← Chapters

မြစ်ချောင်းအသွယ်သွယ် ပေါင်းဆုံရာ ပင်လယ်ကြီး၊ ကောင်းကင်ပါရမီရှင်များ စုဝေးခြင်း

Vol. 7 Ch. 89

မြစ်ချောင်းအသွယ်သွယ် ပေါင်းဆုံရာ ပင်လယ်ကြီး၊ ကောင်းကင်ပါရမီရှင်များ စုဝေးခြင်း

Vol. 7 Ch. 89

တစ်ခွန်းပြီးတစ်ခွန်း ထွက်ပေါ်လာသော အံ့အားသင့်သံများသည် ကောင်းကင်ပါရမီရှင်တစ်ဦးပြီးတစ်ဦး၏ ရောက်ရှိလာခြင်းကို ကိုယ်စားပြုသည်။

ဤကောင်းကင်ပါရမီရှင်များမှာ မာနကြီးကြပြီး ကြိုတင်ရောက်ရှိလာရန် မလိုလားကြဘဲ ယခုအခါ၌ မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ ချီးကျူးဂုဏ်ပြုမှုကို ခံစားရန်အတွက်သာ ဖြစ်သည်။

သံသယဖြစ်ဖွယ်မရှိဘဲ သူတို့၏ ပေါ်ထွက်လာမှုမှာ အမှန်ပင် ကြီးမားသော လှုပ်ရှားမှုကို ဖြစ်ပေါ်စေခဲ့သည်။

အကြောင်းမှာ သူတို့အားလုံးမှာ အလယ်ပိုင်းဒေသ၏ အထွတ်အထိပ် ကောင်းကင်ပါရမီရှင်များဖြစ်ကြပြီး တာအိုရွှမ်ကမ္ဘာ၏ ကြယ်ပွင့်သစ်များဖြစ်ကာ အရှေ့ပိုင်းစွန့်ပစ်နယ်မြေ၊ မြောက်ပိုင်းနယ်မြေတို့မှ သက်တူရွယ်တူများထက် များစွာ သာလွန်ကြသောကြောင့် ဖြစ်သည်။

ထိုအချိန်၌ ကောင်းကင်စွန်းတွင် ရုတ်တရက် ကြီးမားသော မိစ္ဆာချီတစ်ခုသည် ကောင်းကင်သို့ ထိုးတက်လာ၏။

ကိုယ်ခန္ဓာတစ်ခုလုံးကို မိစ္ဆာချီဖြင့် လွှမ်းခြုံထားသော အရိပ်တစ်ခုမှာ လေဟာနယ်မှ ဖြည်းညင်းစွာ ဆင်းသက်လာသည်ကို တွေ့လိုက်ရသည်။

ဤသည်မှာ အရပ်ရှည်ပြီး မားမတ်သော လူငယ်တစ်ဦး ဖြစ်သည်။

သူ၏ ကျင့်ကြံမှုအဆင့်မှာ သမုဒ္ဒရာကဲ့သို့ နက်ရှိုင်းပြီး ကောင်းကင်ပါရမီရှင်များ ကြည့်၍ပင် မမြင်နိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသည့် သာမန်ကောင်းကင်ပါရမီရှင်များ မမီနိုင်သော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

“ဒါ ဘယ်သူလဲ... ကြောက်စရာကောင်းတဲ့ အရှိန်အဝါပဲ... ''တစ်စုံတစ်ယောက်က အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။

“မသိဘူး... ဒီလူက အရင်က အလယ်ပိုင်းဒေသမှာ တစ်ခါမှ မပေါ်ဖူးဘူး... ဒါပေမဲ့ သူ့ရဲ့ အရှိန်အဝါက တကယ်ကို ကြောက်စရာကောင်းတယ်... ဒါက စိတ်ကူးမယဉ်နိုင်တဲ့ ကောင်းကင်ပါရမီရှင်တစ်ယောက်ပဲ…’’

“ဒီလို ကြောက်စရာကောင်းတဲ့ မိစ္ဆာချီ... မဟုတ်မှလွဲရော မိစ္ဆာနတ်ဘုရားနန်းတော်ရဲ့ ပုန်းကွယ်နေတဲ့ ကောင်းကင်ပါရမီရှင်လား…’’

“‘မိစ္ဆာနတ်ဘုရားနန်းတော်... အလွန် လျှို့ဝှက်ဆန်းကြယ်ပြီး သွေးဆာတဲ့ မိစ္ဆာနတ်ဘုရားနန်းတော်လား…’’

တစ်မုဟုတ်ချင်းမှာပင် လူတိုင်းသည် ရုတ်တရက် ပေါ်ထွက်လာသော ထိုအရိပ်အပေါ် ကြောက်ရွံ့စိတ်များ ဖြစ်ပေါ်လာကြသည်။

မိစ္ဆာနတ်ဘုရားနန်းတော်... ၎င်းမှာ မိစ္ဆာများ မွေးထုတ်ရာနေရာပင် ဖြစ်သည်။

ထိုနေရာမှ ကျင့်ကြံသူများမှာ စရိုက်ကြမ်းတမ်းပြီး သွေးဆာကြသူများ ဖြစ်ကြသည်။

တိုက်ပွဲစတင်သည်နှင့် တစ်ဖက်လူကို သေအောင် သတ်ရမည့် အမျိုးအစားများ ဖြစ်ကြသည်။

ထို့ကြောင့် တစ်ဖက်လူမှာ မိစ္ဆာနတ်ဘုရားနန်းတော်၏ ဆက်ခံသူဖြစ်နိုင်ကြောင်း သိရှိသွားသောအခါ လူတိုင်းမှာ ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ကြပြီး ထိုသူအတွက် နေရာလွတ် ဖန်တီးပေးကာ သူ၏ မျက်စိကျခံရမည်ကို ကြောက်ရွံ့ကြသည်။

ထိုအချိန်၌ပင် အခြားတစ်ဖက်မှ လေဟာနယ်တွင် အခြားအရိပ်တစ်ခု ပေါ်ထွက်လာပြန်သည်။

ထိုအရိပ်မှာ ခုနက မိစ္ဆာချီဖြင့် လွှမ်းခြုံထားသော လူငယ်နှင့် လုံးဝ ကွဲပြားသည်။

သူ ပေါ်ထွက်လာသည့်အခိုက်တွင် ထိုလေဟာနယ်မှာ နတ်အလင်းတန်းများဖြင့် ပြည့်နှက်သွားပြီး အလွန်တရာ တောက်ပနေသည်။

တောက်ပသော နတ်အလင်းတန်းမှာ ထိုလူငယ်၏ ခန္ဓာကိုယ်ကို လွှမ်းခြုံထားပြီး သူ၏ ကိုယ်ပေါ်တွင် ထူးဆန်းသော အငွေ့အသက်ကို ထပ်လောင်းပေးနေသည်။

“အဲဒီအရိပ်... အရှိန်အဝါကလည်း အရမ်းအားကောင်းတာပဲ... သူက ဘယ်သူလဲ…’’

လူအုပ်ထဲမှ ထပ်မံ၍ အံ့အားသင့်သံများ ထွက်ပေါ်လာသည်။

“မှားမယွင်းဘူးဆိုရင်တော့ သူက အမတနန်းတော်ရဲ့ ဆက်ခံသူ ဖြစ်လောက်တယ်..’’. တစ်စုံတစ်ယောက်က အသံတိုး၍ ဆိုလိုက်သည်။

“ဘာ... အမတနန်းတော်... မသေမျိုး အမတတွေကို မွေးထုတ်ပေးနိုင်တဲ့ နေရာလို့ နာမည်ကြီးတဲ့ နေရာလား... အမွေအနှစ်က ရှည်လျားပြီး အလွန် လျှို့ဝှက်ဆန်းကြယ်တယ်... မျိုးဆက်တိုင်းရဲ့ ဆက်ခံသူက တစ်ယောက်တည်းပဲ ရှိတယ်…’’

“အဲဒီ တစ်ယောက်တည်းသော ဆက်ခံသူကလည်း လောကထဲထွက်လာရင် သက်တူရွယ်တူတွေကို ချေမှုန်းတဲ့အဆင့်နဲ့ ချုပ်နှောင်နိုင်တယ်…’’

ဤသူမှာ အမတနန်းတော်၏ ဆက်ခံသူဖြစ်နိုင်ခြေ အလွန်များကြောင်း ကြားသောအခါ လူတိုင်းမှာ ပါးစပ်အဟောင်းသားဖြစ်သွားကြပြီး အလွန်တရာ တုန်လှုပ်ခြောက်ခြားသွားကြသည်။

ဤသူ၏ ရောက်ရှိလာမှုကလည်း လူတိုင်းကို အောက်မေ့စေသည်။ ပါရမီရှင်တိုက်ပွဲကြီး ဆိုတဲ့အတိုင်း... ဤသို့ အံ့မခန်းသော နောက်ခံရှိသည့် ကောင်းကင်ပါရမီရှင်များ ပေါ်ထွက်လာကြသည် ။

“ခဏနေဦး... အဲဒါက... အလယ်ပိုင်းဒေသ ကောင်းကင်ပါရမီရှင်စာရင်းရဲ့ ပထမ လင်းထျန်း မဟုတ်လား…’’

လေဟာနယ်ထဲတွင် အရိပ်တစ်ခု ထပ်မံပေါ်ထွက်လာသည်ကို တွေ့လိုက်ရသည်။

ထိုပုံရိပ်သည် အလွန်တရာ ထူထပ်သော သူရဲကောင်းဆန်သည့်အငွေ့အသက်များဖြင့် ပြည့်နှက်နေပြီး ကိုယ်ဟန်မှာ မားမတ်ကာ ဓားအိမ်ထဲမှ ထွက်ခါနီးဖြစ်သော နတ်ဘုရားဓားတစ်လက်နှင့်ပင် တူနေကာ ကောင်းကင်ကို ခွဲခြမ်းပစ်တော့မည့်အလား ရှိနေ၏။

ဤသူ၏ ရောက်ရှိလာမှုကြောင့် မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ စိတ်ထဲတွင် ရုတ်တရက် လှိုင်းလုံးကြီးများ ဖြစ်ပေါ်လာပြီး စိတ်ခံစားမှုများမှာ ချက်ချင်းပင် တောက်လောင်လာကာ ပတ်ဝန်းကျင်တစ်ခုလုံးမှာ အော်ဟစ်သံများဖြင့် ပြည့်နှက်သွားသည်။

လင်းထျန်း... အလယ်ပိုင်းဒေသ ကောင်းကင်ပါရမီရှင်စာရင်း၏ ပထမ... ယွီဟွာမြင့်မြတ်ခန္ဓာကို ပိုင်ဆိုင်ပြီး ယွီဟွာမင်းဆက်၏ ဘိုးဘေးကြီးထံမှ အမွေအနှစ်ကို ရရှိထားသဖြင့် သိုင်းပညာမှာ ကြောက်မက်ဖွယ်ကောင်းလှသည်။

“လင်းထျန်းတောင် လာပြီ... သူက အလယ်ပိုင်းဒေသ ကောင်းကင်ပါရမီရှင်စာရင်းရဲ့ ပထမပဲ... အများက အသိအမှတ်ပြုထားတဲ့ ပထမကောင်းကင်ပါရမီရှင်... ဒီပါရမီရှင်တိုက်ပွဲကြီးမှာ သူ ဘယ်လို စွမ်းဆောင်ရည်မျိုး ပြမလဲဆိုတာ မသိဘူး…’’

တစ်စုံတစ်ယောက်က တိုးတိုးလေး ရေရွတ်လိုက်သည်။

#အလယ်ပိုင်းဒေသ ကောင်းကင်ပါရမီရှင်စာရင်း ပထမ... ဟားဟား... ရယ်စရာပဲ... ငါ မိစ္ဆာသားတော်တောင် ထွက်ပေါ်လာပြီ... သူ့အတွက် ဘယ်မှာ နေရာရှိတော့မှာလဲ..’’.

ထိုဘက်တွင် ကိုယ်ခန္ဓာတစ်ခုလုံးကို မိစ္ဆာချီဖြင့် လွှမ်းခြုံထားသော လူငယ်က မာနကြီးစွာ ဆိုလိုက်သည်။

သူ၏ အသံမှာ ကျယ်လွန်းခြင်းမရှိ၊ နိမ့်လွန်းခြင်းမရှိဘဲ လူတိုင်း ကြားနိုင်လောက်အောင် ရှိနေ၏။

ချက်ချင်းပင် လူတိုင်းမှာ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ကြပြီး သူတို့၏ မျက်ဝန်းများတွင် တုန်လှုပ်သောအမူအရာများ ပေါ်လာသည်။

မာနကြီးလှသော လူငယ်။

အင်း။

ဤသို့သော အသံကို ကြားသောအခါ လင်းထျန်းမှာ အနည်းငယ် အံ့အားသင့်သွားပြီး ကောင်းကင်နှင့်မြေကြီး၏ အမြင့်အနိမ့်ကို မသိသော သာမန်ကောင်းကင်ပါရမီရှင်တစ်ဦးဟု ထင်မှတ်လိုက်သည်။

သို့သော် သူသည် ထိုအသံ၏ ရင်းမြစ်ဆီသို့ ကြည့်လိုက်သောအခါတွင်မူ အနည်းငယ် တုန်လှုပ်သွားသည်။

ကြောက်စရာကောင်းတဲ့ အရှိန်အဝါ...

ဤသည်မှာ လင်းထျန်း မိစ္ဆာနတ်ဘုရားသားတော်ကို မြင်သည့် ပထမဆုံး အတွေးဖြစ်သည်။

“မိတ်ဆွေ...မင်းရဲ ခွန်အားက မဆိုးဘူး... ဒါပေမဲ့... နည်းနည်း မာနကြီးလွန်းနေတယ်ထင်ဘူးလား…’’

လင်းထျန်းက တည်ငြိမ်စွာ ဆိုလိုက်သည်။

သူကိုယ်တိုင်မှာ အလယ်ပိုင်းဒေသ ကောင်းကင်ပါရမီရှင်စာရင်း၏ ပထမ ဖြစ်သည်။

ဤနာမည်ကို ကြားလျှင် မည်သူက သူ့ကို မျက်နှာသာ မပေးဘဲ နေမည်နည်း။

သို့သော် ဤသကောင့်သား... သူ အရင်က တစ်ခါမျှ မမြင်ဖူးပေ... သူ၏ အရှိန်အဝါမှာ မဆိုးသော်လည်း သူ့ကို ဤသို့ စိန်ခေါ်ဝံ့လေသလော။

ဒီကောင်... သေချင်နေတာ မဟုတ်လား။

ဤသို့သောအခြေအနေကို လင်းထျန်း မည်သို့ သည်းခံနိုင်မည်နည်း။

“အလယ်ပိုင်းဒေသ ကောင်းကင်ပါရမီရှင်စာရင်း ပထမနေရာက မင်းနဲ့ မထိုက်တန်ဘူး... ငါ လက်တစ်ဖက်နဲ့တင် မင်းကို ဖိနှိပ်နိုင်တယ်…’’

မိစ္ဆာနတ်ဘုရားသားတော်က အေးစက်စွာ ဆို၏။

အင်း။

ပတ်ဝန်းကျင်မှာ ရုတ်တရက် တိတ်ဆိတ်သွားသည်။

မိစ္ဆာနတ်ဘုရားသားတော်၏ စကားများကြောင့် ရှိနေသော ကောင်းကင်ပါရမီရှင်အားလုံးမှာ ကြောင်အသွားကြပြီး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

လင်းထျန်း... ၎င်းမှာ အလယ်ပိုင်းဒေသ ကောင်းကင်ပါရမီရှင်စာရင်း၏ ပထမ ပြိုင်ဘက်ကင်း ကောင်းကင်ပါရမီရှင် ဖြစ်သည်။

သို့သော် ထိုလူငယ်မှာမူ နာမည်မရှိသူတစ်ဦး ဖြစ်သည်။

သို့သော် သူသည် ဤသို့ မာနကြီးဝံ့ပြီး သူ လက်တစ်ဖက်ဖြင့်ပင် လင်းထျန်းကို ချုပ်နှောင်နိုင်သည်ဟု ဆိုလေသလော။

“သူ... ဘယ်လိုလုပ် စိန်ခေါ်ရဲတာလဲ'’

“တိုက်ခိုက်ချင်တာလား..’’.

လင်းထျန်း၏ မျက်နှာမှာ လုံးဝ မည်းမှောင်သွားပြီး တစ်ဖက်လူကို စိုက်ကြည့်ကာ အေးစက်စွာ ဆိုလိုက်သည်။

“တိုက်ခိုက်မယ်…’’

မိစ္ဆာနတ်ဘုရားသားတော် တစ်ချက် အေးစက်စွာ အော်ဟစ်လိုက်ပြီး အရှိန်အဝါမှာ လျင်မြန်စွာ ထွက်ပေါ်လာကာ လေဟာနယ်ကို လွှမ်းခြုံသွားသည်။

လူအုပ်ကြီးမှာ ကြောင်အသွားကြပြီး တိုက်ပွဲနေရာ ဖန်တီးပေးရန်အတွက် အလျင်အမြန် နောက်ဆုတ်လိုက်ကြသည်။

“ဒီနေရာက နတ်ဘုရားကျောင်းတော်ပဲ.. မင်းတို့နှစ်ယောက်လုံး ရမ်းကားရမယ့် နေရာမဟုတ်ဘူး…’’

ထိုအချိန်၌ ခွန်အားအပြည့်နှင့် အသံတစ်ခုမှာ ရုတ်တရက် ထွက်ပေါ်လာပြီး နှစ်ဦးသားကို ဖြတ်တောက်လိုက်သည်။

လာသူမှာ နတ်ဘုရားကျောင်းတော်၏ ကျောင်းအုပ်ကြီး ချီဖုန်းပင် ဖြစ်သည်။

ကျောင်းအုပ်ကြီးချီ စကားပြောလာမှတော့ ထားလိုက်ပါတော့...

လင်းထျန်းမှာ မျက်နှာတွင် ရိုသေသော အမူအရာဖြင့် ချီဖုန်းကို အရိုအသေပေးလိုက်သည်။

ခုနက သူ အမှန်ပင် ဒေါသထွက်သွားသည်၊ သူ၏ ဂုဏ်သိက္ခာကို ဤသို့ တိုက်ရိုက် စိန်ခေါ်ဝံ့သူ တစ်ခါမျှ မရှိခဲ့ချေ။

“ဟားဟား... မင်း ကံကောင်းသွားတယ်... ''မိစ္ဆာနတ်ဘုရားသားတော်က အေးစက်စွာ ဆို၏။

လင်းထျန်းမှာ တစ်ဖက်လူ၏ စကားကို ထပ်မံ အာရုံမစိုက်တော့ဘဲ လျစ်လျူရှုရန် ရွေးချယ်လိုက်သည်။

“ဟားဟား... မိုက်မဲတဲ့ကောင် နှစ်ယောက်ပဲ... ဦးနှောက်နည်းနည်းလေးတောင် မရှိဘူး... ပါရမီရှင်တိုက်ပွဲကြီး မစခင်မှာပဲ ကိုယ့်ခွန်အားကို ထုတ်ဖော်နေကြတယ်…’’

အမတနန်းတော်၏ ဆက်ခံသူမှာ ထောင့်တစ်နေရာတွင် ရပ်နေပြီး သူ၏ နှုတ်ခမ်းထောင့်များ ကွေးတက်သွားသည်။သူ၏ လေသံတွင် နှစ်ဦးသားအပေါ် မထီမဲ့မြင်ပြုသည့် အငွေ့အသက်များ ပါဝင်နေသည်။

ရှိနေသော ကောင်းကင်ပါရမီရှင်များကို တစ်ချက် ဝေ့ကြည့်ပြီးနောက် ချီဖုန်း၏ မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာသည်။

ကြည့်ရသည်မှာ ဤဘဝတွင် ကောင်းကင်ပါရမီရှင်များမှာ တိမ်တိုက်များကဲ့သို့ပင်...

ကောင်းကင်ပါရမီရှင်အချို့မှာ ကျဆင်းနေသော ခေတ်တစ်ခုတွင် အသန်မာဆုံးဟု ဆိုနိုင်လောက်အောင်ပင်။

ရွှေခေတ်ကြီး ပီသပါပေသည်။

All Chapters