← Chapters

အခန်း (၉၄၇+၉၄၈)

Vol. 66 Ch. 947+948

အခန်း (၉၄၇+၉၄၈)

Vol. 66 Ch. 947+948

Chapter 947

Fourth-Order Chaos Core

ယင်ရှီမင်က ချီလန့်ယွမ်၏ စွပ်စွဲချက်များအား အပြုံးဖြင့်သာ တုန့်ပြန်သည်။

" ကျုပ်က ကံကောင်းပြီးတော့ ဒီကျောက်ရိုင်းတုံးနှစ်တုံးကို တွေ့သွားတာပါ "

မဟူရာနဂါးခုံရုံးမှ လူများကလည်း ဝင်ပြောကြ၏။

" အမှန်ပဲ.. ကျုပ်တို့ရဲ့ နတ်ဘုရားသားတော် ကံကောင်းလို့တောင် မရဘူးလား "

" ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံက သူတွေက အရှုံးကိုတောင် အေးဆေးလက်မခံချင်ကြဘူးပဲ "

" ငါတို့ရဲ့ နတ်ဘုရားသားတော်ကို လှည့်စားတယ်လို့ စွပ်စွဲမယ်ဆိုရင် အရင်ဆုံး သက်သေထုတ်ပြလေ။ အဲ့လိုမှ မပြနိုင်ရင် ပါးစပ်ပိတ်ထား "

သူတို့ ထိုစကားများအား မျက်နှာထားတင်းတင်းဖြင့် ပြောနေကြခြင်းပင် ။

ထိုစဥ် လောထျန်းက လက်ယမ်းပြ၍ ပြောလာ၏။

" ရပါတယ်.. ကိစ္စမရှိပါဘူး "

" ဟင်.. သခင်လေးလောထျန်း "

ချီလျန့်ယွမ်နှင့် ကျန်လူများ အံ့သြကုန်ကြသည်။

ထို့နောက်.. အားလုံး ကြည့်နေစဥ်မှာပင် လောထျန်းက သတ္ထုတွင်းရှိရာသို့ ဖြည်းဖြည်းချင်း လျှောက်သွား၏။

" ဟား ဟား... လောထျန်း ၊ မင်း ငါ့ကို မနိုင်နိုင်ပါဘူးကွာ "

ယင်ရှီမင်က လောထျန်းအား လှောင်ပြုံးဖြင့် လှမ်းကြည့်၍ ဆိုသည်။

သို့သော် လောထျန်းက သူ့အား တစ်ချက်လေးပင် လှည့်မကြည့်ဘဲ ရှေ့သို့သာ ဆက်လျှောက်သွား၏။

" မင်း.. "

လောထျန်း၏ ပုံစံကြောင့် ယင်ရှီမင်တစ်ယောက် မျက်ခုံးပင့်သွားသည်။

သို့သော် သူ စိတ်ကို ပြန်ငြိမ်အောင်ထိန်းကာ အေးစက်စက် ပြောလိုက်၏။

" ကောင်းပြီလေ.. မင်းနဲ့ငါနဲ့ကြားမှာ ဘယ်လောက်ကွာတယ်ဆိုတာ ပြရသေးတာပေါ့ "

သူ ပြောပြီးသည်နှင့် အသက်ပြင်းပြင်းရှိုက်ကာ စိတ်ဝိဥာဥ်အစွမ်းကို ထုတ်လွှတ်၍ မြေပြင်ကိုစစ်ဆေးသည့် အစီအမံတစ်ခု လုပ်လိုက်သည်။

ဝီ...

သူ့ဘေးတွင် အစီအမံတစ်ခု ရုတ်ချည်းပေါ်လာ၏။

၎င်းကို ခပ်လှမ်းလှမ်းမှကြည့်နေသည့် ချီလျန့်ယွမ် သက်ပြင်းချမိသွားသည်။

" ဒီ ယင်ရှီမင်ဆိုတဲ့ကောင်က ရွံစရာ​ကောင်းတဲ့အကျင့်ရှိတာ မှန်ပေမယ့် သူ့ရဲ့ အစီအမံပညာကတော့ တကယ်ကို အံ့မခန်းပဲ ။ သူနဲ့ အရင်က ယဲ့ဖူရှောက်နဲ့တောင် လက်ရည်တူနိုင်တယ် "

သူ့နောက်တွင် ရှိနေသော လူတစ်ယောက်က

ချက်ချင်းဝင်ပြော၏။

" ဒါပေမယ့် ယဲ့ဖူရှောက်က သခင်လေးလောထျန်းကို ရှုံးသွားခဲ့တာလေ ။ ဒီတော့ သူ့ကိုလဲ သခင်လေးလောထျန်း နိုင်နိုင်တယ် မဟုတ်လား "

ချီလန့်ယွမ် ပြန်မပြောနိုင်ခင်တွင် အခြားသူတစ်ယောက်က စိုးရိမ်တကြီး ဝင်ပြောပါသည်။

" ငါတော့ အဲ့လိုမထင်ဘူး "

" ဟင်... "

ကျန်သူများအားလုံး ထိုလူအား ဒေါသငွေ့သန်းနေသည့် မျက်နှာထားများဖြင့် လှမ်းကြည့်လိုက်ကြ၏။

တဖက်လူက ၎င်းကိုသတိထားမိပြီး ချက်ချင်း ပြန်ဖြေရှင်းသည်။

" ငါဆိုလိုတာက ဒီလိုပါ. .. တကယ်လို့ တိုက်ခိုက်ရေးအစီအမံပြိုင်ပွဲသာဆိုရင် သခင်လေးလောထျန်း အနိုင်ရမှာ လုံးဝသေချာတယ် ။ ဒါပေမယ့် အခုက မြေပြင်ကို စစ်ဆေးတဲ့ အစ​အေမံတွေလေ ။ အဲ့လို အစီအမံမျိုးက အင်မတန်ရှားပြီးတော့ ငါတို့အားလုံး ပေါင်းလို့တောင် အဆင့်နိမ့် မြေပြင်စစ်ဆေး

အစီအမံလေး နှစ်ခုလောက်ပဲ သိထားတာမဟုတ်လား "

" ပြီးရင် အခု ယင်ရှီမင် သုံးနေတာတွေက အဆင့်ကိုး မြေပြင်စစ်ဆေးအစီအမံတွေ ။ သခင်လေးလောထျန်းက အဲ့လိုအဆင့်မျိုးနဲ့ မြေပြင်စစ်ဆေးအစီအမံတွေကို သင်ဖူးလိမ့်မယ်လို့ မင်းတို့ထင်လား "

" ဒါ... "

သူ့စကားကြောင့် ချီလန့်ယွမ် အပါအဝင် ကျန်လူများ ငြိမ်သွားကြသည်။

မှန်ပါသည် ။ လောထျန်းက တိုက်ခိုက်ရေး အစီအမံပညာရပ်၌ ကျွမ်းကျင်သည်ကို သူတို့ သိထားပြီးသော်လည်း...

လောထျန်းတစ်ယောက် ထိုသို့သော မြေပြင်စစ်ဆေးအစီအမံအား အသုံးပြုသည်ကိုမူ သူတို့ တစ်ခါမှ မကြားဖူးခဲ့ပါ ။

သို့သော်.. ယင်ရှီမင်ကမူ ထိုသို့သော အစီအမံမျိုး

တွင် အလွန်ကျွမ်းကျင်သူတစ်ယောက် ဖြစ်ပါသည်။

သူနှင့်ယှဥ်လျှင် လောထျန်းက ဘာမှမဟုတ်တော့ပါချေ။

သူတို့လူစု ထိုသို့ စိုးရိမ်နေကြစဥ်မှာပင်..

ဝုန်း ...

ယင်ရှီမင် လှုပ်ရှားသွားပြီး အသံကျယ် နောက်တစ်သံနှင့်အတူ သူ့လက်ထဲသို့ အရှုပ်အထွေး ကျောက်ရိုင်းတုံးတစ်ခု ထပ်ရောက်လာပါ၏။

" နတ်ဘုရားသားတော်က တကယ်ကို အံ့မခန်းပါပဲ "

" အစွမ်းထက်လိုက်တာ.. "

၎င်းကိုမြင်သော မဟူရာနဂါးခုံရုံး အဖွဲ့သားများထံမှ အော်ဟစ်အားပေးသံများ ထပ်ထွက်လာသည်။

ထိုစဥ် အရှုပ်အထွေးကျောက်ရိုင်းတုံးကို လက်ထဲကိုင်ထားသော ယင်ရှီမင်က မျက်မှောင်ကြုံ့၍ ပြော၏။

" ကျွတ်စ်... အဆင့်တစ်ကျောက်ရိုင်းတဲ့ကွာ "

သူ ထိုအဆင့်တစ် ကျောက်ရိုင်းတုံးကို သဘောမကျသည်မှာ အသိသာပင်..

သို့သော်.. သူ နောက်လှည့်ကြည့်လိုက်ချိိန်တွင် လောထျန်းက ဘာမှမလှုပ်ရှားရသေးသည်ကို မြင်ကာ ပြုံးပြီး မြေပြင်စစ်ဆေးအစီအမံကို ဆက်လုပ်နေလိုက်၏။

ထိုစဥ်တွင် ချီလျန့်ယွမ်နှင့် ကျန်လူများလည်း ၎င်းကို သတိထားမိသွားကြပါသည်။

" ဟို.. သခင်လေးလောထျန်း ၊ ဘာဖြစ်လို့ အစီအမံတွေ မလုပ်သေးတာလဲ "

တစ်ယောက်က မေးလိုက်သည်။

ချီလျန့်ယွမ်က တစ်ခုကို သတိထားမိသွားဟန်ဖြင့် ဆို၏။

" သခင်လေးလောထျန်း ၊ ဒီ အရှုပ်အထွေးနတ်ဘုရားမြို့တော်ရဲ့ အရှုပ်အထွေးအစွမ်းက စိတ်ဝိဥာဥ်အစွမ်းကို ဖိနှိပ်ထားနိုင်တယ် ။ အဲ့တော့ ဒီနေရာမှာ

စိတ်ဝိဥာဥ်အစွမ်းကို သုံးဖို့မလွယ်ဘူး ။ သခင်လေး အရှုပ်အထွေးကျောက်ရိုင်းကို ရှာဖို့ဆို မြေပြင်စစ်ဆေးအစီအမံကိုပဲ သုံးရမှာ "

သူ့စကားကို ကြားသွားသော တဖက်မှ မဟူရာနဂါးခုံရုံး အဖွဲ့သားများက လှောင်ပြောင်စကား ဆိုလိုက်ကြပြန်သည်။

" ဘုရားရေ.. ဒီလောထျန်းဆိုတဲ့ကောင်က အဲ့လောက် အခြေခံလေးကိုတောင် မသိဘူးလား "

" ဟီးဟီး.. ကြည့်ရတာ ကောင်းကင်ဘုံက ငါတို့ မဟူရာနဂါးခုံရုံးကို ကောင်းချီးပေးလိုက်ပြီနဲ့တူတယ် ။ ဒီတစ်ခါတော့ ငါတို့အဖွဲ့ အနိုင်ရတော့မှာ "

" အမှန်ပဲ ၊ အခုတောင်ကြည့်ဦးလေ ။ ဟိုတစ်ယောက်က သတိပေးလိုက်တာတောင် လောထျန်းဆိုတဲ့ကောင်က ဘာအစီအမံမှ မလုပ်ရသေးဘူး "

" ငါထင်တာတော့.. သူ မြေပြင်စစ်ဆေးအစီအမံ အကြောင်း ဘာမှမသိဘူးနဲ့ တူပါတယ်ကွာ "

" ဟုတ််တယ် ၊ အဲ့လိုပဲဖြစ်ရမယ် "

အားလုံး သူတို့ထင်ရာကို ဝင်ပြောလိုက်ကြ၏။

ထိုစဥ်မှာပင်...

ဝုန်း..

ယင်ရှီမင် ထပ်လှုပ်ရှားသွားပြီး..

ခပ်အုပ်အုပ် အသံတစ်သံနှင့်အတူ ကျောက်ရိုင်းတုံး နောက်တစ်တုံးကို ထပ်တူးလိုက်ပါ၏။

ဝီ...

ရုတ်ချည်းတိုးလာသည့် အရှုပ်အထွေးအစွမ်းကလည်း အားလုံး၏ အာရုံကို ဖမ်းခေါ်လိုက်နိုင်သည်။

" ဟင်.. နောက်ထပ် အဆင့်သုံးကျောက်ရိုင်းတုံးပါလား "

" ဘုရားရေ.. နတ်ဘုရားသားတော်က ဒီလောက်

အဖိုးတန်တဲ့ ကျောက်ရိုင်းတုံး နှစ်တုံးကိုတောင် တူးလိုက်နိုင်ပြီ "

" ငါတို့တော့ နိုင်ပြီဟေ့ "

မဟူရာနဂါးခုံရုံးမှ လူများ၏ အော်သံကျယ်ကြီး ညံလျက်...

တဖက်မှ ချီလန့်ယွမ် နှင့် ကျန်လူများမှာကား မျက်နှာကိုယ်စီ ပျက်ကုန်ကြပါ၏။

" အခုတော့ သွားပါပြီကွာ "

" ဒီ ယင်ရှီမင်ဆိုတဲ့ကောင်က ငါတို့နဲ့ ပြိုင်နေတဲ့အချိန်မှာ သူ့အစွမ်းအစစ်ကို မသုံးခဲ့ဘူးကွ။ သူ့ကို ဒီလောက်အစွမ်းထက်မယ်လို့ ငါ မထင်ထားမိတာ အမှန်ပဲ "

" ငါတို့ခေတ်မှာ ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံ ဖိနှိပ်ခံရတော့မယ်နဲ့ တူပါတယ်ကွာ "

သူတို့ ကူကယ်ရာမဲ့ ဆိုလိုက်ကြသည်။

ထိုစဥ်.. မလှမ်းမကမ်းရှိ သတ္ထုတွင်းနားတွင် ရောက်နေသော လောထျန်းက ခြေလှမ်းများ ရုတ်တရက်ရပ်လိုက်၏။

" အင်း.. နည်းနည်း အကြမ်းဖျင်းတော့ နားလည်ပြီ "

သူ ရေရွတ်သည်။

" ဟင်.. သခင်လေးလောထျန်းက မြေပြင်စစ်ဆေးအစီအမံကို သုံးတော့မယ်နဲ့တူတယ် "

" ဒီတိုင်းဆို အခြေနေကောင်းသေးတယ်ကွ။ သခင်လေးလောထျန်းဆီမှာသာ ယင်ရှိမင်နဲ့ အဆင့်တူတဲ့ မြေပြင်စစ်ဆေးအစီအမံမျိုး ရှိထားရင် ငါတို့အတွက် အနိုင်ရနိုင်ချေ ရှိသေးတယ် "

ချီလျန့်ယွမ် နှင့် အချို့သူများ အားပေးစကား ဆိုလိုက်ကြသည်။

သို့သော် ထိုစဥ်တွင် လောထျန်းက လက်တစ်ဖက်ကို ဖြည်းဖြည်းချင်းမြှောက်လိုက်၏။

" ဟင်.. သူက ဘာလုပ်ဖို့ကြိုးစားနေတာလဲ ။

မြေပြင်စစ်ဆေးအစီအမံတွေ မသုံးဘဲနဲ့ ဒီတိုင်းကြီး လက်နဲ့တူးဖို့ ကြိုးစားနေတာလား "

" နောက်နေတာလားကွာ ။ ဒီနေရာမှာ စိတ်ဝိဥာဥ်အစွမ်းကိုမှ သုံးလို့မရတာ ။ မြေပြင်စစ်ဆေးအစီအမံကို မသုံးဘဲ ဒီတိုင်းကြီး လက်နဲ့တူးလိုက်ရင် ကံကောင်းလွန်းမှ ကျောက်ရိုင်းတုံးကို တွေ့မှာလေ "

" အဲ့လိုဆိုရင် ဘမဟုတ်တဲ့ ဘာမာန်လူတွေနဲ့ ဘာထူးတော့မှာလဲကွာ "

" ချီး.. အဲ့လိုမှန်းသာ ကြိုသိခဲ့ရင် နတ်ဘုရားသားတော်တောင် ကိုယ်တိုင်ဝင်ပြိုင်စရာမလိုဘူး ။ ငါတောင် သူ့ကို အနိုင်ရမှာ "

မဟူရာနဂါးခုံရုံးမှ လူများက လောထျန်းအား အထင်သေးစက်ဆုပ်စွာ ကြည့်၍ ဆိုလိုက်ကြသည်။

ထိုစဥ်တွင် လောထျန်း လှုပ်ရှားသွားပါ၏။

ဝုန်း...

သူ လက်ကို အသာယမ်းလိုက်သည်နှင့် ဧရာမ ရွှေရောင်လက်ကြီးတစ်ဖက် ထွက်လာကာ မြေကြီးထဲ ဦးတည်သွားသည်။ မြေပြင်တွင် တွင်းနက်ကြီးတစ်ခု ချက်ချင်းပေါ်လာ၏။

မဟူရာနဂါးခုံရုံးမှ လူများက လှောင်ပြောင်စကားဆိုရန် ပြင်လိုက်ကြစဥ်မှာပင်...

ဝီ...

အစွမ်းထက်သော အရှုပ်အထွေး အရောင်အဝါတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

ဝီ ....

ထို့နောက်.. အားလုံး အံ့သြမှင်သက်နေကြစဥ်မှာပင် လောထျန်းလက်ထဲ၌ အရှုပ်အထွေးအစွမ်း ထုတ်လွှတ်နေသည့် ကျောက်ရိုင်းတစ်ခု ပေါ်လာပါ၏။

ထိုကျောက်ရိုင်းတုံးမှာ အရှုပ်အထွေး နတ်ဘုရားအလင်းတန်းများ တဖျတ်ဖျတ်လက်နေပြီး ၎င်း၏ အရောင်အဝါကလည်း ယင်ရှိမင်ရခဲ့သော

ကျောက်ရိုင်းတုံးများထက် များစွာ ပိုအစွမ်းထက်လှပါသည်။

" အဆင့်လေး.. အဆင့်လေး ကျောက်ရိုင်းတုံးပဲကွ "

အချိန်အတန်ငယ်ကြာမှ လူတစ်ယောက်၏ တုန်တုန်ယင်ယင်အော်သံ ထွက်လာ၏။

" ဘယ်လို.. အဆင့်လေး ဟုတ်လား ၊ နောက်များနေသလားကွာ ။ အဆင့်လေး ကျောက်ရိုင်းတုံးဆိုရင် အနည်းဆုံး အဆင့်ရှစ် မသေမျိုးလက်နက်နဲ့ လဲလို့ရတယ်မဟုတ်လား "

အားလုံး တအံ့တသြ ရေရွတ်လိုက်ကြ၏။

ချီလျန့်ယွမ် နှင့် ကျန်လူများမှာလည်း မျက်နှာထား ပြောင်းကုန်ကြကာ ဝမ်းသာပျော်ရွှင်နေပုံ အထင်းသား ပေါ်လာကြသည်။

" ကောင်းတယ်ကွာ.. ကောင်းတယ် ။ အဆင့်လေး ကျောက်ရိုင်းတုံးတဲ့... အဲ့လိုအဆင့် တစ်တုံးဆိုရင် အဆင့်သုံး ကျောက်ရိုင်းတုံး ဆယ်တုံးနဲ့တောင် ညီမျှနေပြီ "

" သခင်လေးလောထျန်းကတော့ ထင်ထားတဲ့အတိုင်း တစ်ချက်တည်းနဲ့တင် အခြေနေကို ပြောင်းပြန်လှန်ပစ်လိုက်နိုင်တာပဲ "

သူတို့ ဝမ်းသာအားရ ရေရွတ်လိုက်ကြ၏။

ထိုအချိန်တွင် မဟူရာနဂါးခုံရုံးမှ လူများမှာမူ မျက်စိမျက်နှာ ပျက်နေကြပြီး ကြက်လည်လိမ်သည့် ရုပ်ကိုယ်စီ ဖြစ်နေကြတော့သည်။

ယင်ရှိမင်တစ်ယောက်မှာလည်း ၎င်းကိုမြင်ပြီး မျက်နှာဖြူရော်နေပါ၏။

" ဒီကောင်က ဘယ်လိုကြောင့် အဲ့လောက်ကံကောင်းနေရတာလဲ "

သူ ဒေါသတကြီး တွေးလိုက်သည်။

Chapter 948

Decision-Making Difficulty

" မတရားလိုက်တာ "

မဟူရာနဂါးခုံရုံးမှ ဂိုဏ်းသားတစ်ယောက်က တည့်တိုးပင် အော်ပြောလာသည်။

တဖက်မှ ချီလျန့်ယွမ်က ချက်ချင်း ခွန်းတုန့်ပြန်၏။

" ဟုတ်လား.. ဘယ်လိုမတရားတာလဲ ပြောစမ်းပါဦး "

မဟူရာနဂါးခုံရုံးမှလူက အံကြိတ်ကာ ပြန်ပြောသည်။

" ငါတို့ အဖွဲ့နှစ်ခုလုံးက အစီအမံပညာရပ်ကို အထူးလိုက်စားတဲ့ အဖွဲ့နှစ်ခုလေ ။ ဒီတော့ ငါတို့ကြားက ပြိုင်ပွဲကလဲ အစီအမံနဲ့ပတ်သက်တာပဲ ဖြစ်သင့်တာပေါ့ ။ ကံအပေါ်မှာ မမူတည်သင့်ဘူး "

အခြားသူများလည်း သံယောင်လိုက်ကာ ပြောလာကြသည်။

" အမှန်ပဲ.. အဲ့လောက်အစွမ်းထက်တယ်ဆိုရင် မျှမျှတတယှဥ်ပြိုင်လေကွာ။ အခုလို ကံအပေါ်ပဲ

အားကိုးတာက ဘာပညာလဲ "

ချီလျန့်ယွမ်က လှောင်ပြုံးဖြင့် ပြန်ပြော၏။

" မျှမျှတတ ပြိုင်ရမယ်.. ဟုတ်လား ၊ မင်းတို့ကများ အဲ့စကား ​ပြောရဲနေသေးတယ်ကွာ "

သူ့စကားကို ကြားသည်နှင့် တဖက်လူများ မျက်နှာရဲသွားကြသည်။

ထိုစဥ် ယင်ရှီမင်က လက်ကာပြ၍ ပြောလာ၏။

" မင်းတို့အားလုံး ပါးစပ်ပိတ်ထားကြ "

" နတ်ဘုရားသားတော်လေး... "

မဟူရာနဂါးခုံရုံးမှလူများ စိုးရိမ်နေသည့် မျက်နှာကိုယ်စီ ဖြစ်သွားကြပါသည်။

ယင်ရှီမင်က အသက်ပြင်းပြင်း တစ်ချက်ရှိုက်၍ ပြောပါ၏။

" ငါ သူ့ကို ရှုံးစရာ ဘာအကြောင်းမှ မရှိဘူး "

သူ ပြောပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။

" မြေပြင်စစ်ဆေး အစီအမံအတိုင်းဆိုရင်.. ဒီနားမှာပဲ ရှိမှာ "

သူ ပြောပြောဆိုဆိုပင် လှုပ်ရှားလိုက်ပါသည်။

ဝုန်း...

မြေပြင်တစ်ခုလုံး တုန်ခါသွားကာ အက်ကွဲကြောင်းကြီးတစ်ခု ပေါ်လာ၏။

ထို့နောက်တွင်... အရှုပ်အထွေးအစွမ်းများ တလက်လက်တောက်နေသည့် ကျောက်ရိုင်းတုံးတစ်ခု သူ့လက်ထဲ ရောက်လာသည်။

" အဆင့်နှစ်ပဲလား ။ အရှုပ်အထွေးအစွမ်းတွေ အုံကြွတက်နေတော့ အနည်းဆုံး အဆင့်လေး အရှုပ်အထွေးကျောက်ရိုင်းလောက် ဖြစ်မယ်ထင်တာကွာ... တောက်စ် "

ယင်ရှိမင် မျက်မှောင်ကြုံ့သွားပြီး စိတ်ပျက်လက်ပျက်ဟန်ဖြင့် အခြားတစ်နေရာသို့ ရွှေ့သွားသည်။

ထို့နောက်မှာပင် လောထျန်းက ယင်ရှိမင် ရပ်နေခဲ့သည့် နေရာသို့ ရောက်လာပါ၏။

" ဟင်.. ဒီကောင်က ဘာလုပ်နေတာလဲ ။ နတ်ဘုရားသားတော်က အဲ့နေရာကို တူးပြီးသွားပြီလေ ။ ဒီကောင်က ဘာလို့ အဲ့နားထပ်ရောက်နေတာလဲ "

" ဟုတ်ပါ့ကွာ ။ ကြည့်ရတာ သူ ဘာမှမရှာတတ်တော့လို့ နတ်ဘုရားသားတော် ချန်ထားခဲ့တဲ့ အမှိုက်စတွေကို လိုက်ကောက်မလို့ထင်ပါတယ် "

သူတို့ပြောပြီး အော်ရယ်လိုက်ကြပြန်၏။

သို့သော် ထိုစဥ်တွင်.. လောထျန်းက ရွှေရောင်လက်ဝါးကြီးကို သုံး၍ ယင်ရှိမင် တူးသွားခဲ့သည့်နေရာအား ထပ်တူးလိုက်ပြန်ပါသည်။

" ဟင်... "

ယင်ရှိမင်မှာ ၎င်းကိုမြင်ပြီး မျက်မှောင်ကြုံ့သွားသော်လည်း ချက်ချင်းဆိုသလို မျက်နှာပြန်ပြင်လိုက်ပါ၏။

" ကြည့်ရတာ ဒီကောင်က မြေပြင်စစ်ဆေးအစီအမံ အကြောင်းလဲ ဘာမှမသိဘူးနဲ့တူတယ် ။ အဲ့လိုဆိုရင်တော့ ငါသာ စနစ်တကျလုပ်ရင် သူ့ကိုနိုင်မှာပဲ "

ယင်ရှိမင် တွေးလိုက်သည်။

သို့သော် ထိုစဥ်တွင် ...

" ဟာ.... "

တအံ့တသြ ရေရွတ်သံများ ရုတ်တရက် ထွက်လာ၏။

" ဟင်.. ဘာတွေ ဖြစ်နေကြတာလဲ "

ယင်ရှိမင် မျက်မှောင်ကြုံ့သွားသည်။

ထိုစဥ် မဟူရာနဂါးခုံရုံးမှ လူများက လောထျန်းရှိသည့်ဘက်သို့ တုန်တုန်ယင်ယင် လက်ညိုးထိုးပြကြပါ၏။

ယင်ရှိမင် ခေတ္တမျှ ငြိမ်သက်နေပြီးမှ လောထျန်းဘက် လှည့်ကြည့်လိုက်သည်။

မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူ သွေးအန်လုမတတ်ပင် ဖြစ်သွား၏။

" ဒါ.. မဖြစ်နိုင်ဘူးလေ.. "

သူ တုန်လှုပ်စွာ ရေရွတ်လိုက်သည်။

တဖက်မှ လောထျန်း၏ လက်ထဲတွင်ကား အရှုပ်အထွေးကျောက်ရိုင်းတုံးတစ်ခု ရှိနေပါ၏။

၎င်းမှ ထုတ်လွှတ်နေသည့် အရှုပ်အထွေးအရောင်အဝါ ကို ကြည့်ရသည်မှာလည်း အဆင့်လေး ကျောက်ရိုင်းဖြစ်ကြောင်း သိသာလှပါသည်။

ယင်ရှီမင် လဲကျတော့မလို ဖြစ်သွားသည်။

အစောပိုင်းက သူ ထိုနေရာအား စစ်ဆေးကြည့်ခဲ့စဥ်တွင် အဘယ့်ကြောင့် ပုံမှန််ဟုတ်သလို ခံစားခဲ့ရသည်ကိုလည်း နားလည်လိုက်ပါ၏။

ထိုနေရာ၌ အဆင့်လေး ကျောက်ရိုင်းတုံး အမှန်တကယ် ရှိနေခဲ့သတဲ့လား...

သို့သော် ၎င်း အဆင့်လေးကျောက်တုံး၏ အပေါ်ဘက်တွင် အဆင့်နှစ် ကျောက်ရိုင်းတုံးလည်း ရှိနေခဲ့ပါသည်။

သူကမူ အဆင့်နှစ် အရှုပ်အထွေး ကျောက်ရိုင်းတုံးကိုသာ တူးနိုင်ခဲ့ပြီး လက်လျှော့အရှုံးပေးခဲ့ပါ၏။

" လောထျန်း... မင်း.. အဲ့ဒါ ငါ့အပိုင်ကွ "

ယင်ရှိမင် နီရဲနေသည့် မျက်လုံးများဖြင့် ဒေါသတကြီး အော်လိုက်သည်။

" ဟုတ်တယ်.. အဲ့ကျောက်ရိုင်းတုံးက ငါတို့ နတ်ဘုရားသားတော်ရဲ့ဟာပဲ "

" ဟုတ်တယ်.၊ ငါတို့ နတ်ဘုရားသားတော်က အဲ့ဒါကိုတွေ့ထားတာ ကြာလှပြီ ။ သူ အချိန်မရလို့သာ မတူးခဲ့ရတာ "

မဟူရာနဂါးခုံရုံး အဖွဲ့သားများထံမှ ဆူဆူညံညံအသံများ ထပ်ထွက်လာပြန်၏။

ချီလျန့်ယွမ် နှင့် အခြားသူများကလည်း ဒေါသတ

ကြီး ပြန်ရန်တွေ့ကြသည်။

" မင်းတို့ကောင်တွေ.. နည်းနည်းလေးမှ အရှက်မရှိကြဘူးလား "

" ဟမ့်.. ဘယ်သူက အရှက်မရှိတာလဲ ။ တခြားသူရဲ့ တွင်းကို သွားတူးတာ ငါတို့ နတ်ဘုရားသားတော် မဟုတ်ဘူးလေ "

မဟူရာနဂါးခုံရုံး အဖွဲ့သားများကလည်း တစ်ခွန်းမကျန် ပြန်ပြောပါသည်။

ထိုစဥ် ယင်ရှီမင်ကလည်း အသိပြန်ဝင်လာကာ လောထျန်းအား ပြော၏။

" လောထျန်း ၊ အဲ့ဒါ တကယ်လဲ ငါ့ရဲ့ ကျောက်ရိုင်းတုံးနော် ။ ငါ့ကိုပြန်ပေးပါ "

လောထျန်းက သူ့ကို တစ်ချက်ကြည့်၍ ပြန်ပြောသည်။

" မင်းဟာ.. ဟုတ်လား "

ယင်ရှီမင်က မျက်နှာထားတင်းတင်းဖြင့် ပြော၏။

" ဒါပေါ့ကွ.. ငါက အဲ့ဒါကို နောက်ကျမှတူးဖို့ ပြင်

ထားတာ ။ မင်း မြေပြင်စစ်ဆေးအစီအမံအကြောင်း မသိရင်တောင် သူများပစ္စည်းကိုတော့ မခိုးသင့်ဘူးလေကွာ "

လောထျန်း မျက်မှောင်ကြုံ့သွားသည်။

" ကောင်းပြီလေ ၊ မင်းက အဲ့လောက်အသည်းအသန် လိုချင်နေမှတော့လဲ မင်းကို ပေးလိုက်ပါမယ် "

သူ ပြောကာ ကျောက်ရိုင်းတုံးအား ယင်ရှီမင်ထံ ပစ်ပေးလိုက်သည်။

ယင်ရှီမင်မှာ လောထျန်းက ဤမျှအလွယ်တကူ လက်လျှော့လိမ့်မည်ဟု ထင်မထားသဖြင့် အံ့သြသွားပါ၏။

သို့သော် မဟူရာနဂါးခုံရုံးမှ လူများမှာမူ လောထျန်စကားကိုကြားပြီး မကျေမချမ်း ဖြစ်သွားကြပါသည်။

" ဟမ့်.. မင်းပြောတာ ဘာစကားလဲ ။ ငါတို့ နတ်ဘုရားသားတော်ကိုများ ပေးဦးမယ်တဲ့ ။ အဲ့ဒါ

အစောကြီးတည်းက ငါတို့ နတ်ဘုရားသားတော်ရဲ့ဟာကွ "

" အမှန်ပဲ.. အဲ့လောက်စွမ်းနေရင် ကိုယ့်ကိုယ်ပိုင် မြေပြင်စစ်ဆေးအစီအမံ သုံးလေကွာ "

" ဟုတ်တယ်.. ကိုယ့်အားကိုယ်ကိုးပြီး တူးပါလားကွ "

သူတို့ တစ်ယောက်ပြီးတစ်ယောက် အော်လိုက်ကြ၏။

လောထျန်းက အားလုံးကို မျက်နှာသေဖြင့် တစ်ချက်ဝေ့ကြည့်ကာ ခေါင်းညိတ်လိုက်သည်။

" ကောင်းပြီလေ.. အဲ့လိုဆိုမှတော့လဲ ငါ့ဘက်က ယဥ်ကျေးမနေတော့ဘူး "

သူ ပြောပြီး လှည့်ထွက်သွား၏။

" ဟင် ... သူက ယဥ်ကျေးမနေတော့ဘူးလို့ ပြောသွားတာလား ။ အဲ့ဒါ ဘာအဓိပ္ပါယ်လဲ "

" ဟီး ဟီး... ဟန်ဆောင်မနေစမ်းပါနဲ့ကွာ "

အားလုံး လှောင်ရယ်လိုက်ကြသည်။

ထိုစဥ်တွင်.. လောထျန်းက အသက်ပြင်းပြင်းရှိုက်ပြီး ကောင်းကင်ဘုံလက်ဝါးကို ထုတ်၍ ခပ်လှမ်းလှမ်းမြေပြင်သို့ လှမ်းလိုက်၏။

ဝုန်း..

သူ့လက်ထဲ၌ အရှုပ်အထွေးကျောက်ရိုင်းတုံးတစ်ခု ပါလာသည်။

" ဟင်.. သူ နောက်တစ်ခု ထပ်ရသွားတာလား ။ ဒီကောင် ကံကောင်းလှချည်လားကွာ "

" ဟုတ်ပါ့ကွာ.. မြေပြင်စစ်ဆေးအစီအမံ မသုံးဘဲနဲ့တောင် ကံကောင်းလိုက်တာ "

" ဟမ့်.. သူကံကောင်းတာ ဘယ်လောက်ကြာမှာမို့လဲကွာ ။ ဘယ်သူမှ အမြဲတမ်းကြီး ကံမကောင်းနိုင်ပါဘူး။ မင်းတို့က ဘာကိုစိုးရိမ်နေကြတာလဲ "

လူများ တစ်ယောက်တစ်ပေါက် ပြောလိုက်ကြသည်။

ယင်ရှီမင်ကလည်း အပြုံးဖြင့်ဆို၏။

" ဘာမဟုတ်တဲ့ အဆင့်သုံး ကျောက်ရိုင်းတုံးလေးပါကွာ ။ ငါ့မှာ ရှာတွေ့ထားပြီးသား ရှိပါတယ် "

ထိုစဥ်တွင် လောထျန်း တူးထားခဲ့သည့် အဆင့်လေးကျောက်တုံးကို ကိုင်ထားသော သူ့မျက်နှာမှာလည်း မော်ချီနေပြီး အစောကလို မျက်စိမျက်နှာပျက် မဟုတ်နေတော့ပါ ။

ဝုန်း...

အသံကျယ် တစ်သံနှင့်အတူ ယင်ရှီမင်၏လက်ထဲတွင် လောထျန်းကဲ့သို့ ကျောက်ရိုင်းတုံးမျိုး ပေါ်လာ၏။

" အဆင့်သုံးပါလား ... နောက်ထပ် အဆင့်သုံးကျောက်ရိုင်းတုံးဟေ့ "

" နတ်ဘုရားသားတော်က အစွမ်းထက်လိုက်တာကွာ

"

မဟူရာနဂါးခုံရုံးမှလူများ အော်ဟစ်အားပေးလိုက်ကြပြန်သည်။

လက်ထဲတွင် ကျောက်ရိုင်းတုံးကို ကိုင်ထားသော ယင်ရှီမင်ကလည်း လောထျန်းအား လှောင်ပြုံးဖြင့်လှမ်းကြည့်၍ ဆို၏။

" ကဲ.. အခု ငါ အသာစီးပြန်ရနေပြီနော် ။ ပြီးရင် ငါ နောက်တစ်နေရာလဲ တွေ့ထားပြီးပြီကွ။ ငါ့လို နေရာရှာနိုင်တဲ့နှုန်းကို မင်း ယှဥ်နိုင်မယ်များ ထင်နေတာလား "

သို့သော် လောထျန်းကမူ သူ့အား တစ်ချက်လေးပင် လှည့်မကြည့်ဘဲ မြေပြင်ကိုသာ ဆက်တူးလိုက်ပါ၏။

ဝုန်း ...

ရွှေရောင်လက်ဝါးကြီး လှုပ်ရှားသွားကာ တောင်တစ်လုံးအား ပြောင်းပြန်လှန်ပစ်လိုက်သည်။

အားလုံးမှာလည်း မြင်လိုက်ရသည့်မြင်ကွင်းကြောင့် မှင်သက်ကုန်ကြ၏။

လောထျန်း ကျောက်တူးနေသည့်နည်းမှာ ကြမ်းလွန်းလှသည် မဟုတ်ပါလား...

" ဟမ့်.. ဒီကောင်က ဘာလုပ်နေတာလဲ ။ ဒီတိုင်းကြီး အားသုံးလိုက်ရင် မဖြစ်နိုင်တာတွေဖြစ်မယ်လို့များ ထင်နေတာလား ။ သူ့မှာ အဲ့လိုကံမျိုး မရှိနိုင်တာ စိတ်မကောင်းစရာပါလားကွာ။ အရှုပ်အထွေးကျောက်ရိုင်းဆိုတာ ဒီလောက်ရှားတာ ။ မြေပြင်စစ်ဆေးအစီအမံ မသုံးဘဲ ဒီတိုင်းကြီး ကြုံတဲ့နေရာကိုတူးရင် အရှုပ်အထွေးနတ်ဘုရားမြို့တော် ပိတ်သွားတဲ့အထိ နည်းနည်းလေးပဲ ရမှာပေါ့ "

သို့သော်.. သူတို့၏ လှောင်ရယ်သံများ မတိတ်သေးခင်မှာပင်..

ဝီ ...

လောထျန်းက ရွှေရောင်လက်ကြီးကို ပြန်ဖြန့်လိုက်ရာ အရှုပ်အထွေးကျောက်ရိုင်းတုံး လေးခု ပေါ်လာ

ပါသည်။

" ဘယ်လိုဖြစ်ပြီး... "

မဟူရာနဂါးခုံရုံးမှလူများ အံ့သြမှင်သက်ကုန်ကြ၏။

၎င်း ကျောက်ရိုင်းတုံး လေးခုထဲမှ တစ်ခုမှာ အဆင့်သုံးရှိပြီး ကျန်သုံးခုမှာ အဆင့်နှစ် ရှိကြပါသည်။

လောထျန်း၏ ကံတရားက ဆန်းကြယ်လှပါတကား..

ထိုစဥ် လောထျန်းက သူ့လက်ထဲမှ ကျောက်ရိုင်းတုံးကိုကြည့်ရင်း မျက်မှောင်ကြုံ့၍ ဆိုပါ၏။

" ဟင်... ငါ့မှာတော့ အဆင့်မြင့်ကျောက်ရိုင်းလို့ ထင်နေတာကွာ ။ အခုတော့ ဒီအဆင့်ပဲတဲ့လား.. "

သူ မကျေမနပ် ဖြစ်နေသည်မှာ သိသာလှပါသည်။

ထိုစဥ် တဖက်မှ ယင်ရှီမင် လန့်သွားသော်လည်း သူ့ကိုယ်သူ အတွေးဖြင့် ပြန်နှစ်သိမ့်ပါ၏။

" ဘာမှ စိတ်ပူစရာမလိုဘူး ။ ဒီကောင် ကံအမြဲတမ်း မကောင်းနိုင်ပါဘူးကွာ ။ ကျန်တဲ့အချိန်မှာသာ ငါ

သေချာကြိုးစားလိုက်ရင် အရှုပ်အထွေးကျောက်ရိုင်းတုံး ၇၊၈ လောက်တော့ ထပ်တွေ့မှာပါ ။ ငါ့အတွက် အနိုင်ရနိုင်ချေ များသေးတယ် "

ထိုအတွေးဖြင့် သူ မြေပြင်စစ်ဆေးအစီအမံကို ချက်ချင်းလုပ်လိုက်သည်။

ထိုစဥ်တွင် လောထျန်းမှာ အရှုပ်အထွေးကျောက်ရိုင်းတုံး လေးခုကို လက်ထဲကိုင်ထားပြီး သတ္ထုတွင်းတလျှောက် ဘေးဘီဝဲယာ ကြည့်နေပါ၏။ သူ အတွေးရခက်နေဟန်လည်း တူသည်။

" အင်း... ငါ့ရဲ့ စိတ်ဝိဥာဥ်အစွမ်းနဲ့ ကြည့်တာတော့ အရှုပ်အထွေးကျောက်ရိုင်းတုံး တစ်သိန်းလောက်တော့ တွေ့ထားပြီ ။ ဘယ်ဟာကို အရင်တူးရပါ့ "

လောထျန်း ဆုံးဖြတ်ရခက်နေ၏။

All Chapters