ဆယ်ယောက် တစ်ယောက် ၃
Vol. 15 Ch. 216
“ လင်းရွှယ်နိုင်လိမ့်မယ်၊ သူမက ဆယ်စုနှစ်တစ်ခုအတွင်းမှာ အထူးချွန်ဆုံး ပါရမီရှင်တစ်ယောက်၊ နတ်သိုင်းဌာနရဲ့ မျက်နှာဖုံးပဲ “
ကျောင်းသူကျောင်းသားသော်လည်းကောင်း၊ နည်းပြဆရာ၊ ဆရာမသော်လည်းကောင်း သူတို့အားလုံးသည် ဦးတည်ချက်တစ်ခုတည်းကိုသာ မျှော်လင့်နေခဲ့ကြသည်။
ဤနေရာမှာ ကွမ်ဟန် သိုင်းပညာတက္ကသိုလ်ဖြစ်ပြီး၊ နတ်သိုင်းဌာန၏ ပထမအဆင့်နယ်ပယ်ရှိ အထူးချွန်ဆုံးသော ပါရမီရှင်မှာ လင်းရွှယ်ဖြစ်သည်။
မျိုးဆက်ခွဲမှ သမီးပျိုဟူသော အထောက်အထားဖြင့်၊ သူမသည် အမျိုးသားများ ကြီးစိုးသော နေရာတွင် လမ်းကြောင်းတစ်ခု ဖောက်လုပ်ခဲ့ပြီး၊ ပထမအဆင့်၏ သွေးကြောမှတ် ၁၅၉ခု၏ အကန့်အသတ်သို့ပင် ရောက်ရှိနေခဲ့ကာ အံ့ဩဖွယ်ရာတစ်ခုကို ဖန်တီးပေးခဲ့သည်။
လူတော်တော်များများသည် သူတို့၏ မျှော်လင့်ချက်များကို သူမအပေါ်တွင် ပုံအောထားကြပြီး၊ သူမကအနိုင်ရသွားမည်ဟု ယုံကြည်နေကြသည်။
ရှုကျိုးကို ရှုံးနိမ့်သွားသည့် လူများကပင် ထပ်မံ၍ မတ်တပ်ရပ်လာကြပြီဖြစ်သည်။
ဝမ်လေ့နှင့် ချန်းခယ်အာတို့ကပင် သူတို့၏ တည်ငြိမ်မှုကို ပြန်လည်ရရှိသွားခဲ့ပြီး၊ မျှော်လင့်စောင့်စားနေသည့် အမူအရာများကို ဖော်ထုတ်ပြသလာခဲ့သည်။
သူတို့နှင့် လင်းရွှယ်ကြားတွင် သွေးကြောမှတ် အနည်းငယ်မျှသာ ကွာခြားနေသော်လည်း၊ ခွန်အား ကွာဟချက်ကမူ ပထမအဆင့်နှင့် ဒုတိယအဆင့်ကြားမှာ အင်အားကွာခြားမှုကဲ့သို့ပင် ဖြစ်နေခဲ့သည်။
လင်းရွှယ်သည် သွေးကြောမှတ် ၁၆၀၏ အကန့်အသတ်နှင့် နီးကပ်နေပြီဖြစ်ပြီး၊ ပထမအဆင့် နယ်ပယ်၏ အထွတ်အထိပ်သို့ပင် ရောက်ရှိလုနီးပါးဖြစ်နေခဲ့ကာ သူမသည် နတ်သိုင်းဌာနမှ ဤမျိုးဆက်၏ အထွတ်အထိပ်စံနှုန်းကို ကိုယ်စားပြုနေခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် သွေးကြောမှတ် ၁၆၀ဆိုသည်မှာ လူသားတို့ ရှာဖွေတွေ့ရှိထားသည့် အကန့်အသတ် ရှိပြီး၊ ရှေ့သို့ဆက်သွားရန်မှာ မဖြစ်နိုင်သလောက်နီးပါးပင်ဖြစ်သောကြောင့်ဖြစ်သည်။
လင်းရွှယ်သည် ဤလမ်းကြောင်းတစ်လျှောက်လုံးတွင် တစ်ကြိမ်တစ်ခါမှ မကျရှုံးခဲ့ဖူးချေ၊ တော်ဝင် သိုင်းပညာတက္ကသိုလ်မှ မွန်းစတားကဲ့သို့သော ပါရမီရှင်များကသာလျှင် သူမနှင့် ယှဥ်နေနိုင်ခဲ့သည်။
ဤအချိန်တွင် လူတော်တော်များများသည် စိတ်အားထက်သန်နေသော မျက်လုံးများဖြင့် ကြည့်နေကြတော့သည်။
သူတို့သည် လင်းရွှယ်အနိုင်ရလိမ့်မယ်ဟု ယုံကြည်နေကြသည်။
…
အစစ်အမှန် သိုင်းပညာဌာနဘက်တွင်မူ
ရှားဟောက်ချန်းနှင့် တစ်ခြားလူများအပြင်၊ ရှုကျိုးကို အားပေးရန် လာရောက်ခဲ့သည့် ကျောင်းသူကျောင်းသားတစ်ချို့ပါ ရှိနေခဲ့သည်။
ထိုအချိန်၌ သူတို့၏ မျက်နှာများပေါ်တွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
“ လင်းရွှယ်၊ လွန်ခဲ့တဲ့ နှစ်ဝက်တုန်းက ချစ်ကြည်ရေးပွဲမှာ သူမက တစ်နိုင်ငံလုံးက ပထမအဆင့် ပညာရှင်အကုန်လုံးကို ဖိနှိပ်ခဲ့တယ်၊ အဲ့ဒီအချိန်တုန်းက သူမက သွေးကြောမှတ် ၁၄၀ကျော်ပဲ ဖွင့်ထားရသေးတယ် “
“ အခုဆိုရင် သူမက သွေးကြောမှတ် ၁၆၀ဆိုတဲ့ လူသားတွေရဲ့ အကန့်အသတ်ကိုတောင် ရောက်တော့မယ်၊ သူမရဲ့ စွမ်းအားက တွေးကြည့်လို့တောင် မရဘူး “
“ ရှုကျိုးက သူမကို ရင်ဆိုင်နိုင်မှာလား? “
“ အဆင်ပြေပါတယ်၊ တကယ်လို့ ရှုကျိုးက ရှုံးသွားမယ်ဆိုရင်တောင်မှ၊ သူက ငါတို့ အစစ်အမှန် သိုင်းပညာဌာနရဲ့ ဂုဏ်သိက္ခာပဲဖြစ်နေတုန်း၊ ဒီတိုက်ပွဲက သမိုင်းတွင်သွားမှာ “
“ အမှန်ပဲ၊ အချိန်တိုအတွင်းမှာ ဒီလိုအနေအထားမျိုးအထိ ရောက်နေတာကပဲ တော်တော်လေးကို အထင်ကြီးဖို့ကောင်းနေပြီ “
အစစ်အမှန် သိုင်းပညာဌာန၏ ကျောင်းသားကျောင်းသူများသည် အပူတပြင်း ဆွေးနွေးပြောဆိုနေကြသည်။
ရှုကျိုးကို ကြည့်နေသည့် သူတို့၏ အကြည့်များထဲတွင် စိတ်ခံစားချက် အရိပ်အငွေ့များ ပါဝင်နေခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် သူတို့သည် နတ်သိုင်းဌာနမှ သွေးကြောမှတ် ၁၅၀ကျော်သည့် ပါရမီရှင်များ၏ အနိုင်ကျင့်ခြင်းကို ခံခဲ့ရသောကြောင့် ဖြစ်သည်။
ယခုတွင် ရှုကျိုးသည် သူတို့အတွက် လက်စားချေပေးနေပြီဖြစ်သည်။
ဤတိုက်ပွဲ၏ ရလဒ်က မည်ကဲ့သို့ပင် ဖြစ်နေခဲ့ပါစေ၊ ရှုကျိုးသည် သူတို့၏ ဂုဏ်သိက္ခာ၊ အစစ်အမှန် သိုင်းပညာဌာန၏ ဂုဏ်သိက္ခာဖြစ်သည်။
ရှုကျိုး၊ ကြိုးစားထား !!
အားလုံးသည် စိတ်ထဲတွင် တိတ်တဆိတ် အားပေးနေခဲ့ကြသည်။
…
ရှုကျိုးကမူ တစ်ခြားလူများ၏ အတွေးနှင့် လုပ်ရပ်များကို လျစ်လျူရှုထားခဲ့သည်။
သူသည် အရှေ့ဘက်သို့ ဆက်၍ လျှောက်လှမ်းနေခဲ့ကာ နတ်သိုင်းဌာန၏ အတွင်းပိုင်းသို့ ဝင်သွားခဲ့သည်။
အရှေ့၌ မည်သည့်အရှိန်အဝါမှ ရှိမနေခဲ့ပေ။
သို့သော် ရှုကျိုးသည် သူနှင့် သိပ်မဝေးလှသော နေရာတွင် ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်တစ်ခုရှိနေသည်ကို ခံစားမိနေခဲ့သည်။
၎င်းမှာ တိတ်တဆိတ် ဆူပွက်နေပြီး၊ နိုးထလာရန် အသင့်ဖြစ်နေသည့် ရှေးဟောင်းသားရဲကြီးတစ်ကောင်ကဲ့သို့ ကမ္ဘာဖျက်စွမ်းအားကို ထုတ်လွှင့်နေလျက်ရှိသည်။
ဘုတ်၊ ဘုတ်၊ ဘုတ် ……..
ရှုကျိုးသည် တစ်လှမ်းချင်းလျှောက်လှမ်းသွားပြီး၊ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
သူ၏အရှေ့ဘက်၊ ရိုးရှင်းသော နှစ်ထပ်တိုက် စံအိမ်ကြီး၏ ခေါင်မိုးပေါ်၌
ပုံရိပ်တစ်ခုသည် တင်ပျဥ်ခွေထိုင်နေလျက်ရှိသည်၊ ရှုကျိုး ခံစားမိသည့် ကြောက်ဖွယ်ကောင်းသော စွမ်းအားသည် သူမ၏ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်နေခဲ့ခြင်း ဖြစ်သည်။
“ ဆွစ်ရှ် !! “
ခေါင်မိုးပေါ်ရှိ ကောင်မလေး၏ မျက်လုံးများ ရုတ်တရက် ပွင့်ဟလာခဲ့သည်၊ သူမ၏အကြည့်သည် နှစ်တစ်ထောင် ရေခဲကဲ့သို့ အလွန်အေးစက်နေခဲ့သည်။
နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် သူမသည် မတ်တပ်ထရပ်လာပြီး၊ မြေပြင်ပေါ်သို့ ခုန်ဆင်းလာခဲ့သည်။
လင်းရွှယ်သည် ချက်ချင်း မလှုပ်ရှားလာခဲ့ဘဲ၊ ရှုကျိုး၏ မျက်နှာကိုသာ ဂရုတစိုက် စူးစမ်းလေ့လာနေခဲ့သည်။
ရှုကျိုးမှာလည်း မည်သည့်စကားမှ မပြောဘဲ သူမကိုသာ ကြည့်နေခဲ့သည်။
တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်၌ လင်းရွှယ်မှ ချိုသာစွာ ပြောလာခဲ့သည် “ ကျောင်းကျိုး ပြင်ပခရိုင်ကနေ သာမန်လူတစ်ယောက်ရဲ့ အနေအထားကနေ၊ ဒီလိုအခြေအနေအထိ ရောက်လာနိုင်တဲ့အတွက် ငါနင့်ကို လေးစားတယ်။ တကယ်လို့ နင်ကသာ နတ်သိုင်းဌာနကို ရွေးခဲ့မယ်ဆိုရင်၊ ငါတို့က မိတ်ကောင်းဆွေကောင်း ဖြစ်လာနိုင်တယ် “
ရှုကျိုးမှ အသာအယာ ပြုံးပြလိုက်ပြီး၊ အေးအေးလူလူ ပြောလာခဲ့သည် “ လမ်းမတူတော့ ရည်ရွယ်ချက်တွေ မတူဘူး “
လင်းရွှယ်မှ အသာအယာ ခေါင်းငြိမ့်၍ ဆက်ပြောလာခဲ့သည် “ အနေအထားတွေ မတူဘူး၊ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ တစ်နေ့မှာငါက အစစ်အမှန် သိုင်းပညာဌာနဘက်ကို ပြောင်းလာနိုင်တယ် “
ရှုကျိုးသည် သူမကို အံ့ဩတကြီးဖြင့် ကြည့်လိုက်သည် “ ဘက်ပြောင်းမယ်ဆိုရင် နင်တည်ဆောက်ထားတဲ့ သွေးကြောမှတ် ၁၅၉ခုကို ဖျက်ဆီးရမှာလေ၊ နင်က အဲ့တာတွေကို စွန့်လွှတ်လိုက်မှာလား? “
“ ဖြစ်နိုင်ပါတယ် “
လင်းရွှယ်မှ အေးစက်စွာ ပြောလာခဲ့သည် “ ငါက နတ်သိုင်းဌာနနဲ့ ဘာမှမဆိုင်သလို အစစ်အမှန် သိုင်းပညာဌာနနဲ့လည်း ဘာမှမဆိုင်ဘူး။ ဒါပင်မဲ့ ဒီနေ့မှာတော့ ငါက နတ်သိုင်းဌာနအတွက် ဒီတံခါးဝကို စောင့်ကြပ်ရမယ် “
“ ငါမရှုံးမချင်း နင်က လုံးဝရှေ့ဆက်သွားလို့ မရဘူး “
“ မစ္စတာရှု၊ ဆက်လုပ်ပါ “