← Chapters

တစ်ကွက်တည်းဖြင့် အမှောက်သိပ်ခြင်း ၂

Vol. 15 Ch. 212

တစ်ကွက်တည်းဖြင့် အမှောက်သိပ်ခြင်း ၂

Vol. 15 Ch. 212

“ ကျန်းချွမ်ကို ရှုံးသွားတာလား? “

ရှုကျိုးမှ အပြုံးဖြင့် အေးအေးဆေးဆေး ပြန်ပြောလိုက်သည် “ အဲ့တာက ဒီကိစ္စနဲ့ ဘာမှမဆိုင်ဘူး။ ငါလျှောက်နေတဲ့ လမ်းကြောင်းက မမှားဘူးဆိုတာကို သက်သေပြဖို့အတွက် ငါဒီနေ့ရောက်လာခဲ့တာ “

ထန်ဖင်းရှန်မှ ပြန်လည်ချေပပြောဆိုလာခဲ့သည် “ အစစ်အမှန် သိုင်းပညာဌာနရဲ့ ရွယ်တူတွေထဲမှာ ပြိုင်ဘက်ကင်းတယ်လို့ ခေါ်နေကြတဲ့ အရာက နတ်သိုင်းဌာနရဲ့ သွေးကြောမှတ် ၁၅၀ကျော်ဖွင့်ထားတဲ့ ပါရမီရှင်ကို မယှဥ်နိုင်ဘူး “

“ ပြီးတော့ ငါတို့ထဲမှာ သွေးကြောမှတ် ၁၆၀အကန့်အသတ်နားကို ရောက်နေတဲ့ လူတစ်ယောက် ပေါ်လာခဲ့ပြီ “

“ မင်းက ဒီလမ်းကြောင်းကို ကျော်ဖြတ်နိုင်ဖို့ ကံမပါလာခဲ့ဘူး “

သူ၏စကားများသည် အခြေအမြစ်မရှိသော အရာများ မဟုတ်ပေ။

နှစ်စဥ်နှစ်တိုင်းတွင် နိုင်ငံတစ်ဝှမ်းလုံး၌ ပြိုင်ပွဲများ ကျင်းပပြုလုပ်လေ့ရှိသည်။

၎င်းတို့ကြားထဲတွင် ပထမအဆင့် နယ်ပယ်မှ ပြိုင်ပွဲများလည်း ပါဝင်နေခဲ့သည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာအတွင်းက အစစ်အမှန် သိုင်းပညာဌာနသည် သွေးကြောမှတ် ၁၂၀၏ ပါဖက်စနစ်ဖြင့် အဆင့်တူတွင် အမှန်တကယ်ကို ပြိုင်ဘက်ကင်းနေခဲ့သည်။

သို့သော် နတ်သိုင်းဌာနမှ သွေးကြောမှတ် ၁၄၀ကျော်သည့် လမ်းကြောင်းတစ်ခု ပေါ်ထွက်လာမှုနှင့်အတူ အခြေအနေအားလုံး ပြောင်းပြန်ဖြစ်သွားခဲ့သည်။

သွေးကြောမှတ် ၁၄၀ကျော်ဖွင့်ထားသည့် လူများကို အစစ်အမှန် သိုင်းပညာဌာန၏ ပါဖက်စနစ်ပိုင်ရှင်များက ယှဥ်တိုက်ရုံမျှသာ တတ်နိုင်ခဲ့သည်။

သွေးကြောမှတ် ၁၅၀ကျော်ဖွင့်ထားသည့် လူများကမူ အသာစီးတိုက်ခိုက်နိုင်ခဲ့ပြီး၊ အစစ်အမှန် သိုင်းပညာဌာနမှ ပါရမီရှင်များကိုပင် အနိုင်တိုက်ခဲ့ကြသည်။

ဤနှစ်များအတွင်း၌ နတ်သိုင်းဌာနသည် ၎င်း၏ အားနည်းချက်များကို ဖာထေးကာ ပထမအဆင့်နယ်ပယ်ကို လွှမ်းမိုးကြီးစိုးထားခဲ့သည်။

“ သွေးကြောမှတ် ၁၅၀ပဲဖြစ်ဖြစ်၊ သွေးကြောမှတ် ၁၆၀ပဲဖြစ်ဖြစ်၊ ဒီနေ့မှာငါက တစ်ယောက်ချင်း အနိုင်ယူသွားမယ် “

ရှုကျိုးသည် ထန်ဖင်းရှန်ကို ကြည့်ကာ အပြုံးဖြင့် ပြောလိုက်သည် “ မင်းက ပထမဦးဆုံးတစ်ယောက် ဖြစ်လာလိမ့်မယ် “

ဟမ့် !!

ထန်ဖင်းရှန်မှ အေးစက်စွာ လှောင်ပြောင်ပြောဆိုလာခဲ့သည် “ မင်းရဲ့ အစွမ်းက မင်းရဲ့စကားလုံးတွေလို အစွမ်းထက်နေဖို့ ငါမျှော်လင့်ပါတယ် “

ဆွစ်ရှ် !!

ထို့နောက်တွင် သူသည် လှံရှည်တစ်ချောင်းကို ဆွဲထုတ်ကာ ချီ-သွေးစွမ်းအင်များကို နှိုးဆွလိုက်သည်။

သူသည် အပြင်းထန်ဆုံး တိုက်ကွက်ကို အစကတည်းက ထုတ်သုံးလာခဲ့သည်။

ထန်ဖင်းရှန်၏ ခန္ဓာကိုယ် အတွင်းပိုင်းရှိ သွေးကြောမှတ် ၁၅၀သည် လျင်မြန်စွာ လည်ပတ်လာခဲ့ပြီး၊ သွေးကြောမှတ်များထံမှ အဆုံးမဲ့ လျှို့ဝှက်စွမ်းအားသည် ချီ-သွေးစွမ်းအင်များအဖြစ် ပြောင်းလဲသွားကာ လှံရှည်ထဲသို့ တိုးဝင်သွားတော့သည်။

“ သတ် !! “

ထန်ဖင်းရှန်သည် လှံတံကို လွှဲရမ်းကာ ရှုကျိုး၏ ရင်ဘတ်ကို ဦးတည်တိုက်ခိုက်လာခဲ့သည်။

ရှုကျိုးကမူ ပြိုင်ဘက်၏ တိုက်ခိုက်မှုကို စောင့်ဆိုင်းနေသကဲ့သို့ အေးဆေးတည်ငြိမ်စွာ မတ်တပ်ရပ်နေသေးသည်။

“ ဝုန်းးး !! “

လှံရှည်သည် ရှုကျိုး၏ ပခုံးကို ချေမွလာခဲ့ပြီး၊ ချက်ချင်းဆိုသလိုပင် ရှုကျိုး၏ ကိုယ်တစ်ခြမ်းကို ဖျက်ဆီးသွားခဲ့သည်။

ထန်ဖင်းရှန် အနည်းငယ် မျက်မှောင်ကြုတ်သွားတော့သည်၊ ဒါက အစစ်အမှန် သိုင်းပညာဌာနရဲ့ အသန်မာဆုံး လူသစ်ဘုရင်လား?

တော်တော်ကြီးကို အားနည်းနေတာပဲ။

သူစိတ်အေးလက်အေး ဖြစ်သွားသည့် အချိန်တွင် အေးဆေးတည်ငြိမ်သော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

“ ငါ့ကို အနိုင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် “

ထိုစကားလုံးများ ပြီးဆုံးသွားသည့်နောက်တွင် ထန်ဖင်းရှန် ခုတ်ပိုင်းလိုက်သည့် ရှုကျိုးသည် အလင်းတန်းတစ်ခုအဖြစ် ပျံ့လွင့်ပျောက်ကွယ်သွားခဲ့သည်။

ရှုကျိုးအစစ်က ထန်ဖင်းရှန်နောက်သို့ ရောက်နေခဲ့သည်မှာ ကြာနေခဲ့ပြီဖြစ်သည်။

“ ဒင် !!! “

အဖြူရောင် အလင်းတန်းတစ်ခုသည် ထန်ဖင်းရှန်၏ လက်မောင်းကို ထိုးဖောက် ဖြတ်တောက်သွားပြီး၊ အရှေ့ဘက်ရှိ ကျောက်ဆောင်ကိုပါ ထိမှန်သွားခဲ့သည်။

ဝှစ် !!

ဓားအလင်းတန်းသည် ကြယ်မြစ်တစ်ခုကဲ့သို့ ကျရောက်လာခဲ့ကာ ကျောက်ဆောင်ကို တစ်ဝက်တိတိ ချေမွသွားခဲ့သည်။

ကျယ်လောင်သော အသံနှင့်အတူ ကျောက်ဆောင်သည် အပိုင်းအစများအဖြစ် ပေါက်ကွဲထွက်သွားကာ နေရာအနှံ့ပြန့်ကျဲသွားခဲ့သည်။

ထိုအချိန်မှသာလျှင် ထန်ဖင်းရှန်သတိပြန်ဝင်လာခဲ့သည်။

သူသည် ပတ်ဝန်းကျင်ကို ကြောင်အမ်းအမ်း လှည့်ပတ်ကြည့်ရှုနေခဲ့ပြီး၊ သူ၏ အနောက်ဘက်တွင် ကျောက်ရုပ်ကဲ့သို့ တည်တည်ငြိမ်ငြိမ် ရပ်နေသည့် ပုံရိပ်တစ်ခုကိုသာ မြင်တွေ့သွားခဲ့သည်။

အစမှ အဆုံးအထိ အသက်ရှုကြိမ် အနည်းငယ်မျှသာ ကြာခဲ့သည်။

ထန်ဖင်းရှန်၏ လက်တစ်ဖက် ပြတ်တောက်သွားခဲ့ပြီဖြစ်ကာ ရှုကျိုးကမူ ချွေးပင် မထွက်သွားခဲ့ပေ။

ထိုအချိန်၌ ထန်ဖင်းရှန်သည် အကယ်၍ ရှုကျိုးကသာ သူ့ကိုသတ်ဖြတ်ချင်သည်ဆိုပါက သူသေဆုံးသွားခဲ့ပြီဆိုသည်ကို နားလည်သွားခဲ့သည်။

…

“ ချီးပဲ “

ယခုမှ ရောက်ရှိလာသော ရှားဟောက်ချန်းသည် အဆိုပါ မြင်ကွင်းကို မြင်တွေ့သွားခဲ့ပြီး မနေနိုင်တော့ဘဲ ကျိန်ဆဲလာခဲ့သည်။

တော်တော်ကြီးကို စွမ်းတာပဲ၊ သူက နတ်သိုင်းဌာနက ပါရမီရှင်ကို တစ်ကွက်တည်းနဲ့ အမှောက်သိပ်လိုက်တာလား?

သာမန် ပါရမီရှင်တောင် မဟုတ်ဘူး၊ သွေးကြောမှတ် ၁၅၀ကျော် ဖွင့်ထားတဲ့ ပါရမီရှင်ကိုလေ !!

ကျန်းလန်နှင့် ရှားရှီယောက်တို့မှာလည်း မှင်သက်သွားကြသည်။

သူမတို့သည် ရှုကျိုးက အစွမ်းထက်သည်ဆိုသည်ကို သိထားကြသော်လည်း ဤမျှအထိ သန်မာနေလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။

အဲ့တာက နတ်သိုင်းဌာနရဲ့ အဆင့်တူမှာ ပြိုင်ဘက်ကင်းတဲ့ သကေ်တလေ ရှုကျိုးက တစ်ချက်တည်းနဲ့ အမှောက်သိပ်လိုက်တာလား?

“အစ်ကို “ ရှားရှီယောက်မှ လေသံတိုးတိုလေးဖြင့် တီးတိုးပြောဆိုနေတော့သည် “ နင်ကသူ့ကို အမှီလိုက်နိုင်တော့မှာ မဟုတ်ဘူး “

ကျန်းလန်၏မျက်လုံးများလည်း လှုပ်ခတ်သွားခဲ့သည်၊ ရှုကျိုးသည် သူမမော်ကြည့်နေရသည့် အဆင့်အထိ ရောက်ရှိနေခဲ့ပြီဖြစ်သည်။

…

ထိုအချိန်၌ နတ်သိုင်းဌာနမှ လူတော်တော်များများမှာလည်း မျက်နှာများ ဖြူဖျော့သွားခဲ့သည်။

တော်တော်ကြီး စွမ်းတယ် !! တော်တော်လွယ်နေတာပဲ !!

ဒုတိယအဆင့် နယ်ပယ်မှ ကျောင်းသူကျောင်းသားတစ်ချို့၏ အမူအရာများပင် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

တိုက်ကွက်တစ်ခုဖြင့် သွေးကြောမှတ် ၁၅၀ကျော် ဖွင့်ထားသည့် ပါရမီရှင်တစ်ဦးကို အနိုင်ယူခြင်း၊ အကယ်၍ သူတို့သာဆိုပါက အကွက်အနည်းငယ်မျှပင် တောင့်ခံနိုင်လိမ့်မယ် မဟုတ်ပေ။

လျူတျန်မုနှင့် ဟွမ်ရိချန်းတို့၏ မျက်နှာများမှာလည်း မည်းမှောင်သွားခဲ့သည်။

“ ဒီကလေးက၊ ဆယ်ရက်အတွင်းမှာပဲ ဘယ်လိုလုပ်ပြီးတော့ ဒီလောင်တောင် အားကောင်းလာရတာလဲ? “

လျူတျန်မု၏ စိတ်သည် မတည်မငြိမ်ဖြစ်သွားကာ သူ၏အတွေးထဲတွင် အချက်ပေးသံများပင် အော်မြည်လာခဲ့ပြီဖြစ်သည်။

သူသည် နောင်အနာဂတ်တွင် ရှုကျိုးက သူ၏ပြိုင်ဘက်ဖြစ်လာနိုင်သည်ဟု ရုတ်တရက် ခံစားသွားခဲ့ရသည်။

အဲ့တာက ဖြစ်နိုင်ပါ့မလား?

သူသည် အဆိုပါ ဖြစ်နိုင်ခြေကို ယခင်က တစ်ကြိမ်တစ်ခါမှ မတွေးထားခဲ့ဖူးချေ။

ရှုကျိုးမှာ ပထမအဆင့်တွင်သာ ရှိနေသေးစဲဖြစ်ပြီး၊ သူကမူ တတိယအဆင့်သို့ ရောက်ရှိနေခဲ့ကာ ရှုကျိုးမှ သူ့အား အချိန်တိုအတွင်းတွင် လိုက်မမှီလာနိုင်ဘူးဟု ယူဆထားသောကြောင့်ဖြစ်သည်။

သို့သော် ယခု၌ လျူတျန်မှာ စိတ်မသက်မသာ ဖြစ်သွားခဲ့ပြီဖြစ်သည်။

တကယ်လို့ တစ်နေ့မှာ ငါက ရှုကျိုးနဲ့ ရင်ဆိုင်ရမယ်ဆိုရင်၊ ငါကသူ့ကို အနိုင်ယူနိုင်မှာလား?

ဘေးဘက်ရှိ ဟွမ်ရိချန်းမှာလည်း လက်သီးဆုပ်၍ အေးစက်စွာ ပြောလာခဲ့သည် “ ရှုကျိုးကို ဖိနှိပ်ထားမှဖြစ်မယ် “

ထိုကဲ့သို့သော တိုးတက်မှုအမြန်နှုန်းသည် သူ့ကိုပင် အနည်းငယ် ကြောက်လန့်သွားစေခဲ့သည်။

အကယ်၍ ထိုအတိုင်းသာ ဆက်သွားနေမည်ဆိုပါက သူ၏အောင်မြင်မှုများသည် လျူချင်းယွမ်ထပ်ပင် ပို၍ မြင့်မားနေမည် ဖြစ်သည်။

…

စံအိမ်တစ်ခုအတွင်း၌

“ တော်တော်အားကောင်းတာပဲ “ လင်းရွှယ်၏ မျက်နှာပေါ်တွင် လေးနက်သော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်၊ သူမသည် ရှုကျိုးကို စူးစူးရဲရဲ စိုက်ကြည့်နေတော့သည်။

ထန်ဖင်းရှန်သည် သူမတို့ကြားထဲတွင် အသန်မာဆုံးလူမဟုတ်ပေ။

သို့သော် သွေးကြောမှတ် ၁၅၀အထိ ဖွင့်ထားနိုင်ခြင်းဖြင့် သူသည် သူ၏စွမ်းရည်နှင့် သူကိုယ်တိုင်က ရွယ်တူများကြားတွင် ထိပ်တန်းအဆင့်ဖြစ်သည်ဆိုသည်ကို သက်သေပြထားခဲ့ပြီးပြီဖြစ်သည်။

သို့သော် ထိုကဲ့သို့သော လူတစ်ဦးသည် တစ်ကွက်တည်းဖြင့် ရှုကျိုးကို ရှုံးနိမ့်သွားခဲ့သည်။

အရေးအကြီးဆုံး အရာမှာ ရှုကျိုးသည် သွေးကြောမှတ်များကိုပင် မဖော်ထုတ်ရသေးဘဲ၊ ချီ-သွေးစွမ်းအားသပ်သပ်ဖြင့်သာ အနိုင်ယူသွားခဲ့ခြင်းဖြစ်သည်။

“ ရှုကျိုး …… “ လင်းရွှယ်သည် အဝေးရှိ မှိန်ဖျော့ဖျော့ ဖြစ်နေသော ပုံရိပ်ကို ကြည့်ကာ ချိုသာစွာ ပြောလာခဲ့သည် “ နင့်ကို ငါအနိုင်ယူပြမယ် “

တစ်ဖက်ရှိ ဝမ်လေ့နှင့် ချန်းခယ်အာတို့မှာလည်း ပြင်းပြသော တိုက်ပွဲဝင်စိတ်များကိုပြသလာကြသည်။

ရှုကျိုးသည် စွမ်းအားသည် သူတို့ကို ကြောက်လန့်မသွားစေခဲ့ပေ။

ဆန့်ကျင်ဘက်အနေဖြင့် သူတို့ ရှုကျိုးကို တိုက်ခိုက်ရန် ပို၍ စိတ်အားထက်သန်သွားကြသည်။

ထိုကဲ့သို့သော အစွမ်းထက် ပြိုင်ဘက်ကို အနိုင်ယူနိုင်မှသာလျှင် သူတို့ကိုယ်သူတို့နှင့် သူတို့ ရွေးချယ်ထားသည့် လမ်းကြောင်းက မှန်ကန်ဆိုသည်ကို သက်သေပြနိုင်မည် ဖြစ်သည်။

…

ရှုကျိုးကမူ တစ်ခြားလူများ၏ ခံစားချက်များကို လျစ်လျူရှုထားသည်။

All Chapters