အခန်း (၁၃၈၁-၁၃၈၃)
Vol. 93 Ch. 1381-1383
အခန်း(၁၁၈၁) တဝေ (မဟာဝေ့နိုင်ငံ) ကပြောင်းလဲသွားပြီ
ချူးယွင်ဖန်းပျံသန်းနေစဉ်တွင် သူသည် ယဲ့ထျန်းနန်နှင့် ထျဲနူ၏ အတွင်းပိုင်းလက်စွပ်များကို စစ်ဆေးခဲ့သည်။
နှိုင်းယှဥ်ကြည့်လျှင် ထျဲနူသည် ကျွန်ဖြစ်ကောင်းဖြစ်နိုင်သည့်တိုင် သူ၏ ကျင့်ကြံမှုသည် ပိုမိုအားကောင်းနေသည့်အပြင် သူ့လက်စွပ်တွင် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ငါးသန်းထက်မနည်းရှိနေသည်။ ၎င်းသည် နတ်အဆင့်တစ်ဦးအတွက် အလွန်များပြားသော ပမာဏဖြစ်သည့်တိုင် အမတေမဲ့အဆင့်အထွတ်အထိပ်ရှိသူအတွက် အလွန် နည်းပါးလှသည်။
ဆန့်ကျင်ဘက်တွင်၊ ယဲ့ထျန်းနန်သည် ပို၍ချမ်းသာသည်။ သူ့တွင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးပေါင်း သန်း ၃၀ကျော်နှင့် အမျိုးမျိုးသော ရတနာများစွာ ရှိသည်။ ထျဲနူသည် သူ့စည်းစိမ်နှင့် မယှဉ်နိုင်ပေ။
ချူးယွင်ဖန်းပင် အံ့သြစွာဖြင့် ကိုယ့်လျှာကိုယ်ကိုက်လိုက်မိသည်။
မျှော်လင့်ထားသည့်အတိုင်း တစ်ယောက်က အစေခံတစ်ဦးဖြစ်ကာ ကျန်တစ်ယောက်က သခင်လေးဖြစ်သည်။ ထျဲနူ၏ အင်အားသည် ယဲ့ထျန်းနန်ထက် အဆပေါင်းများစွာ ကျော်လွန်သွားသော်လည်း ၎င်းတို့၏ ရပ်တည်ချက်မှာမူ လုံးလုံးလျားလျားကွဲပြားသည်။
နောက်ဆုံးတွင် ချူးယွင်ဖန်းသည် ဤအရာအားလုံးမှ အကျိုးခံစားခဲ့ရသည်။ သူ ရေတွက်ရင်းဖြင့် ချူးယွင်ဖန်းသည် တဝေနယ်မြေသို့ ဝင်ရောက်လာခဲ့သည်။ သူသည် ခုန်းလုံမြို့သို့ တန်းတန်းမတ်မတ်ပြန်သွားခဲ့သော်လည်း သူပြန်လာသည်ကို မည်သူမျှ သတိထားမိခြင်းမရှိပေ။
ခုန်းလုံမြို့ မြို့ဝန်ကျုံးရှင်၏ နေအိမ်သို့ ပြန်ရောက်စဥ်တွင် နေအိမ်တစ်ခုလုံး အလုံပိတ်နေကာ လက်နှစ်ဖက်လုံးကို ချည်ထောင်လျက် ကျွန်များကို စစ်သားတစ်စုက ဆွဲထုတ်သွားသည်ကို တွေ့ရှိခဲ့သည်။
တိုတောင်းသောရက်အနည်းငယ်အတွင်းတွင်၊ နေအိမ်သည် အလွန်ပြောင်းလဲနေပြီဖြစ်သည်။
ချူးယွင်ဖန်းက မည်သို့မျှနားမလည်ဘဲနေလိမ့်မည်နည်း။
တဝေ၏ ဧကရာဇ် တရားရုံးသည် မြို့ဝန်အိမ်တော်အပေါ်သို့ လှုပ်ရှားမှုစတင်ခဲ့ခြင်းဖြစ်ရပေလိမ့်မည်။
"ချူးယွင်ဖန်းမင်းက တကယ်ပဲမင်းလား" အံ့သြတကြီး အသံထွက်လာသည်။
ချူးယွင်ဖန်းလှည့်ကြည့်လိုက်သောအခါ နူးညံ့သိမ်မွေ့သော အသွင်အပြင်ကို အမျိုးသမီးတစ်ဦးက တအံ့တသြရောက်လာသည်ကိုမြင်လိုက်ရသည်။ ချူးယွင်ဖန်းသည် လမ်းထောင့်တွင်ရှိနေခြင်းဖြစ်ကာ သူလှည့်ကြည့်လိုက်သောအခါ စီတုမြောင်ယီကို မြင်လိုက်ရသည်။
စီတုမြောင်ယီ၏ သိမ်မွေ့သော မျက်နှာသည် အံ့သြမှုနှင့် မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နှက်နေသည်။ သူမ၏ လှပသော မျက်လုံးများသည် မျက်ရည်များဖြင့် ပြည့်နှက်နေသည်။
"ရှင် မသေသေးဘူး" သူမအနားသို့ အမြန်ရောက်လာသည်။
"ဘာလို့ ကျွန်တော်က သေရမှာလဲ" သူက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"ဘာတွေဖြစ်နေတာလဲ” အလုံပိတ်ထားသော နေအိမ်ကို လက်ညှိုးထိုးပြကာ ဆက်မေး၏။
“ရှင်မသိဘူးလား။ လွန်ခဲ့တဲ့ရက်အနည်းငယ်က ဧကရာဇ်တရားရုံးက ရှင် သူတို့ကို မထီမဲ့မြင်ပြုပြီး ပုန်ကန်ဖို့ရည်ရွယ်တယ်လို့ ရုတ်တရက်ကြေငြာခဲ့တယ်"စီတုမြောင်ယီက အတန်ငယ် ငြိမ်သက်သွားပြီးနောက်ပြောသည်။
ချူးယွင်ဖန်းလုံခြုံစွာပြန်လာသည်ကိုမြင်သောအခါ စီတုမြောင်ယီဝမ်းသာသွားသည်။ သူအဆင်ပြေပြေနေနေလိမ့်မည်ဟု အမြဲတစေ ယုံကြည်ထားခဲ့သော်လည်း ဤသည်က သူမတစ်ဦးတည်း၏ အတွေးသာဖြစ်သည်။ အချို့က စိတ်ကူးယဥ်ဆန်သည်ဟုပင်ပြောကြသည်။
သူမသည် ချူးယွင်ဖန်းကို စောင့်မျှော်ရင်း နေ့တိုင်း ဤနေရာသို့ လာသော်လည်း ရက်ပေါင်းများစွာကြာပြီးနောက် သူ့ကို မည်သည့်နေရာတွင်မျှ မတွေ့ရတော့ပေ။ သူမသည် အနည်းငယ်ပင် စိတ်ဓာတ်ကျခဲ့သည်။ ချူးယွင်ဖန်းသာ ဤနေရာ၌ ရှိနေပါက သူပြန်လာသင့်သည်မှာ ကြာနှင့်ပြီဖြစ်သည်။ သို့သော် သူပြန်လာမည့်လက္ခဏာ လုံးဝမပြခဲ့ပေ။
ဧကရာဇ် ရားရုံးက ပြောသည် အတိုင်းပင် ၎င်းတို့သည် သူ့ကို အပြင်နယ်မြေ၌ သုတ်သင်လိုက်ပြီးဖြစ်သည်။ သို့သော် ယနေ့ ချူးယွင်ဖန်း ပြန်လာမည်ကို မြင်ရလိမ့်မည်ဟု မည်သူက သိခဲ့မည်နည်း။ ထို့ကြောင့် သူမ အလွန်ပျော်သွားရသည်။
“ပြင်ပနယ်မြေမှာ သတ်လိုက်တယ်ဟုတ်လား” ချူးယွင်ဖန်းက အေးစက်စွာ ရယ်မောလိုက်သည်။ တဝေ၏ ဧကရာဇ်တရားရုံးတွင် အမှန်ပင် အစီစဥ်ကောင်းတစ်ခုရှိနေသည်။
၎င်းတို့က ယင်းကို အခွင့်ကောင်းယူကာ ချူးယွင်ဖန်းကို ဧကရာဇ်ရုံးတော်က သုတ်သင်ခဲ့ပြီဟု ကြေညာ၍ ဧကရာဇ်တရားရုံ၏ ဂုဏ်သိက္ခာကို ထူထောင်ရန် ကြိုးစားခဲ့သည်။ အချိန်တိုအတွင်း ကျော်ကြားလာကာ မည်သည့်အရာကိုမျှ မကြောက်သည့် ချူးယွင်ဖန်းကဲ့သို့ လူတစ်ဦးသည်ပင် ကရာဇ်တရားရုံး၏လက်တွင် သေဆုံးသွားခဲ့သည်။ ဤကာလအတွင်း လူတိုင်းသည် ဧကရာဇ်တရားရုံကို အမြင်တစ်ခုနှင့် မြင်လာကြသည်။ ဧကရာဇ်တရားရုံးက အင်အားကောင်းလာလေလေ လူများစွာက ၎င်းတို့ကိုယ်၎င်းတို့ မပြနိုင်လေလေဖြစ်နေသည်။
"လွန်ခဲ့တဲ့သုံးရက်က ဒုတိယမင်းသားက ပြန်ရောက်လာပြီး မျိုးဆက်သုံးစက်အတွင်း ချူးမျိုးနွယ်စု တိုက်ရိုက်မျိုးဆက်တွေအားလုံးကို သုတ်သင်ဖို့ ကိုယ်တိုင်ကိုယ်ကျ အမိန့်ပေးခဲ့တယ်။ အဝေးက မျိုးဆက်တွေကိုတော့ ကျွန်အဖြစ် မောင်းထုတ်ပြီး မြို့ဝန်ကျုံးရှင်အိမ်တော်ရဲ့ ပိုင်ဆိုင်မှုအားလုံးကို ရောင်းချ သိမ်းပိုက်ခဲ့တယ်” စီတုမြောင်ယီက ပြောသည်။
ယင်းက လွန်လွန်းသည်ဟု သူမခံစားရသည်။ ချူးယွင်ဖန်းကို တိုက်ခိုက်ရန် ကြံစည်ခဲ့သည်မှာ ဒုတိယမင်းသားဖြစ်ကြောင်း ထင်ရှားသော်လည်း ချူးယွင်ဖန်းသည် ပုန်ကန်ရန် ကြိုးပမ်းမှုဖြင့် အသတ်ခံခဲ့ရသည်။ သို့သော် သူမ၏ စကားများသည် အလေးချိန် အနည်းငယ်သာ ရှိကာ သူမလည်း မည်သို့မျှ မတတ်နိုင်ပေ။ ချူးယွင်ဖန်း ပြန်လာကာ အလွန် ပျော်ရွှင်အံ့သြမိလိမ့်မည်ဟု မည်သူက သိမည်နည်း။
“ဒါဆို မျိုးနွယ်တစ်ခုလုံးကို ကွပ်မျက်လိုက်ပြီလား” ချူးယွင်ဖန်း၏ မျက်လုံးများတွင် အလင်းသစ်တစ်ခုတောက်ပလာသည်။
ဧကရာဇ်တရားရုံးက ၎င်းတို့စိတ်ကြိုက်လုပ်ပါက ချူးမျိုးနွယ်စုက ခံနိုင်ရည်ရှိမည်မဟုတ်ကြောင်း သူသိသည်။ မြို့ဝန်ကျုံးရှင်အိမ်တော်သည် တဝေ၏ မြင့်မြတ်သောမိသားစုဖြစ်ကာ အံ့သြဖွယ်ကောင်းစွာ တည်ရှိနေပုံရသော်လည်း၊ ဤအချိန်တွင် ၎င်းတို့သည် ထိုသာမန်ဂိုဏ်းများထက်ပင် ပိုမိုပျက်စီးယိုယွင်းသည်။
အဘယ်ကြောင့်ဆိုသော် သူ၏အာဏာသည် တဝေ၏ ဧကရာဇ်တရားရုံးမှ ထွက်ပေါ်လာခြင်းဖြစ်ကာ သူ၏ကိုယ်ပိုင်အင်အားမဟုတ်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ဧကရာဇ်တရားရုံးသည် ရန်လိုမှုဖြစ်လာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ကိုသတ်ခြင်းသည် စကားလုံးသက်သက်သာဖြစ်နိုင်သည်။ အရာရှိအနည်းငယ်သည် ချူးမျိုးနွယ်စုတစ်ခုလုံးကို သတ်ပစ်ရန် လုံလောက်သည်။
ဆန့်ကျင်ဘက်အနေနှင့်၊ သာမန်ဂိုဏ်းများ၏ အင်အားသည် ၎င်းတို့နှင့် ၎င်းတို့၏ အမွေဆက်ခံမှုမှ လာသောကြောင့်၊ တဝေ၏ ဧကရာဇ်တရားရုံးသည် ရန်လိုတိုက်ခိုက်လိုသည့်တိုင် စကားလုံးအနည်းငယ်ဖြင့် ဂိုဏ်းတစ်ခုကို သုတ်သင်ပစ်ရန် မဖြစ်နိုင်ပေ။
"ငါနောက်ကျသွားပြီ။" ချူးယွင်ဖန်းချက်ချင်းနောင်တရသွားသည်။
သူသည် ပြင်ပလောက၌ ရက်အနည်းငယ်မျှသာ နေခဲ့သည်။ ဧကရာဇ်တရားရုံးသည် ဤမျှလောက် ရက်စက်မည် မဟုတ်ဟု သူထင်ခဲ့၍ အများဆုံးအနေဖြင့် သူ့တစ်ယောက်တည်းကို ကိုင်တွယ်မည်ဟုထင်ခဲ့သည်။
နောက်ဆုံးတွင်၊ မြို့ဝန်ကျုံးရှင်နေအိမ်သည် ဘုရင့်နိုင်ငံကို တည်ထောင်သူများထဲမှ တစ်ခုဖြစ်သည်။ တိုင်းပြည်တည်ထောင်ချိန်မှ ယခုအချိန်အထိ တရားရုံးအတွက် စတေးမှုများ မရေမတွက်နိုင်အောင် ပြုလုပ်ခဲ့ကြသည်။ အမွေဆက်ခံသူ မျိုးဆက်ပေါင်းများစွာ သေဆုံးရခြင်းသည် တရားရုံးကြောင့်ပင်ဖြစ်သည်။
ဗုဒ္ဓ၏ မျက်နှာကို ကြည့်ရမည်ဟူသော ဆိုရိုးစကားအတိုင်းပင်ဖြစ်ကာ အကျိုးအမြတ်မရှိလျှင်ပင် ကြိုးကြိုးစားစားလုပ်ရပေမည်။ မြို့ဝန်ကျုံးရှင်နေအိမ်သည် တဝေအတွက် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သောကြောင့် ၎င်းတို့သည် ပြဿနာတွင် ပတ်သက်ဆက်နွှယ်နေမည်မဟုတ်ပေ။
ယခုမူ ချူးယွင်ဖန်းသည် ဧကရာဇ်တရားရုံး၏ ရက်စက်ယုတ်မာမှုကို လျှော့တွက်ထားကြောင်း သဘောပေါက်လာခဲ့သည်။ လက်ရှိဧကရာဇ်သည် အမှန်တကယ်ပင် ရက်စက်ကြမ်းကြုတ်သူဖြစ်ကာ သူ့ကို တိုက်ခိုက်ရန် ဆုံးဖြတ်ပြီးသည်နှင့် သူသည် ချုံပုတ်တစ်ဝိုက်ကို မရိုက်ဘဲ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သည်။
ထို့အပြင် မြို့ဝန်နေအိမ်ကို တိုက်ခိုက်ခြင်းက အနာဂတ်ပြဿနာများကို ဖယ်ရှားပစ်ရန်ဖြစ်ကြောင်း ရှင်းလင်းစွာပင် သိသာသည်။ ချူးယွင်ဖန်းသည် နေအိမ်ကောင်းမွန်တိုးတက်လာရန် မျှော်လင့်ထားခဲ့သော်လည်း ယခုအခါ ဧကရာဇ်တရားရုံးက သုတ်သင်ခြင်းခံခဲ့ရသည်။ နေအိမ်တွင် တိုင်ကြားမှုများမရှိဟု ဆိုရန် မဖြစ်နိုင်ပေ။ သို့သော် တကယ်မရှိသည့်တိုင် ဧကရာဇ်က ရှိစေချင်ပါက အမှားက အမှန်ဖြစ်နိုင်သည်။ အခြေအမြစ်မရှိသော စွပ်စွဲချက်တစ်ခုသည် လုံလောက်သည်။
ဤသည်ကိုတွေး၍ ချူးယွင်ဖန်း၏ သတ်ဖြတ်ချင်စိတ်က လုံးဝ ပေါက်ကွဲသွားကာ သူ့ကိုယ်သူ လုံးလုံးလျားလျားမထိန်းနိုင်ခဲ့ပေ။
"မဟုတ်ဘူး မနေ့က မြို့ဝန်ကျုံးရှင်ရဲ့မိသားစုကို သေဒဏ်စီရင်ရေးကွင်းဆီ ခေါ်သွားခဲ့ပေမယ့် ကွပ်မျက်ခြင်းအကြိုနေ့မှာ ကယ်နိုင်ခဲ့တယ်" စီတုမြောင်ယီက အလျင်အမြန်ပြောခဲ့သည်။
စီတုမြောင်ယီစကားကိုကြားသောအခါ ချူးယွင်ဖန်း၏ သတ်ပစ်ချင်စိတ်က အနည်းငယ် လျော့သွားသည်။
"တစ်ယောက်ယောက်က ကယ်လိုက်တာလား ဘယ်သူလဲ သိလား"
"ကျွန်မမသိဘူး။ ဘယ်သူမှလည်းမသိဘူး။ အဲ့တာကြောင့် ဒုတိယမင်းသားက ဒေါသတကြီးနဲ့ အောက်ခြေအထိ စုံစမ်းစစ်ဆေးဖို့ အမိန့်ထုတ်ထားတယ်။ ဒါပေမယ့် အခုထိ ဘယ်သူလဲဆိုတာ ဘယ်သူမှ မသိသေးပါဘူး။ ရှင်နဲ့ အဆက်အသွယ်ရှိတဲ့ လူတွေအတွက်၊ ကျွန်မတို့အိမ်နားမှာ လျှို့ဝှက်အေဂျင်စီက သူလျှိုတွေ အများကြီးရှိတယ်"
အခန်း(၁၃၈၂) နောက်ကွယ်မှလူ ပေါ်လာခြင်း
စီတုမြောင်ယီက ဆက်ပြောသည်။
"အေဂျင်စီသူလျှိုတွေဆီက ရှောင်ပြီး ကျွန်မ ဒီနေ့လာခဲ့တာ။ ကျွန်မ ရှင့်ကိုတွေ့ရလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး။ ရှင်အဆင်ပြေနေတာမြင်ရလို့ တော်သေးတယ်”
သူမအတွက်မူ ချူးယွင်ဖန်းက အဆင်ပြေနေသောကြောင့် ကျန်သောအရာများအားလုံးက အရေးမကြီးပေ။ လွန်ခဲ့သည့် ညအနည်းငယ်တွင် သူမ ခပ်တိုးတိုးငိုခဲ့ရကြောင်း မည်သူ့ကိုမျှ မပြောခဲ့ဖူးပေ။ ချူးယွင်ဖန်းကို ချစ်မိနေပြီဖြစ်ကြောင်း သူမသိခဲ့သော်လည်း သူမနှလုံးသားတွင်သာ မြှုပ်နှံထားကာ ၎င်းကို မပြသခဲ့ပေ။
သူမအတွက် ချူးယွင်ဖန်းတမျှ ထူးခြားလှသော လူတစ်ဦးမျှ မရှိခဲ့ဖူးပေ။ ထို ကြင်ဖော်တွေ့သော နေ့တွင် သူမကို ကယ်တင်ခဲ့ပြီးသည့်အချိန်၊ သူမ၏ မွေးနေ့ပါတီတွင် ထူးခြားသော ဂုဏ်ပြုလက်ဆောင်ပေး၍ နတ်အဆင့်သို့ တက်လှမ်းဖြတ်ကျော်ရန် ကူညီပေးခဲ့သောအချိန်မှစ၍ သူမသည် သူမ၏ ကံကြမ္မာကိုစတင်ထိန်းချုပ်လာနိုင်ခဲ့သည်။
ထို့နောက် ချူးယွင်ဖန်းသည် ကြယ်တံခွန်ကဲ့သို့ မြင့်တက်လာကာ လူတစ်ဦးက အလွန်ထူးချွန်နိုင်ကြောင်း သူမ၏ နားလည်နိုင်စွမ်းကို အပြည့်အဝ ချိုးဖောက်ခဲ့သည်။
“ရှင် အသတ်ခံရတယ်လို့ ဧကရာဇ်တရားရုံးက ပြောတုန်းက ကျွန်မတော်တ်ော စိုးရိမ်သွားတာ” စီတုမြောင်ယီဥ သူမ ကြားရသော အသံခပ်တိုးတိုးဖြင့် ရေရွတ်လိုက်သည်။
ချူးယွင်ဖန်းရှိုက်ကြီးတငင် ပြုံးလိုက်သည်။ သူသည် စက်ရုပ်မဟုတ်သောကြောင့် စီတုမြောင်ယီ၏ ချစ်ခြင်းမေတ္တာကို သူမည်သို့ သတိမပြုမိဘဲ နေလိမ့်မည်နည်း။ သို့သော် ယခုအချိန်သည် စဉ်းစားရမည့်အချိန်မဟုတ်ပေ။ ချူးမိသားစုကယ်တင်ခံလိုက်ရသည်နှင့် နောက်ဆုံးတွင် သူ သက်ပြင်းချနိုင်ခဲ့သည်။ ချူးမျိုးနွယ်စု တစ်ခုလုံးသာ သူ့ကြောင့် ကွပ်မျက်ခံလိုက်ရပါက အဆုံးမရှိသော အပြစ်ရှိစိတ်ကို သူခံစားရမည်မှာ အသေအချာပင်ဖြစ်သည်။
သူသည် ချူးမျိုးနွယ်စုနှင့် လားလားမျှမဆိုင်သော်လည်း ချူးမျိုးနွယ်စုက သူ့အား အင်အားနည်းသေအချိန်၌ ခိုလှုံခွင့်ပေးခဲ့သည့်အချက်ကို ငြင်း၍မရနိုင်ပေ။ ဒဏ်ရာအပြင်းအထန်ရကာ သေဆုံးခါနီးဖြစ်နေခဲ့သော ချူးယွင်ဖန်းအတွက် ယင်းက အလွန်အရေးကြီးခဲ့သည်။
အထူးသဖြင့် သူ့ကို ကလေးအရင်းတစ်ဦးသဖွယ် ဆက်ဆံပေးခဲ့သော ဘိုးဘွားများ၊ သူ နှလုံးသားထဲမှ လေးစားခဲ့ရသော ဘိုးဘွားများသာ
အထူးသေဆုံးသွားခဲ့ပါက ချူးယွင်ဖန်း တစ်သက်လုံး အပြစ်ရှိစိတ်ကို ခံစားရပေလိမ့်မည်။
ယခု ၎င်းတို့ကို ကယ်တင်လိုက်သူရှိသဖြင့် ချူးယွင်ဖန်း နောက်ဆုံးတွင် သက်ပြင်းချနိုင်ခဲ့သည်။ သို့သော် သူသည် ပို၍ပင် ပဟေဠိဖြစ်ခဲ့ရသည်။ ချူးမိသားစုကို ကယ်တင်ခဲ့သော အင်အားက မည်သူဖြစ်သနည်း။ ဧကရာဇ်တရားရုံးသည် မြို့ဝန်ကျုံးရှင်ကို ဖြုတ်ချကာ ၎င်းတို့ တစ်မိသားစုလုံးကို ကွပ်မျက်လိုကြောင်း ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြခဲ့သည်။ ယခု လှုပ်ရှားလိုက်ခြင်းဖြင့် ဤတပ်ဖွဲ့သည် ဧကရာဇ်တရားရုံးကို ဆန့်ကျင်လိုခြင်းဖြစ်သည်ကို သိသာထင်ရှားလှသည်။
ဒုတိယမင်းသားပြန်လာပြီးနောက်တွင် သူ၏ဒေါသကိုဖြေဖျောက်ရန် ချူးမျိုးနွယ်ကို လက်စားချေခဲ့သည်။ ဤအချိန်တွင် ချူးမျိုးနွယ်စုကို ကယ်တင်ခြင်းသည် ဒုတိယမင်းသားကို ဒေါသဖြစ်စေကာ လက်စားချေမှုမုန်တိုင်းတစ်ခုဖြစ်လာမည်မှာသေချာလှသည်။
ဤသို့သော သတ္တိများ မည်သူတို့တွင် ရှိခဲ့သနည်း။
ထို့အပြင် ဤအရာသည် သတ္တိရှိရုံဖြင့် ပြီးမြောက်နိုင်သောအရာမဟုတ်ပေ။ ၎င်းကို လုပ်ဆောင်ရန် လုံလောက်သော ခွန်အားရှိရမည်ဖြစ်သည်။ တဝေတွင် ဤကဲ့သို့ သတ္တိနှင့် ခွန်အားရှိသူ အနည်းငယ်ရှိသည်။ သို့သော်လည်း တိုက်ခိုက်ရန် အကြောင်းပြချက်ရှိသူ မည်သူ့ကိုမျှ မတွေးမိကြပေ။ ဤကိစ္စက ဤမျှ မရိုးရှင်းကြောင်း သူခံစားမိလိမ့်မည်ဖြစ်ကာ အရာအားလုံးသည် သူ့ဆီသို့ ဦးတည်လာနိုင်သည်။ချူးမျိုးနွယ်စုတစ်ခုတည်းက ဧကရာဇ်တရားရုံးကို ဆန့်ကျင်ရန် နောက်ကွယ်မှ လူနှင့် မထို်ကတန်ပေ။
ရုတ်တရက်၊ ချူးယွင်ဖန်းသည် မည်သူတိုက်ခိုက်ခဲ့သည်ကို မသိနိုင်သဖြင့် မလှမ်းမကမ်းမှ ခုန်ဆင်းသွားလေသည်။ ခဏအကြာတွင် သူသည် ချူးယွင်ဖန်းရှေ့သို့ ရောက်ရှိနေပြီဖြစ်သည်။
"ဒါ… ဒါက ဆရာ ချူး.. လား" ချူးယွင်ဖန်းအသက်ရှင်နေသေးသည်ကို မယုံနိုင်လောက်အောင် တုန်လှုပ်နေသည့်ပုံ၏ အသံ တစ်ခု ထွက်ပေါ်လာသည်။
"ချူးယွင်ဖန်း အသက်ရှင်နေသေးတယ်။ ငါ့သခင် လောင်းလိုက်တာ မှန်သွားပြီ”
ဤသည်မှာ ထိုလူ၏ စိတ်ထဲမှာ ပဲ့တင်ထပ်လာသော တစ်ခုတည်းသော အတွေးပင်ဖြစ်သည်။
"မှန်တယ်၊ ငါပဲ။" ချူးယွင်ဖန်းက ခေါင်းညိတ်ပြကာ ထိုသူကို ကြည့်လိုက်သည်။
၎င်းက သာမန်လူတစ်ဦးနှင့်မတူသည့် ပိန်ပါးသော လူလတ်ပိုင်း အမျိုးသားတစ်ယောက်ဖြစ်သည်။ သို့သော် ချူးယွင်ဖန်းသည် သာမန်လူဟုထင်ရသည့် ဤပုဂ္ဂိုလ်သည် အမှန်တကယ် နတ်အဆင့်တွင်ရှိနေကြောင်း ပြောနိုင်သည်။
"တကယ်ပဲ ဆရာချူး… ဒါ ခင်ဗျားပဲ။ ကျုပ် မျက်လုံးတွေ မှားမြင်နေတယ်ထင်ခဲ့တာ။ ကျုပ်သခင်က ဆရာ့ကို ဖိတ်လိုက်ပါတယ်။ ဆရာချူး ဆရာ့မှာ စကားပြောဖို့အချိန်ရှိလား” လူလတ်ပိုင်းအရွယ်က ခပ်မြန်မြန်ပြောလိုက်သည်။
သူသည် ချူးယွင်ဖန်းကို ဂရုတစိုက် စိုက်ကြည့်နေသည်။ သူက ချူးယွင်ဖန်းကို အတင်းအကြပ် မပြုဝံ့ပေ။ သူ့ရှေ့မှ ဤလူသည် အမတေကောင်စီကို ဂရုမစိုက်သည့် အထူးကျွမ်းကျင်သူတစ်ဦးဖြစ်သည်။ ချူးယွင်ဖန်း၏ လက်ထဲ၌ သေဆုံးသွားသော ရွှေအမတေများအားလုံးသည် နာမည်ကြီးသော်လည်း ချူးယွင်ဖန်း၏ လက်ထဲတွင် ခွေးများကဲ့သို့ သုတ်သင်ခြင်းခံခဲ့ရသည်။ သူ့ကဲ့သို့ အမှုန်အမွှားလေးတစ်ခုသည် လက်တစ်ဖက်တည်းဖြင့် ချေမွခြင်း ခံလိုက်ရနိုင်သည်။
"စိတ်ဝင်စားဖို့ကောင်းတယ်။ လမ်းပြပါ" ချူးယွင်ဖန်းက တည်ငြိမ်စွာပြောသည်။
ချူးမျိုးနွယ်စုသည် အကယ်ခံရကာ ၎င်းတို့ အသက်အန္တရာယ်မကျရောက်ကြောင်း သူသိသောကြောင့် ချူးယွင်ဖန်း သက်သာရာရသွားသည်။ သူသည် အစပိုင်းကလောက် မစိုးရိမ်လှတော့ပေ။
ထို့နောက် ချူးယွင်ဖန်းသည် အနည်းငယ်မှင်တက်သွားသော စီတုမြောင်ယီဘက်သို့ လှည့်ကာပြောလိုက်သည်။
“မိန်းကလေး စီတု မင်း အိမ်အရင်ပြန်လိုက်ပါ။ ကိစ္စတွေ အခြေကျသွားရန် ကျွန်တော် ပြန်လာပြီး အတိတ်က အကြောင်း ပြန်ပြောကြတာပေါ့။ ဒါပေမယ့် ကျွန်တော် ပြန်ရောက်လာကြောင်း ဘယ်သူ့ကိုမှ မပြောမိပါစေနဲ့လို့ မျှော်လင့်ပါတယ်”
"ငါ ဘယ်သူ့ကိုမှ မပြောဘူး” စီတုမြောင်ယီမြန်မြန်ပြောလိုက်သည်။
ချူးယွင်ဖန်းက ပြုံး၍ ခေါင်းညိတ်ပြပြီးနောက် ပိန်ပိန်ပါးပါး လူလတ်ပိုင်း အမျိုးသားနှင့် အတူ ထွက်လာခဲ့သည်။
"ဒါ ကောင်းတယ်" စီတုမြောင်ယီသည် ချူးယွင်ဖန်း၏ ကျောကို ကြည့်ကာ ပြုံးလိုက်သည်။ ထို့နောက် သူမသည် လှည့်၍ လမ်းထောင့်မှ ထွက်ခွာသွားသည်။ သူမ အကြိုက်ဆုံး သကြားလုံး စားလိုက်ရသည့် ကလေးမလေးတစ်ယောက်ကဲ့သို့ လမ်းလျှောက်သွားလိုက်သည်။
ချူးယွင်ဖန်းသည် ထိုလူနောက်မှလိုက်ကာ နေအိမ်အနီးရှိ လမ်းထောင့်မှ ထွက်ခွာသွားခဲ့သည်။ ဆယ်လမ်းအကွာက မြို့ထဲက ရေကန်တစ်ခုဆီကို ရောက်လာကြရာ ဤရေကန်သည် ကြီးမားသော်လည်း ရေကန်ဘေးတွင် အိမ်တစ်လုံးသာ ရှိသဖြင့် အလွန် ထူးခြားသည်။
တစ်အိမ်လုံး ခမ်းနားထည်ဝါသည်ဟု ထင်ရသော်လည်း အနည်းငယ် မသိသာပေ။ ရွှေရောင်အဆင်းအသွေး သို့မဟုတ် ထွင်းထုထားသော ထုပ်တန်းများမရှိသော်လည်း အဝေးမှနေ၍ အထူးအဆန်းဖြစ်နေသည်ကို မြင်နိုင်သည်။
"မင်းရဲ့သခင်ကဘယ်သူလဲ။" ချူးယွင်ဖန်းသည် ရေကန်မျက်နှာပြင်ပေါ်တက်ပြီး အိမ်ဆီသို့ လျှောက်သွားသည်။
သူ့ရှေ့က လမ်းလျှောက်နေသော လူလတ်ပိုင်းအရွယ် ပိန်ပိန်ပါးပါး အမျိုးသားက တုန်လှုပ်သွားသည်။
"ဆရာချူး၊ ကျေးဇူးပြုပြီး စောင့်ပေးပါဦး ကျွန်တော်တို့ ရောက်ခါနီးပြီ။ အချိန်တန်ရင် သခင်ကိုယ်တိုင် မိတ်ဆက်ပေးလိမ့်မယ်"
ချူးယွင်ဖန်းက သူ့ကိုကြည့်ကာ မည်သည့် မှတ်ချက်မျှမပေးသကဲ့သို့ မည်သို့မျှလည်းမပြောခဲ့ပေ။ ခဏအကြာ၌ အိမ်ရှေ့သို့ ရောက်လာခဲ့ကြသည်။ ထိုသူသည် လက်ဖြင့် စည်းချိပ်ပြုကာ ခြံဝင်းအတွင်း ဖုံးအုပ်ထားသည့် အတားအဆီးက ချက်ချင်း ပြန့်ကျဲ၍ တံခါးက ဖြည်းညှင်းစွာ ပွင့်သွားသည်ကို မြင်လိုက်ရသည်။
ချူးယွင်ဖန်းက သူ့နောက်ကို လိုက်သွားသည်။ ထောင်ချောက်များကို သူမကြောက်ပေ။ ယခု သူ တဝေ့တွင်ရှိနေသောကြောင့် ထောင်ချောက်များကို အမှန်တကယ် မကြောက်ခဲ့ပေ။ သူ့ကို ကူကယ်ရာမဲ့ဖြစ်အောင် လုပ်နိုင်သည့် ထောင်ချောက်ဟူ၍ မရှိပေ။
ရက်တိုတိုအတွင်းတွင် သူ၏ ခွန်အားက ယခင်ကနှင့်ယှဥ်လျှင်သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
မဏ္ဍပ်ကိုဖြတ်ကူးပြီး ခြံဝင်းတစ်ခုဆီသို့ ရောက်လာကြသည်။
ခြံထဲတွင် လက်ဖက်ရဉ်သောက်နေသော လူတစ်ဦးရှိကာ သူက ချူးယွင်ဖန်းကို မြင်လိုက်ရသောအခါ အနည်းငယ် အံ့သြထိတ်လန့်သွားသည်။
အခန်း(၁၃၈၃) အံ့သြစရာ တိုက်ပွဲ
ချူးယွင်ဖန်းက မော့ကြည့်လိုက်သောအခါ အသက်သုံးဆယ်ကျော် အရွယ် လူငယ်တစ်ဦးကို မြင်လိုက်ရသည်။
အရပ်ရှည်ရှည် ခပ်သွယ်သွယ် ခန္ဓာကိုယ်ပေါ်တွင် အဝါရောင် ၀တ်စုံကို ၀တ်ထားသည်။ သူသည် ဂုဏ်သိက္ခာရှိသောပုံပေါ်ကာ လူများအကြား၌ နဂါးတစ်ကောင်အဖြစ်တင်စား၍ရနိုင်သော အသွင်အပြင်မျိုးရှိသည်။
“ဆရာချူးလား။ ကြားရတာထက် မြင်ရတာ ပိုကောင်းသလိုပဲ” ထိုလူငယ်၏ မျက်နှာပေါ်မှ ထိတ်လန့်တုန်လှုပ်သော အမူအရာသည် ချက်ခြင်းပျောက်ကွယ်မသွားမီ တစ်ခဏမျှသာ ကြာသွားသည်။
"ကျွန်တော်က ချူးယွင်ဖန်းပါ၊ ခင်ဗျား ဘယ်သူလဲဆိုတာ သိခွင့်ရမလား” ချူးယွင်ဖန်းက ခေါင်းညိတ်လိုက်သည်။
"အမှန်အတိုင်းပြောရရင် ငါက ဝေ့ဝူယပါ။ မင်းသားဆယ့်ရှစ်ပေါ့”
လူငယ်က ဖြည်းညှင်းစွာပြောသည်။
ချူးယွင်ဖန်း၏ မျက်လုံးများ စူးရှစွာ တောက်ပလာသည်။ နောက်ကွယ်မှလူမည်သူဖြစ်မည်ကို မှန်းဆခဲ့သော်လည်း တဝေ၏ မင်းသားတစ်ပါးဖြစ်နေမည်ဟု ဘယ်သောအခါကမျှ မမျှော်လင့်ထားခဲ့ပေ။
တဝေ၏ ဧကရာဇ်မင်းသည် ချူးမျိုးနွယ်စုတစ်ခုလုံးကို ကွပ်မျက်ရန် အမိန့်ပေးခဲ့ကာ သားဖြစ်သူ ဝေ့ဝူယက ဖခင်၏ဆန္ဒကို ဆန့်ကျင်ကာ ချူမျိုးနွယ်ကို ကယ်တင်ခဲ့သည်။ ဤအရာသည် ချူးယွင်ဖန်း မျှော်လင့်ထားခဲ့သည့်အရာလုံးဝမဟုတ်ပေ။
သို့သော် သေသေချာချာ စဉ်းစားကြည့်ပြီးနောက် မင်းသားဆယ့်ရှစ်နှင့်ပတ်သက်သည့် အချက်အလက်များကို သူမမှတ်မိတော့ပေ။ တဝေတွင် မင်းသား များစွာရှိကာ အာဏာကြီးမား၍ ထီးနန်းကို ဆက်ခံနိုင်စွမ်းရှိသူ အနည်းငယ်သာ ရှိသည်။ မည်သို့ပင်ဆိုစေကာမူ ၎င်းတို့အနက်တွင် မင်းသားဆယ့်ရှစ်မရှိသည်မှာ သေချာသည်။ ဤသည်ကို ချူးယွင်ဖန်း ကောင်းစွာသိသည်။ သို့သော် မင်းသားဆယ့်ရှစ်သည် ချူးမျိုးနွယ်ကို ကယ်တင်လိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ပေ။
“ဒါဆို ဒါ မင်းသားဆယ့်ရှစ်ပေါ့။ မင်းသားက ချူးမျိုးနွယ်စုတစ်ခုလုံးကို တော်ဝင်မင်းမြတ်ရဲ့အမိန်ကို လွန်ဆန်ပြီး ကယ်တင်ခဲ့တယ်လို့ ကြားလိုက်ပါတယ်။ ကျွန်တော် အရမ်းကျေးဇူးတင်ပါတယ်” ချူးယွင်ဖန်းက လက်ဟန်ပြုကာ ပြောလိုက်သည်။
“ဆရာချူးက ယဥ်ကျေးလွန်းနေပါပြီ။ ကျုပ်အဖေနဲ့ အစ်ကိုရဲ့ လုပ်ရပ်ကို ကျုပ်သဘောမတူပါဘူး မြို့ဝန်ကျုံးရှင်က တဝေကို တည်ထောင်ခဲ့တဲ့ မြို့ဝန်ပဲ။ သူတို့ တိုင်းပြည်အတွက် အများကြီးပေးခဲ့တယ်။ သူတို့ အခုတော့ ပုန်ကန်ဖို့ ကြံစည်မှုနဲ့ သေဒဏ်ပေးခံရတော့မယ်” ဝေ့ဝူယက ပြောသည်။
“မင်းသား အမှန်တိုင်းမပြောမှာစိုးတယ်…” ချူးယွင်ဖန်းက ဝေ့ဝူယကိုကြည့်ကာ အပြုံးမပျက်ပြောလိုက်သည်။
"ဒါက အကြောင်းပြချက်ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ကျွန်တော် သေသွားပြီလို့ ဧကရာဇ်တရားရုံးက အတည်ပြုပြီးသားကို ချူးမျိုးနွယ်စုကို ကယ်တင်ဖို့ ဘာလို့ အန္တရာယ်အကျခံမှာလဲ။ ဘုရင်သိရင် မင်းသား အသတ်ခံရလိမ့်မယ်”
ဝေ့ဝူယသည် ချူးယွင်ဖန်းကိုကြည့်ကာ ခဏရပ်လိုက်သည်။
"မင်းပြောသလောက်ပြောပြီးပြီဆိုတော့ ကျုပ် ဝေ့ဝိုက်မနေတော့ဘဲ တည့်တိုးပြောလိုက်တော့မယ်။
အမှန်က ဧကရာဇ်တရားရုံးရဲ့ ဝါဒဖြန့်ချက်အရ မင်းသေသင့်တယ်။ ဒီသတင်းက ဗိုလ်ချုပ်ကြီး ယဲ့ဖေးနဲ့ ထမ အုပ်ထိန်းသူရဲ့ ပါးစပ်ကနေ ထွက်လာတာ။ ရိုးသားစွာ ပြောရမယ်ဆိုရင် အံ့သြစရာကောင်းလွန်းတယ်။ မင်း အသက်ရှင်နိုင်တဲ့အခွင့်အရေး အရမ်းနည်းတယ်ထင်တာ”
ချူးယွင်ဖန်းခေါင်းညိတ်လိုက်သည်။ ဤစကားကို သူယုံသည်။ ဝေ့ဝူယ၏ အမူအယာကိုကြည့်၍ ယင်းက အမှန်တရားဟုပြောနိုင်သည်။
ဝေ့ဝူယသည် သူ့ကို ပထမဆုံးမြင်လိုက်ရသောအခါ ချူးယွင်ဖန်း အသက်ပြန်ရှင်လာမည်ဟု မည်သည့်အခါကမျှ မမျှော်လင့်ထားသကဲ့သို့ အလွန်ထိတ်လန့်သွားသည်။ တကယ်တမ်းတွင် ဧကရာဇ်တရားရုံးက ကြီးကျယ်ခမ်းနားစွာ လူသိရှင်ကြား ကြေညာထားပြီးဖြစ်သောကြောင့် ယင်းက အလွန် စိတ်ဝင်စားကာ တတိကျမှုရှိရပေမည်ဖြစ်သည်။ မဟုတ်လျှင် ယင်းက ၎င်းတို့ မျက်နှာကို အရိုက်ခံရန် စောင့်နေခြင်းပင်မဟုတ်သလော။
ချူးယွင်ဖန်းသည် ဧကရာဇ်တရားရုံး၏ မလွတ်နိုင်သောပိုက်ကွန်မှ အမှန်တကယ် လွတ်မြောက်နိုင်လိမ့်မည်ဟု မည်သူမျှ မထင်ခဲ့မိပေ။
"ဒါဆို မင်းသား ဘာလို့ တိုက်ခိုက်တာလဲ။" ချူးယွင်ဖန်းက တည်ငြိမ်စွာ မေးလိုက်သည်။
"ရိုးရိုးသားသားပြောရရင် ကျွန်တော် လောင်းကြေးထပ်ထားတာပါ။ အဲံဖြစ်နိုင်ခြေ သေးသေးလေးနဲ့ လောင်းနေတာ" ဝေ့ဝူယက ပြောသည်။
"ဒီကိစ္စကို ဗိုလ်ချုပ် ယီဖေးနဲ့ ပထမအုပ်ထိန်းသူက အတည်ပြုထားပေမယ့် မင်းရဲ့ ခွန်အားနဲ့ မင်းလွတ်မြောက်ဖို့ မျှော်လင့်ချက် ရှိနေတုန်းပဲလို့ ခံစားမိနေတုန်းပဲ။ အခွင့်အလမ်း နည်းပေမယ့် ငါ့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ပဲ" ဝေ့ဝူယ၏ အသံသည် ပိုကျယ်လောင်လာသည်။
"မင်း ထီးနန်းကို သိမ်းပိုက်ချင်လား" ချူးယွင်ဖန်းရုတ်တရက် မေးလိုက်သည်။
"မှန်ပါတယ်၊ ရာဇပလ္လင်ကို သိမ်းပိုက်ချင်ပါတယ်။ နယ်ချဲ့မိသားစုမှာ လူဘယ်နှစ်ယောက်က ဒီလို မြင့်မြတ်တဲ့ရာထူးကိုမှ မယူချင်ကြဘူး" ဝေ့ဝူယကပြောသည်။
"ငါ့ညီတွေထက်စာရင် ငါက အားနည်းလွန်းတယ်။ ငါ့အမေရဲ့ မျိုးနွယ်စုက အင်အားကြီးတဲ့ မျိုးနွယ်စုမဟုတ်ဘူး။ ငါက ငယ်သေးတယ်၊ ငါ့အစ်ကိုတွေ တိုးလာတာနဲ့ ငါ့မှာ ဘယ်သူမှ မနှိုင်းယှဥ်နိုင်တဲ့ အရာတစ်ခုမှ မရှိဘူး။ နှစ်တွေကြာလာတော့ ထီးနန်းကို ပြိုင်ဆိုင်နိုင်တဲ့သူတစ်ယောက်အနေနဲ့တောင် မဆက်ဆံကြတော့ဘူး”
ဝေ့ဝူယသည် နာမည်ရရန် နှစ်ပေါင်းများစွာ ကြိုးစားခဲ့သည်။
သို့သော်လည်း တဝေတွင် သူ့ကဲ့သို့ မင်းသား ဒါဇင်ပေါင်းများစွာရှိနေသဖြင့် ယင်းက အဓိပ္ပါယ်မရှိပေ။ သူ့ကဲ့သို့မင်းသားများသည် ပွဲတော်များတွင် ဖခင်၏ မျက်နှာကိုပင် မမြင်ကြရပေ။
သို့သော် ယင်းကို သူလက်မခံချင်ပေ။ သူသည် ပျင်းရိဖွယ်မင်းသားတစ်ဦးဖြစ်ရန် ဆန္ဒမရှိခဲ့ပေ။ တဝေတွင် မင်းသားများစွာရှိသောကြောင့် မင်းသားမဖြစ်နိုင်ပေ။ ၎င်းတို့အားလုံးသည် ဧကရာဇ်ဘွဲ့ကို အပ်နှင်းလိုက်လျှင် တဝေ၏ ဘဏ္ဍာရေးဆိုင်ရာ ပုံမှန်မဟုတ်သော ဘေးအန္တရာယ်တစ်ခု ဖြစ်လာမည်ဖြစ်သည်။ မျိုးဆက်တစ်ခုစီတွင် ဧကရာဇ်ဘွဲ့ကို အပ်နှင်းနိုင်သူ အနည်းငယ်သာ ရှိသေးသည်။ သူ့ကဲ့သို့ လူအတွက် သူသည် မြို့စား သို့မဟုတ် မြို့ဝန်ပင်ဖြစ်သည်။ သူ၏သားစဉ်မြေးဆက်များသည် မျိုးဆက်အနည်းငယ်တွင် သာမန်လူများဖြစ်လာမည်ဖြစ်သည်။
သူသည် ဧကရာဇ်မိသားစုတွင် မွေးဖွားလာသောကြောင့် အလွယ်တကူ အရှုံးမပေးပေ။
"ပြီးတော့ ငါတို့ အဖေနဲ့ အစ်ကိုက ချူးမျိုးနွယ်စုကို လုပ်ခဲ့တာတွေကို ငါသိတယ်။
မင်းအသက်ရှင်နေသေးရင် မင်းလက်မလွှတ်မှာသေချာတယ်။ ပြီးရင် ပြန်သင့်မြတ်ဖို့ နေရာမရှိတော့ဘူး" ဝေ့ဝူယက ချူးယွင်ဖန်းကို စိုက်ကြည့်လိုက်သည်။
သူသည် ချူးယွင်ဖန်း၏ အချက်အလက်များကို လေ့လာခဲ့ကာ ချူးယွင်ဖန်းက အသေးငယ်ဆုံးသောမကျေနပ်မှုအတွက် လက်စားချေမည့်သူတစ်ဦးဖြစ်ကြောင်း သိရှိခဲ့သည်။ အကယ်၍ သူသည် ဤမျှကြီးမားသောဆုံးရှုံးမှုကြီးကို လက်တုံ့ပြန်ခြင်းမပြုဘဲ ရပ်ချင်ပါက ဧကရာဇ်တရားရုံးသည် ဤမျှသတိထားလိမ့်မည်မဟုတ်ပေ။ ၎င်းတို့သည် ကျင်းကျန်းဟန်နှင့်ပင် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
မင်းသားတစ်ယောက်အနေနှင့် သူ့တွင် အာဏာအမြောက်အမြားမရှိသော်လည်း သာမန်လူများထက် များစွာပိုသိသည်။ သာမန်လူများက တဝေကို စတင်လှုပ်ရှားခဲ့ကြသူများဟု ထင်ခဲ့ကြသော်လည်း ဤသို့မဟုတ်ကြောင်းသူသိသည်။ တကယ်တမ်းတွင် ကျင်းကျန်းဟန်က စတင်လှုပ်ရှားခဲ့ခြင်းဖြစ်သည်။
"ဒါက ငါ့ရဲ့ တစ်ခုတည်းသော အခွင့်အရေးပဲ။ သန်မာတဲ့လူတစ်ယောက်ရဲ့ ပံ့ပိုးမှုမပါဘဲ ဧကရာဇ်ဖြစ်လာဖို့ မဖြစ်နိုင်ဘူး။ အခု ဆရာချူးကလွဲလို့ ငါ့ကို ထောက်ပံ့ချင်တဲ့သူ ကမ္ဘာမှာ ဘယ်သူမှ မရှိတော့ဘူး" ဝေ့ဝူယက ပြောသည်။
"ဒါကြောင့် ချူမျိုးနွယ်ကို ကယ်တင်ဖို့ စွန့်စားခဲ့ရတာ။ ဒါတွေက ငါ့ရဲ့ အကြောင်းပြချက်တွေပဲ" ဝေ့ဝူယသည် ချူးယွင်ဖန်းအား ၎င်း၏ ရပ်တည်ချက်ကို ထုတ်ဖော်ပြသရန် စောင့်ဆိုင်းနေဟန်တူသည်။
ချူးယွင်ဖန်းအနည်းငယ် ခေါင်းညိတ်လိုက်သည်။ ဤအကြောင်းပြချက်ကို သူယုံကြည်ခဲ့သော်လည်း ဝေ့ဝူယဟာ ဤမျှကြီးကျယ်သော လောင်းကြေးကို ထပ်ခဲ့လောက်သည်အထိ သတ္တိရှိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ အကယ်၍ သူသေဆုံးသွားပါက ဝေ့ဝူယကို စုံစမ်းမှုများမှ မကြာမီ သို့မဟုတ် နောက်ပိုင်းတွင် ရှာဖွေတွေ့ရှိနိုင်မည်ဖြစ်ပြီး သူသေဆုံးနိုင်ဖွယ်ရှိသည်။
သို့သော် သူသည် ထိုလောင်းကြေးကို လိုလိုလားလား ခံယူခဲ့သည်။ ထို့ကြောင့် မင်းသားဆယ့်ရှစ်က သာမန်လူမဟုတ်သည်မှာ ထင်ရှား၏။