျားဟာ ကံကောင်းလို့ မင်းဆက်တစ်ခုရဲ့ နန်းတော်မှာ မွေးဖွားလာတာကို ဂုဏ်ယူနေစရာ မလိုဘူး။ အထူးအခွင့်အရေးတွေနဲ့ မွေးလာတာ မဟုတ်ခဲ့ရင်၊ ကျုပ်တို့ ဧကရာဇ်ရဲ့ မျက်နှာကိုတောင် မြင်ခွင့်ရမှာ မဟုတ်ဘူး။ ဒါဆို ကျုပ်တို့ ဧကရာဇ်ကို မထီမဲ့မြင် လုပ်ဖို့ ခင်ဗျားမှာ ဘာအခွင့်အရေးရှိလို့လဲ" ဟု ဝိုင်းဝန်း ထောက်ခံခဲ့ကြသည်။
ကိုးယောက်မြောက် မင်းသားသည်လည်း ရှက်ရွံ့ဒေါသထွက်ကာ- " အကျွန်ုပ်က ဒီအရာတွေအားလုံးကို အထူးအခွင့်အရေးနဲ့ မွေးဖွားလာလို့ ရတာလို့ ခင်ဗျားတို့ ပြောတယ်မလား။ ဒါပေမဲ့ သူ့အတွက်လည်း အတူတူပဲ မဟုတ်ဘူးလား၊ သူ့ဖခင်ကသာ ဧကရာဇ် မဟုတ်ခဲ့ရင်၊ သူ့အနေနဲ့ မဟာရှ နိုင်ငံရဲ့ ဧကရာဇ် ဖြစ်လာနိုင်ပါ့မလား"
ချောင်ချောင်းက အေးအေးဆေးဆေးဖြင့် ပြန်ဖြေလိုက်သည်- "ဒီအချက်ကိုတော့ ကျုပ် မငြင်းဘူး၊ ဒါပေမယ့် အရှင်မင်းကြီး နန်းတက်ပြီး၊ နိုင်ငံတော်ကို ထိန်းချုပ်ပြီးကတည်းက၊ ပြင်ပက အင်အားကြီး ပြိုင်ဘက်တွေကို တွန်းလှန်၊ ပြည်တွင်းမှာလည်း ကောင်းမွန်တဲ့ မူဝါဒအသစ်တွေကို အကောင်အထည် ဖော်ခဲ့ပြီးတော့ ရည်မှန်းချက်ကြီးစွာနဲ့ ဆောင်ရွက်ခဲ့တယ်"
"တစ်နှစ်ခွဲကျော် အတွင်းမှာပဲ၊ နယ်မြေဟာ နှစ်ဆထက်မက တိုးလာ ပြီး လူဦးရေဟာဆိုလည်း နှစ်ဆတိုးလာခဲ့တယ်။ စစ်ရေးအင်အားကလည်း နှစ်ဆထက်မက တိုးလာခဲ့ပြီး နိုင်ငံတော်ရဲ့ အင်အားဟာ ဆိုရင်လည်း အဆပေါင်းများစွာ တိုးလာခဲ့တာကြောင့် ရှ နိုင်ငံတော်ကို ပတ်ဝန်းကျင်က အလေးထားရတဲ့ မဟာ နိုင်ငံတော်ကြီးအဖြစ် ပြောင်းလဲစေခဲ့တယ်"
ချောင်ချောင်းသည် ကိုးယောက်မြောက် မင်းသားကို တစ်ချက်ကြည့်ကာ စိန်ခေါ်လိုက်သည်- "ခင်ဗျား ဒါတွေကို လုပ်နိုင်ပါ့မလား"
"အကျွန်ုပ်..." ကိုးယောက်မြောက် မင်းသားသည် ပြောစရာ စကားလုံးများ ဆုံးရှုံးသွားခဲ့ပြန်သည်။
"ကျုပ် ခင်ဗျားကို ရဲရဲတင်းတင်း မေးပါရစေ။ ခင်ဗျား မွေးဖွားလာပြီးကတည်းက နိုင်ငံနဲ့ လူမျိုးအတွက် အကျိုးရှိစေမယ့် ဘယ်လို လုပ်ရပ်မျိုးတွေ လုပ်ခဲ့ဖူးလဲ"
“ခင်ဗျား နိုင်ငံအတွက် နယ်မြေ ချဲ့ထွင်ပြီး ခိုင်မာတဲ့ အုတ်မြစ် ချပေးခဲ့ဖူးလား၊ ဒါမှမဟုတ် အားလုံးအတွက် အကျိုးပြုမယ့် မူဝါဒတွေ အကောင်အထည်ဖော်ခဲ့ဖူးလား။ ဒါမှမဟုတ်လည်း စစ်တပ်ကို ဦးဆောင်ပြီး ရန်သူတွေကို မောင်းထုတ်ပေးခဲ့ဖူးလား၊ တိုင်းပြည်ကို ဝိုင်းကူ အုပ်ချုပ်ပြီး တရားရုံးရဲ့ ငြိမ်းချမ်းရေးကို ထိန်းသိမ်းခဲ့ဖူးလား။ အဲဒီထဲက တစ်ခုခုပဲ လုပ်ပြပါ၊ ကျုပ် ခင်ဗျားကို ချက်ချင်း တောင်းပန်လိုက်မယ်" ဟု ချောင်ချောင်းက စိန်ခေါ်လိုက်သည်။
ကိုးယောက်မြောက် မင်းသား၏ မျက်နှာမှာ ရှက်ရွံ့မှုတို့ကြောင့် ရဲလာပြီး ဘာစကားမှ မပြောနိုင်တော့ပေ။
"ကျုပ်တို့ရဲ့ ဧကရာဇ်မင်းမြတ်ဟာ အရပ်ဘက်နဲ့ စစ်ဘက်နှစ်ခုစလုံးမှာ ထူးချွန်ပြီး၊ မိုက်မဲတဲ့ ဧကရာဇ်လို့ ခေါ်ခံခဲ့ရပေမယ့်လည်း ပညာရှိတစ်ဦးရဲ့ အပြုအမူတွေအတိုင်းပဲ လုပ်ဆောင်ခဲ့တယ်။ ဒါပေမဲ့ ခင်ဗျားကတော့ ဘိုးဘေးရဲ့ အရှိန်အဝါကို အားကိုးရတဲ့ မင်းသားတစ်ပါးသာ ဖြစ်ပြီး၊ ဒီလို ပညာရှိတစ်ဦးကို လှောင်ပြောင်ဝံ့တယ်၊ သူဟာ ခင်ဗျားထက် နိမ့်ကျတယ်လို့ ပြောဝံ့တယ်..."
ချောင်ချောင်းသည် နှာခေါင်းရှုံ့လိုက်ကာ- "ခင်ဗျားဟာ ဒီလောက်ထိ သာမန်ဖြစ်နေတာတောင်မှ ဘာ့ကြောင့် ဒီလောက်ထိ ယုံကြည်မှုတွေ ရှိနေရတာလဲဆိုတာ ကျုပ် တကယ်ကို နားမလည်နိုင်ဘူး"
ကိုးယောက်မြောက် မင်းသားသည် ဒေါသထွက်လွန်း၍ သွေးပင် အန်ထွက်လာခဲ့သည်- "pfft…"
အရာရှိတွေအားလုံးမှာလည်း "အမှန်ပဲ၊ ဒီလောက့် သာမန်ဖြစ်နေတာတောင်မှ ဘာ့ကြောင့် ဒီလောက်ထိ ယုံကြည်မှုတွေ ရှိနေရတာလဲ။ ရယ်စရာကောင်းလိုက်တာ။ ကျုပ်တို့လို အရာရှိတွေနဲ့တောင်မှ ခင်ဗျားက စကားပြောဖို့ မတန်ဘူး" ဟု ဝိုင်းဝန်းရယ်မောကာ ထောက်ခံလိုက်ကြသည်။
လင်းပိုင်ဖန်သည်လည်း အလွန်ပျော်ရွှင်နေသည်၊ ဒီ ချောင်ချောင်းရဲ့ ပါးစပ်ဖြင့် တိုက်ခိုက်သည့်စွမ်းရည်က ပြိုင်ဘက်ကင်းလို့ ခေါ်လို့ရလောက်သည်။ သူ့ပါးစပ်က ကျည်အပြည့် ဖြည့်ထားတဲ့ သေနတ်တစ်လက်လိုပင်၊ သူ ကိုယ်တိုင်ပင် ဘာမှ လုပ်စရာ မလိုဘဲ၊ ကိုးယောက်မြောက် မင်းသားကို တိုက်ရိုက် အသံတိတ်သွားအောင် ပြောဆိုနိုင်လေသည်။
လင်းပိုင်ဖန်က အပြစ်တင်သည့် လေသံဖြင့် ပြောသည်- "အမတ်ချောင်၊ ကိုးယောက်မြောက် မင်းသားက အဝေးကနေ ရောက်လာတဲ့ ငါတို့ရဲ့ ဧည့်သည်ပဲလေ။ သူ့ကို ပိုပြီး မျက်နှာသာ ပေးသင့်တာပေါ့၊ သူ့အနေနဲ့ အသိဉာဏ်နည်းနေတာ ဖြစ်နိုင်ပေမယ့်၊ ငါတို့က အိမ်ရှင်အနေနဲ့ နားလည်ပေးရမယ်လေ"
ကိုးယောက်မြောက် မင်းသား- “….”
ချောင်ချောင်းကလည်း ထိတ်လန့်သွားဟန်ဆောင်ကာ "အရှင်မင်းကြီး၊ အရှင့်ကို ကာကွယ်ချင်တဲ့ စိတ် ပြင်းပြလွန်းလို့ စိတ်မထိန်းနိုင်ဘဲ ပြောမိပါတယ်။ အရှင်မင်းကြီး အပြစ်ပေးတော်မူပါ" ဟု လျှောက်တင်လိုက်သည်။
လင်းပိုင်ဖန်က ရယ်မောရင်း "ကောင်းပြီ၊ မောင်မင်းကို သုံးရက် တံခါးပိတ် ဆင်ခြင်ခိုင်းမယ်။ ဒါနဲ့ အမတ်ချောင်၊ မောင်မင်းအနေနဲ့ မြို့တော်ထဲမှာ အိမ်မရှိဘူး မဟုတ်လား။ အိမ်မရှိဘဲ ဘယ်လို ဆင်ခြင်မလဲ။ မောင်မင်းကို ခြံဝန်းတစ်ခု လက်ဆောင်ပေးလိုက်မယ်။ အဲဒီအထဲမှာနေပြီး ဆင်ခြင်ပါ၊ နားလည်လား" ဟု အမိန့်ပေးလိုက်သည်။
ချောင်ချောင်းမှာ ဝမ်းသာသွားခဲ့သည်။ ဒါက အပြစ်ပေးတာ မဟုတ်ဘဲ အိမ်လက်ဆောင်ပေးဖို့ လှည့်ကွက်မှန်း သူသိလိုက်သည်။ သုံးရက် တံခါးပိတ် ဆင်ခြင်ရတာက အိမ်အသစ် ပြောင်းရွှေ့ဖို့ သုံးရက် အချိန်ယူရတာနဲ့ အံကိုက်ဖြစ်နေသည်။
"အရှင်မင်းကြီးရဲ့ အပြစ်ဒဏ်အတွက် ကျေးဇူးတင်ပါတယ်" ဟု မျက်နှာငယ်ဖြင့် ပြောလိုက်သော်လည်း ဝမ်းသာလွန်း၍ အသံကို မနည်း ထိန်းထားရသည်။
ကိုးယောက်မြောက် မင်းသား- “…..”
လင်းပိုင်ဖန်က ပြုံးကာ- "မဟာလီရဲ့ ကိုးယောက်မြောက် မင်းသား၊ ချောင်ချောင်း စကားမှားသွားတာကို ကျုပ်အနေနဲ့ သူ့ကို အပြစ်ပေးလိုက်ပါပြီ။ ခင်ဗျားက စိတ်သဘောထားကြီးတဲ့သူ တစ်ဦးဖြစ်တဲ့အတွက် အသေးအမွှား ကိစ္စတွေကို အငြိုးမထားဘဲ၊ ဒါကို ဒီမှာပဲ ရပ်လိုက်ကြရအောင်"
ကိုးယောက်မြောက် မင်းသား၏ နှုတ်ခမ်းထောင့် တွန့်ချီသွားသည်။ ဒါကို အပြစ်ပေးတာလို့ ခေါ်တာလား၊ ဒါက ချီးမွမ်းဖို့အတွက် ဝေဖန်တာ သက်သက်ပဲ၊ ငါ့ကို ကန်းနေတယ်လို့ ထင်နေတာလား “ မင်းတို့အားလုံးက မကောင်းတဲ့ ကောင်တွေကြီးပဲ" ဟု စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။
ထိုအချိန်တွင်၊ လင်းပိုင်ဖန်က "ဟင်!" ဟု အာမေဋိတ် ပြုလိုက်ပြီး- "မဟာလီရဲ့ ကိုးယောက်မြောက် မင်းသား၊ ခင်ဗျားက တစ်ယောက်ယောက်နဲ့ တူနေသလိုပဲ၊ လွန်ခဲ့တဲ့ ရက်အနည်းငယ်က လူတစ်ယောက်နဲ့ တကယ်ကို တူနေတယ်..."
ကိုးယောက်မြောက် မင်းသားမှာ ချက်ချင်း ထိတ်လန့်သွားပြီး လင်းပိုင်ဖန်ကသာ ဖော်ထုတ်လိုက်ရင် မျက်နှာပျက်ရတော့မည်ကို ကြောက်ရွံ့သွားခဲ့သည်။
အလျင်အမြန်ပင် "မဟာရှရဲ့ ဧကရာဇ်၊ နောက်လည်း ကျနေပါပြီ။ ကျွန်ုပ် အခုပဲ ဆရာတူ အစ်မဆီ သွားရောက်လည်ပတ်ပါတော့မယ်။ အရှင်မင်းကြီးကို မနှောင့်ယှက်တော့ပါဘူး" ဟု ပြောပြီး အခြွေအရံများနှင့်အတူ အမြန် ထွက်ပြေးသွားတော့သည်။