ဆယ်ယောက် တစ်ယောက် ၂
Vol. 15 Ch. 215
ဝုန်းးး !!
အရှိန်အဝါတစ်ခုသည် သူမ၏ ခန္ဓာကိုယ်ထဲမှ တိုးထွက်လာခဲ့ပြီး၊ သူမ၏ တိုက်ခိုက်လိုစိတ်မှာလည်း မြင့်တက်သွားခဲ့သည်။
သူမခန္ဓာကိုယ် အတွင်းပိုင်းရှိ သွေးကြောမှတ် ၁၅၇ခုသည် တလက်လက် တောက်ပ လင်းထိန်လာခဲ့ပြီး၊ သူမအား တောက်ပသော လမင်းကြီးတစ်ခုကဲ့သို့ ဖြစ်ပေါ်သွားစေခဲ့သည်။
ဤအချိန်တွင် သူမသည် ချစ်စဖွယ်ကောင်းသည့် မိန်းကလေးတစ်ဦး မဟုတ်တော့ဘဲ၊ စစ်နတ်ဘုရားမတစ်ပါးကဲ့သို့ပင် ဖြစ်သွားခဲ့သည်။
သူမ၏ တည်ရှိမှုသည် ပိုပို၍ အားကောင်းလာခဲ့ပြီး၊ သူမ၏ အရှိန်အဝါသည် ယခင်က သွေးကြောမှတ် ၁၅၅ခုဖွင့်ထားသည့် လူထပ်ပင် အဆပေါင်းများစွာ ပြင်းထန်လာခဲ့သည်။
ထိုအချိန်၌ ရှုကျိုးသည် သွေးကြောမှတ် ၁၅၅ခုကို ကျော်လွန်သွားသည့်နောက်တွင် သွေးကြောမှတ် တစ်ခုချင်းစီတိုင်း၏ ကွာဟချက်က ချောက်ကမ်းပါးတစ်ခုကဲ့သို့ ဖြစ်သွားသည်ဟု လူအများက မည်သည့်အတွက်ကြောင့်ပြောနေရလဲဆိုသည်ကို နားလည်သွားတော့သည်။
သွေးကြောမှတ် ၁၅၅ခုနှင့် ၁၅၇ခုကြားတွင် သွေးကြောမှတ် နှစ်ခုသာလျှင် ကွာခြားပေသည်။
သို့သော် အရှိန်အဝါကို ကြည့်ရုံဖြင့်ပင် ကွာခြားချက်က မသေးငယ်ဘူးဆိုသည်ကို သိနိုင်လေသည်။
“ သတ် !! “
ချိုသာသော ကြုံးဝါးသံနှင့်အတူ ချန်းခယ်အာသည် သူမ၏ ဓားကို ရုတ်တရက် ဆွဲထုတ်လိုက်သည်။
သတ်ဖြတ်လိုစိတ်သည် ကောင်းကင်ယံသို့ပင် မြင့်တက်သွားခဲ့သည်။
သူမသည် တစ္ဆေတစ်ကောင်ကဲ့သို့ ပြောင်းလဲသွားပြီး၊ ရှုကျိုးကို ကြမ်းကြမ်းတမ်းတမ်း ခုတ်ပိုင်းလာခဲ့သည်။
“ ဟမ်? “
ရှုကျိုး၏ မျက်လုံးများ တောက်ပသွားခဲ့သည်။
အဆုံးတွင် သူသည် အလွန်မြန်ဆန်သည့် လူတစ်ဦးကို မြင်တွေ့လာခဲ့ရပြီဖြစ်သည်။ သို့သော် ၎င်းမှာ သူ၏အာရုံကို ဆွဲဆောင်ရန် လုံလောက်ရုံမျှသာ လုံလောက်နေခဲ့ခြင်းဖြစ်သည်။
“ ခလမ်း !! “
နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် ရှုကျိုး၏ ဆေဘာရှည်သည် ဓားအိမ်ထဲမှ ပြေးထွက်လာခဲ့ပြီး၊ ချီ-သွေးစွမ်းအင်များ နိုးထလာခဲ့ကာ ခုတ်ချက်တစ်ခုကို စေလွှတ်လိုက်သည်။
ခွမ်းး !!
ဆေဘာရှည်နှင့် ဓားရှည်တို့ ပြင်းပြင်းထန်ထန် တိုက်မိသွားခဲ့သည်။
ချန်းခယ်အာ၏ ပုံရိပ်သည် ပြင်းထန်စွာ လှုပ်ခါသွားခဲ့သည်။
သူမ၏မျက်လုံးများထဲတွင် အံ့ဩမှုများ မြင့်တက်လာခဲ့သည်။
ရှုကျိုး၏ ချီ-သွေးစွမ်းအားသည် အတော်လေး အားကောင်းနေခဲ့ပြီး၊ အလွန်အစွမ်းထက်လွန်းသဖြင့် ကြောက်လန့်သွားသည့် ခံစားချက်တစ်ခုကိုပင် ခံစားသွားခဲ့ရသည်။
သို့ရာ၌ သူမ၏ တုံ့ပြန်မှုသည် အတော်လေး မြန်ဆန်နေခဲ့သည်။
နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် သူမသည် တစ္ဆေတစ်ကောင်အဖြစ်သို့ ထပ်မံ၍ ပြောင်းလဲသွားခဲ့သည်။
သူမ၏ ချီ-သွေးစွမ်းအင်များ အရူးအမူး ပေါက်ထွက်လာခဲ့ကာ၊ မရေမတွက်နိုင်လောက်သည်အထိ များပြားသော ဓားအလင်းတန်းများသည် ကောင်းကင်ပေါ်တွင် ပေါ်လာခဲ့ပြီး ကြမ်းတမ်းသည့် မုန်တိုင်းတစ်ခုကဲ့သို့ ရှုကျိုးကို ဝင်ဆောင့်လာခဲ့သည်။
နတ်ဓား - အနန္တဓားပြန်လာခြင်း !!
သူမသည် ပွဲသိမ်းတိုက်ကွက်ကို အရင်ဦးဆုံး ထုတ်သုံးလာခဲ့သည်။
“ မဆိုးပါဘူး “
ရှုကျိုးသည် ဓားအလင်းတန်းများဖြင့် ပြည့်နှက်နေသည့် ကောင်းကင်ဘုံကို မော့ကြည့်နေလျက်ရှိသည်၊ သို့သော် သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု တည်ရှိနေခဲ့သည်။
အဆုံးတွင် သူသည် သူ၏ စိတ်ဝင်စားမှုကို နှိုးဆွပေးနိုင်သည့် ပြိုင်ဘက်တစ်ဦးကို မြင်တွေ့လာရပြီဖြစ်သည်။
သို့သော် အလွန်မြန်ဆန်နေခဲ့ပြီး၊ မည်သူ့ကိုမဆို ဝါးမြိုသွားနိုင်သည့် ဓားအလင်းတန်းများသည်၊ ရှုကျိုး၏မျက်လုံးများထဲတွင်မူ ကောင်းကင်ဘုံမှ ပြုတ်ကျလာသည့် ငှက်မွှေးများကဲ့သို့ အဆပေါင်းများစွာ နှေးကျသွားခဲ့သည်။
“ ဆွစ်ရှ် !! “
ရှုကျိုးမှ မြေပြင်ကို ခြေထောက်ဖြင့် ဆောင့်ချလိုက်ရာ၊ သူ၏ပုံရိပ်သည် အလင်းရိပ်တစ်ခုအဖြစ် အသွင်ပြောင်းသွားပြီး ထိုနေရာမှာ ပျောက်ကွယ်သွားခဲ့သည်။
အနန္တဓားအရိပ်များသည် ပစ်မှတ်ကို ဆုံးရှုံးသွားခဲ့ရသည့်အတွက် မည်သည့်နေရာကို သွားရမှန်းမသိ ဖြစ်သွားတော့သည်။
ချန်းခယ်အာ၏ အမူအရာမှာလည်း အနည်းငယ် တောင့်တင်းသွားခဲ့သည်၊ နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် နှင်းဖြူကဲ့သို့သော ဓားအလင်းတန်းသည် သူမ၏ မျက်လုံးများ ရှေ့တွင် ပေါ်လာခဲ့သည်။
အဆိုပါ ဓားအလင်းတန်း ပေါ်ပေါက်လာသည့် ပုံစံသည် အလွန်လျှို့ဝှက်ဆန်းကြယ်နေခဲ့ပြီး၊ မည်သည့်လက္ခဏာ အရိပ်အမြွက်မှ မရှိဘဲ၊ အလိုရှိသည့်အရပ်မှ ပေါ်ထွက်လာသကဲ့သို့ သူမ၏ မျက်နှာကို ရုတ်တရက် ချိန်ရွယ်လာခဲ့ခြင်း ဖြစ်သည်။
“ အဲ့အကြောင်းကို စဥ်းတောင်မစဥ်းစားလိုက်နဲ့ “ ချန်းခယ်အာ၏ အမူအရာ သိသိသာသာ ပြောင်းလဲသွားခဲ့ပြီး၊ သူမမှ အော်ပြောလာခဲ့သည်။
သွေးကြောမှတ် ၁၅၇ခု၏ စွမ်းအားများ အကုန်အစင် ပေါက်ကွဲလာခဲ့သည်။
သူမသည် သူမ၏ဓားကို လွှဲရမ်းကာ နှင်းဖြူရောင် ဓားအလင်းတန်းကို ခုတ်ပိုင်းလိုက်သည်။
သူမသည် ရှုကျိုး၏ အမြန်နှုန်းက လွန်စွာမြန်ဆန်သည်ဆိုသည်ကို သိနေခဲ့သည်၊ ထို့ကြောင့်သာလျှင် အဖြူရောင် ဓားအလင်းတန်းသည် သူမပင် သတိမထားမိဘဲ လျှို့ဝှက်ဆန်းကြယ်စွာ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။
ယခင်က အဆိုပါ ဓားချက်သည် တစ်ခြားလူများကို အနိုင်ယူခဲ့သည့် တိုက်ကွက်တစ်ခုဖြစ်သည်။
အကယ်၍ သူမကသာ ၎င်းကို မတားဆီးနိုင်ဘူးဆိုပါက သူမမှာလည်း တစ်ခြားလူများကဲ့သို့ပင် တစ်ကွက်တည်းဖြင့် အနိုင်ယူခံလိုက်ရမည် ဖြစ်သည်။
ထိုအချိန်တွင် ချန်းခယ်အာမှ သူမ၏ စွမ်းအားကို အကုန်အစင် ထုတ်လွှတ်လိုက်ရာ၊ လေထုထဲရှိ အနန္တဓားအရိပ်များသည် အဆိုပါ အလင်းတန်းဆီသို့ တဝှီဝှီမြည်ကာ တိုးဝင်သွားတော့သည်။
အဝေးမှ ကြည့်မည်ဆိုပါက ၎င်းသည် လွန်စွာ ရင်သပ်ရှုမောဖွယ်ကောင်းနေမည် ဖြစ်သည်။
အနန္တဓားအရိပ်များသည် ဓားချက်တစ်ချက်ကို ပိတ်ဆို့တားဆီးရန်အတွက် ကောင်းကင်အနှံ့ ပြည့်နှက်နေခဲ့လေသည်။
“ ဝုန်းးးး !! “
ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ပေါ်ထွက်လာခဲ့သည်။
ချန်းခယ်အာ၏ ပုံရိပ်သည် တဟုန်ထိုး နောက်ဆုတ်သွားခဲ့ရသည်၊ သူမ၏မျက်နှာမှာ နီရဲနေခဲ့ပြီဖြစ်သော်လည်း၊ သူမ၏မျက်လုံးများထဲတွင်မူ စိတ်လှုပ်ရှားနေသည့် အရိပ်အငွေ့များ ဖြစ်ပေါ်နေခဲ့သည်။
“ ငါတားလိုက်နိုင်တယ် !! “
သူမသည် ရှုကျိုး၏ ဓားချက်ကို တားဆီးနိုင်ခဲ့သည်။
၎င်းမှာ ရှုကျိုး၏ ဓားချက်က သူမနှင့် ရင်ဆိုင်ရာတွင် အသုံးမဝင်ဘူးဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။
“ ဆွစ်ရှ် !! ဆွစ်ရှ် !! ဆွစ်ရှ် !! “
ထိုအချိန်၌ လေထုကို ဆုတ်ဖြဲနေသည့် အသံများ ထွက်ပေါ်လာခဲ့သည်။
နှင်းဖြူကဲ့သို့သော ဓားအလင်းတန်းသည် လေထုထဲမှ နောက်ထပ်တစ်ခါ ဖြတ်သန်းရောက်ရှိလာခဲ့သည်။
ဤတစ်ကြိမ်၌ တစ်ခုတည်းသာ မဟုတ်တော့ဘဲ၊ အလင်းတန်းပေါင်းများစွာ ပါဝင်နေခဲ့သည်။
မြောက်များစွာသော အဖြူရောင် အလင်းတန်းများသည် ချန်းခယ်အာ၏ အရှေ့တွင် ရုတ်တရက် ပေါ်လာခဲ့ပြန်သည်။
ချန်းခယ်အာသည် သူမ၏ဓားကို လွှဲရမ်းရန် အချိန်ရခဲ့ပြီး၊ အဆိုပါ အလင်းတန်းများနှင့် ရင်ဆိုင်ရန်အတွက် များပြားသော ဓားအရိပ်များကို ဆင့်ခေါ်လိုက်သည်။
ထိုအချိန်တွင် အနန္တဓားအရိပ်များသည် တောက်ပသည့် သူရိန်နေလုံးကြီးကို ဝင်တိုက်နေသကဲ့သို့ မြောက်များစွာသော ပိုးစုန်းကြူးများကဲ့သို့ ဖြစ်နေခဲ့ပြီး၊ ရလဒ်ကမူ သိသာထင်ရှားလှပေသည်။
“ ဝုန်းးး !! “
ကျယ်လောင်သော အသံနှင့်အတူ ဓားချက်ကျရောက်လာခဲ့သည်။
တုန်လှုပ်အံ့ဩသွားသည့် အမူအရာတစ်ခုသည် ချန်းခယ်အာ၏ မျက်နှာပေါ်တွင် ဖြစ်ပေါ်လာခဲ့သည်၊ နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် သူမသည် အနောက်သို့ လွင့်ထွက်သွားခဲ့သည်။
သွေးများ ဖြာဆင်းလာခဲ့သည် !!!
သူမ၏ ချီ-သွေးမှာလည်း ချက်ချင်း ယုတ်လျော့သွားခဲ့ပြီး၊ သူမသည် မြေပြင်နှင့် ပြင်းထန်စွာ တိုက်မိသွားခဲ့သည်၊ သူမ၏ အပြာနုရောင် ဂါဝန်ကမူ သွေးများဖြင့် ရဲရဲနီနေခဲ့ပြီဖြစ်သည်။
“ ရှုံးသွား …… “
ချန်းခယ်အာသည် သူမ၏ဦးခေါင်းလေးကို မော့လာခဲ့ပြီး၊ အရှေ့ဘက်သို့ ငေးကြည့်နေခဲ့ကာ၊ သူမ၏မျက်လုံးများထဲတွင် မလိုလားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
ထိုအချိန်၌ ရှုကျိုး၏ပုံရိပ်သည် ဖြည်းဖြည်းချင်း ပြန်လည်ပေါ်ပေါက်လာခဲ့သည်။
သူသည် မည်သည့်တိုက်ပွဲကိုမှ မတိုက်ခိုက်ထားရသကဲ့သို့ သပ်သပ်ရပ်ရပ် ဖြစ်နေစဲပင်ဖြစ်သည်။
ရှုကျိုးသည် မြေပြင်ပေါ်ရှိ ချန်းခယ်အာကို ကြည့်ကာ ပြုံးပြလိုက်သည် “ စီနီယာအစ်မက သန်မာပါတယ်၊ ဒါပင်မဲ့ ကျွန်တော်က ဓားချက်တစ်ချက်တည်းကိုပဲ မှီခိုနေတဲ့ လူမဟုတ်ဘူး “
“ မင်းရဲ့ ညွှန်ပြပေးမှုအတွက် ကျေးဇူးတင်ပါတယ် “
သူသည် ချန်းခယ်အာကို အသာအယာ ဦးညွတ်ကာ လေးစားမှုပြသလိုက်သည်။
သူမသည် အမှန်တကယ် လေးစားထိုက်သည့် ပြိုင်ဘက်တစ်ဦးဖြစ်သည်၊ အကယ်၍ သူကသာ တတိယမြောက် ပါဖက်စနစ်ကို မတည်ဆောက်နိုင်ဘူးဆိုပါက၊ ပွဲသိမ်းတိုက်ကွက်များကို ထုတ်သုံးမည်ဆိုလျှင်တောင်မှ သူနိုင်နိုင်လိမ့်မည် မဟုတ်ပေ။
ချန်းခယ်အာသည် မည်သည့်စကားမှ ပြန်မပြောလာခဲ့ဘဲ၊ ရှုကျိုး၏ နောက်ကျောကိုသာ စိုက်ကြည့်နေရင်းဖြင့် စိတ်ခံစားချက်များ ရှုပ်ထွေးသွားခဲ့သည်။
သူမသည် သူမရွေးချယ်ထားသည့် လမ်းကြောင်းက မှန်နေပါ့မလားဟု သံသယဝင်စပြုနေခဲ့ပြီဖြစ်သည်။
…
ရှုကျိုးသည် နဝမမြောက် ပြိုင်ဘက်ဖြစ်သည့် နောက်ထပ်ပစ်မှတ်တစ်ခုဆီသို့ ဆက်လက်၍ လျှောက်လှမ်းလာခဲ့သည်။
နဝမမြောက်လူမှာ ဝမ်လေ့ဟုအမည်ရသည့် လူတစ်ဦးဖြစ်သည်။
ချန်းခယ်အာကဲ့သို့ပင် သူသည်လည်း သွေးကြောမှတ် ၁၅၇ခု ဖွင့်ထားခဲ့သည်။
ဝမ်လေ့၏ အစွမ်းသည် ချန်းခယ်အာ၏ အထက်တွင် ရှိနေခဲ့သည်၊ သို့သော် ရှုကျိုးကမူ များစွာ အားစိုက်ထုတ်နေရန် မလိုအပ်ခဲ့ဘဲ သူ့ကိုဖြေရှင်းရန်အတွက် အကြိမ်အနည်းငယ်ပို၍ ခုတ်ပိုင်းခဲ့ရသည်။
ထို့ကြောင့် ရှုကျိုးသည် အောင်ပွဲ၉ခုကို ဆက်တိုက်ရရှိထားခဲ့ပြီဖြစ်သည်။
လူတစ်ဦးသာလျှင် ကျန်နေတော့ပြီး၊ သူ၏စိန်ခေါ်ပွဲမှာလည်း ပြီးပြည့်စုံစွာ ဇာတ်သိမ်းနိုင်တော့မည် ဖြစ်သည်။
ဆယ်ယောက်တစ်ယောက် တိုက်ခိုက်ခြင်း၊ နတ်သိုင်းဌာန၏ အထွတ်အထိပ် အချိန်များအတွင်းကပင် ထိုကဲ့သို့သော ဖြစ်ရပ်မျိုးကို များစွာ မကြုံတွေ့ခဲ့ရပေ။
တိုက်ခိုက်ရေးသည် ရုပ်ပိုင်းဆိုင်ရာ အင်အားကို ကုန်ဆုံးသွားစေသည်။
သို့သော် ရှုကျိုးကမူ ယခုလက်ရှိ အချိန်အထိ အနားမယူဘဲ တိုက်ခိုက်နေခဲ့သည်၊ တိုက်ပွဲတစ်ခုချင်းစီတိုင်းသည် အားမစိုက်ရသလောက်နီးပါးပင် ဖြစ်နေခဲ့သည်။
ထိုအချိန်၌ နတ်သိုင်းဌာနတစ်ခုလုံးသည် ကြောက်မက်ဖွယ်ကောင်းလောက်သည်အထိ တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။
ပဥ္စမအဆင့်နှင့် ဆဌမအဆင့်မှ နည်းပြဆရာ၊ ဆရာမတစ်ချို့ကပင် တစ်ဦးကိုတစ်ဦး လှည့်ကြည့်နေကြပြီး အမူအရာများ လေးနက်နေလျက်ရှိသည်။
“ နောက်ဆုံးတစ်ယောက်က လင်းရွှယ်ပဲ “
“ တကယ်လို့ လင်းရွှယ်ကပါ ရှုံးသွားမယ်ဆိုရင်တော့၊ …… “
“ ဖြေသိမ့်နိုင်မဲ့ တစ်ခုတည်းသော ကိစ္စကတော့ ချန်းခယ်အာနဲ့ ဝမ်လေ့တို့က သူနဲ့ အကွက်နည်းနည်းလောက် ဖလှယ်နိုင်ခဲ့တာပဲ၊ တစ်ခြားလူတွေကို တစ်ချက်တည်းနဲ့ မရှုံးသွားခဲ့ဘူး၊ အဲ့လိုမှ မဟုတ်ဘူးဆိုရင်တော့၊ တော်တော်ကြီးကို ရှက်ဖို့ကောင်းသွားမှာ “