← Chapters

လခွမ်း...ဒါ လင်းရှီးတောင်ကြားလား

Vol. 8 Ch. 78

လခွမ်း...ဒါ လင်းရှီးတောင်ကြားလား

Vol. 8 Ch. 78

“ချင်းရန်လေးရေ... ကိုယ် ကြာစိမ်းဓားသိုင်းကျမ်းကို နည်းနည်း သင်ယူထားပြီးပြီ။ အခုပဲ မင်းကို ပြိုင်ဘက်ကင်း ဓားအင်မော်တယ်တစ်ယောက် ဖြစ်အောင် လုပ်ပေးမယ်...”

[ ချင်းရန်။ မင်း ဂိုဏ်းထဲရောက်တာ အတော်ကြာပြီ။ မင်းရဲ့ ဆရာတစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မယ့် သိုင်းအချို့ သင်ပေးဖို့ အချိန်တန်ပြီ ]

ချင်းရန် တရားထိုင်ရန် ပြင်ဆင်နေစဉ်မှာပင် သူ၏ ဆရာအသံက လေဟာနယ်ထဲမှ ပဲ့တင်ထပ်ကာ ထွက်ပေါ်လာသည်။

ဆရာက နောက်ဆုံးတော့ သူကို ပညာသင်ပေးတော့မှာတဲ့လား။

သူ၏ နှလုံးသားထဲတွင် ပျော်ရွှင်မှုများ ပြည့်လျှံသွား၏။

“ဟုတ်ကဲ့ပါ ဆရာ။ ကျွန်မ ကြိုးကြိုးစားစား သင်ယူပြီး ဆရာ့ကို ဘယ်တော့မှ အရှက်မရစေပါဘူး...”

သူက ဖျာပေါ်တွင် လိမ္မာစွာ ထိုင်လိုက်ပြီး လက်နှစ်ဖက်ကို ဒူးပေါ်တင်ကာ ကျောကို မတ်မတ်ထားလိုက်သည်။ သို့သော် သူ၏ ဒူးထောက်ထိုင်နေသော ပုံစံကြောင့် သွယ်လျသော ခါးနှင့် ကောက်ကြောင်းလှလှလေးများ ပို၍ထင်ရှားနေသည်ကို သူ သတိမထားမိပေ။ သူ၏ မျှော်လင့် တောင့်တနေသော အကြည့်များက ချန်ဟွိုက်အန်၏ နှလုံးသားကို အနည်းငယ် တုန်ယင်သွားစေသည်။

ဒီလို စတူဒီယီုသေးသေးလေးတွေက... တကယ်ကို ကြောက်စရာကောင်းတာပဲ...

သူ ထိုအရာကို အံ့သြမိသည်မှာ မရေမတွက်နိုင်ပင် ဖြစ်သည်။

[ ဒီနေ့ ငါ မင်းကို ဓားသိုင်းတစ်ခု သင်ပေးမယ်။ ကြာစိမ်းဓားသိုင်းကျမ်း။ အဲဒီမှာ အခန်း (၃၆)ခန်းနဲ့ သိုင်းကွက် (၁၂)မျိုး ပါဝင်တယ်။ လောလောဆယ်တော့ ပထမဆုံး (၁၂)ခန်းနဲ့ ပထမဆုံး သိုင်းကွက် နှစ်မျိုးကို အရင်သင်ပေးမယ် ]

“ဘာလို့ (၃၆)ခန်းလုံးနဲ့ သိုင်းကွက် (၁၂)မျိုးလုံး မသင်ပေးတာလဲ။”

ချင်းရန်၏ လက်ကလေးများမှာ သူ၏ ဒူးပေါ်တွင် တင်းတင်းဆုပ်ထားလျက်ရှိပြီး သူ၏ မျက်လုံးထဲတွင် စိုးရိမ်မှုနှင့် စိတ်အားထက်သန်မှုတို့ ရောယှက်နေသည်။

သူက ဂရုတစိုက်ဖြင့် ပြောလိုက်သည်။

“ဆရာ၊ ကျွန်မ တကယ် ကြိုးစားမှာပါ။ ကျွန်မက အဲဒီလောက်ကြီး မတုံးပါဘူး။ ဆရာ အကုန်လုံးကို တစ်ခါတည်း သင်ပေးလို့ ရမလား။”

[ အဟမ်း၊ မင်းကို တုံးတယ် ထင်လို့ မဟုတ်ပါဘူး။ ဒီဓားသိုင်းက အရမ်း အစွမ်းထက်လို့ပါ။ မင်း အရင်ဆုံး ခိုင်မာတဲ့ အခြေခံတစ်ခု တည်ဆောက်ဖို့ လိုတယ်။ အလျင်စလို လုပ်လို့ ဘာမှ ဖြစ်မလာဘူး ]

၎င်းကို ကြားတော့မှ ချင်းရန် စိတ်အေးသွားသည်။

ဆရာ သူ့ကို တုံးတယ်လို့ မထင်ရင်ပဲ လုံလောက်ပါပြီ။

ချင်းယွန်ဂိုဏ်းတွင် တာအိုကျင့်ကြံသူ ချင်းရွှမ်းနှင့် လုချန်ထျန်းတို့က သူ့ကို အမြဲတမ်း အသုံးမကျသူ၊ တုံးအသူဟု ခေါ်ခဲ့ကြသည်။

ယခု ချန်ဟွိုက်အန်နောက်ကို လိုက်လာချိန်မှာတော့ သူကိုယ်သူ အစွမ်းထက်ကြောင်း သက်သေ ပြချင်စိတ် ပြင်းပြနေခဲ့သည်။

သူက ဆရာ့အပေါ် အထင်ကြီးစရာကောင်းသော အမှတ်များ ပေးချင်သည်။

သူ ယခင်က အကြိမ်ကြိမ် စွန့်ပစ်ခံခဲ့ရဖူးသည်။

နောက်တစ်ကြိမ် အမှိုက်လို ထပ်ပြီး အပစ်ပယ်မခံချင်တော့။

[ သေချာကြည့်။ ငါ ကြာစိမ်းဓားသိုင်းကျမ်းရဲ့ ပထမ (၁၂)ခန်းကို အရင်ပြမယ်။ ပြီးရင် တစ်ခုချင်း ရှင်းပြပေးမယ် ]

ချန်ဟွိုက်အန်က ဂိမ်း၏ ညွှန်ကြားချက်အတိုင်း ဖုန်းကို ဆဲလ်ဖီးရိုက်သည့် တုတ်ပေါ်တွင် တပ်ဆင်လိုက်သည်။ ဂိမ်းက အလိုအလျောက် ရိုက်ကူးရေးစနစ်သို့ ပြောင်းသွား၏။

“ဒါဆိုရင်... ငါက ဒီပညာရပ်ကို တစ်ခါလောက် လုပ်ပြရုံပဲလား။”

မျက်နှာပြင်၏ ဘယ်ဘက်အပေါ်ထောင့်တွင် ဝင်းဒိုးလေးတစ်ခု ပေါ်လာသည်။

အတွင်းတွင် အနက်ရောင်ဝတ်ရုံနှင့် ဆံပင်ဖြူဖြူဖြင့် နတ်ဘုရားတစ်ပါးက ကြေးခွံနက်ဓားကို ကိုင်ဆောင်ထားပြီး ချန်ဟွိုက်အန်၏ လှုပ်ရှားမှုတိုင်းကို ထပ်တူလိုက်လုပ်နေ၏။

ချန်ဟွိုက်အန်က လမင်းကို လှမ်းဖမ်းသော မျောက်ဟန်ကို လုပ်ပြလိုက်သည်။

နတ်ဘုရားပုံရိပ်လည်း သူ့နောက်မှ လုံးဝ ထပ်တူကျအောင် လုပ်ပြသည်။

“ဪ... ဟုတ်သား။ ဒါက ငါ့ရဲ့ ဂိမ်းထဲက ကိုယ်ပွားပဲ...”

ချန်ဟွိုက်အန် ရုတ်တရက် သတိရသွားသည်။

ဂိမ်းက မည်သို့ အလုပ်လုပ်ကြောင်းကို သူ ယခု နားလည်သွားလေပြီ။

အကယ်၍ ဂိမ်းမဟုတ်ဘူးဆိုလျှင် ချင်းရန်က သူ့ကို အိပ်ယာဝင်ဝတ်စုံနှင့် ခေါင်းတုံးကြီးအဖြစ် မြင်နေရပေလိမ့်မည်။ ဆံပင်ဖြူနဲ့ အင်မော်တယ်ပုံစံမျိုး မဟုတ်ပေ။

မှန်ပေသည်။ ထိုအတိုင်း ဖြစ်လာ၏။

[သေချာကြည့်]ဟူသော စကားအဆုံးတွင် ချင်းရန်၏ အမြင်အာရုံများ ဝေဝါးသွားသည်။

သတိပြန်ဝင်လာချိန်တွင် သူက သစ်သားတဲအိမ်လေးထဲ မဟုတ်တော့ပေ။

သူက မှောင်မှောင်မှိန်မှိန်ရှိသော သီးခြား နေရာလွတ် ဟင်းလင်းပြင်တစ်ခုသို့ ရောက်နေသည်။

ပတ်ဝန်းကျင်က မှောင်နေသော်လည်း သူ၏ ရှေ့ငါးမီတာအကွာတွင် တောက်ပသော ပုံရိပ်တစ်ခု ရပ်နေသည်။

ဝတ်ရုံဖြူ၊ ကျောမှာ ဓားတစ်လက် ရှိနေပြီး ဆံပင်ကတော့ နှင်းလို ဖြူဖွေးနေ၏။

သူ၏ ဆရာ...

ချင်းယွန်ဂိုဏ်းမှာတုန်းက ဆရာ၏တည်ရှိမှုက ကြောက်စရာကောင်းပြီး ဖိနှိပ်မှုရှိသော်လည်း၊ ထိုနေရာမှာတော့ သူက ပို၍ နီးစပ်သလို၊ ပို၍ အစစ်အမှန်ဆန်သလို ခံစားရသည်။

ဂိုဏ်းမှာတုန်းက ဆရာသည် နတ်ဘုရားတစ်ပါးလိုပဲပင်။ လက်လှမ်းမမီနိုင်တဲ့သူ တစ်ယောက်။

ဒါပေမဲ့ အခုတော့...

သူ လက်လှမ်းမီတဲ့ နေရာမှာ ရှိနေသလိုမျိုး။

[ အာရုံစိုက်စမ်း။ စာသင်နေတာကို သေချာနားထောင် ]

သူ သတိမထားမိခင်မှာပင် သူ၏ဆရာက ဘေးနားသို့ ရောက်လာပြီး ဖြစ်သည်။

သစ်သားပေတံလေးဖြင့် သူ၏ ခေါင်းကို အသာအယာ ခေါက်လိုက်၏။ ဖတ်...

မနာသော်လည်း သူ၏ မျက်နှာမှာ ချက်ချင်း နီမြန်းသွားပြီး မြေကြီးထဲပဲ တိုးဝင်သွားချင်စိတ် ပေါက်သွားသည်။

“ပျော်ဖို့ ကောင်းလိုက်တာ။ တပည့်က ကိုယ့်ကို ပြန်တုံ့ပြန်နိုင်သလို ငေးနေရင်လည်း ဆူလို့ရသေးတယ်။ အမူအရာတွေကလည်း တကယ့်ကို အစစ်အတိုင်းပဲ...”

ချန်ဟွိုက်အန်က ချင်းရန်၏ နဖူးကို ပေတံလေးနှင့် အသာအယာ ခေါက်ရင်း ရယ်မောလိုက်သည်။

သူ ပြန်လည် မတ်မတ်ထိုင်ပြီး အာရုံစိုက်လာသောအခါမှ သူ၏ သရုပ်ပြမှုကို စတင်လိုက်တော့သည်။

လျိုရှားတောင်ထွတ်ပေါ်သို့ ပျံသန်းဓားတစ်လက် ဆင်းသက်လာ၏။

ရှုအန်ဟုခေါ်သော လူငယ်တစ်ဦးက စိတ်ဝိညာဉ်ဝိုင်များ ပြည့်နေသော ဘူးသီးခြောက်ဘူး နှစ်ဘူးကို သယ်ဆောင်လာရင်း ဆင်းလာသည်။

ထိုဝိုင်ကို သူကိုယ်တိုင် စိမ်ထားခြင်းဖြစ်ပြီး၊ ဝိုင်၏ မူးယစ်စေသော အာနိသင်ကို ပျက်ပြယ်အောင် သေချာပြုပြင်ထားသည်။

အခုတော့ ၎င်းက အရမ်းမပြင်းတော့ဘဲ အစာကြေစေကာ၊ စိတ်ကို တည်ငြိမ်စေပြီး စိတ်ဝိညာဉ် ချီစွမ်းအင် စုပ်ယူမှုကို အားပေးသော လန်းဆန်းစေသည့် အချိုရည်တစ်ခု ဖြစ်နေသည်။

“စီနီယာအစ်မက ပြောတယ်။ ဂျူနီယာညီမလေး အသစ်ကို စွန့်ပစ်ခံ ဓားတစ်သောင်းတောင်ထွတ်မှာ ထားထားတယ်တဲ့။ စီနီယာတွေအနေနဲ့ ငါတို့က သူ့ကို သေချာ ဂရုစိုက်သင့်တာပေါ့... ဒါပေမဲ့ လခွမ်းတဲ့မှ.. ငါ့မှာ ဝိုင်ဘူး ၆ဘူးပဲ ရှိတာကို သူတို့က ငါ့ကို ၃ဘူးပဲ ချန်ပေးခဲ့ကြတယ်...”

ရှုအန် ခေါင်းခါရင်း သက်ပြင်းချလိုက်၏။

အကယ်၍ သူက ဂျူနီယာညီမလေးကို နှစ်ဘူးပေးလိုက်ရင် သူ့မှာ တစ်ဘူးပဲ ကျန်တော့ပေမည်။

သို့သော် တစ်ဘူးတည်း ပေးရခြင်းကလည်း ကပ်စေးနှဲလွန်းရာ ကျနေပြန်သည်။

နောက်ဆုံးတော့လည်း ဂုဏ်သိက္ခာက ကပ်စေးနှဲမှုကို အနိုင်ယူသွား၏။

“ထားလိုက်တော့။ အကုန်ပေးလိုက်မယ်။”

“သူက တောင်ထွတ်က ကျောက်တဲအိမ်လေးထဲမှာ ရှိနေမှာပဲ မဟုတ်လား။ နေဦး... ကျောက်တဲအိမ်။”

ရှုအန် ကြောင်အသွားပြီး မျက်လုံးများ ပြူးကျယ်သွားသည်။

ဘာကြီးလားဟ။ ဒါ လျိုရှားတောင်ထွတ် ဟုတ်သေးရဲ့လား။

ဒါက... ဒါက လင်းရှီးတောင်ကြားနဲ့တောင် တူနေပြီ...

ကျောက်တဲအိမ်က ဘယ်ရောက်သွားတာလဲ။

အစားထိုးအနေဖြင့် ဝါးတောအုပ်လေးထဲတွင် လှပစွာ ပြင်ဆင်ထားသော သစ်သားအိမ်လေးတစ်လုံး ရှိနေသည်။

ပို၍ အရေးကြီးသည်မှာ ထိုနေရာတွင် အသစ်စက်စက် ပြုပြင်ထားသော စိတ်ဝိညာဉ်စိုက်ခင်း ၁၀ခု ရှိနေပြီး မြူခိုးတွေအဖြစ် ပြောင်းလဲနေလောက်အောင် စိတ်ဝိညာဉ် ချီစွမ်းအင်များ ဖုံးလွှမ်းနေသည်။

သစ်သားအိမ်လေးမှာ ဝါးတောအုပ်ကြားထဲတွင် တစ်ဝက်ခန့် ပုန်းလျှိုးနေပြီး တောအုပ်နက်နက်ထဲမှ အေးချမ်းသော စမ်းရေစီးသံလေး ထွက်ပေါ်နေကာ အိမ်ဘေးတွင် ကြည်လင်သော ရေကန်လေးတစ်ခု ဖြစ်ပေါ်နေသည်။

ရေမျက်နှာပြင်ပေါ်တွင် ကြာပန်းများ ပွင့်လန်းနေပြီး နတ်ကြိုးကြာငှက် အချို့မှာလည်း အတောင်ပံများ ခတ်ကာ ရေကန်ထဲမှာ ကစားနေကြလေသည်။

“ကြည်လင်တဲ့ ရေကန်က ဝါးတောကို အရိပ်ထင်စေပြီး၊ ကြာပွင့်ချပ်တွေကလည်း အိမ်လေးကို တန်ဆာ ဆင်ထားပါလား...”

ရှုအန် အံ့အားသင့်စွာ ရေရွတ်လိုက်မိသည်။

“ဒါ... ဒါကမှ တကယ့် အင်မောတယ်တစ်ပါးရဲ့ နေစရာဂူ ဖြစ်သင့်တာ...”

“ဒါနဲ့ ယှဉ်လိုက်ရင် ငါ့ဂူက ခွေးအိမ်ထက်တောင် မသာဘူး...”

ဒါပေမဲ့ တကယ့် မေးစရာ ရှိတာက...

ဂျူနီယာညီမလေးက ဒါတွေအားလုံးကို နာရီဝက်လောက်အတွင်း ဘယ်လိုလုပ်လိုက်တာလဲ။

ပြီးတော့ ဒီစိတ်ဝိညာဉ်စိုက်ခင်း ၁၀ခုကရော။

သူ့မှာ အစွမ်းထက်တဲ့ နတ်ရတနာတွေ ရှိနေတာလား။

ရှုအန်က သူ၏ လက်ထဲမှ ဝိုင်ဘူးနှစ်ဘူးကို ကြည့်ပြီး ရုတ်တရက် တွန့်ဆုတ်သွားသည်။

သူက လူမှုရေး သိပ်မကျွမ်းကျင်သလို၊ ယခုလို ခန့်ညားထည်ဝါလှသော မြင်ကွင်းကို တွေ့လိုက်ရ ချိန်မှာတော့ သူ ပို၍ပင် နေရာမှားနေသလို ခံစားလိုက်ရသည်။

“ထားလိုက်တော့။ ငါ အထဲမဝင်တော့ဘူး။”

သစ်သားအိမ်ရှေ့ရှိ ကျောက်လှေကားထစ်ပေါ်တွင် ဝိုင်ဘူးများကို တင်ထားခဲ့ပြီး သူ ပြန်လှည့်ထွက်ရန် ပြင်လိုက်သည်။

သို့သော် ထိုအချိန်တွင် အိမ်ထဲမှ ဖျော့တော့သော တာအို အရှိန်အဝါ လှိုင်းဂယက်တစ်ခု ထွက်ပေါ်လာသည်ကို သူ အာရုံခံမိလိုက်သည်။

သူ၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွား၏။

“ဂျူနီယာညီမလေးက... ဉာဏ်အလင်းပွင့်တဲ့ အခြေအနေထဲ ရောက်နေတာလား။”

ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ အိမ်ထဲတွင် ကာကွယ်ရေး အခင်းအကျင်းများ မရှိနေသည်ကို သူ သတိထားမိလိုက်သည်။

“ဉာဏ်အလင်းပွင့်တယ်ဆိုတာ ကျင့်ကြံခြင်းမှာ အတော်လေး အရေးကြီးတဲ့ အခိုက်အတန့်ပဲ။ ဘယ်သူမှ နှောင့်ယှက်လို့ မဖြစ်ဘူး။”

“ငါ တစ်ယောက်ယောက် မနှောင့်ယှက်နိုင်အောင် ဖုံးကွယ်ရေး အခင်းအကျင်းတစ်ခု လုပ်ပေးခဲ့မယ်။”

ရှုအန်က ခါးကို ပုတ်လိုက်သည်။

ရွှမ်း...

အနက်ရောင် ဓားတစ်လက် ထွက်ပေါ်လာပြီး အိမ်ကို တစ်ပတ်ပတ်ကာ သူက ဂါထာစာလုံးများကို အမြန် ရေးထိုးလိုက်သည်။ ခဏလေးအတွင်းမှာပင် အခင်းအကျင်းက ပြီးဆုံးသွားသည်။ ထို့နောက် သူက ဝိညာဉ်ကျောက်တုံး လက်တစ်ဆုပ်စာကို အခင်းအကျင်း၏ ဗဟိုချက်မှာ ကြဲပက်လိုက်သည်။

ဓားကျောင်းတော်မှာတော့ အန္တရာယ် သိပ်မရှိလှပေ။

ထိုအခင်းအကျင်းက ယဉ်ကျေးသော အပြုအမူတစ်ခုသာ ဖြစ်သည်။ အထဲမှလူကို မနှောင့်ယှက် စေချင်ကြောင်း တခြားသူတွေကို သိမ်မွေ့စွာ အသိပေးလိုက်ခြင်းပင်။

ပြီးဆုံးသွားသောအခါ ရှုအန် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

“စိတ်ဝင်စားစရာပဲ၊ စိတ်ဝင်စားစရာပဲ...”

“ဂျူနီယာညီမလေး တစ်ယောက်ရောက်လာပြီး နာရီဝက်အတွင်း စိတ်ဝိညာဉ်စိုက်ခင်း ၁၀ခု ဖန်တီးလိုက်တယ်တဲ့... ဒါကို လူတိုင်း သိအောင် ပြောပြရမယ်...”

သူက တဟားဟား ရယ်မောလိုက်၏။

ထို့နောက် ဓားပျံပေါ်သို့ ခုန်တက်ကာ ကောင်းကင်ယံသို့ ပျံတက်သွားတော့သည်။

All Chapters