မကြုံတွေ့ခဲ့ရဖူးသော၊ ပြိုင်ဘက်ကင်းသော ၃
Vol. 15 Ch. 219
ရှုကျိုးသည် နတ်သိုင်းဌာနမှ သွေးကြောမှတ် ၁၅၀ကျော်ဖွင့်ထားသည့် ပါရမီရှင်အကုန်လုံးကို စိန်ခေါ်တိုက်ခိုက်ကာ အနိုင်ရသွားခဲ့ပြီဖြစ်သည်။
ထိုအချိန်၌ အားလုံးသည် ရှုကျိုးကို ကြည့်ကာ မိန်းမောသွားခဲ့သည်။
သူက ဒီနှစ်မှရောက်လာတဲ့ လူသစ်လေးလား?
သူက ဘယ်လိုလုပ်ပြီးတော့ ဒီလောက်တောင် ကြမ်းနေရတာလဲ?
…
လျူတျန်မုနှင့် ဟွမ်ရိချန်းတို့၏ အမူအရာများမှာလည်း အံ့ဩတကြီးဖြစ်နေလျက်ရှိသည်။
“ အဲ့ကလေးကို ဖိနှိပ်ဖို့အတွက် ဆရာက မင်းကို ခိုင်းခဲ့တယ်လေ “ ဟွမ်ရိချန်းမှ ရုတ်တရက် စကားပြောလာခဲ့သည် “ ဒါက မင်းသူ့ကို ဖိနှိပ်လိုက်တဲ့ ပုံစံလား? “
လျူတျန်မု၏ မျက်နှာပေါ်တွင် မကျေမနပ်ဖြစ်သွားသည့် အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည် “ မင်းကရော သူ့ကို ဘာလို့မဖိနှိပ်ရတာလဲ? သူ့ကို ထိနိုင်တဲ့လူကို မင်းတွေ့မိလို့လား? “
ထိုစကားလုံးများနှင့်အတူ ဟွမ်ရိချန်း တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
ဟုတ်တယ်၊ ရှုကျိုးကို ထိနိုင်ခဲ့တဲ့ လူရှိလို့လား?
ပထမအဆင့်နယ်ပယ်၌ သူည် ပြိုင်ဘက်ကင်းလုနီးပါးပင် ဖြစ်နေခဲ့ပြီဖြစ်သည်။
တော်ဝင် သိုင်းပညာတက္ကသိုလ်မှ ပါရမီရှင်များကမူ ……………….
အကယ်၍ အဆိုပါ ပါရမီရှင်များ ရောက်လာခဲ့မည်ဆိုလျှင်တောင်မှ သူတို့သည် ရှုကျိုးကို အနိုင်ယူနိုင်မည် မဟုတ်ပေ။
ရှုကျိုးပြသခဲ့သော စွမ်းအားသည် အတော်လေး ကြောက်မက်ဖွယ်ကောင်းလှသည်။
သို့သော် စွမ်းအားမှာ ဒုတိယဦးစားပေးမျှသာဖြစ်သည်၊ အရေးအကြီးဆုံးအရာမှာ အလားအလာပင်ဖြစ်သည်။
ကျောင်းသို့ စရောက်လာခဲ့သည့် အချိန်မှစ၍ သုံးလအတွင်းတွင် သူသည် ဤမျှအတိုင်းအတာအထိ ကြီးထွားတိုးတက်လာခဲ့ကာ ပထမအဆင့်တွင် ပြိုင်ဘက်မဲ့သွားခဲ့ပြီ ဖြစ်သည်။
သူ့အား အနိုင်ယူမည်ဆိုပါက ဒုတိယအဆင့်ပညာရှင်များကိုသာ အသုံးပြုရမည်ဖြစ်သည်။
သို့သော် ကျောင်း၏ စည်းမျဥ်းစည်းကမ်းများအရ ဒုတိယအဆင့် ပညာရှင်များသည် ရှုကျိုးကို ထိနိုင်လိမ့်မည် မဟုတ်ပေ။
ထိုအချိန်၌ ဟွမ်ရိချန်း၏ မျက်နှာသည် အလွန်အမင်း မည်းမှောင်သွားခဲ့သည်။
…
တိုက်ပွဲကွင်းပြင် အတွင်း၌ လူတော်တော်များများသည် ရှုကျိုးပြသခဲ့သည့် စွမ်းအားကို ခွဲခြမ်းစိတ်ဖြာနေလျက်ရှိသည်။
“ ကောင်းကင်ဖြိုခွင်း ဆေဘာသိုင်း တတိယအဆင့် အထွတ်အထိပ် “
“ ကောင်းကင်ထိုးဖောက် ခြေကိုးလှမ်းကလည်း ဒုတိယအဆင့် အထွတ်အထိပ်မှာပဲ “
“ ကြောက်ဖို့ကောင်းတယ်၊ ရှုကျိုးရဲ့ တိုးတက်မှု အမြန်နှုန်းက တော်တော်ကြီးကို ကြောက်ဖို့ကောင်းတယ် “
“ ဒီကွမ်ဟန် သိုင်းပညာတက္ကသိုလ်မှာ သူနှင့် ယှဥ်နိုင်တဲ့လူရော ရှိပါ့တော့မလား? “
ထိုအချိန်၌ အားလုံး၏ အကြည့်များသည် အဖြူရောင် ဝတ်စုံနှင့် လူငယ်လေးတစ်ဦးအပေါ်သို့ ကျရောက်နေခဲ့သည်။
ယခုအချိန်အထိ တိုက်ခိုက်လာခဲ့သော်လည်း သူသည် မည်သို့မျှ ထိခိုက်ဒဏ်ရာ မရသွားခဲ့ပေ။
ခြစ်ရာလေးပင် မထင်သွားခဲ့ချေ။
အားလုံးသည် ယနေ့တွင် ကြယ်ပွင့်တစ်ဦးမွေးဖွားလာခဲ့ပြီဆိုသည်ကို သိသွားကြသည်။
ထို့အပြင် ဤကြယ်ပွင့်သည် ကွမ်ဟန် သိုင်းပညာတက္ကသိုလ်၏ သမိုင်းမှတ်တမ်းထဲတွင် မှတ်ကျောက်တင်ခံရရန်အတွက် ကံပါလာခဲ့သည့်ပုံပင်။
လူတစ်ဦးတည်းဖြင့် ကိုယ်ပိုင်အင်အားဖြင့် နတ်သိုင်းဌာနတစ်ခုလုံးကို မုန်တိုင်းထန်သွားစေခဲ့သည်။
ဆယ်ယောက် တစ်ယောက်ဆက်တိုက် ယှဥ်ပြိုင်တိုက်ခိုက်သွားခဲ့ပြီး၊ ခြစ်ရာလေးပင် မရရှိခဲ့ဘဲ အနိုင်ရသွားခြင်း !!!
၎င်းမှာ တစ်ကြိမ်တစ်ခါမှ မဖြစ်ပေါ်လာခဲ့ဖူးသည့် မကြုံစဖူး ဖြစ်ရပ်ထူးတစ်ခုဖြစ်သည်။
အစစ်အမှန် သိုင်းပညာဌာနဘက်တွင်ကား
အစစ်အမှန် သိုင်းပညာဌာန၏ ကျောင်းသူကျောင်းသား အကုန်လုံးသည် အလွန်အမင်းစိတ်လှုပ်ရှား တက်ကြွနေကြသည်၊ တစ်နှစ်တာတွင် စိတ်ကျေနပ်ဖွယ်အကောင်းဆုံးသော အချိန်ဖြစ်သည်။
လူအုပ်အတွင်း၌
ကျန်းလန်၏ အကြည့်ထဲတွင် စိတ်ခံစားချက်များ ရှုပ်ထွေးနေသည့် အရိပ်အငွေ့များ ဖြစ်တည်နေခဲ့သည်၊ ထိုလူသည် သူမ မော့ကြည့်နေရသည့် အမြင့်တစ်နေရာသို့ပင် ရောက်ရှိသွားခဲ့ပြီဖြစ်သည်။
ယခင်က သူမသည် သူမက ရှုကျိုးကို အမှီလိုက်နိုင်သည်ဟုသာ ယုံကြည်ထားခဲ့သည်၊ သို့သော် ယခုတွင်ကား သူ၏နောက်ကျောကို မြင်တွေ့နေရခြင်းကပင် မိမိကိုယ်မိမိ ဂုဏ်ယူရန်အတွက် လုံလောက်နေခဲ့ပြီဖြစ်သည်။
သူမဘေးနားရှိ ရှားဟောက်ချန်းကမူ အနည်းငယ် စိုးရိမ်ပူပန်သွားခဲ့သည် “ အဲ့ကောင်က တော်တော်ကြီးကို ထူးချွန်နေတယ်၊ နတ်သိုင်းဌာနက သူ့ကို အလွယ်တကူ မလွှတ်ပေးလောက်ဘူး? “
ရှားရှီယောက်မှ အမြန်ပြန်ပြောလာခဲ့သည် “ အစ်ကို၊ စကားကို မဆင်မခြင် မပြောနဲ့ “
ရှားဟောက်ချန်းသည် သူ၏ဦးခေါင်းကို အသာအယာ ခါယမ်းနေတော့သည်၊ သူသည် ၎င်းကို ပေါ့ပေါ့ပါးပါး ပြောလိုက်ခြင်းသာ ဖြစ်သည်။
သို့သော် ရှုကျိုးကမူ အမှန်တကယ် ထူးချွန်လွန်းနေခဲ့သည်၊ သူသည် နတ်သိုင်းဌာန၏ ပထမအဆင့်နယ်ပယ်မှ ထိပ်ဆုံး၁၀ဦးကို တစ်နေ့တည်းတွင် ဆက်တိုက်တိုက်ခိုက်ကာ အနိုင်ယူသွားခဲ့သည်။
အကယ်၍ သူကသာ နတ်သိုင်းဌာန၏ အမြင့်ပိုင်း အရာရှိတစ်ဦး ဖြစ်နေမည်ဆိုပါက သူသည် ထိုကဲ့သို့ လူတစ်ဦးကို အလွယ်တကူ လွှတ်မေးမည် မဟုတ်ပေ။
…
တိုက်ပွဲကွင်းပြင်အတွင်း၌
ရှုကျိုးသည် ဤနေရာတွင် ဆက်မနေလိုတော့ပေ။
သူသည် သူ၏ဓားကို သိမ်းကာ အေးဆေးတည်ငြိမ်သော အမူအရာဖြင့် အပြင်ဘက်သို့ လျှောက်လှမ်းသွားတော့သည်။
ထိုအချိန်တွင် ဘုန်းတန်ခိုးတို့ဖြင့် ပြည့်နှက်နေသည့် အသံတစ်သံသည် နတ်သိုင်းဌာနတစ်ခုလုံးကို လွှမ်းခြုံလာခဲ့သည်။
“ ဒုတိယအဆင့်အတွင်းမှာ ရှုကျိုးကို အနိုင်ယူနိုင်မယ်ဆိုရင် အကျိုးပြုအမှတ် ၃၀၀ရမယ် “
ထိုစကားလုံးများသည် အုံ့အော့သောင်းနင်းဖြစ်သွားစေတော့သည်။
“ အဲ့တာက ပညာရှင် စုန့်ယွင်ဟဲ့မလား? သူက ဘာပြောချင်နေတာလဲဟ? “
“ ဒုတိယအဆင့် အတွင်းမှာလား? ဒုတိယအဆင့်တွေက ရှုကျိုးကို သွားတိုက်လို့ရတာလား? “
လူအုပ်ကြီး လှုပ်လှုပ်ရွရွ ဖြစ်သွားတော့သည်။
ဒုတိယအဆင့် ပညာရှင်များသည် ရှုကျိုးကို အနိုင်ယူရန်အတွက် ၁၀၀% ယုံကြည်မှုရှိကြသည်၊ သို့သော် ကျောင်း၏ စည်းမျဥ်းစည်းကမ်းများအရ ………………….
မြေပြင်ပေါ်ရှိ ရှုကျိုးမှာလည်း အမူအရာ အေးစက်သွားခဲ့ပြီး၊ အေးအေးလူလူ ပြန်ပြောလိုက်သည် “ စီနီယာ၊ ပထမအဆင့်က လူတစ်ယောက်ကို ဒုတိယအဆင့်ပညာရှင်တွေ လာတိုက်ခိုက်တာက ကျောင်းရဲ့စည်းမျဥ်းစည်းကမ်းတွေကို ချိုးဖောက်လိုက်တာပဲနော် “
ဟွမ်ရိချန်းမှာလည်း ပျံသန်းရောက်ရှိလာခဲ့ပြီး အပြုံးဖြင့် ပြန်လည်ချေပပြောဆိုလာခဲ့သည် “ မင်းရဲ့ တိုက်ခိုက်ရေး စွမ်းအားက ဒုတိယအဆင့် နယ်ပယ်ကိုတောင် ရောက်နေပြီလေ၊ ဆိုတော့ မင်းကိုလည်း ဒုတိယအဆင့် ပညာရှင်တစ်ယောက်အဖြစ် ယူဆလို့ရတယ်လေ “
ထိုစကားလုံးများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် အားလုံး၏ မျက်လုံးများ လှုပ်ခတ်စ ပြုလာကြတော့လေသည်။
အကယ်၍ ဒုတိယအဆင့် ပညာရှင်များကသာ ဝင်ပါနိုင်မည်ဆိုပါက၊ နတ်သိုင်းဌာနတွင် ရှုကျိုးကို တိုက်ခိုက်ကြမည့် လူမှာ ဒုနှင့်ဒေးပင် တည်ရှိနေခဲ့သည်။
ထို့အပြင် အကျိုးပြုအမှတ် ၃၀၀ဆိုသည်မှာလည်း သေးငယ်သော ပမာဏတစ်ခု မဟုတ်ပေ။
ရှုကျိုးသည် ဟွမ်ရိချန်းကို လျစ်လျူရှုထားပြီး၊ အသံထွက်ပေါ်လာရာ ဦးတည်ချက်သို့ ကြည့်ကာကျယ်လောင်စွာ ပြောလိုက်သည် “ ကျွန်တော်သိရသလောက်ဆိုရင်တော့ ကွမ်ဟန် သိုင်းပညာတက္ကသိုလ်မှာက နယ်ပယ်တွေနဲ့ပဲ အဆင့်ခွဲတာပါ၊ တိုက်ခိုက်ရေးစွမ်းအားနဲ့ မဟုတ်ဘပါဘူး “
“ နတ်သိုင်းဌာနက ကွမ်ဟန် သိုင်းပညာတက္ကသိုလ်ရဲ့ ဌာနတစ်ခု မဟုတ်ဘူးလား? ဒါမှမဟုတ် စီနီယာကိုယ်တိုင်ကပဲ ကိုယ်ပိုင်ဆန္ဒကြောင့် ကျောင်းရဲ့ စည်းမျဥ်းစည်းကမ်းတွေကို လျစ်လျူရှုထားပြီးတော့ အရင်လှုပ်ရှားပြီး နောက်မှ သတင်းပို့ချင်နေတာလားဗျ? “
“ မိုက်မဲလိုက်တာ !! “
ဩဇာအာဏာကြီးမားသည့် အသံသည် ထပ်မံ၍ ပေါ်ထွက်လာခဲ့ပြီး၊ သားရဲကြီးမှ ပုရွက်ဆိတ်ကို အမျက်ဒေါသထွက်သွားသကဲ့သို့ မိုးပင် ချိန်းလာခဲ့ကာ ကောင်းကင်နှင့် မြေပြင်ကို တုန်ခါသွားစေခဲ့သည်။
တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားတစ်ခုသည် ကောင်းကင်ပေါ်မှ ဆင်းသက်ခဲ့ကာ ရှုကျိုးကို ဖိနှပ်ရန် ကြံရွယ်လာခဲ့သည်။
“ သတ္တိရှိနေတာပဲ !! “
ထိုအချိန်၌ အမျက်ဒေါသများဖြင့် ပြည့်နှက်နေသည့် အသံတစ်သံ ပေါ်ထွက်လာခဲ့သည်။
ရွှေရောင်အလင်းတန်းတစ်ခုသည် ကောင်းကင်ပေါ်သို့ ထိုးတက်သွားပြီး၊ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေပြင်တို့ကိုပါ လှုပ်ခါသွားစေခဲ့သည်၊ ရွှေရောင်လက်တစ်ခုသည် စုန့်ယွင်ဟဲ့တည်ရှိရာ အရပ်မျက်နှာဆီသို့ တိုက်ရိုက်ဦးတည်သွားခဲ့သည်။
ဝုန်းးး !!
ကျယ်လောင်သော ဆူညံသံတစ်ခုနှင့်အတူ ရွှေရောင်လက်ကြီးသည် နတ်သိုင်းဌာနအတွင်းပိုင်းမှ လူတစ်ဦးကို ဆွဲထုတ်လာခဲ့ပြီး၊ ဘမ်းဟူသော အသံနှင့်အတူ အောက်ဘက်သို့ ရိုက်ချလိုက်သည်။
မြေပြင်သည် ကြမ်းကြမ်းတမ်းတမ်း တုန်ခါသွားခဲ့သည်။
အသွေးအသားများ ပျံသန်းလာခဲ့သည် !!!
“ စုန့်ယွင်ဟဲ့၊ မင်းက ဘယ်လိုတောင် လုပ်ရဲနေတာလဲ? “
ရှန့်ဝမ်ချန်းသည် လေထဲတွင် ပေါ်လာခဲ့ပြီး၊ သူ၏အသံသည် နတ်သိုင်းဌာနတစ်ခုလုံးသို့ ပျံ့နှံ့ရောက်ရှိသွားခဲ့သည် “ ရှုကျိုးကို လူသိရှင်ကြားတိုက်ခိုက်ရဲတယ်ဆိုတော့၊ မင်းတို့က ငါ့ရဲ့ အစစ်အမှန် သိုင်းပညာဌာနမှာ လူမရှိတော့ဘူးလို့ တကယ်ကြီး ထင်နေကြတာလား? ”