နှင်ထုတ်ခြင်း အမိန့်စာ၊ ကြယ်ပြာဂြိုဟ်ပေါ်ရှိ ထူးခြားသော ဖြစ်ရပ်များ ၃
Vol. 15 Ch. 222
ရှုကျိုးသည် သူမကို ကြည့်ကာ ရုတ်တရက် ရယ်မောနေတော့သည် “ နင်က အဲ့တာတွေကို ငါ့ထပ် ပိုလိုအပ်ပါတယ်ဟာ။ ဒုတိယအဆင့်ကို စောစောတက်လာခဲ့၊ နင်က ငါ့နောက်ကို တိတ်တိတ်လေး လိုက်နေခဲ့တဲ့ အချိန်တွေကို ငါတော်တော်လေး လွမ်းနေတုန်းပဲ “
လီရို့ရှီ အံ့ဩသွားတော့သည်၊ ထို့နောက်၌ သူမ၏မျက်နှာလေးသည် ရှက်သွေးများဖြန်းသွားသကဲ့သို့ နီမြန်းလာခဲ့သည်။
“ ဘယ်သူက နင့်နောက်ကို တိတ်တိတ်လေး လိုက်ခဲ့လို့လဲ? “
လီရို့ရှီသည် တိုးတိုးလေး ညီးတွားကာ တစ်နေရာရာကို ကြည့်လိုက်သည်၊ သို့သော် သူမမျက်လုံးများထဲတွင် ရှိနေသည့် စိတ်ပျက်လက်ပျက်ဖြစ်နေမှုများကမူ တိတ်တဆိတ် လွင့်ပျယ်ပျောက်ကွယ်သွားခဲ့သည်။
အထက်တန်းကျောင်းတွင် ရှုကျိုးသည် အတော်လေး အားနည်းနေခဲ့သည်၊ ထို့ကြောင့် သူမသည် သူ့နောက်မှ မကြာခဏလိုက်လေ့ရှိကာ သူ့အား တစ်ခြားလူများ၏ အနိုင်ကျင့်ခံရခြင်းမှ ကာကွယ်ပေးလေ့ရှိသည်၊ သို့သော် ….. သူက အဲ့တာကို ဘယ်လိုလုပ်သိနေတာလဲ?
ငါက တော်တော်လေးကို ပိပိရိရိ ရှိခဲ့တာပါ။
ရှုကျိုးသည် ရှင်းပြမနေဘဲ အပြုံးဖြင့် ပြောလာခဲ့သည် “ အထူးပြုဌာနဘက်မှာရော ဘယ်လိုနေလဲ? နင့်ဆရာမက နင့်အပေါ်ကို ကောင်းရဲ့လား? “
“ အင်း၊ အကုန်လုံးက တော်တော်လေး ကောင်းပါတယ် …… “ လီရို့ရှီသည် အသာအယာ ခေါင်းငြိမ့်ပြလာခဲ့ပြီး၊ အထူးပြုဌာနမှ အကြောင်းအရာများကို ရှုကျိုးအား ပြောပြနေတော့သည်။
သူမ၏ စိတ်သဘာဝမှာ အေးစက်စက်ဖြစ်နေခဲ့သော်လည်း သူမသည် ရှုကျိုးနှင့် စကားပြောနေသည့်အချိန်တွင် စကားစပျောက်သွားခြင်း(သို့) ရှာမရဖြစ်နေခြင်းတို့မှာ ရှားပါးလွန်းနေခဲ့သည်။
ဆန့်ကျင်ဘက်အနေဖြင့် သူမသည် အကြောင်းအရာအသစ်များကို ယူဆောင်လာနိုင်ခဲ့သည်။
လီရို့ရှီသည် အထူးပြုဌနာဘက်တွင် ဖြစ်ပွားခဲ့သည် စိတ်ဝင်စားဖွယ်ကောင်းသည့် တစ်ချို့သော အကြောင်းအရာများ၊ သူမ၏နေ့စဥ်ကျင့်ကြံရေးနှင့် သူမနှင့် ဆရာဖြစ်သူတို့ကြားရှိ အသေးအဖွဲ့ ကိစ္စလေးများကို ပြောပြနေခဲ့သည်။
ရှုကျိုးသည် စိတ်ရှည်ရှည်ဖြင့် နားထောင်ပေးနေခဲ့ပြီး၊ တစ်ခါတစ်ရံတွင် အလိုအလျောက် တုံ့ပြန်မိသွားရာ လီရို့ရှီအား ပြုံးရွှင်သွားစေခဲ့သည်။
တစ်နာရီခန့် ကြာခဲ့ပြီးသည့်နောက်၌ ရှုကျိုးမှ စကားပြောလာခဲ့သည် “ အခုတော့ ငါသွားရဦးမယ်၊ ဌာနမှူနဲ့ လုပ်ရမဲ့ အရေးကြီး ကိစ္စတစ်ခု ရှိသေးတယ် “
“ အိုကေ “
လီရို့ရှီသည် စကားဝိုင်းကို ဆက်မပြောတော့ပေ။
သူမသည် သူမ၏လှပသော မျက်လုံးလေးများဖြင့် ရှုကျိုးကိုကြည့်ကာ ထပ်ဖြည့်ပြောလိုက်သည် “ တကယ်လို့ နင့်ရဲ့ အကျိုးပြုအမှတ်တွေက မလုံလောက်ဘူးဆိုရင်၊ ငါ့ဆီကို လာခဲ့၊ ငါက အမှတ်တွေ အများကြီးကို မသုံးဖြစ်ဘူး “
ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်၊ ထို့နောက်တွင် သူသည် တစ်စုံတစ်ခုကို မှတ်မိသွားကာ ပြောလာခဲ့သည် “ ဒါနဲ့၊ အစစ်အမှန် သိုင်းပညာဌာနကို လာခဲ့တော့လေ၊ မြန်လေကောင်းလေပဲ “
“ အင်း၊ မနက်ဖြန်လာခဲ့မယ် “ လီရို့ရှီမှ အသာအယာ ခေါင်းငြိမ့်ပြလာခဲ့သည်။
ရှုကျိုးသည် ထပ်မံ၍ ခေါင်းငြိမ့်ပြလိုက်ကာ လှည့်ထွက်သွားတော့သည်။
…
အစစ်အမှန် သိုင်းပညာဌာန
အစည်းအဝေးခန်းမ
ဌာနမှူးပြောခဲ့သည့် အစည်းအဝေး အခန်းသည် သာမန်အစည်းအဝေးအခန်း မဟုတ်ပေ၊ သို့သော် ၎င်းမှာ ဌာနမှူးရုံးခန်းတည်ရှိရာ အဆောက်အဦးတွင် ရှိနေသည့် ခန်းမကြီးတစ်ခုဖြစ်ပြီး၊ ၎င်းအား အရေးကြီးသော ကိစ္စရပ်များအတွက် အမြဲလိုလို ဖွင့်ပေးလေ့ရှိသည်။
အထဲသို့ ရောက်လာသည်နှင့်တစ်ပြိုင်နက် ရှုကျိုးသည် လေထု၏ လေးလံမှုကို ခံစားမိသွားခဲ့တယ်။
ဌာနမှူးသည် ခေါင်းရင်းခုံတွင် ထိုင်နေလျက်ရှိပြီး၊ သူ့အောက်၌ အစစ်အမှန် သိုင်းပညာဌာနမှ သာမန်မဟုတ်သည့် ကျောင်းသားကျောင်းသူတစ်ချို့ ရှိနေခဲ့သည်။
သူတို့၏ အငွေ့အသက်များကို အကဲဖြတ်ကြည့်ရခြင်းအားဖြင့် သူတို့သည် အစစ်အမှန် သိုင်းပညာဌာနအတွင်းရှိ အထူးချွန်ဆုံးသော ပါရမီရှင်များပင် ဖြစ်နိုင်လေသည်။
ရှားဟောက်ချန်း၊ ရှားရှီယောက်နှင့် ကျန်းလန်တို့လည်း ရောက်ရှိနေခဲ့ပြီဖြစ်သည်။
သူတို့၏ ဘေးနားတွင် ချင်ဖုန်းရှိနေခဲ့ပြီး၊ ရှုကျိုးသည် ချင်ဖုန်း၏ ဘေးနားတွင် ဝင်ထိုင်လိုက်သည်။
ချင်ဖုန်းသည် သူ့ကို ဖျတ်ခနဲ လှည့်ကြည့်လာခဲ့ကာ ပြုံးစစဖြင့် ခေါင်းငြိမ့်ပြလာခဲ့သည် “ ဂျူနီယာညီလေး၊ မင်းက ကောင်းကောင်းကြီး လုပ်ခဲ့တယ် “
ရှုကျိုးသည် အနည်းငယ် မှင်သက်သွားပြီး၊ လေသံတိုးတိုးလေးဖြင့် ပြန်ပြောလိုက်သည် “ စီနီယာအစ်ကို၊ မင်းက အဆင့်တက်သွားတာလား? “
သူသည် ချင်ဖုန်း၏ အငွေ့အသက်က ယခင်ကနှင့် ကွဲပြားနေသည်ကို အာရုံခံမိနေခဲ့သည်။
၎င်းကို ကြားလိုက်ရသောအခါတွင် ချင်ဖုန်းသည် အံ့ဩတကြီးဖြင့် သူ့ကို ကြည့်ကာ ခေါင်းငြိမ့်ပြလာခဲ့သည် “ ငါက တတိယအဆင့်ကို အခုလေးတင် ရောက်သွားတာ “
ရှုကျိုး နားလည်သွားတော့သည်၊ ခုနတုန်းက သူ့ကို မတွေ့ခဲ့ရတာက အံ့ဩစရာမဟုတ်တော့ဘူးပဲ၊ သူ့ရဲ့ကျင့်ကြံရေးက အရေးအကြီးဆုံး အချိန်ကို ရောက်နေခဲ့တာကိုး။
“ စီနီယာအစ်ကို၊ မင်းက ဘာလို့ ဒီတစ်ကြိမ်မှာ အဆင့်တက်လိုက်ရတာလဲ? “ ရှုကျိုးသည် စိတ်ရှုပ်ထွေးနေသော အမူအရာဖြင့် မေးမြန်းလိုက်သည်။
သူသိထားရသလောက်သာဆိုပါက ချင်ဖုန်းက တတိယအဆင့်သို့ ရောက်နေသည်မှာ အချိန်တော်တော်ကြာနေခဲ့ပြီဖြစ်ပြီး၊ သူက ၎င်းကို ဖိနှိပ်ထားခဲ့ခြင်း ဖြစ်သည်။
ဒုတိယအဆင့် အထွတ်အထိပ်မှ တတိယအဆင့်သို့ သွားရာလမ်းကြောင်းသည် အလှည့်အပြောင်းတစ်ခုဖြစ်ပြီး၊ အဆင့်တက်ခြင်းကို ကြာကြာပိုနှိပ်ထားလေလေ၊ နောက်အနာဂတ်တွင် အမြင့်ပိုင်းအဆင့်များသို့ ရောက်ရှိသွားရန်အတွက် အကျိုးအမြတ် ပိုရလေလေပင် ဖြစ်သည်။
“ အခုတော့ အဲ့ကိစ္စကို မပြောနဲ့ဦး “ ချင်ဖုန်းမှ ခေါင်းခါ၍ ပြောလာခဲ့သည် “ ဌာနမှူးပြောမဲ့ ကိစ္စက တော်တော်လေး အရေးကြီးတယ် “
ရှုကျိုး၏ စိတ်နှလုံးသား တင်းကြိမ်သွားခဲ့သည်၊ သူသည် ခေါင်းငြိမ့်ပြလိုက်ပြီး၊ မည်သည့်စကားမှ ထပ်မပြောလာတော့ပေ။
သူသည်လည်း ဌာနမှူးက မည်သည့်အကြောင်းအရာများ ပြောလာမလဲဆိုသည်ကို အလွန်သိချင်နေလျက်ရှိသည်။
၎င်းမှာ စုန့်ယွင်ဟဲ့မှ ထူးဆန်းသော အမိန့်တစ်ခုကို ရုတ်တရက် ထုတ်ပြန်လာခြင်းနှင့် သက်ဆိုင်နေလျက်ရှိပြီး၊ ရှုကျိုးသည် နောက်အနာဂတ်တွင် ရောက်ရှိလာမည့် သူ၏နေ့ရက်များက ပို၍ပင် ချောက်ခြားဖွယ်ကောင်းနေလိမ့်မည်ဟု ခံစားနေရတော့သည်။
တစ်ခဏခန့်ကြာခဲ့ပြီးသည့်နောက်၌ နောက်ထပ် လူတစ်ဦး ရောက်ရှိလာခဲ့ပြီး၊ ရှုကျိုး၏မျက်လုံးများ အနည်းငယ် လှုပ်ခတ်သွားခဲ့သည်၊ ၎င်းမှာ သူရက်အတော်ကြာ မမြင်တွေ့ခဲ့ရသည့် စီနီယာအစ်မဖြစ်သူ ချန်းရှင်ပင် ဖြစ်သည်။
ချန်းရှင်ရောက်လာခဲ့ပြီးသည့်နောက်၌ အစည်းအဝေးခန်းမ တံခါးသည် ဘမ်းဟူသောအသံနှင့်အတူ အလိုအလျောက် ပိတ်သွားခဲ့သည်။
အားလုံး၏ အမူအရာများ တင်းကြပ်သွားပြီး၊ ဌာနမှူးကို စိုက်ကြည့်လာကြသည်။
နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် ရှန့်ဝမ်ချန်းမှ ဖြည်းဖြည်းချင်း စကားစပြောလာခဲ့သည်။