အခန်း (၃၉၄-၃၉၅)
Vol. 33 Ch. 394-395
အခန်း ၃၉၄ :ကျန်းလီ
ဆေးပညာဂိုဏ်း သို့မဟုတ် ဆေးဂိုဏ်းဟူသည်မှာ ခေါင်းဆောင်များက ဆေးပညာလမ်းစဉ်ကို ကျင့်ကြံကြပြီး ကုသခြင်းဖြင့် ကမ္ဘာလောကကို ကယ်တင်ကာ ဆေးပညာဗဟုသုတများကို ဖြန့်ဝေပေးသည့်နေရာပင်။ မိုးကောင်းကင်အောက်ရှိ သမားတော်ဟူသမျှသည် ထိုဂိုဏ်း၏အုပ်ချုပ်မှုအောက်တွင် ရှိကြသည်။
ဂိုဏ်းချုပ်ရှန်းနွန်သည် ရှန်းနွန်တောင်မှ ထွက်ပေါ်လာခဲ့ပြီး ရာနှင့်ချီသောဆေးပင်များကို စမ်းသပ်လေ့လာကာ ဆေးဝါးထောင်ပေါင်းများစွာကို ဖော်စပ်ခဲ့သည်။ သူသည် ဆေးပညာပေါင်းချုပ်ကျမ်းကို ရေးသားခဲ့ပြီး ကောင်းကင်ကံကြမ္မာကို နားလည်သဘောပေါက်ကာ ဂိုဏ်းကို တည်ထောင်၍ အနယ်နယ်အရပ်ရပ်မှ တပည့်များကို လက်ခံခဲ့လေ၏။
ဆေးပညာဂိုဏ်း၏ ဌာနချုပ်သည် ရှန်းနွန်တောင်တွင် တည်ရှိခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ နောက်ပိုင်းတွင် ထျန်းလီအင်ပါယာ၏ သတ္တမမြောက် မျိုးဆက်ဖြစ်သော ချင်းထျန်ဧကရာဇ်သည် ဆေးပညာဂိုဏ်းကို အလေးအနက်ထား၍ ဖိတ်ခေါ်ခဲ့သည်။ သူသည် သူတို့အတွက် ဆေးခန်းမဆောင်တစ်ခုကို တည်ဆောက်ပေးကာ တပည့်များကို ကျယ်ကျယ်ပြန့်ပြန့် လက်ခံစေခဲ့သဖြင့် နောက်ဆုံးတွင် နေရာပြောင်းရွှေ့ခဲ့ခြင်း ဖြစ်ပေ၏။
ယခုအချိန်၌ ဆေးပညာဂိုဏ်း၏ဌာနချုပ်သည် ထျန်းလီမြို့တွင် တည်ရှိပြီး မြို့သားမှတ်ပုံတင်ခြင်းရုံးတော်နှင့် မိုင်တစ်ရာခန့်သာ ကွာဝေးသည်။
အကြီးအကဲကျန်းလီသည် ဆေးပညာဂိုဏ်း၏ မဟာအကြီးအကဲလေးဦးအနက် တစ်ဦးဖြစ်ပြီး ဆေးဖော်စပ်ခြင်းကဏ္ဍကို တာဝန်ယူထားသူ ဖြစ်ကာ အကျော်ကြားဆုံး ဆေးအရူးတစ်ယောက်လည်းဖြစ်သည်။ ကုန်းမြေတစ်ခုလုံးတွင် ဆေးဖော်စပ်ခြင်းကို လေ့ကျင့်သော မည်သည့်သမားတော်မဆို အခြေခံအားဖြင့် သူ၏ တပည့် သို့မဟုတ် မြေးတပည့်များ ဖြစ်ကြသည်။
ထို့ကြောင့် ဆေးပညာဂိုဏ်းတွင်သာမက လောကကြီးတခွင်လုံးတွင် သူသည် အလွန်မြင့်မားသော အဆင့်အတန်းရှိသူပင်။ ဧကရာဇ်ဖူရှန်းက သူ့ကို ဧည့်သည်တော်အဖြစ် ဖိတ်ကြားလျှင်ပင် သူ မလာချင်ဟု ဆုံးဖြတ်လိုက်ပါက မည်သူမျှ ဖျောင်းဖျ၍မရသလို မည်သူမျှလည်း အပိုစကားမပြောရဲကြချေ။
...
ဆေးဖော်စပ်ခြင်းအပေါ် ရူးသွပ်မှုကြောင့် သူ့ကို အကြီးအကဲ ယောင်ဖုန်းဟုလည်း နောက်ပြောင်ခေါ်ဝေါ်ကြသည်။
ယခုအချိန်တွင် အကြီးအကဲယောင်ဖုန်း၏ဆံပင်များ ညစ်ပတ်ရှုပ်ပွနေပြီး ဆေးမီးဖိုတစ်လုံး၏ ရှေ့တွင် မတ်တတ်ရပ်ကာ ဆေးပုလင်းငယ်လေးတစ်လုံးကို ကြည့်နေသည်။
သူ၏ရှေ့တွင် တပည့်သုံးယောက် မတ်တတ်ရပ်နေပြီး သူတို့အားလုံးသည် ဆံပင်များဖြူဖွေးနေသော အသက်ခြောက်ဆယ်ဝန်းကျင် အဘိုးအိုများပင်။ ဆေးပညာဂိုဏ်းမှ တခြားလူများသာ ဤနေရာတွင် ရှိနေပါက သူတို့ကို အလွန်မြင့်မားသော ရာထူးများ ရရှိထားသည့် အကြီးအကဲများဟု သေချာပေါက် မှတ်မိသွားကြပေမည်။
"ဆရာ... ကျေးဇူးပြုပြီး နာမည်ပေးပါအုံး..."
အကြီးအကဲယောင်ယွင်သည် ဝမ်းချုပ်နေသကဲ့သို့ ရှုံမဲ့နေသော မျက်နှာအမူအယာဖြင့် အချိန်အတော်ကြာအောင် စောင့်ပြီးမှ နောက်ဆုံးတွင် သူ၏လက်ကို ပူးဆုပ်ပြီး ဦးညွှတ်အရိုအသေပြုလိုက်သည်။
ဆရာသည် နာမည်ပေးရာတွင် အလွန်ညံ့ဖျင်းကြောင်း လူများအားလုံး သိထားကြသော်လည်း သူသည် ဆေးဝါးများကို နာမည်ပေးရသည်အား အလွန်နှစ်သက်ပေ၏။ ဆေးအသစ်တစ်ခု ဖန်တီးလိုက်တိုင်း သူ့ထံသို့ လာရောက်မပြသလျှင် သူ စိတ်ဆိုးတတ်သည်။
လွန်ခဲ့သော ရက်များက သူတို့ညီအစ်ကိုသုံးဦးသည် ဆေးကောင်းတစ်လက်ကို ဖော်စပ်ခဲ့ကြပြီး သူတို့ထံ၌ စိတ်ကူးတစ်ခု ရှိထားသော်လည်း ဤနေရာသို့ ယူဆောင်လာခဲ့ကြရသည်။
တပည့်သုံးဦး၏ လိမ္မာသောအပြုအမူများကို ကြည့်ရင်း ကျန်းလီက စိတ်ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်လိုက်၏။ သူသည် ဆေးလုံးတစ်လုံးကို ထုတ်ယူကာ သူ၏နှာခေါင်းနားသို့တေ့၍ အားရပါးရ ရှူရှိုက်ပြီးနောက် ခေါင်းညိတ်လိုက်သည်။
"ဒီဆေးလုံးမှာ ဆေးဖက်ဝင်ပစ္စည်းဆယ့်သုံးမျိုး ပါဝင်တယ်...အဲ့ဒီအထဲမှာ ခန္ဓာကိုယ်ကို အားနည်းစေပြီးတော့ စွမ်းအင်နဲ့ သွေးကို ကုန်ခမ်းစေတဲ့ ဖေးရှုမြက် သွေးလည်ပတ်မှုကို ရပ်တန့်စေတဲ့ ဟုန်ရင်မြက် စိတ်ဝိညာဉ်ကို အားနည်းစေပြီး အိပ်ချင်စိတ်ဖြစ်ပေါ်စေတဲ့ လော်ဟွမ်မြက်... ဒီဆေးပင်တွေကို ရေခဲဝိညာဉ်ပန်းရဲ့ ညီမျှစေတဲ့ ဂုဏ်သတ္တိနဲ့ ပေါင်းစပ်လိုက်တာကြောင့် သောက်သုံးလိုက်တာနဲ့ အသက်ပင်လယ်နယ်ပယ် ဒုတိယအဆင့်အောက်မှာရှိတဲ့ ကျင့်ကြံသူတစ်ယောက်က ချက်ချင်းမျက်နှာဖြူရော်သွားပြီး အလောင်းကောင်လို ဖြစ်သွားလိမ့်မယ်... ဒါက မိုးကောင်းကင်တာအိုကို လှည့်စားပြီးတော့ သေချင်ယောင်ဆောင်ဖို့ အကောင်းဆုံးပဲ....ဒါကြောင့် ဒီဆေးလုံးကိုမျက်နှာစိမ်းပုပ်ဆေးလုံးလို့ နာမည်ပေးလိုက်မယ်"
အကြီးအကဲယောင်ယွင်၏နဖူးမှ သွေးကြောများ အထိန်းအကွပ်မဲ့စွာ လှုပ်ခတ်သွားပြီး အလျင်အမြန် ပြောဆိုလိုက်သည်။
"ဆရာ.....လူတစ်ယောက်ကို သေသွားသလို ဖြစ်စေနိုင်တာဆိုတော့ နားထောင်လို့ ပိုကောင်းမယ့် လိပ်အသက်ရှုခြင်းဆေးလုံးဒါမှမဟုတ် စိတ်ဝိညာဉ်ဖုံးကွယ်ခြင်းဆေးလုံးလို့ နာမည်ပေးရင် ပိုမကောင်းဘူးလား..."
"နာမည်ဆိုးက ပိုပြီးအသက်ရှည်ရှည်နေနိုင်တယ်...နားထောင်ရဆိုးလေလေ မှတ်မိလွယ်လေလေပဲ....တော်ကြတော့... ဒါကို မျက်နှာစိမ်းပုပ်ဆေးလုံးလို့ပဲ ခေါ်မယ်..... တခြားနာမည်တွေအကြောင်း လာမပြောနဲ့တော့"
ကျန်းလီက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"တခြားကိစ္စ ရှိသေးလား....မရှိရင် ငါ ဆေးဖော်စပ်တာကို ဆက်လုပ်တော့မယ်...ငါ့ကို မနှောင့်ယှက်ကြနဲ့တော့...ငါက အခု မြေကမ္ဘာငရဲမြက်နဲ့ ဖော်စပ်တဲ့ စတုတ္ထမြောက်နည်းလမ်းဖြစ်တဲ့ မြေကမ္ဘာငရဲအပြာရောင်ဆေးလုံးကို စမ်းသပ်နေတယ်.... အရောင်ခုနစ်မျိုးလုံး စမ်းသပ်ပြီးလို့ ဘယ်ဟာက အာနိသင်အကောင်းဆုံးလဲဆိုတာ သိရရင် အဲ့ဒီတစ်ခုကိုပဲ ငါ ဖြန့်ချိတော့မယ်..."
ဆရာဖြစ်သူ၏နာမည်ပေးပုံကို ကြားလိုက်ရချိန်၌ အကြီးအကဲယောင်ယွင်တစ်ယောက် ထပ်မံ၍ လက်မှိုင်ချလိုက်မိသည်။
မြေကမ္ဘာငရဲမြက်ကို အဓိကပါဝင်ပစ္စည်းအဖြစ် အသုံးပြုထားသော ဆေးလုံးများနှင့် ပတ်သက်၍ ယခုအချိန်အထိ အမျိုးအစား သုံးမျိုး ဖန်တီးထားပြီးဖြစ်သည်။ ထိုအရာများကို ဆရာမှ နာမည်ပေးထားသည်မှာ မြေကမ္ဘာငရဲအစိမ်းရောင် မြေကမ္ဘာငရဲခရမ်းရောင် နှင့် မြေကမ္ဘာငရဲအဝါရောင်ဟုပင်။
'အရောင်ကိုကြည့်ပြီး ဖြစ်ကတတ်ဆန်း နာမည်ပေးနေတာက အရမ်းကလေးကလား မဆန်လွန်းဘူးလား.....ပြီးတော့ အရေးအကြီးဆုံးက... နားထောင်လို့ရော ကောင်းရဲ့လား....."
သူ စိတ်ပျက်နေသော်လည်း နာမည်ပေးခြင်းသည် ဆရာ၏ဝါသနာဖြစ်ကြောင်း သူ သိရှိထားသည်။ တပည့်များအနေဖြင့် သူ့အား ထိုကိစ္စကို တားမြစ်ပိုင်ခွင့်မရှိသဖြင့် သူသည် ချက်ချင်းဆိုသလိုပင် ဦးညွှတ်အရိုအသေပြုလိုက်၏။
"ဆရာ.....မြေကမ္ဘာငရဲမြက်ရဲ့ ဂုဏ်သတ္တိတွေက အရမ်းကြမ်းတမ်းပြီး တခြားဆေးဖက်ဝင်ပစ္စည်းတွေနဲ့ မတည့်ပါဘူး...ဖြစ်နိုင်ရင်... ဆက်ပြီး မစမ်းသပ်ပါနဲ့တော့လား...ဆရာ့ရဲ့ အချိန်နဲ့ လုပ်အားတွေ အလဟသဖြစ်မှာကို ကျွန်တော် စိုးရိမ်လို့ပါ..."
"ပါးစပ်ပိတ်ထားစမ်း...."
ကျန်းလီက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"မင်းတို့ ဘာသိလို့လဲ....မြေကမ္ဘာငရဲမြက်တွေ အများကြီးရှိတယ်....အဲ့ဒါတွေကိုသာ ပြီးပြည့်စုံတဲ့ ဆေးလုံးတွေအဖြစ် ဖော်စပ်နိုင်ရင် အဆင့်မြင့်ဆေးဝါးတွေ သောင်းနဲ့ချီပြီး ထွက်ပေါ်လာလိမ့်မယ်... ဒီလောက်များတဲ့ ဆေးဝါးတွေနဲ့ဆိုရင် လူဘယ်နှယောက်လောက် အကျိုးရှိသွားမလဲ... ပညာရှင်ဘယ်နှယောက်လောက် မွေးထုတ်ပေးနိုင်မလဲဆိုတာ မင်းတို့ တွေးကြည့်ကြစမ်း..."
"ဟုတ်ကဲ့..."
ဆရာဖြစ်သူ၏မျက်လုံးထဲမှ ရူးသွပ်မှုကို မြင်တွေ့ရာ ယောင်ယွင်သည် ဆက်မပြောတော့ဘဲ ထပ်မံ၍ ဦးညွှတ်အရိုအသေပြုကာ ဂျူနီယာညီလေးနှစ်ယောက်နှင့်အတူ အခန်းထဲမှ ထွက်ခွာရန် ဟန်ပြင်လိုက်၏။ ထိုအချိန်မှာပင် လူငယ်အစေခံတစ်ဦးက အခန်းထဲသို့ အလျင်အမြန် ဝင်ရောက်လာသည်။
"အကြီးအကဲကျန်း... စီနီယာအစ်ကိုပိုင်က တွေ့ခွင့်တောင်းနေပါတယ်..."
"သူ့ကို ဝင်လာခိုင်းလိုက်...ငါ့ရဲ့ မြေကမ္ဘာငရဲအပြာရောင်ဆေးလုံးက အခုလေးတင် ပြီးပြည့်စုံသွားပြီ...ဆေးအာနိသင် ဘယ်လိုတုံ့ပြန်လဲဆိုတာ စမ်းသပ်ဖို့အတွက် သူ့ကို လူရှာခိုင်းရမယ်... ဒါက ဆေးကို ပိုကောင်းအောင် ပြုပြင်ဖို့လည်း အထောက်အကူ ဖြစ်နိုင်တယ်..."
ကျန်းလီ၏မျက်လုံးများ တောက်ပသွားသည်။
ပိုင်ကျိုးဝမ်သည် ဆေးဖော်စပ်ရာတွင် သာမာန်ပါရမီမျှသာ ရှိသော်လည်း လူမှုဆက်ဆံရေးတွင် ကောင်းမွန်သဖြင့် ဆေးစမ်းသပ်ခံသူများကို ရှာဖွေသည့် တာဝန်ကို ပေးအပ်ထားခြင်းပင်။ မမျှော်လင့်ဘဲ သူ၏ ကြိုးပမ်းမှုသည် အကြီးအကျယ် အောင်မြင်ခဲ့ပေ၏။ နှစ်အနည်းငယ်အတွင်း သူသည် ဆေးဖက်ဝင်ပစ္စည်းထောင်ပေါင်းများစွာကို စမ်းသပ်ခဲ့ပြီးနောက် သောင်းနှင့်ချီသော ရလဒ်များနှင့်သုံးသပ်ချက်များကို ရရှိခဲ့သည်။
ဤအချက်ပေါ် အခြေခံ၍ သူသည် တန်ဖိုးကြီးဆေးလုံးများစွာကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့ပြီး ဆေးပညာဂိုဏ်းအတွက် ရေတွက်၍မရနိုင်သော အကျိုးပြုရမှတ်များကို ရှာဖွေပေးနိုင်ခဲ့သည်။
အစေခံ ထွက်သွားပြီးနောက် မကြာမီမှာပင် ပိုင်ကျိုးဝမ် ဝင်ရောက်လာသည်။ အကြီးအကဲယောင်ယွင်နှင့်တခြားလူများသည် တံခါးဝတွင် မတ်တတ်ရပ်နေသည်ကို မြင်တွေ့ချိန်၌ ချက်ချင်းဆိုသလိုပင် သူ၏ခါးကို ကိုင်းညွှတ်လိုက်ပြီးနောက် ရှေ့သို့တိုးလာသည်။
"အကြီးအကဲကျန်း..."
"အချိန်ကိုက်ပဲ.. မြေကမ္ဘာငရဲအဝါရောင်ဆေးလုံးရဲ့ စမ်းသပ်မှု အတွေ့အကြုံတွေကို ယူလာခဲ့လား... ဘယ်လိုမှတ်တမ်းတင်ထားလဲဆိုတာ ငါ ကြည့်အုံးမယ်"
ကျန်းလီက သူ၏လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်သည်။
"ဟုတ်ကဲ့..."
ပိုင်ကျိုးဝမ်သည် အချိန်တခဏကြာမျှ တွေဝေတုံ့ဆိုင်းသွားပြီးနောက် စာရွက်တစ်ရွက်ကို လက်ကမ်းပေးလိုက်၏။
"ဒီလောက်ပဲလား"
ကျန်းလီက မျက်မှောင်ကြုတ်လိုက်သည်။
သူသည် မြေကမ္ဘာငရဲအဝါရောင်ဆေးလုံးကို ပေးလိုက်သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ ထို့ကြောင့် ပုံမှန်အခြေအနေအရဆိုလျှင် စမ်းသပ်ခံသူများ ဆယ်နှင့်ချီ၍ သို့မဟုတ် ရာနှင့်ချီ၍ပင် ရှိသင့်သည်။ စမ်းသပ်ခံသူတစ်ယောက်လျှင် စာတစ်စောင် ရေးလျှင်ပင် စာရွက်ပေါင်းဆယ်နှင့်ချီ၍ ရှိသင့်ပေ၏။ သို့ရာတွင် မည်သည်ကြောင့် စာကြောင်းတို အနည်းငယ်သာ ပါဝင်သော စာရွက်တစ်ရွက်တည်း ဖြစ်နေရသနည်း။
"အကြီးအကဲကို ပြန်ပြီးတင်ပြရရင် မြေကမ္ဘာငရဲအဝါရောင်ဆေးလုံးရဲ့ အာနိသင်က အရမ်းပြင်းထန်လွန်းတယ် .. ကျင့်ကြံသူအများစုက ဒီဆေးလုံးကို သောက်သုံးပြီးတာနဲ့ သူတို့ရဲ့ခန္ဓာကိုယ်တွေက တောင့်မခံနိုင်ဘဲ သတိလစ်သွားတာကြောင့် သူတို့ရဲ့ အတွေ့အကြုံကို ဘယ်သူမှ ချမရေးနိုင်ခဲ့ပါဘူး..."
ပိုင်ကျိုးဝမ်က ရှက်ကိုးရှက်ကန်းဖြင့် တုံ့ပြန်အဖြေပေးသည်။
ဤဆေးလုံးကိုသောက်သုံးသော လူများအားလုံး အဆိပ်မိပြီး သေဆုံးသွားပြီဟု သူ မပြောရဲချေ။ ထိုသို့မဟုတ်ပါက သူ၏တန်ဖိုးသည် သုညဖြစ်သွားပြီး ရာထူးမှဖယ်ရှားခံရနိုင်ခြေရှိသည်။
သူ၏ရှေ့မှ လူသည် စမ်းသပ်ခံသူများ၏ သေရေးရှင်ရေးကို ဂရုမစိုက်သော်လည်း အစွမ်းထက်သူများဖြင့် ပြည့်နှက်နေသော ဂိုဏ်းကြီးတွင် သူ စကားတစ်ခွန်း မှားယွင်းသွားသည်နှင့် သူတစ်ပါး၏နင်းခြေခြင်းကို ခံရနိုင်သည်။
"အော်... အဲ့ဒီလိုလား..."
ကျန်းလီသည် ထပ်မံ၍ သံသယမဝင်တော့ဘဲ သူ၏လက်ထဲရှိ စာရွက်ကို တစ်ချက်ကြည့်လိုက်၏။ ရုတ်ချည်းဆိုသလိုပင် သူ၏ မျက်လုံးများအတွင်း၌ ဒေါသများဖြင့် ပြည့်နှက်သွားပြီး သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"ဒါက ဆေးစမ်းသပ်ခံတဲ့လူတွေဆီက ရတဲ့ တုံ့ပြန်ချက်လား...အဓိပ္ပါယ်မဲ့လိုက်တာ.... လုံးဝကို အဓိပ္ပါယ်မရှိဘူး"
ထို့နောက် သူသည် စာရွက်ကို လုံးခြေပြီး ပစ်ပေါက်လိုက်ရာ ပိုင်ကျိုးဝမ်၏မျက်နှာကို ထိမှန်သွားသည်။
ပိုင်ကျိုးဝမ်၏မျက်နှာ ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး မလှုပ်ရှားရဲတော့ချေ။
အကြီးအကဲယောင်ယွင်နှင့်ဂျူနီယာနှစ်ဦးတို့သည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး စူးစမ်းလိုစိတ်ဖြင့် ထိုစာရွက်ကို ကောက်ယူကြည့်လိုက်ရာ သူတို့၏မျက်ခွံများသည်လည်း အထိန်းအကွပ်မဲ့စွာဖြင့် လှုပ်ခတ်သွားကြသည်။
ထိုစာရွက်ပေါ်တွင် မှတ်ချက်နှစ်ခုကိုသာ ရေးသားထားသည်။
"ဒီမြေကမ္ဘာငရဲအဝါရောင်ဆေးလုံးက အရသာ နည်းနည်းခါးတယ်.. သောက်ရတာ သိပ်မကောင်းဘူး... အရသာ ပိုကောင်းအောင် ရေခဲနွယ်ချိုတစ်ပင်လောက် ထည့်လိုက်ရင် ပိုကောင်းမယ် ထင်တယ်..."
"ဒီဆေးကို သန့်စင်ထားတာ သိပ်ပြီးမချောမွေ့ဘူး ..အရောင်ကလည်း သိပ်မလှဘူး... ဆေးလုံးရဲ့ မျက်နှာပြင်ကို ပိုပြီးကြည်လင်တောက်ပသွားအောင် ရေခဲသလင်းမြက်ထည့်လိုက်ရင် ပိုလှသွားမယ် ထင်တယ်"
"..."
မလှမ်းမကမ်းရှိ တခြားအကြီးအကဲနှစ်ဦးသည်လည်း ထိုအကြောင်းအရာကို တွေ့မြင်လိုက်ရသည်။
သူတို့သည် များသောအားဖြင့် စမ်းသပ်ခံသူများ၏ ကိုယ်တွေ့ခံစားချက်များကို အဓိကထားသည့် စမ်းသပ်မှုတုံ့ပြန်ချက်များကို ဖတ်ရှုရလေ့ရှိသည်။ သို့ရာတွင် အဆိပ်နှင့်ပတ်သက်၍ ခါးသောအရသာနှင့် ဆွဲဆောင်မှုမရှိသော ပုံပန်းသဏ္ဍာန်အပေါ် မှတ်ချက်ပေးခြင်းကို မြင်ဖူးသည်မှာ ပထမဆုံးအကြိမ်ပင်။
အခန်း ၃၉၅ - ပါရမီရှင်
"ဆရာ... ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့"
ယောင်ယွင်သည် သူ၏စိတ်ထဲမှ ထူးဆန်းနေမှုကို မြိုသိပ်ရင်း သူ၏လက်နှစ်ဖက်ကို အလျင်အမြန် ပူးဆုပ်ကာ ဦးညွှတ်အရိုအသေပြုလိုက်သည်။
"ဒါက အရေးမပါတဲ့ လူနှစ်ယောက်ရဲ့ အမြင်တွေပါ.....သူတို့က ဆေးစမ်းသပ်ခံတဲ့ အဆင့်လောက်ပဲ ရှိတဲ့လူတွေဆိုတော့ ဆေးဖော်စပ်ခြင်းအကြောင်းကို ဘာမှနားမလည်ကြတာ သေချာပါတယ်.... ဒါကြောင့် သူတို့ရဲ့စကားကို လျစ်လျူရှုလိုက်တာ အကောင်းဆုံးပါပဲ... ပိုင်ကျိုးဝမ်က လူတွေအများကြီးနဲ့ ထပ်ပြီးစမ်းသပ်လိုက်ရင် မျှတတဲ့ အမြင်တွေ အလိုလို ရလာမှာပါ..."
ကျန်းလီ၏တင်းမာခက်ထန်မှုများ အနည်းငယ်လျော့ပါးသွားပြီး သူ၏လက်ကို ပေါ့ပေါ့ပါးပါး လက်ဝှေ့ယမ်းလိုက်သည်။
"ငါ အစတုန်းက မင်းကို မြေကမ္ဘာငရဲအပြာရောင်ဆေးလုံးကို ပေးချင်ခဲ့တာ....ဒါပေမဲ့ မြေကမ္ဘာငရဲအဝါရောင်ဆေးလုံးကိုတောင် သေချာ မစမ်းသပ်ရသေးဘူး ဆိုတော့ အဲ့ဒါနဲ့ပဲ ဆက်လုပ်လိုက်ပါ....အဲ့ဒီဆေးလုံးကို စမ်းသပ်ပြီးတာနဲ့ ရလဒ်တွေကို ငါ့ဆီ ယူလာခဲ့စမ်း"
ထိုစကားကိုကြားချိန်၌ ပိုင်ကျိုးဝမ်သည် မျက်နှာအမူအယာ ပျက်ယွင်းသွားပြီး အချိန်အတော်ကြာမှ အံ့တင်းတင်းကြိတ်ပြီး ပြောဆိုသည်။
"အကြီးအကဲကို တင်ပြရရင်... အဲ့ဒီ မြေကမ္ဘာငရဲအဝါရောင်ဆေးလုံးတွေအားလုံး ကုန်သွားပါပြီ..."
"ကုန်သွားပြီ... ဟုတ်လား..."
ကျန်းလီသည် ကြက်သေသေသွားပြီးနောက် မျက်မှောင်ကြုတ်လိုက်၏။
"ငါက ဂုဏ်သတ္တိအမျိုးမျိုးနဲ့ မြေကမ္ဘာငရဲအဝါရောင်ဆေးပုလင်းတွေကို ရာနဲ့ချီပြီး ဖော်စပ်ပေးလိုက်တာလေ....တချို့လူတွေက ဆေးဒဏ်မခံနိုင်လို့ သေသွားရင်တောင် တုံ့ပြန်ချက်နှစ်ခုတည်းတော့ ကျန်ခဲ့စရာ အကြောင်းမရှိဘူး မဟုတ်လား"
...
ပုလင်းတစ်ပုလင်းတွင် ဆေးဆယ်လုံးပါဝင်ပြီး ပုလင်းပေါင်းရာနှင့်ချီဆိုလျှင် ဆေးလုံးပေါင်း ထောင်နှင့်ချီ၍ ရှိပေသည်။ ထိုအရာများကို ပြင်ပတွင် ရောင်းချမည်ဆိုပါက တန်ဖိုးသည် ကံကြမ္မာချပ်ပြား သိန်းနှင့်ချီ၍ သို့မဟုတ် သန်းနှင့်ချီ၍ပင် တန်ကြေးရှိနိုင်သည်။
'မင်းပြောပုံအရဆိုရင်... အဲ့ဒီဆေးလုံးတွေအားလုံး ကုန်သွားရင်တောင် တုံ့ပြန်ချက်နှစ်ခုတည်းရတယ်....အဲ့ဒါကလည်း အရမ်းစိတ်တိုဖို့ကောင်းတဲ့ ကြားရမြင်ရမကောင်းတဲ့ အရာတွေတဲ့လား... မင်း ငါ့ကို နောက်နေတာလား'
ပိုင်ကျိုးဝမ်၏မျက်နှာ နီမြန်းသွားသည်။
"အရင်တုန်းက မြေကမ္ဘာငရဲအဝါရောင်ဆေးတစ်လုံးကို စားသုံးခဲ့တဲ့ ကျင့်ကြံသူတွေအားလုံးက အသက်ငါးရှိုက်စာတောင် တောင့်မခံနိုင်ဘဲနဲ့ ချက်ချင်းသေဆုံးသွားခဲ့ကြတယ်...ဒါကြောင့် သူတို့က ဘာစကား ဘာမှတ်တမ်းမှ မကျန်ခဲ့ပါဘူး....ဒါပေမဲ့ ဒီနေ့ ဆေးဒဏ်ကို ခံနိုင်ရည်မြင့်မားတဲ့ လူနှစ်ယောက် ရောက်လာခဲ့တယ်...မြေကမ္ဘာငရဲ အဝါရောင်ဆေးလုံးကို စားပြီးတဲ့နောက် သူတို့ရဲ့ခန္ဓာကိုယ်တွေမှာ ဘာအမှားအယွင်းမှ ဖြစ်မလာဘူး... ခုနက စာရွက်ပေါ်က သုံးသပ်ချက်တွေက သူတို့ရေးပေးလိုက်တာပါ"
"ဘာမှမဖြစ်ဘူးဆိုရင် သူတို့ကို ဆေးလုံးတွေ ထပ်တိုက်ပြီးတော့ တုံ့ပြန်ချက်တွေ ထပ်ရေးခိုင်းလိုက်ပါလား"
ကျန်းလီက သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။
သူသည် မြေကမ္ဘာငရဲအဝါရောင်ဆေးလုံးအတွက် ဆေးညွှန်းအမျိုးအစားပေါင်း ဆယ်နှင့်ချီ၍ ဖန်တီးထားပြီး ဆေးညွှန်းတစ်မျိုးစီအတွက် ဆေးပုလင်းနှစ်လုံးစီခန့် စီစဉ်ပေးထားသည်။ ဆေလုံးတစ်မျိုးသည် ထိုလူနှစ်ယောက်ကို သေဆုံးသွားစေခြင်းမရှိဟုဆိုလျှင် နောက်ထပ်ဆေးလုံးများဖြင့် ထပ်မံ၍ စမ်းသပ်နိုင်သည် မဟုတ်လော။
"ခုဏက ကျွန်တော် ဆေးတွေကုန်သွားပြီလို့ ပြောတာက... အဲ့ဒီလူနှစ်ယောက်တည်းက အကုန်သောက်သွားလို့ပါ"
ပိုင်ကျိုးဝမ်က အမှန်အတိုင်း ပြောဆိုလိုက်သည်။
"လူနှစ်ယောက်တည်းနဲ့ မြေကမ္ဘာငရဲအဝါရောင်ဆေးလုံးတွေ အကုန်လုံးကို စားသွားတာလား..."
ဤတစ်ကြိမ်တွင် ယောင်ယွင်ပင်လျှင် အနည်းငယ် အံ့အားသင့်သွားသည်။
"မင်း ဆိုလိုချင်တာက သူတို့တစ်ယောက်စီက ဆေးလုံးဆယ်လုံးထက် ပိုပြီးစားသွားကြတာလား"
ပိုင်ကျိုးဝမ်သည် အချိန်တခဏကြာမျှ စဥ်းစားတွေးတောပြီးနောက် ပြောဆိုလိုက်၏။
"သူတို့တစ်ယောက်စီက... ငါးကျင်းကျော်စီ စားသွားကြပါတယ်..."
"...."
အခန်းတစ်ခန်းလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ ကျန်းလီပင်လျှင် မျက်လုံးပြူးသွားပြီး မယုံကြည်နိုင်စရာကောင်းသော တစ်စုံတစ်ခုကို ကြားလိုက်ရသည့်အလား ထူးဆန်းသော အမူအယာဖြင့် ပိုင်ကျိုးဝမ်ကို ကြည့်လိုက်သည်။
"မြေကမ္ဘာငရဲအဝါရောင်ဆေးလုံးကို... ငါးကျင်းတောင် စားတယ်...ဟုတ်လား...."
သူကိုယ်တိုင် ဖော်စပ်ထားသော ဤဆေးလုံး၏ အာနိသင်ကို သူ အသိဆုံးပင်။ ဤဆေးလုံး၏ အဓိကပါဝင်ပစ္စည်းသည် ရှေးဟောင်းသင်္ချိုင်းဂူများမှ တူးဖော်ရရှိသော မြေကမ္ဘာငရဲမြက်ဖြစ်သည်။ ထိုအရာကို ဆွေးမြေ့နေသော အလောင်းကောင်များဖြင့် အာဟာရဖြည့်တင်းထားသဖြင့် သဘာဝအလျောက် အလောင်းကောင်စွမ်းအင် ပါရှိသည်။ ပုံမှန်အားဖြင့် ကျင့်ကြံသူများသည် ထိုဆေးလုံးကို စားသုံးပြီးနောက် ခံနိုင်ရည်မရှိဘဲ အဆိပ်သင့် သေဆုံးသွားကြမည်ကို သူ မျှော်လင့်ထားပြီးဖြစ်ပေ၏။ သို့ရာတွင် တစ်ယောက်လျှင် ဆေးလုံးကိုငါးကျင်းစီ မည်သည့်ပြဿနာမျှမရှိဘဲ သောက်သုံးသွားကြပြီးနောက် သူတို့၏တုံ့ပြန်ချက်သည် အရသာမရှိဟု ဆိုသလော။
မည်သည့်အရာများ ဖြစ်ပျက်သွားသနည်း....
"ဒါက တကယ်ပါ..."
လူများအားလုံး၏မျက်နှာအမူအယာကို မြင်လိုက်ရသဖြင့် ပိုင်ကျိုးဝမ်သည် သူ၏စိတ်ကိုတင်းကာ အခြေအနေအားလုံးကို အသေးစိတ် ရှင်းပြလိုက်တော့သည်။
"ဒီလောက်တိုတောင်းတဲ့ အချိန်နာရီပိုင်းအတွင်းမှာ ဒီလောက်ထိများတဲ့ ဆေးပမာဏကို စားသုံးပြီးတာတောင် တက်ကြွလန်းဆန်းနေတယ် ဆိုတော့... ဒီလူနှစ်ယောက်က အရမ်းစွမ်းအားကြီးနေလို့များလား...သူတို့က အသက်ပင်လယ်နယ်ပယ် သတ္တမအဆင့်မှာလား....ဒါမှမဟုတ် အဲ့ဒီထက် ပိုမြင့်နေလား"
ကျန်းလီက မေးမြန်းသည်။
စွမ်းအားကြီးမားခြင်းသည်လည်း ထိုကဲ့သို့ ကြမ်းတမ်းသော ဆေးအာနိသင်ကို နောက်ဆက်တွဲဆိုးကျိုးမရှိဘဲ ခံနိုင်ရည်ရှိစေသည်။
တခြားသူများကို မဆိုထားနှင့် သူ့ကဲ့သို့ လူစားမျိုးအတွက်ပင် မြေကမ္ဘာငရဲအဝါရောင်ဆေးလုံး အလွန်အဆိပ်ပြင်းသော်လည်း ကျင်းဝက်လောက်စားလျှင် မည်သည့်ပြဿနာမျှ မရှိနိုင်ချေ။
သို့ရာတွင် ထိုဆေးကို ငါးကျင်းထိ စားနိုင်ရန်မှာမူ သူ့အတွက် အလွန်ခက်ခဲသော စိန်ခေါ်မှုတစ်ရပ်ပင်။
ဤသို့ပြုလုပ်နိုင်ရန် တစ်စုံတစ်ယောက်ထံတွင် ဆေးဒဏ်ခံနိုင်ရည် ရှိရုံသာမက အလွန်ကောင်းမွန်သော အစာချေဖျက်မှုစနစ် ရှိရန်လည်း လိုအပ်သည်။
"အဲ့ဒီလို မဟုတ်ပါဘူး...တစ်ယောက်က ကြယ်စင်မြစ်နယ်ပယ် သတ္တမအဆင့် အစောပိုင်း.... နောက်တစ်ယောက်က ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့် အထွတ်အထိပ်ပါ... နှစ်ယောက်လုံးက ကျွန်တော့်ရဲ့ ကျင့်ကြံဆင့်အောက် အများကြီးနိမ့်ပါတယ်..."
ပိုင်ကျိုးဝမ်က အလျင်အမြန် ပြောဆိုသည်။
"အဲ့ဒီလောက်ထိ အားနည်းတာလား.....အဲ့ဒီကျင့်ကြံဆင့်လောက်နဲ့ဆိုရင် သူတို့က ဆေးတစ်လုံးတောင် ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး..."
ယောင်ယွင်ထံ၌ ပြောစရာစကား ပျောက်ရှသွားသည်။
ဤနေရာတွင် ရှိနေသူများအားလုံးသည် အသက်ပင်လယ်နယ်ပယ်သို့ ရောက်ရှိပြီးသူများပင်။ သူတို့ထံ၌ ထိုကဲ့သို့ ကျင့်ကြံဆင့်စွမ်းအားမျိုး ရှိနေသည့်တိုင် မြေကမ္ဘာငရဲအဝါရောင်ဆေးလုံး၏အာနိသင်ကို တောင့်မခံနိုင်ကြချေ။ ထိုသာမန်ကြယ်စင်မြစ်နယ်ပယ် လူနှစ်ယောက်သည် ဆေးငါးကျင်းကို မည်သည့်ထိခိုက်မှုမျိုးမျှမရှိဘဲ စားနိုင်ခဲ့သည်ဟု ဆိုသလော။
"သူတို့က ဆေးလုံးတွေ အများကြီး စားခဲ့ပြီးပြီဆိုတော့...သူတို့ရဲ့တုံ့ပြန်ချက်က အသုံးဝင်နိုင်မလား.... ဆရာ...ရေခဲနွယ်ချို ဒါမှမဟုတ် ရေခဲသလင်းမြက်ကို နည်းနည်းလောက် ထည့်ပြီး စမ်းသပ်ကြည့်ပါလား..."
ယောင်ယွင်သည် အချိန်တခဏကြာမျှ တွန့်ဆုတ်နေပြီးနောက် မနေနိုင်တော့ဘဲ ပြောဆိုလိုက်သည်။
"ကောင်းပြီလေ"
ကျန်းလီက ခေါင်းညိတ်လိုက်သည်။
မည်သို့ပင်ဆိုစေကာမူ ဆေးဖော်စပ်ရသည်မှာ သူ့အတွက် ဒုက္ခများမည် မဟုတ်ဘဲ အကြံပြုချက်တစ်ခု ဖြစ်နေသဖြင့် သူ နားထောင်ကြည့်လျှင်လည်း ပြဿနာမရှိချေ။
သူ ဆေးပညာကို စတင်၍ သင်ယူစဥ်၌ သူ၏ ပါရမီသည် ထူးချွန်ခြင်းမရှိသည့်အပြင် အနည်းငယ် ညံ့ဖျင်းသည်ဟုပင် ဆိုနိုင်ပေ၏။ သူ ယခုလက်ရှိ အဆင့်အတန်းသို့ ရောက်ရှိလာပြီး ဆေးပညာဂိုဏ်းတွင် ထင်ရှားသူတစ်ဦး ဖြစ်လာရခြင်း၏ အဓိကအကြောင်းရင်းမှာ သူသည် တခြားလူများ၏ အကြံဉာဏ်များကို နားထောင်တတ်သောကြောင့်ပင်။
သူသည် မည်သည့် အကြံပြုချက်ကောင်းကိုမဆို လက်ခံစမ်းသပ်လေ့ရှိပြီး ပို၍ကောင်းမွန်ပြီး သာလွန်သော ဆေးလုံးများကို ဖော်စပ်ရန် အစဥ်အမြဲ ကြိုးစားလေ့ရှိသည်။
သူသည် လေထုထဲသို့ လက်ဆန့်တန်းပြီး ညင်သာစွာ ဖမ်းဆုပ်လိုက်ရာ ကံကြမ္မာမြစ်တစ်စင်း လူများအားလုံးရှေ့တွင် ချက်ချင်းထွက်ပေါ်လာကာ လှိုင်းလုံးများထန်ပြီး တဝုန်းဝုန်းအသံများ မရပ်မနား ထွက်ပေါ်နေသည်။
သူသည် မြေကမ္ဘာငရဲမြက်ပင်တစ်ပင်နှင့် ကြိုတင်ပြင်ဆင်ထားသော ဆေးဖက်ဝင်ပစ္စည်းများကို ထုတ်ယူကာ မြစ်ထဲသို့ ပစ်ထည့်လိုက်သည်။ ထို့နောက် သူသည် အချိန်တခဏကြာမျှ တွန့်ဆုတ်နေပြီးနောက် ရေခဲနွယ်ချိုတစ်ပင်ကို ထည့်လိုက်၏။
ဘုန်း....
ကံကြမ္မာမြစ်၏ ဆေးသန့်စင်သည့်အပိုင်းသည် အချိန်တခဏမျှ တုန်ခါသွားပြီးနောက် ရုတ်တရက် တောက်ပသော အလင်းတန်းများ ဖြာထွက်လာသည်။ ထို့နောက် ဆေးလုံးအမြောက်အများ လေထုထဲသို့ ပျံ့လွင့်လာပြီး သိပ်သည်းကြွယ်ဝသော ဆေးရနံ့များ ထွက်ပေါ်လာသည်။
"ဒါက..."
ကျန်းလီက အလျင်အမြန် ဖမ်းယူလိုက်ရာ ဆေးလုံးများသည် သူ၏လက်ဝါးပေါ်တွင် ချောမွေ့စွာ လှည့်ပတ်နေပေ၏။
"မွှေးလိုက်တာ..."
"ဒီဆေးက... အနံ့ရလိုက်ရုံနဲ့ ငါ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံး ပေါ့ပါးသွားသလိုပဲ...ဒါက အားဖြည့်ဆေးကောင်းတစ်ခုဆိုတာ သေချာတယ်"
ယောင်ယွင် စိတ်လှုပ်ရှားသွားသည်။
ဆေးဖော်စပ်ရာတွင် ကောင်းကင်ဘုံ၏ မျက်နှာသာပေးမှုကို ရရှိထားသော ထိပ်သီးဆရာသခင်တစ်ဦးအနေဖြင့် ဆေးတစ်လုံးသည် အသုံးဝင်သည် သို့မဟုတ် ချို့ယွင်းချက်ရှိသည်ကို တစ်ချက်ကြည့်ရုံဖြင့် သူ သိနိုင်ပေ၏။
ယခင်က မြေကမ္ဘာငရဲအဝါရောင်ဆေးလုံးဖြစ်စေ မြေကမ္ဘာငရဲအပြာရောင်ဆေးလုံးဖြစ်စေ အဆင့်နိမ့်ထုတ်ကုန်များသာဖြစ်သည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုဆေးလုံးများတွင် တစ်စုံတစ်ခု လိုအပ်နေကြောင်း သိသာထင်ရှားသော်လည်း အတိအကျကိုမူ ဆေးစမ်းသပ်ပြီးမှသာ သိရှိနိုင်ပေမည်။
သို့ရာတွင် သူတို့၏ရှေ့မှ ဆေးလုံးသည် အရောင်အဆင်း အနံ့အရသာအားလုံးဖြင့် ပြီးပြည့်စုံပြီး တိမ်ရောင်ကွင်းလေးများပင် ထွက်ပေါ်နေသည်။ ထိုဆေးလုံး၏အရည်အသွေးသည် ပို၍ကောင်းမွန်ပြီး ဆေးအာနိသင် ပို၍ပြင်းထန်လာရုံသာမက အရေးကြီးဆုံးအချက်မှာ ယခင်က ရှိခဲ့သော ဆေးအဆိပ်အတောက်များ ပျောက်ကွယ်သွားခြင်းပင်။
"ရေခဲနွယ်ချိုတစ်ပင်လောက် ထည့်လိုက်ရုံနဲ့... ဒီလို အာနိသင်မျိုး ရတယ်လား"
ကျန်းလီလည်း အံ့အားသင့်သွားသည်။
ရေခဲနွယ်ချိုပင်သည် ချိုသောအရသာရှိပြီး ပုံမှန်အားဖြင့် အရသာပိုကောင်းစေရန် ဆေးညွှန်းများတွင် ထည့်သွင်းလေ့ရှိသော ဟင်းခတ်အမွှေးအကြိုင်သဘောမျိုးသာ ဖြစ်သည်။ ယခုအချိန်၌ အဆိပ်ပြင်းသော မြေကမ္ဘာငရဲအဝါရောင်ဆေးလုံးထဲသို့ ထိုအရာကို ထည့်လိုက်ချိန်တွင် အဆိပ်အတောက်များကို လွယ်ကူစွာ ပျက်ပြယ်သွားစေခဲ့သည်။ ထိုမျှသာမက ဆေးလုံး၏ ဆေးဘက်ဝင်ဂုဏ်သတ္တိများကို မြှင့်တင်ပေးပြီး အားဖြည့်ဆေးကောင်းတစ်လက် ဖြစ်သွားစေပေ၏။
မည်သည်ကြောင့် ဤသို့ ဖြစ်လာသနည်း....
"ရေခဲသလင်းမြက်နဲ့ စမ်းကြည့်ရအောင်..."
သူသည် အလွန်အံ့အားသင့်နေပြီးနောက် ထပ်မံ ၍ တွန့်ဆုတ်မနေတော့ဘဲ တူညီသောနည်းလမ်းဖြင့် ဆေးလုံးဖော်စပ်လိုက်ရာ မကြာမီမှာပင် လုံးဝန်းသော ဆေးလုံးများက သူ၏လက်ဝါးပေါ်တွင် ထွက်ပေါ်လာသည်။
ရေခဲသလင်းမြက် ပါဝင်သော ဆေးလုံးများသည် ရေခဲနွယ်ချို ပါဝင်သော ဆေးလုံးများနှင့် နှိုင်းယှဉ်လျှင် ဆေးအာနိသင် တိုးမလာသော်လည်း ပို၍ကြည်လင်တောက်ပကာ ပို၍လှပသည်။ ထိုအရာကို အမျိုးသမီး ကျင့်ကြံသူများအား ရောင်းချပါက ဈေးပိုရနိုင်ခြေ ရှိပေ၏။
"ဒီဆေးစမ်းသပ်ခံသူနှစ်ယောက်က ဆေးဖက်ဝင်ပစ္စည်း နှစ်မျိုးကို ပေါ့ပေါ့ပါးပါး အကြံပြုလိုက်ရုံနဲ့ ဆေးကို ချက်ချင်းပြီးပြည့်စုံသွားစေတယ်..."
အကြိမ်ရာပေါင်းများစွာ စမ်းသပ်ခဲ့သော်လည်း မအောင်မြင်ခဲ့သော အရာသည် ယခုချိန်၌မူ ထိုလူနှစ်ယောက်၏တုံ့ပြန်ချက်အပေါ် အခြေခံ၍ သန့်စင်လိုက်ရုံဖြင့် အောင်မြင်သွားခဲ့သည်။ ကျန်းလီသည် သူ၏လက်ဝါးပေါ်မှ ဆေးလုံးများကို ကြည့်ရင်း အလွန်စိတ်လှုပ်ရှားသွားသည်။
"ပါရမီရှင်တွေ... တကယ့်ကို ပါရမီရှင်တွေပဲ"
"ပါရမီရှင်တွေ.. ဟုတ်လား..."
ယောင်ယွင် ကြက်သေသေသွားသည်။
"အမှန်ပဲ.... ဆေးကို စားလိုက်ရုံနဲ့ ဘာပစ္စည်းထည့်ရမလဲဆိုတာကို ဆုံးဖြတ်နိုင်တယ်ဆိုတော့ သူတို့က ဆေးဝါးနဲ့ပတ်သက်ရင် မင်းရော ငါရောထက် အများကြီးပိုပြီး အာရုံခံစားနိုင်စွမ်း ကောင်းတယ်"
ကျန်းလီက ထပ်ခါတလဲလဲ ခေါင်းညိတ်ရင်း မလှမ်းမကမ်းရှိ ပိုင်ကျိုးဝမ်ကို ကြည့်ကာ ပြောဆိုလိုက်သည်။
"အဲ့ဒီနှစ်ယောက်က အခု ဘယ်မှာလဲ...သူတို့ကို ငါ့ဆီ အမြန်ဆုံး ခေါ်လာခဲ့စမ်း"
Thank For Reading.