နတ်ဘုရားကျောင်းတော် ၏ ကျောင်းအုပ်ကြီး ချီဖုန်း
Vol. 7 Ch. 88
“အမ်..’’
ဤမြင်ကွင်းကို မြင်သောအခါ ဝန်းရံကြည့်ရှုနေသော ကောင်းကင်ပါရမီရှင်များမှာ အသက်ရှူမှားသွားကြပြီး သူတို့၏ စိတ်ထဲသို့ အေးစက်သော ခံစားချက်တစ်ခု တိုးဝင်လာသည်။
ကောင်းကင်တက်လှေကား၏ သုံးဆယ့်ငါးထစ်မှာပင် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ဖိအား ရှိနေခဲ့လေသလော။
၎င်းသည် ထိုလူငယ်ကို အသက်ရှင်လျက် သွေးအိုင်အဖြစ်သို့ ဖိညှစ်ပစ်ခဲ့လေသည်။
ယခုအခါတွင် ကောင်းကင်ပါရမီရှင်များမှာ စိတ်လှုပ်ရှားလာကြသည်။
ဤအခိုက်အတန့်တွင်မှ သူတို့ သဘောပေါက်သွားသည်...
ဤနတ်ဘုရားတက္ကသိုလ်၏ စမ်းသပ်မှု သုံးခုမှာ သူတို့ ထင်သလောက် မလွယ်ကူလှချေ။
ဆန့်ကျင်ဘက်အားဖြင့် အလွန်ပင် ခက်ခဲလှသည်။
ထိပ်ဆုံးသို့ တက်လှမ်းရန် မဆိုထားနှင့်၊ သာမန်ကောင်းကင်ပါရမီရှင်များ လေးဆယ်ထစ် တက်လှမ်းနိုင်လျှင်ပင် အလွန် ကောင်းမွန်ပြီဟု ဆိုရမည်။
သို့သော် နောက်တစ်ဆင့်သို့ ဝင်ရောက်ရန် လိုအပ်ချက်မှာမူ ထစ်ငါးဆယ်အထိ ရှိနေသည်။
ဤသည်က မည်သည့်အရာကို ဆိုလိုသနည်း။
ပါရမီရှင်တိုက်ပွဲကြီး၏ ပထမအဆင့် ပထမစမ်းသပ်မှုတစ်ခုတည်းဖြင့်ပင် မရေမတွက်နိုင်သော ကောင်းကင်ပါရမီရှင်များ အဆင့်ထုတ်ခံရမည်ကို ဆိုလိုသည်။
လူငယ်မှာ တိုက်ရိုက် သွေးအိုင်အဖြစ်သို့ ဖိညှစ်ခံလိုက်ရသည်ကို မြင်သောအခါ အခြားကောင်းကင်ပါရမီရှင်များ၏ စိတ်ထဲတွင် ကြောက်ရွံ့စိတ်တစ်ခု ဖြစ်ပေါ်လာပြီး အတန်ကြာအောင် မည်သူမျှ ရှေ့ထွက်၍ ဆက်လက်စိန်ခေါ်ဝံ့ခြင်း မရှိတော့ချေ။
“လူကြီးမင်းတို့... အကယ်၍ သင်တို့ လက်လျှော့ဖို့ ရွေးချယ်မယ်ဆိုရင် ယခုပဲ ထွက်ခွာသွားနိုင်ပါတယ်…’’
ထိုအခိုက်မှာပင် အလွန်တရာ ကြီးမားသော အသံတစ်ခုသည် ဤကောင်းကင်နှင့်မြေကြီးကြား၌ ထွက်ပေါ်လာသည်။
ဤသည်မှာ အားကောင်းသော အသံတစ်ခုဖြစ်ပြီး အိုမင်းခြင်းမရှိဘဲ ခွန်အားအပြည့်နှင့် ရှိနေသည်။
လေဟာနယ်ထဲတွင် မားမတ်သော အရိပ်တစ်ခု ပေါ်ထွက်လာသည်ကို တွေ့လိုက်ရသည်။
၎င်းမှာ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါ လှုပ်ရှားမှုမရှိဘဲ သာမန်လူတစ်ဦးကဲ့သို့ပင် မည်သည့် ထူးခြားမှုမှ မရှိချေ။
သို့သော် သူ ပေါ်ထွက်လာသည့်အခိုက်တွင် ပတ်ဝန်းကျင်တစ်ခုလုံးမှာ ချက်ချင်း အေးခဲသွား၏။
အကြောင်းမှာ ဤသူမှာ နတ်ဘုရားကျောင်းတော် ကျောင်းအုပ်ကြီး -ချီဖုန်း ဖြစ်သောကြောင့်ပင်။
ချီဖုန်း၏ အဆင့်အတန်းမှာ အလွန် မြင့်မားပြီး တာအိုရွှမ်ကမ္ဘာတစ်ခုလုံးတွင် အမြင့်ဆုံး ပုဂ္ဂိုလ်အချို့ထဲမှ တစ်ဦးဟု ဆိုနိုင်သည်။ သူ၏ ကျင့်ကြံမှုအဆင့်မှာမူ ကြောက်မက်ဖွယ်ကောင်းလှ၏။ သူသည် မည်သည့်အဆင့်သို့ ရောက်ရှိနေပြီလဲဆိုသည်ကို မည်သူမျှ မသိချေ။
“သေစမ်း... နတ်ဘုရားတက္ကသိုလ်ရဲ့ ကျောင်းအုပ်ကြီးတဲ့... သူ လည်း ပေါ်ထွက်လာပြီပဲ..’’
“ကျောင်းအုပ်ကြီးချီ... ဒါက တကယ့်ကို ကြီးမြတ်တဲ့ ပုဂ္ဂိုလ်ကြီးပဲ... သူ့ကို ဒီလောက် မြန်မြန် တွေ့ရလိမ့်မယ်လို့ မထင်ခဲ့ဘူး…’’
ချီဖုန်း၏ ပေါ်ထွက်လာမှုကြောင့် ကျင့်ကြံသူများစွာမှာ စိတ်လှုပ်ရှားလာကြပြီး သူတို့၏ အားကျလေးစားရသူကို တွေ့လိုက်ရသကဲ့သို့ အလွန်တရာ စိတ်အားထက်သန်နေကြသည်။
“လူကြီးမင်းတို့... ကောင်းကင်တက်လှေကားကို တက်ချင်တယ်ဆိုရင် မြန်မြန်လုပ်ကြပါ... အချိန်မဖြုန်းကြနဲ့... နောက်မှာ လူတွေ အများကြီး ရှိသေးတယ်…’’
ချီဖုန်းက ရှိနေသော ကျင့်ကြံသူများကို တစ်ချက် ဝေ့ကြည့်၍ တည်ငြိမ်သော အသံတစ်ခုမှာ လေဟာနယ်ထဲ၌ ထွက်ပေါ်လာသည်။
ချီဖုန်း၏ စကားကို ကြားသောအခါ ကျင့်ကြံသူများစွာမှာ သူတို့၏ စိတ်ထဲမှ တုံ့ဆိုင်းမှုများကို ချက်ချင်း ဖယ်ရှားလိုက်ပြီး ကောင်းကင်တက်လှေကားထက်သို့ တိုက်ရိုက် တက်လှမ်းသွားကြသည်။ သူတို့သည် ချီဖုန်း၏ ရှေ့တွင် မိမိတို့၏ အရည်အချင်းကို ပြသလိုကြသည်။
အကယ်၍ မျက်စိကျခံရပြီး သူ၏ တပည့်ရင်းတစ်ယောက် ဖြစ်လာမည်ဆိုပါက တစ်မုဟုတ်ချင်း ကောင်းကင်သို့ တက်လှမ်းနိုင်မည် မဟုတ်လော။
သို့သော် ရလဒ်မှာမူ အံ့အားသင့်စရာ မရှိချေ။
ကောင်းကင်ပါရမီရှင်အများစုအတွက်မူ ထစ်ငါးဆယ် တက်လှမ်းရန် မဆိုထားနှင့် လေးဆယ်ထစ်ပင်လျှင် အလွန် ခက်ခဲလှသည်။
ကောင်းကင်တက်လှေကား၏ ကြောက်မက်ဖွယ် ဖိအားကြောင့် တိုက်ရိုက် သွေးအိုင်အဖြစ်သို့ ကြေမွသွားကြသည်။
“အရင်က အတွေ့အကြုံအရတော့ ကျင့်ကြံသူတစ်သန်းထဲမှာ တစ်သိန်းလောက်ပဲ ပထမအဆင့်ရဲ့ ပထမစမ်းသပ်မှုကို ဖြတ်ကျော်နိုင်မှာ…’’
ချီဖုန်း၏ မျက်နှာအမူအရာမှာ မပြောင်းလဲဘဲ တိုးတိုးလေး ရေရွတ်လိုက်သည်။
မှန်၏။ ကောင်းကင်တက်လှေကားမှာ ဤမျှ ခက်ခဲပြီး ပါရမီရှင်တိုက်ပွဲကြီးတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် လာရောက်သော ကောင်းကင်ပါရမီရှင်များ၏ ကိုးဆယ်ရာခိုင်နှုန်းကို တိုက်ရိုက် စစ်ထုတ်ပစ်သည်။
ဤသည်မှာမူ ပထမအဆင့်၏ ပထမစမ်းသပ်မှုမျှသာ ဖြစ်သည်။
ဤသို့ဖြင့် နောက်ဆုံးတွင် ကျန်ရှိမည့် ကျင့်ကြံသူမှာ များများစားစား ရှိမည်မဟုတ်ကြောင်းကို စိတ်ကူးကြည့်နိုင်ပေသည်။
ကျင့်ကြံသူအများစုမှာ နတ်ဘုရားတက္ကသိုလ်သို့ တစ်ခေါက် လာရောက်ရုံမှာ အဖော်လိုက်လာခြင်းမျှသာ ဖြစ်သည်။
“တိုက်ပွဲကြီးခေတ်မှာ ကြယ်တွေ တောက်ပနေတယ်... ဒီဘဝက ကောင်းကင်ပါရမီရှင်တွေ ဘယ်လောက်အထိ အားကောင်းမလဲဆိုတာ မသိဘူး... လောကသုံးထောင်ထဲမှာ ထူးချွန်ပြောင်မြောက်နိုင်ပါ့မလား…’’
ချီဖုန်းမှာ နတ်ဘုရားကျောင်းတော်၏ ကျောင်းအုပ်ကြီးဖြစ်သည့်အလျောက် သူ၏ အမြင်မှာ တာအိုရွှမ်ကမ္ဘာတစ်ခုတည်းတွင် ကန့်သတ်မထားဘဲ လောကသုံးထောင်အထိ ရောက်ရှိနေပြီ ဖြစ်သည်။
တိုက်ပွဲကြီးခေတ်တွင် ကောင်းကင်ပါရမီရှင်များ ပေါ်ထွက်လာကြရာ သူ့အနေဖြင့် တာအိုရွှမ်ကမ္ဘာမှ ပြိုင်ဘက်ကင်း ကောင်းကင်ပါရမီရှင်တစ်ဦး ထွက်ပေါ်လာပြီး ၊ အမတရှေးဟောင်းကမ္ဘာသို့ ဝင်ရောက်ကာ နေရာအသီးသီးမှ ကောင်းကင်ပါရမီရှင်များကို ချုပ်နှောင်လျက် လောကသုံးထောင်တွင် နာမည်ကျော်ကြားကာ ကောင်းကင်ဘုံကိုးထပ်ကို တုန်လှုပ်စေမည့်မြင်ကွင်းကို မြင်တွေ့လိုခဲ့သည်။
သို့သော် ချီဖုန်းမှာလည်း ဤသို့သော ကောင်းကင်ပါရမီရှင်မျိုးမှာ တွေ့ကြုံရန် ခက်ခဲပြီး မကြုံနိုင်ကြောင်းကို သိရှိထားသည်၊ နှစ်တစ်သောင်းအကြာက အမျိုးသမီးတစ်ဦး ထွက်ပေါ်လာခဲ့သည်မှလွဲ၍ ထိုသို့သော ဖြစ်တည်မှုမျိုး မရှိတော့ချေ။
မည်မျှ အံ့မခန်းသော ကောင်းကင်ပါရမီရှင်ဖြစ်စေ တာအိုရွှမ်ကမ္ဘာတွင်သာ ကန့်သတ်ထားပြီး အမတရှေးဟောင်းကမ္ဘာသို့ ရောက်သောအခါ လောကသုံးထောင်မှ ထိုအလွန်တရာ တောက်ပသော ကောင်းကင်ပါရမီရှင်များနှင့် တွေ့ဆုံလျှင် အမှုန့်အဖြစ်သို့ ချေမွခံရမည်သာ ဖြစ်သည်။
အချိန်မှာ လျင်မြန်စွာ ကုန်ဆုံးသွားသည်။
မကြာမီပင် နံနက်ခင်း ကုန်ဆုံးသွားပြီး ပထမအဆင့် စမ်းသပ်မှုကို ကောင်းကင်ပါရမီရှင် မည်မျှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်ကို မသိနိုင်ချေ။
ထိုအထဲတွင် အများစုမှာ ပထမစမ်းသပ်မှုကိုပင် မအောင်မြင်ဘဲ ဒုတိယအဆင့်သို့ ဝင်ရောက်နိုင်သူမှာ အနည်းငယ်မျှသာ ရှိသည်။
စမ်းသပ်မှု သုံးခုလုံးကို အောင်မြင်သူမှာမူ ယခုအချိန်အထိ တစ်ထောင်မပြည့်သေးချေ။
ယခုအခါတွင် နတ်ဘုရားတက္ကသိုလ်အပြင်ဘက်၌ ရုတ်တရက် ဆူပူမှုတစ်ခု စတင်လာသည်။
ကောင်းကင်ပါရမီရှင်များနှင့် နတ်ဘုရားတက္ကသိုလ်၏ တပည့်များအားလုံးမှာ လေဟာနယ်ထဲမှ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာသော အရိပ်များကို မော့ကြည့်လိုက်ကြပြီး သူတို့၏ မျက်နှာအမူအရာများမှာ တဖြည်းဖြည်း စိတ်အားထက်သန်လာကြသည်။
“မိုးပြာနဂါးမင်းဆက်ရဲ့ မိုးပြာနဂါးဘုရင်ပဲ... သူ့ရဲ့ ကျင့်ကြံမှုအဆင့်က ဘုရင်အဆင့်ကို တက်လှမ်းသွားပြီ မဟုတ်လား... အရမ်းကြောက်စရာကောင်းတာပဲ…’’
“အဲဒါက... နတ်လက်နက်တိုက်ရဲ့ ဆက်ခံသူပဲ... လှံတံပညာက ကောင်းကင်နှင့်မြေကြီးကို လွှမ်းမိုးနိုင်တယ်... အထွတ်အထိပ်အဆင့်ကို ရောက်ရှိသွားပြီလို့ ကြားတယ်... ကြောက်စရာကောင်းလိုက်တာ... ချမ်းသွမ့်အဆင့်မှာတောင် ဘုရင်အဆင့်ကို အနိုင်ယူ တိုက်ခိုက်နိုင်တယ်... အခုတော့ သူ့ရဲ့ အရှိန်အဝါက ပိုပြီး စူးရှလာပြီ... ဘယ်အဆင့်ကို ရောက်နေပြီလဲ မသိဘူး…’’
“နေမင်းမြင့်မြတ်နယ်မြေက နေမင်းမြင့်မြတ်သားတော်ပဲ... သူ မွေးဖွားလာတုန်းက နေမင်းကောင်းကင်မှာ လွှမ်းမိုးနေတဲ့ ကြောက်မက်ဖွယ် ပုံရိပ်ယောင် ရှိခဲ့တယ်လို့ ကြားတယ်... နေမင်းနတ်ဘုရားခန္ဓာကို နိုးထစေခဲ့ပြီး တိုက်ခိုက်တဲ့အခါ ကိုယ်ခန္ဓာတစ်ခုလုံးကို နေမင်းနတ်ဘုရားအလင်းတန်းက လွှမ်းခြုံထားပြီး ပြိုင်ဘက်ကင်းကာ နေမင်းတစ်စင်းလိုပဲ…’’
“လမင်းမြင့်မြတ်နယ်မြေက လမင်းမြင့်မြတ်သမီးတော်ပဲ... သူ မွေးဖွားလာတုန်းက မိုင်ထောင်ချီပြီး ရေခဲဖုံးလွှမ်းသွားတယ်... ကြောက်မက်ဖွယ် အေးစက်တဲ့ အငွေ့အသက်က ပတ်လည် ဆယ်မိုင်ကို လုံးဝ အေးခဲသွားစေခဲ့တယ်... လမင်းနတ်ဘုရားခန္ဓာကို နိုးထစေခဲ့ပြီး စိတ်တစ်ချက်ဖြင့် နှင်းပွင့်တွေကို ကောင်းကင်မှာ ပျံဝဲသွားစေတယ် လုံးဝ စိတ်ကူးလို့တောင် မရနိုင်ဘူး'’