← Chapters

အခန်း (၉၄၁+၉၄၂)

Vol. 66 Ch. 941+942

အခန်း (၉၄၁+၉၄၂)

Vol. 66 Ch. 941+942

Chapter 941

Salvation of the Titled immortal king

" ဟင် ... "

လောထျန်း တုန့်ခနဲရပ်သွားသည်။

မလှမ်းမကမ်းမှ လာနေသော စိတ်ဝိဥာဥ်အစွမ်းတစ်ခုကိုလည်း သူ တွေ့သွားပါ၏။

" စိတ်မရှိပါနဲ့ ၊ ကျုပ်က ဒီလျှို့ဝှက်ဒေသကို စစ်ဆေးကြည့်ဖို့အတွက် လာခဲ့တာပါ "

လောထျန်း ပြောလိုက်သည်။

အခြားသူတစ်ယောက်၏ ဂူကို ပိုင်ရှင်အား အသိမပေးဘဲ ဝင်ကြည့်ခြင်းက မကောင်းဟု သူ ယူဆ၍ ထိုသို့ပြောလိုက်ခြင်းပင် ။

သူတို့ချင်းကြားတွင် ဘာအညှိုးမှလည်း မရှိဘူးမဟုတ်ပါလား ။

သူ ထိုသို့တွေးရင်း လှည့်ထွက်ရန်ပြင်လိုက်၏။

သို့သော် ထိုစဥ်တွင် ...

" ခဏနေပါဦး "

ရုတ်တရက် အသံတစ်သံ ထွက်လာသည်။

" ဟင်.. ဘာကိစ္စရှိလို့လဲ "

လောထျန်း မေးလိုက်၏။

တဖက်မှ အသံပိုင်ရှင်က သက်ပြင်းချသည်။

" မင်း ဒီနေရာကို ရောက်လာတာ ကံတရားကြောင့်ပဲကွ ။ ငါ့တစ်သက်လုံး ကမ္ဘာကြီးထဲ လှည့်လည်သွားလာနေခဲ့တာတောင် သေတဲ့အထိ ငါ့ပညာအမွေကို ဆက်ခံမယ့်သူ ရှာမတွေ့ခဲ့ပါဘူးကွာ ။ ငါ့ရဲ့ ကျင့်ကြံခြင်းပညာတွေ ငါနဲ့အတူ သေဆုံးပျောက်ကွယ်သွားမှာကို ငါ မလိုချင်ဘူး "

" အခု မင်းနဲ့တွေ့ပြီဆိုတော့ ငါ့ဘဝတလျှောက် သင်ယူခဲ့သမျှ ပညာတွေကို မင်းဆီ လွှဲပြောင်းပေးမယ် ။ မင်းဘက်ကရော လက်ခံချင်တဲ့ဆန္ဒရှိရဲ့လား "

သူ့အသံထဲတွင် မျှော်လင့်ချက်တို့ အပြည့် ...

သို့သော် လောထျန်းက ခေါင်းယမ်းကာ ပြန်ပြောပါသည်။

" ကျုပ် မလိုချင်ဘူးဗျ ။ သွားတော့မယ် "

သူ ထိုသို့ပြောပြီးသည်နှင့် လှည့်ထွက်လိုက်ပါ၏။

" ခဏနေပါဦးကွာ "

အသံပိုင်ရှင်က ထပ်ပြောလာသည်။

" တခြား ဘာကိစ္စရှိသေးလို့လဲ "

လောထျန်း မေးလိုက်ပြန်၏။

အသံပိုင်ရှင်က စကားဆက်သည်။

" ငါက အရင်ဘဝမှာ ဆယ်ဘွဲ့ရမသေမျိုးဘုရင် တစ်ယောက်ပဲ ။ မင်းသာ ငါ့ရဲ့ သိုင်းပညာအမွေကို ဆက်ခံပြီးတော့ ကောင်းကောင်းကျင့်ကြံမယ်ဆိုရင် အလွန်ဆုံး နောက်တစ်သောင်းလောက်အတွင်းမှာ ဆယ်ဘွဲ့ရမသေမျိုးဘုရင် တစ်ယောက်ရဲ့အစွမ်း ရလာမှာကွ ။ အဲ့တော့ မင်းကို တစ်ခါထပ်မေးမယ် ။ ငါ့အမွေကို ဆက်ခံဖို့ ဆန္ဒရှိလား "

သူ့လေသံထဲတွင် ဂုဏ်မောက်သည့် အရိပ်အယောင်အချို့လည်း ပါဝင်နေသယောင် ...

ဒေသကြီးကိုးခုတွင်လည်း ဆယ်ဘွဲ့ရမသေမျိုးဘုရင်များက အစွမ်းအထက်ဆုံး မဟုတ်ပါလား ...

ထိုသို့သော အမွေကို မလိုချင်သူ ဘယ်သူရှိပါမည်နည်း ။

သို့သော် .....

" ကျေးဇူးတင်ပါတယ် ။ ဒါပေမယ့် ကျုပ် မလိုချင်ဘူး "

လောထျန်း ပြောကာ ထပ်လှည့်ထွက်လိုက်ပြန်၏။

သူ တဖက်လူထံမှ အမွေကို လိုချင်စရာလည်း ဘာအကြောင်းရှိပါမည်နည်း ။

နှစ်ပေါင်းတစ်သောင်းလောက် ကြိုးကြိုးစားစား ကျင့်ကြံမှ ဆယ်ဘွဲ့ရမသေမျိုးဘုရင် အစွမ်းကို ရမည်ဟု ပြောနေသည်မဟုတ်ပါလား။

ဤမျှ အဆုံးအရှုံးများသည့် အပေးအယူကို သူ မလိုချင်ပါ ။

" ခဏလေး နေပါဦး "

တဖက်မှ အသံပိုင်ရှင် အမြန်တားလာပြန်သည်။

" ဟင်.. ဘာပြောစရာ ကျန်သေးလို့လဲ "

လောထျန်း မေးလိုက်၏။

အသံပိုင်ရှင် ဆွံ့အသွားပါတော့သည်။

" ဒီကောင်လေးက ငါ့ရဲ့ ရည်ရွယ်ချက်တွေကို သိနေတာများလား ။ အဲ့လိုမဟုတ်ရင် ဒီလောက်ကောင်းတဲ့ အခွင့်ရေးတစ်ခုကို ငြင်းစရာအကြောင်းမှမရှိတာ ။ ဒါပေမယ့်.. ငါ့ဘက်က ဘာမှထုတ်မပြရသေးတာ သေချာပါတယ် ။ ဒီကောင်လေးက ဘယ်လိုလုပ်ပြီး သိသွားတာလဲ ။ သူက ထူးခြားတဲ့ဉာဏ်ရည်မျိုးရှိတဲ့ ပါရမီရှင်တစ်ယောက်များလား "

သူ့ရင်ထဲတွင်လည်း စိုးရိမ်စိတ်တို့ ပြည့်လာပါသည်။

" မဖြစ်သေးဘူး ။ ဒီလောက်နှစ်တွေအကြာကြီးနေမှ ဒီနေရာကို ခြေချရဲတဲ့သူ တွေ့ရတာ ။ ဒီအခွင့်ရေးမျိုးကို လက်လွတ်ခံလို့မဖြစ်ဘူး ။ ဒီလိုဆိုရင်.... နည်းနည်းလေးတော့ ထပ်ဆွဲဆောင်မှဖြစ်မယ် "

အသံပိုင်ရှင် စိတ်ဆုံးဖြတ်ပြီးသည်နှင့် စိတ်ဝိဥာဥ်အစွမ်းများ ထပ်ထွက်လာပြန်သည်။

ဝီ ...

ထို့နောက်တွင် ဂူအတွင်းပိုင်းထဲမှ အဖြူရောင်အလင်းတန်းတစ်ခု လက်လာပြီး ၎င်းနှင့်အတူ မူလမသေမျိုးလက်နက်၏ ဖိနှိပ်အရောင်အဝါပါ ထွက်လာ၏။

" မိတ်ဆွေလေး ၊ မင်း ငါ့ရဲ့ အမွေအနှစ်ကို ငြင်းတာငြင်းလို့ရပါတယ် ။ ဒါပေမယ့်.. ငါ့ဆန္ဒတစ်ခုကိုတော့ ကူညီပြီး ဖြည့်ဆည်းပေးနိုင်မလား ။ တကယ်လို့ မင်းသာ ကူညီမယ်ဆိုရင် ငါ့ရဲ့ မူလမသေမျိုးလက်နက်ကို ပေးပါ့မယ် "

အသံပိုင်ရှင် ဆိုသည်။

လောထျန်း မျက်မှောင်အနည်းငယ်ကြုံ့သွားကာ ပြန်

မေး၏။

" ဆန္ဒ.. ဟုတ်လား ၊ ဘာဆန္ဒလဲ.. "

အသံပိုင်ရှင် စိတ်ထဲမှကြိတ်၍ လှောင်ပြုံး ပြုံးလိုက်သည်။

" ဟီး ဟီး... ထင်ထားသလို လောဘကြီးတဲ့ကောင်လေးပါလား ။ မူလမသေမျိုးလက်နက်ရဲ့ အရောင်အဝါကို မြင်လိုက်တော့ သူ ငြိမ်ငြိမ်မနေနိုင်တော့ဘူး "

သူ့စိတ်ထဲ ထိုသို့တွေးနေသော်လည်း အပြင်ပန်းကမူ အလွန်ဝမ်းနည်းနေသည့် လေသံဖြင့်သာ ပြန်ပြောလိုက်ပါသည်။

" ငါက တစ်ချိန်တုန်းက ကမ္ဘာကြီးကို စောင့်ကြပ်ခဲ့တဲ့ ဆယ်ဘွဲ့ရမသေမျိုးဘုရင် တစ်ယောက်ကွ။ ဒါပေမယ့် အဲ့နှစ်မှာပဲ သက်ရှိတွေအတွက် တားမြစ်နယ်မြေကနေ သားရဲတစ်ကောင် လွတ်ထွက်လာခဲ့တယ် "

" အဲ့သားရဲက လူတွေမရေမတွက်နိုင်အောင် သတ်ခဲ့ပြီးတော့ အပြစ်မဲ့တဲ့ အရပ်သားတွေအများကြီး သေ

ခဲ့ရတယ်ကွ။ ငါက အဲ့လူတွေကို ကယ်ဖို့အတွက် အဲ့သားရဲကြီးကို ဒီ အရှုပ်အထွေးနတ်ဘုရားမြို့တော်ထဲခေါ်ပြီး သူသေကိုယ်သေ တိုက်ခိုက်ဖို့ ကြိုးစားခဲ့တာ "

" ဒီမှာ တိုက်ခိုက်မှလဲ အပြင်ဘက်က သာမာန်လူတွေ ဘေးကင်းကြမှာလေ "

" ဒါပေမယ့် သားရဲကြီးရဲ့အစွမ်းက ထင်မထားလောက်အောင်ကို ကြောက်စရာကောင်းလွန်းနေခဲ့တယ်ကွ။ ငါ့လို ဆယ်ဘွဲ့ရမသေမျိုးဘုရင် အစွမ်းနဲ့တောင် သူနဲ့ နှစ်တစ်ထောင်လောက် တိုက်ပြီးသွားတဲ့အထိ အနိုင်အရှုံး မပေါ်ခဲ့ဘူး "

" ဒါတင်မကသေးဘူး ... အချိန်ကြာလာတာနဲ့အမျှ သားရဲရဲ့အစွမ်းက ပိုပိုတိုးလာပြီးတော့ ဆယ်ဘွဲ့ရမသေမျိုးဘုရင် အဆင့်ထက်တောင် ​ပိုသာမယ့်လက္ခဏာတွေ ပြလာခဲ့တယ် "

" သူသာ တကယ်အဲ့လိုဖြစ်သွားခဲ့ရင် ဒီကမ္ဘာကြီး ပျက်ကိန်းဆိုက်ပြီပေါ့ကွာ "

" ဒါ့ကြောင့်မို့ ငါ ဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသားချပြီးတောဘ ငါ့ကိုယ်ငါ ဖောက်ခွဲပြီး သူ့ကိုပါ ငါနဲ့အတူ သေတွင်းထဲဆွဲခေါ်သွားဖို့ လုပ်ခဲ့တာ "

ထိုစကားကို ပြောချိန်တွင် သူ့အသံက အလွန်စိတ်မကောင်းဖြစ်နေဟန်လည်း တူပါသည်။

ထို့နောက် အချိန်အတန်ငယ်ကြာ စကားရပ်နေပြီးမှ သူ ဆက်ပြောပါ၏။

" အဲ့လိုနဲ့ နောက်ဆုံးမှာတော့ ငါ့အကြံ အောင်မြင်သွားခဲ့တယ် ။ အဲ့ကနေမှ ငါ့ရဲ့ ခန္ဓာကိုယ်လဲ ပျက်စီးသွားခဲ့ပြီးတော့ ခုလို စိတ်ဝိဥာဥ်အကြွင်းအကျန်အဖြစ် ကျန်ခဲ့တာပဲ "

" ဒါပေမယ့်.. သားရဲကြီးမှာ အင်မတန်ပက်စက်တဲ့ အကြံစည်မျိုး ရှိထားမယ်ဆိုတာ ငါ မတွေးမိခဲ့ဘူး ။ ဒီကောင်က မသေခင်မှာ ငါ့ရဲ့ စိတ်ဝိဥာဥ်အကြွင်းအကျန်ထဲကို အစွမ်းတစ်ခု ထည့်ခဲ့ပြီးတော့ ငါ့ရဲ့ စိတ်ဝိဥာဥ်ကို နေ့စဥ်နဲ့အမျှ လောင်ကျွမ်းစေပြီး နှိပ်စက်လာခဲ့တာ ။ ငါ့မှာတော့ နေ့တိုင်း သေဖို့ ဆုတောင်းနေရတဲ့အထိပါပဲကွာ "

" ဒါတင်မကသေးဘူး .. အချိန်ကြာလာတာနဲ့အမျှ ငါ့ရဲ့ ဉာဏ်ရည်နဲ့ စိတ်ကလဲ တဖြည်းဖြည်းယိုယွင်းလာခဲ့တယ် ။ ဒီတိုင်းသာ ဆက်သွားနေမယ်ဆိုရင် ငါ မကြာခင်မှာ သားရဲအဖြစ်ကို ပြောင်းသွားရလိမ့်မယ်ကွ "

" အဲ့လိုဖြစ်မှာကိုလဲ ငါ မကြောက်ပါဘူးကွာ ။ ငါစိုးရိမ်တာတစ်ခုက ငါ ဒီကနေ အပြင်ကိုရောက်သွားပြီး လူတွေကို ဒုက္ခပေးမိမှာကိုပဲ ။ အဲ့ကျရင် ငါ့ဘဝအတွက် ရှက်စရာအကောင်းဆုံးအဖြစ်ပျက်ကြီး ဖြစ်သွားလိမ့်မယ် "

စကားဆုံးအောင် နားထောင်ပြီးနောက် လောထျန်း ခေါင်းညိတ်လိုက်ပါသည်။

" မင်းတော့ ခင်ဗျားက ကျုပ်ကို ဘာလုပ်စေချင်တာလဲ ... "

အသံပိုင်ရှင်က မြန်မြန်ပြန်ပြောပါသည်။

" ငါက ငါ့ရဲ့ စိတ်ဝိဥာဥ်ကို အပြီးတိုင်ဖျက်ဆီးပေးဖို့ မင်းဆီ အကူညီတောင်းမလို့ပါကွာ ... "

" စိတ်လဲမပူနဲ့နော်.. ငါက ဆယ်ဘွဲ့ရမသေမျိုးဘုရင်

တစ်ယောက် ဆိုပေမယ့် မင်းသာ ငါပြောတဲ့အတိုင်း လိုက်လုပ်ရင် သေချာပေါက် လုပ်နိုင် ... "

သို့သော် သူ့စကား မဆုံးခင်မှာပင် ...

" သဘောပေါက်ပြီ ။ ကျုပ် ခင်ဗျားကို နောက်ဘဝကူးသွားအောင် လုပ်ပေးမယ် "

လောထျန်းက ဆိုသည်။

ထို့နောက် သူ လက်ကွက်အချို့လုပ်၍ ကျမ်းစာများရွတ်ရန် ပြင်လိုက်ပါ၏။

" ဟင်... မဟုတ်သေးဘူး ၊ ခဏနေဦးလေ "

အသံပိုင်ရှင် လန့်သွားပုံဖြင့် မြန်မြန်ဝင်တားပါသည်။

" ခဏနေဦးကွ ... အရင်ဆုံး ဒီမူလမသေမျိုးလက်နက်ကို သုံးပြီးတော့ ဂူအတွင်းထဲမှာရှိတဲ့ ပုလင်းလုံးကို သွားခွဲလိုက်ဦး ။ ပြီးကျမှ... "

သူ လောထျန်းအား လုပ်ရမည့်အဆင့်ကို ညွှန်ကြားလိုက်ပါသည်။

သို့သော် လောထျန်းက လက်ယမ်းပြ၍ ပြောလာ၏။

" အဲ့ဒါ မလိုပါဘူးဗျာ ။ ကျုပ် ထုံးစံအတိုင်း ကျမ်းစာရွတ်ပြီးတော့ပဲ ခင်ဗျားကို ကယ်ပေးမှာ "

အသံပိုင်ရှင် ခေတ္တမျှ ဆွံ့အသွားပါတော့သည်။

" မဟုတ်သေးဘူးလေ ။ မိတ်ဆွေလေး.. ငါက ဆယ်ဘွဲ့ရမသေမျိုးဘုရင် တစ်ယောက်နော် "

လောထျန်း ခေါင်းညိတ်ကာ ဆက်ပြောပါ၏။

" ကျုပ်သိတယ်လေ ။ ကျုပ် ကျမ်းစာရွတ်ပြီးတော့ပဲ ခင်ဗျားကို ကယ်ပေးမှာ "

ဤတစ်ကြိမ်တွင်မူ အသံပိုင်ရှင် ဒေါသထိန်းနိုင်တော့ပုံ မတူပါ ။

" ကယ်မယ်.. ကယ်မယ်ပဲ ပြောနေတာ ။ မင်း အဲ့တစ်ခုပဲ လုပ်တတ်တာလားကွ ။ လုပ်လေ.. စမ်းကြည့်လိုက်ဦး "

သူ ဒေါသထွက်သွားသည့်အတွက် သူ့လေသံထဲတွင် လူသတ်အရိပ်အငွေ့ အချို့လည်း တွဲပါလာပါသည်။

လောထျန်းမှာ ထိုစကားကိုကြားပြီး အနည်းငယ်အံ့

သြသွားပုံ ပေါ်၏။

" ခင်ဗျားက တကယ်ကြီး စိတ်လွတ်သွားပြီကိုး ။ ဘာမှ စိတ်မပူနဲ့ .. ကျုပ် ခင်ဗျားကို နောက်ဘဝကူးသွားအောင် သေချာလုပ်ပေးမှာ ။ ကမ္ဘာကြီးကို အန္တရာယ်ပြုမိမှာကိုလဲ စိတ်မပူနဲ့ "

လောထျန်း ပြောကာ လက်ဝါးနှစ်ဖက်စု၍ မန္တာန်များ စရွတ်ဖတ်လိုက်သည်။

" ဟမ့်.. ဒီကောင်က ငါပြောမယ့်စကားကိုတောင် ဆုံးအောင်နားမထောင်ဘူး ။ သူ့အစွမ်းနဲ့များ ငါ့ကို နောက်ဘဝကူးအောင် လုပ်ပေးဦးမယ်တဲ့ ။ မင်းလောက်ကများ... ဟင်... "

အသံပိုင်ရှင်မှာ လောထျန်းအား ပြောဆိုရန်ပြင်နေစဥ်မှာပင် သူ့ စိတ်ဝိဥာဥ်က အထိန်းအကွပ်မဲ့စွာဖြင့် စတင်တုန်ခါလာသည်ကို ခံစားမိလိုက်ပါ၏။

" ဟင် ... အဲ့ဒါ ဘာဖြစ်နေတာလဲ ။ မင်း... မင်းလုပ်လိုက်တာလား "

ထိုအချိန်တွင် သူ့ စိတ်ဝိဥာဥ်အား အစွမ်းတစ်ခုက ချုပ်နှောင်ထားသည်ကိုလည်း အသံပိုင်ရှင် ခံစား

လိုက်ရပါသည်။

ထိုအစွမ်းမှာလည်း လောထျန်းထံမှ လာနေခြင်းပင် ။

" ရပ်ဦး... နေပါဦးကွာ ။ မိတ်ဆွေလေး ... ခနရပ်ပါဦး "

အသံပိုင်ရှင် အလွန်စိတ်ပူသွားပုံပေါ်ကာ လူသတ်ချင်နေရာမှ လူယဥ်ကျေးတစ်ယောက်သဖွယ် ပြန်ပြောင်းသွား၏။

လောထျန်းက ၎င်းကိုကြားပြီး မျက်လုံးဖွင့်ကြည့်သည်။

" ဘာမှစိတ်မပူပါနဲ့ ။ ကျုပ် ခင်ဗျားကို နောက်ဘဝရောက်သွားနိုင်အောင် သေချာကူညီပြီး လမ်းပြပေးမယ် "

Chapter 942

The lord of burial valley

လောထျန်းပြောပြီး မန္တာန်ကို ဆက်ရွတ်နေရာ တဖက်မှ အသံပိုင်ရှင် ကူကယ်ရာမဲ့ ဖြစ်သွားတော့သည်။

" မျိုးမစစ်ကောင်.. မင်းကို သတ်ပစ်မယ် "

ဒေါသတကြီး အော်သံနှင့်အတူ အသံပိုင်ရှင် ရုတ်တရက် ပျောက်သွား၏။

ထို့နောက်တွင်..

ဝုန်း ...

ဂူအတွင်းပိုင်းထဲမှ ကြောက်မက်ဖွယ် အစွမ်းတစ်ခု ရုတ်ချည်းပေါ်လာသည်။

" ဟင်.. ဘာတွေဖြစ်နေတာလဲ "

တစ်ခုခု လွဲနေသည်ကို လောထျန်း ရိပ်မိသွားကာ ချက်ချင်းလှည့်ကြည့်လိုက်သည်။

ထိုစဥ်မှာပင် ဂူအတွင်းထဲမှ ဧရာမလက်ကြီးတစ်ဖက် ရုတ်တရက်ပေါ်လာပါ၏။

ထို့နောက် ... ချက်ချင်းမှာပင် တစ်ကိုယ်လုံး သွေးများရွှဲနေသည့် သားရဲတစ်ကောင် တွားသွားထွက်လာသည်။

လောထျန်း အံ့သြသွားကာ တွေးလိုက်၏။

" သူ စိတ်လွတ်သွားပြီထင်တယ် "

ထိုစဥ်တွင် သားရဲကြီးက ရုတ်တရက် အံကြိတ်ကာ ပြောလာပါသည်။

" မျိုးမစစ်ကောင်လေး.. မင်းက ငါ့အကြံကို ထွင်းပြီးမြင်နေလိမ့်မယ်လို့ ငါ တကယ်မထင်ခဲ့မိဘူး "

" ဟင်.. "

လောထျန်းတစ်ယောက် အံ့သြမှင်သက်သွားပါ၏။

သားရဲက လှောင်ပြုံးဖြင့် ထပ်ပြောသည်။

" ငါက အစကတော့ မင်းရဲ့ယုံကြည်မှုကို ရအောင်ယူပြီးမှ ဒီကနေလွတ်အောင် လုပ်ခိုင်းဖို့ စဥ်းစားထားတာ ။ ဒါပေမယ့် မင်းက ငါ့အကြံကို မြင်နေခဲ့တာပဲ "

လောထျန်း မျက်တောင်လေးပုတ်၍ ပြန်ပြောသည်။

" ဘယ်လို... ခင်ဗျားကို နောက်ဘဝကူးသွားအောင် ကူညီပေးဖို့ ခင်ဗျားကိုယ်တိုင်ပဲ ပြောခဲ့တာလေ ။ အခုတော့ ဘယ်လိုဖြစ်ပြီး လွတ်အောင်လုပ်ပေးဖို့ ဖြစ်သွားတာလဲ "

သားရဲက ပြန်အော်သည်။

" ဘာမှဝန်ဆောင်မနေနဲ့တော့ ။ မင်းက ခုချိန်ထိတောင် ငါ့ကို လှည့်စားဖို့စဥ်းစားနေသေးတာပေါ့လေ "

လောထျန်း ခေါင်းကိုတဗျစ်ဗျစ် ကုတ်လိုက်သည်။

" ခင်ဗျားဘာတွေပြောနေတာလဲ ကျုပ် နားမလည်ဘူး "

သားရဲက အံကြိတ်၍ ထပ်ပြောပါသည်။

" ခွေးကောင်.. အားလုံးက မင်းကြောင့်ပဲ ။ ငါ ဒီမှာ ချုပ်နှောင်ခံထားရတာ နှစ်တွေအများကြီး ကြာလှပြီ ။ ငါ့ဟာငါဆိုရင် ဒီကနေ ဘာဒဏ်ရာမှမရဘဲ လွတ်အောင်လုပ်နိုင်တယ်ကွ။ အခုတော့ မင်းသုံးလိုက်တဲ့ ဘာမှန်းမသိတဲ့နည်းတွေကြောင့် ငါ့ရဲ့ခန္ဓာကိုယ် ပြန်

ရအောင် စိတ်ဝိဥာဥ်အစွမ်း တစ်ဝက်ကို စွန့်လွတ်ခဲ့ရတယ် ။ အဲ့အတွက် မင်း ပြန်ပေးဆပ်ရမယ် "

သားရဲကြီး ပြောပြီး အသံကျယ်တစ်သံနှင့်အတူ လောထျန်းအား တိုက်ခိုက်ရန်ပြင်ကာ ဖမ်းဆုပ်လိုက်ပါသည်။

" ဟား ဟား.. ကောင်လေး ၊ မင်း ခုနကလို မောက်မာနိုင်သေးလား ။ ငါ့ကို ဘဝကူးအောင်တောင် မန္တာန်တွေ ရွတ်နိုင်သေးရင် ရွတ်ပါဦး ။ ဒီတစ်ကြိမ်တော့ မင်း လွတ်နိုင်ဦးမလား ကြည့်ကြတာပေါ့ "

သားရဲကြီးက လောထျန်းအား လက်ထဲဆုပ်ထားရင်း အရူးတစ်ယောက်လို အော်ရယ်လိုက်ပါသည်။

သို့သော် ထိုစဥ်တွင် ...

ဝီ ...

သူ့လက်ထဲမှ အစွမ်းတစ်ခု ထွက်လာသည်ကို သားရဲ ခံစားမိလိုက်ပါ၏။

" ဟင်.. မင်းက ထွက်ပြေးချင်သေးတယ်ပေါ့လေ ။ စိတ်ကူးယဥ်မနေနဲ့ အရူးရဲ့ ။ ငါ့ရဲ့ကောင်းကင်ဘုံနတ်ဆိုးလက်ကနေ ဆယ်ဘွဲ့ရမသေမျိုးဘုရင် တစ်ယောက်တောင် လွတ်အောင်မလုပ်နိုင်ဘူး .... ဟင်.. "

သားရဲကြီး ပြောလက်စ စကားတစ်ဝက်မှာပင် လောထျန်းက အစွမ်းနည်းနည်း ထုတ်လိုက်သဖြင့် လောထျန်းကို ဖမ်းဆုပ်ထားသော သူ့လက် ပွင့်လာပါ၏။

လောထျန်းကလည်း ၎င်းလက်ကြီးထဲမှ ခုန်ထွက်လိုက်သည်။

" ဟင်.. မဖြစ်နိုင်တာ... ငါ့လက်ကနေ ဘယ်သူမှ မလွတ်နိုင်ဘူးလေ ။ မင်း.. မင်းက.. ဘာကောင်လဲ "

သားရဲကြီး တုန်လှုပ်သွားသည်မှာ သိသာလှပါသည်။

တဖက်မှ လောထျန်းကမူ သူ့အမေးကို ပြန်မဖြေဘဲ မျက်မှောင်ကြုံ့၍ ပြောပါ၏။

" ဆယ်ဘွဲ့ရမသေမျိုးဘုရင် တစ်ယောက် စိတ်လွတ်သွားရင် ဒီလိုသားရဲမျိုး ဖြစ်နိုင်တာလား "

ထို့နောက် သူ ခေါင်းတစ်ချက်ညိတ်ကာ ဆက်ပြောသည်။

" ကောင်းပြီလေ.. ဘယ်လိုကောင်ကြီးပဲ ဖြစ်လာဖြစ်လာ ကျုပ်က မင်းရဲ့ဒုက္ခတွေကို အဆုံးသတ်ပေးပါ့မယ် "

လောထျန်း ပြောပြီး အစွမ်းကိုထပ်စုလိုက်သည်။

သားရဲကြီး မျက်နှာမဲ့သွားကာ အော်ပြော၏။

" ကောင်လေး.. ငါက မင်းကို ကြောက်မက်ထင်နေတာလား။ ဒီနေ့တော့ ငါ့ရဲ့ ကောင်းကင်ဘုံနတ်ဆိုးလက်ဝါး အစွမ်းကို မင်း သိရတော့မယ် "

ဝုန်း ...

သားရဲ ပြောပြီး လက်သီးဆုပ်လိုက်ရာ သူ့လက်သီးတစ်ခုလုံး နတ်ဆိုးအရိပ်များ လွှမ်းခြုံသွားပြီး ကြောက်မက်ဖွယ်အစွမ်းတစ်ခု ထွက်လာသည် ။

" ကောင်းကင်ဘုံနတ်ဆိုးလက်ဝါး "

ထို့နောက် သူ့လက်ဝါးနှစ်ဖက်လုံးဖြင့် လောထျန်းအား ရိုက်ချလိုက်ပါ၏။

၎င်းလက်ဝါးရိုက်ချက်တွင် အဆုံးမဲ့သော နတ်ဆိုးအစွမ်းများ ပါနေပုံပေါ်ကာ နတ်ဆိုးကမ္ဘာ သုံးထောင်၏ အစွမ်းကိုလည်း သယ်ဆောင်ထားသယောင် ။

ထို့အပြင် ၎င်းလက်ဝါးကြီး၌ ရှေးခေတ်မှ စတင်လာခဲ့သော အဆုံးမဲ့ နတ်ဆိုးအစွမ်းများနှင့် လူသတ်အရိပ်အငွေ့များလည်း ရောယှက်ပါဝင်နေပြီး ကမ္ဘာတစ်ခုလုံးကို ဝါးမြိုပစ်တော့မည့်အသွင်ဖြင့် လောထျန်းဆီ တိုးဝင်သွားသည်။

" သေစမ်းကွာ "

သားရဲ၏ အော်သံတွင်လည်း ဒေါသနှင့် အမုန်းတရားတို့ ပြည့်နေပါ၏။

တစ်ချိန်တည်းမှာပင် သူ၏ ကမ္ဘာဖျက်လက်ဝါးကြီးက လောထျန်းပေါ် ကျလာသည်။

၎င်းလက်ဝါးကြီးအောက်၌ အရာအားလုံး ပျက်စီးသွားတော့မယောင် ...

ထိုစဥ် လောထျန်းက လက်ကို အသာမြှောက်၍ ၎င်းလက်ကြီးအား ပြန်ရိုက်လိုက်ပါသည်။

ဖြောင်း ...

အဆုံးမဲ့သော နတ်ဆိုးအစွမ်းများနှင့် နတ်ဆိုးကမ္ဘာသုံးထောင်၏ အစွမ်းများ ရုတ်ချည်း ပြိုကွဲပျောက်ပျက်သွားပါ၏။

ကြောက်မက်ဖွယ် နတ်ဆိုးလက်ဝါးကြီးများလည်း သွေးမှုန်များအဖြစ် ပြောင်းသွားသည်။

" ဟင်.... "

သားရဲကြီးမှာ ၎င်းကိုကြည့်ပြီး သူ့မျက်လုံးသူ မယုံနိုင်ဘဲ မှင်သက်သွား၏။

ထိုစဥ် တဖက်မှလောထျန်းက ခြေဖျားထောက်၍ လေထဲပျံတက်ကာ သူ့ရှေ့ရောက်လာသည်။

" ကောင်းကင်ဘုံလမ်းစဥ်... "

လောထျန်း စကားစသည်။

ဝုန်း ....

ကြောက်မက်ဖွယ် လက်သီးအစွမ်းတစ်ခု ရုတ်ချည်း စုစည်းလာ၏။

သားရဲကြီး၏ မျက်နှာ ချက်ချင်းဖြူရော်သွားကာ ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။

" ခဏ... ခဏနေပါဦး.. ကျေးဇူးပြုပြီး မတိုက်ခိုက်ပါနဲ့ "

ဤတစ်ကြိမ် သူ အမှန်တကယ် ကြောက်ရွံ့သွားခြင်းပင် ။

သို့သော်.. အရာအားလုံး နောက်ကျသွားခဲ့လေပြီ ။

" လက်သီးသိုင်း "

လောထျန်းက ထိုစကားကို တီးတိုးရေရွတ်ကာ လက်သီးချက်တစ်ခု ပစ်လွှတ်လိုက်ပါ၏။.

ဘုန်း ...

ကြောက်မက်ဖွယ် လက်သီးအစွမ်းက သားရဲကြီးအား တမဟုတ်ချင်း လွှမ်းခြုံသွားသည်။

" မဖြစ်ဘူး.... "

သားရဲကြီး အလန့်တကြား အော်ဟစ်လိုက်၏။

အွတ်....

ထို့နောက်တွင်.. သူ့ခန္ဓာကိုယ် သွေးမှုန်များအဖြစ် ပြောင်းသွားတော့သည်။

" ငါ့ရဲ့ မသေမျိုးခန္ဓာကိုယ် .... "

လေထဲ၌ အော်သံတစ်သံ ပဲ့တင်ထပ်သွား၏။

၎င်းမှာ သားရဲကြီးက သူ့ခန္ဓာကိုယ်ကို ပြန်ရအောင် ကြိုးစားနေခြင်းပင် ။

သို့သော် လောထျန်း၏ လက်သီးချက်က သူ့ခန္ဓာကိုယ်ကို ရိုးရိုးတန်းတန်း ပြိုကွဲသွားစေခဲ့ခြင်း မဟုတ်ပါ ။

၎င်းလက်သီးချက်ထဲတွင် တာအိုအဖျက်အဆီးအစွမ်းလည်း ပါဝင်နေသည့်အတွက် သူ၏ မဖျက်ဆီးနိုင်သော ခန္ဓာကိုယ်ကို အမြစ်မှတိုင် ဖျက်ဆီးပစ်သွားခဲ့ပါ၏။

" ဒါ.. လုံးဝ မဖြစ်နိုင်ဘူး "

သားရဲကြီး၏ စိတ်ဝိဥာဥ် လေထဲလွင့်သွားကာ... သူ့မျက်နှာမှာလည်း မယုံနိုင်စိတ်တို့ ရောပြွန်းလျက်..

အစပိုင်းတွင် သူ လောထျန်းအား လှည့်စားပြီး သူ့ကိုလွတ်အောင် လုပ်ခိုင်းရန် တွေးထားခဲ့သဖြင့် သူ့ စိတ်ဝိဥာဥ်အကြွင်းအကျန်သာ ရှိတော့သည်ဟု ပြောခဲ့ခြင်းဖြစ်ပါသည်။

ယခုတွင်ကား.. သူ ပြောခဲ့သည့်စကားက အမှန်တိုင်း ဖြစ်လာခဲ့လေပြီ ။

လက်ရှိ သူ့ စိတ်ဝိဥာဥ်အကြွင်းအကျန်လေးသာ ကျန်ပါတော့၏။

ထိုစဥ် လောထျန်းက ပြောလာသည်။

" ကဲ.. အခုက ခင်ဗျားရဲ့စိတ်ဝိဥာဥ်ကို နောက်ဘဝ

ကူးအောင် လုပ်ပေးဖို့ပဲ ကျန်တော့တယ် "

သူ ပြောပြီး လက်ကွက်များထပ်လုပ်၍ မန္တာန်ရွတ်ဖတ်ရန် ပြင်လိုက်ပြန်၏။

" ခဏ.. ခဏနေပါဦးကွာ "

သားရဲကြီး ချက်ချင်းအော်လိုက်သည်။

အစောပိုင်းတွင် သူ လောထျန်းအား လှည့်စားရန်ကြိုးစားခဲ့ချိန်၌ လောထျန်း၏ မန္တာန်က ကြောက်မက်ဖွယ် ချုပ်နှောင်အစွမ်း ပါဝင်သည်ကို သိခဲ့ရသည်မဟုတ်ပါလား ။

အကယ်၍ လောထျန်းသာ ထိုမန္တာန်ကို ဆက်ရွတ်ဖတ်နေလျှင် သူ ပြာအဖြစ်သို့ အမှန်တကယ် ပြောင်းသွားနိုင်ပါသည်။

" ဟင်... နောက်ဆုံးအနေနဲ့ ဘာပြောချင်သေးလဲ "

လောထျန်းက သူ့ကိုကြည့်ကာ မေး၏။

" မလုပ်.. မလုပ်ပါနဲ့ကွာ ။ ငါ မင်းကို လိမ်ပြောခဲ့တာပါ ၊ တောင်းပန်ပါတယ် ။ မန္တာန်ကို ဆက်မရွတ်ပါနဲ့

တော့ "

သားရဲ၏ စိတ်ဝိဥာဥ်အကြွင်းအကျန်က တုန်တုန်ယင်ယင် ပြောရှာသည်။

လောထျန်း မျက်မှောင်ကြုံ့သွား၏။

" အဓိပ္ပါယ်မရှိတဲ့စကားတွေ ထပ်ပြောနေပြန်ပြီ "

သူ ပြောပြီး မန္တာန်ဆက်ရွတ်ရန် ပြင်လိုက်ပြန်သည်။

သားရဲကြီး ငိုချတော့မလို ဖြစ်သွား၏။

" ခဏလေးနေပါဦး သခင်ကြီးရယ် ။ ကျုပ် မှားသွားပါတယ် ။ ကျုပ် အဓိပ္ပါယ်မရှိတဲ့စကားတွေ ပြောနေတာမဟုတ်ပါဘူး ။ ကျုပ် ခုနက သခင်ကြီးကို လိမ်ပြောခဲ့တာပါ ။ မန္တာန်ကို ဆက်မရွတ်ပါနဲ့တော့ "

သားရဲကြီး ငိုချတော့မလိုလုပ်ရင်း ဆိုသည်။

လောထျန်း မျက်မှောင်ကြုံ့သွားကာ မေး၏။

" အဲ့ဒါ ဘာအဓိပ္ပါယ်လဲ "

သားရဲက မျက်နှာငယ်လေးဖြင့် ပြန်ပြောသည်။

" ကျုပ်.. ကျုပ်က ဆယ်ဘွဲ့ရမသေမျိုးဘုရင်

မဟုတ်ပါဘူး ။ ကျုပ်က ဆယ်ဘွဲ့ရမသေမျိုးဘုရင်တွေ အများကြီးက ဒီမှာ ချုပ်နှောင်ထားခဲ့တာပါ "

လောထျန်းက သူ့ကိုစိုက်ကြည့်ကာ ထပ်မေး၏။

" သေချာရှင်းပြစမ်းပါ ။ မင်းက ဘယ်သူလဲ.. ဘာကြောင့်မို့ ဒီမှာ ချုပ်နှောင်ခံထားရတာလဲ "

သားရဲကြီး အံကြိတ်၍ ပြန်ဖြေသည်။

" ကျုပ် တားမြစ်နယ်မြေ ဆယ်ခုထဲက တစ်ခုဖြစ်တဲ့ စိတ်ဝိဥာဥ်သချ်ိုင်းတောင်ကြား က သားရဲတစ်ကောင်ပါ ။ အကြောင်းတစ်ခုကြောင့်မို့ ကျုပ်နဲ့ လူသား ဆယ်ဘွဲ့ရမသေမျိုးဘုရင်တွေ ကြားထဲမှာ ရန်ငြိုးတစ်ခု ရှိထားခဲ့ပါတယ် "

" အဲ့ကောင်တွေက စိတ်ဝိဥာဥ်သချ်ိုင်းတောင်ကြားမှာဆို ကျုပ်ကို ဘာမှမလုပ်နိုင်တဲ့အတွက် အကွက်ချခဲ့တာဗျ ။ သူတို့အပြောကတော့ အရှုပ်အထွေး မသေမျိုးဧကရာဇ်က မသေသေးဘူးတဲ့ ။ ပြီးကျရင် ဒီ အရှုပ်အထွေးနတ်ဘုရားမြို့တော်ထဲမှာ ထူးခြားတဲ့ရတနာကို သုံးပြီး နိုးထလာမှာလို့ ပြောတယ် "

" ကျုပ်တို့ စိတ်ဝိဥာဥ်သချ်ိုင်းတောင်ကြားကလဲ အဲ့

အရှုပ်အထွေးမသေမျိုးဧကရာဇ် နဲ့ ရန်ငြိုးကြီးကြီး ရှိထားတယ် ။ ဒီကောင်က ကျုပ်တို့ တားမြစ်နယ်မြေ တစ်ခုလုံးကို ရှင်းပစ်ဖို့ကြိုးစားခဲ့တာဗျ ။ ကျုပ်တောင်မှ ကံသီလွန်းလို့ လွတ်လာခဲ့တာ "

" အဲ့တော့ အရှုပ်အထွေးမသေမျိုးဧကရာဇ် ပြန်အသက်သွင်းမယ်လို့ ကြားတဲ့အခါ ကျုပ် အသက်စွန့်ပြီးတော့တောင် ဒီအရှုပ်အထွေးနတ်ဘုရားမြို့တော်ထဲကို လာခဲ့တာပဲ "

All Chapters