ကမ္ဘာကြီး၏ အမှန်တရား ၂
Vol. 15 Ch. 224
သို့ရာ၌ ကြယ်ပြာဂြိုဟ်မှ သာမန်လူများသည် ထိုဂြိုဟ်ပေါ်ရှိ ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်နေလိမ့်မည် မဟုတ်ပေ၊ ထိုဂြိုဟ်ပေါ်သို့ ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် ကိုယ်တွင်းအဂ်ါများ ပျက်စီးသေဆုံးသွားရမည် ဖြစ်သည်။
…
ရှုကျိုးသည် သူ၏ နေရာမှာပင် ကြောင်အမ်းအမ်းဖြင့် ထိုင်နေလျက်ရှိသည်။
တိုက်ကြီးခုနစ်တိုက်၊ သမုဒ္ဒရာငါးခုလား?
အပြာရောင် ဂြိုဟ်လား?
အဲ့တာက ဘာလို့ ကမ္ဘာနဲ့ တူနေရတာလဲဟ?
ကမ္ဘာက တစ်ခြား စကြာဝဌာတွေကို တိုက်ခိုက်နိုင်တဲ့အထိ အားကောင်းလာပြီလားဟ?
ငါ ဝိညာဥ်ကူးပြောင်းလာတာတောင် သိပ်မကြာသေးဘူး မဟုတ်ဘူးလား?
“ ဌာနမှူး “ ထိုအချိန်တွင် သူ့ဘေးနားရှိ ရှားဟောက်ချန်းသည် မအောင့်ထားနိုင်တော့ဘဲ မေးမြန်းလာခဲ့သည် “ ကမ္ဘာ့ကြယ်ထဲမှာ ဘာတွေရှိနေတာလဲဗျ? ဂြိုဟ်သားတွေလား? အာနိုးကားထဲကလို အကောင်တွေလား? ဒါမှမဟုတ် တစ်ခြား အကောင်တွေလား? “
“ ငါတို့လည်း ရှင်းရှင်းလင်းလင်း မသိရသေးဘူး “ ရှန့်ဝမ်ချန်းမှ ခေါင်းခါပြလာခဲ့သည်။
လူတိုင်းမှင်သက်သွားကြသည်။
လူသားတွေက သူတို့တွေနဲ့ တိုက်ခိုက်နေခဲ့တာ နှစ်တော်တော်ကြာနေပြီလေ၊ ရန်သူက ဘာတွေလဲဆိုတာကို အခုထိ မသိရသေးဘူးလား?
ရှန့်ဝမ်ချန်းမှ ဆက်ပြောလာခဲ့သည် “ သူတို့က လူတွေဖြစ်နေနိုင်တယ် ….. အခုလောလောဆယ်မှာတော့ ကမ္ဘာ့ကြယ်က လူတွေလို့ပဲ ခေါ်လိုက်ကြတာပေါ့။ ဒါပင်မဲ့ သူတို့ရဲ့ ပုံစံတွေက အမြဲပြောင်းလဲနေတာ၊ ဧရာမ သားရဲကြီးတွေအဖြစ် ပြောင်းလို့ရသလို၊ လက်သည်းခွံလောက်အထိ သေးငယ်တဲ့ အရာတွေအဖြစ်လည်း ပြောင်းလဲနိုင်ကြတယ် “
“ ဒါပေါ့၊ သာမန်အခြေအနေတွေ အောက်မှာဆိုရင်တော့ ကမ္ဘာ့ကြယ်က လူတွေက ငါတို့ကြယ်ပြာဂြိုဟ်က လူတွေနဲ့ ဘာမှ မကွာခြားဘူး “
ကျန်းလန်သည် မျက်မှောင်ကြုတ်သွားခဲ့ကာ စကားဝင်ပြောလာခဲ့သည် “ သူတို့က လူသားတွေနဲ့ တူတာမဟုတ်ဘူးလား? အဲ့တာဆိုရင် ဧရာမသားရဲကြီးတွေအဖြစ် ဘယ်လိုလုပ်ပြောင်းနေနိုင်ရတာလဲ? “
သူမ၏ စကားကို ကြားလိုက်ရသောအခါတွင် ရှန့်ဝမ်ချန်းသည် သက်ပြင်းတချချဖြစ်သွားခဲ့သည် “ ငါတို့ကလည်း အဲ့ကိစ္စကို ဇဝေဇဝါဖြစ်နေကြတာပဲ “
“ တစ်ခါတုန်းက ငါတို့က ကမ္ဘာ့ကြယ်က လူတွေကို ဖမ်းမိခဲ့ဖူးတယ်၊ ဒါပင်မဲ့ ခွဲခြမ်းစိတ်ဖြာပြီးတဲ့နောက်မှာ သူတို့ရဲ့ ဦးနှောက်တွေက အလွတ်ကြီး ဖြစ်နေတာကလွဲလို့ ငါတို့ဆီက လူတွေနဲ့ ကွဲပြားတဲ့ ထူးခြားတဲ့ တစ်ခြားအချက်တွေကို မတွေ့ခဲ့ဘူး “
“ အဲ့တာကြောင့်ပဲ ဦးနှောက်မပါဘဲနဲ့ ပုံပြောင်းနိုင်တာက ဘယ်လိုမျိုးစိတ်ဖြစ်လဲဆိုတာကို ငါတို့က အဖြေမရှာနိုင်ဖြစ်နေကြတယ် “
ရှားဟောက်ချန်းနှင့် တစ်ခြားလူများ ကြောင်အမ်းအမ်းဖြစ်သွားကြတော့လေသည်။
ဦးနှောက်မပါဘူးလား?
အဲ့လို သတ္တဝါမျိုး တကယ်ကြီးရှိနေတာလားဟ?
ရှုကျိုးကမူ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့သည်။
ဌာနမှူး၏ ပြောစကားများအရသာဆိုပါက သူတို့သည် ကမ္ဘာမြေမှ လူများ မဖြစ်နိုင်ပေ။
သို့သော် သူ၏စိတ်ထဲတွင် သံသယများ ရှိနေသေးစဲဖြစ်သည်။
အပြာရောင်ဂြိုဟ်၊ တိုက်ကြီးခုနစ်တိုက်၊ သမုဒ္ဒရာ ငါးစင်း၊ ထိုအရာအားလုံးသည် သူ၏ယခင်ဘဝက ကမ္ဘာမြေနှင့် များစွာတူညီနေခဲ့သည်။
ကျယ်ပြန့်သော စကြာဝဌာနှင့် အဆုံးမဲ့ ကြယ်ရောင်စုံ ကောင်းကင်ယံ၌၊ ထိုမျှလောက် တူညီနေသည့် တစ်ခြားဂြိုဟ်တစ်လုံးကို မြင်တွေ့ရသည်မှာ အံ့ဩဖွယ်ရာ မဟုတ်ပေ။
ထိုအချိန်တွင် ရှားဟောက်ချန်းမှ ရုတ်တရက် စကားဝင်ပြောလာခဲ့သည် “ တိုက်ကြီးခုနစ်တိုက်နဲ့ သမုဒ္ဒရာငါးစင်းလား? အဲ့တာ လွန်ခဲ့တဲ့ နှစ်၃၀၀ကျော်တုန်းက ကြယ်ပြာဂြိုဟ်နဲ့ တူနေတယ်မလားဗျ? “
ရှန့်ဝမ်ချန်းမှ ခေါင်းငြိမ့်ပြလာခဲ့သည် “ ကမ္ဘာ့ကြယ်ရဲ့ အခုလက်ရှိ မြေမျက်နှာသွင်ပြင် အနေအထားက လွန်ခဲ့တဲ့ နှစ်၃၀၀ကျော်တုန်းက ကြယ်ပြာရဲ့ ပုံစံနဲ့ တော်တော်လေး တူနေတယ်၊ အဲ့တာကြောင့် တစ်ချို့ ပညာရှင်တွေက အဲ့ဒီကမ္ဘာ့ကြယ်က အပြိုင်စကြာဝဌာတစ်ခုကနေ ဆင်းသက်လာတဲ့ ဂြိုဟ်တစ်လုံးလို့ သတ်မှတ်ထားကြတယ် “
“ ဒါပင်မဲ့ အဲ့ဒီအချက်ကို သက်သေပြနိုင်မဲ့ ခိုင်လုံတဲ့ သက်သေအထောက်အထား မရှိသေးဘူး၊ ကမ္ဘာ့ကြယ်နဲ့ ကြယ်ပြာကြားထဲမှာရှိတဲ့ ကွာခြားချက်က တော်တော်လေးကို ကြီးတယ်။ အခုဆိုရင် ကမ္ဘာ့ကြယ်က ကြယ်ပြာဂြိုဟ်ရဲ့ ဆယ်ဆလောက် ဖြစ်နေပြီ “
ရှုကျိုးသည် အနည်းငယ် အံ့ဩတုန်လှုပ်သွားခဲ့သည်။
လွန်ခဲ့တဲ့ နှစ်၃၀၀ကျော်တုန်းက ကြယ်ပြာဂြိုဟ်မှာလည်း တိုက်ကြီးခုနစ်တိုက်နဲ့ သမုဒ္ဒရာငါးစင်း ရှိခဲ့တာလား?
သူသည် ၎င်းကို မသိခဲ့ပေ၊ အတိအကျပြောရမည်ဆိုပါက သာမန်လူများသည် ထိုအကြောင်းကို သတိမပြုမိကြပေ။
ကြယ်ပြာဂြိုဟ်သည် လွန်ခဲ့သော နှစ်ပေါင်း၃၀၀ခန့်က ဗီဇပြောင်းသွားခဲ့ပြီး၊ ယခင်ကထပ် အဆပေါင်းများစွာ ကြီးမားကျယ်ပြန့်လာသည်ဟုသာ သိထားကြသည်။
ထိုကိစ္စမတိုင်ခင် အချိန်က ကြယ်ပြာဂြိုဟ်အကြောင်းကား၊ လူတော်တော်များများက မေ့လျော့သွားခဲ့ပြီဖြစ်သည်။
“ ဌာနမှူး “
ရှုကျိုးမှ ရုတ်တရက် မေးမြန်းလိုက်သည် “ အဲ့တာဆိုရင် ကမ္ဘာ့ကြယ်က ကြယ်ပြာဂြိုဟ်ကို တိုက်ခိုက်ဖို့ ရည်ရွယ်နေတာလားဗျ? “
“ သူတို့က တစ်ခြားစကြာဝဌာကဆိုတော့ ဒီကိုလာမယ်ဆိုရင် သူတို့က ဒီနေရာက နိယာမတွေရဲ့ ထိန်းချုပ်ကန့်သတ်တာကို ခံလိုက်ရမှာ မဟုတ်ဘူးလား? “
“ အမှန်ပဲ “
ရှန့်ဝမ်ချန်းမှ ခေါင်းငြိမ့်ပြလာခဲ့သည် “ ကမ္ဘာ့ကြယ်က အစွမ်းထက် ပုဂ္ဂိုလ်တွေ ရောက်လာခဲ့တဲ့ အချိန်တုန်းက၊ သူတို့က တော်တော်ကြီးကို ဖိနှိပ်ခံခဲ့ရတယ်။ သူတို့ရဲ့လက်နက်တွေကို သုံးလို့မရဘူး၊ သူတို့ရဲ့ သိုင်းပညာရှင်တွေကလည်း ထိန်းချုပ်ကန့်သတ်ခံခဲ့ရတယ် “
“ အဲ့လိုပဲ ဟိုကိုရောက်သွားတဲ့ ငါတို့ရဲ့ သိုင်းပညာရှင်တွေကလည်း ဖိနှိပ်မှုကို ခံခဲ့ရတယ်၊ ဒါပင်မဲ့ ငါတို့ရင်ဆိုင်ရတဲ့ ဖိနှိပ်မှုက သူတို့ရင်ဆိုင်ရတာထပ် ပိုပြီးတော့ ပေါ့ပေါလျော့လျော့ ရှိနေခဲ့တယ် “
ရှန့်ဝမ်ချန်းသည် အသာအယာ သက်ပြင်းချနေတော့သည် “ အဲ့တာကြောင့်ပဲ လူသားတွေက အခုချိန်အထိ တောင့်ခံနိုင်ခဲ့တာပဲ “
“ တိုက်ပွဲက ရှေ့မတိုးသာနောက်မဆုတ်သာ ဖြစ်နေပြီ၊ တကယ်လို့ ဖိနှိပ်မှုသာ မရှိဘူးဆိုရင်၊ တစ်ခြားတစ်ဖက်က ငါတို့ဘက်ကို ကျူးကျော်နေပြီးလောက်ပြီ “
“ ဒါပင်မဲ့ ကမ္ဘာ့ကြယ်က ကိစ္စအကြီးကြီးတစ်ခုကို စီစဥ်နေတယ်လို့ ငါတို့ကြားထားရတယ်၊ သူတို့က အဆုံးသတ် စစ်ပွဲကြီးတစ်ခုကို မကြာခင်မှာပဲ ဆင်နွှဲလာနိုင်တယ် “
ထို့နောက်တွင် ရှန့်ဝမ်ချန်းသည် ယခင်က အကြောင်းအရာကို ပြန်လည်ပြောဆိုလာခဲ့သည် “ အဲ့တာကြောင့်ပဲ လူသားတွေက လမ်းကြောင်းတစ်ခုကို ရွေးကိုရွေးရတော့မယ်လို့ ငါပြောခဲ့တာ “
“ နတ်သိုင်းဌာနဖြစ်ဖြစ်၊ အစစ်အမှန် သိုင်းပညာဌာနဖြစ်ဖြစ်၊ သူတို့နှစ်ခုစလုံးက လူသားမျိုးနွယ်စုအတွက် တည်ရှိနေကြတာပဲ၊ ဒါပင်မဲ့ အခုအချိန်မှာတော့ လူသားမျိုးနွယ်စုက လမ်းကြောင်းတစ်ခုကိုပဲ အရေးပေးပြီးတော့ ကျန်တဲ့လူတွေ အကုန်လုံးကလည်း အဲ့လမ်းကြောင်းပေါ်ကိုပဲ လိုက်တက်ရတော့မယ် “
“ အချိန်က ဘယ်သူ့ကိုမှ စောင့်နေမှာ မဟုတ်ဘူး၊ မင်းတို့အားလုံးကို ငါပြောမယ်၊ စစ်ပွဲက သိပ်မဝေးတော့ဘူး “
“ အရေးကြီးတဲ့ အခြေအနေတွေမှာဆိုရင် တတိယအဆင့် အထက်က လူတွေအားလုံးကို အတင်းအကြပ် စစ်မှုထမ်းခိုင်းရမှာပဲ၊ ဒါပင်မဲ့ အခုလက်ရှိ အခြေအနေတွေအရဆိုရင်တော့ တတိယအဆင့်အောက်က လူတွေကလည်း စစ်ပွဲကို သွားရမဲ့ပုံပဲ “
ထိုစကားလုံးများကို ကြားလိုက်ရသောအခါတွင် လူတိုင်း စိတ်တင်းကြပ်သွားတော့သည်။
ယခုလက်ရှိ အချိန်တွင် အရာအားလုံးက ငြိမ်းချမ်းနေပုံရသည်၊ သို့သော် အဆိုပါနေ့ရက်ကသာ အမှန်တကယ် ကျရောက်လာခဲ့မည်ဆိုပါက ကပ်ဘေးအား မည်သူက ရှောင်ရှားနိုင်ကြမည်နည်း?
ပထမအဆင့်၊ ဒုတိယအဆင့်နှင့် တတိယအဆင့်များပါ စစ်ထဲဝင်ရတော့မည် ဖြစ်သည်။
ယခုလက်ရှိ အချိန်၌ ကြယ်ပြာဂြိုဟ်ကို ကာကွယ်ရန်အတွက် တတိယအဆင့် အထက်မှ လူများကိုသာ ကွမ်ဟန်သို့ စေလွှတ်ကြမည်ဖြစ်သည်။
သို့သော် စစ်ပွဲသာ ကျရောက်လာမည်ဆိုပါက တတိယအဆင့်အောက်မှ လူများကိုပါ စစ်ထဲမလွှတ်ဘူးဟု မည်သူက အာမခံနိုင်လိမ့်မည်နည်း?
ချင်ဖုန်းသည် ရုတ်တရက် စကားဝင်ပြောလာခဲ့သည် “ အဲ့တာဆိုရင် အဲ့ကိစ္စကြောင့် နောက်နှစ်လအကြာမှာ ပြိုင်ပွဲကျင်းပတာလားဗျ? “
” ဟုတ်တယ် “
ရှန့်ဝမ်ချန်းသည် ခေါင်းငြိမ့်ပြကာ လေးလေးနက်နက် ပြောလာခဲ့သည် “ ငါတို့က နောက်နှစ်လအကြာမှာ နိုင်မှဖြစ်မယ်။ တကယ်လို့ ငါတို့က ရှုံးသွားမယ်ဆိုရင်၊ အစစ်အမှန် သိုင်းပညာဌာနက ပျောက်ကွယ်သွားမှာတော့ မဟုတ်ဘူး၊ ဒါပင်မဲ့ ကျင့်ကြံရေး အရင်းအမြစ်တွေ ရဖို့ကတော့ တော်တော်ကြီးကို ခက်ခဲသွားလိမ့်မယ် “
“ ဘာလို့လဲဆိုတော့ အောင်နိုင်သူတွေကပဲ ကျင့်ကြံရေး အရင်းအမြစ်တွေကို ရသွားမှာမို့လို့ပဲ “
တစ်စုံတစ်ဦးမှ စိတ်ရှုပ်ထွေးနေသော အမူအရာဖြင့် မေးမြန်းလာခဲ့သည် “ ကျင့်ကြံရေး အရင်းအမြစ်တွေက မလုံလောက်တော့လို့လားဗျ? “
“ အရင်းအမြစ်တွေက ဘယ်တုန်းကမှ မပေါများခဲ့ဘူးလေ “
“ ကျင့်ကြံရေး အရင်းအမြစ် အများစုက သားရဲမျိုးနွယ်စုတွေနဲ့ သက်ဆိုင်နေတာလေ၊ ဒါပင်မဲ့ သူတို့ရဲ့ အရေအတွက်က အကန့်အသတ်ရှိတယ်၊ သိုင်းပညာရှင် အရေအတွက် မြင့်တက်လာတာနဲ့ ကျင့်ကြံရေး အရင်းအမြစ်က ရှားပါးလာမှာပဲ “
“ ပြီးတော့ အခုဆိုရင် သားရဲမျိုးနွယ်စုတွေကလည်း လာမဲ့စစ်ပွဲကို အနံ့ခံမိနေကြပြီ၊ သူတို့က ဗီဇပြောင်းသားရဲတွေအပေါ်မှာ ရှိနေတဲ့ လူသားတွေရဲ့ သတ်ဖြတ်မှုတွေကို သည်းခံထားခဲ့ရတာ တော်တော်ကြာနေပြီ၊ မဟာမိတ်စာချုပ်ကို အချိန်မရွေး ဖောက်ဖျက်လာနိုင်တယ် “
အကယ်၍ သားရဲမျိုးနွယ်စုများကသာ မဟာမိတ်စာချုပ်ကို ချိုးဖောက်လာခဲ့မည်ဆိုပါက လူသားတို့သည် ဗီဇပြောင်းသားရဲများကို အလိုရှိသလို သတ်နိုင်တော့မည် မဟုတ်သကဲ့သို့ ကျင့်ကြံရေး အရင်းအမြစ်များကိုပါ တောင့်တတိုင်းရရှိနေတော့မည် မဟုတ်ပေ။
အကယ်၍ လူသားနှင့် သားရဲမျိုးနွယ်စုကြားတွင် ပဋိပက္ခများ ဖြစ်ပေါ်လာခဲ့မည်ဆိုပါက …… ၎င်းသည် ကမ္ဘာ့ကြယ်မှ လူများ မြင်တွေ့ချင်နေသည့် အရာဖြစ်သည်။
သို့သော် သားရဲမျိုးနွယ်စု၏ အစွမ်းထက် ပုဂ္ဂိုလ်များကလည်း ၎င်းကို သိနေခဲ့ပြီး၊ ထို့ကြောင့်သာလျှင် မဟာမိတ်စာချုပ်အား ပေါ့ပေါ့တန်တန်ဖြင့် အလွယ်တကူ မချိုးဖောက်လာကြခြင်းဖြစ်သည်။
…………………………………………………………………………………………………………………………………