လမ့်ရိုလီကို ရှာဖွေခြင်း၊ အလယ်ပိုင်းဒေသသို့ ထွက်ခွာခြင်း (၂)
Vol. 7 Ch. 86
“အင်း။'’
လမ့်ရိုလီသည် သူ၏ ဖိတ်ခေါ်မှုကို ဤမျှ လွယ်ကူစွာ သဘောတူခဲ့လေသလော။
စုရွှမ်မှာ အနည်းငယ် အံ့အားသင့်သွားသည်။
ဒါက လမ့်ရိုလီနဲ့ မတူပါလား။
မဟုတ်မှလွဲရော...
စုရွှမ်သည် လမ့်ရိုလီကို အထက်အောက် စူးစမ်းကြည့်လိုက်ရာ သူမ၏ ကိုယ်ပေါ်မှ အငွေ့အသက်မှာ ပို၍ လွင့်မျောလာပြီး ကောင်းကင်မှ ကျလာသော နတ်သမီးတစ်ပါးကဲ့သို့ပင် ထူးကဲသာလွန်နေသည်ကို တွေ့ရှိလိုက်ရသည်။
သို့သော် သူမ၏ မျက်နှာအမူအရာမှာမူ ယခင်ကကဲ့သို့ပင် အေးစက်နေပြီး နှင်းခဲတစ်လွှာ ဖုံးအုပ်ထားသကဲ့သို့ ရှိနေ၏။
လမ့်ရိုလီကို စိုက်ကြည့်ရင်း အတွေးတစ်ခုသည် စုရွှမ်၏ ဦးနှောက်ထဲတွင် ပေါ်ပေါက်လာသည်။
လမ့်ရိုလီ... သူ့ကို ဖိနှိပ်ချင်နေတုန်းပဲ မဟုတ်လား။
ဒီလိုဆိုရင်တော့...
စုရွှမ်မှာ မထိန်းနိုင်ဘဲ သူ၏ နှုတ်ခမ်းများသည် အနည်းငယ် ကွေးညွှတ်သွားသည်။
သူသည် ယခု ဘုရင်နယ်ပယ် အဆင့်(၃)သို့ ရောက်ရှိထားပြီး ဖြစ်သည်။ ထို့အပြင် အမျိုးမျိုးသော သိုင်းပညာများ၊ ရတနာကျမ်းများ၏ အကူအညီများ ရှိနေပြီး မျက်လုံးနှစ်သွယ်ကိုလည်း ပိုင်ဆိုင်ထားသည်။
သူ့ကို ချုပ်နှောင်ချင်သတဲ့လား။
“ရိုလီ... မင်း နောက်တစ်ခါ စိတ်ပျက်ရဦးမယ် ထင်တယ်'’
'ငါ့ကို ချုပ်နှောင်လို့ မနိုင်ရင် တစ်ဘဝလုံး ငါ့မိန်းမအဖြစ် နေလိုက်တော့... 'စုရွှမ်က တိတ်တဆိတ် တွေးလိုက်သည်။
“နန်းတော်သခင်... ဒါဆို ကျွန်တော် ရိုလီကို ခေါ်သွားလိုက်တော့မယ်…’’
စုရွှမ်သည် နန်းတော်သခင် လင်းဝမ်ကို ကြည့်၍ ဦးညွှတ်လိုက်သည်။
“ကောင်းပြီ... မင်းတို့နှစ်ယောက် အပြင်မှာ သတိထားကြ... စုရွှမ်... မင်း ရိုလီကို ကောင်းကောင်း ကာကွယ်ပေးရမယ်…’’
လင်းဝမ်သည် စုရွှမ်ကို မှာကြားလိုက်ပြီး သူမ၏ ပါးပြင်ထက်တွင် ကြင်နာသော အပြုံးတစ်ခု ပေါ်ထွက်လာသည်။
စုရွှမ်လည်း အတူရှိနေသဖြင့် လင်းဝမ်၏ စိတ်မှာ များစွာ ပေါ့ပါးသွားသည်။
သို့သော် နန်းတော်သခင်၏ ထိုစကားကို ကြားသောအခါ ဘေးမှ လမ့်ရိုလီသည် မျက်မှောင်ကြုတ်သွားသည်။
စုရွှမ်က သူ့ကို ကာကွယ်ပေးရမှာတဲ့လား။
ငါ့ကိုယ်ငါ ကာကွယ်နိုင်တယ် မဟုတ်လား။
နောက်ပြီးတော့ ငါက သူ့ကို ကာကွယ်ပေးရဦးမယ်ဆိုရင်လည်း တော်သေးတယ်...
“ရိုလီ... ငါတို့ သွားကြစို့…’’ စုရွှမ်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
“ကောင်းပြီ... ''လမ့်ရိုလီက ခေါင်းညိတ်လိုက်သည်။
လင်းဝမ်သည် ပါရမီရှင်တိုက်ပွဲကြီးတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် တံဆိပ်ပြားကို လမ့်ရိုလီထံသို့ ပေးအပ်ပြီးနောက်၊စုရွှမ်သည် လမ့်ရိုလီကို ခေါ်ဆောင်၍ ခန်းမကြီးထဲမှ ထွက်ခွာလာခဲ့သည်။
ထွက်ခွာသွားသော နောက်ကျောပြင်ကို ကြည့်၍ လင်းဝမ်မှာ အသက်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်ပြီး ကျေနပ်စွာ ပြုံးရယ်လိုက်သည်။
တကယ်တော့ ဒီကလေးနှစ်ယောက်က တော်တော် လိုက်ဖက်ကြတာပဲ...
ဒါပေမဲ့ ရိုလီဆိုတဲ့ ကလေးမလေးက အမြဲတမ်း အေးစက်စက်နိုင်လွန်းတယ်... ဆက်ဆံရေးပြဿနာကြောင့်သာ ဒီအချစ်ဇာတ်လမ်း ပျက်စီးသွားရင် တကယ်ကို နှမြောစရာကောင်းမှာပဲ...
...
ကောင်းကင်ဘုံကိုးခုမြင့်မြတ်နန်းတော်မှ ထွက်ခွာလာပြီးနောက် စုရွှမ်သည် လမ့်ရိုလီကို တောက်ပစွာ ပြုံးပြလိုက်သည်။
“ပါရမီရှင်တိုက်ပွဲကြီး စတော့မယ်... ရိုလီ... ငါတို့ အလယ်ပိုင်းဒေသကို ချက်ချင်း သွားကြစို့…’’
“သွားကြစို့…’’ လမ့်ရိုလီက ခေါင်းညိတ်လိုက်သည်။
လမ်းတစ်လျှောက်တွင် သူမတို့နှစ်ဦးသည် စကားများများစားစား မပြောဖြစ်ကြချေ။
လမ့်ရိုလီမှာ စုရွှမ်နှင့် ယှဉ်ပြိုင်ရန် အဆိုပြုချင်သော်လည်း အချိန်အခါ မသင့်တော်ဟု အမြဲ ခံစားနေရသဖြင့် နောက်ဆုံးတွင် လက်လျှော့လိုက်သည်။
လမ့်ရိုလီ တွေးနေသည်မှာ ပါရမီရှင်တိုက်ပွဲကြီးတွင် နှစ်ဦးသား တွေ့ဆုံနိုင်မည့် အခွင့်အရေး မုချ ရှိပေလိမ့်မည်။
ထိုအခါမှ စုရွှမ်ကို ဖိနှပ်လည်းနောက်မကျသေးချေ။
လမ့်ရိုလီမှာ သူမ၏ ခွန်အားအပေါ် အလွန် ယုံကြည်မှုရှိသလို စုရွှမ်သည်လည်း ... ထိုနည်းတူစွာပင်။
အမှန်တကယ်တွင် တောက်ရွှမ်ကမ္ဘာတစ်ခုလုံးကို ကြည့်လျှင် လမ့်ရိုလီ သဘောကျပြီး သူမ၏ ပြိုင်ဘက်အဖြစ် သတ်မှတ်နိုင်သောသူမှာ စုရွှမ်တစ်ဦးတည်းသာ ရှိသည်။
သူမတို့နှစ်ဦးသည် ရီးသွားရတနာများကို ပိုင်ဆိုင်ထားသဖြင့် ခရီးသွားနှုန်းမှာ အလွန်လျင်မြန်ပြီး အလယ်ပိုင်းဒေသ၏ နတ်ဘုရားကျောင်းတော် သို့ ဦးတည် ပျံသန်းသွားကြသည်။