← Chapters

ကံကြမ္မာ (၂) ခု ပြိုင်ဆိုင်ခြင်း

Vol. 18 Ch. 266

ကံကြမ္မာ (၂) ခု ပြိုင်ဆိုင်ခြင်း

Vol. 18 Ch. 266

တစ်လအကြာတွင် မီးဖို (၁၃) ၌။

မီးဖို (၁၂) ကိုရှောင်၍ အကြီးအကဲ (၃) နှင့် အကြီးအကဲ (၇) တို့ သတိမထားမိစေရန် ရှန်မို တမင် လမ်းကြောင်းရှည်ကို ရွေးကာ သွားခဲ့ရခြင်းဖြစ်သည်။

မဟုတ်လျှင် တစ်ဖက်မှ မေးခွန်းများ ရှိလာနိုင်၏။

“တွေ့ပြီ”

ရှန်မို မကြာမီ မြေမီးဖိုအနီးမှ အပျက်အစီးများကို ရှာတွေ့သွားသည်။

ထိုနေရာတွင်လည်း ခုခံရေးအကာအကွယ်ရှိပြီး ရှန်မို ရထားသော အကြီးအကဲတိုကင်ဖြင့် လွယ်ကူစွာ ဆင်းသွားလေ၏။

လမ်းအဆုံးတွင် ချော်ရည်ကန်ကြီးကို တွေ့ရသည်။

ထိုချော်ရည်ကန်သည် မီးဖို (၁၁) အောက်မှ အရင်တစ်ခုထက် ပိုတောက်ပကာ စွမ်းအင်လည်း ပိုကြီးသည်။

ရှန်မို အနားကပ်သွားသည်နှင့် မီးတောက်များ ရန်မူရန် ပြင်လေသည်။

ရှန်မိုမှာ တည်ငြိမ်စွာဖြင့် လက်မြှောက်ကာ ကြာစိမ်းမီးတောက်ကို ထုတ်လိုက်၏။

ထိုအခါ ချော်ရည်ကန်မှ မီးတောက်များသည် လမ်းသရဲများမှ လူမိုက်ခေါင်းဆောင်ကြီးကို တွေ့လိုက်သကဲ့သို့ ချက်ချင်း နောက်ပြန်ဆုတ်သွားသည်။

ထိုအခါမှ ရှန်မိုလည်း ချော်ရည်ကန်အလယ်အထိ ရောက်အောင် ဆက်သွားလေ၏။

ထိုနေရာတွင် ပစ္စည်း (၂) ခု ကိုင်ဆောင်ထားသော အရိုးစုကို တွေ့ရသည်။

တစ်ခုမှာ သတ္ထုများဖြင့် ပြုလုပ်ထားသော စာအုပ်ဖြစ်ပြီး နောက်တစ်ခုမှာ ဆေးလုံးပါဝင်သော ခရမ်းရောင်ကျောက်သေတ္တာဖြစ်၏။

ရှန်မို အလွန်ပျော်ရွှင်သွားသည်။

စာအုပ်မှာ အဂ္ဂိရက် (၉) သွယ်ဂိုဏ်းမှ ကျင့်စဉ်ဖြစ်လေသည်။

ထိုထဲတွင် ဂိုဏ်း၏ကျင့်စဉ်များ၊ သိုင်းစဉ်များနှင့် ဆေးနည်းများအထိ ပါဝင်၏။ သို့သော် အကြောင်းအရာမှာ သိမ်မွေ့နက်နဲလွန်းသောကြောင့် ထူးချွန်လွန်းသည့် ဂိုဏ်းတည်ထောင်သူပင် နားလည်ရန် ခက်ခဲသည်။

မည်သို့ပင်ဖြစ်စေ အလွန်အဖိုးတန်သော ရတနာ ဖြစ်၏။

ရှန်မို စာရွက်အနည်းငယ် လှန်ကြည့်ပြီးနောက် ခေါင်းကိုက်ကာ စိတ်ရှုပ်ထွေးလာ၏။

ထိုစာအုပ်ကို နားလည်ရန် တိတ်ဆိတ်သော အာရုံစူးစိုက်မှု လိုအပ်သည်။

ရှန်မို ဆေးလုံးကို ကြည့်၍

“ဒါက ထိုက်ရိဆေးဆိုတာ ဖြစ်မယ်”

“ငါ့မှာ ထိပ်တန်း ကောင်းကင်အဆင့် ခန္ဓာကိုယ် ရှိပြီးသားဆိုတော့ ဒီဆေးနဲ့ဆိုရင် သူတော်စင်အဆင့်အထိ တိုးတက်စေလိမ့်မယ်”

“ဒါပေမဲ့ ထိပ်တန်းကောင်းကင်အဆင့် ပြောင်းတုန်းကတောင် ပတ်ဝန်းကျင်မှာပါ ပြောင်းလဲမှု ပြင်းထန်တယ်”

“အခု ဒီနေရာမှာ သူတော်စင်အဆင့် ပြောင်းဖို့လုပ်ရင် သေချာပေါက် လူတွေ သတိထားမိကုန်မှာပဲ”

“ဒီလိုမျိုး ဝှက်ဖဲကို ထုတ်ပြလိုက်တာက ပိုအန္တရာယ်များတယ်”

ရှန်မို သေချာစဉ်းစားပြီးနောက် အချိန်မကျသေး၍ သိမ်းထားရန်သာ ဆုံးဖြတ်လိုက်သည်။

မီးတောက်ဆေးတိုက်ထဲမှ ထွက်ပြီးမှ လျှို့ဝှက်နေရာရှာကာ ကျင့်ကြံရမည်။

“အခုတော့ အဂ္ဂိရက် (၈) သွယ်ဂိုဏ်းစာအုပ်ပဲ အရင် လေ့လာရမှာပေါ့… ဒီထဲမှာ သင့်လျော်တဲ့ ကျင့်စဉ်တွေ၊ သိုင်းစဉ်တွေ ရှိရင်လည်း ရှိနေမှာ”

ရှန်မို အချိန်မဖြုန်းတော့ဘဲ ချက်ချင်း ထွက်လာခဲ့သည်။

မကြာမီ လုံခြုံသော လိုဏ်ဂူတစ်ခု တွေ့ရပြီး အဆောင်အင်းများချကာ စတင် ဖတ်ရှုလေ၏။

နောက်တစ်လ ကုန်ဆုံးသွားသည်။

မီးဖို (၁၃) အနီး၌ လူတစ်ယောက် ပေါ်လာ၏။

ရှောင်ဖန်ဖြစ်သည်။

“ရှေးဝိညာဉ် ကျွန်တော်တို့ နောက်ဆုံးတော့ ရောက်လာပြီနော်”

ရှောင်ဖန်မှ ချွေးများသုတ်ရင်း ကျေနပ်စွာ ပြောသည်။

ထိုစဉ် စိတ်ထဲမှ အသံတစ်ခု ပြန်ကြားရ၏။

“မီးတောက်ဆေးတိုက်ထဲမှာ တစ်ခုခု ထူးဆန်းနေတယ်… မီးသားကောင်တွေလည်း ပိုအင်အားကြီးလာတယ်”

“မဟုတ်ရင် ငါတို့ ဒီထက် ပိုစောမှာ”

ရှောင်ဖန် ခေါင်းငြိမ့်ထောက်ခံ၍

“လမ်းမှာ အန္တရာယ်တွေ အများကြီးပဲနော်… ရှေးဝိညာဉ်သာ ဝင်မပါရင် ကျွန်တော် အခုချိန် သေနေလောက်ပြီ”

“မင်းတစ်ယောက်တည်းမှ မဖြစ်သေးတာ… ပြီးတော့ မင်းက ငါရွေးထားတဲ့ ဆက်ခံသူလေ… ငါ ပျက်စီးရရင်တောင် မင်းကိုတော့ အသေမခံဘူး”

ရှောင်ဖန် တစ်နေရာကို လက်ညှိုးထိုးပြ၍

“ဟိုမှာ ထင်တယ်နော်”

“ခေါင်းဆောင်ငယ်မသေခင် ပြောခဲ့တာတော့ သူမထွက်နိုင်ရင် မီးဖို (၁၃) ရဲ့ ချော်ရည်ကန်အောက်မှာ ပုန်းနေမယ်တဲ့… ရတနာတွေကိုလည်း နောက်မျိုးဆက်အတွက် အဲ့မှာပဲ ထားခဲ့မယ်တဲ့”

ရှောင်ဖန် စိတ်လှုပ်ရှားလာ၏။

မီးတောက်ဆေးတိုက်ထဲတွင် အန္တရာယ်များစွာ ကျော်ဖြတ်ရင်း တောင့်ခံခဲ့ရပါသည်။

ထိုကဲ့သို့ အခက်အခဲများလွန်မှ ယခုလို ရောက်ရှိလာခြင်း ဖြစ်၏။

သူ့အတွက် ဆုလာဘ်ရယူရန် အချိန်ကျလေပြီ။

“သွားရအောင်”

ရှောင်ဖန် အကြီးအကဲတိုကင်ကိုထုတ်ကာ ပြေးသွားသည်။

ထို့နောက် မြေအောက်ထဲသို့ ဆင်းသွားရင်း ချော်ရည်ကန်ကို တွေ့ရ၏။

သူ သက်ပြင်းချလိုက်မိသည်။

“အရင်ကဆို ပိုတောင်ခမ်းနားမှာနော်”

ရှေးဝိညာဉ် ဂုဏ်ယူဝင့်ကြွားစွာဖြင့်

“ဟုတ်တယ်… မီးတောက်ဆေးတိုက်ထဲမှာတင် ဒီလို ချော်ရည်ကန် (၁၅) ခုလောက် ရှိတယ်”

“အားလုံးက တစ်ချိန်က အောင်မြင်မှုတွေပါပဲ… အခုတော့ ပျောက်ကုန်ပြီ”

“ဒါပေမဲ့ ဒုက္ခပေးခဲ့တဲ့ ဂိုဏ်း (၃) ခုလုံး မကြာခင် အနှေးနဲ့အမြန် သွေးကြွေးပြန်ဆပ်ရမှာပါ”

ရှေးဝိညာဉ်၏ အသံမှာ နာကျည်းမုန်းတီးမှုများ ပြည့်နေ၏။

ရှောင်ဖန် ချော်ရည်ကန်အလယ်ကို လက်ညှိုးထိုးပြကာ

“ဟိုဟာက ခေါင်းဆောင်ငယ်မလား”

“ဟုတ်တယ်… လာ သွားရအောင် ငါ ကာကွယ်ပေးမယ်”

ရှောင်ဖန်အား ကန်အလယ်ရောက်အောင် ပို့ပေးလိုက်သည်။

သို့သော် ခြောက်သွေ့နေသော အလောင်းကိုသာ တွေ့ရပြီး ဘာရတနာမှ မရှိနေပေ။

လက်တွင် သိုလှောင်လက်စွပ်မျှပင် မတွေ့ရ။

ရှောင်ဖန် ထိတ်လန့်ကာ

“ရတနာတွေရော”

ရှေးဝိညာဉ် ငြိမ်လျက်

“ငါလည်း အဲ့ဒါ သိချင်တာ…”

ထိုစဉ် ဝင်ပေါက်နားမှ ခြေသံအချို့ ကြားရ၏။

မကြာမီ လူတစ်ယောက် ပေါ်လာပြီး ရှောင်ဖန် ကောင်းကောင်း မှတ်မိနေသူ ဖြစ်သည်။

ချီယွန်းတောင်တွင် တိုက်ခိုက်ခဲ့သူပင်။

သူမှတ်မိသကဲ့သို့ ယဲ့ယန်လည်း သူ့ကို မှတ်မိ၏။

ရုတ်တရက် မှင်တက်နေကြပြီးမှ ချက်ချင်း ဒေါသအဖြစ် ပြောင်းသွားကြသည်။

“မင်းပဲ”

တစ်ပြိုင်တည်း အော်လိုက်မိကြ၏။

“မင်းက ကျောက်စိမ်းဂိုဏ်း အကြီးအကဲမဟုတ်ဘဲ ဝင်လာတာ ပြစ်မှုပဲနော်”

“ချီယွန်းတောင်မှာ ငါ့ကို ဒုက္ခပေးခဲ့တာလည်း ပြစ်မှုပဲ”

“သေပေတော့”

ယဲ့ယန်အသံမှာ အေးစက်နေ၏။

“မင်းက ဒီလောက်သေချင်နေမှတော့ ဆန္ဒဖြည့်ပေးရမှာပေါ့”

ထိို့နောက် နှစ်ယောက်သား စတင်တိုက်ခိုက်ကြတော့သည်။

တစ်ဖက်တွင် ရှန်မိုမှာ ကျင့်စဉ်စာအုပ်ဖတ်ရင်း နားလည်သည့်အပိုင်းများ၌ ခေါင်းတငြိမ့်ငြိမ့်ဖြင့် သဘောကျနေသည်။

All Chapters