ဆယ်ယောက် တစ်ယောက်
Vol. 15 Ch. 214
ထိုစကားလုံးများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ရှုကျိုး၏ ပုံရိပ်သည် ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။
ကျန်းချွမ်၏ မျက်လုံးများ မှေးကျဥ်းသွားခဲ့သည်၊ တော်တော်ကြီးကို မြန်တယ် !!
သူသည် ရှုကျိုး၏ ယခင်က တိုက်ပွဲများကို စောင့်ကြည့်နေခဲ့ပြီး၊ ရှုကျိုးက အလွန်သန်မာလာသည်ဆိုသည်ကို သိနေခဲ့သည်။
သို့သော် ယခု အမှန်တကယ် ရင်ဆိုင်လိုက်ရသည့် အချိန်မှသာလျှင် ရှုကျိုးက မည်မျှ အစွမ်းထက်လာလဲဆိုသည်ကို သူအပြည့်အဝ နားလည်သွားခဲ့သည်။
သူ၏ အမြင်အာရုံသည် အတော်လေး အားကောင်းလွန်းလှသည်၊ သို့သော် သူသည် ရှုကျိုး၏ လှုပ်ရှားမှုများကို အနည်းအကျဥ်းမျှသာ မြင်တွေ့နေခဲ့ရသည်။
“ ဝှစ် !! “
နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် အဖြူရောင် ဓားအလင်းတန်းတစ်ခု ပေါ်လာခဲ့ပြီး၊ တိတ်ဆိတ် မြန်ဆန်စွာ ဆင်းသက်လာခဲ့သည်။
၎င်းမှာ ရိုးရှင်းသော တိုက်ကွက်တစ်ခု ဖြစ်နေစဲပင် ဖြစ်သည်၊ သို့သော် ကျန်းချွမ်၏ မျက်လုံးများထဲတွင်မူ ၎င်းမှာ ယခင်က သူရင်ဆိုင်ခဲ့ရသည့် ကောင်းကင်ဖြိုခွင်း ဆေဘာသိုင်းထပ်ပင် ပို၍ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။
သူသည် သူ့အရှေ့တွင် လှံကို မြှောက်ထားလိုက်ရုံသာ အချိန်ရခဲ့သည်။
“ဝုန်းးးး !!! “
ဓားအလင်းတန်း ဆင်းသက်လာခဲ့ပြီး၊ ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ လှံရှည်ကို နှစ်ပိုင်းပိုင်းသွားခဲ့သည်။
ဒုတ် ~~~
ကျန်းချွမ်သည် အနောက်သို့ လွင့်ထွက်သွားခဲ့သည်၊ လမ်းတစ်လျှောက်လုံးတွင် သွေးများ စီးဖြန်းသွားခဲ့ပြီး၊ မြေပြင်နှင့် ကြမ်းကြမ်းတမ်းတမ်း ဝင်ဆောင့်မိသွားခဲ့သည်။
ခရက် !!
သူ၏ရင်ဘတ်ထံမှ အရိုးကျိုးသံတစ်ခု ပေါ်ထွက်လာခဲ့သည်၊ ပျောက်ကင်းသက်သာသွားသည်မှာ မကြာသေးသည့် ဒဏ်ရာမှာ ထပ်မံ၍ ပွင့်ဟသွားခဲ့ပြီဖြစ်သည်။
သွေးသံတရဲရဲ ဖြစ်နေသော ကျန်းချွမ်သည် အရှေ့ဘက်ရှိ ပုံရိပ်တစ်ခုကို ငေးကြည့်နေခဲ့ပြီး၊ သူ၏စိတ်ထဲတွင် ကြောက်ရွံ့တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။
မြန်တယ်၊ တော်တော်ကြီးကို မြန်တယ် !!!
ရှုကျိုး၏ တိုက်ခိုက်မှုသည် သူမတုံ့ပြန်နိုင်လောက်သည်အထိ မြန်ဆန်နေခဲ့သည်။
သူသည် ခြေခုနစ်လှမ်း နဂါးလှံကိုပင် ထုတ်မသုံးနိုင်ခဲ့ပေ။
ကျန်းချွမ်သည် ရှုကျိုးကို ကြည့်နေရင်းဖြင့် အမူအရာ မည်းမှောင်သွားတော့သည်။
ဆယ်ရက်အတွင်းမှာပဲ သူက ငါတောင် ပြန်မတိုက်နိုင်တော့တဲ့အထိ သန်မာလာတယ်ပေါ့?
လျူယောင်တုန် အပြေးအလွှား ရောက်ရှိလာခဲ့ပြီး၊ ကျန်းချွမ်ကို အလောတကြီး ထူမပေးလာခဲ့သည်။
“ အစ်ကို၊ မင်းအဆင်ပြေလား? “ လျူယောင်တုန်မှ အံ့ကြိတ်၍ ပြောလာခဲ့သည် “ အဲ့ကောင်က တော်တော်ကို ရက်စက်တာပဲ၊ မင်းကို ဒဏ်ရာထပ်ရအောင် လုပ်လာပြန်ပြီ “
ဤတစ်ကြိမ်တွင် ကျန်းချွမ်သည် အံ့ဩဖွယ်ကောင်းလောက်အောင် တိတ်ဆိတ် နေခဲ့သည်။
သူသည် တစ်ခဏခန့် တိတ်ဆိတ်နေခဲ့ပြီးမှ လက်သီးဆုပ်၍ အရိုအသေပြုလိုက်သည် “ သနားညှာတာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် “
ရှုကျိုးသည် အမှန်တကယ်ပင် ထိန်းထားခဲ့ခြင်းဖြစ်သည်။
သူ၏ဒဏ်ရာများမှာ ပျောက်ခါစသာ ရှိနေသေးပြီး၊ အကယ်၍ သူကသာ စွမ်းအားကို အပြည့်အဝ ထုတ်သုံးလိုက်မည်ဆိုပါက ကျိုးပဲ့ပျက်စီးထားသည့် ဒါဇင်နှင့်ချီသော အရိုးများသည် ထပ်မံ၍ ကျိုးကြေသွားခဲ့မည် ဖြစ်သည်။
ရှုကျိုးသည် နောက်ဆုံး အခိုက်အတန့်တွင် သူ၏စွမ်းအားကို ရုတ်သိမ်းလိုက်ပြီး ဒဏ်ရာအပြင်းအထန် ရရှိသွားခြင်းမှ ကာကွယ်ပေးလိုက်သည်။
များသောအားဖြင့် ကျန်းချွမ်သည် သူ့အား ခွန်အားထိန်ချန်ထား၍ တိုက်ခိုက်ခြင်းမှာ သူ့ကို စော်ကားခြင်းဖြစ်သည်ဟုသာ သတ်မှတ်ထားလေ့ရှိသည်။ သို့သော် ဤတစ်ကြိမ်၌ သူသည် မည်သို့မျှ မကျေမနပ်မဖြစ်သွားခဲ့ပေ။
ကွာဟချက်သာ လုံလုံလောက်လောက်ကြီးမားနေမည်ဆိုပါက ပြိုင်ဘက်၏ သက်ညှာမှုသည် သက်ညှာမှုသက်သက် မဟုတ်တော့ပေ၊ ၎င်းမှာ အသက်ကယ်တင်ခြင်းပင် ဖြစ်သည်။
လျူယောင်တုန်မှာလည်း စိတ်ရှုပ်ထွေးနေသည့် အမူအရာဖြင့် ရှုကျိုးကို မော့ကြည့်လာခဲ့သည်။
“ ဒီကောင် …….. “
သူက အရမ်းစွမ်းနေလို့ ငါ့ဝမ်းကွဲက အရှုံးကို ဝန်ခံလိုက်တာလား?
တော်တော်လေးကိုကြောက်ဖို့ကောင်းတာပဲ !!
…
ရှုကျိုးသည် ကျန်းချွမ်နှင့် လျူယောင်တုန်တို့၏ အတွေးများကို များစွာ အာရုံစိုက်မနေခဲ့ပေ၊ သူသည် ကျန်းချွမ်ကို အသာအယာ ခေါင်းငြိမ့်ပြလိုက်ပြီး၊ နောက်ထပ်ပစ်မှတ်တစ်ဦးဆီသို့ ဆက်လျှောက်သွားတော့သည်။
သူ၏ အံ့ဖွယ်ကောင်းသည့် အမြန်နှုန်းနောက်ကွယ်တွင် ရှိနေသည့်အရာမှာ အလွန်ရှိးရှင်းလှပေသည်။
တတိယမြောက် ပါဖက်စနစ်ပင် ဖြစ်သည် !!
တတိယအကြိမ်မြောက် ဆင့်ကဲပြောင်းလဲခဲ့ပြီးသည့်နောက်တွင် သူ၏ အာရုံငါးပါးသည် သိသိသာသာ အားကောင်းထက်မြက်လာခဲ့သည်။
ရှုကျိုး၏ မျက်လုံးများထဲတွင် ပြိုင်ဘက်၏ အမြန်နှုန်းသည် အဆပေါင်းများစွာ နှေးကွေးနေသကဲ့သို့ ဖြစ်နေခဲ့သည်။
ထို့အပြင် ရှုကျိုးသည် ပြိုင်ဘက်မှ နောက်ထပ်ပြုလုပ်လာမည့် လှုပ်ရှားမှုကို ခန့်မှန်းနေနိုင်ပြီး၊ သူ၏ လှုပ်ရှားမှုကို ဝေဝါးသွားစေခဲ့ကာ ပြိုင်ဘက်၏ မျက်လုံးများထဲတွင် သူ၏ တိုက်ခိုက်မှုက ရှောင်တိမ်းလို့မရဘူးဟု မြင်တွေ့သွားစေခဲ့သည်။
သိပ်မကြာခင် အချိန်မှာပင် ရှုကျိုးသည် သတ္တမြောက် ပစ်မှတ်ဆီသို့ ရောက်ရှိသွားခဲ့သည်။
သတ္တမြောက်လူသည် သွေးကြောမှတ် ၁၅၆ခုဖွင့်ထားသည့် မိန်းမငယ်လေးတစ်ဦးဖြစ်သည်။
ရှုကျိုးသည် သွေးကြောမှတ် ၁၅၅ခုကျော်သည့် ပြိုင်ဘက်တစ်ဦးကို ပထမဦးဆုံးအကြိမ်အဖြစ် မြင်တွေ့လိုက်ရခြင်းဖြစ်သည်။
သို့သော် ရလဒ်ကမူ များစွာ ကြိုးစားအားထုတ်စရာ မလိုဘဲ ယခင်ကအတိုင်း အနိုင်ရသွားစဲပင် ဖြစ်သည်။
ပြိုင်ဘက်ကသာ အချိန်မှီ မတုံ့ပြန်နိုင်သရွေ့ တစ်ကွက်တည်းဖြင့် အနိုင်ရသည့် တစ်ဖက်သတ် တိုက်ပွဲသာ ဖြစ်သွားလိမ့်မည် ဖြစ်သည်။
…
နတ်သိုင်းဌာနအတွင်းရှိ လူတိုင်းတိတ်ဆိတ် ငြိမ်သက်နေလျက်ရှိသည်။
လူခုနစ်ဦးအား တိုက်ကွက်တစ်ခုတည်းဖြင့် ဆက်တိုက်အနိုင်ယူခြင်း !!
အစမှအဆုံးအထိ ရှုကျိုးသည် ဒုတိယမြောက် တိုက်ကွက်ကို တစ်ကြိမ်တစ်ခါမှ ထုတ်မသုံးခဲ့ရပေ။
ထိုအချိန်၌ နတ်သိုင်းဌာနမှ ကျောင်းသူကျောင်းသားတို့ အားလုံး၏ စိတ်ထဲတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားခဲ့ပြီး၊ အတွေးတစ်ခုမှာလည် သူတို့၏အတွေးများထဲသို့ တိုးဝင်ရောက်ရှိလာခဲ့သည်။
“ သူက ဒီလိုမျိုးတော့ ဆက်သွားမနေနိုင်ဘူးမလား? ငါတို့ နတ်သိုင်းဌာနက ပါရမီရှင်ဆယ်ယောက်လုံးကို တစ်ကွက်တည်းနဲ့ အနိုင်ယူသွားမှာလား? “
“ အဲ့တာက မဖြစ်နိုင်ဘူး “
“ တကယ်လို့ အဲ့လိုသာ တကယ်ကြီးဖြစ်လာမယ်ဆိုရင် ငါတို့က နတ်သိုင်းဌာနရဲ့ နည်းစနစ်ကို ဘာကိစ္စလေ့ကျင့်နေရတော့မှာလဲ? “
နတ်သိုင်းဌာနမှ ကျောင်းသူကျောင်းသား တော်တော်များများ တုန်လှုပ်ခြောက်ခြားသွားကြသည်။
လူတစ်ဦးသည် နတ်သိုင်းဌာနမှ ထိပ်တန်းပါရမီရှင်များကို တိုက်ကွက်တစ်ခုဖြင့် အနိုင်ပိုင်းသွားခြင်း၊ မည်သူကမှ တိုက်ကွက်တစ်ခုထပ်ပို၍ တောင့်မခံနိုင်ခဲ့ခြင်း !!
အဆိုပါ သတင်းသာ ပျံ့နှံ့သွားမည်ဆိုပါက သိုင်းလောကအား ကြီးကြီးမားမား အကျိုးသက်ရောက်သွားစေမည်ဖြစ်သည်။
သူတို့၏ ယုံကြည်ချက်၊ သူတို့၏ ယုံကြည်မှုအားလုံး ယိမ်းယိုင်လှုတ်ခတ်သွားမည် ဖြစ်သည်။
…
စံအိမ်တစ်ခု၏ အမိုးပေါ်၌
လင်းရွှယ်သည် တင်ပျဥ်ခွေထိုင်နေလျက်ရှိသည်။
တဖြည်းဖြည်း နီးကပ်လာသော ပုံရိပ်တစ်ခုကို ကြည့်နေရင်းဖြင့် သူမ၏ အကြည့်သည် ရုတ်တရက် အေးခဲသွားခဲ့သည်။
သူမ၏ မျက်လုံးများသည် ခါတိုင်းကဲ့သို့ အေးစက်နေစဲပဲဖြစ်သည်။
ရုတ်တရက်ဆိုသလိုပင် သူမ၏ နားထဲသို့ အသံတစ်သံ တိုးဝှေ့ဝင်ရောက်လာခဲ့သည်။
“ တကယ်လို့ ရှုကျိုးက မင်းဆီကို ရောက်မယ်ဆိုရင် သူ့ကို ဒုက္ခိတဖြစ်သွားအောင် လုပ်လိုက် “
လင်းရွှယ်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်၊ ၎င်းက သူမ၏ ဆရာဖြစ်သူထံမှ ရောက်ရှိလာသည့် သတင်းစကားဆိုသည်ကို သူမ သိနေခဲ့သည်။
“ ဆရာ ……. “
“ ဘာလို့လဲ မမေးနဲ့၊ အမိန့်တွေကိုသာ နာခံလိုက် “
လင်းရွှယ်သည် တစ်ခဏခန့် တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြီး၊ အသာအယာ ခေါင်းငြိမ့်ပြလိုက်သည်။
သူမ၏ မျက်လုံးများထဲတွင် ဖြစ်ပေါ်လာသည့် ရွံ့ရှာစက်ဆုပ်မှုကို မည်သူကမှ မမြင်တွေ့သွားခဲ့ပေ။
…
တစ်ခြားသောစံအိမ်တစ်လုံး၌ ချန်းခယ်အာသည် လေးနက်သော အမူအရာတစ်ခုဖြင့် အရှေ့ဘက်သို့ ကြည့်နေလျက်ရှိသည်။
“ အဲ့လူက သူ့ရဲ့သွေးကြောမှတ်တွေကို အခုထိ မပြသေးဘူး “
၎င်းမှာ ကြောက်မက်ဖွယ်အကောင်းဆုံး အရာဖြစ်သည်။
ရှုကျိုးသည် သူ၏ခွန်အားကို အကုန်အစင် ထုတ်မသုံးရသေးဘဲ ရိုးရှင်းသော တိုက်ကွက်တစ်ခုဖြင့်သာ လူခုနစ်ဦးကို အနိုင်ယူသွားခဲ့ခြင်း ဖြစ်သည်။
ထိုလူက တစ်ကြိမ်တစ်ခါ မကြုံတွေ့ခဲ့ရဖူးသည့် ခက်ခဲသော ပြိုင်ဘက်တစ်ဦးဖြစ်နေသည်ကို သိနေသည့်အတွက် ချန်းခယ်အာ၏ အမူအရာ မည်းမှောင်သွားခဲ့သည်။
ထိုအချိန်၌ ရှုကျိုးသည် သူမ၏စံအိမ် အရှေ့ဘက်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။
“ ငါ့နာမည်က ချန်းခယ်အာ “
ချန်းခယ်အာသည် ခေါင်မိုးပေါ်မှ ခုန်ဆင်းလာခဲ့သည်၊ သူမသည် အပြာနုရောင် ဂါဝန်ကို ဝတ်ဆင်ထားပြီး၊ သူမ၏ခါးတွင် ဖဲကြိုးကြီးတစ်ခု ချည်နှောင်ထားကာ လိုလီကဲ့သို့ လှပချစ်စဖွယ်ကောင်းနေခဲ့သည်။
သို့သော် ထိုအချိန်၌ သူမ၏မျက်လုံးလေးများသည် အနက်ရောင်ရတနာများကဲ့သို့ တောက်ပနေခဲ့ပြီး၊ ၎င်းတို့ထံတွင် ယခင်ကကဲ့သို့ မထီမဲ့မြင်ပြုနေသည့် အရိပ်အယောင်များမရှိတော့ဘဲ ဆွဲဆောင်မှုများဖြင့်သာ ပြည့်နှက်နေခဲ့သည်။
“ ငါတို့ မစခင်မှာ၊ ငါသိချင်တာလေး တစ်ခုရှိတယ် …. “
ချန်းခယ်အာသည် တလက်လက် တောက်ပနေသည့် မျက်လုံးများဖြင့် သူ့ကို ကြည့်လာခဲ့ပြီး၊ ချိုချိုသာသာ မေးမြန်းလာခဲ့သည် “ နင်က သွေးကြောမှတ် ဘယ်နှခုဖွင့်ထားတာလဲ? “
ရှုကျိုးကမူ တည်ငြိမ်နေစဲပင် ဖြစ်သည် “ တကယ်လို့ မင်းကငါ့ကို သွေးကြောမှတ်တွေကို ဖွင့်ရလောက်တဲ့အထိ ဖိအားပေးနိုင်မယ်ဆိုရင်တော့၊ မင်းသိရပါမှာ “
“ နားလည်ပြီ “
ချန်းခယ်အာမှ အသာအယာ ခေါင်းငြိမ့်ပြလိုက်သည်။
သူမ ဒေါသမထွက်သွားခဲ့ပေ၊ သူမနှင့် ရှုကျိုးသည် ဘာမှမသက်ဆိုင်ကြပေ။ ထို့အပြင် သူမတို့သည် ရန်သူများပင် ဖြစ်နေခဲ့သည်။ ထို့ကြောင့် ထိုကဲ့သို့ ကြိုတင် မေးမြန်းလိုက်ခြင်းမှာ အနည်းငယ် မောက်မာနေသကဲ့သို့ ဖြစ်နေခဲ့သည်။
ဒါဆိုရင်လည်း တိုက်ကြတာပေါ့ !!