အခန်း (၉၄၃+၉၄၄)
Vol. 66 Ch. 943+944
Chapter 943
Chaos Spirit Pearl
လောထျန်း မျက်မှောင်ကြုံ့သွားသည်။
" တားမြစ်နယ်မြေတစ်ခုရဲ့ သခင်ကြီးဖြစ်တဲ့ မင်းက အဲ့လောက်လွယ်လွယ်နဲ့ အရူးလုပ်ခံလိုက်ရတာလား "
စိတျဝိဉာဥျသခြျိုငျးတောငျကွား သခင်ကြီးက အံကြိတ်၍ ပြန်ပြောပါသည်။
" ရိုးရိုးတန်းတန်း နည်းမျိုးနဲ့ဆို ကျုပ် အရူးလုပ်မခံရပါဘူးဗျာ ။ ဒါပေမယ့် ဒီကောင်တွေက သာမာန်နည်းမျိုး သုံးသွားခဲ့တာမဟုတ်ဘူး ။ သူတို့က အရှုပ်အထွေးမသေမျိုးဧကရာဇ် ရဲ့ အလောင်းတစ်စိတ်တစ်ပိုင်းကို သုံးပြီးတော့ ကျုပ်ကို ဒီရောက်အောင် မျှားခေါ်ခဲ့ကြတာ "
လောထျန်း အံ့သြသွားသည်။
" အဲ့အလောင်းက အရိုးတွေကို သုံးခဲ့တာလား "
စိတျဝိဉာဥျသခြျိုငျးတောငျကွား သခင်ကြီးက ခေါင်းညိတ်ပြ၏။
" ဟုတ်တယ်ဗျ ။ အဲ့ဒါ အရှုပ်အထွေးမသေမျိုးဧကရာဇ် ရဲ့ အရိုးဆိုတာ မှားစရာအကြောင်းမရှိဘူး။ ကျုပ်က သူနဲ့ နှစ်တွေအကြာကြီး တိုက်ခိုက်ခဲ့တာဆိုတော့ လွဲစရာတကယ်ကို မရှိတာပါ "
လောထျန်း နားမလည်နိုင် ဖြစ်သွားရသည်။
" အရိုးကိုပဲ ကြည့်ပြီးတော့ ဘာလို့အဲ့လောက်သေချာနေရတာလဲ "
စိတျဝိဉာဥျသခြျိုငျးတောငျကွား သခင်ကြီးက အချိန်အတန်ကြာ စဥ်းစားနေပြီးမှ ပြော၏။
" ဘာလို့လဲဆိုတော့... အရှုပ်အထွေးမသေမျိုးဧကရာဇ် ရဲ့ သေဆုံးမှုက အင်မတန်ကို သံသယဝင်စရာ ကောင်းလို့ပဲ "
" ဟင်.. ဘယ်လို ထူးဆန်းလို့လဲ "
လောထျန်း စိတ်ဝင်တစား ထပ်မေးလိုက်သည်။
စိတျဝိဉာဥျသခြျိုငျးတောငျကွား သခင်ကြီး ပြန်ဖြေ၏။
" သူ့ရဲ့ သေဆုံးမှုနဲ့ပတ်သက်ပြီး အမြင်တွေအမျိုးမျိုး ရှိခဲ့ကြတယ်ဗျ ။ တချို့က ပြောတာတော့ သူ မ
သေမျိုးဧကရာဇ် အဆင့်ကို ရောက်သွားပြီးတဲ့နောက်မှာ နောက်တစ်ဆင့်ကိုထပ်တက်ဖို့ ကြိုးစားခဲ့တယ်တဲ့။ ဒါပေမယ့် ရလဒ်အနေနဲ့ ကောင်းကင်ဘုံက သူ့ကို အပြစ်ပေးခဲ့တယ်လို့ ပြောတယ် "
" တချို့ကျတော့လဲ.. သူ အဆင့်တက်ဖို့ ကြိုးစားတဲ့အချိန်မှာ ရှေးဟောင်းနတ်ဘုရားတွေက တားမြစ်ထားတဲ့နည်းကို သုံးဖို့ကြိုးစားခဲ့တာမို့ အသက်ဆုံးခဲ့ရတာလို့ ပြောကြတယ် "
" ဒါပေမယ့် အပြောအများဆုံးကတော့ ... သူ နတ်ဘုရားတောအုပ်ထဲမှာရှိတဲ့ ကြောက်စရာအစွမ်းတစ်ခုရဲ့ အလစ်တိုက်ခိုက်တာကို ခံခဲ့ရတယ်ဆိုတဲ့အကြောင်းပဲ ။ ဟို ဆယ်ဘွဲ့ရမသေမျိုးဘုရင်တွေကလဲ အဲ့အပြောကိုပဲ အဓိကယုံကြတာ "
စိတျဝိဉာဥျသခြျိုငျးတောငျကွား သခင်ကြီး စကားခဏရပ်လိုက်ပြီးမှ အံကြိတ်ကာ ဆက်ပြောပါသည်။
" ဒါပေမယ့်.. သူက နတ်ဘုရားတောအုပ်ရဲ့ လက်ချက်ကြောင့် သေရတာမဖြစ်နိုင်ဘူးဆိုတာ ကျုပ် သိထားပြီးသား ။ ရှေးဟောင်းနတ်ဘုရားတွေ
လက်ချက် ဆိုတာလဲ ပိုတောင်မဖြစ်နိုင်ဘူး ။ တကယ်လို့ ရှေးဟောင်းနတ်ဘုရား တစ်ယောက်ယောက်သာ ပြန်အသက်သွင်းနိုးထလာရင် အရှုပ်အထွေးမသေမျိုးဧကရာဇ် တစ်ယောက်ကို သတ်ဖို့ ဖြစ်နိုင်ဆယ်ဆိုပေမယ့်.. လက်ရှိ ဒေသကြီးကိုးခုမှာ အသက်ရှင်နေတဲ့ ရှေးဟောင်းနတ်ဘုရား တစ်ယောက်မှ မရှိဘူးလေ "
" ဒီတော့.. ကျုပ်အထင် ဖြစ်နိုင်ချေအရှိဆုံး ပထမတစ်ခုက... သူ ကျင့်ကြံခြင်း အဆင့်တက်ဖို့ကြိုးစားရင်းနဲ့ ရူးသွားတာပဲ "
လောထျန်း တအံ့တသြ ပြန်မေးလိုက်သည်။
" အင်.. မင်းက ဘယ်လိုလုပ်ပြီး သိတာလဲ "
စိတျဝိဉာဥျသခြျိုငျးတောငျကွား သခင်ကြီး ပြန်ပြော၏။
" အကြောင်းရင်းက နှစ်ချက်ရှိတယ်ဗျ ။ သူ့ကို အများက အရှုပ်အထွေးမသေမျိုးဧကရာဇ် လို့ ခေါ်ကြတယ်ဆိုပေမယ့် သူ့ရဲ့ တာအိုကျင့်စဥ်က မပြည့်စုံသေးသလို သူ့ကျင့်ကြံခြင်းမှာလဲ လိုအပ်ချက်တွေ ရှိနေသေးတယ် ။ ဒီတော့ သူ့ကို တကယ့် အရှုပ်အထွေး
မသေမျိုးဧကရာဇ် အစစ်လို့ ပြောမရသေးဘူး "
" ဒုတိယအကြောင်းရင်းကတော့ ကျုပ် မြင်ခဲ့ရတဲ့ အရိုးကြောင့်ပဲ "
သူ ပြောနေရင်း တစ်ခုကို တွေးမိသွားဟန်ဖြင့် အံကြိတ်၍ ဆက်ပြောပါသည်။
"အဲ့လူရဲ့ အလောင်းအကြွင်းအကျန်တွေက တော်တော်အခြေအနေဆိုးတယ် ဆိုပေမယ့် .. တော်တော်လဲ ထူးဆန်းတာကို ကျုပ် ခံစားမိခဲ့တယ် "
လောထျန်းက ဘာမှ ဝင်မပြောသဖြင့် စိတျဝိဉာဥျသခြျိုငျးတောငျကွား သခင်ကြီး စကားဆက်၏။
" အဲ့အရိုးတွေထဲမှ အရှုပ်အထွေးအစွမ်း အကြွင်းအကျန်တွေ ရှိနေသေးတာတော့ မှန်ပါတယ် ။ တခြားအပြင်လူတွေကတော့ ဒါကို မြင်နိုင်ချင်မှ မြင်နိုင်မှာဖြစ်ပေမယ့် အဲ့ဒါက တကယ့်ကို အရှုပ်အထွေးအစွမ်းရဲ့ မဆိုစလောက် လက်ကျန်လေးပဲဗျ ။ တကယ့် အရှုပ်အထွေးအစွမ်း အဓိကအသက်က ပျောက်နေခဲ့ပြီ "
" ပြီးရင် အဲ့နည်းက နတ်ဘုရားတောအုပ်ထဲက နည်းနဲ့လဲ တော်တော်လေးဆင်တယ် ။ အရှုပ်အထွေးအစွမ်းရဲ့ အဓိကအရာအားလုံးကို ဖယ်ပြီးတော့ မဆိုစလောက် လက်ကျန်အစွမ်းလေးနည်းနည်းပဲ ချန်ထားတဲ့နည်းပေါ့ဗျာ "
" အဲ့နည်းနဲ့ဆို နောက်ပိုင်းမှာ အစွမ်းတစ်ခုခုသုံးပြီး ပြန်အသက်သွင်းလို့ ရနိုင်တယ်လေ ။ အဲ့ကျရင် သူ့ရဲ့ အရှုပ်အထွေးခန္ဓာကိုယ်က လိုအပ်ချက်တွေကို ပြန်ပြင်နိုင်သွားမှာဖြစ်သလို မဟာတာအိုအစွမ်းကိုလဲ ပြည့်စုံအောင် လုပ်နိုင်သွားမှာ "
ထို့နောက်တွင် စိတျဝိဉာဥျသခြျိုငျးတောငျကွား သခင်ကြီး မျက်နှာတည်ဖြင့် ဆိုသည်။
" ဒါကြောင့်မို့လဲ ဒီလူက တကယ်သေတာမဟုတ်ဘဲနဲ့ ပြန်အသက်သွင်းနိုင်မယ့် အခွင့်အရေးကို စောင့်နေတာလို့ ကျုပ် ယုံတာ "
" ဒီ သံသယကြောင့်မို့လဲ ကျုပ် အသက်စွန့်ပြီးတော့ အရှုပ်အထွေးနတ်ဘုရားမြို့တော်ထဲ လာပြီး သူ့အစီစဥ်ကို ဖျက်ဆီးဖို့ ကြိုးစားခဲ့တာပေါ့ ။ တကယ်လို့ သူ့ အစီစဥ်သာ အောင်မြင်သွားရင် ကျုပ် မြေမြုပ်စရာလေးတောင် မကျန်တော့အောင် အသေဆိုးနဲ့
သေရမှာလေ "
လောထျန်း ခေါင်းညိတ်လိုက်သည်။
" ကျုပ် သဘောပေါက်ပြီ "
စိတျဝိဉာဥျသခြျိုငျးတောငျကွား သခင်ကြီး အံကြိတ်ကာ ထပ်ပြောသည်။
" ဒါပေမယ့် ဟိုကောင်တွေက အဲ့အရိုးကို ငါးစာလို အသုံးချပြီးတော့ ကျုပ်ကို မျှားခေါ်တာမှန်း ဘယ်သိခဲ့မှာလဲဗျာ ။ အဲ့နောက်တော့ သူတို့တွေ အရှုပ်အထွေး စိတ်ဝိဥာဥ်ပုလဲလုံးကို အသုံးချပြီး ကျုပ်ကို ဖိနှပ်ခဲ့ပြီးတော့ ဒီနေရာမှာ ချုပ်နှောင်ထားခဲ့တာ နှစ်တွေဘယ်လောက်ကြာခဲ့ပြီလဲတောင် မသိတော့ပါဘူး "
လောထျန်း တအံ့တသြ ပြန်မေးလိုက်သည်။
" အရှုပ်အထွေး စိတ်ဝိဥာဥ်ပုလဲလုံး ဆိုတာ ဘာလဲ "
စိတျဝိဉာဥျသခြျိုငျးတောငျကွား သခင်ကြီးက ဂူအတွင်းပိုင်းထဲသို့ လက်ညိုးထိုးပြရင်း ပြော၏။
" အဲ့ထဲမှာ ရှိတယ်ဗျ "
သူ့စကားဆုံးသည်နှင့် လောထျန်း နေရာရွှေ့သွားပါသည်။
ထို့နောက်တွင် ဂူအတွင်းပိုင်းထဲ၌ ငြိမ်သက်စွာရှိနေသော သာမာန်ပုံသာရှိသည့် ပုလဲလုံးတစ်ခုကို သူ တွေ့သွားပါ၏။
" ဒီဟာကို ဘာအတွက်သုံးတာလဲ "
လောထျန်းက စိတျဝိဉာဥျသခြျိုငျးတောငျကွား သခင်ကြီးဘက် လှည့်ကြည့်၍ မေးလိုက်သည်။
စိတျဝိဉာဥျသခြျိုငျးတောငျကွား သခင်ကြီးက မြန်မြန်ရှင်းပြ၏။
" အဲ့ဒါတော့ ကျုပ်လဲ မသိဘူးဗျ ။ ကြားဖူးတာတော့ အဲ့ဒါလေးက ပထမ အရှုပ်အထွေးမသေမျိုးဧကရာဇ် ရဲ့ မဟာတာအိုအစွမ်းကနေ ဖြစ်လာခဲ့တာတဲ့ ။ ပြီးရင် အဲ့ဒါက သူ့ရဲ့ ထူးခြားမှော်လက်နက်တစ်ခုလို့လဲ ပြောတယ် "
" ဒဏ္ဍာရီတွေအရဆိုရင်လဲ ပထမ အရှုပ်အထွေးမသေမျိုးဧကရာဇ် က အရှုပ်အထွေး စိတ်ဝိဥာဥ်ပုလဲလုံး ကိုးလုံးကို တကယ်ထိန်းချုပ်နိုင်ခဲ့တာတဲ့။
ဒါပေမယ့် အဲ့ခေတ်က ကြာလှပြီဆိုတော့ တကယ်မြင်ဖူးတဲ့သူတော့ ဘယ်သူမှ မရှိဘူး "
" ဒီ အရှုပ်အထွေး စိတ်ဝိဥာဥ်ပုလဲလုံးထဲမှာ အင်မတန်အစွမ်းထက်တဲ့ ဖိနှိပ်အား ပါသလို အရှုပ်အထွေးအစွမ်းတွေလဲ သိပ်သည်းတယ် ။ ဒါပေမယ့် ဟိုးရှေးခတ်ကနေ ခုထက်ထိ ပထမ အရှုပ်အထွေးမသေမျိုးဧကရာဇ် ကလွဲလို့ ဒါကို ဘယ်သူမှ မထိန်းချုပ်နိုင်သေးဘူး ။ ဒုတိယ အရှုပ်အထွေးမသေမျိုးဧကရာဇ် တောင် မလုပ်နိုင်ဘူး "
" ဒါကြောင့်မို့လဲ ဒီပုလဲလုံးက အစွမ်းထက်ပေမယ့် ဘယ်သူမှ အပိုင်မသိမ်းနိုင် ဖြစ်နေတာ "
လောထျန်း တအံ့တသြ ရေရွတ်လိုက်သည်။
" အဲ့လောက်တောင်လား ... "
ထို့နောက် သူ အရှုပ်အထွေး စိတ်ဝိဥာဥ်ပုလဲလုံးနားသို့ သွားကာ သေချာကြည့်လိုက်၏။
သို့သော် သူ မည်သို့ပင် ကြည့်စေကာမူ ၎င်းက သာ
မာန်ပုလဲလုံးတစ်လုံးနဲ့သာ တူနေပါသည်။
လောထျန်းတစ်ယောက် ထိုသို့တွေးနေရင်း မနေနိုင်တော့ဘဲ လက်ဆန့်ထုတ်၍ ပုလဲလုံးအား ထိလိုက်၏။
တဖက်မှ စိတျဝိဉာဥျသခြျိုငျးတောငျကွား သခင်ကြီးကမူ ၎င်းကို မျက်လုံးအပြူးသားဖြင့် ကြည့်နေပြီး ..
လောထျန်း၏လက် အရှုပ်အထွေး စိတ်ဝိဥာဥ်ပုလဲလုံးကို ထိလိုက်သည်နှင့် အသံကျယ်ဖြင့် အော်ရယ်လိုက်ပါသည်။
" ဟား ဟား.. ငါ လွတ်သွားပြီ... လွတ်သွားပြီကွ "
သူ ရယ်ရင်းလည်း အော်ပြောနေ၏။
" အင်.. မင်း ဘာပြောလိုက်တာလဲ "
လောထျန်း သူ့ဘက်လှည့်ကြည့်ကာ မေးလိုက်သည်။
လောထျန်းအား လက်ညိုးထိုး၍ အော်ရယ်ရင်း ပြောပါ၏။
" ကောင်လေး ၊ မင်းရဲ့ လက်ကျန်ဘဝတလျှောက်လုံး ဒီမှာပဲ ချုပ်နှောင်ခံရပြီး သေရတော့မှာကွ "
လောထျန်း မျက်မှောင်ကြုံ့သွားသည်။
"အဲ့စကားက ဘာအဓိပ်ပါယျလဲ "
စိတျဝိဉာဥျသခြျိုငျးတောငျကွား သခင်ကြီးက ရယ်ရင်းပင် ပြန်ပြောသည်။
" အဲ့ အရှုပ်အထွေး စိတ်ဝိဥာဥ်ပုလဲလုံးမှာ ဖိနှိပ်အစွမ်းတွေ ပါတယ်ဆိုပေမယ့် တစ်ယောက်တည်းကိုပဲ ဖိနှိပ်နိုင်တာကွ။ ပြီးတော့ ဖိနှိပ်တဲ့ပုံကလဲ အဲ့ဒါကို ထိတဲ့သူကို ဖိနှိပ်တာ ။ အဲ့တုန်းက ငါဖိနှိပ်ခံခဲ့ရတာလဲ ဟိုကောင်တွေက အရှုပ်အထွေး စိတ်ဝိဥာဥ်ပုလဲလုံးကို ဒုတိယ အရှုပ်အထွေးမသေမျိုးဧကရာဇ် ရဲ့ အလောင်းအဖြစ် လှည့်စားပုံဖော်ထားကြလို့ပဲ ။ ငါက အဲ့ဒါကို ဖျက်ဆီးမယ်ဆိုပြီး တိုက်ခိုက်ရင်းနဲ့ ဖိနှိပ်ခံခဲ့ရတာ "
" အခု မင်းက အဲ့ဒါကို ထိလိုက်ပြီဆိုတော့ အဲ့ပုလဲလုံးက ငါ့ကို မဖိနှိပ်နိုင်တော့ဘူးပေါ့ကွာ ။ အဲ့အစား မင်း
ကိုပဲ ဖိနှိပ်တော့မှာ "
သူ ပြောရင်း စကားခဏရပ်ပြီးမှ အပြုံးဖြင့်ဆိုသည်။
" မင်းက ငါ့ရဲ့ ခန္ဓာကိုယ်ကို ဖျက်ဆီးခဲ့တယ်ဆိုပေမယ့် ငါ့ကို အချုပ်အနှောင်ကနေလဲ လွတ်အောင်လုပ်ပေးခဲ့တာမို့ မင်းနဲ့ငါနဲ့ကြားမှာ ကျေပြီလို့ သတ်မှတ်ပေးမယ် "
လောထျန်းမှာကား ထိုလူကိုကြည့်ရင်း မျက်မှောင်ကြုံ့သွား၏။
" ဖိနှိပ်အစွမ်း .. ဟုတ်လား "
သူ တစ်ကိုယ်တည်း ရေရွတ်ကာ ဂူအပြင်ဘက်သို့ ခြေလှမ်းလိုက်သည်။
သို့သော်..
ဝီ ...
သူ့ဘေးပတ်ဝန်းကျင် လေထုက ရုတ်တရက်ပြောင်းသွားပြီး သူ ယခင်နေရာသို့ ပြန်ရောက်သွား၏။
" ဒါ... "
လောထျန်း အံ့အားသင့်သွားပါတော့သည်။
စိတျဝိဉာဥျသခြျိုငျးတောငျကွား သခင်ကြီးက ၎င်းကိုကြည့်ရင်း အော်ရယ်၏။
" ဘယ်လိုလဲ.. အခုတော့ ကူကယ်ရာမဲ့ ဖြစ်နေပြီမဟုတ်လား ။ ငါဆိုရင် ဒီနေရာမှာပဲ ချုပ်နှောင်ခံခဲ့ရတာ နှစ်တွေ ဘယ်လောက်ကြာသွားပြီလဲတောင် မသိတော့ဘူး ။ ပုလဲလုံးကို ထိလိုက်တာနဲ့ အဲ့ဒါရဲ့ ပေတစ်ရာပတ်လည်ထက်ကျော်ပြီး သွားလို့မရတော့ဘူးကွ။ စိတ်ဝိဥာဥ်ကို ခန္ဓာကိုယ်ကနေ ခွဲထုတ်ပြီးတော့တောင် သွားမရဘူး ။ အခု အဲ့ခံစားချက်က ဘယ်လိုလဲဆိုတာ မင်းကိုယ်တိုင် ခံစားကြည့်လိုက်ပါဦး "
လောထျန်းက မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြင့် ပြန်ပြောပါသည်။
" ခဏနေပါဦး ၊ ဒါဆိုရင်.. ငါ ဒီပုလဲလုံးရဲ့ ပေတစ်ရာပတ်လည်ထက်ကျော်ပြီး သွားလို့မရဘူးပေါ့ "
စိတျဝိဉာဥျသခြျိုငျးတောငျကွား သခင်ကြီးက ရယ်ရင်း ပြောသည်။
" မဆိုးဘူးပဲ.. မင်း နားလည်လာပြီ "
လောထျန်း ရယ်လိုက်ပါသည်။
" ငါ့မှာတော့ ဘာများထူးဆန်းတဲ့အစွမ်းလဲလို့ကွာ ။ ဒါဆို ပုလဲလုံးကို ငါနဲ့အတူ ယူသွားလို့ရတာပဲဟာ "
သူ ပြောပြီး အရှုပ်အထွေး စိတ်ဝိဥာဥ်ပုလဲလုံးထံ လျှောက်သွား၏။
စိတျဝိဉာဥျသခြျိုငျးတောငျကွား သခင်ကြီးက သူ့အား လှောင်ပြုံးဖြင့် လှမ်းကြည့်သည်။
" တကယ်လို့သာ အဲ့လောက်ရိုးရှင်းနေရင် ငါ ဒီနေရာမှာ နှစ်တွေအကြာကြီး ချုပ်နှောင်ခံရပါ့မလားကွာ ။ ငါ ခုနကပြောတာကို မင်း မေ့သွားပြီလား ။ ဟိုးရှေးခတ်ကနေ ဒီနေ့ထက်ထိ ပထမ အရှုပ်အထွေးမသေမျိုးဧကရာဇ် ကလွဲလို့ ဒီပုလဲလုံးကို ထိန်းချုပ်နိုင်တဲ့သူ မရှိသေးဘူး ဆိုတာလေ ။ ငါကိုယ်တိုင်ကလဲ အဲ့ဒါကို နေရာရွှေ့အောင် ကြိုးစားလာခဲ့တာ နှစ်ထောင်ပေါင်းများစွာ ကြာခဲ့ပြီကွ ။ ဒါပေမယ့် တစ်လက်မလေးတောင် နေရာရွှေ့အောင် မလုပ်နိုင်ခဲ့ဘူး ။ အခု မင်းက ငါ့ထက် ပိုအစွမ်းထက်တယ်ဆိုရင်တောင် ဘယ်လောက်ပိုမှာမို့လဲကွာ "
သူ ပြောပြီး လောထျန်းအား လှောင်ပြုံးဖြင့်ကြည့်ရင်း အရှုပ်အထွေး စိတ်ဝိဥာဥ်ပုလဲလုံးနား လျှောက်သွားလိုက်သည်။
ထို့နောက် ပုလဲလုံးဆီ လက်လှမ်းနေသည့် လောထျန်းကိုကြည့်ပြီး လှောင်ပြောင်စကားဆိုရန် ထပ်ပြင်လိုက်၏။
သို့သော်.... ထိုစဥ်မှာပင်..
ဝှစ် ...
လောထျန်း၏လက်က ပုလဲလုံးဆီ ရောက်သွားပြီး ၎င်းကို ကောက်မလိုက်ပါသည်။
Chapter 944
He's just naturally strong
" ဘယ်လိုဖြစ်ပြီးတော့... "
စိတ်ဝိဥာဥ်သချ်ိုင်းတောင်ကြား သခင်ကြီး မျက်လုံးပြူးသွားကာ တုန်လှုပ်လွန်း၍ လဲကျလုမတတ်ပင် ဖြစ်သွားပါ၏။
မည်သူမှပင် မလှုပ်နိုင်ခဲ့သော အရှုပ်အထွေး စိတ်ဝိဥာဥ်ပုလဲလုံးကို ဒီတိုင်းကြီး မ လိုက်သတဲ့လား ။
ထိုစဥ်တွင် လောထျန်းမှာကား သူ့လက်ထဲမှ ပုလဲလုံးကို အချိန်အတန်ကြာ စိုက်ကြည့်နေရင်း အတွေးမပေါက် ဖြစ်နေပါသည်။
" ဒီဟာက ဘယ်လိုကြီးပါလိမ့် "
ထို့နောက် သူ ပုလဲလုံးအား လေထဲသို့ အသာမြှောက်ကြည့်လိုက်သည်။
" မင်း.. မင်းက ပုလဲလုံးကို ဒီတိုင်းကြီးတောင် ကိုင်မြှောက်နေတာလား "
၎င်းကိုမြင်သော စိတ်ဝိဥာဥ်သချ်ိုင်းတောင်ကြား သခင်ကြီး မျက်လုံးပြူးသွားပြန်ပါ၏။
သူ အမြင်များ မှားနေသလားဟုလည်း ထင်မိသွားသည်။
သို့သော်.. သေချာစစ်ကြည့်လိုက်ချိန်တွင်လည်း ထိုသို့ ဟုတ်မနေပါ ။
" ငါ စိတ်လွတ်သွားတာပဲ ဖြစ်ရမယ် "
သူ တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။
လောထျန်းမှာမူ ပုလဲလုံးကို လေထဲသို့ အကြိမ်အနည်းငယ် မြှောက်ကြည့်နေရင်းမှ တစ်ခု အတွေးဝင်သွားဟန် တူပါ၏။
ထို့နောက် .. သူ ပုလဲလုံးအား ခပ်ဝေးဝေးသို့ ပစ်ကြည့်လိုက်သည်။
ဝုန်း...
အရှုပ်အထွေး စိတ်ဝိဥာဥ်ပုလဲလုံးက အသံကျယ်တစ်
သံနှင့်အတူ ကြယ်ကြွေတစ်စင်းပမာ လွင့်ထွက်သွား၏။
" ဒါ.... "
စိတ်ဝိဥာဥ်သချ်ိုင်းတောင်ကြား သခင်ကြီး ဘာစကားမှ ထပ်မဆိုနိုင်ဘဲ ဆွံ့အသွားရပြန်ပါတော့သည်။
" သူက ပုလဲလုံးကို ဒီတိုင်းမြှောက်နိုင်ရုံတင်မကဘဲ အဝေးကိုတောင် လွင့်ပစ်လိုက်နိုင်တာလား "
သူ အမှန်တကယ်ပင် တုန်လှုပ်နေရပါသည်။
ထိုစဥ်မှာပင်..
ဝီ ...
လွင့်ပစ်ခံလိုက်ရသော ပုလဲလုံးထံမှ အလင်းတန်းတစ်ခု ဖျတ်ခနဲလက်သွားကာ လောထျန်းလက်ထဲသို့ ပြန်ရောက်လာ၏။
" အိုး.. သူ့ဟာသူလဲ ပြန်ရောက်လာနိုင်တာပဲ "
လောထျန်း အံ့သြသွားသည်မှာ အသိအသာပင် ။
ထို့နောက် သူ စိတ်ဝိဥာဥ်သချ်ိုင်းတောင်ကြား သခင်ကြီးဘက် ရုတ်တရက်လှည့်၍ မေးသည်။
" မင်း မြင်လိုက်ရလား "
စိတ်ဝိဥာဥ်သချ်ိုင်းတောင်ကြား သခင်ကြီး စက်ရုပ်တစ်ရုပ်သဖွယ် ခေါင်းတဆတ်ဆတ် ညိတ်ပြလိုက်၏။
လောထျန်းက စိတ်လှုပ်ရှားနေဟန်ဖြင့် ဆက်ပြောသည်။
" ဒါ ဘာ ဖိနှိပ်အစွမ်းမှ မဟုတ်ဘူး ။ တကယ့်ကို ထိပ်တန်းအဆင့် လျှို့ဝှက်လက်နက်တစ်ခုပဲ ။ လေးလဲလေးတယ်... မာလဲမာတယ်.. ပြီးရင် သူ့ဟာသူလဲ ပြန်ရောက်လာနိုင်တယ် ။ မူလမသေမျိုးလက်နက်ထက်တောင် ပိုကောင်းသေးတယ် "
စိတ်ဝိဥာဥ်သချ်ိုင်းတောင်ကြား သခင်ကြီး လုံးဝ ဆွံ့အနေတော့သည်။
သူ့ခေါင်းထဲသို့လည်း ဖြစ်နိုင်ချေတစ်ခုကို တွေးမိသွားပါ၏။
" ဒါဆိုရင်... သူက ပထမ အရှုပ်အထွေးမသေမျိုးဧကရာဇ်လိုပဲ အရှုပ်အထွေး စိတ်ဝိဥာဥ်ပုလဲလုံးကို ထိန်းချုပ်နိုင်တယ် ဆိုတဲ့သဘောလား "
သူ တွေးမိလိုက်သည်။
သို့သော် သူ ချက်ချင်း ခေါင်းပြန်ယမ်း၍ ထိုအတွေးကို ထုတ်လိုက်ပါ၏။
" မဖြစ်နိုင်ဘူးလေ ။ ငါ့မျက်လုံးနဲ့ မမြင်ခဲ့ရဘူးဆိုပေမယ့် ကြားထားတဲ့အတိုင်းဆိုရင် ပထမ အရှုပ်အထွေးမသေမျိုးဧကရာဇ်က အဲ့ပုလဲလုံးကို မူလမသေမျိုးလက်နက်အဖြစ် သုံးတာတဲ့ ။ အခု ဒီကောင်လေး ပုလဲလုံးကို သုံးနေတဲ့ပုံနဲ့ ကွဲတာသေချာတယ် "
" ဒီကောင်က ခန္ဓာကိုယ်အစွမ်း ကောင်းလွန်းနေလို့ပဲ ဖြစ်ရမယ် "
" ဟုတ်တယ်.. အဲ့လိုပဲဖြစ်မှာ "
စိတ်ဝိဥာဥ်သချ်ိုင်းတောင်ကြား သခင်ကြီး စိတ်ထဲမှ
တွေးလိုက်သည်။
ထိုစဥ်တွင် လောထျန်းက အရှုပ်အထွေး စိတ်ဝိဥာဥ်ပုလဲလုံးအား ပြန်သိမ်းလိုက်ပြီးနောက် စိတ်ဝိဥာဥ်သချ်ိုင်းတောင်ကြား သခင်ကြီးကိုကြည့်ကာ ပြောပါ၏။
" ဒါနဲ့ ... ခုနက မင်း ငါ့ကို လှည့်စားဖို့ ကြိုးစားခဲ့တာမဟုတ်လား "
ထိုစကားကို ပြောချိန်တွင် သူ့မျက်နှာထားလည်း ရုတ်ချည်း အေးစက်သွားပါသည်။
" ကျုပ် ..... "
စိတ်ဝိဥာဥ်သချ်ိုင်းတောင်ကြား သခင်ကြီး၏ရင်ထဲ နောင်တတို့ ချက်ချင်းပြည့်သွားသည်။
သူ အစောကတည်းက ထွက်ပြေး၍ ရနေခဲ့ရက်သားနှင့် ဘာကြောင့် ထွင်မပြေးမိခဲ့ပါသလဲ ။
အဘယ့်ကြောင့် စကားတွေလျှောက်ပြောပြီး နေခဲ့မိပါသလဲ ။
" ဟို... မဟုတ်ပါဘူး သခင်ကြီးရယ် ။ နားလည်မှုလွဲတာပါ "
စိတ်ဝိဥာဥ်သချ်ိုင်းတောင်ကြား သခင်ကြီး အသံတုန်တုန်ဖြင့် ပြောလိုက်သည်။
လောထျန်းက အေးစက်စက် နှာခေါင်းရှုံ့၏။
" နားလည်မှုလွဲတာ ဟုတ်လား ။ ငါတော့ အဲ့လိုမထင်ဘူး ။ ကောင်းပြီလေ.. ဒါဆိုရင်တော့လဲ မင်းကို နောက်ဘဝပဲ တန်းပို့ပေးရတာပေါ့ "
လောထျန်း ပြောပြီး မန္တာန်များ ရွတ်ဖတ်ရန် ပြင်လိုက်သည်။
" ခဏ... ခဏလေး နေပါဦး "
စိတ်ဝိဥာဥ်သချ်ိုင်းတောင်ကြား သခင်ကြီး အလွန်ကြောက်ရွံ့တုန်လှုပ်သွား၏။
" သခင်ကြီး ၊ ကျေးဇူးပြုပြီးတော့ ကျုပ်ကို မသတ်ပါနဲ့ဗျာ ။ ကျုပ် သခင်ကြီးအတွက် အသုံးဝင်နိုင်ပါသေးတယ် "
သူ အသံတုန်တုန်ဖြင့် ထပ်တောင်းပန်လိုက်သည်။
လောထျန်း မျက်မှောင်ကြုံ့လိုက်ပါသည်။
" အသုံးဝင်တယ် .. ဟုတ်လား ။ ဘယ်လိုအသုံးဝင်မှာလဲ ပြောစမ်းပါဦး "
စိတ်ဝိဥာဥ်သချ်ိုင်းတောင်ကြားက တုန်တုန်ယင်ယင် ပြန်ပြောရှာသည်။
" အခု သခင်ကြီး အရှုပ်အထွေး နတ်ဘုရားမြို့တော်ထဲကို ဝင်လာတဲ့အကြောင်းက အခွင့်ကောင်းတွေ ရှာချင်လို့မဟုတ်လား။ ကျုပ်က ဒီ အရှုပ်အထွေးနတ်ဘုရားမြို့တော် ကို ကောင်းကောင်းကြီး သိတယ်ဗျ ။ ဒီမှာရှိတဲ့ အခွင့်ကောင်းတွေ အားလုံးကိုလဲ သိတယ် ။ တကယ်လို့ သခင်ကြီးသာ ကျုပ်အသက်ကို ချမ်းသာပေးမယ်ဆိုရင် ကျုပ် သခင်ကြီးအတွက် အဲ့အခွင့်ကောင်းတွေ အားလုံးကို ရှာပေးပါ့မယ် "
လောထျန်းက အချိန်အတန်ကြာ တွေးနေပြီးမှ ပြန်ပြောပါ၏။
" ကောင်းပြီလေ.. လောလောဆယ်တော့ မင်းအသက်ကို ချမ်းသာပေးထားလိုက်မယ် "
" ကျေးဇူးတင်ပါတယ် သခင်ကြီးရယ် "
စိတ်ဝိဥာဥ်သချ်ိုင်းတောင်ကြား သခင်ကြီး မျက်ရည်
အရွှဲသားဖြင့် တုန်တုန်ယင်ယင် ပြောသည်။
ထိုစဥ်တွင် လောထျန်းမှာ နောက်လှည့်၍ ဂူအပြင်ဘက်သို့ ဦးတည်ထွက်သွားလေပြီ ။
" ငါ့နောက်ကို မှီအောင်လိုက်ခဲ့ ။ ထွက်ပြေးဖို့ နည်းနည်းလေးတောင် မစဥ်းစားနဲ့နော် ။ မင်းက အကြွင်းအကျန် စိတ်ဝိဥာဥ်တစ်ခု ဆိုရင်တောင် ငါ မင်းကို အချိန်မရွေး ပျောက်သွားအောင် လုပ်လို့ရတယ် "
လောထျန်း အေးစက်စက် ပြောလိုက်သည်။
စိတ်ဝိဥာဥ်သချ်ိုင်းတောင်ကြား သခင်ကြီးက ခေါင်းကို အသည်းအသန် ညိတ်ပြ၏။
သူ အမှန်တကယ်လည်း ထိုသို့ မလုပ်ဝံ့ပါချေ။
ဤသို့ဖြင့် သူတို့နှစ်ဦးသား ဂူထဲမှ ထွက်ခွာလာခဲ့ကြသည်။
" သခင်လေးလောထျန်း .... "
ဂူအပြင်တွင် စောင့်နေကြသည့် ယောင်ချီမှ မိန်းမပျို
နှစ်ဦးမှာ လောထျန်းတစ်ယောက် ဘေးကင်းကင်းပြန်ရောက်လာသည်ကို မြင်သည်နှင့် အလွန်ပျော်သွားကြသည်။
သို့သော် လောထျန်းနောက်တွင် ပါလာသော စိတ်ဝိဥာဥ်သချ်ိုင်းတောင်ကြား သခင်ကြီး၏ စိတ်ဝိဥာဥ်အကြွင်းအကျန်ကို မြင်ချိန်တွင်ကား သူတို့နှစ်ယောက်လုံး၏ မျက်နှာထားများ ပြောင်းကုန်ကြ၏။
လောထျန်းက ၎င်းကို သတိထားမိကာ နောက်လှည့်၍ ပြောသည်။
" မင်းရဲ့ပုံစံက ကြောက်စရာကောင်းလွန်းနေတယ် ။ နည်းနည်းပြင်လိုက်ဦး "
" ဟင်... ကျုပ်က အရင်ထဲက ဒီလိုပဲလေဗျာ ။ ဘယ်လိုလုပ်ပြီး ပြောင်းရမလဲ "
စိတ်ဝိဥာဥ်သချ်ိုင်းတောင်ကြား သခင်ကြီးက မရွှင်မပျ ဆိုရှာသည်။
လောထျန်း၏ နှုတ်ခမ်းများ လှုပ်ရှားသွားကာ မန္တာန်ရွတ်ရန် ပြင်လိုက်၏။
စိတ်ဝိဥာဥ်သချ်ိုင်းတောင်ကြား သခင်ကြီး အလန့်တကြား ပြောသည်။
" မရွတ်ပါနဲ့ သခင်ကြီးရယ် ။ ကျုပ် ပြောင်းလိုက်ပါ့မယ် "
သူ ပြောပြီးသည်နှင့် တွန့်ဆုတ်စွာ ပုံစံပြောင်းလိုက်ရ၏။
ဝီ ...
ထို့နောက်တွင်ကား စိတ်ဝိဥာဥ်အကြွင်းအကျန်က ခေါင်းတွင် ချိုနှစ်ချောင်းပါသည့် လင်းနို့တစ်ကောင်အသွင် ပြောင်းသွားသည်။
" အင်.. မင်းပုံစံက ဘာကြီးလဲ "
လောထျန်း ၎င်းကိုကြည့်ပြီး အံ့သြသွားရ၏။
တဖက်လူက ကူကယ်ရာမဲ့ ဖြစ်နေပုံဖြင့် ပြန်ပြောသည်။
" ဒါ ကျုပ်တို့မျိုးနွယ်စုရဲ့ မူလအသွင်ပုံစံပါ ။ အခုက အလောတကြီးဆိုတော့ ကျုပ်လဲ ဘာပုံပြောင်းရမှန်းမသိတာနဲ့ အဲ့ပုံပဲ ပြောင်းလိုက်တာပါ ။ တကယ်လို့ သခင်ကြီး မကြိုက်ဘူးဆိုရင် ကျုပ်
တခြားပုံစံ ထပ်ပြောင်းလိုက်ပါ့မယ် "
လောထျန်း ခေါင်းယမ်းလိုက်သည်။
" ရတယ် မလိုဘူး ၊ အဲ့တိုင်းထားလိုက်တော့ "
စိတ်ဝိဥာဥ်သချ်ိုင်းတောင်ကြား သခင်ကြီး စိတ်သက်သာရာ ရသွားပုံဖြင့် သက်ပြင်းရှည်ကြီး ချလိုက်သည်။
" သခင်ကြီး ၊ ဒီ အရှုပ်အထွေးနတ်ဘုရားမြို့တော် ထဲမှာ အခွင့်ကောင်းတွေ မရေမတွက်နိုင်အောင်ကို ရှိတယ်ဗျ ။ ဒါပေမယ့် ကျုပ်အမြင်ပြောရရင်တော့ သခင်ကြီးအတွက် သွားဖို့တန်တဲ့ နေရာက ၇ ၊ ၈ နေရာလောက်ပဲရှိမယ် ။ အဲ့ထဲက အနီးဆုံးတစ်ခုက ဒီနေရာရဲ့မြောက်ဘက် မိုင်တစ်ထောင်လောက်အကွာမှာ ရှိတယ် "
လောထျန်း ခေါင်းညိတ်သည်။
" အင်း ... လမ်းပြပါဦး "
" ဟုတ်ကဲ့ "
စိတ်ဝိဥာဥ်သချ်ိုင်းတောင်ကြား သခင်ကြီး ချက်ချင်း
ခေါင်းညိတ်ကာ လောထျန်းနှငွ ကျန်နှစ်ယောက်ကို ဦးဆောင်ခေါ်သွား၏။
ဤသို့ဖြင့် သူတို့အုပ်စု တခဏလေးအတွင်း မိုင်တစ်ထောင်အကွာသို့ ရောက်သွားခဲ့ကြပါသည်။
သူတို့ သွားလိုသည့်နေရာနှင့် အတန်ငယ် လှမ်းသေးစဥ်မှာပင် ၎င်းဘက်မှ အရှုပ်အထွေးအရောင်အဝါများ သိပ်သည်းစွာ ထွက်လာနေသည်ကို လောထျန်း အာရုံခံမိလိုက်၏။
" ဒါ... "
သူ အနည်းငယ်လည်း အံ့သြသွားရသည်။
" ရှေ့နားမှာ သတ္ထုတွင်းရှိပါတယ်သခင်ကြီး ။ အဲ့မှာ ထူးခြားတဲ့ ကျောက်ရိုင်းတစ်မျိုး ရှိတယ်ဗျ "
" တခြား သာမာန် ကျောက်တွေကိုဆိုရင် လက်နက်သန့်စင်တဲ့နေရာမှာ သုံးတတ်ကြပြီးတော့ ကျောက်တွေကလဲ အင်မတန်မာတာ သခင်ကြီးသိပြီးသားဖြစ်မှာပါ ။ ဒါပေမယ့် အဲ့မှာရှိတဲ့ ကျောက်ရိုင်းတွေကတော့ လုံးဝမတူဘူးဗျ "
" အဲ့ကျောက်က အင်မတန်ကို နူးညံ့ပြီးတော့ မသေမျိုးလက်နက်တွေ သန့်စင်ဖို့မပြောနဲ့ ၊ သာမာန်လက်နက်မျိုးတောင် သန့်စင်လို့မရဘူး "
စိတ်ဝိဥာဥ်သချ်ိုင်းတောင်ကြား သခင်ကြီး ရှင်းပြလိုက်သည်။
ယောင်ချီမှ မိန်းမပျိုနှစ်ဦးမှာလည်း သူ့ကို ကြောက်မနေတော့ချေ။
ထို့ကြောင့် သူ့စကားဆုံးသည်နှင့် သူမတို့နှစ်ဦး၏ရင်ထဲ သံသယစိတ်ကိုယ်စီ ဝင်သွားကြသည်။
" ဒါဆို အဲ့ကျောက်ကို ဘယ်နေရာမှာ အသုံးဝင်တာလဲ "
တစ်ယောက်က မေး၏။
စိတ်ဝိဥာဥ်သချ်ိုင်းတောင်ကြား သခင်ကြီးက အပြုံးဖြင့် ပြန်ဖြေသည်။
" အသုံးဝင်တာပေါ့ဗျာ ။ ဒီကျောက်တွေကို လက်နက်သန့်စင်တဲ့နေရာမှာ သုံးမရဘူးဆိုပေမယ့် ... ထူးခြား
တဲ့အစွမ်းတစ်ခုတော့ရှိတယ် "
အမှန်တွင်မူ သူ ထိုကိစ္စအား လျှို့ဝှက်သည်းဖိုဆန်စွာ ပြောပြချင်သော်လည်း တဖက်မှ လောထျန်းက ဘာမှဆက်မေးချင်ပုံ မပြသဖြင့် မည်သို့မှ မတတ်နိုင်ဘဲ ဆက်ရှင်းပြလိုက်ရ၏။
" အဲ့ကျောက်ရိုင်းတွေက အရှုပ်အထွေးအစွမ်းတွေကို စုပ်ယူနိုင်တယ်ဗျ ။ အဲ့ ကျောက်ရိုင်း အပိုင်းသေးသေးလေးထဲမှာပါတဲ့ အရှုပ်အထွေးအစွမ်းကတောင် လူတစ်ယောက်ကို ထူးခြားခန္ဓာကိုယ် ရသွားအောင် လုပ်ပေးနိုင်တယ် "
" ဒီတော့ .... သီအိုရီအရဆိုရင် ကျောက်ရိုင်းသာ လုံလုံလောက်လောက် ရှိလို့ကတော့ အရှုပ်အထွေးခန္ဓာကိုယ် ဖန်တီးဖို့တောင် ဖြစ်နိုင်တယ်ဗျ "
" ဒီ အရှုပ်အထွေးနတ်ဘုရားမြို့တော်ထဲမှာ အရှုပ်အထွေးခန္ဓာကိုယ် ရနိုင်တဲ့နေရာတွေ အများကြီးရှိတဲ့ထဲမှာ ဒီနေရာကလဲ တစ်ခုအပါအဝင်ပေါ့ "
စိတ်ဝိဥာဥ်သချ်ိုင်းတောင်ကြား သခင်ကြီး ပြော
လိုက်သည်။