စုရွှမ်နှင့် လမ့်ရိုလီ ရောက်ရှိလာခြင်း။ (၂)
Vol. 7 Ch. 93
“သေစမ်း... ဒီကောင်က ငါနဲ့ အနိုင်အရှုံးမရှိ ယှဉ်ပြိုင်နိုင်တယ်... ကြည့်ရတာ... တကယ်ပဲ အရည်အချင်း နည်းနည်းပါးပါး ရှိပုံပဲ…’’
မိစ္ဆာနတ်ဘုရားသားတော်၏ မျက်နှာမှာ ကြည့်ရဆိုးနေပြီး သူသည် တိုးတိုးလေး ရေရွတ်လိုက်သည်။
“ဒီနှစ်ယောက်က တကယ်ကို ဒီခေတိရဲ့ ပြိုင်ဘက်ကင်း ကောင်းကင်ပါရမီရှင်တွေလို့ ဆိုနိုင်တယ်... အဲဒီမြွေနဂါးတွေက နဂါးစစ်သွေးကြော နည်းနည်းပါးပါး ပိုင်ဆိုင်ထားတယ်... ကြောက်စရာကောင်းပြီး ဘုရင်အဆင့် ကျင့်ကြံမှုအဆင့်ကို ရောက်နေတာတောင် ဒီနှစ်ယောက်က ဒီလောက် လွယ်လွယ်နဲ့ ဖိနှိပ်နိုင်တယ်…’’
ချီဖုန်း၏ မျက်ဝန်းထဲတွင် ချီးကျူးသော အမူအရာများ ပေါ်လာသည်။
“ဒီမိုက်မဲတဲ့ကောင်နှစ်ယောက်ကလည်း ဒီလောက်ပါပဲ... ''လူအုပ်ထဲတွင် အမတနန်းတော်၏ ဆက်ခံသူက တိုးတိုးလေး ဆိုလိုက်သည်။
သူ ယုံကြည်မှုရှိ၏။ အကယ်၍ သူသာ ဝင်ရောက်ယှဉ်ပြိုင်မည်ဆိုပါက ဤနှစ်ဦးထက် ပို၍ ကောင်းမွန်စွာ စွမ်းဆောင်နိုင်မည်မှာ သေချာသည်။
“သေစမ်း... အဲဒါ ဘယ်သူလဲ... အရှိန်အဝါကြီးလိုက်တာ…’’
ရုတ်တရက် အလွန် ထူးဆန်းသော အသံတစ်ခုသည် ပတ်ဝန်းကျင်၌ ထွက်ပေါ်လာသည်။
သိသာထင်ရှားစွာပင် ကျင့်ကြံသူတစ်ဦးမှာ တစ်စုံတစ်ခုသော မြင်ကွင်းကြောင့် တုန်လှုပ်ခြောက်ခြားသွားခြင်း ဖြစ်သည်။
ကျင့်ကြံသူများမှာ ကြောင်အသွားကြသည်။ ဒါ ဘယ်လိုဖြစ်တာလဲ။
တစ်ခဏအတွင်းမှာပင် လူတိုင်းမှာ လေဟာနယ်ထဲသို့ မော့ကြည့်လိုက်ကြသည်။
နောက်တစ်စက္ကန့်တွင် ပတ်ဝန်းကျင်မှာ အေးခဲသွားသည်။
ကောင်းကင်နှင့်မြေကြီးကြားတွင် တိတ်ဆိတ်သွားပြီး မည်သည့်အသံမျှ မရှိတော့ချေ။
လူတိုင်းမှာ မျက်လုံးများ ကြောင်တောင်တောင်ဖြစ်ကာ လေဟာနယ်ကို စိုက်ကြည့်နေကြပြီး သူတို့၏ ဦးနှောက်များမှာ အနည်းငယ် ဗလာကျင်းသွားသည်။
ထိုနေရာတွင် အရိပ်နှစ်ခု ပေါ်ထွက်လာသည်ကို တွေ့လိုက်ရသည်။
ဤသည်မှာ အလွန် ငယ်ရွယ်သော အရိပ်နှစ်ခုဖြစ်ပြီး တစ်ဦးမှာ ယောက်ျားလေး၊ တစ်ဦးမှာ မိန်းကလေး ဖြစ်သည်။
လူတိုင်းကို တုန်လှုပ်စေသည်မှာ နှစ်ဦးသား ထုတ်လွှတ်လိုက်သော အရှိန်အဝါမှာ... ဘုရင်အဆင့် ဖြစ်နေခြင်းပင်။
လူတိုင်းကို ပို၍ တုန်လှုပ်စေသည်မှာ...
ယောက်ျားလေး၏ နောက်ကွယ်တွင် မဟာဧကရာဇ် ပုံရိပ်ယောင် လေးမျိုးမှာ တစ်ပြိုင်နက် ပေါ်ထွက်နေခြင်းပင်။
အဆုံးမရှိသော ဟွမ်သွမ့်အလင်းတန်းမှာ ယောက်ျားလေး၏ ခန္ဓာကိုယ်ကို လွှမ်းခြုံထားပြီး သူ၏ ကိုယ်ပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်ကို ထပ်လောင်းပေးကာ သူသည် နတ်ပြည်မှ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးနှင့်ပင် တူနေ၏။
မိန်းကလေးမှာမူ မှိုင်းဖျော့ဖျော့ နတ်အလင်းတန်းဖြင့် လွှမ်းခြုံထားပြီး အပြာရောင်ဆံပင်များ လွင့်မျောနေကာ ကြယ်တာရာများကဲ့သို့သော မျက်ဝန်းတစ်စုံသည် အလွန်တရာ ကြည်လင်ပြီး မထီမဲ့မြင်ပြုသည့် အငွေ့အသက်မျိုး ရှိနေသည်။
အလင်းတန်းများ ပျံဝဲကာ ကျဆင်းလာပြီး မိန်းကလေးကို လွှမ်းခြုံထားရာ သူမ၏ ပတ်ပတ်လည်တွင် ကြည်လင်သော ပန်းပွင့်များ ပျံဝဲနေသကဲ့သို့ ရှိနေပြီး သူမသည် ထူးကဲသာလွန်သော ကောင်းကင်ဘုံကိုးထပ်မှ နတ်သမီးတစ်ပါး လူ့လောကသို့ ဆင်းသက်လာသကဲ့သို့ အံ့မခန်းလှပနေခဲ့သည်။
တစ်ခဏအတွင်းမှာပင် ရှိနေသော ကျင့်ကြံသူအားလုံးမှာ နှစ်ဦးသား၏ ပေါ်ထွက်လာမှုကြောင့် စိတ်နှလုံးများ တင်းကြပ်သွားကြသည်။
ဤနှစ်ဦး၏ ပေါ်ထွက်လာမှုမှာ လှပသော ပန်းချီကားတစ်ချပ်နှင့်ပင် တူနေပြီး အလွန်တရာ ထူးကဲသာလွန်လှသည်။
“အထူးသဖြင့် ယောက်ျားလေး... မဟာဧကရာဇ် ပုံရိပ်ယောင် လေးမျိုး…’’
ဤသည်မှာ မည်သို့သော အယူအဆနည်း။
စိတ်ကူး၍ပင် မရနိုင်ချေ။
ခဏအကြာတွင်မှ ကွင်းလယ်မှ ကျင့်ကြံသူတစ်ဦး သတိပြန်ဝင်လာသည်။
“ဘုရားရေ... မဟာဧကရာဇ် ပုံရိပ်ယောင် လေးမျိုး... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ... သူက ဘယ်သူလဲ... အရင်က တာအိုရွှမ်ကမ္ဘာမှာ ဒီလို ပုဂ္ဂိုလ်မျိုး ရှိတယ်လို့ တစ်ခါမှ မကြားဖူးဘူး…’’
“သေစမ်း... မဟာဧကရာဇ် ပုံရိပ်ယောင်တစ်မျိုးကတင် မဟာဧကရာဇ် ဖြစ်ဖို့ အာမခံထားတာ... လေးမျိုးဆိုတော့... ဒါက တိုက်ရိုက် ကောင်းကင်ကို ပျံတက်သွားမှာပေါ့…’’
မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ မျက်လုံးများ ပြူးကျယ်နေပြီး လေဟာနယ်ထဲမှ ထိုအရိပ်ကို စိုက်ကြည့်နေကြကာ အလွန်တရာ တုန်လှုပ်ခြောက်ခြားသွားပြီး ဦးရေပြားများ ထုံကျင်သွားသကဲ့သို့ ခံစားလိုက်ရသည်။
“မဟာဧကရာဇ် ပုံရိပ်ယောင် လေးမျိုး... ကျင့်ကြံခြင်းသမိုင်းတစ်ခုလုံးကို ကြည့်ရင်တောင် ဒီလို ပြိုင်ဘက်ကင်း ကောင်းကင်ပါရမီရှင်မျိုး မွေးဖွားခဲ့ဖူးခြင်း မရှိဘူး…’’
နတ်ဘုရားကျောင်းတော်၏ ကျောင်းအုပ်ကြီး ချီဖုန်းပင်လျှင် ဤသို့သော မြင်ကွင်းကို မြင်သောအခါ သူ၏ မျက်နှာထက်တွင် မယုံနိုင်သော အမူအရာများ ပေါ်လာသည်။
ဤသို့သော ပုဂ္ဂိုလ်မျိုးကို သူပင်လျှင် တစ်ခါမျှ မမြင်ဖူးချေ။
“အဲဒီအမျိုးသမီးက အရမ်းလှတယ်... ပန်းချီကားထဲက ထွက်လာတဲ့ နတ်သမီးတစ်ပါးလိုပဲ... အရှိန်အဝါကလည်း သာမန်မဟုတ်ဘူး... ငါ့ထက် အားမနည်းလောက်ဘူး…’’
“အဲဒီယောက်ျားလေးကတော့ ပိုပြီး ကြောက်စရာကောင်းတယ်... မဟာဧကရာဇ် ပုံရိပ်ယောင် လေးမျိုးက သူ့နောက်မှာ ပေါ်ထွက်နေတယ်... မဟုတ်မှလွဲရော အမတတနတ်ဘုရားတစ်ပါး ပြန်လည်ဝင်စားတာလား…’’
အလယ်ပိုင်းဒေသ ကောင်းကင်ပါရမီရှင်စာရင်း၏ ပထမ ဖြစ်သော လင်းထျန်း၏ စိတ်ထဲတွင် လှိုင်းလုံးကြီးများ ဖြစ်ပေါ်လာသည်။
ဤနှစ်ဦးထံမှ သူသည် နက်ရှိုင်းသော ခြိမ်းခြောက်မှုကို ခံစားလိုက်ရသည်။
“ဒီကလေးနှစ်ယောက်က သာမန်မဟုတ်ဘူး... သူတို့က ဘယ်သူတွေလဲ…’’
အလွန် မာနကြီးသော မိစ္ဆာနတ်ဘုရားသားတော်ပင်လျှင် ယခုအခါ၌ စပ်စုစွာ တိုးတိုးလေး ရေရွတ်လိုက်သည်။
“ဒီနှစ်ယောက်က ဘာလို့ ငါ့ထက် ပိုပြီး နတ်အသွင်ဆောင်နေရတာလဲ... ငါက အမတနန်းတော်ရဲ့ ဆက်ခံသူ မဟုတ်လား…’’
အမတနန်းတော်၏ ဆက်ခံသူမှာ ကြောင်အသွားသည်။ ဤနှစ်ဦးမှာ အလွန်တရာ ထူးကဲသာလွန်လှပြီး သူ၏ နတ်အငွေ့အသက်ကိုပင် ယှဉ်ပြိုင်လွှမ်းမိုးသွားသည်။