အခန်း (၉၄၉+၉၅၀)
Vol. 66 Ch. 949+950
Chapter 949
Crazy Mining
တခဏအကြာတွင်မူ လောထျန်းတစ်ယောက် သူ့နဖူးသူ ပြန်ရိုက်၍ ပြော၏။
" ဘာလို့ အဲ့လိုခေါင်းခြောက်အောင် စဥ်းစားနေသေးတာလဲကွာ ။ အားလုံးကို တူးထုတ်လိုက်ရင် ပြီးသွားရော မဟုတ်ဘူးလား "
သူ ထိုသို့တွေးပြီး အသက်ပြင်းပြင်းရှိုက်၍ လှုပ်ရှားလိုက်သည်။
တဖက်မှ မြေပြင်စစ်ဆေးအစီအမံထဲ ရပ်နေသည့် ယင်ရှိမင်မှာလည်း မျက်လုံးများ အရောင်လက်သွား၏။
" ဟား ဟား.. ငါ့ကံကလဲ တော်တော်ကောင်းတာပဲ ။ နောက်ထပ် ကျောက်ရိုင်းတုံးတစ်ခုကိုတောင် တွေ့သွားပြီ ။ လောထျန်း.. မင်းကိုယ်မင်း ငါနဲ့ယှဥ်နိုင်မယ်လို့ ထင်နေသေးတာလား "
သူ့စိတ်ထဲမှ ကြိတ်တွေးလိုက်သည်။
သို့သော် ထိုစဥ်တွင်..
ဘုန်း... ဘုန်း ...
သူ့ဘေးနားဘက်မှ မြည်သံကျယ်တစ်သံ ရုတ်တရက်ပေါ်လာ၏။
" ဟင်... "
ယင်ရှီမင် အံ့သြသွားပြီး အသံလာရာဘက် လှည့်ကြည့်လိုက်ရာ.. တုန်လှုပ်စရာ မြင်ကွင်းတစ်ခုကို တွေ့လိုက်ရပါသည်။
တဖက်တွင်ကား.. လောထျန်းက ရွှေရောင်လက်ဝါးကြီးနှစ်ခုဖြင့် မြေပြင်သို့ တူးနေပါ၏။
ထိုတခဏ၌ ကျောက်တုံးများ လွင့်ထွက်လာပြီး ဖုန်မှုန့်များက ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
ယင်ရှီမင် မျက်မှောင်ကြုံ့သွားပြီး လှောင်ပြုံး ပြုံးလိုက်ပါ၏။
" ဟမ့်... အရှုပ်အထွေးကျောက်ရိုင်းကို ရှာမတွေ့
တော့ ကြုံရာနေရာကို တူးနေတာပဲ ။ သနားစရာကောင်း.... "
သို့သော် သူ့စကား မဆုံးခင်မှာပင် အနားမှတစ်ယောက်က တအံ့တသြ အော်ပြောပါသည်။
" ကြည့်လိုက်ဦးဟေ့... အရှုပ်အထွေးကျောက်ရိုင်းတွေ.. "
" တကယ်ကြီး အရှုပ်အထွေးကျောက်ရိုင်း တွေပဲ.. ဘာလို့ အဲ့လောက်များနေတာလဲ "
ထိုအသံများကြောင့် ယင်ရှီမင် စကားဆက်မပြောနိုင်ဘဲ သေချာ စူးစူးစိုက်စိုက် ကြည့်လိုက်၏။
ထိုအချိန်မှသာလည်း လောထျန်း၏လက် တစ်ခါလှုပ်ရှားသွားတိုင်း အရှုပ်အထွေးကျောက်ရိုင်း အနည်းဆုံးတစ်ခု ပါလာသည်ကို သူ မြင်လိုက်ရတော့သည်။
ထိုတခဏ၌ သူ ဖြစ်နိုင်ချေတစ်ခုကို တွေးမိလိုက်ပါ၏။
" သူ ဒီတိုင်းကြုံရာကို တူးနေတာမဟုတ်ဘဲ သေချာကြည့်ထားပြီးမှ တူးနေတာများလား ။ ဒါပေမယ့် ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ... ဒီကောင်က မြေပြင်စစ်ဆေးအစီအမံ တစ်ခုလေးတောင် လုပ်ခဲ့တာမဟုတ်ဘူးလေ "
ယင်ရှီမင်တစ်ယောက် အမှန်တကယ်ပင် တုန်လှုပ်နေပါတော့သည်။
ထိုစဥ်...
ဝီ...
လောထျန်းက ရုတ်တရက် ရပ်လိုက်၏။
" ဟင်... ဒီကောင် ရပ်သွားပါလား ။ သူ့လုပ်နိုင်စွမ်း ဂိတ်ဆုံးကို ရောက်သွားတာထင်တယ် "
ယင်ရှီမင် တီးတိုးရေရွတ်လိုက်သည်။
သို့သော်... လောထျန်းက လက်ဝါးနှစ်ဖက်ပွတ်ရင်း မျက်မှောင်ကြုံ့နေပါ၏။
" ဒီလောက်အချိန်ယူပြီးတာတောင် ထောင်ဂဏန်း
နည်းနည်းလောက်ပဲ တူးနိုင်သေးတာပဲ။ ဒီနေရာတစ်ခုလုံးကို တူးပြီးဖို့ဆို ဘယ်လောက်တောင် ကြာမလဲမသိဘူး ။ အချိန်ဖြုန်းရာ ကျလိုက်တာကွာ "
သို့သော် တခဏအကြာတွင် သူ့မျက်လုံးများ ရုတ်တရက်အရောင်လက်သွားကာ ပြောပါသည်။
" ဟုတ်သားပဲ... ဟိုနည်းကို သုံးလို့ရတယ် "
သူ ပြောကာ လူအုပ်၏ အံ့အားသင့်နေသော အကြည့်အောက်မှာပင် လက်ကွက်အချို့ လုပ်လိုက်သည်။
ထို့နောက်...
ဝီ....
လောထျန်းနောက်တွင် ရွှေရောင်လက်ဝါး တစ်ရာကျော် ချက်ချင်းစုစည်းလာ၏။
" ဟင်.. တကယ်ကြီးအလုပ်ဖြစ်သားပဲ။ ဒီအကွက်ကို ကောင်းကင်ဘုံမြေတူးသိုင်းကွက်လို့ ခေါ်လိုက်မယ် "
လောထျန်း သူ့အကွက်သစ်ကို နာမည်ပေးလိုက်
သည်။
ထို့နောက်တွင်..
ဝုန်း..
သူ ထပ်လှုပ်ရှားသွား၏။
ဤတစ်ကြိမ်တွင် လက်ဝါးရာကျော် လှုပ်ရှားနေသဖြင့် ယခင်ထက် များစွာပိုအလုပ်ဖြစ်သည်မှာ အမှန်ပင် ။
ဤသို့ဖြင့် မြေကြီးထဲမှ အရှုပ်အထွေးကျောက်ရိုင်း များ တစ်တုံးပြီးတစ်တုံး ထွက်လာပါတော့သည်။
" ကြည့်လိုက်ဦး... အခုထွက်လာတာ အဆင့်လေးကျောက်ရိုင်းတုံး မဟုတ်လား ။ ဘုရားရေ အဲ့ဒါနဲ့ဆို အဆင့်လေးကျောက်ရိုင်းတွေ အခုတစ်ရာလောက်တောင် ရှိနေပြီထင်တယ် "
" ခဏနေဦးကွ... အခု ထပ်တူးလိုက်တဲ့ဟာက အဆင့်လေးထက်တောင် အရှုပ်အထွေးစွမ်းအင်တွေ ပိုသိပ်သည်းသလိုပဲ ။ အဲ့ဒါ အဆင့်ငါး ကျောက်ရိုင်း
တုံးဖြစ်မယ်ထင်တယ် "
" ဘယ်လို.. အဆင့်ငါး.. ဟုတ်လား ။ နောက်များနေသလားကွာ ။ ဒဏ္ဍာရီတွေထဲမှာတောင် ဒီအဆင့်လောက်ဆို အဆင့်မြင့် ကျောက်ရိုင်းအဖြစ် သတ်မှတ်ခံထားရပြီ "
ဝုန်း...
အားလုံး၏ တအံ့တသြ စကားသံများကြားမှာပင် အသံကျယ်တစ်သံနှင့်အတူ အံ့သြစရာကောင်းလောက်သည့် အရှုပ်အထွေးအရောင်အဝါများ ထုတ်လွှတ်နေသော ကျောက်ရိုင်းတုံးတစ်ခု ထပ်ပေါ်လာပါ၏။
" အဲ့ဒါ.. အဆင့်ခြောက် ကျောက်ရိုင်းပဲဟေ့ "
" ဘယ်လို... အဲ့ဒါ တကယ့်ရှားပါး ရတနာပဲ ။ အဲ့ဒါကိုသာ အပြင်ကမ္ဘာကို ယူထုတ်သွားရင် မူလမသေမျိုးလက်နက်နဲ့တောင် ယှဥ်လို့ရမှာမဟုတ်လား "
လူအုပ်ကြီး တအံ့တသြ ရေရွတ်လိုက်ကြသည်။
လောထျန်းမှာကား အခြားသူများ ဘာတွေးနေသည်ကို အလျဥ်းပင် ဂရုမစိုက်ပါ ။
သူ ကျောက်ရိုင်းများတူးရင်း သီချင်းပင် ညည်းနေပါသေး၏။
" တူးမယ်ဟေ့.. တူးမယ်ဟေ့.. အရှုပ်အထွေး နတ်ဘုရားမြို့တော်ထဲမှာ တူးမယ်ဟေ့... အရှုပ်အထွေးကျောက်ရိုင်း တူးမယ်... ဟင်... "
သူ ရုတ်တရက် ရပ်သွားသည်။
ထို့နောက်တွင် သူ့လက်ထဲ၌ အရှုပ်အထွေးကျောက်ရိုင်းတစ်ခု ပေါ်လာ၏။
၎င်းကျောက်ရိုင်းထဲတွင် ရှိနေသော အရှုပ်အထွေးအစွမ်းမှာ သိပ်သည်းလှကာ ၎င်းမှ အစွမ်းထက်သော တာအိုအရောင်အဝါတစ်ခုလည်း ထုတ်လွှတ်နေသေးပါသည်။ ထို့နောက်တွင် ၎င်းအရောင်အဝါက သားရဲငယ်လေးတစ်ကောင်အဖြစ် ပုံပေါ်လာပါ၏။
" ဒီတစ်ခုက အရင်ဟာတွေနဲ့ ကွဲတာပဲ ။ အင်း.. ဆက်တူးတာပဲ ကောင်းပါတယ်လေ "
လောထျန်း ပြောပြီး သူ့လက်ထဲမှ ကျောက်ရိုင်းတုံးအား ခပ်လှမ်းလှမ်းရှိ အရှုပ်အထွေးကျောက်ရိုင်းတုံး ပုံကြီးပေါ်သို့ ပစ်တင်လိုက်သည်။
အားလုံး၏ အကြည့်မှာလည်း ၎င်းကျောက်ရိုင်းတုံး လွင့်သွားရာသို့ ရောက်သွားကြပါ၏။
ထို့နောက်တွင်.. အရာအားလုံး တိတ်ဆိတ်သွားသည်။
တခဏကြာပြီးနောက်မှ.. ဝရုန်းသုန်းကား ပြန်ဖြစ်သွား၏။
" ဘုရားရေ.. ငါ အမြင်မှားနေတာများလား "
" ပံုရိပ်ယောင်အဖြစ် အသွင်ပြောင်းထားတဲ့ အရှုပ်အထွေးအစွမ်း ... အဲ့ဒါ အဆင့်၇ ကျောက်ရိုင်းတုံးမဟုတ်လား "
" အဆင့်၇..... အဲ့ဒါ ဟိုးရှေးခေတ်ကနေ ဒီနေ့အထိ အစွမ်းအထက်ဆုံး အရှုပ်အထွေးကျောက်ရိုင်းပဲ ဖြစ်ရမယ် ။ အဲ့လိုကျောက်ရိုင်းမျိုး ဒီနေ့ တကယ်ကြီး ပေါ်လာခဲ့တာလား "
" ငါ ရူးတောင်ရူးတော့မယ် ထင်ပါတယ်ကွာ "
အားလုံး အံ့သြတုန်လှုပ်စွာ ဆိုလိုက်ကြသည်။
ထိုစဥ် ချီလန့်ယွမ်နှင့် အခြားသူများလည်း ဆွံ့အနေကြပါ၏။
ယင်ရှီမင်တစ်ယောက်သည်လည်း မျက်လုံးအပြူးသားဖြင့် အူကြောင်ကြောင် ရပ်နေပြီး လောင်းကြေးစားကြေး ကိစ္စကိုပင် မေ့နေပါတော့သည်။
လောထျန်းက အဆင့်၇ ကျောက်ရိုင်းတုံးတစ်ခုကို ဘာမှမထူးခြားသည့်ပုံလို ပစ်ချထားနေပါသလား..
ထိုသို့သော ရလဒ်မျိုးနှင့် လောထျန်းကို ယင်ရှီမင် မဆိုထားဘိ ၊ ရှေးခေတ်မှလူများပင် ယှဥ်နိုင်ကြမည်
မဟုတ်ပါ ။
ထိုအခြေအနေမျိုးတွင် သူ ယှဥ်ပြိုင်ရန် ကြိုးစားနေ၍ရော ဘာထူးပါတော့မည်လဲ ။
ထိုစဥ် တဖက်မှ လောထျန်းမှာကား တူးစရာရှိသည်ကိုသာ ဆက်တူးနေပြီး အနည်းငယ်လည်း စိတ်မရှည်ဖြစ်လာဟန် တူပါသည်။
" ချီးကွာ.. ဘာတွေဖြစ်နေတာလဲ ။ ဘယ်လိုဖြစ်ပြီးတော့ ကျောက်ရိုင်းတုံးတွေ အဲ့လောက်များနေရတာလဲ "
လောထျန်း မျက်မှောင်ကြုံ့ရင်း ပြောလိုက်သည်။
သူ နေရာရွှေ့လိုက်သည်နှင့် များလှစွာသော အရှုပ်အထွေးအရောင်အဝါများကို စိတ်ဝိဥာဥ်အစွမ်းဖြင့် အာရုံခံမိနေပါ၏။
လက်ရှိတွင် သူ တွေ့ထားသည့် ကျောက်ရိုင်းများမှာ သန်းပေါင်းများစွာ ရှိနေခဲ့လေပြီ ။
သူ ဆက်တူးလေလေ ၊ အသစ်များအား ပိုရှာတွေ့လေပါပင်..
သူ ၎င်းတို့အားလုံးကို ကုန်အောင် မည်သို့ တူးနိုင်ပါမည်နည်း။
" ဟူး.. အချိန်ကုန်လိုက်တာကွာ ။ အဆင့်နိမ့် ကျောက်ရိုင်းတွေကို ဒီတိုင်းထားပြီး အဆင့်မြင့်ကျောက်ရိုင်းတွေပဲ တူးတာကောင်းမယ် "
လောထျန်း ထိုသို့တွေးပြီး နေရာသေချာရွေး၍ ထပ်တူးလိုက်သည်။
ဤသို့ဖြင့် သူ ကျောက်ရိုင်းများအား တူးသည့်နှုန်းက လျော့သွားခဲ့သည့်တိုင် သူရသည့် ကျောက်ရိုင်းတုံး အရည်အသွေးကမူ ယခင်ထက် များစွာတိုးလာခဲ့သည်။
" ဘာ.. ဘာတွေဖြစ်နေတာလဲ ။ သူ အခုတူးနေတဲ့ ကျောက်ရိုင်းတွေအားလုံးက အနည်းဆုံးတောင် အဆင့်လေးကျောက်ရိုင်းတွေချည်းပဲ "
" ဒါတင်ဘယ်ကမလဲကွ.. သူ အဆင့်ခြောက်ကျောက်ရိုင်းတုံး ဆယ်ခုကျော်ကိုလဲ တူးပြီးသွားပြီ "
အားလုံးမှာ လောထျန်းကိုကြည့်ရင်း ကျောရိုးထဲမှပင် အေးစိမ့်သွားသလို ခံစားနေရပါတော့၏။
ထိုစဥ်တွင်.. လောထျန်းက ရုတ်တရက် ရပ်လိုက်သည်။
" ဟင်.. ဒီကောင်က ဘာတွေကြံစည်နေပြန်ပြီလဲ "
အားလုံး တွေးလိုက်ကြ၏။
လောထျန်းမှာ သူ့ခြေထောက်အောက်မှ မြေပြင်ကို စူးစိုက်ကြည့်နေပြီး ...
" ဟင်.. ဒီနားလေးမှာ ခပ်ကြီးကြီးတစ်ခု ရှိတယ်နဲ့တူတယ် "
တစ်ကိုယ်တည်း တီးတိုးရေရွတ်သည်။
ထို့နောက်တွင် ရွှေရောင်လက်ဝါးကြီးတစ်ခု မြေကြီးထဲ တိုးဝင်သွား၏။
သို့သော်..
ချွှင်..
သတ္ထုတစ်ခုခုနှင့် ရိုက်မိသည့် ခပ်စူးစူးအသံသာ ထွက်လာသည်။
သူ့ ကြိုးစားမှု မအောင်မြင်ခဲ့ချေ။
" ဟင်.. "
လောထျန်း ၎င်းကိုမြင်ပြီး မှင်သက်မိသွား၏။
ခပ်လှမ်းလှမ်းမှ ကြည့်နေကြသူများလည်း အံ့အားသင့်ကုန်ကြကာ ဘာတွေဖြစ်သွားခဲ့သည်ကို နားမလည်နိုင်ကြပါချေ။
သို့သော် နားလည်လိုက်သူအချို့လည်း ရှိပါသည်။
ယင်ရှီမင်မှာ ထိုသူများထဲမှ တစ်ယောက်ပင် ။
" အဲ့ဒါ အရှုပ်အထွေး အကာအရံလား... သူက အရှုပ်အထွေးအကာအရံ ကို ထိမိသွားတာလား "
ယင်ရှီမင် တအံ့တသြ ရေရွတ်လိုက်သည်။
သူ့စကားကို ကြားသွားသော တဖက်မှ ချီလျန့်ယွမ်မှာလည်း မျက်နှာထား အနည်းငယ်ပြောင်းသွား၏။
" ဟာ.. မဖြစ်ဘူး ။ သခင်လေးလောထျန်းက အဲ့ဒါကို တကယ်ကြီး ထိမိသွားခဲ့တာလား ။ သခင်လေးလောထျန်းကို ဆက်မတူးအောင် မြန်မြန်တားမှဖြစ်မယ် "
Chapter 950
Chaos Barrier
တဖက်မှ မဟူရာနဂါးခုံရုံး အဖွဲ့သားများ မျက်လုံးအရောင်လက်သွားကြသည်။
" အရူးကောင်.. အရှုပ်အထွေးအကာအရံ ကိုသာ တိုက်ခိုက်လို့ကတော့ ဒီကောင်သေပြီ "
" အရှုပ်အထွေး အကာအရံက တိုက်ခိုက်သမျှအားလုံးကို တန်ပြန်ကန်ထွက်အောင် လုပ်နိုင်တာ ။ ပြီးရင် အဲ့လိုအရာမျိုးကို အရှုပ်အထွေး မသေမျိုးဧကရာဇ်တစ်ယောက်တည်းပဲ ထိန်းချုပ်နိုင်တာ ။ တခြားဘယ်သူမှ ဘာမှမလုပ်နိုင်ဘူး "
" ဒီကောင်လေးသာ အရှုပ်အထွေး အကာအရံ လက်ချက်နဲ့ သေသွားရင် ငါတို့ နတ်ဘုရားသားတော် အနိုင်ရမှာပေါ့ "
" နိုင်ရုံတင်မကဘူး.. ဟို အရှုပ်အထွေး ကျောက်ရိုင်းတုံးတွေလဲ ငါတို့အပိုင် ဖြစ်သွားမှာကွ "
သူတို့ တစ်ယောက်တစ်ပေါက် ပြောလိုက်ကြသည်။
အခြားတဖက်မှ လူတစ်ယောက်ကလည်း များလှစွာသော မသေမျိုးအစီအမံပုံကြမ်းများကို ထုတ်လိုက်ပါ၏။
ဝီ...
၎င်းမသေမျိုးအစီအမံပုံကြမ်းများ တခဏအတွင်း အသက်ဝင်လာကာ ချီလျန့်ယွမ်နှင့် အခြားသူများကို သီးသန့်ခွဲထားလိုက်ပါသည်။
" ဟင်.. မင်း.. ဘာလုပ်နေတာလဲ "
ချီလျန့်ယွမ်တို့လူစု လန့်သွားပြီး အော်လိုက်ကြသော်လည်း.. သူတို့အသံက အစီအမံအပြင်ဘက်သို့ မထွက်နိုင်ပါတော့ချေ။
သူတို့ ၎င်းအစီအမံကို ချိုးဖျက်ရန် ကြိုးစားလိုက်ကြ၏။ သို့သော် ထိုကြိုးစားမှုများက အရာမထင်ခဲ့ပါ ။
" ဟမ့်.. ကိုယ့်အစွမ်းကို ကုန်အောင်လုပ်မနေစမ်းပါနဲ့
ကွာ ။ အဲ့ဒါ အဆင့်ရှစ် မသေမျိုးအစီအမံပုံကြမ်းကွ ။ မင်းတို့ရဲ့ ဘာမဟုတ်တဲ့အစွမ်းလောက်နဲ့များ ရမယ်ထင်နေတာလား "
အစီအမံပုံကြမ်းများနှင့် တိုက်ခိုက်ခဲ့သော မဟူရာနဂါးခုံရုံးမှ ဂိုဏ်းသားတစ်ယောက်က လှောင်ပြုံးဖြင့် ပြောလာသည်။
" ဟိုကောင်လောထျန်း သူ့ကိုယ်သူ သတ်သေတာကို ဒီတိုင်းပဲ ကြည့်နေစမ်းပါကွာ "
အခြားဂိုဏ်းသားတစ်ယောက်ကလည်း ဝင်ပြောသည်။
" မင်း.. မင်းတို့တွေ.. တော်တော်ယုတ်မာပက်စက်တာပဲ "
ချီလျန့်ယွမ် ဒေါသတကြီး အော်လိုက်၏။
သို့သော် သူ မည်မျှပင် ကျယ်ကျယ်အော်စေကာမူ အပြင်သို့ ဘာအသံမှ ထွက်မသွားခဲ့ပါ ။
ထိုစဥ် တဖက်မှလောထျန်းမှာလည်း လက်သီးဆုပ်၍ အရှုပ်အထွေးအကာအရံကို တိုက်ခိုက်ရန် ပြင်နေလေပြီ ။
ချီလျန့်ယွမ်တစ်ယောက် ကူကယ်ရာမဲ့ မျက်နှာထား ဖြစ်သွား၏။
အခြားတဖက်မှ မဟူရာနဂါးခုံရုံး ဂိုဏ်းသားများကမူ ပျော်ရွှင်နေပုံရကာ လောထျန်းတစ်ယောက် ကိုယ့်ကိုကိုယ် သတ်သေသလို ဖြစ်သွားတော့မည်ကို ဝမ်းသာအားရ စောင့်ကြည့်နေကြသည်။
ထိုစဥ် လောထျန်းက အသက်ပြင်းပြင်းရှိုက်၍ အစွမ်းပြည့်သုံး တိုက်ခိုက်လိုက်၏။
" ကောင်းကင်ဘုံ လက်သီးသိုင်း "
သူ အော်ပြီး လက်သီးဖြင့်ထိုးလိုက်သည်။
" မဖြစ်ဘူး.... "
ချီလျန့်ယွမ်နှင့် ကျန်လူများ နီရဲနေသည့် မျက်လုံးများဖြင့် သံပြိုင်အော်လိုက်ကြသည်။ ယ
" သေတော့ဟေ့.. "
မဟူရာနဂါးခုံရုံး ဂိုဏ်းသားများကလည်း ဝမ်းသာ
အားရ အော်လိုက်ကြ၏။
ယခင် မျှော်လင့်ချက်မဲ့ အနေအထားမှ ယခုလို ပြောင်းလဲသွားလိမ့်မည်ဟု သူတို့ အမှန်ပင် ထင်မထားခဲ့ပါ ။
ဝီ...
ထိုစဥ်တွင် မြေပြင်အောက်မှ အရှုပ်အထွေးအကာအရံကလည်း တုန့်ပြန်လာပြီး အရှုပ်အထွေး နတ်ဘုရားအလင်းတန်းတစ်ခု ချက်ချင်းထုတ်လွှတ်လာသည်။
ဝုန်း...
၎င်းအလင်းတန်းမှာ ကြောက်မက်ဖွယ်လည်း ကောင်းလှပါ၏။
၎င်းနှင့်အတူ တွဲပါလာသည့် ကြောက်မက်ဖွယ် ဖိအားကြီးကြောင့်လည်း ရှိနေသူအားလုံး တုန်သွားကြရသည်။
" ကြောက်စရာကောင်းလိုက်တဲ့ ဖိအားပါလား.. "
" ဟူး.. အရှုပ်အထွေး အကာအရံက အစွမ်းထက်တာကို သိပေမယ့် ဒီလောက်ကြီးတောင်လားကွာ "
" အရှုပ်အထွေးမသေမျိုးဧကရာဇ် တစ်ယောက်တည်းကပဲ ထိန်းချုပ်နိုင်တဲ့အစွမ်း ဆိုတော့လဲကွာ... "
" တကယ်ကို ကြောက်စရာပဲ "
အားလုံးရင်ထဲမှ သက်ပြင်းကြိတ်ချလိုက်ကြသည်။
ထို့နောက်တွင် သူတို့၏ အကြည့်များက လောထျန်းဆီ ထပ်ရောက်သွားကြ၏။
ထိုစဥ်တွင် လောထျန်းတစ်ယောက်မှာ ကြောက်မက်ဖွယ် အစွမ်းထက်လှသော အရှုပ်အထွေး နတ်ဘုရားအလင်းတန်းနှင့် ယှဥ်ပါက ဘာမဟုတ်သည့် ပမွှားလေးတစ်ကောင်လို ဖြစ်နေပါတော့သည်။
သူ ၎င်းအလင်းတန်းလက်ချက်ဖြင့် တမဟုတ်ချင်းပင် ပျောက်ကွယ်သွားမလား မသိပါ ။
ဝုန်း..
ထိုစဥ်တွင် လောထျန်း၏ လက်သီးချက်က အရှုပ်အထွေး အကာအရံပေါ် ရောက်သွားပါ၏။
" ကောင်းတယ်ဟေ့... "
မဟူရာနဂါးခုံရုံး အဖွဲ့သားများ ဝမ်းသာအားရ ထပ်အော်လိုက်ကြပြန်သည်။
ချီလျန့်ယွမ်မှာ ရှေ့သို့ ထပ်မကြည့်ရဲတော့ဘဲ မျက်နှာလွှဲထားလိုက်ရ၏။
သခင်လေးလောထျန်းက အစွမ်းထက်သည့်တိုင် အရှုပ်အထွေး အကာအရံမှာ လုံးဝမတူသည့် အဆင့်တစ်ခု မဟုတ်ပါလား။
သို့သော် ချီလျန့်ယွမ်တစ်ယောက် ထိုသို့ စိတ်ပျက်ဝမ်းနည်းနေချိန်တွင် ... လူတစ်ယောက်က သူ့လက်မောင်းတစ်ဖက်ကို လာဆွဲပါသည်။
" ဟင်.. မင်း ဘာလုပ်တာလဲ "
သူ ဒေါသတကြီး ပြောလိုက်၏။
သူ့ဘေးတွင် ရှိနေသော ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံမှ ဂိုဏ်းသားတစ်ယောက်က တုန်တုန်ယင်ယင်အသံဖြင့် ပြောသည်။
" ဟိုကိုကြည့်လိုက်ဦးဗျ ... "
ချီလျန့်ယွမ်က အောင့်သက်သက်အပြုံးဖြင့် ပြော၏။
" မင်းက ဘာကိုကြည့်ခိုင်းနေတာလဲ ။ သခင်လေးလောထျန်း သေတာကို ကြည့်စေချင်နေတာလား "
သူ ထိုသို့သာ ပြောလိုက်သော်လည်း မနေနိုင်ဘဲ လောထျန်းရှိသည့်ဘက် ကြည့်မိသွားပါသည်။
သို့သော်.. မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူ မှင်သက်မိသွားပါ၏။
တဖက်တွင်ကား.. သူ မျှော်လင့်ထားခဲ့သလို လောထျန်းတစ်ယောက် အသတ်ခံရသည့်မြင်ကွင်း ဟုတ်မနေခဲ့ပါ ။
ထိုအစား... လောထျန်း၏ လက်သီးချက်က အရှုပ်အထွေး အကာအရံမှ ဖြစ်ပေါ်နေသည့် အတားအဆီးပေါ်သို့သာ ကျသွားပါ၏။
" လက်ရည် တူနေတာလား "
ချီလျန့်ယွမ် တုန်လှုပ်သွားတော့သည်။
၎င်းမှာ အမှန်တကယ် အံ့ဖွယ်ပါပင် ။
လောထျန်းပ အရှုပ်အထွေး အကာအရံမှ ထွက်လာသည့် အစွမ်းနှင့်ပါ လက်ရည်တူနေသတဲ့လား ။
သို့သော်.. ထိုစဥ်မှာပင်..
ဂွပ်..
လောထျန်း၏ လက်သီးရှေ့ရှိ အရှုပ်အထွေး အကာအရံပေါ်၌ အက်ရာတစ်ခု ရုတ်တရက်ပေါ်လာပါ၏။
ထိုအက်ကွဲသံမှာ မကျယ်လှသော်လည်း အားလုံး၏ နားထဲတွင်မူ မိုးကြိုးသံတစ်ခုအလား...
" ဘယ်လိုဖြစ်ပြီး... "
အားလုံး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြတော့သည်။
အရှုပ်အထွေး အကာအရံက အမှန်တကယ် အက်ကွဲသွားခဲ့ပါသလား ။
" ဒါ.. ဟုတ်ရောဟုတ်သေးရဲ့လားကွာ "
တစ်ယောက်က တုန်လှုပ်စွာဆိုသည်။
" အရှုပ်အထွေး အကာအရံက ကွဲသွားခဲ့တာလား ။ မင်းတို့ရော ကြားလိုက်ကြလား "
" မဖြစ်ဘူး.. လုံးဝ မဖြစ်နိုင်ဘူး "
မဟူရာနဂါးခုံရုံးမှ ဂိုဏ်းသားများမှာလည်း အသံများတုန်လျက်...
တဖက်မှ... စိတ်ဝိဥာဥ်အဖြစ် ရှိနေသော စိတ်ဝိဥာဥ်သချ်ိုင်းတောင်ကြား သခင်ကြီးမှာလည်း တုန်လှုပ်
သွားပါ၏။
" သူက.. အရှုပ်အထွေး အကာအရံကိုအောင် အက်ရာထင်သွားအောင်လို့ တကယ်ကြီးလုပ်နိုင်ခဲ့တာလား ။ ဒီလိုအစွမ်းမျိုးနဲ့ဆို နတ်ဘုရားတောအုပ်ထဲက ဟိုဆယ်ယောက်နဲ့တောင် ယှဥ်လို့ရနေပြီ။ ဒီလိုဘီလူးမျိုး ဒေသကြီးကိုးခုမှာ တကယ်ပေါ်လာခဲ့တာလား။ မဖြစ်ဘူး.. ဒီကနေ အသက်ရှင်ရက် ပြန်ထွက်နိုင်တာနဲ့ ဒီကောင် အားနည်းနေတုန်းကို အခွင့်ကောင်းယူပြီး မြန်နိုင်သမျှ အမြန်ဆုံးရှင်းဖို့ နတ်ဘုရားတောအုပ်ထဲက သူတွေကို သတိပေးရမယ် "
သူ စိတ်ထဲမှ ကြိတ်တွေးလိုက်သည်။
ထိုစဥ်တွင်... အရှုပ်အထွေး အကာအရံရှေ့၌ ရှိနေသည့် လောထျန်းမှာလည်း ... သူ့ရှေ့မှမြင်ကွင်းကိုကြည့်ပြီး အံ့အားသင့်သွားပါ၏။.
" အဲ့လောက်တောင် ခိုင်တာလား.. ငါ့လက်သီးကိုတောင် တားလိုက်နိုင်တာ.. ဒီလိုဆိုရင်တော့ "
သူ ထိုသို့တွေးကာ မျက်လုံးမှိတ်လိုက်သည်။
ထို့နောက်..
ဝီ ....
သူ့ခေါင်းပေါ်တွင် ကျယ်ပြောလှသော ကြယ်ပင်လယ်ကြီး တမဟုတ်ချင်း ပေါ်လာသည်။
၎င်းမှာ သူ၏ ထူးခြားစိတ်စွမ်းအင်ပင်လယ် ပင်..
ဝုန်း....
တစ်ချိန်တည်းမှာပင် သူ့အရောင်အဝါလည်း ရုတ်ချည်းတိုးသွား၏။
" ပြိုကွဲစေ... "
သူ့အော်သံနှင့်အတူ ကောင်းကင်ဘုံလက်သီး အစွမ်းကလည်း အဆများစွာ တိုးလာသည်။
အစောပိုင်းက သူ့လက်သီးချက်ကို ခက်ခက်ခဲခဲ ခုခံထားနိုင်ခဲ့သော အရှုပ်အထွေး အကာအရံမှာလည်း ယခုတစ်ခေါက် ဆက်မခုခံနိုင်တော့ပါ။
ဝုန်း...
ကျွတ်ဆတ်ဆတ် အသံတစ်သံနှင့်အတူ အရှုပ်အထွေး အကာအရံ ပြိုကွဲသွားပြီး မရေမတွက်နိုင်သော အမှုန့်များအဖြစ် ပြောင်းကာ နေရာအနှံ့ လွင့်စင်သွားတော့၏။
" ဒါ.... "
အားလုံးမှာလည်း ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်နေကြတော့သည်။
" ကြောက်မက်ဖွယ် ခုခံအစွမ်းနှင့် အရှုပ်အထွေး အကာအရံက လက်သီးချက်လေးတစ်ချက်ဖြင့် အမှန်တကယ် ပြိုကွဲသွားခဲ့ပါသလား ။
ဘာတွေ ဖြစ်နေပါသလဲ...
ထိုကောင်လေး၏ အစွမ်းက အရှုပ်အထွေး မသေမျိုးဧကရာဇ်ထက် ပိုသာသည်ဆိုသည့် သဘောလား...
လူတစ်ယောက် ခေါင်းထဲသို့ အတွေးတစ်ခု ဝင်လာ
သည်။
စိတ်ဝိဥာဥ်သချ်ိုင်းတောင်ကြား သခင်ကြီးမှာ ထိုအတွေးဖြင့် တုန်လှုပ်လွန်း၍ သူ့စိတ်ဝိဥာဥ်ပင် တုန်သွားရှာပါ၏။
" သူ့အစွမ်းက.. ငါ့မိတ်ဆွေ ဆယ်ယောက်ထက်တောင် သာနေတာပဲ ။ မဟုတ်သေးဘူး... ဟိုသုံးယောက်နဲ့တောင် ညီမယ်လို့ ပြောလို့ရတယ် "
" ဒီတိုင်းသာဆို သူ့ကို ရန်စလို့ လုံးဝမဖြစ်ဘူး ။ လုံးဝပဲ... "
စိတ်ဝိဥာဥ်သချ်ိုင်းတောင်ကြား သခင်ကြီး ကူကယ်ရာမဲ့ ခံစားလိုက်ရ၏။
မျှော်လင့်မထားစွာပင် လောထျန်းက သူထင်ထားသည်ထက် ပိုအစွမ်းထက်နေပါသည်။
ထိုသို့ ဖြစ်မည်ကိုသာ သူ ကြိုသိခဲ့ပါက လောထျန်းအား လုံးဝ ရန်စမိခဲ့မည် မဟုတ်ပါချေ။
ထိုစဥ်တွင် လောထျန်းမှာ အရှုပ်အထွေး အကာအရံကို ဖြိုခွဲပြီးနောက် အောက်ဘက်ရှိအရာများအား ငုံ့ကြည့်လိုက်၏။
" ဟင်.. အဲ့ဒါ ခုနရအရောင်အဝါရဲ့ အရင်းမြစ်ပဲ ဖြစ်ရမယ် "
လောထျန်း၏အကြည့် ရွေ့လျားသွားကာ အောက်ဘက်ရှိ အရာတစ်ခုပေါ် ရောက်သွားသည်။
ထို့နောက်တွင်.. သူ့လက် လှုပ်ရှားသွားပြီး ၎င်းအရာကို ကောက်ယူလိုက်ပါ၏။
ဝီ...
အစွမ်းထက်လှသော အရှုပ်အထွေးအစွမ်းတစ်ခု တမဟုတ်ချင်း ထွက်ပေါ်လာသည်။