← Chapters

အခန်း (၁၂၈)

Vol. 10 Ch. 128

အခန်း (၁၂၈)

Vol. 10 Ch. 128

လင်းပိုင်ဖန်၏ နတ်ဘုရားလက် စွမ်းရည် အောက်တွင် မိုင် ရာပေါင်းများစွာ ဝေးကွာနေသည့် ဖန်နိုင်ငံတွင် ပြင်းထန်သော ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့သည်။

တောင်တွေ ပြိုကျ၊ မြေပြင်တွေ အက်ကွဲ၊ ကျောက်ဆောင်တွေ ပြုတ်ကျ၊ ကမ္ဘာမြေကြီး တစ်ခုလုံးဟာ ပြင်းပြင်းထန်ထန် လှုပ်ခါနေခဲ့သည်။

"ငလျင်က ဘာလို့ ရုတ်တရက် လှုပ်ရတာလဲဟ"

"မြေနဂါး လှုပ်တာပဲ။ မြန်မြန် ပုန်းဖို့အတွက် ဘေးကင်းတဲ့နေရာကို ရှာကြ"

"အိမ်ထဲက ထွက်၊ အထဲမှာ မလုံခြုံဘူး"

သာမန်အရပ်သားများအတွက်ကတော့ ပြဿနာ မရှိပေ။ ငလျင်လှုပ်တာက အရမ်း မပြင်းထန်တဲ့အတွက် သူတို့တွေ အိမ်ထဲကနေ ထွက်ပြေးနိုင်တာနဲ့ အခြေခံအားဖြင့် လုံခြုံသွားပြီ ဖြစ်သည်။

သို့သော်လည်း မြို့တော်ဆီကို ချီတက်လာနေတဲ့ မဟာယွဲ့တပ်မတော်ကတော့ ငလျင်ဆီကနေ အထူးတလည် ကြိုဆိုမှုကို လက်ခံလိုက်ရသည်။ သူတို့တွေဟာ မြေကြီးကနေ ဖြစ်လာတဲ့ ကြီးမားတဲ့ အက်ကွဲကြောင်းတွေထဲ ပြုတ်ကျတာ ဒါမှမဟုတ် ပြိုကျလာတဲ့ ကျောက်ခဲ၊ ကျောက်ဆောင်တွေထဲ အမြိုခံလိုက်ရသည်။

"ငလျင်ဟ၊ တောင်ပြိုနေပြီ"

"အား၊ ငါ့ခြေထောက် ကျောက်တုံးအောက်မှာ ပိမိနေပြီ"

"ကျင်းထဲကို ပြုတ်ကျသွားပြီ၊ တစ်ယောက်ယောက် ငါ့ကို ဆွဲတင်ပေးပါ၊ မြန်မြန် ဆွဲထုတ်ပေးကြပါ"

"မြန်မြန်၊ ကယ်ပါဦး၊ ကယ်ကြပါဦး"

ချိုင့်ဝှမ်းတစ်ခုလုံးမှာ အော်ဟစ်သံတွေ၊ အကူအညီ တောင်းသံတွေနဲ့ ပြည့်နှက်နေတော့သည်။

သို့သော်လည်း လူတိုင်းက ကိုယ့်အသက်ကိုယ် ကယ်ဖို့အတွက် ရုန်းကန်နေရတာ ဖြစ်ပြီး၊ ဘယ်သူကများ လက်ကမ်းပြီး ကူညီနိုင်မှာလဲ?

အချိန်တိုလေးအတွင်းမှာပဲ တပ်သား သိန်းပေါင်းများစွာဟာ မြေကြီးထဲတွင် မြှုပ်နှံ ခံလိုက်ရသည်။

မြို့တော်ရဲ့ နန်းတော်ထဲကို မဟာယွဲ့ စစ်သားတစ်ယောက် အပြေးအလွှား ဝင်လာခဲ့သည်။

"ဗိုလ်ချုပ်၊ ကြောက်စရာကောင်းတဲ့ ကိစ္စတစ်ခု ဖြစ်သွားခဲ့ပါတယ်"

"မင်းက ဘာဖြစ်လို့ အဲဒီလောက် ထိတ်လန့်နေရတာလဲ" ဗိုလ်ချုပ်ကျောက်ကတော့ အေးအေးဆေးဆေးပင် ရှိနေသေးသည်။

အဲဒီအချိန်တုန်းက သူသည် ဖန်နိုင်ငံ ဧကရာဇ်ကို ရိုက်နှက်ပြီး အနိုင်ကျင့်ရာတွင် အလုပ်များနေခဲ့တာဖြစ်သည်။

"ဗိုလ်ချုပ်ကျောက်၊ ခုနက ပြင်းထန်တဲ့ ငလျင်ကြီး လှုပ်ခတ်သွားပြီး၊ ကျွန်တော်မျိူးတို့ရဲ့ တပ်တွေ တောင်တန်းကို ဖြတ်နေတုန်းမှာ ဖြစ်နေခဲ့တာပါ။ မြေပြင်တွေ အက်ကွဲပြီး တောင်တွေ ပြိုကျသွားတော့ ကျွန်တော်မျိုးတို့ စစ်သည် လေးသိန်းနီးပါးလောက် မြှုပ်နှံခံလိုက်ရပါတယ်"

ဗိုလ်ချုပ်ကျောက်ခင်ဗျာ လန့်ဖြန့်သွားပြီး မျက်နှာပင် ပျက်သွားကာ- "ဘာ! ဒီလို ကိစ္စမျိုးက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

"ဗိုလ်ချုပ်ကို ကျွန်တော်မျိုး ဘယ်လိုလုပ် လိမ်ရဲမှာလဲ" လို့ စစ်သားက အသံကျယ်လောင်စွာနဲ့ ပြောလိုက်သည်။

ဗိုလ်ချုပ်ကျောက်ရဲ့ မျက်နှာဟာ အလွန်တရာကိုမှ ရုပ်ဆိုးသွားခဲ့သည်။ တပ်သား လေးသိန်းက တကယ်ပဲ မြှုပ်နှံခံလိုက်ရတယ်ဆိုရင် သူဟာ စစ်သူကြီးအဖြစ် ဆက်လက်တာဝန်ထမ်းဖို့ မသင့်တော့ပေ။

"သွားကြမယ်" သူသည် နန်းတော်ကနေ အမြန်ဆုံး ထွက်ခွာသွားခဲ့လိုက်သည်။

ကြမ်းပြင်ပေါ် လဲကျနေတဲ့ ဖန်နိုင်ငံ ဧကရာဇ်က ထရပ်လိုက်ပြီး သွေးတစ်ပွက် အန်ထုတ်လိုက်ကာ ရူးသွပ်စွာဖြင့် ရယ်မောနေတော့သည်- "မြေနဂါး လှုပ်ရှားတာလား၊ တပ်သား လေးသိန်းတောင်မှ မြှုပ်နှံခံရတာလား၊ ဟား…ဟား…. ဒါက ကောင်းကင်ဘုံရဲ့ အလိုတော်ပဲ၊ ကောင်းကင်က မင်းတို့ကို ပျက်စီးဖို့ စီရင်ခဲ့တာ၊ မင်းတို့နဲ့က အဲ့တာနဲ့ပဲ တန်တယ်"

ဗိုလ်ချုပ်ကျောက်ဟာ လျှပ်စီးပမာ အရှိန်နဲ့ သွားနေသည့်အတွက် နာရီဝက်အတွင်းမှာ ကျောက်တောင်ကြီးဆီ ရောက်လာခဲ့သည်။

မဟာယွဲ့စစ်သားတွေ အမြောက်အမြား မြှုပ်နှံခံလိုက်ရတဲ့ ပြိုကျနေတဲ့ နေရာကို ငုံ့ကြည့်လိုက်တဲ့အခါ သူဟာ မူးမေ့လဲကျလုနီးပါးတောင် ဖြစ်သွားခဲ့ရသည်။

သူဟာ အောင်ပွဲဖြင့် ဖန်တိုင်းပြည်ကို သိမ်းပိုက်တော့မှာ ဖြစ်ပေမယ့် မြေနဂါးရဲ့ လှုပ်ရှားမှုက သူ့ရဲ့ တပ်ကို ဖျက်ဆီးပစ်လိုက်သည့်အတွက် သူ့ရဲ့ မျှော်လင့်ချက်တွေ အကုန် ကုန်ဆုံးသွားခဲ့ရပြီ ဖြစ်သည်။

ဒါဟာ စစ်သည် လေးသိန်းတောင်ရှိသည့် တပ်မတော်ပင် ဖြစ်သည်။

သူတို့ မဟာယွဲ့က စစ်သည် တစ်သန်းကျော်ရှိတဲ့ ကြီးမားတဲ့ နိုင်ငံတစ်ခု ဖြစ်ပေမယ့်လည်း စစ်သား လေးသိန်းကို ပြုစုပျိုးထောင်ဖို့က လွယ်တဲ့ကိစ္စတော့ မဟုတ်ခဲ့ပေ။

ဒါ့အပြင် သူတို့တွေအားလုံးဟာ အထူးတပ်သားတွေ ဖြစ်သည်။ ဘုရင်မင်းမြတ်က သူတို့အပေါ်တွင် ကြီးမားတဲ့ မျှော်လင့်ချက်တွေ ထားရှိထားတာ ဖြစ်သည်။

အခုတော့ အားလုံး ပြီးဆုံးသွားပြီ၊ ပြန်ရောက်တဲ့အခါ ဘုရင်မင်းမြတ်ကို ဘယ်လို ရှင်းပြရတော့မလဲ။

ဗိုလ်ချုပ်ကျောက်ဟာ ဒေါသဖြင့် အနီးအနားက လူတွေကို အော်ဟစ်လိုက်သည်- "ဘာလို့ ရပ်ကြည့်နေကြတာလဲ၊ မြန်မြန် ကယ်ကြလေ"

"ဒါပေမယ့် သူတို့..."

"စကားများမနေနဲ့တော့၊ ကယ်နိုင်သမျှ ကယ်၊ မြန်မြန်လုပ်ကြ"

"ဟုတ်ကဲ့၊ စစ်သူကြီး"

အဲဒီနောက် သူတို့တွေဟာ အပျက်အစီးတွေအောက်မှာ မြှုပ်နေတဲ့ မဟာယွဲ့စစ်သားတွေကို ကယ်ဆယ်ကြတော့သည်။

ဖန်နိုင်ငံရဲ့ နန်းတော်အတွင်းမှာတော့ ဖန်နိုင်ငံ ဧကရာဇ်ဟာ ရယ်မောနေတာ ရပ်သွားပြီးတဲ့နောက် နောက်ဆုံးတော့ စိတ်ငြိမ်သွားခဲ့ပြီဖြစ်သည်။ သူ့စိတ်ထဲတွင် အတွေးတစ်ခု ဝင်လာခဲ့သည်- 'ဒီအခွင့်အရေးကိုယူပြီး ထွက်ပြေးသင့်တယ်၊ အခု မပြေးရင် နောက်ထပ် အခွင့်အရေး ရတော့မှာ မဟုတ်ဘူး' ဆိုတာပင် ဖြစ်သည်။

ဒါပေမယ့် ပြတင်းပေါက်ကနေ ဂိတ်ကို စောင့်ကြပ်နေတဲ့ မဟာယွဲ့၏ ကျွမ်းကျင်သူတွေကို ကြည့်လိုက်တော့ သူ စိတ်ပျက်အားငယ်သွားပြန်သည်။

သူတို့ ရှိနေသရွှေ့ သူ့အနေဖြင့် လုံးဝ ထွက်ပြေးနိုင်မှာ မဟုတ်တော့ပေ။

'ငါ တကယ်ပဲ ဒီနေရာမှာ သေဖို့အတွက် စောင့်နေရတော့မှာလား?'

'ခဏ၊ သူတို့တွေ တစ်ခုခု လွဲနေသလိုပဲ...'

ဖန်နိုင်ငံ ဧကရာဇ်ဟာ သတိနဲ့ အပြင်ကို ထွက်လာခဲ့ပြီး မဟာယွဲ့း ကျွမ်းကျင်သူတွေက ဘာတုံ့ပြန်မှု မပြတာကို သတိထားမိလိုက်သည်။

အဲဒီနောက် ပိုပြီးတော့ သတ္တိရှိလာကာ သူတို့နားကို ချဉ်းကပ်သွားပြီး သူတို့ မျက်လုံးရှေ့မှာ ယိမ်းထိုးပြခဲ့ပေမယ့် သူတို့က ဘာတုံ့ပြန်မှုမှ မပြခဲ့ပေ။

ဖန်နိုင်ငံ ဧကရာဇ်ဟာ ပိုပြီး စိတ်ရှုပ်ထွေးလာတာကြောင့် လက်ညှိုးကို ဆန့်ထုတ်ပြီး သူတို့ထဲက တစ်ယောက်ကို ညင်သာစွာနဲ့ သတိထားပြီး တွန်းလိုက်သည်။

'ဒုန်း' ဆိုတဲ့ အသံနဲ့အတူ အဲဒီလူဟာ သူ့ရှေ့မှာပဲ ပြုတ်ကျသွားခဲ့တယ်။

အဲဒီနောက် ကျန်ရှိတဲ့ မဟာယွဲ့ ကျွမ်းကျင်သူတွေလည်း ဆက်တိုက် ပြုတ်ကျကုန်တယ်။

သူတို့ရဲ့ လည်ပင်းပေါ်မှာ သွေးစိမ့်ထွက်နေတဲ့ သွေးလိုင်းပါးပါးလေး ပေါ်လာခဲ့သည်။

ဖန်နိုင်ငံ ဧကရာဇ်က အကြီးအကျယ် ထိတ်လန့်သွားပြီး- "သေသွားတာလား? သူတို့အားလုံး သေသွားကြတာလား"

အဲဒီလိုနဲ့ ထိတ်လန့်ပြီးတဲ့နောက်မှာတော့ ဝမ်းသာမှုတွေက ဖြစ်လာခဲ့တယ်- "ကံကောင်းတာပဲ၊ သူတို့ကို သတ်တဲ့သူက ဘယ်သူပဲဖြစ်ဖြစ်၊ ငါ သူတို့ရဲ့ ဘိုးဘေး ရှစ်ဆက်အထိကို ကျေးဇူးတင်ရမယ်"

သူဟာ မိဖုရားကြီးနဲ့ တခြားသူတွေရဲ့ နန်းဆောင်ကို ချက်ချင်း ပြေးသွားပြီး ပြောလိုက်တယ်- "မဟာယွဲ့က ကျွမ်းကျင်သူတွေ အသတ်ခံလိုက်ရပြီ။ ဒါက ငါတို့ ထွက်ပြေးဖို့အတွက် တစ်ခုတည်းသော အခွင့်အရေးပဲ၊ ငါတို့ ပစ္စည်းတွေ ထုပ်ပိုးပြီး ဒီနေရာကနေ ချက်ချင်း ထွက်ပြေးရမယ်"

မိဖုရားကြီးက ခေါင်းညိတ်ကာ- “ ဒါပေမယ့် ကျွန်မတို့ ဘယ်ကို ထွက်ပြေးရမလဲ"

'ဘယ်ကို ထွက်ပြေးရမလဲ?' ဖန်နိုင်ငံ ဧကရာဇ်ဟာ အနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့သည်။

ရုတ်တရက် သူဟာ ထွက်ပြေးစရာ နေရာမရှိဘူးလို့ ခံစားလိုက်ရသည်။

သူဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ အမြဲတမ်း ရန်ပွဲတွေ ဖြစ်ခဲ့တယ်၊ သူတို့ဆီသာ ပြေးသွားရင် ကျားတွင်းထဲ ဝင်တဲ့ သိုးသားငယ်လို ဖြစ်သွားမည် ဖြစ်သည်။

ဒါ့အပြင်ကိုမှ သူ လွတ်မြောက်သွားရင်တောင် မဟာယွဲ့က သူ့ကို လွှတ်ပေးမှာလား၊

လုံးဝ အလွတ်ပေးမှာ မဟုတ်ပေ။ သူတို့တွေက ကျွမ်းကျင်သူတွေကို စေလွှတ်ပြီး သူ့ကို ဖမ်းဆီးမှာ သေချာသည်၊ သူ့ကို ဘယ်တော့မှ အေးချမ်းစွာ မနေနိုင်အောင် လုပ်မှာ သေချာနေသည်။

ဒါကြောင့် အကြိမ်ပေါင်းများစွာ စဉ်းစားပြီးတဲ့နောက် သွားစရာ နေရာ တစ်နေရာတည်းသာ ရှိတော့တယ်ဆိုတာ သိလိုက်ရသည်။

"ငါတို့ မဟာရှဆီကို သွားကြစို့"

မိဖုရားကြီးမှာ ထိတ်လန့်သွားပြီး- "မဟာရှကိုလား? အရှင်မင်းမြတ်၊ ဒီလိုလုပ်တာ မသင့်တော်ဘူးလို့ ကျွန်မ စိုးရိမ်မိပါတယ်၊ တစ်ခုက၊ ကျွန်မတို့ဟာ မဟာရှနဲ့ အငြိုးအတေးတွေ ရှိခဲ့ဖူးတယ်၊ သူတို့ ကျွန်မတို့ကို လက်ခံပါ့မလား၊ ဒါ့အပြင်ကိုမှ မဟာရှကို ရောက်ဖို့ဆိုရင် ကျွန်မတို့ မိုင် ရာပေါင်းများစွာရှိတဲ့ နယ်မြေတွေကို ဖြတ်ကျော်ရမယ်၊ အဲ့ဒါတွေအားလုံးက မဟာယွဲ့ရဲ့ နယ်မြေတွေ ဖြစ်ကုန်ပြီ၊ အရမ်းကို အန္တရာယ်များလွန်းတယ်"

ဖန်နိုင်ငံ ဧကရာဇ်က စိုးရိမ်တကြီး ပြန်ဖြေလိုက်တယ်- "မဟာရှနဲ့ ငါတို့ ကွဲပြားမှုတွေ ရှိတာ မှန်ပေမယ့် အဲဒါတွေကို ဖြေရှင်းဖို့ ငါ့မှာ နည်းလမ်းရှိတယ်၊ မဟာရှကို ရောက်ဖို့ မဟာယွဲ့ရဲ့ နယ်မြေတွေကို ဖြတ်သွားရမယ် ဆိုပေမယ့် မဟာယွဲ့ရဲ့ တပ်ဖွဲ့တွေက အခု ဖျက်ဆီးခံလိုက်ရပြီ၊ ကျန်တဲ့ စစ်သားတွေကလည်း ကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ အလုပ်ရှုပ်နေတဲ့အတွက် ငါတို့ကို ဂရုစိုက်နေမှာ မဟုတ်ဘူး၊ ဒါကြောင့် ငါတို့ရဲ့ တစ်ခုတည်းသော ရွေးချယ်မှုက အခု မဟာရှဆီကို ထွက်ပြေးဖို့ပဲ၊ အဲဒီကို ရောက်ရင် ငါတို့ လုံခြုံလိမ့်မယ်"

"ကောင်းပြီ၊ အခု သွားကြစို့" မိဖုရားကြီးကလည်း ဆုံးဖြတ်ချက် ပြတ်သားတဲ့သူ ဖြစ်တာကြောင့် နေရာမှာပဲ ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်သည်။

သူတို့ဟာ သူတို့ရဲ့ ပစ္စည်းတွေကို ထုပ်ပိုးကြပြီး မိသားစုတွေကို စုစည်းကာ မြင်းရထားပေါ် တက်လိုက်ကြတယ်။

"ခဏ၊ ငါ တစ်ခုခု ယူရအုံးမယ်"

သူဟာ နန်းတော်ထဲကို ပြန်ပြေးဝင်သွားလိုက်ပြီး ကြမ်းပြင်ကနေ ကျောက်စိမ်း တံဆိပ်တော် နဲ့ တော်ဝင်အမိန့်တော်ကို ယူလိုက်တယ်။

အဲဒီနောက် သူတို့ဟာ မဟာရှဘက်ကို အလျင်အမြန်ပဲ ပြေးခဲ့တော့တယ်။

လင်းပိုင်ဖန်က ဒီမြင်ကွင်းကို ဂရုမစိုက်သလိုဖြင့် ကြည့်နေခဲ့တယ်။

သူတို့တွေ မဟာယွဲ့ တပ်ဖွဲ့တွေနဲ့ တွေ့တော့မယ်ဆိုရင် ကြိုတင်ပြီး ရှင်းပစ်ပေးလိုက်တယ်။

အစားအသောက် ပြဿနာတွေ ရှိလာရင် ရိက္ခာ အချို့ကို ပို့ပေးလိုက်တယ်။

တစ်ဖက်လူဟာ ဖန်နိုင်ငံအတွင်းမှာ ရှိနေသရွေ့ တက်နိုင်သလောက် ကူညီပေးလိုက်တယ်။

သူတို့ ဖန်နိုင်ငံကနေ ထွက်လာခဲ့ရင်တော့ သူတို့ ဘာသာ ရပ်တည်ရတော့မည်ဖြစ်သည်၊ ကူညီချင်ရင်တောင်မှ မကူညီနိုင်တော့ပေ။

နှစ်ရက်ကြာပြီးတဲ့နောက် သူတို့ဟာ နောက်ဆုံးမှာတော့ ဖန်နိုင်ငံကနေ လွတ်မြောက်လာခဲ့တယ်။

မဟာယွဲ့ ၏ ဗိုလ်ချုပ်ကျောက်ဝါ နောက်ကျတော့မှ သဘောပေါက်သွားခဲ့သည်၊ လိုက်လံဖို့အတွက် တပ်ဖွဲ့တွေ စေလွှတ်ဖို့ နောက်ကျနေခဲ့ပြီဖြစ်သည်၊ သူတို့ဟာ ခြေရာလက်ရာမရှိပဲ ပျောက်ကွယ်သွားခဲ့လေပြီ။

ဖန်ဧကရာဇ်နဲ့ သူရဲ့ အဖော်တွေဟာ ဖန်နိုင်ငံကနေ ထွက်ပြေးပြီးတဲ့နောက်မှ သူတို့ရဲ့ အစစ်အမှန် ဒုက္ခတွေက စတင်လာခဲ့တာဖြစ်သည်။

အကာအကွယ်မဲ့စွာနဲ့ သူတို့ဟာ တောင်တွေ၊ မြစ်တွေကို ဖြတ်ပြီး ခရီးထွက်ခဲ့ကြရသည်၊ လေထဲမှာ စား၊ နှင်းထဲမှာ အိပ်ရတဲ့ ဒုက္ခတွေကို ခံစားခဲ့ကြရပြီး အခက်အခဲ အမျိုးမျိုးကို ခံခဲ့ကြရသည်။

ကံကောင်းခြင်းတွေက သမာဓိရှိတဲ့သူတွေကို မျက်နှာသာပေးနေတာများ ဖြစ်မလား မပြောနိုင်ပေ၊ အံ့အားသင့်စရာကောင်းတာက သူတို့ဟာ လမ်းတစ်လျှောက်လုံးတွင် မဟာယွဲ့စစ်သား တစ်ယောက်နဲ့မှ မတွေ့ခဲ့ရရုံသာမက၊ ဘာအန္တရာယ်မှ မရှိဘဲ ခရီးဆက်နိုင်ခဲ့ကြသည်။

အဲဒီလိုနဲ့ တစ်ပတ်ကြာပြီးတဲ့နောက်မှာတော့ သူတို့ဟာ တကယ်ပဲ မဟာရှကို ရောက်လာခဲ့ပြီး လင်းပိုင်ဖန်နဲ့ တွေ့ဆုံခဲ့ကြရသည်။

လင်းပိုင်ဖန်က အောက်က ဖန်နိုင်ငံ ဧကရာဇ်ကို စိတ်ဝင်တစားနဲ့ ပြုံးပြုံးကြီး ကြည့်ပြီး ပြောလိုက်တယ်- "ကမ္ဘာကြီးက အကျယ်ကြီးပဲလေ၊ ဒါပေမယ့် မင်းက ငါ့ရဲ့ နယ်မြေဆီ ထွက်ပြေးဖို့ ရွေးချယ်ခဲ့တယ်ဆိုတော့၊ မင်းကို ငါ မသတ်ရဲဘူးလို့ မင်း ထင်နေတာလား"

"အရှင်မင်းမြတ်၊ နားလည်မှု လွဲနေပါတယ်ခင်ဗျာ။ တကယ်တော့ ကျွန်တော်မျိုး... ကျွန်တော်မျိုးက အရှင့်ရဲ့ ငယ်သား ဖြစ်နေပါပြီ၊ အရှင့်ဆီကို မဟုတ်ရင် တခြား ဘယ်နေရာကို ပြေးရမှာလဲ" ဖန်နိုင်ငံ ဧကရာဇ်က အလျင်အမြန်ပဲ ပြန်ဖြေလိုက်သည်။

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" လင်းပိုင်ဖန်က မေးလိုက်တယ်။

"ဘာလို့လဲဆိုတော့ ကျွန်တော်မျိုးက ဖန်တိုင်းပြည်ကို မဟာရှဆီ ပေးအပ်လိုက်ပြီး၊ ဧကရာဇ်အဖြစ်ကနေ နုတ်ထွက်လိုက်ပါပြီ၊ အရှင့်ကိုလည်း ကျွန်တော်မျိုးရဲ့ အရှင်သခင်အဖြစ် အသိအမှတ်ပြုလိုက်ပါပြီ၊ ဒီမှာ အရှင် ကြည့်ရှုဖို့ တော်ဝင်အမိန့်တော်လည်း ရှိပါတယ်၊ ဒါက ဖန်နိုင်ငံရဲ့ ကျောက်စိမ်းတံဆိပ်တော် ပါ၊ လက်ခံပေးပါခင်ဗျာ" ဖန်နိုင်ငံ ဧကရာဇ်က မြှောက်ပင့်တဲ့ အပြုံးနဲ့ ပြောလိုက်သည်။

“ ဖန်နိုင်ငံက ပျက်စီးသွားပြီ ဖြစ်ပေမယ့်လည်း ကျောက်စိမ်း တံဆိပ်တော်နဲ့ တော်ဝင်အမိန့်က တရားဝင်နေမှုကို ကိုယ်စားပြုနိုင်သေးပြီး လှည့်စားမှုများစွာကို လုပ်ဆောင်နိုင်ပါသေးတယ်။

ဥပမာ- အရှင်က တပ်တွေကို စေလွှတ်မယ်ဆိုရင်၊ ကျောက်စိမ်း တံဆိပ်တော်နဲ့ တော်ဝင်အမိန့်တော် ရှိတာက အရှင့်ရဲ့ လုပ်ရပ်တွေကို တရားမျှတစေမှာပါ”

လင်းပိုင်ဖန်က ဂရုမစိုက်ဟန်နဲ့ ကြည့်လိုက်ပြီး- "တကယ်တော့ ငါကိုယ်တော် ဒါကို သိနေတာ ကြာခဲ့ပြီ၊ မဟုတ်ရင် မင်း ဘယ်လိုလုပ်ပြီး နန်းတော်ကနေ ဘေးကင်းစွာ ထွက်လာနိုင်မှာလဲ"

ဖန်နိုင်ငံ ဧကရာဇ်က ထိတ်လန့်သွားပြီး- "အဲဒီလူတွေကို အရှင့်ရဲ့ အမိန့်နဲ့ လုပ်ကြံခဲ့တာလား"

လင်းပိုင်ဖန်က ခေါင်းညှိတ်လိုက်ကာ- "အဲဒီလို ပြောလို့ရတယ်၊ ဒါကြောင့် ငါတို့ အခု တန်ဖိုး ညီမျှသွားပြီ၊ မင်း ဆက်နေချင်လား ထွက်သွားချင်လားဆိုတာ မင်းသဘောပဲ။ ငါကိုယ်တော် ဝင်မစွက်ဖက်ဘူး"

ဖန်တိုင်းပြည် ဧကရာဇ်က စိုးရိမ်လာပြီး- "မဟုတ်ဘူး၊ အရှင် ကျွန်တော်မျိုးတို့ကို ဒီလို ပစ်ထားလို့ မရပါဘူး"

"ဘာလို့ ငါက ဂရုစိုက်ရမှာလဲ" လင်းပိုင်ဖန်က ပြန်ပြောလိုက်တယ်။

"အရှင်သာ ကျွန်တော်မျိုးကို ဂရုမစိုက်ရင် မဟာယွဲ့က စေလွှတ်လိုက်တဲ့ ကျွမ်းကျင်သူတွေကြောင့် ကျွန်တော်မျိုး အသတ်ခံရမှာပါ၊ ဒါ့အပြင်ကိုမှ နိုင်ငံကလည်း ပျက်စီးသွားပြီ၊ ကျွန်တော်မျိုးမှာ အသက်မွေးဝမ်းကျောင်းပြုဖို့ နည်းလမ်းလည်း မရှိဘူး၊ ကျွန်တော်မျိုး ငတ်ပြီး သေရတော့မှာပါ" ဖန်နိုင်ငံ ဧကရာဇ်က စိုးရိမ်တကြီး ပြောလိုက်သည်။

"ဒါက မင်းရဲ့ ပြဿနာပဲလေ။ ငါကိုယ်တော် မင်းကို ကယ်လိုက်တာတောင်မှ လွန်နေပြီ"

"ခဏ၊ ကျွန်တော်မျိုး ဆက်သစရာ ရတနာ တစ်ခု ရှိပါသေးတယ်"

ဖန်နိုင်ငံ ဧကရာဇ်က အသံကျယ်လောင်စွာနဲ့ ပြောလိုက်တယ်- " နိုင်ငံ ပျက်စီးသွားရင် ပြန်လည်ထူထောင်ဖို့အတွက် ရှေးဘုရင်တွေက နောက်မျိုးဆက်တွေ ပြန်ယူဖို့ ရတနာတစ်ခုကို ပြင်ဆင်ထားခဲ့ပါတယ်၊ အရှင် ကျွန်တော်မျိုးနဲ့ ကျွန်တော်မျိုးရဲ့ မိသားစုကို အကာအကွယ်ပေးရင် ဒီရတနာကို ချက်ချင်း ဆက်သပါ့မယ်"

လင်းပိုင်ဖန်ရဲ့ မျက်လုံးတွေ လင်းလက်သွားပြီး- "ဘယ်လောက်တန်လဲ"

"ငွေတေး နှစ်သန်းခန့် ပါ"

လင်းပိုင်ဖန်ရဲ့ မျက်နှာအမူအရာမှာ မှိန်ဖျော့သွားပြီး- "နည်းနည်းတော့ နည်းတယ်၊ ဒါပေမယ့် ဘာမှ မရှိတာထက်စာရင်တော့ ကောင်းပါသေးတယ်၊ တကယ်သာ မှန်ခဲ့ရင် အမတ်ဘွဲ့ ချီးမြှင့်မယ်"

"အမတ်ဘွဲ့က နိမ့်လွန်းပါတယ် အရှင်မင်းမြတ်၊ မြို့စားဘွဲ့လေးများ ချီးမြှင့်လို့မရဘူးလား"

ဖန်နိုင်ငံ ဧကရာဇ်က- "ကြည့်လိုက်ပါဦး အရှင်မင်းကြီး၊ မို တိုင်းပြည်၊ ရှန် တိုင်းပြည်၊ အန်းတိုင်းပြည်က ဧကရာဇ်တွေ အားလုံး ဒီကို ရောက်လာတော့ မြို့စားဘွဲ့တွေ ရခဲ့တာပဲလေ။ ကျွန်တော်မျိုးက သူတို့ထက်တော့ မဆိုးနိုင်ပါဘူးလေ၊ ဟုတ်တယ်မလား"

"အဲဒါက သူတို့ ဆက်သတာက အဲဒီဘွဲ့နဲ့ ထိုက်တန်လို့ပဲ၊ မင်းက ငွေတေး နှစ်သန်းပဲ ပေးတာလေ၊ ဘွဲ့တစ်ခု ပေးတာတောင် တော်တော် ရက်ရောနေပြီ။ ကျေးဇူးမကန်းနဲ့" လင်းပိုင်ဖန်က စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် ပြောလိုက်သည်။

သူက မြို့စားဘွဲ့တွေကို ဒီလောက် လွယ်လွယ်နဲ့ ပေးနေတာလို့များ ထင်နေတာလား?

အဲဒီလိုသာဆိုရင် နိုင်ငံက ပရမ်းပတာ ဖြစ်သွားမှာပေါ့။

"တကယ်တော့ အဲဒီရတနာနေရာမှာ ဥက္ကာခဲသံ တစ်တုံးကိုလည်း ဝှက်ထားပါတယ်၊ အလေးချိန်က ဂျင် ၅၀၀၀ ရှိပြီး မပျက်စီးနိုင်ပါဘူး၊ ဒါက အရမ်းမာပြီး လေးလံတာကြောင့် ဘယ်မီးကမှ အရည်မပျော်နိုင်ပါဘူး၊ ဒါကြောင့် လက်နက်တွေ ထုလုပ်လို့ မရဘဲ သံစုတ်ဖြစ်နေတာပါ၊ ဒါပေမယ့် အရည်ပျော်ဖို့ နည်းလမ်း ရှာတွေ့ရင်တော့ ပြိုင်ဘက်ကင်းတဲ့ နတ်ဘုရားလက်နက် တစ်ခုကို ထုလုပ်နိုင်မှာ သေချာပါတယ်၊ ပြီးတော့ သူ့ရဲ့ တန်ဖိုးက အလွန်ကို ကြီးမားပါတယ်" ဖန်နိုင်ငံ ဧကရာဇ်က ထပ်ပေါင်းပြောလိုက်သည်။

လင်းပိုင်ဖန်က ရယ်လိုက်ကာ- "ဘာလို့ စောစောက မပြောတာလဲ၊ အဲဒါသာ တကယ်မှန်ခဲ့ရင် မြို့စားဘွဲ့ ချီးမြှင့်ပေးမယ်"

All Chapters