← Chapters

ကောင်းကင်ပါရမီရှင်သုံးဦး၊ ကောင်းကင်တက်လှေကားသို့ တစ်ပြိုင်နက် တက်လှမ်းခြင်း (၁)

Vol. 7 Ch. 94

ကောင်းကင်ပါရမီရှင်သုံးဦး၊ ကောင်းကင်တက်လှေကားသို့ တစ်ပြိုင်နက် တက်လှမ်းခြင်း (၁)

Vol. 7 Ch. 94

“ခဏနေဦး... ငါ ဒီနှစ်ယောက် ဘယ်သူတွေလဲဆိုတာ သိလောက်တယ်…’’

လူအုပ်ထဲတွင် ရုတ်တရက် ကျင့်ကြံသူတစ်ဦးက ဆိုလိုက်သည်။

“သူတို့က ဘယ်သူတွေလဲ…’’

ဤသို့သော အသံကို ကြားသောအခါ အခြားကျင့်ကြံသူများက ချက်ချင်းပင် စပ်စုသော လေသံဖြင့် မေးမြန်းလိုက်ကြသည်။

“ ငါမမှားဘူးဆိုရင်တော့ ဒီယောက်ျားလေးက အရှေ့ပိုင်းစွန့်ပစ်နယ်မြေကလာတာ... အရှေ့ပိုင်းစွန့်ပစ်နယ်မြေက မြင့်မြတ်နယ်မြေတစ်ခုရဲ့ မြင့်မြတ်သားတော်... တစ်ချိန်တည်းမှာပဲ မြောက်ပိုင်းနယ်မြေ စုမိသားစုရဲ့ ဆက်ခံသူ... ဟွမ်သွမ့်နတ်မိစ္ဆာခန္ဓာကို ပိုင်ဆိုင်ပြီး အရှေ့ပိုင်းစွန့်ပစ်နယ်မြေက ကောင်းကင်ပါရမီရှင်အားလုံးကို ချေမှုန်းနိုင်ခဲ့တယ်... မကြာသေးခင်ကမှ ကြေနီအမတနန်းတော်ထဲကနေ ဘေးမသီရန်မခဘဲ ထွက်လာခဲ့တာ'’

ထိုကျင့်ကြံသူမှာ ရှင်းပြလိုက်သည်။ သူသည် တာအိုရွှမ်ကမ္ဘာ၏ သတင်းအမျိုးမျိုးကို အာရုံစိုက်ထားသဖြင့် စုရွှမ်၏ အထောက်အထားကို ချက်ချင်းပင် ပြောပြနိုင်ခဲ့သည်။

“အဲဒီအမျိုးသမီးကတော့ သူ့ရဲ့ လက်တွဲဖော် ဖြစ်လောက်တယ်'’ ထိုကျင့်ကြံသူမှာ ထပ်လောင်းပြောလိုက်သည်။

“ရှီး... မင်း ဒီလိုပြောမှပဲ ငါလည်း သတိရလာတယ်... အဲဒါ မကြာသေးခင်ကမှ တာအိုရွှမ်ကမ္ဘာမှာ နာမည်ကြီးနေတဲ့ ကောင်းကင်ပါရမီရှင် မဟုတ်လား... သူ့နောက်က စုမိသားစုရဲ့ စုရွှမ်ကျီက အသက်ရှင်နေတုန်းပဲ... ပြီးတော့ တစ်ဆင့်တက်ပြီး အင်အားကြီးအဖွဲ့အစည်းအတော်များများကို တစ်ခါတည်း ချေမှုန်းပစ်ခဲ့တယ်…’’

“ဘာ... ဟွမ်သွမ့်နတ်မိစ္ဆာခန္ဓာ... အဲဒါ ခေတ်ပေါင်းများစွာအတွင်းမှာ တစ်ယောက်ပေါ်ထွက်လာဖို့တောင် ခက်ခဲတဲ့ အထွတ်အထိပ် ခန္ဓာကိုယ်မျိုး မဟုတ်လား... သူ... တကယ်ပဲ ပိုင်ဆိုင်ထားတာလား…’’

“ဒီလိုဆိုတော့... ဒီလူက အရည်အချင်းကလည်း မိစ္ဆာဆန်သလို နောက်ခံကလည်း ဒီလောက် နက်ရှိုင်းတာပေါ့…’’

စုရွှမ်၏ အထောက်အထားကို ပြောပြပြီးနောက် မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ အံ့အားသင့်သွားကြသည်။

“ဟွမ်သွမ့်နတ်မိစ္ဆာခန္ဓာ... မဟာဧကရာဇ် ပုံရိပ်ယောင် လေးမျိုး... စုရွှမ်ကျီရဲ့ မျိုးဆက်... ဒီလူငယ်ကျင့်ကြံသူက အရမ်းကို ကြောက်ဖို့ကောင်းတာပဲ…’’

ယခုအခါတွင် ချီဖုန်းပင်လျှင် စိတ်ထဲတွင် တုန်လှုပ်ခြောက်ခြားသွားပြီး တိုးတိုးလေး ချီးကျူးလိုက်သည်။

“‘တာအိုရွှမ်ကမ္ဘာမှာ ဒီလို ကောင်းကင်ပါရမီရှင်မျိုး ရှိတယ်တဲ့လား... သေစမ်း... ဒီကောင့်ကို စောစောမထွက်လာဘဲ တွေ့ခဲ့ရလို့ပဲ... မဟုတ်ရင် ငါ ဒီလောက် ပျင်းရိနေမှာ မဟုတ်ဘူး…’’

မိစ္ဆာနတ်ဘုရားသားတော်၏ နက်ရှိုင်းသော မျက်ဝန်းထဲတွင် အလင်းရောင်တစ်ချက် ဝင်းလက်သွားသည်။

သသည် အလွန် မာနကြီးပြီး ကိုယ့်ကိုယ်ကို အလွန် ယုံကြည်မှုရှိကာ သူကိုယ်တိုင် ကမ္ဘာပေါ်တွင် ပထမဟု ထင်မှတ်နေသည်။

သို့သော် သူသည် ပြိုင်ဘက်တစ်ဦးကို အမြဲတမ်း ရှာဖွေနေခဲ့သည်။ သူနှင့် အမှန်တကယ် ယှဉ်ပြိုင်နိုင်သော ပြိုင်ဘက်တစ်ဦး။

ဤရွှေခေတ်ကြီးသည် သူ့အတွက် အမှန်တကယ် စိတ်ဝင်စားစရာ ကောင်းလှသည်။

“ဒီကောင်လေးရဲ့ အရည်အချင်းက အရမ်းကြောက်စရာကောင်းတယ်... သူ့ရဲ့ ကျင့်ကြံမှုအဆင့်က ဘယ်အဆင့်ကို ရောက်နေပြီလဲ မသိဘူး... ကြည့်လို့တောင် မမြင်ရဘူး... ဖုံးကွယ်ထားတာလား…’’

“သူ အလယ်ပိုင်းဒေသကို ရောက်လာပြီ... ငါ့ရဲ့ ပထမကောင်းကင်ပါရမီရှင်ဆိုတဲ့ နေရာက တကယ်ပဲ မမြဲတော့ဘူးထင်တယ်…’’

လင်းထျန်းမှာ မျက်မှောင်ကြုတ်၍ တိုးတိုးလေး ရေရွတ်လိုက်သည်။

“ဒီလိုလူ ရောက်လာမှ ဒီပါရမီရှင်တိုက်ပွဲကြီးက ပိုပြီး စိတ်ဝင်စားစရာကောင်းမှာပေါ့... မဟုတ်ရင် အရမ်းကို ငြီးငွေ့စရာကောင်းနေလိမ့်မယ်…’’

နတ်အလင်းတန်းဖြင့် လွှမ်းခြုံထားသော အမတနန်းတော်၏ ဆက်ခံသူမှာ မျက်မှောင်ကြုတ်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။

လူတိုင်း၏ ကြည့်ရှုမှုအောက်တွင် စုရွှမ်နှင့် လမ့်ရိုလီမှာ ဖြည်းညင်းစွာ မြေပေါ်သို့ ဆင်းသက်လာကြသည်။

စုရွှမ်သည် ပတ်ဝန်းကျင်မှ ကျင့်ကြံသူများကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး သူ၏ မျက်ဝန်းများမှာ ကြည်လင်နေ၏။

ထို့နောက် စုရွှမ်သည် ဘေးမှ လမ့်ရိုလီကို ကြည့်၍ ဖြည်းညင်းစွာ ဆိုလိုက်သည်။

“ရိုလီ... ငါတို့လည်း ပါရမီရှင်တိုက်ပွဲကြီးရဲ့ ပထမအဆင့်ကို စလိုက်ကြရအောင်…’’

လမ့်ရိုလီမှာ ညင်သာစွာ ခေါင်းညိတ်လိုက်သည်။ ''ကောင်းပြီ…’’

ယခုအခါတွင် လမ့်ရိုလီ၏ စိတ်ထဲတွင် ပြင်းထန်သော အနိုင်ယူလိုစိတ်တစ်ခုက တိုးဝင်လာသည်။

စုရွှမ်ကို ဖိနှိပ်ခြင်း... ယခုအခိုက်အတန့်တွင် စပေတော့မည်။

ဤအဆင့်၏ စွမ်းဆောင်ရည်တွင် သူမသည် စုရွှမ်ကို ကျော်ဖြတ်ရပေ မည်။

စကားသံဆုံးသည်နှင့် နှစ်ဦးသားမှာ ပထမစမ်းသပ်မှုဖြစ်သော ကောင်းကင်တက်လှေကားအောက်သို့ ရောက်ရှိသွားကြသည်။

နှစ်ဦးသား၏ အရိပ်များကို ကြည့်၍ ကျင့်ကြံသူများ၏ ပြင်းထန်သော ဆွေးနွေးသံများ ထွက်ပေါ်လာသည်။

“ဒီနှစ်ယောက်စလုံးက သာမန်မဟုတ်ဘူး... သူတို့ ဘယ်လို စွမ်းဆောင်ရည်မျိုး ပြမလဲဆိုတာ မသိဘူး…’’

“ငါ့အမြင်မှာတော့ ဒီနှစ်ယောက်... ကောင်းကင်တက်လှေကား အနည်းဆုံး ထစ်ခုနစ်ဆယ် တက်လှမ်းနိုင်ပြီး ခေါင်းလောင်းထိုးတာ အနည်းဆုံး ခြောက်ချက် ထိုးနိုင်လောက်တယ်... နောက်ဆုံးစမ်းသပ်မှုဖြစ်တဲ့ နဂါးတံခါးခုန်ကူးခြင်းကတော့ လုံးဝ ပြဿနာမရှိလောက်ဘူး…’’

“ငါကတော့ ဒီနှစ်ယောက်က ခုနက လင်းထျန်းနဲ့ မိစ္ဆာနတ်ဘုရားနန်းတော်ရဲ့ ဆက်ခံသူကို ကျော်ဖြတ်သွားနိုင်ခြေ အလွန်များတယ်လို့ ထင်တယ်…’’

“အဲဒီလောက်တော့ မဟုတ်လောက်ပါဘူး... ဒီနှစ်ယောက်က သာမန်မဟုတ်ပေမဲ့ နာမည်မရှိဘူးလေ... ကျင့်ကြံမှုအဆင့်က အရမ်းညံ့ရင်လည်း ဖြစ်နိုင်တာပဲ…’’

“ဒါလည်း ဖြစ်နိုင်ခြေရှိတယ်... ဘာပဲဖြစ်ဖြစ် အရှိန်အဝါက ဘာမှ ကိုယ်စားမပြုနိုင်ဘူး... အရည်အချင်းမြင့်တိုင်း ခွန်အားကောင်းချင်မှ ကောင်းမှာ…’’

...

နှစ်ဦးသား နောက်ဆုံးတွင် ရရှိမည့် စွမ်းဆောင်ရည်ကို ကျင့်ကြံသူများမှာ အမြင်အမျိုးမျိုးဖြင့် ပြောဆိုနေကြပြီး တစ်ယောက်တစ်မျိုး ထင်မြင်နေကြသည်။

All Chapters