ကောင်းကင်ပါရမီရှင်သုံးဦး၊ ကောင်းကင်တက်လှေကားသို့ တစ်ပြိုင်နက် တက်လှမ်းခြင်း (၂)
Vol. 7 Ch. 95
“ဒီနှစ်ယောက်... အဲဒီယောက်ျားလေးက ငါနဲ့ အတူတူလောက် ဖြစ်လောက်တယ်... မိန်းကလေးကတော့ နည်းနည်း အားနည်းလောက်တယ်…’’
မိစ္ဆာနတ်ဘုရားသားတော်မှာ ကောင်းကင်တက်လှေကားအောက်မှ အရိပ်နှစ်ခုကို ကြည့်၍ ခန့်မှန်းလိုက်သည်။
“ဒီကောင်လေးနှစ်ယောက်က သာမန်မဟုတ်ဘူး... ငါနဲ့ အတူတူလောက် ဖြစ်လောက်တယ်…’’ ကောင်းကင်ပါရမီရှင်စာရင်း၏ ပထမ လင်းထျန်းမှာလည်း ဤသို့ ဆိုလိုက်သည်။
“ ပွဲကောင်းက လာပြီ... ဒီနှစ်ယောက် တက်သွားပြီ... ဒါဆိုရင်တော့ ငါလည်း တက်လိုက်တော့မယ်... ဒီနှစ်ယောက်ကို ယှဉ်ပြိုင်အနိုင်ယူပြီး တခြားကောင်တွေကိုလည်း နည်းနည်းပါးပါး တုန်လှုပ်စေရမယ်…’’
အမတနန်းတော် ဆက်ခံသူ၏ မျက်နှာထက်တွင် လှောင်ပြောင်သော အပြုံးတစ်ခု ပေါ်လာသည်။
ထို့နောက် သူ၏ အရိပ်မှာ ထိုနေရာမှ တိုက်ရိုက် ပျောက်ကွယ်သွား၏။
ထပ်မံ၍ ကြည့်လိုက်ပါက၊ သူသည် ကောင်းကင်တက်လှေကားအောက်၊ စုရွှမ်တို့နှစ်ဦး၏ ဘေးတွင် ရောက်ရှိနေပြီ ဖြစ်သည်။
“အဲဒါက... အမတနန်းတော်ရဲ့ ဆက်ခံသူပဲ... သူလည်း စမ်းသပ်မှု ဖြတ်ကျော်တော့မှာလား... အဲဒီနှစ်ယောက်နဲ့အတူ... အဲဒီနှစ်ယောက်နဲ့ ယှဉ်ပြိုင်ချင်လို့လား…’’
အမတနန်းတော်၏ ဆက်ခံသူ ထွက်ပေါ်လာသည်ကို မြင်သောအခါ ကျင့်ကြံသူများစွာမှာ စိတ်လှုပ်ရှားလာကြသည်။
အမတနန်းတော်... ၎င်းမှာ ဒဏ္ဍာရီထဲက မသေမျိုးအမတများကို မွေးထုတ်ပေးနိုင်သော နေရာ ဖြစ်သည်။
အမတနန်းတော်၏ ဆက်ခံသူ သည် သက်တူရွယ်တူများကို ချေမှုန်းနိုင်သော ဖြစ်တည်မှု ဖြစ်သည်။
တစ်ခဏအတွင်းမှာပင် လူတိုင်းသည် ဤသုံးဦး၏ စွမ်းဆောင်ရည်ကို စတင် မျှော်လင့်လာကြသည်။
တစ်ခဏအတွင်းမှာပင် မရေမတွက်နိုင်သော အကြည့်များမှာ ကောင်းကင်တက်လှေကားသို့ စုစည်းသွားသည်။
ထို့နောက် သုံးဦးလုံးမှာ တက်လှမ်းခြင်းကို စတင်လိုက်ကြသည်။
ဆယ်ထစ်၊ နှစ်ဆယ်ထစ်၊ သုံးဆယ်ထစ်။
သုံးဦးသား၏ အရှိန်မှာ အလွန်လျင်မြန်ပြီး မကြာမီပင် သုံးဆယ်ထစ်သို့ တက်လှမ်းသွားကြသည်။
ထို့အပြင် သုံးဦးသား၏ ခြေလှမ်းများမှာ ပေါ့ပါးပြီး ရပ်တန့်ရန် အရိပ်အယောင် အနည်းငယ်မျှ မရှိချေ။
လေးဆယ်ထစ်၊ ငါးဆယ်ထစ်၊ ခြောက်ဆယ်ထစ်...
ခုနစ်ဆယ်ထစ်။
မကြာမီပင် သုံးဦးသားမှာ ခုနစ်ဆယ်ထစ်အမြင့်သို့ တက်လှမ်းသွားကြပြီ ဖြစ်သည်။
“သေစမ်း... ဒီလောက်မြန်မြန် ခုနစ်ဆယ်ထစ် ရောက်သွားပြီ... ဒီသုံးယောက်က တကယ်ပဲ သာမန်မဟုတ်ဘူး... မှတ်တမ်းသစ်တင်တော့မှာပဲ…’’
“အရမ်းသန်မာတာပဲ... အထူးသဖြင့် မဟာဧကရာဇ် ပုံရိပ်ယောင် လေးမျိုး ကျင့်ကြံထားတဲ့ ယောက်ျားလေး... မျက်နှာက အစကတည်းက တစ်ချက်လေးတောင် မလှုပ်ရှားဘူး... မြေပြင်ပေါ် လမ်းလျှောက်နေသလိုပဲ... ဒါကလည်း အရမ်းကို ချဲ့ကားလွန်းနေပြီ မဟုတ်လား... သူ့အတွက် တကယ်ပဲ ဖိအားနည်းနည်းလေးတောင် မရှိဘူးလား…’’
ကျင့်ကြံသူများစွာမှာ ချီးကျူးလိုက်ကြပြီး စိတ်ထဲတွင် မထိန်းနိုင်ဘဲ အော်ဟစ်လိုက်ကြသည်။ တကယ်ပင်... လူလူချင်း နှိုင်းယှဉ်ရင် စိတ်ဆိုးစရာပဲ။
သုံးဦးသားမှာ ဆက်လက် တက်လှမ်းသွားကြသည်။
မကြာမီပင် သူတို့သည် ခုနစ်ဆယ့်ငါးထစ်သို့ တက်လှမ်းသွားကြသည်။
ခုနစ်ဆယ့်ငါးထစ်... ယခင် လင်းထျန်းနှင့် မိစ္ဆာနတ်ဘုရားသားတော်၏ စွမ်းဆောင်ရည်ကို ရောက်ရှိသွားပြီ ဖြစ်သည်။
“ရှီး... လူတွေက အရမ်းကြောက်စရာကောင်းတာပဲ... ကြည့်ရတာ သုံးယောက်စလုံး မှတ်တမ်းသစ်တင်မှာ သေချာနေပြီ...''ကျင့်ကြံသူတစ်ဦးက ချီးကျူးလိုက်သည်။
“ဒီကောင်သုံးကောင်က ဒီလောက် အားကောင်းတာလား... ငါ့ရဲ့ မှတ်တမ်းကို ဒီလောက် လွယ်လွယ်နဲ့ ချိုးဖျက်နိုင်တယ်…’’
ယခုအခါတွင် မိစ္ဆာနတ်ဘုရားသားတော်မှာ မျက်လုံးများ ပြူးကျယ်နေပြီး မျက်နှာတစ်ခုလုံးမှာ မယုံနိုင်သော အမူအရာများဖြင့် ပြည့်နှက်နေသည်။
ကောင်းကင်တက်လှေကားကို တက်ဖူးသူများသာလျှင် ခုနစ်ဆယ့်ငါးထစ်သို့ တက်လှမ်းရန် မည်မျှ ခက်ခဲသည်ကို သိရှိကြသည်။
ထိုသို့သော ဖိအားမှာ ဘုရင်အဆင့်အလယ်အလတ်တစ်ဦးပင် မခံနိုင်ဘဲ တိုက်ရိုက် ဖိနှိပ်ခံရမည် ဖြစ်သည်။
“မဖြစ်နိုင်ဘူး... ကောင်းကင်တက်လှေကားမှာ ပြဿနာရှိနေတာလား…’’
လင်းထျန်း၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အမူအရာများ ပေါ်လာသည်။
“ဒီအရှိန်အတိုင်းဆိုရင် ဒီသုံးယောက်က နှစ်တစ်သောင်းအကြာက ထိုအမျိုးသမီးရဲ့ မှတ်တမ်းကို ချိုးဖျက်နိုင်ခြေ အလွန်များတယ်... ဒါပေမဲ့ မှတ်တမ်းချိုးဖျက်မယ့်သူက ဘယ်တစ်ယောက် ဖြစ်မလဲဆိုတာတော့ မသိဘူး…’’
နတ်ဘုရားကျောင်းတော်၏ ကျောင်းအုပ်ကြီး ချီဖုန်းမှာ စိတ်ထဲတွင် ဝမ်းမြောက်သွားပြီး မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာကာ တိုးတိုးလေး ရေရွတ်လိုက်သည်။
နှစ်တစ်သောင်း... နှစ်တစ်သောင်းလုံးလုံး ထိုမှတ်တမ်းကို မည်သူမှ မချိုးဖျက်နိုင်ခဲ့ချေ။
ချီဖုန်းသည် ပြိုင်ဘက်ကင်း ကောင်းကင်ပါရမီရှင်တစ်ဦး ထွက်ပေါ်လာပြီး မှတ်တမ်းကို ချိုးဖျက်နိုင်မည့် သူကို မျှော်လင့်နေမိခဲ့သည်။
သုံးဦးသား၏ တက်လှမ်းမှုမှာ ဆက်လက်ဖြစ်ပွားနေပြီး မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ မျက်တောင်မခတ်ဘဲ ကောင်းကင်တက်လှေကားကို စိုက်ကြည့်နေကြပြီး သူတို့၏ မျက်နှာအမူအရာများမှာ စိတ်လှုပ်ရှားနေကြသည်။
မမှားဘူးဆိုရင်တော့ သူတို့သည် သမိုင်းကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ရပေတော့မည်။
ခုနစ်ဆယ့်ခြောက်ထစ်... ခုနစ်ဆယ့်ခုနစ်ထစ်...
ရှစ်ဆယ်ထစ်။