အခန်း (၁၃၈၄-၁၃၈၆)
Vol. 93 Ch. 1384-1386
အခန်း(၁၃၈၄) သဘောတူညီချက်ကမ်းလှမ်းခြင်း
ဤဆယ့်ရှစ်မင်းသား ဝေ့ဝူယသည် ကျိန်းသေပင် ရက်စက်ကြမ်းကြုတ်သော လူတစ်ဦးဖြစ်သည်။ ချူးယွင်ဖန်းသာ သေသွားခဲ့ပါက သူ၏ မဟာမိတ်အပြုအမူမျိုးက အချည်းအနှီးပင်ဖြစ်ပေလိမ့်မည်။
ဤသည်က ထိတ်လန့်ဖွယ်ကောင်းသော လောင်းကြေးတစ်ခုပင်ဖြစ်သည်။ ထို့အပြင် အောင်မြင်မှုနှုန်းသည် မည်သူတစ်ဦးတစ်ယောက်အတွက်မျှ မမြင့်မားကြောင်း သို့မဟုတ် အခြေခံအားဖြင့် သုညပင်ဖြစ်ပုံရသည်။ သူယုံကြည်နိုင်သည့်တစ်ခုတည်းသောအရာမှာ ချူးယွင်ဖန်း၏အတိတ်အောင်မြင်မှုများဖြစ်သည်။ ချူးယွင်ဖန်းသည် ဧကရာဇ်တရားရုံး၏ ဝန်းရံမှုကို ရှင်သန်နိုင်မည်ဟု သူယုံကြည်ခဲ့သည်။
ဤသည်က မျက်ကန်းယုံကြည်မှုတစ်မျိုး ဖြစ်ကာ တစ်နည်းအားဖြင့် ချူးယွင်ဖန်းသည် သူ၏ နောက်ဆုံးသော ကောက်ရိုးတစ်ခုကဲ့သို့ဖြစ်သည်။ ဆုတ်ကိုင်ထားမှသာ ကိစ္စများကို ပြောင်းလဲပစ်နိုင်မည်။
မှန်သည်။ အကြီးမားဆုံးဖြစ်နိုင်ချေမှာ သူက ယင်းကို ဆုတ်ကိုင်ထားလျှင်ပင် ရေအောက်ထဲနစ်သွားနိုင်သည်။ ချူးယွင်ဖန်းက တဝေနိုင်ငံတစ်ခုလုံးကို မှောက်လှန်နိုင်စွမ်းရှိကြောင်း သူသေချာစေရမည်။ နောက်ဆုံးတွင်၊ တဝေ၏ လက်ရှိဝါဒဖြန့်မှုကြောင့် ချူးမိသားစုနှင့် ချူးယွင်ဖန်းတို့ကို သတ်ပစ်ခဲ့သည်။ အတိုချုပ်ပြောရလျှင် လက်ရှိဧကရာဇ်မင်း ရှိနေသရွေ့ ချူးယွင်ဖန်းကို မည်သို့မျှ အသိအမှတ်ပြုခံရမည်မဟုတ်ပေ။
ချူးယွင်ဖန်းအသက်ရှင်ကျန်ရစ်ခဲ့လျှင်ပင် သူ့တွင် ရွေးချယ်စရာနှစ်ခုသာရှိသည်။ သူသည် တဝေ၏ စနစ်တစ်ခုလုံးကို မှောက်လှန်ပစ်သည်ဖြစ်စေ၊ ချူးယွင်ဖန်းသည် ထိုကဲ့သို့ ခွန်အားရှိခဲ့သည်။
သို့သော် လူတိုင်း၏အမြင်အရ ချူးယွင်ဖန်းတွင် ထိုသို့လုပ်ဆောင်နိုင်စွမ်းမရှိပေ။ မည်သည့်ဘက်မှကြည့်စေကာမူ ချူးယွင်ဖန်းက တဝေတစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်နိုင်မည်မဟုတ်ပေ။ ချူးယွင်ဖန်းသည် မီစစ်ယွမ်နှင့် သွေးဘုရင်တို့ကိုသတ်ခဲ့ပြီးဖြစ်သော်လည်း ၎င်းတို့သည် ပညာရှင်ကြီးငါးဦး၏ အောက်ခြေတွင် ရှိနေသည်။
အထူးသဖြင့် မီစစ်ယွမ်ဖြစ်သည်။ ယခင်က ပုံစံမဲ့ဂိုဏ်းကြီး၏ သခင်သည် ကြီးကျယ်ခမ်းနားသော ပညာရှင်ငါးဦးထဲမှ တစ်ဦးဖြစ်သောကြောင့် ပညာရှင်ငါးဦးတွင် အဆင့်သတ်မှတ်ခံခဲ့ရခြင်းဖြစ်ကာ ထိုနေရာကို ရခဲ့သည် ဆိုရုံမျှသာဖြစ်သည်။
မွန်းစတားနှိမ်နင်းသူများ၏ ယွမ်ဟွမ်၏ သဘောထားကို ဘေးဖယ်ထားလျှင် ချူးယွင်ဖန်းသည် ကျွမ်းကျင်ပညာရှင်နှစ်ဦးဖြစ်သည့် ဗိုလ်ချုပ် ရီဖေး နှင့် ပထမအုပ်ထိန်းသူတို့နှင့် မနှိုင်းယှဉ်နိုင်ပေ။ ယင်းကို လူများစွာကသိသည်။ ချူးယွင်ဖန်းတွင် တောက်ပသော အနာဂတ်ရှိသော်လည်း ယင်းက ပစ္စုပ္ပန်မဟုတ်.. အနာဂတ်ဖြစ်နေဆဲပင်ဖြစ်သည်။
ဝေ့ဝူယသည် ချူးယွင်ဖန်းအပေါ်တွင် မျှော်လင့်ချက်အားလုံးကို ထားခဲ့သည်။ နောက်ဆုံးတွင်၊ သူသည် ကွပ်မျက်ရေးမြေပြင်ကို ဝင်စီး၍ ချူးမျိုးနွယ်စုကို ကယ်တင်ခဲ့သည့်ကိစ္စက ပေါ်ပေါက်လာမည်မှာ အသေအချာပင်ဖြစ်သည်။ ထိုအချိန်တွင် သူသည် အဆုံးသတ်နှင့်ရင်ဆိုင်ရပေမည်။ ချူးယွင်ဖန်းက ချူးမျိုးနွယ်စုနှင့် တဝေကို ထားခဲ့ကာ ထွက်သွားနိုင်ချေသည်လည်း အလွန်မြင့်မားသည်။ ထို့ကြောင့် ဝေ့ဝူယက အလွန်ကြီးမားသော လောင်းကြေးတစ်ခုကို ထပ်ခဲ့သည်ဟု ပြောရပေမည်ဖြစ်သည်။
ချူးယွင်ဖန်း နှုတ်ဆိတ်နေသည်ကိုမြင်သောအခါ ဝေ့ဝူယက ပြောလိုက်သည်။
"ငါက မင်းရဲ့အကောင်းဆုံးအဖော်လို့ ခံစားရတယ်။ ငါ့ကို အပြည့်အဝထောက်ခံမယ့် ကျွမ်းကျင်ပညာရှင်မရှိတာကြောင့် မင်းနဲ့ ချူးမျိုးနွယ်ရဲ့ မကျေနပ်မှုတွေကို ရှင်းပစ်ဖို့ မင်း ငါ့ကို ထီးနန်းတက်ခိုင်းလို့ရတယ်။ ငါ့အဖေက မှားတယ်ဆိုတာ ဘယ်တော့မှ ဝန်မခံဘူးဆိုတာ မင်းသိတယ်။ မင်းနဲ့ဆက်ဆံဖို့ သူတတ်နိုင်သမျှလုပ်မှာ သေချာတယ်။ ငါ့ညီဖြစ်ဖြစ် ငါ့အစ်ကိုနှစ်ယောက်ပဲ ဖြစ်ဖြစ်၊ သူတို့ နန်းတက်ရင်တောင် မင်းကို ကိုင်တွယ်ကြမှာ သေချာတယ်မလား”
"ဒါပေမယ့် ငါက မတူဘူး။"
ဝေ့ဝူယက ကိုယ့်အကြောင်းကိုယ်ပြောသည်။
"ငါ့မှာ ဘာအစဥ်အလာရှိလဲ။ ငါသာ ဧကရာဇ်ဖြစ်လာရင် လုံးဝ မမှားတဲ့ ရွေးချယ်မှုတစ်ခု ဖြစ်လာမှာ သေချာပါတယ်။ အဖေ့ရဲ့ ဆုံးဖြတ်ချက်အားလုံးကို ဖျက်ပစ်နိုင်တယ်"
ဝေ့ဝူယဟာ သူ့ကိုယ်သူ တန်ကြေးမြှင့်ရန် ကြိုးစားနေခြင်းဖြစ်ကြောင်း ချူးယွင်ဖန်းသိသည်။ သူ့တွင် ရွေးချယ်စရာ အမြောက်အမြားရှိသည်။ သူကံကောင်းခဲ့လျှင် ချူးမျိုးနွယ်စုနှင့်အတူထွက်သွားကာ တဝေကို ပြောင်းပြန်လှန်ပစ်ရန် နှစ်အနည်းငယ်အတွင်း ပြန်လာနိုင်သည်။ သူ၏ခွန်အားသည် သူ၏မြို့တော်ဖြစ်ကာ ဤလူငယ်က သူ၏အကောင်းဆုံးအာမခံချက်ဖြစ်သည်။
သို့သော် ဝေ့ဝူယတွင် ရွေးချယ်စရာမရှိပေ။ ချူးယွင်ဖန်းသာ သူနှင့် ပူးပေါင်းရန် မရွေးချယ်ပါက သူ သေရပေလိမ့်မည်။ ဝေ့ဝူယ၏ အမူအရာက ငြိမ်သက်နေသော်လည်း သူ့လက်များက အတန်ငယ် တုန်ရီနေသည်။ သူ့လက်သီးများကို တင်းတင်းဆုပ်ထားသဖြင့် လက်သည်းများကလည်း အသားထဲထိ စိမ့်ဝင်နေသည်။ ယင်းက သူ့အတွက် တစ်ခုတည်းသော အခွင့်အရေးဖြစ်ကြောင်း သူသိသည်။ သူမသေချင်ပါက ချူးယွင်ဖန်းက တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်ပေလိမ့်မည်။
ဟိုစဥ်က သူ့စိတ်ထဲတွင်ရှိခဲ့သော လောင်းကြေးကို ပြန်လည်ရိတ်သိမ်းရမည့် အချိန်သို့ရောက်လာပြီဖြစ်သည်။
“ကောင်းပြီ။ ကျုပ် မင်းသားနဲ့ ပူးပေါင်းမယ်။ မင်းသားရဲ့ ကြိုးစားမှုကို ကျုပ် လေးစားတယ်” ချူးယွင်ဖန်းက အေးဆေးတည်ငြိမ်စွာပြောသည်။
ဝေ့ဝူယ၏ ထက်ဝက်မျှပင် အသက်မပြည့်သေးသော်လည်း ယင်းက ဝေ့ဝူယကို အထက်စီးမှ စကားပြောခြင်းမှ မတားနိုင်ပေ။ သူ၏ ခွန်အားသည် သူ၏ အကြီးမားဆုံးသော ယုံကြည်မှုနှင့် အာမခံချက်ဖြစ်သည်။
"ဒါ့အပြင်၊ ကျုပ်ရဲ့ မျိုးနွယ်စုတွေကို မင်းသားဘာကြောင့် ကယ်တင်ခဲ့တာလဲဆိုတာ ကျုပ် ဂရုမစိုက်ပါဘူး။ သူတို့ကို ဧကရာဇ်တရားရုံးက ဖမ်းတာကို လက်မခံနိုင်တာဖြစ်ဖြစ် ကျုပ်ဆီက တောင်းဆိုစရာရှိလို့ဖြစ်ဖြစ် ကိစ္စမရှိပါဘူး”
ဝေ့ဝူယာတွင် အခြားရွေးချယ်စရာမရှိကြောင်းသိသော်လည်း သူ့တွင်လည်း အခြားပိုကောင်းသော ရွေးချယ်စရာမရှိသည်ကို သိသည်။ သူသည် တဝေ၏ အစိုးရနှင့် တိုက်ရိုက် အဆက်အသွယ်မရှိပေ။
တဝေကို ဇောက်ထိုးလှန်ပစ်ရန် ကြံစည်ခဲ့သော်လည်း နိုင်ငံတစ်ခုလုံးကို ကမောက်ကမ မဖြစ်စေချင်ပေ။ တဝေတွင် ဧကရာဇ်မင်းတစ်ပါး လိုအပ်နေသေးသည်။
ဝေ့ဝူယသည် အကောင်းဆုံးရွေးချယ်မှုမဟုတ်သော်လည်း ချူးယွင်ဖန်းအတွက် အသင့်တော်ဆုံး ကိုယ်စားလှယ်လောင်းဖြစ်သည်။
"ဒါ အရမ်းကောင်းတယ်" ဝေ့ဝူယက ကြာကြာမထိန်းနိုင်ဘဲ စိတ်လှုပ်ရှားစွာပြောလိုက်သည်။
"ဆရာချူး ကျွန်တော် နန်းတက်တဲ့နေ့မှာ မြို့ဝန်ကျုံးရှင်ကို မင်းသားဘွဲ့ အပ်နှင်းပြီး ဆရာချူးက တဝေရဲ့ ဧကရာဇ်အကြုံပေးဖြစ်လာပါလိမ့်မယ်။ နောင်အခါမှာ တဝေမှာအရင်းအနှီးတွေ ရှိနေသရွေ့ သူတို့ကို အသုံးချနိုင်မှာပါ”
ဝေ့ဝူယသည် ဤအရာအားလုံးကို စိတ်လှုပ်ရှားစွာပြောသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်ကတည်းက ဤကိစ္စကို သူတွေးနေခဲ့ပြီး ဒါက အကောင်းဆုံးကတိဖြစ်နိုင်သည်ဟု ခံစားမိသည်။ သူသည် ချူးယွင်ဖန်းကို နားလည်ကာ အပြင်မှရရှိသော အချက်အလက်များအရ ချူးယွင်ဖန်းသည် အာဏာကို စွဲလန်းသူမဟုတ်ပေ။ မဟုတ်ပါက၊ သူသည် မြို့ဝန်ကျုံးရှင်၏ အမွေဆက်ခံသူဖြစ်လာခြင်းကို ငြင်းပယ်ခဲ့မည်မဟုတ်ပေ။
တကယ်တမ်းတွင် ချူးယွင်ဖန်းသာ စကားတစ်ခွန်းပြောခဲ့လျှင် သူသည် မြို့ဝန်ပင်ဖြစ်လာပေလိမ့်မည်ဖြစ်ကာ ချူးမျိုးနွယ်စုတစ်ခုလုံးက ကန့်ကွက်မည်မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ချူးယွင်ဖန်းသည် သန်မာလွန်းကာ သူ့ကို မည်သူမျှ မယှဉ်နိုင်သောကြောင့်ပင်ဖြစ်သည်။
သို့သော် ချူးယွင်ဖန်းသည် မမျှော်လင့်ဘဲ ငြင်းဆန်ခဲ့ပြီး ချူးဟုန်ချိုင်အတွက် အခွင့်အရေးကို စွန့်လွှတ်ခဲ့သည်။ ချူးယွင်ဖန်းသည် ဂုဏ်ရာထူးများကို ငြင်းပယ်နိုင်သော်လည်း ကျင့်ကြံရန် အရင်းအမြစ် အမျိုးမျိုးကိုမူ ငြင်းဆိုနိုင်မည် မဟုတ်ပေ။ ဤသည်မှာ တဝေတွင် ကျွမ်းကျင်သူများစွာကို ပူးပေါင်းရန် ဆွဲဆောင်ရမည့် အကြီးမားဆုံးသော အာမခံချက်ဖြစ်သည်။
"ကောင်းလိုက်တာ" ချူးယွင်ဖန်းခေါင်းညိတ်သည်။ ဤသတ်မှတ်ချက်ကို အလွန်သဘောကျသွား၏။
"ကျုပ် သူတို့ကိုမြင်ချင်တယ်"
"ဆရာချူး၊ ကျေးဇူးပြုပြီး ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ။ သူတို့အားလုံး ဒီအိမ်မှာပါပဲ”
ရေကန်ဘေးဧရိယာတစ်ခုလုံးသည် သူ့အမည်အောက်တွင်ရှိသည်။ သူကောင်းကောင်းမလုပ်နိုင်သေးသော်လည်း ဤအရင်းအနှီးအနည်းငယ်တော့ရှိသေးသည်။ နောက်ဆုံးတွင်၊ သူသည် ဝောာ်ဝင်မိသားစုတွင် မွေးဖွားခဲ့သူဖြစ်ကာ မရေမတွက်နိုင်သော လူများက သူ့ကို လိုလားတောင့်တကြသည်။
ဝေ့ဝူယ၏ ဦးဆောင်မှုအောက်တွင် ချူးယွင်ဖန်းသည် အိမ်ကြီး၏ နက်နဲရာသို့ ဝင်ရောက်ခဲ့သည်။ ဤအခိုက်အတန့်တွင် သတင်းရရှိပြီးဖြစ်သည့် ချူးမျိုးနွယ်စုမှ အားလုံးက စောင့်မျှော်နေကြသည်။
ချူးယွင်ဖန်းမသေကြောင်းကို တွေ့လိုက်ရသောအခါ အားလုံးက ရင်ခုန်နေကြသည်။ ဤကာလအတွင်း ၎င်းတို့သည် ရိုလာကိုစတာစီးကာ ကောင်းကင်မှ ငရဲသို့သွားကာ ငရဲမှ ကယ်တင်ခြင်းခံရသည်ဟု ဆိုနိုင်သည်။
ချူးယွင်ဖန်းအသက်ရှင်နေသေးသည်ကို မြင်လိုက်ရသော အခါ ၎င်းတို့ မထိန်းနိုင်တော့ဘဲ သက်ပြင်းချလိုက်ကြသည်။ ဘဝ၏ အတက်အကျများအားလုံးက မြန်လွန်းသည်။
အခန်း(၁၃၈၅) တဝေနိုင်ငံကို ပြောင်းပြန်လှန်ပစ်ခြင်း
"အစ်ကိုဖန်း အစ်ကို အသက်ရှင်နေသေးတာ အရမ်းကောင်းတာပဲ။ အစ်ကို အဆင်ပြေမှာ ကျွန်တော်သိတယ်။ ဒီတော်ဝင်တရားရုံးက လူတွေ မိုကမိုက်မဲမဲပြောနေတာကို ကျွန်တော်သိတယ်” ချူးဟုန်ချိုင်က အမြန်ပြောလိုက်သည်။မကြာသေးမီက အဖြစ်အပျက်များစွာဖြစ်ပျက်ခဲ့သဖြင့် သူ အလွန် စိတ်လှုပ်ရှားနေသည်။
သူ့အတွက် ချူးယွင်ဖန်းက သူ့အစ်ကိုကြီးတစ်ဦးနှယ်ဖြစ်သည်။ ချူးယွင်ဖန်းကြောင့်သာမဟုတ်ပါက သူ ယနေ့ ရောက်နေသော နေရာသို့ ရောက်နေမည်မဟုတ်ပေ။ သို့သော် ချူးယွင်ဖန်း
သေဆုံးသွားပြီဟု ရုတ်တရက် အကြောင်းကြားခဲ့သည်။ ယင်းကို သူမည်သို့ လက်ခံနိုင်မည်နည်း သူကိုယ်တိုင်လည်း မယုံကြည်နိုင်ပေ။ သို့သော် ဧကရာဇ်တရားရုံးက ၎င်းတို့ကို ဖမ်းဆီးရန် လူများကို ရုတ်တရက် စေလွှတ်လိုက်သည်။ ထို့နောက် ကွပ်မျက်ကွင်းသို့ စေလွှတ်ခဲ့သည်။ မင်းသားဆယ့်ရှစ် ရုတ်တရက် ထွက်ပေါ်လာခြင်းကြောင့်သာမဟုတ်ပါက ၎င်းတို့ သေသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။
“ကောင်းတယ်” ချူးယွင်ဖန်းက ခေါင်းညိတ်ပြလိုက်သည်။
“မင်းကိုယ်မင်းကြည့်ဦး မြို့ဝန်ဆက်ခံသူဖြစ်နေပြီး ဘာလို့ ဒီလောက်စိုးရိမ်တတ်နေသေးတာလဲ။ ဒီလူတွေက ငါ့ကို သတ်နိုင်ဖို့ ဝေးသေး”
“ယွင်ဖန်း မင်းအဆင်ပြေလို့ တော်သေးတယ်”
ဘေးဘက်တွင်၊ အဘွားကြီးက ရှေ့သို့လျှောက်လာလျက် ချူးယွင်ဖန်း၏ လက်ကို ဆုပ်ကိုင်ထားကာ အလွန် ကျေနပ်သော အမူအရာဖြင့် ရှိနေသည်။ ထိုအချိန်တွင်၊ ချူးယွင်ဖန်းကွယ်လွန်ကြောင်း ဧကရာဇ်တရားရုံးမှ သူမကြားခဲ့ရသည်။ အငယ်ဆုံးသားဖြစ်သူ သေဆုံးသွားစဥ်က မြင်ကွင်းကို သူမမြင်လိုက်ရသကဲ့သို့ အလွန် ကြေကွဲခဲ့ရသည်။
သူမသည် လွန်ခဲ့သော ရက်အနည်းငယ်က ကောင်းကောင်းမစားနိုင်၊ အိပ်မပျော်နိုင်ခဲ့ပေ။ ချူးယွင်ဖန်းအသက်ရှင်နေသေးကြောင်း မင်းသားဆယ့်ရှစ်ပြောခဲ့သည့် သတင်းကြောင့်သာမဟုတ်လျှင် သူမ ဆက်ထိန်းထားနိုင်တော့မည်မဟုတ်ပေ။ ချူးယွင်ဖန်နးသည် နေအိမ်မှ မြေးတစ်ဦးသာဖြစ်သော်လည်း သူမသည် သူ့ကို သားတစ်ဦးကဲ့သို့ ဆက်ဆံခဲ့သည်။ ယခုတွင် ချူးယွင်ဖန်းသည် ဘေးကင်းစွာ ပြန်လာသည်ကို သူမမြင်လိုက်ရသဖြင့် မထိန်းနိုင်ဘဲ ငိုနေမိတော့သည်။
“သား ဘွားတော်ကို စိတ်ပူအောင်လုပ်ခဲ့မိပါတယ်” ချူးယွင်ဖန်း၏ မျက်နှာတွင် အပြစ်ရှိစိတ်အမူအရာများထင်ဟပ်နေသည်။
ချူးမျိုးနွယ်စုအပေါ် ခံစားချက်ရှိသည်ဟု ဆိုရမည့်အစား သူ့ကို သားအရင်းတစ်ဦးနှယ် အမြဲဆက်ဆံခဲ့သည့် ဘွားဘေးကို လွမ်းသည်ဟု ပြောခြင်းက ပိုမှန်ပေလိမ့်မည်။ ယခု ဘိုးဘေးကို ကြည့်ကာ ရက်ပိုင်းအတွင်း အသက်ဆယ်နှစ်ခန့်ကြီးလာသည့်နှယ်ထင်ရသည်။ ထို့ကြောင့် အလွန်ကြီးမားသော အပြစ်ရှိစိတ်ကို ခံစားလိုက်ရ၏။
“ဘုရားသခင်… ကျေးဇူးတင်ပါတယ်… သားလေး အဆင်ပြေနေလို့ ကျေးဇူးတင်ပါတယ်။ ဘုရားရေ ကျေးဇူးပါ” ဘွားဘေးက ထပ်ခါထပ်ခါပြောသည်။ သူမအတွက် ချူးယွင်ဖန်းက အဆင်ပြေနေသရွေ့ အရာအားလုံးက အရေးမပါပေ။
အခြားတစ်ဖက်တွင် ချူးယောင်ဝေ့သည်လည်း အလွန်စိတ်လှုပ်ရှားနေသည်။ ယခင်ကနှင့် နှိုင်းယှဥ်လျှင် သူ ပို၍ ပေါ့ပါးလာသော်လည်း အရာအားလုံးက ထိုက်တန်ကြောင်း သူသိသည်။ ၎င်းတို့ ယခင်က မည်မျှပင် ဒုက္ခရောက်နေစေကာမူ ယခု ချူးယွင်ဖန်း ပြန်ရောက်လာပြီဖြစ်သောကြောင့် ယင်းက အရာအားလုံးကို ပြန်လည်ပြင်ဆင်ရမည်ဆိုသော အဓိပ္ပါယ်ဖြစ်သည်။
လွန်ခဲ့သော ရက်အနည်းငယ်က သူသည် မရေမတွက်နိုင်သော ကဲ့ရဲ့ခြင်းကို ခံခဲ့ရသည်။ ချူးမျိုးနွယ်စုသည် ဤအချိန်တွင် ပြီးသွားကာ အာဏာဆုံးရှုံးတော့မည်ကို လူတိုင်းက ထင်နေကြသည်။ ယခု အားလုံးက သူ့ကို အထင်လွဲနေခြင်းဖြစ်ကြောင်း ပြောနိုင်ကြပြီဖြစ်သည်။ အခြားဂိုဏ်းသားများသည်လည်း ထပ်တူထပ်မျှ စိတ်လှုပ်ရှားနေကြသည် ချူးယွင်ဖန်းသည် သူတို့၏တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်ကာ သူပြန်လာခြင်းက ၎င်းတို့၏ အခြေအနေကို ပြောင်းလဲပစ်နိုင်သည်ဟု ဆိုလိုသည်။
“ဒါပေမယ့် အစ်ကိုဖန်း အစ်ကို ဘယ်လိုပြန်လာတာလဲ။ ဧကရာဇ်တရားရုံးက လူတွေက သူတို့ အစ်ကို့ကို ဝိုင်းထားတဲ့နေရာမှာပဲ သေသွားပြီလို့ပြောကြတယ်” ချူးဟုန်ချိုင်က ကမန်းကတန်းမေးသည်။
ဤသည်က လူတိုင်း အစိုးရိမ်ဆုံးသော အရာဖြစ်သည်။
“သူတို့လား။ ငါ့ကို သတ်ဖို့ နှစ်ထောင်ချီပြီးလိုတယ်” ချူးယွင်ဖန်းက အေးစက်စွာ ရယ်မောလိုက်ပြီးနောက် ဖြစ်ပျက်ခဲ့သမျှကို ရှင်းပြလိုက်သည်။ သူသည် အဓိက အချက်ကို ရှောင်ရှားကာ အသေးစိတ်အချက်အလက်များကို မဖော်ပြထားသော်လည်း သွေးတပ်သားများဝိုင်းရံထားသည့်အချက်ကို အကြမ်းဖျင်းဖော်ပြခဲ့သည်။ အားလုံးက မနေနိုင်ဘဲ ပင့်သက်ရှိုက်လိုက်မိကြကာ အထူးသဖြင့် ဆယ့်ရှစ်မင်းသား၏ ဆံပင်က ထောင်မတ်နေသည်။
ဝေ့ဝူယနှင့် ချူးယောင်ဝေ့တို့ကို နိုင်ငံတော်၏အဆင့်မြင့်အရာရှိများအဖြစ် သတ်မှတ်ခဲ့ကြသည်။ ၎င်းတို့သည် အခြားသူများထက် ကျင်းကျန်းဟန်အကြောင်း ပိုသိကြကာ သွေးတပ်သားများအကြောင်း ဒဏ္ဍာရီများကို ကြားခဲ့ဖူးကြသည်။ ၎င်းတို့သည် ကျင်းကျန်းဟန်၏ လက်ရွေးစင်များဖြစ်ကြသည်။ ကျင်းကျန်းဟန်သည် သန်းနှင့်ချီသော မြင်းစီးသူရဲများ ရှိသည်ဟု သိထားသော်လည်း သွေးတပ်သားများမှာမူ တစ်သိန်းသာ ရှိသေးသည်။ ၎င်းတို့တစ်ဦးစီသည် လက်ရွေးစင်တစ်ရာမှ တစ်ဦးစီဖြစ်သည်ဟု ဆိုနိုင်သည်။ သွေးတပ်သားများသည် ရွှေအမတေများကတွေ့လျှင်ပင် သေခြင်းမှ မလွတ်မြောက်နိုင်ဟူသော ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုများဟု သိရှိခဲ့ကြသည်။
တဝေတွင် သွေးတပ်သားများကို ဆန့်ကျင်တိုက်ခိုက်နိုင်သည့် တပ်ဖွဲ့များစွာမရှိပေ။ သွေးတပ်သားများအပြင် ရွှေအမတေအဆင့် ၂၀ ကျော်လည်းရှိသေးးသည်။ ယင်းဖွဲ့စည်းပုံဖြင့် တဝေကို တိုက်ခိုက်မည်ဆိုပါက သတိမပြုမိလျှင် သိမ်းပိုက်ခံရနိုင်သည်။ သာမန်ရွှေအမတေတစ်ဦးသာ ယင်းကို ရင်ဆိုင်ရလျှင် သေမည်မဟုတ်ပေလော။
ချူယွင်ဖန်သေဆုံးကြောင်း ဧကရာဇ်တရားရုံးက အဘယ်ကြောင့် သတ္တိရှိရှိ ကြေညာခဲ့ခြင်းကို နောက်ဆုံးတွင် ဝေ့ဝူယ နားလည်ခဲ့သည်။ ထိုကဲ့သို့ စည်းမျဥ်းကို ဆန့်ကျင်သည့်အနေဖြင့် ကမ္ဘာ့နံပါတ်တစ် ကျွမ်းကျင်သူ ယွင်ဟွမ်ပင် သေဆုံးခဲ့ရပေလိမ့်မည်။
နောက်ဆုံးတွင် တိုက်ပွဲတွင် သေကြပေမည်။ သွေးတပ်သားများကို ပို၍ သတ်ဖြတ်ခြင်းက အထင်ကြီးဖွယ်ကောင်းသည်ဟု ယူဆနိုင်ပေသည်။ ချူးယွင်ဖန်းက နျူကလီးယားဗုံးကိုအသုံးပြုခဲ့ကြောင်းမပြောခဲ့ပေ။ ဖြစ်စဉ်တစ်ခုလုံးကို အနည်းငယ်မျှသာ ဖော်ပြခဲ့သည်။ နောက်ဆုံးတွင်၊ ၎င်းသည် သူ၏အကြီးမားဆုံးလျှို့ဝှက်ချက်ဖြစ်သည့် တောင်မြစ်ပန်းချီကားနှင့်ဆက်စပ်နေသည်။
ချူးယွင်ဖန်းလွတ်မြောက်နိုင်သည့်အတွက် အခြားသူများ အံ့ဩသွားကြသည်။ လူအများစုသည် သွေးတပ်သားများ၏ ဂုဏ်သတင်းကို မသိကြသော်လည်း တဝေတွင် ကျွမ်းကျင်သူများကို စစ်တပ်က ဝန်းရံပြီး နှိမ်နှင်းခြင်းသည် သာမာန်ဖြစ်သည်။
တဝေ၌ ကျွမ်းကျင်သူများနှင့် ဆက်ဆံရာတွင် အထူးပြုသော ပြစ်ဒဏ်ခတ်သော စစ်တပ်တစ်ခုလည်း ရှိခဲ့သည်။ ထို့ကြောင့် တူညီသော သဘောတရားကို နားလည်နိုင်သည်။ ချူးယွင်ဖန်း၏ ပြန်လာမှုသည် အကြီးမားဆုံး အံ့ဖွယ်ဖြစ်နေပြီဖြစ်သည်။
တစ်ချိန်တည်းမှာပင် သူတို့သည် အန္တရာယ်ကို ခံစားရနိုင်သည်။
"သူတို့က ရှင်းရှင်းလင်းလင်း မလှုပ်ရှားခဲ့ပေမဲ့၊ သူတို့ ဝိုင်းရံပြီး အစ်ကို့ကို သတ်တာပါလို့ သတင်းထုတ်ရဲသေးတယ် အစ်ကိုဖန်း” ချူးဟုန်ချိုင်က ဒေါသတကြီးပြောသည်။
“ဟုတ်ပ ဒီလို အရှက်မရှိတဲ့လူမျိုးတစ်ခါမှမတွေ့ဖူးဘူး”
"ဘယ်လောက်အရှက်မဲ့လဲ!"
"ဧကရာဇ်တရားရုံးက ယွင်ဖန်းကို ကိုင်တွယ်ဖို့ ငါတို့ရဲ့ ရန်သူတော် ကျန်းကျင်းဟန်နဲ့ လက်တွဲတာပဲ။ အရှက်မရှိလောက်အောင်ဆိုးလိုက်တာ”
ချုးမျိုးနွယ်ဝင်များက စတင်တိုင်ကြားလာကြသည်။ အခြားအချိန်များတွင်ဖြစ်ပါက ဤသို့လုပ်မည်မဟုတ်ပေ။ ဧကရာဇ်တရားရုံးကို လေးစားမှုသည် ၎င်းတို့၏ အရိုးများထဲထိ နက်ရှိုင်းနေသည်။ ယခုမူ ၎င်းတို့အားလုံး သေခြင်းတရားနှင့် ကြုံတွေ့နေကြရသေကြောင့် ဧကရာဇ် တရားရုံးကို လေးစားမှုအနည်းငယ်မျှမရှိတော့ဘဲ မုန်းတီးမှုသာရှိတော့သည်။
တစ်ဖက်တွင်မူ ဝေ့ဝူယသည် မိမိတို့နိုင်ငံအကြောင်း မပြောဘဲနေဟန်တူသည်။
"သူတို့က မတိုက်ခိုက်ဘူး၊ မလှုပ်ဘူးဆိုတာ ဘယ်လိုသိတာလဲ၊ တကယ်တော့ ဗိုလ်ချုပ်ရီဖေးနဲ့ ပထမအုပ်ထိန်းသူတို့က အဲ့မှာ ရှိနေတယ်။ ငါ အသက်ရှင်နေသေးတယ်ဆိုတာ သူတို့ မသိတာ သနားစရာပဲ။ မဟုတ်ရင် သူတို့ နေရာကို ဒုတိယအကြိမ် ဝိုင်းပြီး သတ်ပစ်လောက်တယ်” ချူးယွင်ဖန်းက ရယ်မောလိုက်သည်။
လူတိုင်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။ အခြေအနေက အလွန်အန္တရာယ်များသည်ကို ၎င်းတို့ မသိခဲ့ကြပေ။ ကျင်းကျန်းဟန်၏ သွေးတပ်သားများသည် ပထမလှိုင်း မျှသာ ဖြစ်သည်။ ဗိုလ်ချုပ် ရီဖေးနှင့် ပထမအုပ်ထိန်းသူ တို့သည် နောက်တကြိမ် လှုပ်ရှားကြပေလိမ့်မည်။
သွေးသားရိုင်းသားအများစုသည် ၎င်းတို့မည်သို့တည်ရှိနေသည်ကို မသိသော်လည်း ဗိုလ်ချုပ် ရီဖေးနှင့် ပထမအုပ်ထိန်းသူတို့သည် အပြင်ဘက်တွင် ခြုံခိုတိုက်ခိုက်နေကြဆဲဖြစ်သည်။ ချူးယွင်ဖန်းကို သင်္ချိုင်းမြေမရှိပဲ သေသွားစေရန် ဆန္ဒရှိခဲ့သည်။
ချူးယွင်ဖန်းသည် ဝန်းရံထားသည့် အလွှာများမှ လွတ်ကင်းအောင် လွတ်မြောက်နိုင်ခဲ့သည်မှာ အံ့ဖွယ်ပင်ဖြစ်သည်။
"ဒါပေမယ့် ကိစ္စမရှိပါဘူး၊ ငါပြန်လာပြီဆိုတောတ့ ငါ တဝေကို ပြောင်းပြန်လှန်ပစ်မယ်” ချူးယွင်ဖန်းက ရယ်မောလိုက်သည်။
အခန်း(၁၃၈၆) အဲ့တာ ချူးယွင်ဖန်းလား
ချူးယွင်ဖန်း၏ စကားကိုကြားသောအခါ မည်သူမျှ စိတ်ပူခြင်းမရှိပေ။ ဆန့်ကျင်ဘက်အားဖြင့် ၎င်းတို့အားလုံး အလွန်စိတ်လှုပ်ရှားခဲ့ကြသည်။ ထိုကာလတွင် ၎င်းတို့ ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံများသည် ဧကရာဇ်တရားရုံးကို စိတ်ပျက်စေခဲ့သည်မှာ ကြာပြီဖြစ်သည်။ ယခု ချူးယွင်ဖန်းက ဧကရာဇ်တရားရုံးကို စိန်ခေါ်တော့မည်ဖြစ်သည်။ တဝေသာ ကောင်းလျှင် ၎င်းတို့လည်းကောင်းပေလိမ့်မည်။ တဝေ ပြိုကျပျက်ဆီးပါက ၎င်းတို့လည်း ပျက်ဆီးသွားလိမ့်မည်။ အသိုက်ကို ဖျက်ဆီးလိုက်သောအခါတွင် မည်သည့် ဥမျှ ရှိတော့မည်မဟုတ်ပေ။
ယခု တဝေသည် ၎င်းတို့အား သင်္ချိုင်းမြေမပါဘဲ သေစေလိုသည်။ ချူးယွင်ဖန်းသည် ခြိမ်းခြောက်မှုဖြစ်နိုင်သောကြောင့်သာဖြစ်သည်။ ၎င်းတို့ နှလုံးသားထဲမှ ကျေးဇူးသိစိတ်များ ဆုံးရှုံးခဲ့သည်မှာ ကြာပြီဖြစ်သည်။ ယခု ချူးယွင်ဖန်းက တဝေကို ပြောင်းပြန်လှန်ချင်နေကာ ယင်းက ၎င်းတို့အတွက်သာ အကျိုးရှိသည်။ တော်ဝင်မိသားစုမှ မွေးဖွားလာသော ဝေ့ဝူယပင်လျှင် ထိန်းမနိုင်သိမ်းမရ စိတ်လှုပ်ရှားနေခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ ၎င်းတို့သည် ချူးယွင်ဖန်းနှင့်တစ်လှေတည်းစီးနေကြပြီဖြစ်သည်။ ဘုရင်မင်းမြတ်၏ မောက်မာမှုကို ပြင်းပြင်းထန်ထန် ထိုးနှက်လေလေ၊ အကျိုးကျေးဇူး များလေလေဖြစ်သည်။
"အစ်ကိုဖန်း အစ်ကို ဘာလုပ်ဖို့စီစဉ်နေတာလဲ၊ မြို့တော်ကိုတိုက်ခိုက်ဖို့စီစဉ်နေတာလား။" ချူးဟုန်ချိုင်က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
“မှန်တယ်။ ငါတို့ လုပ်ချင်ရင် သူတို့ကို သတိလက်လွတ်ဖြစ်အောင်လုပ်ဖို့လိုတယ်” ဝေ့ဝူယကပြောသည်။
“ဗိုလ်ချုပ် ရီဖေးက မွန်းစတားတွေကို စူးစမ်းလေ့လာရေးတပ်ကို ဦးဆောင်နေတယ်။ ငါတို့ လှုပ်ရှားချင်ရင် ဒီအချိန်က အကောင်းဆုံးပဲ"
ဝေ့ဝူယသည် ဧကရာဇ်မြို့တော်ရှိ လှုပ်ရှားမှုများကို အာရုံစိုက်ခဲ့သည်။ တဝေကို ၎င်းတို့၏ခွန်အားဖြင့် ဖြုတ်ချခြင်းသည် လက်တွေ့မကျပေ။ ဧကရာဇ်မင်းကို ဖမ်းခြင်းကသာ အကောင်းဆုံးဖြစ်ပေလိမ့်မည်။
ပို၍အရေးကြီးသည်မှာ ဗိုလ်ချုပ် ရီဖေးနှင့် နှင့် ပထမအုပ်ထိန်းသူ မည်မျှကြောက်စရာကောင်းသည်ကို သူသိသည်။ သူ့စိတ်ထဲတွင် ချူးယွင်ဖန်းပင် သူတို့နှင့် မယှဉ်နိုင်ပေ။ အမှန်တကယ် လှုပ်ရှားချင်ပါက နည်းလမ်းတစ်ခုသာရှိသည်။ ယင်းမှာ မြို့တော်ကို တစ်ရှိန်ထိုးတိုက်ခိုက်ရန် ၎င်းတို့အနားတွင်မရှိသော အချိန်ကို အခွင့်ကောင်းယူ၍ အဖြစ်မှန်ကို ဝန်ခံရန် အတင်းအကြပ်တွန်းအားပေးရန်ဖြစ်သည်။
ဝေ့ဝူယာနှင့် သူ၏ ဗျူဟာသမားများသည် မရေမတွက်နိုင်သော တွက်ချက်မှုများပြီးနောက် ဧကရာဇ်တရားရုံးကို ဖြုတ်ချရန် တစ်ခုတည်းသောနည်းလမ်းလည်းဖြစ်သည်။ တစ်မြို့နှင့်တစ်ပြည်အတွက် တိုက်ပွဲဝင်ကြမည်ဆိုလျှင် တဝေ၏ အကောင်းကြီးများနှင့် မည်သို့ယှဉ်နိုင်မည်နည်း။
“မလိုပါဘူး” ချူးယွင်ဖန်း ခေါင်းယမ်းလိုက်သည်။
“တကယ်လို့ ကျုပ် လှုပ်ရှားချင်ရင် သူတို့ကို ဘာလို့ ဒီမှာမတွေ့မချင်းစောင့်ရမှာလဲ။ သူတို့ ဒီရောက်နေရင်တောင် ကျုပ်လုံးဝ ယုံကြည်မှုရှိတယ်။ အခြေအနေတွေကို အခွင့်ကောင်းယူဖို့ မဖြစ်နိုင်ဘူး။ ကမ္ဘာကြီးကိုပဲ ဖိနှိပ်မယ်”
ချူးယွင်ဖန်းသည် ဝေ့ဝူယ၏အကြံအစည်မဖြစ်နိုင်သည်ကို ချက်ချင်းမြင်လိုက်ရသည်။ အင်ပါယာမြို့တော်ကို တစ်ရှိန်ထိုး ဖြုတ်ချခဲ့မည်ဆိုလျှင်ပင် ကမ္ဘာ၏ နှလုံးသားကို အနိုင်ယူနိုင်မည်မဟုတ်ပေ။
ဝေ့ဝူယသည် မည်သည့်အာဏာ သို့မဟုတ် သြဇာအာဏာမရှိသော မင်းသားတစ်ဉီးမျှသာဖြစ်၍ ကမ္ဘာ့အထွတ်အထိပ်တွင် ဘယ်သောအခါမှ မရပ်တည်ခဲ့ပေ။
သို့သော် ချူးယွင်ဖန်းက မတူပေ။ သူသည် ပြည်ထောင်စု၏ အထွတ်အထိပ်သို့ တစ်ကြိမ်ရောက်ဖူးသောကြောင့် ၎င်းကိုလည်း ကောင်းစွာသိသည်။ အင်အားသုံးချင်လျှင် လူတိုင်းက သူ့ကို ကြောက်အောင် လုပ်ရမည်ဖြစ်ကာ မည်သို့မျှ ပြောရန် မရှိပေ။ မဟုတ်လျှင် တဝေနိုင်ငံတစ်ခုလုံး ပြဿနာများကြား၌ ရှိနေပေလိမ့်မည်။
“ဒါပေမယ့် အဲ့မတိုင်ခင်မှာ နောက်တစ်ယောက်နဲ့ စာရင်းရှင်းစရာရှိသေးတယ်” ချူးယွင်ဖန်းက အေးစက်စွာပြောသည်။
ချူးယွင်ဖန်းကို ဖျားယောင်းရန် နည်းလမ်းမရှိသည်ကို ဝေ့ဝူယက သိမြင်သောကြောင့် သူသာ လက်လျှော့လိုက်ရသည်။ ချူးယွင်ဖန်းက ဤသို့ပြောနေသဖြင့် သူ့တွင် ယုံကြည်ချက်အပြည့်အဝ ရှိနေပေရမည်ဖြစ်သည်။
“မင်း ငါ့ ဒုတိယအစ်ကိုကို ရှာမလို့လား” ဝေ့ဝူယက ချက်ချင်းပင် ရိပ်မိသွားသည်။
"အင်း သူ နာနာခံခံနဲ့ လက်လျှော့ရင် ပိုကောင်းမယ်။ မဟုတ်ဘဲ ထပ်ပြီး ခုန်ထွက်ဖို့ကြိုးစားရင် ရိုင်းလို့ဆိုပြီး ကျုပ်အဆိုးမဆိုနဲ့”
ချူးမျိုးနွယ်စုကို သုတ်သင်ရှင်းလင်းခြင်းသည် ဒုတိယမင်းသားလုပ်နေခြင်းဖြစ်သည်။ ရက်အနည်းငယ်အတွင်း သူသည် ချူးမျိုးနွယ်အား အပြစ်ပေးကာ ၎င်းတို့အား သုတ်သင်ရန် တရားရုံးကို စည်းရုံးခဲ့သည်။
ဒုတိယမင်းသားက ၎င်းတို့အနက် စိတ်အလှုပ်ရှားဆုံး အတက်ကြွဆုံးဖြစ်သည်။ ကွပ်မျက်မှုကို ကြီးကြပ်ရန် ခုန်းလုံသို့ လာရောက်ရန် လျှောက်ထားခြင်းပင် ဖြစ်သည်။ ချူးယွင်ဖန်းကို မည်မျှမုန်းတီးသည်ကို တွေးကြည့်နိုင်သည်။
ချူးယွင်ဖန်းကြောင့်သာမဟုတ်လျှင် ဒုတိယမင်းသားက ဤမျှထိကြီးကြီးမားမားဆုံးရှုံးရမည်မဟုတ်ပေ။ သူ့ကို ပံ့ပိုးပေးသော ကျွမ်းကျင်သူနှစ်ဦးသည် ချူးယွင်ဖန်း လက်ထဲတွင် ဆက်တိုက်ရှုံးနိမ့်ခဲ့သည်။ ယင်းသည် ယင်းသည် ရာဇပလ္လင်အတွက် အနာဂတ်ပြိုင်ဆိုင်မှုအပေါ် ကြီးမားသောအကျိုးသက်ရောက်မှုရှိသည်ဟု ဆိုနိုင်သည်။
"ငါ သိသလောက်တော့ ဒုတိယအစ်ကို မြို့ပြင်က ဧကရာဇ်စစ်တပ်စခန်းမှာ ရှိလိမ့်မယ်" ဟု ဝေ့ဝူယက ပြောသည်။
"ဧကရာဇ်တပ်သားတွေနဲ့ ကျွမ်းကျင်သူအများအပြားနဲ့ တောင်ဘက်ကို ရောက်လာခဲ့တာဖြစ်မယ်။
အဓိကက ပုံစံမဲ့ဂိုဏ်းက ကျန်တဲ့ အကျိုးအမြတ်တွေ သိမ်းချင်လို့ပေါ့”
ချူးယွင်ဖန်းခေါင်းညိတ်လိုက်သည်။ ဒုတိယမင်းသားသည် ချူမျိုးနွယ်အား ကွပ်မျက်ခြင်းကို ကြီးကြပ်ရန်သာမက ပုံစံမဲ့ဂိုဏ်းကြီး၏ နောက်ကွယ်မှ ကျန်ရစ်ခဲ့သော အကျိုးစီးပွားများကို သိမ်းပိုက်ရန်အတွက်လည်း ကိုယ်တိုင်ကိုယ်ကျ ထွက်လာခဲ့သည်။
မူလက ဤအပိုင်းကို ချူးမျိုးနွယ်မှ လွှဲပြောင်းယူရမည်ဖြစ်သည်။ ယခု ချူးမျိုးနွယ်စု ပြိုလဲသွားသောအခါ ကြီးမြတ်သော ပုံစံမဲ့ဂိုဏ်းမှ ကျန်ရစ်ခဲ့သော အကျိုးအမြတ်များသည် မွှေးကြိုင်သော ကိတ်မုန့်တစ်ပိုင်း ဖြစ်လာသည်။ ထို့ကြောင့် လိုချင်သူတိုင်းကိုက်နိုင်သည်။
"ဟမ်၊ ငါ သူ့ကို အရင်သတ်လိုက်မယ်၊ ပြီးတော့ ကောင်းကင်နဲ့ မြေကြီးကို မှောက်လှန်လိုက်မယ်။ ဘယ်သူက ပိုစွမ်းအားကြီးမလဲဆိုတာ ငါကြည့်ချင်သေးတယ်” ချူးယွင်ဖန်းသည် အေးစက်စွာ ကြုံးဝါးပြီးနောက် အလင်းတန်းတစ်ခုထဲသို့ ဝင်ရောက်ကာ ဝေ့ဝူယပြောခဲ့သည့် ဧကရာဇ်စစ်တပ်စခန်းဆီသို့ ပျံသန်းသွားခဲ့သည်။
ဝေ့ဝူယ သက်ပြင်းချလိုက်သည်။ ဤ ချူးယွင်ဖန်းသည် အမှန်တကယ်ပင် သွေးပူသူဖြစ်သည်။ သို့သော် နှောင့်နှေးမနေဝံ့ဘဲ သူ့နောက်သို့ ချက်ချင်းလိုက်သွားခဲ့သည်။ ယခု သူသည် ချူးယွင်ဖန်းနှင့် ချိတ်ဆက်နေခဲ့သည်။ ချူးယွင်ဖန်းသာဆက်ခံပါက၊ သူသည် တဝေ၏ဧကရာဇ်ဖြစ်လိမ့်မည်။ မအောင်မြင်လျှင် သစ္စာဖောက်ဖြစ်လိမ့်မည်။
ကမ္ဘာကြီး၏ အထွတ်အထိပ် ပြိုလဲမှုသည် လူတစ်ဦး၏ လက်ထဲတွင်ရှိနေသည်။ ခုန်းလုံမြို့နောက်ဘက်ရှိ ကြီးမားသော ချိုင့်ဝှမ်းတစ်ခုအတွင်း၌ ရက်ပိုင်းအကြာတွင် မြေပြင်မှ ကြီးမားသော စစ်တပ်အမာခံစခန်းတစ်ခု တက်လာခဲ့သည်။ အရာအားလုံးက အံ့သြစရာကောင်းကာ စနစ်တကျဖြစ်လာခဲ့သည်။ မရေမတွက်နိုင်သော အင်အားကြီးမားသော ဩဘာသံများ ပျံ့နှံ့သွားခဲ့ကာ အဝေးရှိ မိသားစုအသီးသီးမှ ကင်းထောက်များသည် ကြောက်ရွံ့တုန်လှုပ်သွားကြသည်။
ဤသည်မှာ တဝေ၏ အပြင်းထန်ဆုံး ဧကရာဇ်တပ်ဖြစ်သည်။ ၎င်းတို့က အင်ပါယာမြို့တော်၌ အမြဲရှိခဲ့သည်။ ယခုမူ ၎င်းတို့သည် ခုန်းလုံမှ တောင်ဘက်သို့ ဦးတည်နေသည်။ ဤသည်မှာ တောင်ဘက်ရှိ ဂိုဏ်းပေါင်းစုံကိုပင် ထိတ်လန့်စေခဲ့သည်။
သောင်းနှင့်ချီသော ဧကရာဇ်စစ်တပ်မှ ထုတ်လွှတ်သော အားကောင်းသော တိုက်ပွဲစွမ်းအင်များသည် စခန်းတစ်ခုလုံးကို ဝိုင်းရံထားသည်။ သာမာန်စစ်သည်တော်များသည် ဤစွမ်းအင်ဖြင့် လွှမ်းမိုးခြင်းခံရလိမ့်မည်။
တောင်ပိုင်းရှိ အမျိုးမျိုးသော အဖွဲ့များသည် ၎င်းတို့၏ သူလျှိုများ စေလွှတ်ကာ ဤအင်ပါယာ တပ်မတော်ကို စောင့်ကြည့်ရန် စေလွှတ်ခဲ့သည်။
ချက်ခြင်းပင်၊ ခုန်းလုံမှ အလင်းတန်းတစ်ခုထွက်လာသည်ကို တွေ့လိုက်ရသည်။ လျှပ်တပြက်အရှိန်ဖြင့် ပျံသန်းနေစဉ် သူ၏ကြီးမားလှသော ရောင်ဝါကို ဖုံးကွယ်မထားပေ။
"ဘယ်သူလဲ?" လူတစ်ယောက်က မေးလိုက်သည်။
"မာန်တက်နေလိုက်တာ ဒါက ဧကရာဇ်တပ်စခန်းဆိုတာ သူတို့မသိကြဘူးလား။ အခု စခန်းထဲကို ရောက်လာရင် သေတဲ့အထိ အရိုက်ခံရလိမ့်မယ်”
"အဲ့လူကို ဘာလို့ ဒီလောက်မြင်ဖူးသလိုဖြစ်နေတာလဲ။ ငါ သူ့ကို တစ်နေရာရာမှာ မြင်ဖူးပုံရတယ်။"
"ဒါ ချူးယွင်ဖန်းပါ... ချူးယွင်ဖန်းပဲ" လူတစ်ယောက်က အော်လိုက်သည်။
သူ့အသံက လူတိုင်း၏ အာရုံကို ဖမ်းစားသွားသည်။ ချူးယွင်ဖန်းမှတပါး မည်သူဖြစ်နိုင်မည်နည်း။
ကင်းထောက်အားလုံး တစ္ဆေမြင်ရသကဲ့သို့ အံ့သြသွားကြသည်။ သို့သော် ၎င်းတို့အတွက် ဤအရာနှင့်
သရဲတစ္ဆေမြင်ခြင်းအကြား ကွာခြားချက်မှာ အဘယ်နည်း။ ယင်းက သရဲတစ္ဆေမြင်နေရခြင်းပင်ဖြစ်သည်။