အခန်း (၉၃၇+၉၃၈)
Vol. 66 Ch. 937+938
Chapter 937
Terrifying Strength
တံခါးစောင့်၏ မျက်လုံးများ ပွင့်လာသည်နှင့် မမြင်နိုင်သေယ ဖိအားနှစ်ခု ရုတ်ချည်း ပေါ်လာပါ၏။
၎င်း ဖိအားကြီးနှစ်ခုက ရှေ့တွင်ရောက်နေသော မသေမျိုးဘုရင် နှစ်ယောက်အပေါ် ကျသွားတော့သည်။
မသေမျိုးဘုရင် နှစ်ယောက်မှာ အသံထွက်အောင်ပင် မအော်လိုက်နိုင်ဘဲ သွေးမှုန်များအဖြစ်သို့ ချက်ချင်းရောက်ကာ ပျောက်ကွယ်သွားရတော့၏။
" ဒါ.... "
အားလုံးမှာလည်း ထိုမြင်ကွင်းကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
" မသေမျိုးဘုရင် တစ်ယောက်ကိုတောင် ချက်ချင်းသတ်လိုက်နိုင်တာ.. ဘယ်လိုအစွမ်းမျိုးလဲ "
" ဆယ်ဘွဲ့ရမသေမျိုးဘုရင်တစ်ယောက်လား... မဟုတ်သေးဘူး. အဲ့ထက်တောင် ပိုအစွမ်းထက်နိုင်တယ် "
အားလုံး မျက်နှာများ ဖြူရော်ကာ ဒူးများပျော့ခွေလာပါတော့သည်။
ထို့နောက် လူများ၏ မျက်လုံးက အစောပိုင်းက တံခါးစောင့်အကြောင်း ပြောခဲ့သူဆီသို့ ရောက်သွားကာ မေးပါသည်။
" အကိုကြီး ၊ အဲ့ တံခါးစောင့်က ဘယ်လိုလဲဗျ "
တဖက်လူက အသံတုန်တုန်ဖြင့် ပြန်ပြော၏။
" ရှေးဟောင်းစာအုပ်တွေထဲမှာ ရေးထားတာတော့ အဲ့လူက ထူးခြားတဲ့ သဘာဝစိတ်ဝိဥာဥ်တစ်မျိုးပဲ တဲ့ "
" သဘာဝစိတ်ဝိဥာဥ်.. ဟုတ်လား ၊ နောက်များနေသလားဗျာ ။ ဘယ် သဘာဝစိတ်ဝိဥာဥ်က အဲ့လောက်အစွမ်းထက်လို့လဲ "
အခြားတစ်ယောက်က မျက်မှောင်ကြုံ့ရင်း ဝင်မေးသည်။
တဖက်လူ အသက်ပြင်းပြင်း ရှိုက်လိုက်၏။
" သာမာန် သဘာဝစိတ်ဝိဥာဥ်တွေကတော့ အဲ့လောက် အစွမ်းမထက်နိုင်ဘူး ။ ဒါပေမယ့် ကြားဖူးတာတော့ အဲ့လူက ပထမ အရှုပ်အထွေး မသေမျိုးဧကရာဇ်ရဲ့ နောက်လိုက် တဲ့ "
" ဘယ်လို... ပထမ အရှုပ်အထွေးမသေမျိုးဧကရာဇ် ရဲ့နောက်လိုက်.. ဟုတ်လား ။ ဒုတိယ အရှုပ်အထွေးမသေမျိုးဧကရာဇ် ရှိသေးလို့လား "
နောက်တစ်ယောက်က နားမလည်ပုံဖြင့် ပြန်မေးပါသည်။
လူကြီးက ပြန်ပြော၏။
" ကြားဖူးတာတော့ အရှုပ်အထွေးမသေမျိုးဧကရာဇ် နှစ်ယောက် ရှိခဲ့တယ်တဲ့ကွ ။ ဒါပေမယ့် ပထမ အရှုပ်အထွေးမသေမျိုးဧကရာဇ်က ဟိုးအရင် မှော်ခတ်ကမို့ သူ့ကို ဘယ်သူမှ မမြင်ဖူးခဲ့ကြဘူး ။ ဒါပေမယ့် အကြီးအကဲတွေဆီကနေ ကြားတာတော့ တွက်ထားတဲ့အတိုင်းဆိုရင် ပထမ အရှုပ်အထွေးမသေမျိုးဧကရာဇ်က အရှုပ်အထွေးလမ်းစဥ်မှာ ဒုတိယ အရှုပ်အထွေးမသေမျိုးဧကရာဇ်ထက်တောင် ရှေ့ပိုရောက်သေးတယ်တဲ့ "
" ဒုတိယအရှုပ်အထွေးမသေမျိုးဧကရာဇ် ရုတ်တရက်ကြီး ပေါ်လာတဲ့အချိန်မှာမှ သူက ပထမအရှုပ်အထွေးမသေမျိုးဧကရာဇ်ရဲ့ လက်ကျန်အစအနတွေ အားလုံးကို ပျောက်သွားအောင် ဖျောက်ပစ်ခဲ့တာလို့လဲ ပြောတယ် ။ ဒါ့ကြောင့်မို့လဲ အားလုံးက အရှုပ်အထွေးမသေမျိုးဧကရာဇ် တစ်ယောက်ပဲရှိတယ်လို့ ယုံထားကြတာ "
သူ့စကားဆုံးချိန်တွင် လူအုပ်ကြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပါသည်။
ထိုအချက်ကို သိထားသူမှာလည်း အလွန်နည်းလှသည် မဟုတ်ပါလား ...
ထိုစဥ် အခြား အဘိုးအိုတစ်ယောက်က စိတ်မရှည်တော့ဟန်ဖြင့် ပြော၏။
" လောလောဆယ် အဲ့ကိစ္စကို ခဏထားလိုက်ပါဦး ။ ကောင်လေး.. မင်းက ဒီ တံခါးစောင့်အကြောင်းကို တော်တော်သိထားတာဆိုတော့ သူ့အစွမ်းက ဘယ်လောက်ရှိတယ်ဆိုတာနဲ့ သူ ဘာကြောင့် ဒီလောက်အစွမ်းထက်နေရတယ်ဆိုတာကိုရော သိ
လား "
အစောပိုင်းက ရှင်းပြနေခဲ့သည့် လူကြီးက အသံတုန်တုန်ဖြင့် ပြန်ပြောသည်။
" ရှေးဟောင်းမှတ်တမ်းတွေအရတော့ အဲ့ တံခါးစောင့်က အရှုပ်အထွေးလမ်းစဥ်ကို လိုက်နေတဲ့ အဆင့်ကိုး မသေမျိုးဘုရင်လို့ ပြောထားတယ် "
" ဘယ်လို "
သူ့စကားကြောင့် လူများ အုန်းအုန်းကြက်ကြက် ထပ်ဖြစ်သွားပြန်သည်။
" အရှုပ်အထွေးခန္ဓာကိုယ် နဲ့ အဆင့်ကိုးမသေမျိုးဘုရင်အဆင့် .. ဟုတ်လား ။ ဒီလိုခန္ဓာကိုယ်မျိုးနဲ့ဆို ဆယ်ဘွဲ့ရမသေမျိုးဘုရင်တွေ ကြားထဲမှာတောင် နံပါတ်တစ် ရနိုင်တယ်မလား "
" အဲ့လူက နံပါတ်တစ်ဆိုတာထက်တောင် ပိုပါသေးတယ်ကွာ ။ သူ့မှာက ထူးခြားခန္ဓာကိုယ် ရှိထားတဲ့အပြင် သဘာဝစိတ်ဝိဥာဥ်ရဲ့ ထူးခြားအစွမ်းတွေပါ ရှိထားသေးတာလေ။ သူနဲ့တိုက်ဖို့ဆို ဆယ်ဘွဲ့ရမသေ
မျိုးဘုရင် ငါးယောက်လောက်တောင် ပေါင်းပြီးတိုက်ခိုက်ရမယ်နဲ့တူတယ် "
" အဲ့လောက်တောင် အစွမ်းထက်တာလား ။ ကောင်းကင်ဘုံသားတော် ကျင့်ကြံခြင်းလမ်းစဥ် အထွတ်အထိပ်ကို ရောက်သွားရင်တော့ သူ့ကို အနိုင်ယူနိုင်မလား မသိဘူးနော် "
လူအုပ်ကြီး စိတ်လှုပ်ရှားစွာ ပြောလိုက်ကြသည်။
ထိုစဥ် တဖက်လူကြီးက စကားဆက်၏။
" ရှေးဟောင်းစာအုပ်တွေထဲမှာ ပြောထားတာတော့ အဲ့ တံခါးစောင့် ပေါ်လာဖူးတဲ့အကြိမ် များတယ်တဲ့ ။ သူ ပေါ်လာတဲ့အကြိမ်တွေထဲမှာလဲ မသေမျိုးဧကရာဇ် အဆင့်နီးပါး ကျင့်ကြံသူနှစ်ယောက်ပဲ အရှုပ်အထွေးနတ်ဘုရားမြို့တော်ထဲ ဝင်နိုင်ခဲ့တာလို့ ပြောတယ် ။ တခြားဘယ်သူမှ မဝင်နိုင်ခဲ့ကြဘူးတဲ့ "
သူ့စကားကြောင့် လူများ အုန်းအုန်းကြက်ကြက် ဖြစ်သွားပြန်ပါသည်။
" ဒါဆို... ကျုပ်တို့တွေ ရှေ့မှာကြိုးစားတောင့်ခံထား
ခဲ့ရတာတွေက အလကားဖြစ်သွားပြီပေါ့ "
" တောက်စ်.. ငါ့မှာတော့ ထပ်တန်းအဆင့် မသေမျိုးလက်နက်ကိုတောင် စတေးခဲ့ရတာကွာ ။ ဒါနဲ့တောင် ဝင်ခွင့်မရဘူးပေါ့ "
" ငါတို့တွေ အရှုံးကြီးရှုံးပြီကွ.. အရှုံးကြီးရှုံးပြီ "
အားလုံးထံမှ ကြိတ်မနိုင်ခဲမရ အော်သံများ ထွက်လာတော့သည်။
ထိုအချိန် လူအုပ်ထဲတွင် ရှိနေသော ခဲရောင်နှင့် အမည်းရောင်ဝတ်စုံ ကိုယ်စီ ဝတ်ဆင်ထားသည့် အဘိုးအိုနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် မျက်မှောင်ကြုံ့ရင်း လှမ်းကြည့်ကြ၏။
" ငါကလဲ ဘယ်လိုဖြစ်လို့ အဲ့လောက်တောင်ကံဆိုးရတာလဲကွာ ။ တံခါးစောင့်နဲ့မှ တည့်ဝင်တိုးမိရတယ်လို့ "
ခဲရောင်ဝတ် အဘိုးအိုက မျက်မှောင်ကြုံ့၍ ပြောသည်။
" ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ "
အမည်းရောင်ဝတ် အဘိုးအိုက သူ့အားပြန်မေး၏။
ခဲရောင်ဝတ်အဘိုးအို အချိန်အတန်ကြာ စဥ်းစားနေပြီးမှ သက်ပြင်းချသည်။
" ဘယ်တတ်နိုင်မလဲကွာ.. ကောင်းကင်ဘုံသားတော်ကို လက်လျှော့ဖို့ နားချရုံပဲရှိတော့တာပေါ့ ။ အရှုပ်အထွေးနတ်ဘုရားမြို့တော်ကိုလဲ နောက်တစ်ကြိမ် အခွင့်ရေးရမှ ပြန်ဖွင့်ရုံပေါ့ကွာ "
အမည်းရောင်ဝတ်အဘိုးအို မျက်နှာကြီးမဲ့သွား၏။
" ဒါပေမယ့် နောက်တစ်ခေါက် အခွင့်အရေးရဖို့ဆို နှစ်တစ်ထောင်လောက် ကြာနိုင်သေးတယ်မဟုတ်လား။ ကျုပ်တို့ အဲ့လောက်ကြီးစောင့်လို့ အဆင်မပြေဘူးလေ "
ခဲရောင်ဝတ်အဘိုးအိုကလည်း မျက်နှာမဲ့၍ပင် ပြန်ပြောသည်။
" ဒါဆို ဘာလုပ်ရမှာလဲ ။ ငါးခုမြောက် အရှုပ်အထွေးတံခါးပေါက်ကို အတင်းကြီးတိုးဝင်ရမှာလား ။ မင်းမှာ အဲ့လိုအစွမ်းမျိုး ရှိလို့လား "
အမည်းရောင်ဝတ်အဘိုးအို ခေတ္တကြာ မှင်သက်သွားပြီးမှ စိတ်ပျက်လက်ပျက်ပုံဖြင့် သက်ပြင်းချ၏။
" အင်း.. အဲ့လိုပဲ ရှိတော့တာပေါ့လေ "
ထို့နောက် သူ လက်ဖြင့် အစီအမံတစ်ခုလုပ်ကာ တိတ်တဆိတ် အသံလွှင့်နည်းဖြင့် ပြောသည်။
" ကောင်းကင်ဘုံသားတော်.. ဒီတစ်ခေါက် တံခါးစောင့်က ဝင်ပေါက်ကိုစောင့်ကြပ်နေတာမို့ အရှုပ်အထွေးနတ်ဘုရားမြို့တော်ထဲ ဝင်ဖို့ အဆင်မပြေနိုင်ဘူးဗျ ။ ကျေးဇူးပြုပြီး လက်လျှော့လိုက်ပါ "
သို့သော် သူ့စကားမဆုံးခင်မှာပင် ကောင်းကင်ဘုံသားတော်က အေးစက်စက် နှာခေါင်းရှုံ့၍ ပြောလာပါသည်။
" လက်လျှော့ရမယ် ဟုတ်လား ။ ကျုပ်လို ထူးခြားတဲ့ပါရမီရှင်တစ်ယောက်က ဘာကိစ္စကြောင့် လက်လျှော့ရမှာလဲ "
" ဟင်.. ကောင်းကင်ဘုံသားတော်လေး.. အဲ့လူကြီးရဲ့ အစွမ်းက ကြောက်စရာကောင်းလွန်းတယ်ဗျ.. "
အဘိုးအို ဆက်နားချရန် ကြိုးစားလိုက်ပါသည်။
သို့သော် ကောင်းကင်ဘုံသားတော်က လက်ကာပြ၍ ပြောပါ၏။
" မပြောနဲ့တော့.. အဲ့လူကလဲ အရှုပ်အထွေးခန္ဓာကိုယ်ကို ကျင့်ကြံတယ်ဆိုတာ ကျုပ်သိပြီးသား ။ ဒါပေမယ့် အဲ့ဒါကို ဘာဂရုစိုက်စရာလိုလို့လဲ ။ ကျုပ် အရှုပ်အထွေးလမ်းစဥ်ပေါ်ကို စရောက်ကတည်းက အရှုပ်အထွေးသခင်ကြီး ဖြစ်လာတာလေ။ အဲ့တော့ ဒီကောင်ကြီးက အရှုပ်အထွေးခန္ဓာကိုယ်ကို ကျင့်ကြံရင်တောင် ကျုပ်သွားမယ့်လမ်းကို တားနိုင်မှာမဟုတ်ပါဘူး "
သူ ပြောပြီးသည်နှင့် လေထဲပျံတက်ကာ တံခါးစောင့်ရှေ့သို့ သွားလိုက်ပါ၏။ ထို့နောက် တံခါးစောင့်အား ငုံ့ကြည့်၍ ဆိုသည်။
" မင်းကို ရှေ့ကနေဖယ်ဖို့ ငါ အမိန့်ပေးလိုက်မယ် "
သူ့အော်သံမှာ ကမ္ဘာမြေပြင် တုန်ခါကွဲအက်သွားလောက်သည့် မိုးကြိုးသံကြီးလို ကျယ်လောင်ကြောက်စရာ ကောင်းလှပါသည်။
" ဟင်.. ကောင်းကင်ဘုံသားတော်က ကိုယ်တိုင်တိုက်ခိုက်တော့မှာလား ။ သူ.. အဲ့ တံခါးစောင့်ကို နိုင်
ပါ့မလား "
" မနိုင်လောက်ဘူးထင်တယ်ကွ ။ ကောင်းကင်ဘုံသားတော်က အရှုပ်အထွေးခန္ဓာကိုယ် ရှိထားတယ်ဆိုပေမယ့်.. အခုမှ မသေမျိုးဘုရင်အဆင့်ကို ရောက်ခါစလေးပဲ ရှိသေးတာလေ "
လူအုပ်ကြီး တုန်တုန်ယင်ယင် ဖြစ်သွားကြသည်။
ထိုစဥ် တံခါးစောင့်က ရုတ်တရက်ပြောလာ၏။
" ငါ့ရဲ့ သခင်ကြီးက ဒီ အရှုပ်အထွေးတံခါးကို စောင့်ဖို့အတွက် အမိန့်ပေးထားတာ ။ ဒီတံခါးကိုလဲ အရှုပ်အထွေး မဟာတာအို သခင်အစစ် ရောက်လာမှသာ ဖွင့်နိုင်မှာ "
ကောင်းကင်ဘုံသားတော် မျက်မှောင်ကြုံ့သွားသည်။
" အရှုပ်အထွေးမဟာတာအို သခင်ကြီးဖြစ်တဲ့ ငါက အခုရောက်လာပြီလေ ။ အဲ့တော့ မင်း အခုချက်ချင်း လမ်းဖယ်လိုက်တာကောင်းမယ် "
တံခါးစောင့်က ကောင်းကင်ဘုံသားတော်အား ခံစားချက်မဲ့ မျက်နှာသေဖြင့် တစ်ချက်လှမ်းကြည့်ပြီး ခေါင်းယမ်းကာပြော၏။
" အဲ့သခင်အစစ်က မင်း မဟုတ်ဘူး "
" မင်းက သေချင်နေတာပဲ "
ထိုစကားကို ကြားသောအခါ ကောင်းကင်ဘုံသားတော်၏ မျက်လုံးများ ဒေါသရောင် လက်သွားတော့သည်။
" မင်းလို ဘာမဟုတ်တဲ့ သဘာဝစိတ်ဝိဥာဥ်တစ်ကောင်ကများ ငါ့လို ကောင်းကင်ဘုံသားတော်ကို ဝေဖန်ရဲနေတယ်ပေါ့လေ ။ မင်းကို ငါ သတ်မယ် "
ကောင်းကင်ဘုံသားတော် အော်ပြီး လေထဲလက်မြှောက်လိုက်သည်။
ဝုန်း...
သူ့လက်ထဲတွင် အရှုပ်အထွေးအစွမ်းများ တမဟုတ်ချင်း စုစည်းလာ၏။
" ကြောက်စရာကောင်းလိုက်တဲ့ အစွမ်းပါလားကွာ "
" ကောင်းကင်ဘုံသားတော်က ဆယ်ဘွဲ့ရမသေမျိုးဘုရင် တစ်ယောက်ကို စိန်ခေါ်နိုင်တဲ့ အစွမ်းမျိုး
တောင် ရှိထားပြီလား "
" မယုံနိုင်စရာပဲကွာ.. တကယ့်ကို မယုံနိုင်စရာပဲ ။ အခု သူ့အသက် ဘယ်လောက်ရှိပြီလဲ "
" သူက တကယ့်ကို ကောင်းကင်ဘုံသားတော် အစစ်ပါပဲ "
အားလုံး တအံ့တသြ ဆိုလိုက်ကြသည်။
ထိုစဥ် တံခါးစောင့်ကမူ မျက်နှာသေဖြင့်သာ ရှိနေဆဲဖြစ်ကာ လက်ကို ခပ်ဖြည်းဖြည်းမြှောက်၍ ကောင်းကင်ဘုံသားတော်ကဲ့သို့ လက်ကွက်အချို့ လုပ်လိုက်သည်။
ဝုန်း ....
သူ့လက်ထဲမှ အရှုပ်အထွေးအစွမ်းများ ရုတ်ချည်းပေါက်ထွက်လာ၏။ ၎င်းအစွမ်းမှာလည်း ကောင်းကင်ဘုံသားတော် ထုတ်ခဲ့သည့်အစွမ်းထက် အဆပေါင်းများစွာ ပိုသာပါသည်။
" ဘယ်လိုဖြစ်ပြီးတော့ ... "
၎င်းအစွမ်းကိုကြည့်နေသော ကောင်းကင်ဘုံသားတော် မှင်သက်သွားရှာပါ၏။
အမှန်ဆိုရပါက သူ မသေမျိုးဘုရင်အဆင့်သို့ စရောက်သည်နှင့် သူ့ကိုယ်သူ ပြိုင်ဘက်ကင်း ဖြစ်သွားပြီဟုသာ ထင်နေခဲ့ပါသည်။
သို့သော် ယခု ပထမအကွက်မှာတင် ကြောက်စရာပြိုင်ဘက်တစ်ယောက်နှင့် ရင်ဆိုင်နေရသတဲ့လား ။
သူ ဤနေရာတွင် သေရပါတော့မည်လား ။
တဖက်မှ အခြားသူများမှာလည်း ၎င်းကိုကြည့်ပြီး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြပါ၏။
" သူတို့နှစ်ယောက် အဲ့လောက်တောင် ကွာတာလား "
" တံခါးစောင့်ရဲ့ အစွမ်းက အဲ့လောက်တောင် ကြောက်စရာကောင်းတာလားကွာ "
" ကောင်းကင်ဘုံသားတော်တောင် သူ့ကို မနိုင်ဘူးပဲ "
သူတို့ အလွန်အံ့သြ တုန်လှုပ်နေပါသည်။
လူအုပ်ထဲတွင် ရှိနေသော အဘိုးအိုနှစ်ယောက်မှာလည်း မျက်နှာများ သွေးဆုတ်ဖြူရော်သွားတော့၏။
" မဖြစ်ဘူး.. ကောင်းကင်ဘုံသားတော် ဘာမှဖြစ်သွားလို့မရဘူး "
ခဲရောင်ဝတ် အဘိုးအို ရေရွတ်ကာ အသက်စွန့်တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။
သို့သော် ထိုစဥ်တွင် ...
" ဟင် ... "
တံခါးစောင့်၏ အကြည့်က ကောင်းကင်ဘုံသားတော်ကို ဖြတ်ကျော်ကာ အနောက်ဘက် ခပ်လှမ်းလှမ်း၌ သန်းဝေနေသော လောထျန်းဆီသို့ ရောက်သွားပြီး သူ့မျက်နှာထား ချက်ချင်းပြောင်းသွား၏။
" အရှုပ်အထွေး မဟာတာအို သခင်အစစ်လား "
သူ တီးတိုးရေရွတ်သည်။
Chapter 938
A talent beyound compare. Rarely found throughout the ages
၎င်းကို ကြားသောအခါ ကောင်းကင်ဘုံသားတော် အံ့သြမှင်သက်သွားဟန်တူပြီး မေး၏။
" မင်း ဘာပြောလိုက်တယ်... "
တံခါးစောင့်က သူ့အမေးကို တိုက်ရိုက်မဖြေဘဲ တစ်ယောက်တည်း တီးတိုးဆက်ရေရွတ်ပါသည်။
" သခင်ကြီး ပြောခဲ့တာတော့ အရှုပ်အထွေး မဟာတာအို သခင်အစစ်ကို မြင်တဲ့အခါကျရင် ငါ တံခါးကို ဆက်ပြီးစောင့်ကြပ်ဖို့ မလိုတော့ဘူးတဲ့ ။ အဲ့လိုဆိုရင်တော့ ... "
သူ ပြောပြီး နောက်ဆုံး အရှုပ်အထွေးတံခါးပေါက်ဘက်သို့ ဖြည်းဖြည်းချင်း လှည့်လိုက်သည်။
" အရှုပ်အထွေးတံခါးပေါက် ပွင့်သွားပါပြီ ။ အခု အရှုပ်အထွေးနတ်ဘုရားမြို့တော်ထဲ ဝင်လို့ရပါပြီ "
သူ ပြောကာ တံခါးပေါက်ပေါ်သို့ လက်နှစ်ဖက်လုံး တင်လိုက်၏။
ဝုန်း...
အသံကျယ်တစ်သံနှင့်အတူ အရှုပ်အထွေးတံခါးပေါက် ပွင့်သွားတော့သည်။
" ဘယ်လိုဖြစ်ပြီးတော့... "
ထိုမြင်ကွင်းကြောင့် အားလုံး ဆွံ့အမှင်သက်ကုန်ကြ၏။
အစောပိုင်းကလေးတင် သူတို့အတွက် အရှုပ်အထွေးနတ်ဘုရားမြို့တော်ထဲ ဝင်ရန် လုံးဝမဖြစ်နိုင်သည့်ပုံ ပေါ်နေခဲ့သည် မဟုတ်ပါလား ။
သို့သော် ယခု မျှော်လင့်မထားစွာပင် တံခါးစောင့်က အရှုပ်အထွေးတံခါးပေါက်အား တွန်းဖွင့်ခဲ့ပါသည်။
ဘာတွေဖြစ်နေပါသလဲ ...
ထိုစဥ် တစ်ယောက်က ရုတ်တရက် နားလည်သွားဟန်ဖြင့် ပြောလာ၏။
" သဘောပေါက်ပြီ.. ဒါ ကောက်းကင်ဘုံသားတော်ကြောင့်ပဲ ဖြစ်ရမယ် ။ ကောင်းကင်ဘုံသားတော်က ကောင်းကင်ဘုံက ရွေးချယ်ခံထားရတဲ့သူ ဖြစ်ပြီးတော့ အရှုပ်အထွေး မသေမျိုးဧကရာဇ်ဖြစ်ဖို့ ကံပါလာတဲ့သူမို့ တံခါးစောင့်က သူ့အမိန့်ကို မလွန်ဆန်ရဲတာဖြစ်မယ် "
" ဟုတ်တယ်.. အဲ့လိုပဲ ဖြစ်ရမယ် "
" ကောင်းကင်ဘုံသားတော်က သာမာန်လူတစ်ယောက် မဟုတ်မှန်း အစောတည်းက သိထားပြီးသားပေမယ့် ဒီလောက်ထိ အစွမ်းထက်မယ်လို့တော့ ထင်မထားခဲ့ဘူးကွာ ။ အခု အရှုပ်အထွေးနတ်ဘုရားမြို့တော်ရဲ့ တံခါးစောင့်ကတောင် သူ့ကို တလေးတစား ဆက်ဆံနေရတယ် "
အားလုံး သူတို့ထင်ရာကို တစ်ယောက်တစ်ပေါက် ပြောလိုက်ကြသည်။
ထိုစဥ် တဖက်မှ မိုရှန့်မှာလည်း လက်နောက်ပစ်ရပ်၍ ကောင်းကင်ဘုံသားတော်အား စူးစူးရဲရဲ စိုက်ကြည့်နေ၏။ သူ့လက်ချောင်းထိပ်တွင်လည်း ဓားစွမ်းအင်
များ ဝေ့ဝဲနေပါသည်။
" အစကတော့ ငါ သူ့ကို လိုက်မှီဖို့အခွင့်ရေး ရှိသေးတယ်ထင်ခဲ့တာ ။ ဒါပေမယ့် အခုတော့.. ငါ အရှုပ်အထွေးခန္ဓာကိုယ် ရသွားရင်တောင် သူ့ထက် အစွမ်းပိုနိမ့်နေဦးမှာပဲ "
သူ အောင့်သက်သက် ဆိုလိုက်သည်။
ထိုစဥ် အခြားတဖက်မှ လီထျန်းယွမ်ကလည်း လက်သီးဆုပ်၍ ခေါင်းယမ်းရင်း ဆို၏။
" အဲ့လိုလူတစ်ယောက်နဲ့ တစ်ခေတ်တည်းမှာ မွေးလာရတာ ငါ ကံကောင်းတာလား ၊ ကံဆိုးတာလား မသိတော့ပါဘူးကွာ. "
လီချန်းလုံကလည်း သူ့စကားကိုကြားပြီး သက်ပြင်းချ၍ ဆိုသည်။
" အရင်ခေတ်အဆက်ဆက်မှာတောင် ဒီလို ထူးခြားတဲ့ပါရမီမျိုးက တော်တော်ရှားတယ်ကွ ။ အဲ့တော့ ငါတို့တွေ သူ့ထက်ပိုအစွမ်းနိမ့်တာ ဘယ်ထူးဆန်းမလဲ ။ ဒီကိစ္စအတွက်နဲ့တော့ ကိုယ့်စိတ်ဓာတ်ကို ဆွဲမချပါနဲ့ "
လီထျန်းယွမ် ချက်ချင်းအသိပြန်ဝင်ကာ ခေါင်းညိတ်သည်။
" ဟုတ်ကဲ့ ၊ ကျုပ် သဘောပေါက်ပါပြီ "
ထိုစဥ် အခြားတဖက်... လောထျန်းဘေးတွင် ရှိနေသော ယွဲ့လီကမူ မျက်နှာလေး သွေးဆုတ်ဖြူရော်သွားပါ၏။
" ကောင်းကင်ဘုံသားတော်က အဲ့လောက် ကြောက်စရာကောင်းတာလား "
သူမ ရင်တစ်ခုလုံး ဗြောင်းဆန်နေပါတော့သည်။
ကောင်းကင်ဘုံသားတော်၏ အစွမ်းမှာ သူမထင်ထားသည်ထက် များစွာ ပိုသာနေလေပြီ ။
လောထျန်းက ထိုသို့သော လူတစ်ယောက်ကို အနိုင်ယူနိုင်ပါမည်လား ။
သူမ စိုးရိမ်စိတ်လည်း ဖြစ်သွားပါ၏။
ထိုအချိန် လောထျန်းနောက်တွင် ရှိနေသည့် လောမိသားစုဝင်တစ်ယောက်က မျက်မှောင်ကြုံ့၍
မေးသည်။
" အဲ့တစ်ယောက်က တကယ်ကြီး အဲ့လောက်အစွမ်းထက်တာလား "
သူ့ရှေ့တွင် ရပ်နေသော လောရုံကလည်း မျက်မှောင်ကြုံ့၍ ဆိုသည်။
" ဟုတ်တယ်ကွ ၊ အထင်ကြီးစရာတော့ တော်တော်ကောင်းသားပဲ "
လက်ရှိတွင် လောရုံတစ်ယောက် စိတ်ထဲရှုပ်ထွေးနေသည်ဟုလည်း ပြောနိုင်ပါ၏။ သူ လောထျန်း၏နောက်လိုက် ဖြစ်လာပြီးနောက်ပိုင်း လောထျန်းထံမှ ကျင့်ကြံခြင်း အရင်းအမြစ်များနှင့် ကျင့်စဥ်ပေါင်းစုံကို လက်ခံရခဲ့သည့်တိုင် သူ့လက်ရှိ ကျင့်ကြံခြင်းအဆင့်က ကောင်းကင်ဘုံသားတော်ထက် များစွာ ပိုနိမ့်နေသေးပါသည်။
ကောင်းကင်ဘုံသားတော်မှာ အလွန်ထူးခြားသူ တစ်ယောက်ဖြစ်မှန်း သိသာလှပါတကား...
သို့သော် ဘေးတွင် ရှိနေသော ယွဲ့လီမှာမူ သူ့အတွေးကို မသိသဖြင့် ... သူ့ထံမှ ကောင်းကင်ဘုံသားတော်၏ အစွမ်းအား အသိအမှတ်ပြုသော စကားသံ
ကိုကြားသည်နှင့် အလွန် စိတ်ဓာတ်ကျသွားပုံ ပေါ်ပါ၏။
ထိုစဥ်မှာပင် ...
" ဟား ဟား... ကြည့်ရတာ အရှုပ်အထွေးနတ်ဘုရားမြို့တော် တံခါးစောင့်က ငါ့ကို အရှုပ်အထွေးမဟာတာအို သခင်အစစ်အဖြစ် အသိအမှတ်ပြုလိုက်ပြီနဲ့တူတယ် ။ အရှုပ်အထွေးနတ်ဘုရားမြို့တော်ရေ... မင်းရဲ့သခင် ရောက်လာပြီဟေ့ "
ကောင်းကင်ဘုံသားတော် ပြောပြီး အရှုပ်အထွေးတံခါးပေါက်ထဲသို့ ခြေလှမ်းလိုက်သည်။
အခြားသူများမှာလည်း ခေတ္တမျှ မှင်သက်နေပြီးနောက် ရုတ်တရက် အသိပြန်ဝင်ကာ မြန်မြန်လှုပ်ရှားသွားကြ၏။
" နောက်ကျကျန်နေခဲ့လို့ မဖြစ်ဘူးဟေ့ ။ မြန်မြန်သွားကြရအောင် "
ထိုတခဏ၌ အားလုံး ဝရုံးသုန်းကားဖြင့် အရှုပ်အထွေးနတ်ဘုရားမြို့တော်ဆီ ပြေးသွားကြ
ပါသည်။
" သခင်လေး "
လောထျန်းနောက်မှ လူအချို့လည်း စိတ်လှုပ်ရှားဟန် ပြနေပါ၏။
လောထျန်း ခေါင်းညိတ်လိုက်သည်။
" သွားကြစို့ "
သူ့စကားကို ကြားသည်နှင့် အားလုံး အရှုပ်အထွေးနတ်ဘုရားမြို့တော်ဆီ ဦးတည်လိုက်ကြတော့သည်။
ဝီ ...
လောထျန်းတစ်ယောက် အရှုပ်အထွေးတံခါးပေါက်ထဲသို့ ခြေချလိုက်စဥ်မှာပင် ဘေးပတ်ဝန်းကျင်လေထု ရုတ်တရက်ပြောင်းလဲသွားသည်ကို ခံစားမိလိုက်သည်။
လေထု ပြန်တည်ငြိမ်သွားချိန်တွင်မူ.. သူ့ဘေးတွင် ရှိနေခဲ့ကြသော ထျန်းယွမ်ကမ္ဘာမှ လူများအားလုံး ပျောက်နေကြသည်ကို တွေ့လိုက်ရပါ၏။
" အရှုပ်အထွေးတံခါးပေါက်က ကျပန်း တည်နေရာရွှေ့ပြောင်းပေးလိုက်တာနဲ့တူတယ် "
သူ မျက်မှောင်ကြုံ့သွားသည်။
သူ့လူများအားလုံး တကွဲတပြားစီ ဖြစ်သွားပါက ပြဿနာများနိုင်သည် မဟုတ်ပါလား ။
ထို ထောင်ပေါင်းများစွာသော လူများအား တစ်ယောက်ချင်းစီ လိုက်ရှာရန်မှာလည်း အချိန်အလွန်ကြာပါလိမ့်မည်။
လောထျန်း ထိုသို့ ခေါင်းရှုပ်နေစဥ်မှာပင် ..
" ဟား ဟား.. ကံကောင်းလိုက်တာကွာ ။ အထဲကို ရောက်ရောက်ချင်းမှာတင် ရတနာနဲ့တွေ့ရပြီ "
အသံတစ်သံက သူ့အာရုံကို ဖမ်းခေါ်လိုက်ပါသည်။
လောထျန်း အသံလာရာဘက် လှည့်ကြည့်လိုက်ရာ ခပ်ထွားထွားလူတစ်ယောက်က ရှေ့ မလှမ်းမကမ်းမှ မသေမျိုးဆေးပင်တစ်ပင်အား စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ကြည့်နေသည်ကို မြင်လိုက်ရပါ၏။
" ထိပ်တန်းအဆင့် ဆေးပင်ပဲ.. ပြီးတော့ အရှုပ်အထွေး အရောင်အဝါလဲ ပါနေသေးတယ် "
ထိုစဥ် အခြားတဖက်မှ အဘိုးအိုတစ်ယောက်ကလည်း ၎င်းကို သတိထားမိသွားကာ လျှောက်လာပါသည်။
ဝုန်း...
ခပ်ထွားထွားလူက အဘိုးအိုကိုမြင်သည်နှင့် သူ့အရောင်အဝါအား ချက်ချင်းထုတ်လွှတ်သည်။
" ဘာလာရှုပ်နေတာလဲ ၊ အဲ့ မသေမျိုးဆေးပင်က ကျုပ်အပိုင်ပဲ "
သူ အော်ပြော၏။
သူ့အရောင်အဝါကြောင့် တဖက်မှ အဘိုးအို လန့်သွားပုံရကာ ခြေလှမ်းများချက်ချင်းရပ်လိုက်သည်။ သို့သော် ဆေးပင်အား တစ်ချက်ထပ်ကြည့်လိုက်ပြီးနောက်တွင်မူ လက်မလျှော့ချင်ဟန်ဖြင့် ပြန်ပြောပါ၏။
" မင်းအပိုင်... ဟုတ်လား ။ ဒီဆေးပင်က
အရှုပ်အထွေးနတ်ဘုရားမြို့တော်ထဲမှာ ပေါက်နေတဲ့ ပိုင်ရှင်မဲ့ဆေးပင်လေ ။ ဘယ်လိုလုပ်ပြီး မင်းအပိုင်ဖြစ်သွားတာလဲ "
လူထွားကြီး၏ မျက်လုံးများ အေးစက်သွားကာ ပြန်ပြောသည်။
" ကျုပ်အရင်တွေ့တာဆိုတော့ ကျုပ်အပိုင်ပဲလေ ။ ခင်ဗျားကြီး သေချင်နေပြီလား "
အဘိုးအိုက သူ့အား လုံးဝကြောက်ရွံ့ပုံမပြဘဲ ပြောပါ၏။
" ရယ်စရာကောင်းလိုက်တာကွာ ။ မင်းရော ငါရောက မသေမျိုးသခင်ကြီးအဆင့်မှာ ရှိကြတဲ့သူတွေလေ ။ ငါက မင်းကို ကြောက်မယ်ထင်နေတာလား "
လူထွားကြီးက လူသတ်အရိပ်အငွေ့ကို ချက်ချင်းထုတ်၍ ခေါင်းညိတ်ကာဆိုသည်။
" ကောင်းပြီလေ.. အထဲကို ရောက်ရောက်ချင်း လူသတ်ရလိမ့်မယ်လို့တော့ ကျုပ် ထင်မထားမိတာအမှန်ပဲ ။ ခုလိုဆိုတော့လဲ ဘယ်တတ်နိုင်မလဲ .. သေလိုက်တော့ "
သူပြောပြီး တိုက်ခိုက်ရန် ပြင်လိုက်၏။
သို့သော် ထိုစဥ်တွင် အဘိုးအိုက လက်ကာပြ၍ ပြောပါသည်။
" ခဏနေဦးကွ "
" ဟင်.. ဘာလဲ.. ကြောက်နေပြီလား ။ ကြောက်နေပြီဆိုရင် ထွက်သွားလိုက်တော့ "
လူထွားကြီးက ရန်စကားထပ်ဆို၏။
သို့သော် အဘိုးအိုက ခေါင်းယမ်းကာ ပြန်ပြောပါသည်။
" ထင်ချင်ရာ လျှောက်ထင်မနေနဲ့ ။ ဘာမဟုတ်တဲ့ တချို့သူတွေက ငါတို့ တိုက်ခိုက်နေတာကို အခွင့်ကောင်းယူပြီး ဆေးပင်ကို ခိုးသွားမှာစိုးလို့ ပြောနေတာ "
သူ့စကားကြောင့် လူထွားကြီး အံ့သြသွားကာ ဘေးဘီသို့ လှည့်ပတ်ကြည့်လိုက်သည်။ သူတို့ ဘေးပတ်လည်တွင် အခြေအနေကို စောင့်ကြည့်နေသည့် လူအချို့အား တန်းတွေ့သွားပါ၏။
ထိုလူများအားလုံးက ဆေးပင်အား လိုချင်နေကြ
သည်မှာ သံသယဝင်စရာပင် မလိုပါ ။
သူ မျက်မှောင်ကြုံ့သွားပြီးနောက် နှာခေါင်းရှုံ့၍ ဆိုသည်။
" ဆယ်စက္ကန့်အတွင်း ထွက်မသွားတဲ့သူမှန်သမျှ သေရမယ်သာမှတ် "
စကားဆုံးသည်နှင့် သူ့ထံမှ လူသတ်အရိပ်အငွေ့ ချက်ချင်းထွက်လာ၏။
မသေမျိုးသခင်ကြီးတစ်ယောက်၏ လူသတ်အရိပ်အငွေ့မှာ အမှန်တကယ်လည်း ကြောက်မက်ဖွယ် ကောင်းလှပါသည်။
ဘေးတွင် ကြည့်နေသူများမှာလည်း ၎င်းလူသတ်အရိပ်အငွေ့ကို အာရုံခံမိကာ ချက်ချင်း နောက်ဆုတ်သွားကြ၏။
လူထွားကြီးက ၎င်းကိုကြည့်ပြီး လှောင်ပြုံးဖြင့်ဆိုသည်။
" ပုရွက်ဆိတ်တွေ .... "
ထို့နောက် သူ အဘိုးအိုဘက်လှည့်၍ ထပ်ပြောရန် ပြင်လိုက်စဥ်မှာပင် မလှမ်းမကမ်း၌ ရှိနေသည့် လောထျန်းဆီ အကြည့်ရောက်သွားပါ၏။
" ဟင်.. မင်းက မသွားသေးဘဲ ဘာလုပ်နေတာလဲ "
လူထွားကြီး မျက်မှောင်ကြုံ့ရင်း မေးလိုက်သည်။
လောထျန်းက သူ့အမေးအား မထူးခြားဟန်ဖြင့်သာ ပြန်ဖြေပါ၏။
" ငါ အဲ့ဆေးပင်ကို စိတ်မဝင်စားဘူး ။ ဒီတိုင်းပဲ အနားကနေဖြတ်လာမိတာ .. ငါ့ကို စိတ်ထဲမထားနဲ့ "
လောထျန်း အမှန်တကယ်လည်း လိမ်ပြောနေခြင်း မဟုတ်ပါ ။
ထိုဆေးပင်တွင် အရှုပ်အထွေးအရောင်အဝါ ပါသည်ကို သူ တွေ့ပြီးဖြစ်သော်လည်း ... ၎င်း အရှုပ်အထွေးအစွမ်းက သူ့အတွက် အလွန်နည်းနေပုံပေါ်ပါသည်။
ထို့အပြင် သူ့ကိုယ်ပိုင် အရှုပ်အထွေးမြေထဲ၌ ချစိုက်ထားသည့် မသေမျိုးဆေးပင်များလည်း ပေါများစွာ
ရှိနေသေးပါ၏။
သို့ဖြစ်ရာ ထိုသို့သော မဖြစ်စလောက် ဆေးပင်မျိုးကို သူ စိတ်မဝင်စားပါ ။
သို့သော် လူထွားကြီးက သူ့စကားကိုကြားပြီး လှောင်ပြုံးဖြင့် ပြန်ပြောပါသည်။
" ကောင်လေး ... မင်းက ငါ့ကို အ တယ်များထင်နေတာလား ။ ငါ မင်းကို အခွင့်အရေးတစ်ကြိမ် ပေးခဲ့တယ်နော် ။ ဒါတောင် မင်းကို တန်ဖိုးမထားခဲ့ဘူး ။ အခုထိလဲ ထွက်မသွားသေးဘူးဆိုတော့.. မင်း သေလိုက်တော့ "