← Chapters

အခန်း (၉၇-၉၉)

Vol. 7 Ch. 97-99

အခန်း (၉၇-၉၉)

Vol. 7 Ch. 97-99

အခန်း (၉၇) နံနက်ခင်း

ဝင်္ကပါ၏ ဒုတိယနေ့——

နံနက်ပိုင်းတွင် လူတိုင်း ပစ္စည်းများ သိမ်းဆည်းပြီး ဝင်္ကပါကို လေ့လာရန် ထွက်ခွာခဲ့ကြသည်။

ပိုင်ယို့ဝေသည် ပုံမှန်အတိုင်း ခဲတံနှင့် စာရွက်ယူပြီး လျှောက်ရင်းနှင့် ရေတွက်သွားသည်။

တူဒန်တို့ဘက်ကတော့ တွန်းလျှောက်နည်းလမ်းကိုပဲ ဆက်လက်အသုံးပြုသော်လည်း မူရင်းနည်းလမ်းအပေါ်တွင် ပြောင်းလဲမှုအချို့ ပြုလုပ်ခဲ့သည်။ ပိုင်ယို့ဝေက မည်သို့ ပြောင်းလဲမှုများ လုပ်ခဲ့သည်ကို မသိသလို ဂရုလည်းမစိုက်ပေ။ အဖွဲ့နှစ်ဖွဲ့သည် ဆန့်ကျင်ဘက်အရပ်များကို ခွဲထွက်သွားပြီး ဝင်္ကပါ၏ အတွင်းပိုင်းကို အလျင်အမြန် ဝင်ရောက်သွားကြသည်။

ပိုင်ယို့ဝေနှင့် ရှန်မိုက ပေါ့ပေါ့ပါးပါး ခရီးနှင်ကြသည်။ သူတို့၏ လျှောက်လှမ်းပုံကြောင့် ဘယ်လောက်ပဲ ဝေးဝေးလျှောက်လျှောက် နောက်ဆုံးတော့ အစမှတ်ကို ပြန်ပြီး နားကြသည့်အတွက် ခရီးဆောင်အိတ်များ အများကြီး သယ်သွားစရာမလိုပေ။ ထို့ကြောင့် ကျန်းထျန်းယန်သည် ဒါက အချိန်အကုန်ဆုံး လျှောက်လှမ်းပုံဟု ထင်ခဲ့ခြင်း ဖြစ်သည်။

တူဒန်ကတော့ အိတ်များ၊ တဲများ၊ ဘွိုင်လာများ အားလုံးကို သူတို့နှင့်အတူ ယူသွားခဲ့သည်။ အကြောင်းမှာ တွန်းပြီးသွားသည့် နည်းလမ်း၏ ထူးခြားချက်သည် လူများသည် နောက်ပြန်မလှည့်နိုင်ဘဲ အလံသေးသေးလေးများနှင့် အတူတူ နေရာတကျ ရှိနေရသည် ဖြစ်သည်။

လမ်းတွင် တန်ရှောင်ကမေးသည်။ “သူတို့မှာ လူပိုများတော့ ကျွန်တော်တို့ထက် အရင် ထွက်ပေါက်ကို ရှာတွေ့နိုင်လား”

“ဘယ်သူ အရင်ရှာတွေ့တွေ့ပါ။” ပိုင်ယို့ဝေက ဂရုမစိုက်စွာ ပြောလိုက်သည်။ “ကျွန်မတို့ကို ဒုက္ခရောက်တာ သက်သာစေလိမ့်မယ်။”

တန်ရှောင် စဉ်းစားလိုက်သည့်အခါ ပိုင်ယို့ဝေ မှန်သည်ဟု ခံစားရသည်။

ထို့ကြောင့် လမ်းတစ်လျှောက် ပိုပြီး စိတ်အေးလက်အေး ဖြစ်သွားသည်။

ပိုင်ယို့ဝေက သူတို့ကို ထပ်မေးသည်– “မနေ့က ကျွန်မ ရှင်တို့ကို မှန်ထဲမှာ ကြည့်ဖို့ အချိန်ပေးပါလို့ ပြောခဲ့တယ်။ ရှင်တို့ ကြည့်ဖြစ်ကြလား”

“ကျွန်တော် ကြည့်ခဲ့တယ်” တန်ရှောင်က လျှောက်ရင်းနှင့် ပြောလိုက်သည်။ “ထူးထူးခြားခြား တစ်ခုမှ မတွေ့ရဘူး။ ကျွန်တော်နဲ့ တူတဲ့ အရုပ်လေးတစ်ခုပဲ ရှိတယ်”

ပိုင်ယို့ဝေက ခေါင်းလှည့်ပြီး ချန်းဝေခိုင်ကို ကြည့်လိုက်သည်။ “ဆရာချန်းက ဘယ်မှာလဲ”

“ငါ့ဟာက...” ဆရာချန်း ခဏစဉ်းစားပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “နည်းနည်းတော့ ထူးဆန်းတယ်။ ငါ့အရုပ်က အရမ်း အိုနေပုံရတယ်...”

“…”

လူတိုင်းက သူ့ကို ကြည့်လိုက်ကြသည်။

ဆရာချန်း: “ ဘာလို့ ငါ့ကို ကြည့်နေတာလဲ။ ငါဆိုလိုတာက ငါရဲ့ အခုထက် ပိုအိုနေတယ်။ ဖြစ်နိုင်တာက... အသက် ရှစ်ဆယ်၊ ကိုးဆယ်လောက်ရှိမယ်။”

“တကယ်လား” တန်ရှောင်က စူးစမ်းစွာ မေးလိုက်သည်။ “ပုံရိပ်ကနေ ယူထားတဲ့ အရုပ်တွေက ဘယ်လိုလုပ် ကွဲပြားနိုင်မှာလဲ”

လမ်းကြောင်းရှေ့တွင် မှန်တစ်ချပ် ရှိနေသည့်အတွက် ပိုင်ယို့ဝေက ပြောလိုက်သည်။ “သွားကြည့်လိုက်၊ ဒါပေမယ့် သိပ်မနီးစေနဲ့”

တန်ရှောင်နှင့် ချန်းဝေခိုင်တို့သည် မှန်မှ ဆယ်လှမ်းခန့်အကွာသို့ လျှောက်သွားပြီး ရပ်လိုက်ကြသည်။ မှန်ထဲတွင် အရုပ်နှစ်ရုပ် ပေါ်လာသည်။ တန်ရှောင်၏ အရုပ်သည် လူအစစ်နှင့် အတူနီးပါး ရှိသော်လည်း ဆရာချန်း၏ အရုပ်မှာ အနည်းဆုံး အသက် ၂၀ သို့မဟုတ် ၃၀ ပို၍ ကြီးနေသည်။

သူ၏ မျက်နှာတွင် အရေးအကြောင်းများနှင့် မှဲ့ခြောက်များ ပြည့်နေပြီး ဆံပင်များက လုံးဝဖြူနေကာ သွားများ ကျဲပါးပြီး ကျိုးလုနီးပါး ဖြစ်နေသည်။ အရပ်အမြင့်ပင် ကျုံ့သွားပုံရပြီး ခါးကုန်းကာ လက်ရှိ ဆရာချန်းထက် ခေါင်းတစ်ဝက်နီးပါး ပို၍ နိမ့်သည်။

ဆရာချန်းက မကြည့်နိုင်တော့သည့်အတွက် သက်ပြင်းချကာ အကြည့်လွှဲလိုက်သည်။

တန်ရှောင်က အလွန်အံ့ဩသွားသည်။ သူက ဘယ်ညာ ကြည့်နေမိသည်။ “ဒါရဲ့ လမ်းစဉ်ကဘာလဲ။ သရဲဂိမ်းထဲကမှန်လိုမျိုးလား။ ဘယ်လိုလုပ် လူကို ဒီလောက်အိုအောင် လုပ်နိုင်တာလဲ။ ကျွန်တော်ကရော ဘာလို့ မပြောင်းလဲတာလဲ။ ဘာလို့လဲ။ ဘာလို့လဲ”

ဆက်တိုက် တီးတိုးပြောနေသည်။

ပိုင်ယို့ဝေက ခေါင်းလှည့်ပြီး သူမနောက်မှ ဘီးတပ်ကုလားထိုင်ကို တွန်းနေသည့် ရှန်မိုကို ကြည့်လိုက်သည်။ “ရှင်လည်း ကြည့်ချင်လား”

ရှန်မိုသည် ခဏမျှ တိတ်ဆိတ်နေပြီး “ငါက တန်ရှောင်လိုပဲ။ ဘာမှ ပြောင်းလဲမှုမရှိဘူး”

ဒီလိုပြောသော်လည်း သူ မှန်ဆီကို လျှောက်သွားတုန်းပဲဖြစ်သည်။

သူ၏ အရုပ်သည် မှန်ထဲတွင် ပေါ်လာသည်။

ပြောရလျှင် ဘုရားသခင်သည် သူ့အပေါ် ကောင်းခဲ့သည်။ သူသည် ချောမောပြီး အရုပ်သည် နူးညံ့သိမ်မွေ့ပုံရသည်။ အရပ်မြင့်ပြီး ခြေတံရှည်ရှည်နှင့် ပြတင်းပေါက်က မော်ဒယ်လ်ရုပ်လို ရပ်နေသည့်အတွက် လူများကို ချစ်ခင်လေးစားစေသည်။ သို့သော် တစ်ချိန်တည်းမှာပင် ၎င်းသည် အလွန်ဝေးလံပြီး မထိတွေ့နိုင်ပေ။

ရှန်မိုက ပြောင်းလဲမှုမရှိဘူးဟု ပြောခဲ့သော်လည်း ပိုင်ယို့ဝေက ရှိသည်ဟု ခံစားရသည်။

သို့သော် ဒီပြောင်းလဲမှုသည် အလွန်သိမ်မွေ့သည်။ အသေးစိတ်တိုင်းတွင် သူ၏ ပါးစပ်ကွေးညွှတ်မှု၊ မျက်ခုံးကြားက အရေးအကြောင်းများ၊ သူ့မျက်လုံးထဲက ခံစားချက်မဲ့မှု...

ရှန်မိုသည် လူများကို အေးစက်ပြီး ခံစားချက်မရှိဟန် အမြဲပေးသည်။

ဤခံစားချက်မရှိခြင်းသည် သူ့၏ တစ်ချိန်လုံး မျက်နှာအမူအရာမဲ့နေခြင်းတွင် ထင်ဟပ်နေသည်။

သူက စိတ်ခံစားမှု မရှိသည် မဟုတ်ပေ။ သို့သော် သူက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းရှိပြီး သာမန်လူများထက် ပိုပြီး ဆင်ခြင်တုံတရားရှိကာ တည်ငြိမ်သည်။ သူ့၏ အပြုံးသည် ပေါ့ပါးသည်။ ဘယ်လောက်ပဲ ဒေါသထွက်ထွက် ထိန်းချုပ်ထားနိုင်သည် ဖြစ်သည်။

သို့သော် သူ၏ အရုပ်များသည် လူများကို အေးစက်ပြီး ခံစားချက်မရှိသည့် ခံစားချက်ကို ပေးသည်။

နှလုံးသားမရှိဘဲ အရာအားလုံးကို ဂရုမစိုက်သလိုမျိုးဖြစ်သည်။

……………

အခန်း (၉၈) မွန်းတည့်ချိန်

မွန်းတည့်ချိန်တွင် အပူချိန် တက်လာပြီး နံရံနှစ်ဖက်မှ အရိပ်များသည် တိုပြီး ကျဉ်းမြောင်းလာသည်။ အရိပ်မရှိတော့သည့်အတွက် လူလေးယောက်လုံး ရှာဖွေခြင်းကို ရပ်လိုက်ကြသည်။

သူတို့သည် သစ်သီးဆိုင်တစ်ဆိုင်တွင် နားနေကြသည်။

ဆိုင်အများအပြားနှင့်ကွန်ကရစ်များကို ပေါင်းစပ်ပြီး ဤ “နံရံ” ကို ဖန်တီးထားခြင်း ဖြစ်သည်။

သစ်သီးဆိုင်တွင် ဖရဲသီးများရှိပြီး ဘေးက ရေခဲမုန့်ဆိုင်တွင် ရေခဲမုန့်များရှိသည်။ ဆိုင်ကို မှန်များစွာဖြင့် အလှဆင်ထားသည့်အတွက် တန်ရှောင်က ရေခဲမုန့်အနည်းငယ်ကို မြန်မြန်ဆန်ဆန် ယူပြီး ပြေးထွက်သွားသည်။ ကြာကြာ မနေရဲပေ။

ပိုင်ယို့ဝေသည် ဖရဲသီးစားပြီး လေအေးပေးစက်ကို ခံစားနေရသည့်အတွက် သူမသည်ရင်ထဲတွင် သက်ပြင်းတစ်ချက် ထပ်ချလိုက်သည်။ လျှပ်စစ်ဓာတ်အားသည် တကယ်ကို ကြီးကျယ်သည့် တီထွင်မှုပင် ဖြစ်သည်။

တန်ရှောင်က သစ်သီးဆိုင်အပေါ်တွင် အားကစားပစ္စည်းဆိုင် ရှိနေသည်ကို တွေ့လိုက်ရပြီး စိတ်ကူးပေါက်ပေါက်နှင့် တက်ကြည့်ချင်စိတ် ပေါက်သွားသည်။ ဆရာချန်းက သူ ပြုတ်ကျမည်ကို စိုးရိမ်သည့်အတွက် ဖရဲသီးများကို လက်ထဲက ချလိုက်ပြီး အောက်ကနေ စိတ်ပူပန်စွာ ကြည့်နေသည်။

လေအေးပေးစက်၏ အသံမှလွဲ၍ တိတ်ဆိတ်နေသည်။

ပိုင်ယို့ဝေက ဖရဲသီး နှစ်ကိုက် သုံးကိုက် စားပြီး ရပ်လိုက်ကာ မျက်လုံးများကို အနည်းငယ် မှိတ်လိုက်သည်။ နေ့လယ်ခင်း၏ တိတ်ဆိတ်မှုက သူမကို အိပ်ငိုက်လာစေသည်။

သူမသည်ရှေ့က ဖရဲသီး ၁၂စိတ် ၁၃ စိတ်လောက်ကို အကုန်ကိုက်ပြီးပြီဖြစ်သည်။ တြိဂံပုံ ဖရဲသီးစိတ်တိုင်းမှာ ထိပ်ချွန်သည့် ထောင့်လေးများ ပျောက်နေသည်။

ရှန်မို ပြောစရာစကားမဲ့သွားသည်။

ဆိုင်တစ်ဆိုင်လုံးက ဖရဲသီးများကို သူမ စိတ်ရှိသလောက် စားနိုင်သော်လည်း လူအများစုကတော့ ဒီလို အလဟဿဖြစ်မည့်အလုပ်မျိုးကို လုပ်မည် မဟုတ်ပေ။

သူမကို တစ်ခုခု ပြောမလို့ ပြင်နေစဉ် သူမက မျက်လုံးမှိတ်ပြီး ငိုက်နေသည်ကို မြင်လိုက်ရသည်။ စဉ်းစားပြီးမှ အရှုံးပေးရန် ဆုံးဖြတ်လိုက်သည်။

ပိုင်ယို့ဝေ၏ တစ်ရေးတစ်မော အိပ်စက်ခြင်းသည် ကြာရှည်မခံခဲ့ပေ။

တန်ရှောင်က ဘေ့စ်ဘောတုတ်တစ်ချောင်းကို အပေါ်ထပ်ကနေ ပစ်ချလိုက်သည့်အခါ “ဗုန်း” ခနဲ မြည်သံကြောင့် သူမ နိုးသွားသည်။

ရှန်မိုသည် ထိုအချိန်တွင် သူမ၏ မျက်လုံးများ ကျယ်လာသည်ကို မြင်လိုက်ရသည်။ ကြောက်လန့်နေသည့် ကြောင်တစ်ကောင်လိုပင် သူမ၏ မျက်ဝန်းသူငယ်အိမ်များပင် တောက်ပနေသည်။ သူသည် သူမ ထပ်မံ ဒေါသထွက်တော့မည်ဟု ထင်ခဲ့သော်လည်း နှစ်စက္ကန့်မျှသာမှင်သက်နေပြီးမှ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

နိုးလာသည့်အခါ စိတ်တိုသည်ဟု မခံစားရပေ။

တန်ရှောင်သည် အခြားပစ္စည်းအများအပြားကို ထပ်ပစ်ချလိုက်သည်။ သူမသည် စိတ်အားထက်သန်စွာဖြင့် အပြင်သို့ ထွက်သွားသည်။ ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်နေသည့်တိုင် ပျော်စရာများတွင် ပါဝင်ခြင်းကို မတားဆီးနိုင်ပေ။ “တခြားဟာ ဘာရှိသေးလဲ။ တခြားဟာ ဘာရှိသေးလဲ”

တန်ရှောင်က အသံကုန် အော်လိုက်သည်– “roller skates လိုချင်လား”

ပိုင်ယို့ဝေ: “ပစ်ချလိုက်၊ ပစ်ချလိုက်”

ရှန်မို: “…”

သူက မေးသည်။ “roller skates ကို ဘာလုပ်ဖို့လဲ”

“ဘာမှ မဟုတ်ဘူး။” ပိုင်ယို့ဝေက မျက်လုံးများ တောက်ပစွာဖြင့် မော့ကြည့်လိုက်သည်။ “သူ ပစ္စည်းတွေ ပစ်ချတာ ကြည့်ရတာ ပျော်စရာကောင်းလို့။”

ရှန်မို: “…………”

တန်ရှောင်က အားကစားကို ကြိုက်သည်။ ဒါကြောင့် သူသည် အားကစားပစ္စည်းဆိုင်ကို လှန်လှောမွှေနှောက်ထားသည်။ သူသည် ဘတ်စကက်ဘော၊ ဘောလုံး၊ နှင့် ကြက်တောင်ရိုက်တို့ကို ကြိုက်နှစ်သက်ပြီး အားကစားဖိနပ်များ၊ အားကစားဦးထုပ်များ၊ နှင့် အားကစားဂျာစီများလည်း သူ၏ အကြိုက်ဆုံးများ ဖြစ်သည်။

သူသည် အားကစားပစ္စည်းများစွာကို ပစ်ချလိုက်ပြီးနောက် သူနှင့် ဆရာချန်းတို့သည် ပစ္စည်းများထဲမှ ရွေးချယ်ကြသည်။

ရှန်မိုက မလှမ်းမကမ်းတွင် ရပ်နေပြီး ပိုင်ယို့ဝေနှင့် စကားပြောနေသည်။ “ဘာလို့ တန်ရှောင်က ဘာမှမပြောင်းလဲရတာလဲ”

“သူက အရမ်း ရိုးရှင်းတယ်” ပိုင်ယို့ဝေသည် သူမ၏ ပါးစပ်ထောင့်ကို အနည်းငယ် ပင့်တင်လိုက်သည်။”သူ့မှာ ဆိုးတဲ့ဘက် မရှိဘူး၊ အတွေးတွေ မရှိဘူး၊ ကောင်းတာဆိုးတာ အကုန်လုံး အပေါ်ယံပဲ။ မှန်တောင် ဒီလိုလူကို ဘာမှ လုပ်လို့မရဘူး။”

ရှန်မိုသည် တစ်ခုခုကို သဘောပေါက်သွားပုံရသည်။ “မှန်ထဲက အရာက ငါတို့ရဲ့ ဆိုးတဲ့ဘက်လား”

“ဆိုးတဲ့ဘက်လို့တော့ မခေါ်နိုင်ဘူး...” ပိုင်ယို့ဝေ ခဏစဉ်းစားပြီး တခြားနည်းနှင့်ပြောလိုက်သည်။ “အဲဒါက အဆိုးကိုဖော်ပြတဲ့ဘက်နဲ့ ပိုတူတယ်။ ကျွန်မတို့ မသိစိတ်က မုန်းတီး၊ ရှောင်ကြဉ်ပြီး၊ လက်ခံချင်စိတ်မရှိတဲ့အရာတစ်ခု။ဆရာချန်းက စိတ်ရင်းဖြူပုံရပေမယ့် တကယ်တော့ သူက တစ်နေ့ထက်တစ်နေ့ အားနည်းလာတာ အိုမင်းလာတာကို ကြောက်နေတာ။ ရှင်ကျတော့ ရှင်က ဖြောင့်မတ်ပြီး ကိုယ်ကျိုးမဖက်တဲ့ သူရဲကောင်းတစ်ယောက်လို ပုံပေါ်တယ်...”

သူမက ခဏရပ်ပြီး ရှန်မိုကို မျက်စိမှိတ်ကြည့်လိုက်သည်။ “ဒါပေမယ့် တကယ်တော့ ရှင်က ဒီကမ္ဘာကြီးကို ဂရုမစိုက်ဘူး။ ရှင်လူတွေကို ကယ်တင်တာ ကူညီတာက ရှင့်အလုပ်ရဲ့ လိုအပ်ချက်ကြောင့် ဒါမှမဟုတ် ငယ်ငယ်ကတည်းက ရရှိခဲ့တဲ့ ပညာရေးရဲ့ လွှမ်းမိုးမှုကြောင့်ပဲ။ တကယ်တော့ ရှင့်ရဲ့၏ နှလုံးသားက တခြားသူတွေထက် ပို အေးစက်တယ်။”

ရှန်မိုသည် နက်ရှိုင်းသည့် မျက်လုံးများဖြင့် သူမကို စိုက်ကြည့်နေသည်။

သူမ၏ မျက်ဝန်းသူငယ်အိမ်များသည် နက်နဲလှသည့် ချောက်နက်ကြီးတစ်ခုလို မှောင်မိုက်နေပြီး သူမ၏ စိတ်ခံစားမှုအားလုံးကို နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားသည်။

အချိန်တစ်ခု ကြာပြီးနောက် သူသည် နောက်ဆုံးတွင် စကားစပြောသည်။ “မင်းကရော”

“ကျွန်မကတော့...”

ပိုင်ယို့ဝေသည် ငိုနေသည့် မျက်နှာကို သတိရသည့်အခါ မရယ်ဘဲ မနေနိုင်ခဲ့ပေ။

“ကျွန်မကတော့ ကြောက်တတ်တဲ့လူတစ်ယောက်ပေါ့”

………….

အခန်း (၉၉) ညနေခင်း

ညနေခင်းတွင် ရှန်မိုနှင့် အခြားသူများသည် ဝင်္ကပါ၏ အလယ်ဗဟိုသို့ ပြန်ရောက်လာပြီး တုဒန်နှင့် သူမ၏ ကျောင်းသားများနှင့် ထပ်မံတွေ့ဆုံကြသည်။

လူတိုင်း အံ့အားသင့်သွားကြသည်။

ယုတ္တိနည်းကျကျ ပြောရလျှင် တုဒန်နှင့် သူ၏လူများသည် အလံငယ်လေးများ စိုက်ထားသည့် နေရာတွင် ရှိသင့်သည်။ အစမှတ်ကို ပြန်လာရမည် မဟုတ်ပေ။

ငြင်းခုံသံများသည် အဝေးမှ ကြားရသည်။ တုဒန်သည် စိုးရိမ်တကြီးဖြင့် တစ်ခုခုကို ပြောနေပြီး ချွေးများ သီးနေသည်။ သို့သော် ကျောင်းသားများ၏ အသံများက ပို၍ ပို၍ ကျယ်လောင်လာသည်။

ရှန်မို ပြောခဲ့သည့်အတိုင်းပင် တုဒန်သည် သူမ၏ ကျောင်းသားများကို ထိန်းချုပ်နိုင်တော့ခြင်း မရှိပေ။

လူအနည်းငယ်က သူတို့၏ ခြေလှမ်းများကို မြန်လိုက်သည်။ ထိုအခါ ဟိုဘက်မှ အသံသည် ရှင်းလင်းလာသည်။

“မင်းတို့ ဘာမှ ထပ်ပြောစရာမလိုဘူး။ ငါ ဒါကို ဘယ်တော့မှ သဘောမတူဘူး။ ဒီနေ့က ဒုတိယနေ့ပဲ ရှိသေးတယ်။ ကျန်တဲ့ လမ်းကြောင်းတွေကို စူးစမ်းဖို့ အချိန်အလုံအလောက် ရှိတယ်။ ဒီအန္တရာယ်ကို စွန့်စားစရာမလိုဘူး။ မင်းတို့ ဘယ်သူမှ သွားလို့မရဘူး။ ငါ ပြောတာ ကြားလား”

တုဒန်သည် သူ့အားအင်ကုန်သုံးပြီး ကျောင်းသားများကို အလွန်အလေးအနက်ထားသည့် လေသံဖြင့် ပြောလိုက်သည်။ “ဘယ်သူမှ အဲဒီကို သွားလို့မရဘူး၊ ဘယ်သူမှလည်း အဲဒီနားကို သွားခွင့်မရှိဘူး”

“ဘာလို့လဲ။ ဆရာမ၊ ထွက်ပေါက်က ကျွန်တော်တို့ရှေ့မှာပဲ။ ဝင်လိုက်တာနဲ့ ဆုကို ချက်ချင်းရမှာပဲ!”

“ဟုတ်တယ်။ ဆရာမ အန္တရာယ်ကို ထည့်စဉ်းစားရင်တောင် ကျွန်တော်တို့ကို မစမ်းသပ်ခိုင်းလို့တော့ မရဘူး မဟုတ်လား”

“ကျွန်မတို့ ထွက်ပေါက်ကို တွေ့ပြီဆိုရင်တောင် သူတို့က ကျွန်မတို့ကို မဝင်ခိုင်းရင် လမ်းကြောင်းကို ရှာဖွေတာက ဘာအဓိပ္ပာယ်ရှိတော့မှာလဲ”

ကျောင်းသားများသည် တစ်ချိန်တည်းတွင် စကားပြောနေကြပြီး သူတို့၏ စကားများက သူတို့၏ မကျေနပ်မှုကို ပြသနေသည်။

တုဒန်၏ ရင်ဘတ်သည် ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး သူမ၏ မျက်နှာအမူအရာသည် ပို၍ ပို၍ ဆိုးရွားလာသည်။

လွတ်မြောက်နိုင်သည့် အခွင့်အရေးဖြစ်စေ၊ ဝင်္ကပါ၏ ဆုလာဘ်ဖြစ်စေ၊ ဤကျောင်းသားအုပ်စုအတွက် သွေးဆောင်မှုသည် အလွန်ကြီးမားသည်။

ပြန်လာကြသည့် ရှန်မိုနှင့် ပိုင်ယို့ဝေတို့သည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး တစ်ယောက်မျက်လုံးတွင် တစ်ယောက်၏ အံ့အားသင့်မှုကို မြင်လိုက်ကြသည်။

……ထွက်ပေါက်လား။

ဒီလောက် မြန်မြန် ထွက်ပေါက်ကို တွေ့သွားသည်လား။

“လျောင်ကျင်းကျင်း၊ တော်ပြီ။ ဒီမှာ ပြဿနာ မရှာနဲ့တော့” ချမ်းဟွေးသည် တုဒန်၏ဘေးတွင် ရပ်ကာ မပျော်မရွှင် ပြောလိုက်သည်။ “ထွက်ပေါက်က အဲဒီမှာရှိမှာပဲ။ သူ့ဘာသာသူ ထွက်မပြေးဘူး။ ဆရာမတူက လုံခြုံရေးအရ ခဏစောင့်ခိုင်းတာ။ နင် ဘာလို့ ဒီလောက် စိတ်ပူနေတာလဲ”

“ဘာလို့ ငါက ပြဿနာရှာတယ် ဖြစ်ရတာလဲ။ ငါအားလုံးကောင်းဖို့ လုပ်တာပါ” လျောင်ကျင်းကျင်းက မကျေမနပ်ဖြင့် ပြန်ဖြေသည်။ “ဒီနေရာက လုံးဝမလုံခြုံတဲ့အတွက် အားလုံး အမြန်ဆုံး ထွက်သွားနိုင်ပါစေလို့ မျှော်လင့်တာပါ။ ကျောင်းသားတွေအများကြီး ဒီနေ့ မှန်ထဲက အရာနဲ့ တွေ့ခဲ့ကြတယ်။ ငါတို့ ဆက်နေရင် ဘယ်သူက ငါတို့ရဲ့ ဘေးကင်းမှုကို အာမခံနိုင်မှာလဲ။ ဆရာမတုလား”

တုဒန်သည် ဒေါသကြောင့် မျက်နှာမှာပြာနှမ်းနေသော်လည်း စကားတစ်ခွန်းမှ ပြန်မပြောနိုင်ခဲ့ပေ။

ဟုတ်သည်။သူမ တကယ် အာမခံနိုင်ခြင်း မရှိ။ သူမသည် အမျိုးသမီးတစ်ဦးဖြစ်ပြီး သူမ၏ တိုက်ခိုက်နိုင်စွမ်းသည် ထိုကျောင်းသားများလောက် မကောင်းပေ။ သူမ၏ တစ်ခုတည်းသော အားသာချက်မှာ သူမသည် အမြဲတမ်း သတိကြီးသည် ဖြစ်သည်။

သို့သော် ဤအချိန်တွင် ဤအားသာချက်ပင် ကျောင်းသားများ မကြိုက်သည့်အရာ ဖြစ်လာသည်။

ချမ်းဟွေးက လျောင်ကျင်းကျင်းကို ရိုင်းစိုင်းစွာ ပြောလိုက်သည်။ “ဆရာမတုက အာမခံလို့ မရဘူး၊ နင်ရော အာမခံလို့ရလား။ ကျောင်းသားတွေ ဝင်သွားပြီး ဂိမ်းကိုအပြီးသတ်နိုင်မယ်လို့ နင် အာမခံနိုင်လား။ ဘာမှ မဖြစ်ဘူးလို့ နင် အာမခံနိုင်လား”

လျောင်ကျင်းကျင်းသည် သူမ၏ နှုတ်ခမ်းအောက်ပိုင်းကို ကိုက်ပြီး မျက်လုံးများနီရဲစွာဖြင့် “ချမ်းဟွေး နင် ဘာကို ဆိုလိုတာလဲ။ နင်က မနေ့ညကတည်းက ငါ့ကို ပစ်မှတ်ထားနေတာ။ အခု ငါ ထွက်ပေါက်ရှာတွေ့ပြီ။ နင်က ငါ့ကို ချီးကျူးစကား ပြောမယ့်အစား ငါ့ကို အပြစ်တင်နေတယ်...”

ချမ်းဟွေး: “နည်းလမ်းကို ကျန်းထျန်းယန်က တွေးထားတာ၊ အသေးစိတ်ကိုတော့ လူတိုင်းက ဆုံးဖြတ်တာ။ နင်က အလံအုပ်စုမှာ ကျသွားလို့ပဲ။ ဒါကြောင့် နင် ထွက်ပေါက်ကို တွေ့တယ်လို့ ဘယ်လိုပြောနိုင်မှာလဲ။ တခြားလူတစ်ယောက်က ရှာမတွေ့နိုင်ဘူးလား။ ဪ၊ နင် ဘာလို့ ဒီနေ့ ဒီလောက် စိတ်အားထက်သန်နေတာလဲလို့ ငါ အံ့ဩနေတာ။ နင် ထွက်ပေါက်ကို တွေ့တယ်လို့ ထင်လို့ ဂုဏ်ယူနေတာ မဟုတ်လား”

ချမ်းဟွေး၏ စကားများသည် အလွန် ရက်စက်သည်။ မျက်နှာကို ရိုက်လိုက်သလိုပင်။

လျောင်ကျင်းကျင်းသည် ဒေါသကြောင့် မျက်ရည်များ တဖြိုင်ဖြိုင် ကျနေသည်။ ရှန်မိုက လူအုပ်ကို ဦးဆောင်ပြီး ပြန်လာသည်ကို မြင်သည့်အခါ သူမသည် ချက်ချင်း ရှန်မိုကို လက်ညှိုးထိုးကာ အော်လိုက်သည်။ “နင်က သူ့ကို ကြိုက်နေတာ။ ငါတို့ ထွက်သွားရင် သူ့ကို ဘယ်သူမှ ခေါ်ထုတ်မသွားမှာကို ကြောက်နေတာမလား”

ချမ်းဟွေး: “…”

ခေါင်းတစ်ခုလုံးပေါက်ထွက်မတတ်ဖြစ်လာပြီး ဘယ်လ်ုကျိန်ဆဲရမလဲမသိတော့ပေ။

သေအောင်သာရိုက်သတ်ပစ်ချင်မိတော့သည်။

…………..

All Chapters