← Chapters

ကမ္ဘာကြီး၏ အမှန်တရား ၃

Vol. 15 Ch. 225

ကမ္ဘာကြီး၏ အမှန်တရား ၃

Vol. 15 Ch. 225

ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက သူတို့မှ လူသားမျိုးနွယ်စုကို စစ်ကြေညာလာခဲ့သည်မှာ အချိန်အတော်ကြာနေခဲ့ပြီ ဖြစ်သည်။

သားရဲမျိုးနွယ်စုအတွက်ကား ကမ္ဘာ့ကြယ်မှ လူများသည် သူတို့၏ မူလကနဦးရန်သူများပင် ဖြစ်သည်။

လူသားတို့သည် သာမန် ဗီဇပြောင်းသားရဲများကိုသာ သတ်ဖြတ်ခဲ့သည်၊ သို့သော် အကယ်၍ ကမ္ဘာကြယ်မှ လူများက ကျူးကျော်လာခဲ့မည်ဆိုပါက သူတို့သည် သာမန်သားရဲများကိုတင် မဟုတ်ဘဲ၊ နတ်သားရဲများကိုပါ မျက်စိကျသွားကြမည်ဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာခန့်က ကမ္ဘာ့ကြယ်မှ လူများ ဤမြေပေါ်သို့ ပထမဦးဆုံး ခြေချခဲ့သည့် အချိန်တွင် သူတို့သည် အလယ်အလတ်နှင့် အဆင့်မြင့် နတ်သားရဲများကို ဒါဇင်နှင့်ချီ၍ သတ်ဖြတ်ခဲ့လေသည်။

အဆိုပါလုပ်ရပ်သည် သားရဲမျိုးနွယ်စု၏ ဒေါသကို တောက်လောက်သွားစေခဲ့ပြီး၊ သူတို့အား ကမ္ဘာ့ကြယ်မှ လူများကို နက်နက်ရှိုင်းရှိုင်း မုန်းတီးသွားစေခဲ့သည်။

အဆိုပါဖြစ်ရပ်မှာ သားရဲမျိုးနွယ်စုက လူသားတို့နှင့် မဟာမိတ်ဖွဲ့ရန် သဘောတူလိုက်ရသည့် အဓိက အကြောင်းအရင်းများစွာထဲမှ တစ်ခုဖြစ်သည်။

…

ရှန့်ဝမ်ချန်းသည် ထိုကိစ္စကို ဆက်မပြောလာတော့ပေ။

သူသည် လူတိုင်းကို ကြည့်ကာ ရုတ်တရက် ပြုံးသွားခဲ့သည် “ ဒါတွေက အားလုံးက မင်းတို့နဲ့ တော်တော်ကြီးကို အလှမ်းဝေးနေပါသေးတယ် “

“ ငါတို့ရဲ့ အခုလက်ရှိ ရည်ရွယ်ချက်က နောက်နှစ်လအကြာမှာ ဖြစ်ပေါ်လာမဲ့ တိုက်ပွဲကို အနိုင်တိုက်ဖို့ပဲ “

“ ပြိုင်ပွဲကို အဆင့်သုံးဆင့်ခွဲထားတယ်၊ ပထမအဆင့်တွေရဲ့ ပြိုင်ပွဲ၊ ဒုတိယအဆင့်တွေရဲ့ ပြိုင်ပွဲနဲ့ တတိယအဆင့်တွေရဲ့ ပြိုင်ပွဲပဲ “

“ အဆင့်တစ်ခုချင်းစီတိုင်းမှာ ဌာနနှစ်ခုစလုံးက ပါဝင်ယှဥ်ပြိုင်သူ ၁၀ယောက်စီ ရွေးချယ်ပေးရမယ် “

ရှန့်ဝန်ချန်းမှ ဖြည်းဖြည်းချင်း ပြောပြလာခဲ့သည် “ ငါတို့ကွမ်ဟန် သိုင်းပညာတက္ကသိုလ်ရဲ့ အစစ်အမှန် သိုင်းပညာဌာနက နိုင်ငံ့ခေါင်းဆောင်အဖြစ် သတ်မှတ်ထားလို့ရတယ်၊ အဲ့တာကြောင့် အဆင့်တစ်ခုချင်းစီတိုင်းအတွက် ငါတို့က လူ၅ယောက် ပို့ရမယ် “

“ အခု အဲ့လူစာရင်းကို ငါကြေညာပေးမယ် “

“ ပထမအဆင့် : ရှုကျိုး၊ ကျိုးယွမ်၊ ချန်ဇီယီ ………. “

“ ဒုတိယအဆင့် : ချန်းရှင်၊ ကျောင်းယန်၊ လီပေ့ …… “

“ တတိယအဆင့် : ချင်ဖုန်း၊ ချန်ယု၊ ဟူဖေးယန် …… “

ရှန့်ဝမ်ချန်းမှ အမည်များကို ရွတ်ဖတ်သွားသည်နှင့်အမျှ ကျောင်းသူကျောင်းသားတို့၏ ရင်ခုန်သံများ မြန်ဆန်လာခဲ့သည်။

ဤတစ်ကြိမ်၌ သူတို့သည် အစစ်အမှန် သိုင်းပညာဌာန၏ ကံကြမ္မာနှင့် လူသားမျိုးနွယ်စုတစ်ခုလုံး၏ ကံကြမ္မာကိုပါ သယ်ဆောင်ထားရမည် ဖြစ်သည်။

၎င်း၏ အလေးချိန်မှာ အတော်ပင် စီးလွန်းနေခဲ့သည်။

ရှန့်ဝမ်ချန်းမှ လူစာရင်းကို ကြေညာပြီးသွားသည်နှင့်တစ်ပြိုင်နက် ရွေးချယ်မခံရသူများ၏ မျက်နှာများပေါ်တွင် ဝမ်းနည်းမှု အရိပ်အငွေ့များ ဖြစ်ပေါ်လာခဲ့သည်။

စာရင်းထဲတွင် ပါဝင်နေသည့် လူများကမူ အမူအရာများ လေးနက်သွားကြခဲ့သည်၊ သူတို့သည် ဤပြိုင်ပွဲက သာမန်ပြိုင်ပွဲတစ်ခု မဟုတ်ဘူးဆိုသည်ကို ကောင်းစွာ နားလည်နေကြသည်။

အစစ်အမှန် သိုင်းပညာဌာန၏ အောင်မြင်ခြင်းနှင့် ကျရှုံးခြင်းတို့သည် အဆိုပါ ပြိုင်ပွဲအပေါ်တွင် မူတည်နေလျက်ရှိသည်။

အရွေးချယ်ခံလိုက်ရပြီဖြစ်သောကြောင့် သူတို့သည် အဆိုပါ တာဝန်ကြီးကို ထမ်းရွက်ရတော့မည် ဖြစ်သည်။

ဤပြိုင်ပွဲအား သူတို့ နိုင်ကိုနိုင်ရမည် ဖြစ်သည် !!

…

ပထမအဆင့်နယ်ပယ် လူစာရင်းတွင် ရှုကျိုးပါဝင်နေသောကြောင့် လူတော်တော်များများ အံ့ဩမှင်သက်သွားကြသည်၊ သူသည် ထိပ်ဆုံးနေရာမှာပင် ရှိနေခဲ့သည်။

သူမှလွဲ၍ ကျန်လူလေးဦးသည် ဒုတိယနှစ် စီနီယာ ကျောင်းသူကျောင်းသားများ ဖြစ်သည်။

ဌာနမှူး၏ လူစီစဥ်ခြင်း ပုံစံကား ခွန်အားအပေါ်တွင် အခြေခံထားခြင်းဖြစ်သည်။

၎င်းမှာ ရှုကျိုးက ပထမအဆင့် နယ်ပယ်အဖွဲ့၏ အဖွဲ့ခေါင်းဆောင် ဖြစ်နေလိမ့်မည်ဟု ဆိုလို‌နေခြင်းပင် ဖြစ်သည်။

မည်သူကမှ ၎င်းကို မေးခွန်းမထုတ်လာကြပေ၊ ရှုကျိုးသည် ထိုနေရာနှင့် ထိုက်တန်သည့် စွမ်းအားကို ထုတ်ဖော်ပြသခဲ့ပြီးပြီဖြစ်သည်။

ထိုင်ခုံပေါ်၌

ရှုကျိုးသည် ချင်ဖုန်းကိုကြည့်ကာ မအောင့်ထားနိုင်တော့ဘဲ ရုတ်တရက် မေးမြန်းလိုက်သည် “ စီနီယာအစ်ကို၊ မင်းက ဒုတိယအဆင့်မှာပဲ ဘာလို့ဆက်မနေရတာလဲ? အဲ့လိုဆိုရင် မင်းက လွယ်လွယ်ကူကူ နိုင်သွားမှာလေ “

သူသည် ချင်ဖုန်း၏ စွမ်းအားကို များစွာယုံကြည်လှပေသည်။

ဒုတိယအဆင့်ဖြင့် တတိယအဆင့် ပညာရှင်များကို စိန်ခေါ်ခြင်း !!

ထိုကဲ့သို့သော စွမ်းအားမျိုးသည် ဒုတိယအဆင့်နယ်ပယ်မှ မည်သူ့ကိုမဆို ရိုက်ထုတ်ရန် လုံလောက်နေပေသည်။

သို့သော် ချင်ဖုန်းသည် ဤမျှအရေးကြီးသော အခိုက်အတန့်မျိုးတွင် အဆင့်တက်ရန်အတွက် ရွေးချယ်ခဲ့လေသည်။

ချင်ဖုန်းသည် ခေါင်းခါ၍ ပြောလာခဲ့သည် “ ဒုတိယအဆင့်မှာက စီနီယာအစ်မချန်းရှိတယ်လေ၊ အဲ့တာကြောင့် ငါရှိရှိ၊ မရှိရှိ အများကြီး တွေးပူနေဖို့ မလိုဘူး။ ဒါပင်မဲ့ တတိယအဆင့်မှာကတော့ လူတော်တော်လေး နည်းနေတယ်၊ အဲ့တာကြောင့် ငါက နေရာဝင်ဖြည့်ပေးရမှာပဲ “

ရှုကျိုး ဆွံ့အသွားတော့သည်။

တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် အသာအယာ သက်ပြင်းချနေတော့သည်၊ အဘယ့်ကြောင့်ဆိုသော် အစစ်အမှန် သိုင်းပညာဌာန၏ အခြေအနေမှာ အတော်လေး ဆိုးရွားနေခဲ့ပြီး၊ တတိယအဆင့်နယ်ပယ်မှ နေရာများအတွက်ပင် လူအလုံအလောက် မရှိဘူးဆိုသည်ကို သူနားလည်နေသောကြောင့် ဖြစ်သည်။

ထို့ကြောင့်ပင် နောက်နှစ်လအကြာတွင် ဖြစ်ပေါ်လာမည့် ပြိုင်ပွဲမှာ ပို၍ပင် အရေးကြီးလာခဲ့ပြီဖြစ်သည်။

ထိုပြိုင်ပွဲတွင် အနိုင်ရမှသာလျှင် အစစ်အမှန် သိုင်းပညာဌာနသည် ၎င်း၏ ယခုလက်ရှိ ကပ်ဘေးမှ လွတ်မြောက်ကာ ပြာပုံထဲမှ တိုးထွက်လာနိုင်မည် ဖြစ်သည်။

…

ရှန့်ဝမ်ချန်းမှ လူစာရင်းကို ကြေညာပေးခဲ့ပြီးသည့်နောက်တွင် အစည်းအဝေးမှာလည်း အဆုံးသတ်လုနီးပါးဖြစ်လာခဲ့ပြီ ဖြစ်သည်။

သို့သော် မည်သူကမှ အလောတကြီး မထွက်ခွာသွားကြဘဲ၊ သူတို့၏ နေရာများတွင်သာ စိတ်အားထက်သန်စွာဖြင့် ဆွေးနွေးပြောဆိုနေကြသည်။

ရှားဟောက်ချန်းမှ လေသံတိုးတိုးလေးဖြင့် ပြောလာခဲ့သည် “ ဒီကမ္ဘာကြီးက ဒီလောက်တောင် ရှုပ်ထွေးနေလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး ……. လ၊ ကွမ်ဟန်၊ ကမ္ဘာ့ကြယ် …. “

သူသည် သက်ပြင်းချကာ ဆက်ပြောလာခဲ့သည် “ ရှီယောက်၊ ငါတို့ရဲ့ အဖေက ဘာလို့ လျှို့ဝှက် မစ်ရှင်တွေ အမြဲလုပ်‌နေရလဲဆိုတာကို ငါနားလည်သွားပြီ။ ကြည့်ရတာတော့ ရန်သူတွေကို တိုက်ခိုက်ဖို့အတွက် သူက ကွမ်ဟန်ကို အမြဲသွားနေခဲ့တဲ့ပုံပဲ “

ရှားရှီယောက်၏ မျက်နှာလေးပေါ်တွင်လည်း လေးနက်မှုများဖြင့် ပြည့်နှက်သွားခဲ့သည် “ အဖေပဲ မဟုတ်ဘူး၊ ပုံမှန်ဆိုရင် နေရာတိုင်းမှာ တွေ့နေခဲ့ရတဲ့ အကြီးအကဲတွေရောပဲ။ ငါက အကြံဉာဏ်တောင်းချင်တာမျိုး ရှိတဲ့အချိန်ကျရင် သူတို့ကို လုံးဝရှာမတွေ့တော့ဘူး။ သူတို့က ကွမ်ဟန်မှာ တပ်စွဲနေတာပဲ ဖြစ်ရမယ် “

အနီးအနားရှိ ကျန်းလန်မှာလည်း သူမ၏ အကြီးအကဲများက ထိုကဲ့သို့သော အခြေအနေမျိုးအောက်တွင် ရောက်ရှိနေသည်ဟု ခံစားသွားရကာ အနည်းငယ် မိန်းမောသွားခဲ့သည်။

“ အမြဲလိုလို တွေ့ခဲ့ရတဲ့ ကျန်းမိသားစုက ပညာရှင်တွေ ရုတ်တရက်ကြီး ပျောက်သွားရတာက အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ၊ သူတို့အားလုံးက ကွမ်ဟန်ကို ရောက်သွားကြတာလား? “

ထိုအချိန်၌ ကျန်းလန်သည် ကွမ်ဟန်နယ်မြေရှိ စစ်ပွဲက သူမ မျှော်မှန်းထားသလောက် အခြေအနေမကောင်းဘူးဆိုသည်ကို နားလည်သွားခဲ့သည်။

အတွင်းမြို့တော်၏ အမြင့်ပိုင်း အရာရှိအများစုသည် ကွမ်ဟန်တွင် တပ်စွဲနေကြပြီဖြစ်သည်။

မိသားစုကြီးများ၏ လက်တစ်ဆုပ်စာမျှသော အစွမ်းထက် ပုဂ္ဂိုလ်တစ်ချို့ကသာလျှင် ကြယ်ပြာဂြိုဟ်ပေါ်တွင် ကျန်ရှိနေခဲ့သည်။

ထိုလူများသည် သူတို့၏ သက်ဆိုင်ရာ မိသားစုများကိုသာ ကာကွယ်စောင့်ရှောက်ရန်မဟုတ်ဘဲ၊ တားမြစ်နယ်မြေများအတွင်းမှ ဆူပူအုံကြွမှုများကိုပါ တားဆီးရန် တာဝန်ရှိလေသည်။

အနီးအနားရှိ ရှုကျိုးကမူ များများစားစား သိပ်တွေးမနေခဲ့ပေ။

သူသည် ပြိုင်ပွဲအကြောင်းကိုသာ အာရုံစိုက်နေခဲ့သည်။

ထိုအချိန်တွင် သူသည် စုန့်ယွင်ဟဲ့က သူ၏အဆင့်အတန်းကိုပင် မငဲ့ကွက်ဘဲ ထိုကဲ့သို့သော အမိန့်မျိုးကို မည်သည့်အတွက်ကြောင့် လူသိရှင်ကြား ထုတ်ပြန်ကြေညာလာခဲ့ရလဲဆိုသည်ကို အပြည့်အဝ နားလည်သွားခဲ့သည်။

All Chapters