← Chapters

အခန်း (၁၃၉၀-၁၃၉၂)

Vol. 93 Ch. 1390-1392

အခန်း (၁၃၉၀-၁၃၉၂)

Vol. 93 Ch. 1390-1392

အခန်း( ၁၃၉၀) စစ်ကူများရောက်ရှိလာခြင်း

ဝေ့ရှင်ဖုန်နောက်ကွယ်မှ ကျွမ်းကျင်သူများအားလုံး၏ မျက်နှာများ ဖြူဖျော့သွားသည်။ ဧကရာဇ်စစ်သည်များ၏ အကာအကွယ်အလွှာအောက်တွင် ၎င်းတို့သည် ဤမျှအန္တရာယ်ကျရောက်လိမ့်မည်ဟု မထင်မှတ်ခဲ့ပေ။

ဤနေရာသည် တဝေတစ်ခုလုံးတွင် အလုံခြုံဆုံးနေရာတစ်ခု ဖြစ်သင့်သော်လည်း နောက်ဆုံးတွင် သောင်းနှင့်ချီသော တပ်သားအားလုံးသည် ချူးယွင်ဖန်း၏လက်၌ သေဆုံးသွားခဲ့သည်။ ယင်းက နဂါးနှင့်တူသော အံ့ဖွယ်တစ်ခုဖြစ်သည်။ ဗိုလ်ချုပ်ရီဖေး သို့မဟုတ် ပထမအုပ်ထိန်းသူပင်လျှင် ထောင်သောင်းချီသော ဧကရာဇ်တပ်သားများနှင့် ရင်ဆိုင်ရသောအခါတွင် ဓါးအစွန်းမှ ခေတ္တရှောင်ရန်သာ ရွေးချယ်နိုင်သည်။

သို့သော် ချူးယွင်ဖန်း ထွက်ပေါ်လာမှုသည် ၎င်းတို့၏ နားလည်မှုကို လုံးဝချိုးဖျက်ကာ အခြားဖြစ်နိုင်ချေများကို မြင်လာစေသည်။ သိုင်းပညာသည် ဤမျှထိတ်လန့်ဖွယ်အဆင့်အထိ တိုးတက်လာနိုင်သည်။ တကယ်သာ ဖွံ့ဖြိုးတိုးတက်လာမယ်ဆိုပါက တော်ဝင်စစ်သားများကဲ့သို့ ထိပ်တန်းအဆင့်ရှိသူများပင် ၎င်းတို့နှင့် ယှဥ်နိုင်မည်မဟုတ်ပေ။ ၎င်းတို့၏ မျက်လုံးများအောက်တွင် မယုံကြည်မှုနှင့် ကြောက်ရွံ့မှု အငွေ့အသက်များပင်ရှိနေသည်။

လွန်ခဲ့သည့်အခိုက်အတန့်တွင် ၎င်းတို့ထဲမှတစ်ယောက်ထွက်သွားခဲ့ရာ ချူးယွင်ဖန်းက မြှားတစ်စင်းဖြင့် သူ့ကို ပစ်သတ်လိုက်သည်။ ထိုသူသည် သာမန်လူမဟုတ်ပေ။ ဒေသတစ်ခု၏ စစ်မှန်သော အုပ်စိုးရှင်တစ်ဦးဖြစ်သည်။ ယခုမူကား မြှားဖြင့် ပစ်သတ်ခြင်းခံရသည်။

ထိုအချိန်မှစ၍ သူတို့သည် ရှေ့သို့ ခုန်မထွက်ရဲကြပေ။ ဧကရာဇ်စစ်သည်များက ချူးယွင်ဖန်း၏ နတ်စွမ်းအင်ကို ကုန်ဆုံးစေကာ သူ့ကို ထွက်ခွာရန် တွန်းအားပေးလိုကြသည်။ သို့သော် ချူးယွင်ဖန်း၏ နတ်စွမ်းအားသည် အနည်းငယ်မျှ မကုန်သေးပေ။

'ဒီကောင်က နတ်ဆိုးလား'

ထိုသို့သော အတွေးသည် ၎င်းတို့၏ စိတ်ထဲတွင်ပေါ်လာသည်။ ဒုတိယမင်းသားတွင် ပြောရန်စကားမရှိပေ။ အမုန်းတရားမှတတပါး သူ၏ မျက်လုံးများသည် သရဲတစ္ဆေမြင်ရသည့်နှယ် အနည်းငယ် မှုန်မှိုင်းနေသည်။ သူသည် သာမန်လူများထက် များစွာပိုသိသည်။ ထိုတိုက်ပွဲရလဒ်ကိုပင် သူသိသည်။

‘ချူးယွင်ဖန်းကို သွေးတပ်သားတွေ ဝိုင်းရံထားပြီး နောက်ဆုံးမှာ နျူကလီးယားဗုံးဖောက်တာကလွဲပြီး ရွေးချယ်စရာမရှိတော့လို့ နှစ်ဖက်လုံး အကျရှုံးများပြီး တူတူသေသွားတာလေ။

နောက်ပြီး ဗိုလ်ချုပ် ရီဖေးနဲ့ ပထမအုပ်ထိန်းသူက အသက်ရှင်တဲ့လူ မရှိလို့ သူတို့ နတ်စွမ်းအင်နဲ့ အတည်ပြုခဲ့ကြတာ’

ဤသည်က သူ ချူးမျိုးနွယ်စုကို တိုက်ခိုက်ရန် သတ္တိရှိရသည့် အကြောင်းအရင်းဖြစ်သည်။ ချူးယွင်ဖန်း သေဆုံးသွားပြီဖြစ်၍ သူသည် ချူးမျိုးနွယ်စုအပေါ် ဒေါသကို ထုတ်ဖော်နိုင်ပြီဟု ဆိုလိုသည်။ ချူးယွင်ဖန်း အမှန်တကယ်ပြန်ရှင်လာမည်ဟု မည်သူကသိမည်နည်း။

ဝေ့ရှင်ဖုန် မယုံမကြည်နိုင်ဖြစ်နေသည်။ ချူးယွင်ဖန်း မည်ကဲ့သို့ လုပ်ဆောင်ခဲ့သည်ကို သူမသိခဲ့သလို အန္တရာယ်ရှိသော အခြေအနေမှ လွတ်မြောက်ခဲ့သည်။ ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ ချူးယွင်ဖန်းရှင်သန်နေရုံသာမက သူ၏ ကျင့်ကြံမှုလည်း များစွာ တိုးတက်လာသည်။ သူ မည်ကဲ့သို့ ဤမျှ တိုးတက်လာနိုင်မည်နည်း။

သူ ဘယ်လိုတောင် တိုးတက်လာတာလဲ

ချူးယွင်ဖန်းရဲ့တိုက်ခိုက်ရေးစွမ်းအားက ရွှေအမတေထက်ဝက်အဆင့်ကနေ ဒီအဆင့်ထိတောင် တိုးတက်နေပြီ…

ဒီကောင် ဘီလူးတစ်ကောင်ပဲ

သို့သော် ဝေရှင်းဖန်သည် လျင်မြန်စွာ သူ့အသိစိတ်ပြန်ဝင်လာသည်။ ယခုအချိန်မှ စဥ်းစားနေခြင်းက အဓိပ္ပါယ်မရှိတော့ပေ။ သူသည် ချူးယွင်ဖန်းကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေသည်။

"နောက်ဆုံးတော့ မင်း ထွက်လာရဲပြီပေါ့" ချူးယွင်ဖန်းသည် ဝေ့ရှင်ဖုန်ကို အေးစက်စွာ ကြည့်နေသည်။

"ချူးယွင်ဖန်း မင်းဘာတွေလုပ်နေတယ်ဆိုတာ မင်းသိလား မင်းပုန်ကန်နေတာ” ဝေ့ရှင်ဖုန်က အံကြိတ်ကာ ပြောသည်။

"ငါ့ ဂရုစိုက်တယ်ထင်လား" ချူးယွင်ဖန်းက ရယ်မောလိုက်သည်။

"ဧကရာဇ်တရားရုံးက ငါ့ကိုသတ်ချင်နေတာဆိုတော့ ဧကရာဇ်တရားရုံးတစ်ခုလုံးကို ဖျက်ဆီးပစ်မယ်"

"မင်းဘယ်လိုသတ္တိရှိလဲ” ဝေ့ရှင်ဖုန်က လှမ်းအော်လိုက်သော်လည်း ချူးယွင်ဖန်းမစိုးရိမ်ပေ။

“မင်း ဘယ်လိုထင်လဲ” ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။

“မင်းကို ငါ ဘယ်တုန်းကမှ မစော်ကားဖူးတာကို မင်းက ငါ့ကို ဆက်တိုက် လိုက်ဖမ်းနေတာလေ”

“မင်း ငါ့ အစီအစဥ်တွေကို ဖျက်ဆီးပစ်ထားတာ ငါက ဘာလို့ အလွှတ်ပေးရမှာလဲကွ” ဝေ့ရှင်ဖုန်က အေးစက်စွာပြောသည်။

“မင်းကြောင့်သာမဟုတ်ရင် ငါ ဒီလောက် သနားစရာကောင်းတဲ့အခြေအနနဲ့ အကျယ်ချုပ် ပိတ်ခံထားရမှာလဲကွ။ မီစစ်ယွမ်က ငါ့ကိုထောက်ခံခဲ့ပေမယ့် နောက်ဆုံးမှာတော့ မင်းလက်ချက်နဲ့ သေဆုံးသွားခဲ့တယ်။ မင်း ပုံစံမဲ့ဂိုဏ်းကို ဖြုတ်ချပြီး ဖျက်ဆီးပစ်လိုက်တယ်။ သွေးဘုရင်ကို ငါရှာခဲ့ပေမယ့် နောက်ဆုံးမှာတော့ မင်း သတ်ခဲ့တယ်"

ထိုအချိန်တွင် ဝေ့ရှင်ဖုန်၏ မျက်လုံးများသည် ပြင်းထန်သော အမုန်းတရားများဖြင့် တောက်ပလာသည်။

"မင်းကြောင့်မဟုတ်ရင် ငါကျင်းကျန်းဟန်နဲ့ ပူးပေါင်းဖို့ မလိုအပ်ဘူး။ ပြောရရင် မင်းမသေတာ တကယ်ကံကောင်းတယ်"

ဤသည်က ဝေ့ရှင်ဖုန်နှင့် အခြားသူများ၏ အတွေးဖြစ်သည်။ မီစစ်ယွမ်၊ သွေးဘုရင်၊ ကျင်းကျန်းဟန် သို့မဟုတ် သွေးတပ်ားများ ဆန့်ကျင်ရေးတွင်ဖြစ်စေ ဗိုလ်ချုပ် ရီဖေးနှင့် ပထမအုပ်ထိန်းသူတို့သည် ကျွမ်းကျင်သူများစွာကို နောက်ဆုံးကာကွယ်ရေးလိုင်းအဖြစ် ဦးဆောင်ခဲ့သည်။

မည်သို့ပင်ကြည့်စေကာမူ ချူးယွင်ဖန်း သေသင့်သည်။ သို့သော် ထိုသို့သော ခြိမ်းခြောက်မှုအောက်တွင် သူသည် အကြိမ်ကြိမ် လွတ်မြောက်ခဲ့သည်။ ဤသည်က အံ့ဖွယ်တစ်ခုပင်ဖြစ်သည်။

"သနားစရာကောင်းလိုက်တာ၊ ငါဒီမှာ အများကြီးမပါဝင်ချင်ဘူး" ချူးယွင်ဖန်း ခေါင်းယမ်းလိုက်သည်။ မူလက တဝေနှင့်ပတ်သက်၍ မပတ်သတ်ချင်ပေ။ တန်စီယုကို ရှာကာ တဝေမှထွက်သွားနိုင်ရန် လျှို့ဝှက်အေဂျင်စီ၏ အစွမ်းကိုပင် အားကိုးချင်ခဲ့သည်။ ဤနေရာက ကောင်းသော်လည်း သူလိုချင်သော နေရာမဟုတ်ပေ။ သို့သော် သူထွက်သွားတော့မည့်အခိုက်၌ တစ်စုံတစ်ယောက်က ပြဿနာရှာကာ သူ့ကို သတ်ပစ်ချင်ခဲ့သည်။

ယနေ့ သူရောက်နေသော နေရာကို ခြေလှမ်းရုံမှတပါး ရွေးချယ်စရာမရှိတော့ပေ။

ဝေ့ရှင်ဖုန်း၏ မျက်လုံးများက နောင်တတတရားများနှင့် ပြည့်နေသည်။ ဤကိစ္စတွင် သူ အကောင်းဆုံး လုပ်ထားခဲ့ပြီးဖြစ်သည်။ အချိန်တိုင်း၊ သူသည် ချူးယွင်ဖန်းကို ပြတ်ပြတ်သားသား သတ်ပစ်လိုက်သည်။ သာမန်လူသာဖြစ်ပါက ၎င်းတို့ သေဆုံးခဲ့သည်မှာ ကြာနှင့်ပြီဖြစ်သော်လည်း ချူးယွင်ဖန်းအသက်ရှင်နေသေးသည်။

ချူးယွင်ဖန်းမတားနိုင်တော့ပေ။ ဝေ့ရှင်ဖုန် စတင် နောင်တရလာသည်။ ချူးယွင်ဖန်းနှင့် ပူးပေါင်းရန် ရွေးချယ်ခဲ့မည်ဆိုပါက ရလဒ်က ကွဲပြားသွားနိုင်သည်။ သို့သော် ယခုအချိန်တွင် သူ့စကားအတိုင်းပြန်ပြောရန် အခွင့်အရေးမရှိတော့ပေ။ ချူးယွင်ဖန်းက ဝေ့ရှင်ဖုန်ကို လှောင်ရယ်လိုက်သည်။

“မင်းအခု အချိန်ဆွဲချင်လို့ မပြေးသေးတာပဲ”

ဝေ့ရှင်ဖုန်၏ မျက်နှာက ထိတ်လန့်မှုအပြည့်ဖြစ်နေသည်။ ချူးယွင်ဖန်းက သူ့အကြံအစည်ကို သိလိုက်ပြီဖြစ်ကြောင်း သူသိသည်။ ဧကရာဇ်စစ်သားများ တုန်လှုပ်သွားတော့မည်ကို သူခံစားလိုက်ရသောအခါတွင် အချက်ပြမှုတစ်ခုထွက်လာသည်။ ထွက်လာခဲ့သည်။ ၎င်းသည် ဧကရာဇ်စစ်သည်များအတွက် ထူးခြားသော အချက်ပြမှုတစ်ခုဖြစ်သည်။ တဝေ၏ နယ်နိမိတ်အတွင်းတွင် တည်ရှိနေသရွေ့ ဧကရာဇ်မြို့တော်က ချက်ချင်းသိပေလိမ့်မည်ဖြစ်သည်။ မြို့တော်သည် ခုန်းလုံမှ မိုင်ထောင်ချီကွာဝေးသော်လည်း ၎င်းတို့သည် တယ်လီပို့စနစ်ဖြင့် ပြေးလွှားနေဆဲဖြစ်သည်။ ထို့အပြင် အချိန်လည်း လိုအပ်သည်။ ထို့ကြောင့် ချူးယွင်ဖန်းက စစ်သားအားလုံးကို သတ်ပြီးနောက်တွင်ပင်

သူသည် အပြင်သို့ ထွက်မလာပေ။ သူသည် ချူးယွင်ဖန်းနှင့် အချိန်အတော်ကြာ စကားပြောနေခဲ့သည်။

‘သူအချိန်လိုတယ်’

မှန်သည်။ ချူးယွင်ဖန်း ပြောပြီးသည်နှင့် ခုန်းလုံ၏ အထက်ကောင်းကင်ယံမှ အင်အားကောင်းသော ရောင်ဝါတစ်ခု ပေါ်လာကာ နတ်စွမ်းအင်လှိုင်းလုံးများ ကောင်းကင်သို့ ပျံ့လွင့်သွားသည်။ စစ်အင်အားများ ထပ်မံရောက်ရှိလာခြင်းဖြစ်သည်။

ဧကရာဇ်စစ်သည်များသာ လျင်မြန်စွာ တုံ့ပြန်နိုင်ကြကာ ချူးယွင်ဖနးက ၎င်းတို့အားလုံးကို မသတ်မီရောက်လာခြင်းဖြစ်သည်။

“မှန်တယ်။ ငါ အချိန်ဆွဲနေတာ။ ချူးယွင်ဖန်း မင်းတော့အသေပဲ။ ဒီတစ်ခါတော့ ပထမအုပ်ထိန်းသူကိုယ်တိုင် လှုပ်ရှားတော့မယ် မင်း လွတ်မြောက်နိုင်မှာ မဟုတ်ဘူး!" ဝေ့ရှင်ဖုန်က စိတ်လှုပ်ရှားစွာ ကြုံးဝါးလိုက်သည်။

အခန်း(၁၃၉၁) အကုန်လုံးကို သတ်ဖို့ မြှားတစ်စင်း

ဝေ့ရှင်ဖုန်သာမက ဝေ့ရှင်ဖုန်၏ နောက်ကွယ်မှ ကျွမ်းကျင်ပညာရှင်များပင် ကွန်လုံ၏ တယ်လီပို့စနစ်ခင်းကျင်းမှုခင်းမှ ထွက်ပေါ်လာသည့် အားကောင်းသည့် ရောင်ဝါကို သတိပြုမိလိုက်သောအခါတွင် စိတ်လှုပ်ရှားလာကြသည်။ ၎င်းတို့ ဆွေးနွေးခဲ့သည့် အစီအစဥ်က အမှန်ပင်ထိရောက်သည်။ စစ်ကူများရောက်လာသည်အထိ စောင့်နေခြင်းဖြစ်သည်။

“မှန်တယ်။ ချူးယွင်ဖန်း အခု လက်မြှောက်ဖို့ သိပ်နောက်ကျသွားပြီ”

“ချူးယွင်ဖန်း နာခံမှုရှိရှိ လက်မြှောက်လိုက် မင်း အခု လွတ်မယ်ထင်နေလား”

“ဟုတ်တယ် မင်းတော့ သေပြီ”

အထူးသဖြင့် ခုန်းလုံမှ စတင်သည့် ဧရိယာတစ်ခုလုံးကို ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါများ လွှမ်းခြုံလာသောအခါတွင် ဤလူများ အချင်းချင်း အော်ဟစ်ကြသည်။ ယဤကြောက်စရာကောင်းသော ရောင်ဝါသည် ၎င်းတို့ကို တုန်လှုပ်စေခဲ့သည်။ ပထမအုပ်ထိန်းသူမှလွဲ၍ ဤမျှကြောက်စရာကောင်းသော ကျင့်ကြံမှုမျိုး အခြားမည်သူရှိနိုင်မည်နည်း။

အထူးသဖြင့် ပထမအုပ်ထိန်းသူသည် အံ့အားသင့်ဖွယ်အရှိန်ဖြင့် ပြေးလာသောအခါတွင် ၎င်းတို့သည် ပို၍ပင် ဆိုးရွားသည်ဟု ခံစားခဲ့ရသည်။ အဝေးမှ ဝေ့ဝူယသည် သနားစိတ်နှင့်စိုးရိမ်စိတ်တို့ကို ထုတ်ပြလိုက်သည်။

ချူးယွင်ဖန်းသည် အလွန် ဆုံးဖြတ်ချက်မခိုင်မာလွန်းလှသည်။ ၎င်းတို့နှင့် အဘယ်ကြောင့် စကားပြောနေခဲ့သေးသနည်း။ ယခု ပထမအုပ်ထိန်းသူရောက်လာပြီဖြစ်၍ ချူးယွင်ဖန်းက သူ့ကို မည်ကဲ့သို့ သတ်နိုင်တော့မည်နည်း။ ထိုအချိန်၌ သူ့မျက်နှာကို လုံးလုံးလျားလျားမပြနိုင်တော့ပေ။ ထို့ကြောင့် ခပ်ဝေး‌ဝေးသို့ သွားကာ ပုန်းရှောင်နေလိုက်သည်။ သူ ဖော်ထုတ်ခံလိုက်ရသည်နှင့် အစစအရာရာ အဆုံးသတ်သွားလိမ့်မည်။

‘ပထမအုပ်ထိန်းသူက သန်မာလွန်းတယ်။ စွန့်စားလို့မရဘူး’

“အချိန်ဆွဲထားတာက အသုံးဝင်မယ် အကျိုးရှိမယ်ထင်နေလား။ ပထမအုပ်ထိန်းသူ မင်းကို ကယ်တင်နိုင်မလား။" ချူးယွင်ဖန်းက ရယ်လိုက်ပြီးနောက်

သူ့မျက်နှာတွင် အေးစက်သောအပြုံးတစ်ခုပေါ်လာသည်။

"ငါ မင်းကို သတ်ချင်ရင် ကောင်းကင်ပေါ်က နတ်ဘုရားတွေတောင် မင်းကို မကယ်နိုင်ဘူး!"

ချူးယွင်ဖန်၏ လက်ထဲမှစွမ်းအင်လှိုင်းလုံးသည် လျှပ်စီးတစ်စင်းနှယ် ဖြစ်ပေါ်လာကာ ထို့နောက် သူသည် အခြား စွမ်းအင်လုံးတစ်လုံးကို ထုတ်ယူ၍ မြှားတစ်စင်းကဲ့သို့ ပြောင်းလဲကာ အခြားသူများကို တိုက်ရိုက် ချိန်ထားလိုက်သည်။ ဝေ့ရှင်ဖုန်နှင့် အခြားသူများအားလုံး ချက်ချင်း ထိတ်လန့်သွားကြသည်။ ယခုအချိန်တွင် ချူးယွင်ဖန်းသည် ထွက်ပြေးရန် ရည်ရွယ်ချက် အနည်းငယ်မျှ ရှိမည်မဟုတ်ဟု ၎င်းတို့ မမျှော်လင့်ထားကြပေ။

ဆန့်ကျင်ဘက်အနေနှင့်၊ သူသည် အမှန်တကယ်ပင် သူတို့ကို သတ်ပစ်ချင်ခဲ့သည်။

၎င်းတို့၏ မူလစိတ်ကူးတွင် ချူးယွင်ဖန်းသည် ယခုအချိန်တွင် သူ့အသက်အတွက် စတင်ပြေးသင့်သည်။

"ဘာလို့လဲ..." ဝေ့ရှင်ဖုန်၏ မျက်လုံးများ ပြူးကျယ်သွားသည်။

ထို့နောက်တွင် သူသည် နောက်ထပ်ဖြစ်နိုင်ချေတစ်ခုအကြောင်း ရုတ်တရက် တွေးလိုက်သည်။ ချူးယွင်ဖန်းက ၎င်းတို့ကို ချက်ချင်းမသတ်ပစ်ရသည့်အကြောင်းအရင်းမှာ အချိန်ဆွဲနေသည့် နည်းဗျူဟာကြောင့်မဟုတ်ဘဲ ပထမအုပ်ထိန်းသူအား ဓားစာခံအဖြစ်အသုံးချကာ ဧကရာဇ်မြို့တော်ကို လှည့်စားရန် စီစဥ်ခဲ့ခြင်းဖြစ်သည်။

မူလက ဤဖြစ်နိုင်ခြေကိုပင် မတွေးခဲ့ပေ။ လုံးဝမဖြစ်နိုင်ပေ။ သို့သော် ချူးယွင်ဖန်း၏ရည်ရွယ်ချက်မှာ ပုန်ကန်၍ ကလဲ့စားချေရန်ဆိုလျှင်၊ ဤအရာအားလုံး ဖြစ်နိုင်သည်။

၎င်းတို့သည် တံမြက်မျှင်မျှသာဖြစ်သည်။

နောက်ဆုံးတွင်မူ ဤနေရာသည် သတ်ဖြတ်ရန် အသင့်တော်ဆုံးဖြစ်သည်။ အကယ်၍ ဧကရာဇ်မြို့တော်၌ဆိုလျှင်၊ ပထဝီဝင်အားသာချက်သည် ချူးယွင်ဖန်းဘက်တွင်ရှိမည်မဟုတ်ပေ။ အားလုံးသိကြသည့်အတိုင်း မြို့တော်ကို အစောင့်အကြပ် ထူထပ်စွာချထားသဖြ့င့် လုပ်ကြံရန် အကောင်းဆုံးနေရာမဟုတ်ပေ။

"မင်း ငါတို့ကို အသုံးချနေတာပေါ့” ဝေ့ရှင်ဖုန်က ကြုံးဝါးသည်။

"အခုမှ သဘောပေါက်ဖို့ အရမ်းနောက်ကျသွားပြီ!" ချူးယွင်ဖန်းက အော်၍ လက်ထဲမှ မြှားကို လွှတ်လိုက်သည်။ မြှား၏ အလင်းက လေထဲတွင်ဖြာထွက်လာကာ ပြိုကျနေသော တောင်ငယ်တစ်ခုကဲ့သို့ ကြီးမားသော အရွယ်အစားသို့ ချက်ချင်း တိုးလာသည်။

"ပြေး!" တစ်စုံတစ်ယောက်က ဝေ့ရှင်ဖုန်နောက်မှ အော်လိုက်သည်။ လူတိုင်းသည် အရပ်ရပ်သို့ ပြေးလာကြသည်။ သို့သော် ၎င်းတို့လွတ်မြောက်ရန် အချိန်နှောင်းနေပြီဖြစ်သည်။

ဘမ်း

မြှားအလင်းသည် ဖြတ်ကျော်သွားကာ လေထုအလယ်တွင် ပေါက်ကွဲသွားသည်။ မှိုတိမ်တိုက်ငယ်တစ်ခု တက်လာပြီး အံ့အားသင့်ဖွယ်အရှိန်ဖြင့် ပျံ့နှံ့သွားသည်။ ကြောက်မက်ဖွယ် လေလှိုင်းက အရာအားလုံးကို ဝါးမြိုသွားသည်။ တစ်ခဏချင်း၌ပင် ဝေ့ရှင်ဖုန်အပါအဝင် ကျွမ်းကျင်ပညာရှင်အားလုံး ဝါးမျိုခံလိုက်ရသည်။ ၎င်းတို့ထဲမှ တစ်ဦးမျှမလွတ်ပေ။

အားလုံးက အချိန်အတန်ကြာသည်အထိ စောင့်နေကြသော်လည်း မည်သူမျှ မလွတ်မြောက်နိုင်ကြပေ။ ဤလူများအားလုံး သေဆုံးရတော့မည်ဖြစ်ကြောင်း လူတိုင်းနားလည်သည်။ ချူးယွင်ဖန်းကို ပြန်ကြည့်သောအခါ သူသည် ကမ္ဘာပေါ်တွင် လှည့်ပတ်နေသည့် သက်ရှိ နတ်ဆိုးနတ်ဘုရားတစ်ပါးနှင့်ပင် ဆင်တူသည်။

"ဒါက တကယ်ပဲ လူ့စွမ်းအားလား"

"လူသားတွေရဲ့ ကျင့်ကြံမှုဟာ အဲ့အဆင့်ကို တကယ်ရောက်နိုင်ပါ့မလား"

“ရွှေအမတေ နည်းနည်းနဲ့ ကျန်တဲ့လူတွေက ခြေလှမ်းတစ်ဝက် ရွှေအမတေတွေပဲ။ ဒါပေမယ့် သူတို့အားလုံး

တစ်ချက်တည်းနဲ့ သေသွားကြပြီ”

"သူဟာ အရမ်းကြောက်ဖို့ကောင်းတယ်။ သူ့မှာ တကယ် အင်အားရှိတယ်။ သူ့မှာ ဧကရာဇ်တရားရုံးကို စိန်ခေါ်ဖို့ ယုံကြည်မှု ရှိတယ်လို့ ပြောတာ အံ့သြစရာ မရှိပါဘူး။ စောစောက ဧကရာဇ် စစ်သားတွေကို သတ်လိုက်တာက ကြောက်စရာကောင်းလောက်အောင်ကို ကြောက်စရာကောင်းတယ်။ ဒါပေမယ့် သူအင်အားအပြည့်မသု့ဂရသေးမှာ စိုးရတယ်"

"မှန်ပါတယ်၊ ဒါပဲဖြစ်ရမယ်။ ဒီလိုမှမဟုတ်ရင်၊ သူ ဒီလိုသာ ထပ်ခါထပ်ခါတိုက်ရင် ဧကရာဇ်စစ်သားတွေ ကြာကြာခံနိုင်မှာမဟုတ်ဘူး”

"သူဘယ်အဆင့်ရောက်နေပြီလဲ။ အမတေမဲ့အဆင့်ကို ကျော်သွားပြီလား"

ခဏတာ တုန်လှုပ်သွားပြီးနောက် လူတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ ချူးယွင်ဖန်း၏ တိုက်ခိုက်မှုက အံ့အားသင့်ဖွယ်ကောင်းလှသည်။ ခေါင်းဆောင်ဖြစ်ခဲ့သော ဝေ့ရှင်ဖုန် မျက်စိမှိတ်ထားသည်ကိုကြည့်ကာ ဝေ့ရှင်ဖုန် လွတ်မြောက်နိုင်မည်မဟုတ်ဟုထင်နေကြသည်။ သို့သော် ချူးယွင်ဖန်းက အချိန်တိုအတွင်း လူတိုင်းကို မသတ်နိုင်ပေ။ တစ်စုံတစ်ယောက်ကတော့ လွတ်မြောက်ပေလိမ့်မည်ဖြစ်သည်။ နောက်ဆုံးတွင်မူ ပထမ အုပ်ထိန်နးသူ ရောက်လာတော့မည်ဖြစ်၏။ ချူးယွင်ဖန်းက သူ့ကို နောက်ထပ်တစ်ကြိမ် ထိတ်တလန့် တုန်လှုပ်စေလိမ့်မည်ဟု မည်သူက ထင်ခဲ့မည်နည်း။ ဝေ့ရှင်ဖုန်နှင့် အခြားသူများကို တစ်ချက်တည်း သတ်ပစ်လိုက်သည်။

“မဟုတ်ဘူး”

ခုန်းလုံ၏ တည်နေရာမှ အလွန်ကျယ်လောင်သော ဒေါသတကြီး ကြုံးဝါးသံကြီး ထွက်ပေါ်လာသည်။ အဘိုးအိုတစ်ဦး စစ်မြေပြင်သို့ ရောက်ရှိလာသည်ကို လူတိုင်းမြင်လိုက်ကြကာ ချူးယွင်ဖန်းအား

ရဲရင့်သောအမူအရာဖြင့် ကြည့်နေသည်။

ယင်းက ပထမအုပ်ထိန်းသူမဟုတ်လျှင် မည်သူဖြစ်မည်နည်း။

ချူးယွင်ဖန်းသည် ဝေ့ရှင်ဖုန်နှင့် အခြားလူများကို အဝေးမှ သတ်ခဲ့သည်ကို မြင်ဖူးသော်လည်း သူသည် အလှမ်းဝေးလွန်းသဖြင့် အချိန်မီ မလိုက်နိုင်ခဲ့ပေ။ ပထမအုပ်ထိန်းသူ၏ မျက်လုံးများ ပြူးကျယ်သွားကာ ချူးယွင်ဖန်းကို အပိုင်းပိုင်း ပိုင်းဖြတ်ပစ်နိုင်စေရန် ဆန္ဒရှိခဲ့သည်။

"နောက်ဆုံးတော့ မင်းပေါ်လာပြီ!" ချူးယွင်ဖန်းသည် ပထမအုပ်ထိန်းသူအား ဂရုမစိုက်ဘဲ ကြည့်နေသည်။ "ဗိုလ်ချုပ်ရီဖေး ဒီမှာမရှိတာ နှမျောစရာပဲ။ မဟုတ်ရင် သူ့ကိုလည်း စောင့်ရှောက်ပေးလိုက်နိုင်တယ်”

ချူးယွင်ဖန်းသည် သူ၏အကြံအစည်ကို တည်ငြိမ်စွာပြောပြခဲ့ကာ တပ်ဖွဲ့အသီးသီး၏ သူလျိုများအားလုံး ချက်ချင်းကြောက်လန့်သွားခဲ့သည်။

ချူးယွင်ဖန်းသည် တဝေ၏ ကျွမ်းကျင်ပညာရှင်ငါးဦးတွင် ဒုတိယအဆင့်ရထားသော ဗိုလ်ချုပ်ရီဖေးနှင့် တတိယအဆင့်ရှိသော ပထမအုပ်ထိန်းသူအား သုတ်သင်ရန်စီစဉ်ခဲ့သည်။

ယခုအချိန်တွင် ဝေ့ရှင်ဖုန်က အချိန်ဆွဲချင်ခဲ့ရုံသာမက ချူးယွင်ဖန်းကလည်း ဝေ့ရှင်ဖုန် အကူအညီတောင်းနိုင်ရန် အချိန်ဆွဲစေချင်ခဲ့ကြောင်း နားလည်ခဲ့သည်။

သို့သော် လူတိုင်းက ထူးဆန်းသည်ဟုထင်ကြသည်မှာ ချူးယွင်ဖန်း၏နည်းလမ်းများဖြစ်သည်။ သူသည် ဗိုလ်ချုပ် ရီဖေး နှင့် ပထမအုပ်ထိန်းသူအား သုတ်သင်နိုင်မည်ဟု ယုံကြည်ချက်ရှိခဲ့သည်။

"ချူးယွင်ဖန်းမင်းတကယ်မသေသေးဘူး" ပထမအုပ်ထိန်းသူက အံ့ကြိတ်၍ ပြောလိုက်သည်။

သူသည် ချူးယွင်ဖန်းကို သတ်ချင်စိတ်ဖြင့် စိုက်ကြည့်နေသည်။

အခန်း(၁၃၉၂) ရွှေအမတေအဆင့်ကို မြက်ရိတ်သလို သုတ်သင်ခြင်း

သတင်းကြားကြားချင်း သူ အမြန်ပြေးထွက်သွားသည်။ မူက ချူးယွင်ဖန်း အသက်ရှင်နေသေးသည်ကို သူမယုံပေ။ တကယ်တမ်းတွင် သူနှင့် ဗိုလ်ချု်ပရီဖေးတို့သည် နူကလီးယားပေါက်ကွဲမှုကြောင့် ချူးယွင်ဖန်းသေဆုံးသွားသည်ကို ၎င်းတို့ကိုယ်တိုင်မြင်ခဲ့ရသည်။ မည်သို့သော တိုက်ခိုက်မှုမျိုးဖြစ်သည်ကို သူမသိသော်လည်း ပေါက်ကွဲခြင်း၏ စွမ်းအားကို သူတို့ ခံစားနိုင်သည်။

အမတေမဲ့အဆင့်မဆိုနှင့် အမတေမဲ့အဆင့်အထက် ကျွမ်းကျင်သူတစ်ဦးဆိုလျှင်ပင် ထိုလက်နက်နှင့် တိုက်ရိုက်ထိမှန်ပါက ၎င်းတို့အားလုံးသေရမည်ဖြစ်သည်။ ထို့အပြင်၊ ချူးယွင်ဖန်းသည် ပေါက်ကွဲမှု၏ဗဟိုတွင် ရှိနေခဲ့ကြောင်း ထိုအနေအထားတွင် သူသည် မည်သို့သော ပြင်ဆင်မှုမျိုး ပြုလုပ်ထားစေကာမူ သေရပေလိမ့်မည်ပင်ဖြစ်၏။

ယင်းကို ပထမအုပ်ထိန်းသူက ကိုယ်တိုင်ကိုယ်ကျ အတည်ပြုခဲ့သည်။ ထို့ကြောင့် သူသည် ထိုသတင်းကို ပထမဆုံးကြားသိရသောအခါ လုံးဝမယုံကြည်ခဲ့ပေ။ သို့သော်လည်း ဝေ့ရှင်ဖုန်ပေးပို့သော အချက်ပြမှုကို လျစ်လျူရှုဝံ့ခြင်းမရှိပေ။ နောက်ဆုံးတွင် ယင်းက အဆင့်အမြင့်ဆုံး အချက်ပြမှုဖြစ်ကာ ပထ မ အုပ်ထိန်းသူအနေဖြင့် ကိုယ်တိုင်ကိုယ်ကျ အရေးယူ ဆောင်ရွက်ရပေလိမ့်မည်ဖြစ်သည်။

ချူးယွင်ဖန်းကို ဤနေရာတွင် မြင်ရလိမ့်မည်ဟု သူ မည်ကဲ့သို့ ထင်ထားခဲ့မည်နည်း။

"ကောင်းပြီ၊ မင်း ဒီပေါက်ကွဲမှုကို ဘယ်လို လွတ်မြောက်ခဲ့တာကို ငါ ဂရုမစိုက်ဘူး၊ ဒါပေမယ့် ကောင်းတယ်။ ငါ မင်းကို သတ်မယ်" ပထမအုပ်ထိန်းသူသည် အေးစက်စွာပြောသည်။

သူ့နောက်မလှမ်းမကမ်းတွင် ဧကရာဇ်ကြည်းတပ်သား ၂၀၀၀၀ ကျော်သည် ချူးယွင်ဖန်းဆီသို့ ပျံသန်းနေပြီဖြစ်သည်။ ဆိုရိုးစကားအတိုင်း လူပေါင်း ၂၀၀၀၀၀ ကျော်သာ ကောင်းကင်ကို ဖုံးလွှမ်းသွားသည်။ ၎င်းတို့သည် ကောင်းကင်တစ်ခုလုံးကို ချေမှုန်းပစ်ကာ စည်းစနစ်ကျသော စစ်တပ်ဖွဲ့စည်းပုံမှ ယူဆောင်လာသည့် ကြောက်မက်ဖွယ်စွမ်းအင်များက ကမ္ဘာကြီးကို ပြောင်းပြန်လန်သွားစေသည်။

"မျှော်လင့်ထားသလိုပဲ၊ ဧကရာဇ်စစ်သည်တွေ လာပြီ”

ဤအခိုက်အတန့်တွင် အဝေးမှ တိုက်ပွဲကို စောင့်ကြည့်နေသော ကြည့်ရှု့သူများသည် ဤကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါကြောင့် ထိတ်လန့်သွားကြသည်။ တပ်မတော်၏ အရှိန်အဟုန်သည် သာမန်လူများ ခုခံနိုင်သည့် အရာမဟုတ်ပေ။ အများစုက တစ်ကိုယ်လုံး တုန်လှုပ်သွားသည့်နှယ် ခံစားကြရသည်။

“ဧကရာဇ်စစ်တပ်တင်မကဘဲ တော်ဝင်မိသားစုရဲ့ အကြီးအကဲတွေပါရောက်လာပြီ။ ရွှေအမတေအဆင့် အယောက် ၂၀ ကျော် ရှိတယ်… သူတို့ တကယ်ကို အင်အားအပြည့်နဲ့ထွက်လာပြီ”

တပ်မတော်၏ ရှေ့တန်းမှ စွမ်းအားကြီးသော ပညာရှင် ၂၀ ကျော်ရှိကြောင်း အချို့က မြင်သည်။ ၎င်းတို့အားလုံးသည် ရွှေအမတေအဆင့်အထက်တွင်ရှိကြသည်။

"ချူးယွင်ဖန်းက ဒီအချိန်မှာ ပြသနာအကြီးကြီး ရောက်နေပေမယ့် ပြောဖို့ခက်တယ်။ ချူးယွင်ဖန်းက သူ့ရဲ့ ဝှက်ဖဲအစစ်ကို မသုံးသေးဘူး။"

“ကျစ် … ကျစ် ဒီလိုစစ်ပွဲမျိုးကို ဆယ်စုနှစ်နဲ့ချီပြီး သိပ်မတွေ့ရတော့ဘူး။" တစ်စုံတစ်ယောက်သည် အံ့သြစွာဖြင့် လျှာပင်ကိုက်မိသွားရသည်။

"ချူးယွင်ဖန်းမင်း ဒီအချိန်ပြေးနိုင်မယ်ထင်လား" ပထမအုပ်ထိန်းသူသည် ချူးယွင်ဖန်းကို အေးစက်စွာကြည့်နေသည်။

"ထွက်ပြေးတော့ဟုတ်လား ဘာလို့ပြေးရမှာလဲ" ချူးယွင်ဖန်းက ရယ်မောလိုက်သည်။

"ငါလုပ်ခဲ့သမျှက မင်းကို ဆွဲဆောင်ဖို့ပဲ။ အခု ငါ့ကို ထွက်ပြေးဖို့ မင်းမျှော်လင့်ထားလား။ ဟာသပဲ။ ဒီလူပမာဏလောက်က ငါ့အတွက် တစ်ခုခုလုပ်နိုင်မယ်လို့ မင်းထင်လား။"

လျှပ်တစ်ပြက်အတွင်း ချူးယွင်ဖန်း လက်ထဲတွင် လျှပ်စီးလက်သော စွမ်းအင်ဘောလုံးတစ်လုံး ဖြစ်ပေါ်လာကာ ဤလျှပ်စီးစွမ်းအင်ဘောလုံးဘောလုံးသည် အလွန်ရှည်လျားသွားသည်။ ထို့နောက် နောက်ထပ်မြှားတစ်ချောင်းကို ပစ်လွှတ်လိုက်သည်။

အိုး

မြှားသည် ချက်ချင်းပင် ကောင်းကင်ကို ဖြတ်သွားကာ ချီတက်လာသော ဘုရင့်တပ်မတော် စစ်သည်များဆီသို့ ဦးတည်သွားလေသည်။

"သေစမ်း" ဧကရာဇ်အုပ်ထိန်းသူသည် ချူးယွင်ဖန်းသည် သူ့အတွက် ခက်ခဲသောအရာများကို ရုတ်တရက် ဖြစ်ပေါ်စေမည်ဟု မမျှော်လင့်ထားပေ။ အချိန်မီ မတားနိုင်ခဲ့ခြင်းမဟုတ်ဘဲ တကယ်တမ်းတွင် မြှာက အလွန်လျင်မြန်လွန်းခြင်းဖြစ်ရာ အချိန်မှီတုံ့ပြန်နိုင်လျှင်ပင် တား၍ မရနိုင်ပေ။

ဘမ်း

မြှားသည် ဧကရာဇ်စစ်တပ်ဖွဲ့စည်းခြင်းသို့ ပျံတက်သွား၍ ဧကရာဇ်စစ်တပ်မှ ဖြစ်ပေါ်လာသော တိုက်ပွဲစွမ်းအင်များသည် ချူးယွင်ဖန်း၏မြှားကို မတားဆီးနိုင်ခဲ့ပေ။

ဘမ်း

အလင်း၏မြှား ပေါက်ကွဲသွားကာ ဧကရာဇ်တပ်သား ထောင်ပေါင်းများစွာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့သည်။ စစ်သား ထောင်ဂဏန်းမျှသာ ကျဆုံးခဲ့သော်လည်း လူတိုင်းကို ကြောက်လန့်စေခဲ့သည်။

စစ်တပ်ဖွဲ့စည်းမှုတွင် သာမန် ကိုယ်ခံပညာ ကျွမ်းကျင်သူများသည် လွတ်မြောက်ရန်သာ ရွေးချယ်နိုင်ကာ ပေါ့ပေါ့တန်တန် တိုက်ခိုက်ရန် မဝံ့ရဲပေ။ သို့သော် ချူးယွင်ဖန်းသည် ရှေ့သို့ တွန်းလှန်၍ ထိပ်တိုက်တွေ့ဆုံခဲ့သည်။ သော့ချက်မှာ သူသည် စစ်တပ်ဖွဲ့စည်းရေးကို သက်ရောက်မှုမရှိသကဲ့သို့ ဖြတ်ကျော်နိုင်ခဲ့ခြင်း ဖြစ်သည်။

"သေစမ်း”

စစ်တပ်နောက်သို့လိုက်နေသော ဧကရာဇ်အုပ်ထိန်းသူများသည် မြှားကိုစိုက်ကြည့်နေကြသည်။ မြှားက ၎င်းတို့ဆီသို့ မရည်ရွယ်သော်လည်း ၎င်းတို့၏ မျက်နှာသို့ ဖြတ်ရိုက်လိုက်သည့်နှယ်ထင်ရသည်။ သို့သော် ၎င်းတို့၏ ဒေါသကို မ‌ဖော်ပြမီတွင် ချူးယွင်ဖန်း၏ နောက်မြှားများသည် နောက်သို့ အနီးကပ်လိုက်လာကြသည်။ ချူးယွင်ဖန်း၏ အရှိန်က အလွန်လျင်မြန်သည်။ မြှား ၂၀ ကျော်သည် တခဏချင်း ပေါက်ကွဲပြီး ၎င်းတို့ကို ပစ်ခတ်ခဲ့သည်။

"သတိထား” ပထမအုပ်ထိန်းသူသည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ရုတ်တရက် သဘောပေါက်သွားသည်။ သူသည် အလွန်အန္တရာယ်များသော အရာတစ်ခုကို ရုတ်တရက် တွေ့ရှိခဲ့သည်။

သို့သော် နောက်ကျသွားပြီဖြစ်သည်။ မြှားများက အခြားအကြီးအကဲများကို ထိသွားသည်။ ၎င်းတို့အားလုံးသည် ရွှေအမတေအဆင့်အထက်များဖြစ်၍ တုံ့ပြန်မှုအမြန်နှုန်းက သာမန်လူများထက် ပိုမိုမြန်ဆန်သော်လည်း ချူးယွင်ဖန်းရှေ့၌ ၎င်းတို့ မည်သို့မျှ မဖြစ်ခဲ့ပေ။ ချက်ချင်းဆိုသကဲ့သို့ပင် ၎င်းတို့ရှေ့သို့ ရောက်ရှိလာသည်။

ဝှစ်

ဝှစ်

ဝှစ်

ဤဧကရာဇ်အကြီးအကဲများသည် မြှားများဖြင့်တိုက်ရိုက်ပစ်ခံရကာ ၎င်းတို့အားလုံး နာကျင်စွာ အော်ဟစ်လိုက်ကြသညည်။ ၎င်းတို့၏ ခန္ဓာကိုယ်များသည် လေထုထဲတွင် ပေါက်ကွဲသွားခဲ့ကာ ၎င်းတို့အနက်မှ တစ်ဦးတစ်ယောက်မျှ မလွတ်မြောက်နိုင်ပေ။

ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုသည် အချိန်တိုအတွင်း ဖြစ်ပွားခဲ့သည်။ သူလျှိုများက ခဏတာ မှင်တက်သွားကြသည်။ ဖြစ်ပျက်နေသည်များကို ၎င်းတို့ မမြင်ခင်တွင် ချူးယွင်ဖန်းက ဧကရာဇ်အကြီးအကဲ နှစ်ဆယ်ကျော်ကို သုတ်သင်ခဲ့ပြီးဖြစစ်သည်။

ဤအစွမ်းထက်သော ရွှေအမတေများသည် ချူးယွင်ဖန်းနှင့် မယှဉ်နိုင်ပေ။ ခဏတာအတွင်းတွင် ၎င်းတို့အားလုံး သုတ်သင်ခံခဲ့ရသည်။

“မင်းက ဘယ်လိုသတ္တိရှိလဲ” ပထမအကြီးအကဲ ဒေါသအလွန်ထွက်ကာ သူ့တစ်ကိုယ်လုံး တုန်ယင်နေသည်။

ဧကရာဇ်အကြီးအကဲ အယောက် (၂၀)ကျော် ကြေကွဲစရာကောင်းစွာ သေဆုံးသွားခဲ့သည်။ ဤတစ်ကြိမ်ထွက်လာသော သူများအားလုံးသည် သူယုံကြည့်ရသည့် လက်ထောက်များနှင့် လက်ရွေးစင်များဖြစ်ကြသည်။ အကြီးအကဲအဖွဲ့တွင် သူ၏အမိန့်ကို နားထောင်သော လူတစ်စုသည် ချူးယွင်ဖန်း၏မြှားများဖြင့် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

"ဘာကြောက်စရာရှိလို့လဲ စိတ်မပူပါနဲ့။ မင်းအလှည့်ရောက်လာလိမ့်မယ်။" ချူးယွင်ဖန်းသည် ပထမအုပ်ထိန်းသူကိုကြည့်ကာ အခြားမြှားတစ်စင်းကို ပစ်လွှတ်လိုက်သည်။

ဝှစ်

မြှားသည် ကောင်းကင်ကို ဖြတ်ကျော်သွားကာ မျက်လုံးတစ်မှိတ်အတွင်းမှာပင် ပထမအုပ်ထိန်းသူရှေ့သို့ ရောက်လာသည်။

“ချီးပဲ”

ပထမအုပ်ထိန်းသူသည် သူ့ခြေဖဝါးမှ ဦးနှောက်အထိ အန္တရာယ်ကို ချက်ချင်းခံစားလိုက်ရသည်။ သူသသည် အံကြိတ်လျက် ရပ်နေရာ သူ့ရှေ့တွင် ကျောက်သားဒိုင်းတစ်ခု ပေါ်လာသည်။ ဤဒိုင်းကို ကျောက်ခေတ်မှ ပေါက်ဖွားလာသော မှော်လက်နက်တစ်ခုကဲ့သို့ ရှေးခေတ်ပုံစံဖြင့် ထွင်းထုထားသည်။

ဘမ်း

မြှားက ကျောက်တုံးပေါ်သို့ ကျရောက်သောအခါ ပေါက်ကွဲသွားသည်။ ကျောက်တုံးကို ဖြတ်မဖောက်သွားခဲ့သော်လည်း ပြင်းထန်‌သော ပြန်တွန်းအားက ပထမအကြီးအကဲကို ပြန်တွန်းပို့လိုက်သည်။ သူ့ရင်ဘတ်တွင် သွေးများ တဆတ်ဆတ် တုန်နေသည်ကို ခံစားလိုက်ရ၍ တုန်လှုပ်ကာ သွေးအန်မတက်ဖြစ်သွားသည်။

ရုတ်တရက် နောက်အခိုက်အတန့်တွင် ချူးယွင်ဖန်းသည် သူ့ရှေ့တွင် ပေါ်လာသည်။

ချူးယွင်ဖန်းက သူ့လက်သီးကို တင်းတင်းဆုပ်လိုက်ကာ ထိုးချလိုက်သည်။

All Chapters